ကမ္ဘာပေါ်က HIV / AIDS ရောဂါဖြစ်ပွားမှုနှုန်း အများဆုံးနိုင်ငံ ၄ နိုင်ငံ

Posted on

ခုခံအားကျ ဆင်းမှုရောဂါ လို့သိကြတဲ့ AIDS(Acquired Immune Deficiency Syndrome) ရောဂါဟာ HIV ပိုးကြောင့်ဖြစ်ရပြီး ကမ္ဘာပေါ်မှာ ကူးစက်ပြန့်ပွားမှု အမြန်ဆုံးရောဂါကပ်ဆိုးတွေအနက်က တစ်ခုအပါအဝင်ဖြစ်ပါတယ်။ HIV ရောဂါပိုးဟာ လူခန္ဓာကိုယ်အတွင်းမှာရှိတဲ့ CD4 လို့သိကြတဲ့ ရောဂါပိုးခုခံကာကွယ်ရေး ဆဲလ်တွေကိုဖျက်ဆီးပြီး ဘက်ပေါင်းစုံကရောဂါပိုးမွှားတွေ ခန္ဓာကိုယ်အတွင်း ဝင်ရောက်စေပါတယ်။ မြန်မာနိုင်ငံ မှာတော့ HIV ပိုးကူးစက်ခံရတဲ့ လူနာကို (၁၉၈၈)ခုနှစ်က စတင်တွေ့ရှိခဲ့ပြီး AIDS ရောဂါဝေဒနာရှင်ကိုတော့ (၁၉၉၁)ခုနှစ်က စတင်တွေ့ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

HIV ရောဂါပိုးကူးစက်ခြင်းရဲ့နောက်ဆုံးအဆင့်ဟာ AIDS ရောဂါကိုခံစားရခြင်းဖြစ်ပြီး ယနေ့ထက်ထိတော့ ရောဂါပြန့်ပွားမှုကိုထိန်းထားနိုင်တဲ့ဆေးဝါးတွေသာပေါ်သေးပြီး ပျောက်ကင်းအောင်ကုသနိုင်တဲ့ ဆေးဝါးမပေါ်ပေါက်သေးပါဘူး။ HIV ပိုးအဓိကကူးစက်ရတာကတော့ ရောဂါပိုးရှိသူနဲ့ (လိင်တူ၊လိင်ကွဲ) အကာအကွယ် မဲ့လိင်ဆက်ဆံခြင်း၊ ရောဂါပိုးပါရှိတဲ့ဆေးထိုးအပ်၊ဆေးထိုးပြွန်၊ခွဲစိတ်ကိရိယာများကို အသုံးပြုခြင်း၊ရောဂါပိုးရှိသူမိခင်မှသန္ဓေသားကိုကူးစက်ခြင်း၊ရောဂါပိုးပါတဲ့ သွေးသွင်း ခံရခြင်း တို့ကို တစ်ကြိမ်တစ်ခါပြုလုပ်မိတာနဲ့ ကူးစက်နိုင်ပါတယ်။ ဒီနေရာမှာမျှဝေပေး ချင်တာကတော့ ကမ္ဘာပေါ်မှာ AIDSရောဂါဖြစ်ပွားမှုအများဆုံးနိုင်ငံ ၄နိုင်ငံရဲ့ အကြောင်း အရာအချို့ပဲဖြစ်ပါတယ်။

၎။ တောင်အာဖရိကနိုင်ငံ

ကမ္ဘာပေါ်မှာHIV / AIDSရောဂါဖြစ်ပွားပျံ့နှံ့မှု စတုတ္ထမြောက်အများဆုံးနိုင်ငံကတော့ အာဖရိကမှာအဖွံ့ဖြိုးဆုံးနိုင်ငံအဖြစ်သတ်မှက်ထားတဲ့ တောင်အာဖရိကနိုင်ငံဖြစ်ပါတယ်။ အမှန်တကယ်လည်း တောင်အာဖရိကလူဦးရေရဲ့ (၁၈.၉၀)ရာခိုင်နှုန်းဟာ HIV / AIDS ရောဂါခံစားနေရပြီး ဒီလိုများပြားနေတဲ့ပြသနာမူရင်းကတော့ ကျန်းမာရေးအသိနည်း ပါးမှုနဲ့ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းဖြစ်ရပ်တွေကြောင့်ပဲဖြစ်ပါတယ်။

အထူးသဖြင့် ရောဂါကူးစက်ခံနေရသူတွေဟာအသက်(၄၀)နှစ်အောက် အမျိုးသမီးတွေ၊ ကိုယ်ဝန် ဆောင်အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ ဒါအပြင်တောင်အာဖရိကဟာ မြို့ပြနဲ့ ကျေးလက် အကြားလူနေမှုစနစ်ကွာခြားလွန်းတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ တောင် အာဖရိကအာဏာပိုင်တွေကတော့နိုင်ငံရဲ့ HIV / AIDSရောဂါဖြစ်ပွားကကူးစက်မှုနှုန်းကို နှစ်စဉ် လျော့ချနိုင်လိမ့်မယ်လို့ ပြောဆိုမှုတွေတော့ရှိနေပါတယ်။

၃။ ဘော့ဆွာနာ

ကမ္ဘာပေါ်မှာ ဒုတိယမြောတ် HIV / AIDSရောဂါဖြစ်ပွားမှုအများဆုံးနိုင်ငံကတော့ အာဖရိကတောင်ဘက်ပိုင်းမှာရှိတဲ့ ဘော့ဆွာနာနိုင်ငံဖြစ်ပြီး နိုင်ငံရဲ့ (၇၀)ရာခိုင်နှုန်း လောက်ဟာ Kalahari သဲကန္တာရက လွှမ်းမိုးထားပါတယ်။ ဘော့ဝါနာရဲ့ စုစုပေါင်း လူဦးရေ (၂၁.၉၀)ရာခိုင်နှုန်းလောက်ဟာ HIV / AIDSရောဂါကို ခံစားနေရသူတွေ ဖြစ်ပြီး အဓိကခံစားနေရသူတွေကတော့ အရွယ်ရောက်ပြီး အမျိုးသမီးတွေပဲဖြစ်ပါတယ်။

ဘော့ဆွာနာနိုင်ငံဟာ အမျိုးသမီးတွေကိုခွဲခြားဆက်ဆံမှု ပြုလုပ်လေ့ရှိတဲ့နိုင်ငံဖြစ်ပြီး အတင်းအကျပ်လက်ထပ်ခိုင်းစေခြင်း ၊အမျိုးသားတစ်ဦး ကအမျိုးသမီးအများအပြားကို တရားဝင်လက်ထပ်ခွင့်ပြုထားခြင်းတွေကြောင့် ဘော့ဝါ နာရဲ့ အမျိုးသမီး HIV / AIDSရောဂါသည်အရေအတွက်ဟာ ထင်သလောက် ကျဆင်း သွားခြင်းတော့မရှိသေးပါဘူး။ ဘော့ဝါနာအတွက် အခြေအနေကောင်းတစ်ခုကတော့ သူတို့ဟာ UNရဲ့ Sub-Saharan Africa ဧရိယာအတွင်းပါဝင်နေတာကြောင့် သူတို့ရဲ့ HIV / AIDSရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာရဲ့အကူအညီ များစွာ ကိုရရှိခံစားရဖို့ရှိနေပါတယ်။

၂။ လီဆိုသို

အာဖရိကတိုက်ကပဲ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်တဲ့ လီသိုဆိုနိုင်ငံရဲ့ လူဦးရေ (၂၅) ရာခိုင်နှုန်းဟာ HIV / AIDS ရောဂါကိုခံစားနေရသူတွေဖြစ်ပါတယ်။ ကမ္ဘာတတိယ မြောတ် HIV / AIDS ရောဂါခံစားနေရတဲ့ လီသိုဆိုနိုင်ငံသားအများစုဟာ ဆင်းရဲနွမ်းပါး ပြီးကျန်းမာရေးအသိလျော့နည်းသူတွေဖြစ်ကြပါတယ်။ အထူးသဖြင့် အသက်(၁၅) နှစ်ကနေ (၂၄)နှစ်အကြားလူငယ်လူရွယ်တွေဟာ ဒီရောဂါအဖြစ်များလာတာကို နောက်ပိုင်းကာလတွေမှာ တွေ့ရှိရပြီး အဓိကကူးစက်တာကတော့ လိင်ကတစ်ဆင့် ဖြစ် တယ်လို့သိရပါတယ်။

အစိုးရကတော့နိုင်ငံတကာနဲ့ပူးပေါင်းပြီး အဓိကဆောင်ရွက် နေတာကတော့ မိခင်ကနေကလေးငယ်တွေကို ကူးစက်မှုနည်းနိုင်သမျှနည်းပါးအောင် နဲ့ သားဆက်ခြားနည်းအပါအဝင် လိင်ပညာပေးလုပ်ငန်းတွေကို လီသိုဆိုရဲ့ အောက်ခြေ လူတန်းစားတွေအထိ သိရှိနားလည်အောင် ဦးစီးပညာပေးတဲ့အစီစဉ်တွေဖြစ်ပါတယ်။

၁။ ဆွာဇီလန်နိင်ငံ

အာဖရိကတိုက်က ဆွာဇီလန်(Eswatini) နိုင်ငံဟာ ကမ္ဘာပေါ်မှာ HIV / AIDS ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံအဖြစ် ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့သတ်မှတ်ခြင်းကို ခံရပါတယ်။ နိုင်ငံရဲ့စုစုပေါင်းလူဦးရေရဲ့ (27.20) ရာခိုင်နှုန်းဟာ HIV / AIDS ရောဂါကို ခံစားနေရပြီး အဓိကကူစက်ရတဲ့အကြောင်းအရင်းကတော့ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း(ကွန်ဒုံးအသုံးပြုမှုမရှိခြင်း)၊ HIV / AIDSရောဂါအသိပညာပေး လုပ်ငန်းတွေမှာ အားနည်းလွန်းခြင်းတို့ကြောင့်ဖြစ်ပါတယ်။ ဆွာဇီလန်နိုင်ငံသား ၄ယောက်မှာ ၁ယောက်မက HIV ကူးစက်ခံနေရတဲ့နှုန်းပါ။

ကူးစက်ခံရသူအများစုကတော့ အမျိုးသမီး တွေဖြစ်ကြပြီး နိုင်ငံရဲ့ချို့တဲ့ တဲ့လူနေမှုစနစ်နဲ့တရားဥပဒေ စိုးမိုးမှုအားနည်းလွန်း တာကလည်း ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ တစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်။ ဆွာဇီလန်နိုင်ငံရဲ့မူရင်းဓလေ့ကိုယ်က အမျိုးသမီးတွေကို ခွဲခြားဆက်ဆံခြင်း၊ အမျိုးသား တစ်ဦးတည်းက ဇနီးမယားတစ်ဦးထက်ပိုပြီး လက်ထပ်ခွင့်ရှိခြင်း၊ အသက်မပြည်တဲ့ မိန်းကလေးတွေကို လက်ထပ်ခွင့်ခြင်းတွေကို တရားဝင်ခွင့်ပြုထားပါတယ်။ အဲဒီအချက် တွေကလည်း အမျိုး သမီးတွေအတွက် HIV / AIDSရောဂါဖြစ်ပွားမှုနှုန်းထားကို မြင့်တက်စေတဲ့ အကြောင်း အရာတွေပဲဖြစ်ပါတယ်။

အပေါ်မှာ ဖော်ပြခဲ့တာကတော့ HIV / AIDS ဖြစ်ပွားမှုအများဆုံး ၄နိုင်ငံပါ။ အဲဒီနိုင်ငံတွေရဲ့နောက်မှာတော့ နံပါတ် ၅ မှာ နမ်မီဘီးယားနိုင်ငံက ၁၃.၈% ၊ နံပါတ် ၆ မှာ ဇင်ဘာဘွေနိုင်ငံက ၁၃.၅% ၊ နံပါတ် ၇ မှာ ဇမ်ဘီးယားနိုင်ငံက ၁၂.၄% ၊ နံပါတ် ၈ မှာ မိုဇမ်ဘစ်နိုင်ငံက ၁၂.၃% ၊ နံပါတ် ၉ မှာ မော်လ၀ီနိုင်ငံက ၉% ၊ နံပါတ် ၁၀ မှာ ယူဂန်ဒါနိုင်ငံက ၆.၅% နဲ့ အသီးသီးရပ်တည်နေပါတယ်။ ထူးခြားတာကတော့ ဖြစ်ပွားမှုအများဆုံးနိုင်ငံတွေဟာ အာဖရိကတိုက်တစ်ခုတည်းက ဖြစ်နေတာပါ။ ဒီစာရင်းကတော့ ၂၀၁၆ခုနှစ်အထိစာရင်းဖြစ်ပြီး ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ HIV / AIDS ဖြစ်ပွားမှုက ၀.၈% ဖြစ်ကာ လူပေါင်း ၂၃၀၀၀၀ ခန့်ဟာ HIV ပိုးကူးစက်ခံထားရပါတယ်။

Ref :
WorldAtlas
Wikipedia

သုတဇုန်

Leave a Reply