• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပလတ်စတစ်အစားထိုး သဘာဝမြက်ပိုက်ကိုထုတ်လုပ်တဲ့ ဗီယက်နမ်နိုင်ငံသား

by Thutamm
September 2, 2019
1 min read
0
ပလတ်စတစ်အစားထိုး သဘာဝမြက်ပိုက်ကိုထုတ်လုပ်တဲ့ ဗီယက်နမ်နိုင်ငံသား
Share on FacebookShare on Twitter

ကျွန်တော်တို့အများစုရဲ့ နေ့စဉ်ကဏ္ဍထဲမှာ ပလတ်စတစ်ဟာ မပါမဖြစ်ပါဝင်နေပါတယ်။ ဒီလိုအမြဲထိတွေ့အသုံးပြုနေရတဲ့ ပလတ်စတစ်တွေဟာ ကမ္ဘာကို ဆိုးကျိုးအပေးဆုံး အရာတွေထဲမှာလည်း ထိပ်ဆုံးမှာရှိနေပါတယ်။ အဓိကအကြောင်းကတော့ ပလတ်စတစ်တွေဟာ အသုံးပြုရလွယ်ပေမယ့် ဖျက်ဆီးဖို့ခက်ခဲတဲ့အရာတစ်ခု ဖြစ်နေလို့ပါ။ စွန့်ပစ်ပလတ်စတစ်တွေဟာ သူ့အလိုလိုပျက်စီးဖို့ အချိန်နှစ်ပေါင်း ၁၀၀ ကနေ တချို့ပလတ်စတစ်အမျိုးအစားတွေဆို နှစ်ပေါင်း ၁၀၀၀ ခန့်အထိကြာမြင့်လေ့ရှိပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Greenpeace ရဲ့ အဆိုအရ နှစ်စဉ် ပလတ်စတစ်တန်ချိန် ၁၂.၇သန်းဟာ ပင်လယ် သမုဒ္ဒရာတွေထဲကို စီးဝင်လျှက်ရှိနေပြီး ရေသတ္တဝါပေါင်းများစွာကို သေကြေပျက်စီးစေတယ် လို့ သိရပါတယ်။ ပလတ်စတစ်ရဲ့ ဆိုးကျိုးကို သိရှိတဲ့အချိန်ကစလို့ ကမ္ဘာ့နိုင်ငံကြီးတွေဟာ ပလတ်စတစ်ကို ဖျက်စီးနိုင်ဖို့ လျှော့ချနိုင်ဖို့ နည်းအမျိုးမျိုးနဲ့ ကျိုးပမ်းလျှက်ရှိပေမယ့် လက်ရှိအချိန်ထိတော့ အောင်မြင်ခြင်းမရှိသေးပါဘူး။ အဖွဲ့အစည်းအသီးသီးက ကြိုးပမ်းနေသလို တချို့ကလည်း တစ်ယောက်ချင်းစီ ကြိုးပမ်းလျှက်ရှိပါတယ်။ ဒီလိုကြိုးပမ်းနေတဲ့လူတွေထဲမှာ ဗီယက်နမ်နိုင်ငံက Tran Minh Tien လည်းပါဝင်နေပါတယ်။

သူဟာ ပလတ်စတစ်ပိုက်တွေအစား သဘာဝအလျှောက်ပေါက်နေတဲ့ မြက်ပင်တွေကိုပိုက်အဖြစ်ဖန်တီးထုတ်လုပ်နေပါတယ်။ အအေး နဲ့ အခြားအရည်အမျိုးမျိုးသောက်သုံးရာသုံးတဲ့ ပလတ်စတစ်ပိုက်တွေဟာ အမေရိကန် ၁နိုင်ငံထဲမှာတင် နှစ်စဉ် သန်းပေါင်း ၅၀၀ခန့်ရှိနေပါတယ်။ ဒါကြောင့် Tran Minh Tien ဟာ ပလတ်စတစ်ပိုက်တွေကို လျှော့ချပြီး မြက်ပိုက်တွေဖန်တီးနေခြင်းဖြစ်ပါတယ်။ သူ အသုံးပြုတဲ့မြက်ပင်တွေဟာ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှာ အများအပြားပေါက်တဲ့မြက်တွေဖြစ်ပြီး အခေါင်းပါရှိတဲ့ မြက်တွေဖြစ်ပါတယ်။ ဒီမြက်ပင်ရဲ့ သိပ္ပံနာမည်ကတော့ Lepironia articulata ဖြစ်ပါတယ်။

မြက်ပင်ကို အသုံးပြုဖန်တီးထားတဲ့ပိုက်တွေဟာ သဘာဝကနေရတောင်ကြောင့် ဆွေးမြေ့ပျက်စီးဖို့ ပလတ်စတစ်လို နှစ် ရာနဲ့ချီကြာမြင့်မှာ မဟုတ်တဲ့အတွက် ကမ္ဘာကြီးကို ဆိုးကျိုးမပေးနိုင်ပါဘူး။ ဒါအပြင် ဘာဓာတုဆေးဝါးကိုမှ ထည့်သုံးထားခြင်းမရှိတဲ့အတွက် အခြားဘေးထွက်ဆိုးကျိုးတွေလည်း ရှိစေမှာ မဟုတ်ပါဘူး။

Tran Minh Tien ရဲ့ မြက်ပင်ပိုက်ထုတ်လုပ်ပုံကတော့ သူဟာ အခေါင်းပေါက်ပါတဲ့ အဆိုပါမြက်တွေကို လိုက်လံစုဆောင်းယူဆောင်ပြီးတဲ့နောက် ၂၀ စင်တီမီတာစီ ပိုင်းဖြတ်ပါတယ်။ အဲဒီနောက်တော့ ရေနဲ့ ဆေးကြောပြီး အခေါင်းပေါက်ထဲကို တုတ်ချောင်းနဲ့ ထိုးပြီးရှင်းလင်းပါတယ်။ ထို့နောက်တော့ နောက်တစ်ကြိမ်ရေနဲ့ ပြန်ဆေးကာ အဲဒီမြက်ပင်တွေကို ငှက်ပျောရွက်နဲ့ သေချာထုတ်ပိုးပြီးထားလိုက်ပြီးတဲ့နောက် သဘာဝမြက်ပိုက်တွေရလာပြီ ဖြစ်ပါတယ်။ သဘာဝမြက်ပိုက်တွေဟာ အအေးခန်းထဲမှာ ထည့်ထားရင် ၂ပတ်ခန့်ကြာရှည်ခံပြီး ပုံမှန်အပူချိန်မှာထားရင်တော့ ၁ပတ်ပဲခံပါတယ်။

ဒါကတော့ သဘာဝမြက်ပိုက်(fresh straw) ဖြစ်ပြီး Tran ဟာ နောက်တစ်မျိုးဖြစ်တဲ့ မြက်ခြောက်ပိုက်(dried straw) ကိုလည်း ထုတ်လုပ်ပါသေးတယ်။ မြက်ခြောက်ပိုက်ပြုလုပ်ပုံကတော့ အရင်ဆုံးမြက်ပင်တွေကို ခူးပြီးတဲ့နောက်  ရက်အနည်းငယ်ကြာ(၂ရက်နေ ၃ရက်အထိ) နေပူလှန်းပါတယ်။ နေပူလှမ်းပြီးတဲ့နောက် မီးဖိုမှာ အပူထပ်ပေးရပါသေးတယ်။ ဒီနည်းနဲ့ ရရှိလာတဲ့ မြက်ခြောက်ပိုက်တွေကတော့ ပထမပိုက်မျိုးထက် အချိန်ပိုကြာရှည်ခံပါတယ်။ ဒီမြက်ခြောက်ပိုက်တွေဟာ ပုံမှန်အတိုင်းထားရင် ၆လအထိ တာရှည်ခံနိုင်ပါတယ်။

သဘာဝမြက်ပိုက်တွေကိုတော့ ဝ.၀၂၆ ဒေါ်လာနဲ့ရောင်းချပြီး မြက်ခြောက်ပိုက်တွေကိုတော့ ဝ.၀၄၃ ဒေါ်လာနဲ့ ရောင်းချလျှက်ရှိပါတယ်။ သူ့ရဲ့မြက်ပိုက် ဗီဒီယိုဟာ ကြည့်ရှု့သူပေါင်း ၃သန်းကျော်ရှိခဲ့ပြီး ပလတ်စတစ်အစား သဘာဝထွက်ကုန်နဲ့ ထုတ်လုပ်ထားတဲ့အတွက် လူအများစုရဲ့အားပေးချီးကျူးမှုကို ရခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီမြက်ပိုက်တွေကို ဗီယက်နမ်က ဆိုင်အချို့မှာ အသုံးပြုလျှက်ရှိပါတယ်။

VIDEO

Tags: tech
Next Post
အိန္ဒိယနိုင်ငံ မွန်ဘိုင်းက သက်တမ်း နှစ်ပေါင်း(၆၆)သန်း ရှိပြီဖြစ်တဲ့ မီးသင့်ကျောက်တောင်ကြီး

အိန္ဒိယနိုင်ငံ မွန်ဘိုင်းက သက်တမ်း နှစ်ပေါင်း(၆၆)သန်း ရှိပြီဖြစ်တဲ့ မီးသင့်ကျောက်တောင်ကြီး

Discussion about this post

Trending

ရှေးဟောင်းနံရံမှာ စာ ၃ လုံးရေးမိလို့ အမြင့်ဆုံးဒဏ်ငွေ ဒေါ်လာ ၁သိန်းကျော် အထိ ဆောင်ရတော့မယ့် သူတွေ
Amazing

ရှေးဟောင်းနံရံမှာ စာ ၃ လုံးရေးမိလို့ အမြင့်ဆုံးဒဏ်ငွေ ဒေါ်လာ ၁သိန်းကျော် အထိ ဆောင်ရတော့မယ့် သူတွေ

by Thutamm
December 6, 2019
ကမ္ဘာအကြီးဆုံး နျူးကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောကြီး Belgorod
Knowledge

ကမ္ဘာအကြီးဆုံး နျူးကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောကြီး Belgorod

by Thutamm
December 6, 2019
လမ်းမပေါ်က ဟိုတယ် (သို့) ဒေါ်လာ ၃သန်းတန် ဘတ်စ်ကား
Amazing

လမ်းမပေါ်က ဟိုတယ် (သို့) ဒေါ်လာ ၃သန်းတန် ဘတ်စ်ကား

by Thutamm
December 5, 2019
ယာဉ်ကြောပိတ်ဆို့လွန်းတာကို ဖြေရှင်းဖို့ ကိုယ်ပိုင်ရဟတ်ယာဉ်တည်ဆောက်ခဲ့သူ
Amazing

ယာဉ်ကြောပိတ်ဆို့လွန်းတာကို ဖြေရှင်းဖို့ ကိုယ်ပိုင်ရဟတ်ယာဉ်တည်ဆောက်ခဲ့သူ

by Thutamm
December 5, 2019
အီကွေဒေါနိုင်ငံ အကြောင်းသိကောင်းစရာ
Knowledge

အီကွေဒေါနိုင်ငံ အကြောင်းသိကောင်းစရာ

by Thutamm
December 4, 2019

သုတဇုန် ဆိုတာ

သုတဇုန်စာမျက်နှာသည် ထူးထူးဆန်းဆန်းအကြောင်းများ ၊ သုတရသ ဗဟုသုတများ ၊ ရှေးဟောင်းနှောင်းဖြစ်သမိုင်းများ ၊ အသုံးဝင်အချက်အလက်များ ၊ စိတ်ခွန်အားပေးစာစုများ စသည့်အကြောင်းအရာများကို သီးသန့် တင်ဆက်ပေးနေသော စာမျက်နှာဖြစ်ပါတယ်။ ဗဟုသုတအကြောင်းအရာများကို အလွယ်တကူ သိချင် ဖတ်ချင်သူမိတ်ဆွေများအတွက် ကြိုးစားတင်ဆက်ပေးနေပါတယ်။

Tags

amazing ancient knowledge animals buddhism buddhism monk chemistry cities countries facts feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places plants rivers science science knowledge Sport Sport people story successful tech thinking tips to know world actors world actress world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • no
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook
  • About Us
  • Contact Us
  • Home
  • Privacy Policy

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy