ကိုယ့်ခြံထဲက သက်တမ်းရင့်သစ်ပင်ကိုသေစေမှုနဲ့ အမေရိကန်ဒေါ်လာ ၆သိန်း ဒဏ်ရိုက်ခံခဲ့ရတဲ့ စုံတွဲ

Posted on

အမေရိကန်ပြည်ထောင်စု၊ကယ်လီဖိုးနီးယားပြည်နယ်မှာနေထိုင်တဲ့ ပီတာနဲ့ တိုနီသွန် မဆန်တို့စုံတွဲဟာ ဆိုနိုမာမြို့က အစဉ်အစိုက်ထိန်းသိမ်းလာခဲ့တဲ့ နှစ်ပေါင်း (၁၈၀) သက်တမ်းရှိပြီဖြစ်တဲ့ ဝက်သစ်ချပင်ကို မဆင်မခြင်ရွေပြောင်းခဲ့တာကြောင့် နောက်ဆုံးမှာ အပင်ဟာသေဆုံးခဲ့ပြီး မြို့တာဝန်ရှိသူတွေရဲ့ တရားစွဲဆိုခြင်းကိုခံခဲ့ရပါတယ်။

ဒီစုံတွဲဟာ အသစ်ပြောင်းရွေမယ့် သူတို့ရဲ့ခြံဝန်းသစ်ထဲကို ဝက်သစ်ချပင်ကြီးသာမက ယင်းဝန်းကျင်က ချုံနွယ်ပိတ်ပေါင်းတွေကိုပါ တစ်ပါတည်းရွေပြောင်းခဲ့ကြတာပါ။ သူတို့ရဲ့ လုပ်ရပ်ဟာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက် ရေးဥပဒေတွေနဲ့ ညိစွန်းနေတာကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ တရားစွဲဆိုခြင်း ကိုခံရပြီး ကယ်လီဖိုးနီးယားပြည်နယ်တရားရုံးကဒဏ်ကြေးအနေနဲ့ အမေရိကန်ဒေါ်လာ (၆၀၀၀၀၀)ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

ဒီစုံတွဲရဲ့လုပ်ရပ်ကိုစတင်တိုင်ကြားခဲ့သူတွေကတော့ သူတို့ရဲ့အိမ်နီးနားချင်းတွေဖြစ်ပြီး တိုင်တန်းသူတွေအဆိုအရ ပီတာတို့စုံတွဲဟာ အသေးစားမြေတူးစက်အပါအဝင် များစွာ သောတူးဖော်ရေးနဲ့ရွေပြောင်းရာတွင်သုံးတဲ့ စက်ပစ္စည်းတွေကိုအသုံးပြုပြီး စည်းကမ်းမဲ့ တူးဖော်ရေးလုပ်ငန်းတွေကို တိတ်တဆိတ်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

စတိုမာမြို့အုပ်ချုပ်ရေးမှူး Bob Neale လာရောက်စစ်ဆေးချိန်မှာတော့ သေဆုံးပြီ ဖြစ်တဲ့ ဝက်သစ်ချပင်အိုကြီးနဲ့ (၃၀၀၀)ကုဗပေလောက်ရှိတဲ့ ကျောက်နဲ့မြေစာတွေရော နှောနေတဲ့ အပုံကြီးကိုသာတွေ့ရှိခဲ့ပါတယ်။ သူတို့ဟာမည်သူထံမှခွင့်ပြုချက်မတောင်းပဲ ဒီလိုစည်းကမ်းမဲ့ဆောင်ရွက်ကြတာဖြစ်ပြီး မြိုအုပ်ချုပ်ရေးမှူးရဲ့ကွင်းဆင်းဆောင်ရွက်ချက်အားလုံးကို Press Democrat ကနေနိုင်ငံပိုင်ရုပ်သံလိုင်းများစွာကိုတိုက်ရိုက် ထုတ်လွှင့်ပြသပေးခဲ့ပါတယ်။ ဒါဟာဘာရတ်အိုဘားမားလက်ထက်ကတည်းက အမေရိကန်ပြည်ထောင်စုအတွင်းအားကောင်းလာတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့် ရှောက်ရေးဆိုင်ရာလှုပ်ရှားမှုတွေရဲ့ အကျိုးဆက်လို့လည်းဆိုရပါမယ်။

ပီတာနဲ့သော်မဆန်ဦးဆောင်တဲ့အဖွဲ့သားတွေဟာ ဆိုနိုမာမြို့ရဲ့အမွေအနှစ် ဝက်သစ်ချ ပင်ရဲ့အောက်ခြေကို အဝိုင်းသဏ္ဍန်ပုံဖော်ခဲ့ပြီး သူတို့အသစ်တည်ဆောက်မယ့်အိမ်ရဲ့ ကပ်လျက်မှာထားရှိခဲ့ကြပါတယ်။ သူတို့စုံတွဲရဲ့နောက်ထပ်ဆိုးရွားတဲ့ အပြုအမူကတော့ နှစ်(၁၈၀)သက်တမ်းရှိ ဝက်သစ်ချပင်ကိုချောမွေ့စွာသယ်ဆောင်နိုင်ဖို့ ဒါဇင်နဲ့ချီတဲ့ သစ်ပင်တွေ၊သဘာဝပေါက်ပင်တွေကို ဖျက်ဆီးခဲ့ကြတာလို့ တရားရုံးသက်သေ၊ မှတ်တမ်းတွေကဖော်ပြနေပါတယ်။

ဒါအပြင် ပီတာတို့အမှုကိုတာဝန်ယူစစ်ဆေးခဲ့တဲ့ ဆိုနိုမာကောင်တီရဲ့ အထက်တန်း တရားသူကြီး Patrick Broderick က ကျူးလွန်သူစုံတွကို အမေရိကန်နိုင်ငံသား တစ်ယောက် အနေနဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိန်းစောင့် ရှောက်ရေးဥပဒေတွေကို သိရှိပါသလားလို့မေးမြန်းချိန်မှာလည်း သူတို့စုံတွဲက အလေးမထားဟန်နဲ့သူတို့ဟာ ဥပဒေဘောင်အတွင်းကပဲ နေထိုင်သူတွေဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အစိုးရရှေနေတွေက သူတို့ရဲ့ပြစ်မှုတွေကို သက်သေနဲ့ တကွ ခိုင်ခိုင်မာမာထောက်ပြနိုင်ခဲ့တာကြောင့် ပီတာတို့စုံတွဲဟာ အမေရိကန်ဒေါ်လာ (၆၀၀၀၀၀) ပေးဆောင်ဖို့ တရားသူကြီးရဲ့ အမိန့်ချမှတ်ခြင်းခံခဲ့ရပါတယ်။ ပီတာတို့ပေး ဆောင်လိုက်တဲ့ ဒဏ်ကြးငွေတွေကိုတော့ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တွေထံ လှူဒါန်းသွားမှာဖြစ်ပါတယ်။ သူတို့စုံတွဲရဲ့ရှေနေ Richard Freeman ကတော့ တရားခွင်ဟာမျှတမှုမရှိပဲ လူအချို့ဆန္ဒသဘောထားတောင်းခံရာမှ ဖြစ်လာတဲ့ ဥပဒေတွေဟာ အမေရိကန်နိုင်ငံသား(၂)ယောက်ကို နစ်နာစေတယ်လို့ ဆိုခဲ့ပါတယ်။

ဒီလိုပြစ်ဒဏ်ချမှတ်ပြီးနောက်ပိုင်းမှာတော့ ပီတာတို့ဇနီးမောင်နှံဟာ သေဆုံးပြီးဖြစ်တဲ့ ဝက်သစ်ချပင်ကြီးနဲ့ မွေးမြူရေးခြံများစွာပါရှိတဲ့ သူမတို့မြေယာကို အမေရိကန်ဒေါ်လာ (၈.၄၅) သန်းနဲ့ရောင်းချဖို့ ကြေငြာခဲ့ပါတယ်။

ဒီဇာတ်လမ်းကိုအဓိကဖော်ဆောင်ခဲ့တဲ့ သော်မဆန်ကတော့ “ဒီဖြစ်ရပ်တစ်ခုလုံးအတွင်း မှာတော့ ဝမ်းနည်းစရာအားလုံးဟာ ကျွန်မတို့ဇနီးမောင်နှံအပေါ်ပဲ ကျရောက်ခဲ့ပါတယ်။ ကျွန်မတို့ဟာ ငွေများစွာကုန်ကျခံပြီး ဒီအပင်ကြီးရဲ့ခမ်းနားမှုကို အရောင်တင်ခဲ့တာပါ။ အကြောင်းအရာပေါ်လာမှ နှစ်များစွာပစ်ထားတဲ့အပင်က သူတို့ရဲ့ အထိန်းအမှတ် ပမာဖြစ်သွားးတာတော့ ရယ်စရာပါ ။ ဒါကိုဖြေရှင်းဖို့ ကျွန်မတို့မှာ ဘာအခွင့်အရေးမှ မရှိခဲ့ပါဘူး”လို့ မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။

Leave a Reply