ဆဌဂံမြို့ (သို့) မရမ်မီခဲလီ

Posted on

ဒီမြို့ကတော့ အီတလီနိုင်ငံတောင်ပိုင်း ကာတာနီးယားပြည်နယ် ၊ စစ္စလီကျွန်းမှာတည်ရှိပြီး Grammichele လို့ခေါ်တဲ့မြို့ဖြစ်ပါတယ်။ ၎င်းမြို့ဟာ ဆဌဂံပုံစံတည်ဆောက်ထားပြီး ကမ္ဘာပေါ်တွင်ရှားပါးတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ၁၆၉၃ ခုနှစ်တွင်လှုပ်ခတ်ခဲ့သောစစ္စလီငလျင်ဒဏ်ကြောင့် Occhialà မြို့ဟာပျက်စီးခဲ့ပါတယ်။ မကြာမီမှာပဲ ၎င်းပျက်စီးသွားတဲ့မြို့ရဲ့တောင်ဘက်မှာ မြို့အသစ်ထပ်မံတည်ဆောက်ခဲ့ပြီး Grammichele လို့အမည်ပေးခဲ့တာဖြစ်ပါတယ်။

Roccella နယ်ရဲ့မင်းသားတစ်ပါးဖြစ်တဲ့ Carlo Maria Carafa Branciforte က ဦးဆောင်တည်ဆောက်ခဲ့တာဖြစ်ပြီး မိုက်ကယ်ဒါဖာလာက ဒီဇိုင်းရေးဆွဲပေးခဲ့တာဖြစ်ပါတယ်။ ၎င်းမြို့ဟာ ဥရောပမှာ ပထမဆုံးသော ဆဌဂံပုံစံမြို့ဖြစ်ပါတယ်။ ၎င်းမြို့ထက်နှစ် ၁၀၀ ခန့်စောပြီးတည်ဆောက်ထားတဲ့ Palmanova မြို့ကိုအတုယူပြီး တည်ဆောက်ထားတာဖြစ်နိုင်ခြေရှိပါတယ်။ ၎င်းမြို့ ၂ မြို့ရဲ့အဓိကကွဲပြားတဲ့အချက်ကတော့ Palmanova မြို့ဟာ ဗဟုဂံပုံစံအကွက် ၉ ကွက်ကိုအခြေခံပြီးတည်ဆောက်ထားတာဖြစ်ပြီး Grammichele မြို့ကတော့ အဆုံးမရှိချဲ့ထွင်နိုင်အောင် ဆဌဂံပုံစံအကွက်ချတည်ဆောက်ထားပါတယ်။ အကျယ်အ၀န်းအားဖြင့် ၁၂ စတုရန်းမိုင် ကျယ်ဝန်းပြီး လူဦးရေ ၁၃၀၀၀ကျော် နေထိုင်ပါတယ်။

Grammichele မြို့ရဲ့ ဆဌဂံပုံဒီဇိုင်းဟာ အခန်း ၆ ခုကို လမ်း ၆ လမ်းဖြင့်ပိုင်းထားပြီး လမ်းခြောက်လမ်းဟာ အလယ်ဆုံမှတ်တွင် လာဆုံပါတယ်။ ၎င်းဆုံမှတ်ဟာလည်း ဆဌဂံပုံစံပဲဖြစ်ပါတယ်။ သဘာဝဘေး အန္တာရာယ်များကျရောက်လာလျှင် စုရုံးနိုင်ရန်အတွက် ပုန်းခိုနိုင်တဲ့နေရာ အများအပြားကိုမြို့ထဲတွင်ဖန်တီးထားပါတယ်။ ၎င်းလမ်းဆုံများဟာအကွာအဝေးတူညီပြီး လမ်းအားလုံးဟာ ဂျီသြမေတြီဆိုင်ရာ သင်္ချာနည်းနဲ့ နက်ဝက်ချိတ်ထားပါတယ်။ tအလယ်ဗဟိုက အဓိကဆဌဂံနေရာကိုတော့ မင်းသား Carafa Square လို့ခေါ်ပါတယ်။

ဆဌဂံပုံစံ၏တဖက်တွင် လေးထောင့်ပုံစံ ရက်ကွက် ၄ ခုကိုဒီဇိုင်းရေးဆွဲခဲ့ပြီး တစ်ခုတွင် မင်းသားရဲ့နန်းတော် ပါဝင်လိမ့်မယ်လို့ထင်ခဲ့ပေမယ့် တည်ဆောက်ခဲ့ခြင်းမရှိပါဘူး။ ဆဌဂံဒီဇိုင်းများရှားပါးသည့်အကြောင်းကိုစာရေးဆရာ Eran Ben-Joseph နှင့် David Gordon တို့ကရေးခဲ့ပြီးနောက် ၂၀ ရာစုအစောပိုင်းတွင်၎င်းဒီဇိုင်းဟာ များပြားလှတဲ့ ဒီဇိုင်းရေးဆွဲသူများ ၊ အင်ဂျင်နီယာများနှင့် ဗိသုကာပညာရှင်များကို ခဏတာစိတ်ဝင်စားစေခဲ့ပါတယ်။ ဒါပေမယ့် ၎င်းဖွဲ့စည်းပုံရဲ့ ကြီးမားတဲ့အတိုင်းအတာကြောင့်တည်ဆောက်ဖို့ဘယ်သူမှမတတ်နိုင်ခဲ့ပါဘူး။

နယူးယောက်ဗိသုကာနှင့်သမိုင်းအနုပညာရှင် Charles Lamb က ဆဌဂံပုံစံမြို့အစီအစဉ်ဟာ ခေတ်မှီမြို့များရဲ့ဘေးအန္တရာယ် အတွက် လက်တွေ့ကျပြီး အနုပညာမြောက်တဲ့ ဒီဇိုင်းတစ်ခုဖြစ်ကြောင်းထောက်ခံခဲ့ပါတယ်။ ၎င်းဒီဇိုင်းဟာ ဥရောပရဲ့လှပတဲ့ပုံစံဖြစ်တဲ့ လမ်းတဖက်တချက်တွင်သစ်ပင်များဖြင့်လှပစွာဖန်တီးနိုင်ရုံသာမက ဖွံ့ဖြိုးမှုနှင့် ကျန်းမာတဲ့နေထိုင်ခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။ သြစတေးသျအင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Rudolf Mueller ကဆဌဂံပုံစံအပြင်အဆင်ဟာ ရေနှင့်အညစ်အကြေးစနစ်ပိုက်လမ်းကြောင်းအလျားကို ချွေတာနိုင်ဖို့အလားအလာရှိကြောင်းထောက်ပြခဲ့ပါတယ်။

ရေပိုက်ခေါင်းများနည်းသွားပါက အဓိကရေပေးဝေတဲ့ပိုက်ဟာ အဆောက်အဦးအများအပြားကိုရေပေးနိုင်မှာဖြစ်ပြီး အဆောက်အဦးနှင့် အဓိကရေပိုက် အကြား တိုတောင်းတဲ့ service lines များတပ်ဆင်နိုင်မှာဖြစ်ပါတယ်။ စာရေးဆရာ Comey ရဲ့စိတ်ကူးအရ ဒေသတစ်ခုလုံးကိုသေးငယ်တဲ့ ဆဌဂံပုံစံမြို့များတည်ဆောက်ပြီးနောက် တစ်မြို့ချင်းစီကိုဆက်သွယ်ပြီးအကြီးဆုံးမြို့တစ်ခုဖြစ်စေပြီး ၎င်းမြို့အားအဓိကမြို့တော်နှင့်ဆက်သွယ်ထားတဲ့ ဆဌဂံပုံစံအလွှာအထပ်ထပ်နှင့်မြို့ဖန်တီးမှာဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အတွက် နောက်ထပ် ဆဌဂံပုံစံမြို့များ တည်ဆောက်မယ့် အစီအစဉ်များ ရပ်ဆိုင်းသွားရပါတော့တယ်။

ဆဌဂံမြို့ကို ဂိုဂဲ Map ကနေ ကိုယ်တိုင်ကြည့်ချင်ရင် 37°12′53″N 14°38′11″E လို့ ရိုက်ထည့်ကာ ကြည့်နိုင်ပါတယ်။

Leave a Reply