Thutazone
Saturday, December 14, 2019
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သမိုင်းတလျှောက် နာမည်ကျော် မီးတောင်ပေါက်ကွဲမှုကြီးများ

by Thutamm
August 17, 2019
2 min read
0
သမိုင်းတလျှောက် နာမည်ကျော် မီးတောင်ပေါက်ကွဲမှုကြီးများ
Share on FacebookShare on Twitter

Via : TechSpace နည်းပညာဂျာနယ်

မီးတောင်များဟာ ကမ္ဘာ့ဖျက်ဆီးမှု အကြီးဆုံးသော အင်အားစုများအနက်တစ်ခုအဖြစ်ပါဝင်ပါတယ်။ သို့သော်လည်း ဖျက်ဆီးမှုအကြီးမားဆုံးသော ဘူမိဗေဒဆိုင်ရာဖြစ်ရပ်ရဲ့ လျှို့ဝှက်ချက်ကဘာတွေဖြစ်နိုင်မလဲ၊ သူတို့ရဲ့ အကျိုးအမြတ်တွေရှိနိုင်မလား ? ကျွန်တော်တို့ သမိုင်းတလျှောက် ဖြစ်ပေါ်တည်ရှိခဲ့တဲ့ မီးတောင်များကို လေ့လာစမ်းစစ်ကြည့်ကြပါစို့…

ကမ္ဘာတစ်လွှားမှာ လက်ရှိ သက်ဝင်နေသော မီးတောင်ပေါင်း ၁၅၀၀ ခန့်ကို သရုပ်ခွဲထုတ်နိုင်ကာ ယင်းမီးတောင်များရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးက ပစိဖိတ်သမုဒ္ဒရာကို စက်ဝိုင်းပုံဝန်းရံထားတဲ့ ‘ မီးကွင်းကြီးများ’ လို့ခေါ်ဆိုကြတဲ့နေရာမှာတည်ရှိနေပါတယ်။ အဆိုပါဒေသကို တစ်ခါတစ်ရံမှာ ‘ ပစိဖိတ် ခါးပတ်စက်ဝန်း’ လို့လည်း ကိုယ်စားပြုခေါ်ဆိုကြပါတယ်။

မီးတောင်ပေါက်ကွဲမှုအမျိုးအစားများဟာ ချော်ရည်ချော်ခဲများရဲ့ ဖွဲ့စည်းမှုက ကမ္ဘာ့အပေါ်ယံလွှာသို့ ပြင်းအားနဲ့ထိုးဖောက်လာရာ လမ်းကြောင်းများအပေါ် မူတည်ပြီး ကွဲပြားသွားကြပါတယ်။ ချော်ရည်ချော်ခဲများမှာ ဆီလီကွန်ဒိုင်အောက်ဆိုက်ပါဝင်မှု မြင့်မားပြီး အပူချိန်နည်းတဲ့အခါမှာ ရွေ့လျားမှုနှေးကွေးကာ သိပ်အဝေးကြီးမသွားနိုင်ပါဘူး။ အဘယ့်ကြောင့်ဆိုသော် နှေးကွေးစွာရွေ့လျားခြင်းက ချော်ရည်များကို ပျစ်ချွဲသော အစိုင်အခဲများလျှင်မြန်စွာဖြစ်ပေါ်စေပြီး မီးတောင်များကို ရှည်လျားစေကာ ကတော့ပုံစံများဖြစ်ပေါ်လာပါတယ်။ ယင်းတို့ကို Stratovolcano သို့မဟုတ် Composite Volcano လို့ခေါ်ဆိုပါတယ်။ အဆိုပါအမျိုးအစားများက အများစုတွေ့ရသော ဘုံအမျိုးအစားများဖြစ်ပြီး နာမည်ကျော်ဥပမာများအဖြစ် Krakatoa နဲ့ Vesuvius တို့ပါဝင်ပါတယ်။

မီးတောင်ပေါက်ကွဲမှုများ

Stratovolcano မီးတောင်များရဲ့ ချော်ရည်များဟာ အလွန်ထူထဲသောကြောင့် ဖွဲ့စည်းပါဝင်သော ဓာတ်ငွေ့များက လွတ်မြောက်ဖို့ အလွန် ခက်ခဲပါတယ်။အကျိုးရလဒ်အနေနဲ့ ဓာတ်ငွေ့ပါဝင်မှုမြင့်မားသောကြောင့် ပေါက်ကွဲမှုများကို ဖြစ်ပေါ်စေပါတယ်။ ကျောက်စိုင်ကျောက်ခဲများ၊ ပြာများနဲ့ ချော်ရည်ပူများကို ၁နာရီမိုင် ၂၀၀ နှုန်းနဲ့ အလွန်ဝေးကွာသော အကွာအဝေးသို့ လွင့်စင်ထွက်စေပါတယ်။ ဒီပေါက်ကွဲမှုကြီးတွေက အလွန်တရာပြင်းထန်တဲ့အတွက် မီးတောင်များရဲ့ အစိတ်အပိုင်းတွေကိုလည်း ပျက်စီးစေပါတယ်။ ဥပမာအားဖြင့် ၁၉၈၀ ခုနှစ်တုန်းက ပေါက်ကွဲခဲ့တဲ့ Mount St. Helens မီးတောင်ဟာ သူ့ရဲ့ ထုထည်ပမာဏရဲ့ ၁၃ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ရပြီး သူ့ရဲ့ လက်ရှိအမြင့်ကနေ ပေပေါင်း ၁၃၀၀ ဝန်းကျင် နိမ့်ကျသွားပါတယ်။

ချော်ရည်ပူများထဲမှာ ဆီလီကွန်ဒိုင်အောက်ဆိုက် နည်းပါးတဲ့အခါ ပျစ်ချွဲမှု နည်းပါးပါတယ်။ ဒီလိုမျိုး ချော်ရည်ပူအမျိုးအစားတွေက အစိုင်အခဲအဖြစ် မအေးခဲမီ အတော်ဝေးဝေးကို စီးဆင်းသွားက ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဆောင့်ကြောင့်ထိုင်နေတဲ့ပုံစံဖြစ်ပေါ်စေပါတယ်။ ဟာဝိုင်ရီကျွန်းများဟာ ပင်လယ်ရေအောက်မှာရှိတဲ့ မီးတောင်အစဉ်အတန်းများကြောင့် ဖြစ်တည်နေပါတယ်။ အဲဒိထဲက အကြီးဆုံးဖြစ်တဲ့ Mauna Loa က ကမ္ဘာပေါ်မှာ အကြီးဆုံးဖြစ်ပြီး ပင်လယ်ရေပြင်အထက် ပေပေါင်း ၁၃၆၈၀ မြင့်မားကာ ပင်လယ်ရေအောက် နောက်ထပ် ရှစ်မိုင်လောက် ရှည်လျားကာ တိုးချဲ့သွားပါတယ်။ ဟာဝိုင်ရီကျွန်းများဟာ ကမ္ဘာ့ လှုပ်ရှားမှုအမြင့်မားဆုံးသော မီးတောင်ဖြစ်တဲ့ Kilauea ရဲ့ ပင်မအိမ်ဖြစ်ပြီး ၁၉၈၃ ခုနှစ်ကတည်းက ပုံမှန် ပေါက်ကွဲခဲ့ပါတယ်။

မီးတောင်များကို အဓိကအားဖြင့် အမျိုးအစားခွဲရာတွင် လှုပ်ရှားနေသောမီးတောင် (active)၊ မီးတောင်ရှင်ဖြစ်သော်လည်း မလှုပ်ရှားသောမီးတောင် (dormant) သို့မဟုတ် မီးတောင်သေ(extinct) ဆိုပြီး ခွဲခြားနိုင်ပါတယ်။ မီးတောင်ရှင်များဟာ မကြာခဏပေါက်ကွဲလေ့ရှိပြီး ထပ်ခါထပ်ခါ ပေါက်ကွဲမှုမြင့်မားပါတယ်။ မီးငြိမ်းတောင်များကတော့ နှစ်ပေါင်းတော်တော်များများကြာသည့်တိုင်အောင် ပေါက်ကွဲမှု မရှိဘဲ မီးတောင်သေများကတော့ သမိုင်းတလျှောက် တစ်ခါမျှ လှုပ်ရှားခြင်းမရှိခဲ့ပါဘူး။ မီးတောင်တစ်ခုရဲ့ သက်တမ်းဟာ လအနည်းငယ်ကနေပြီး နှစ်သန်းပေါင်းများစွာကြာသည့်တိုင် တည်ရှိနေနိုင်ပါတယ်။ ဒါ့ကြောင့်မို့ ဒီလိုမျိုး သရုပ်အမျိုးအစားခွဲမှုတွေက အကောင်းဆုံးအဖြစ် အတိအကျတော့မပြောဆိုနိုင်ပါဘူး။ အချို့က ပြောဆိုကြတာကတော့ သိပ္ပံနည်းကျအရ အဓိပ္ပာယ်မရှိဘူးလို့ဆိုပါတယ်။

ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း

မီးတောင်များဟာ နည်းလမ်းပေါင်းစုံနဲ့ သေဆုံးခြင်း ၊ ပျက်ဆီးစေခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ အဓိကထင်ရှားတာကာတော့ ချော်ရည်ပျော်ခဲများ ပေါက်ကွဲမှုက အနည်းဆုံးတော့ ပျက်စီးမှုများကိုဖြစ်ပေါ်စေပါတယ်။ မီးတောင်ပေါက်ကွဲမှုတစ်ခုက ကြီးမားသော ပြာတိမ်တိုက်ထုထည်ကြီးများကို လွှင့်ထုတ်ပြီး ယင်းတို့ထဲမှာ ပြိုကွဲလာသော အမှုန့်များနဲ့ ဖန်မှုန်များစွာပါဝင်ဖွဲ့စည်းထားပါတယ်။ အဲဒါတွေက မိုင်ပေါင်းများစွာတိုင် ပျံ့နှံ့သွားစေပြီး အသက်ရှုမှုနဲ့ပတ်သက်လို့ အန္တရာယ်ကြီးမားလှပါတယ်။ ထို့ပြင် ရာသီဥတုကို များစွာထိခိုက်စေပြီး လယ်သမားများအတွက် ပြဿနာများစွာဖြစ်ပေါ်စေပါတယ်။ မီးတောင်ပေါက်ကွဲမှုများဟာ ငလျင်လှုပ်မှုများနဲ့ ကမ်းရိုးတန်းဒေသများမှာ ဆူနာမီလှိုင်းလုံးကြီးများကိုဖြစ်ပေါ်စေပါတယ်။ အဆိုပါ ဆူနာမီလှိုင်းလုံးကြီးများက ပင်လယ်များအနီးနဲ့ အဝေးက ကျွန်းများစွာတွေမှာ အခြေချနေထိုင်သူတွေကို များစွာ ဖျက်ဆီးပစ်စေပါတယ်။

ဒီလိုမျိုး ပျက်စီးမှု စွမ်းအားတွေရှိနေသော်ငြားလည်း မီးတောင်များဟာ လူသားတွေအတွက် များစွာ အကျိုးပြုမှုတွေရှိနေပါသေးတယ်။ ကမ္ဘာ့မြေမျက်နှာပြင်ရဲ့ ၈၀ ရာခိုင်နှုန်းဝန်းကျင်က မီးတောင်လှုပ်ရှားမှုများကြောင့်ဖြစ်ပေါ်လာခဲ့ပါတယ်။ ကမ္ဘာ့သမိုင်းအစောကာလတွေမှာ မီးတောင်များက ဖန်လံအိမ်ဓာတ်ငွေ့များထုတ်လွှတ်ပြီး အဆိုပါဓာတ်ငွေ့များဟာ နောက်ပိုင်းမှာ အောက်ဆီဂျင်များအဖြစ်သို့ပြောင်းလဲသွားပြီး ဘက်တီးရီးယားပိုးမွှားများဖြစ်ပေါ်လာစေပါတယ်။ မီးတောင်များရဲ့ မြေဆီသြဇာတွေက အဟာရဓာတ်အလွန်မြင့်မားတဲ့အတွက် လယ်ယာစိုက်ပျိုးရန်မြေများကို ဖန်တီးပေးပါတယ်။ အပေါ်ယံလွှာတစ်ဝက်မှာရှိနေတဲ့အပူဓာတ်တွေက ကမ္ဘာ့မြေကြီးရဲ့ အပူစွမ်းအင်ကို အသုံးပြုပြီး စွမ်းအင်ထုတ်ယူနိုင်ပါတယ်။

မီးတောင် လှုပ်ရှားပေါက်ကွဲမှု သက်သေများကိုစကြဝဠာတစ်လွှားနဲ့ ကျွန်ုပ်တို့ရဲ့ နေအဖွဲ့အစည်းအတွင်းမှာများစွာတွေ့ရသလို ဂြိုဟ်ရံလများမှာလည်းတွေ့ရှိရပါတယ်။ ဗီးနပ်စ်ဂြိုဟ်မှာ လှုပ်ရှားနေတဲ့ မီးတောင်များစွာကိုတွေ့ရှိရပြီး များစွာသောမီးတောင်တွေကိုတော့ ဂျူပီတာဂြိုဟ်ရဲ့ ၆၇ ခုသောလတွေထဲကတစ်ခုဖြစ်တဲ့ Io မှာတွေ့ရှိရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဂျူပီတာဂြိုဟ်ရဲ့ ဆွဲငင်အားလျော့ကျလာသည့်အတွက် အတွင်းပိုင်းပွတ်တိုက်လှုပ်ရှားမှုများစွာဖြစ်ပေါ်လာကာ ပတ်ဝန်းကျင်ကိုသက်ရောက်မှုများဖြစ်ပေါ်စေပါတယ်။

နာမည်ကျော်မီးတောင်ပေါက်ကွဲမှုကြီးများ

မီးတောင်တစ်ခုဟာသူ့ရဲ့ထိပ်ဝကနေပေါက်ကွဲတဲ့အခါ အကျိုးရလဒ်များအနေနဲ့ သဘာဝဘေးဒဏ်များဖြစ် သေဆုံးမှုတွေ ၊ ဖျက်စီးမှုတွေကြုံတွေ့ရစေပါတယ်။ ဒီနေရာမှာတော့ ကမ္ဘာ့သမိုင်းတလျှောက် အထင်ရှားဆုံးသောမီးတောင်ပေါက်ကွဲမှုကြီးရှစ်ခုကိုဖော်ပြထားပါတယ်။

Thera, Greece , 1600BC

ရေကြောင်းခရီးသွားလာ လေ့ရှိသော Minoan လူ့အဖွဲ့အစည်း ဟာ ဂရိနိုင်ငံရဲ့ Thera ကျွန်းမီးတောင်ပေါက်ကွဲမှုကြီးကြောင့် ပျက်စီးခဲ့ကာ ယင်းမီးတောင်ပေါက်ကွဲမှုနဲ့အတူ ဆူနာမီလှိုင်းလုံးကြီးများစွာ လိုက်ပါလာခြင်းကလည်း ဖျက်စီးပစ်ခဲ့ပါတယ်။

Vesuvius ,Italy, 79AD 


နာမည်ကျော်မီးတောင်ပေါက်ကွဲမှုကြီးတစ်ခုဖြစ်တဲ့ Mount Vesuvius မီးတောင်ပေါက်ကွဲမှုက Pompeii ရဲ့ ရှေးခေတ် ရောမမြို့ကြီးကို ဖျက်စီးပစ်ခဲ့ပါတယ်။ ဒီမြို့ကြီးမှာ ပြာနဲ့ ချော်ရည်ပူများဖုံးလွှမ်းကျန်ရစ်ခဲ့ပြီး ကျွန်တော်တို့အနေနဲ့သက်သေသာဓကအဖြစ် Pliny the Younger မှာတွေ့ရှိနိုင်ပါတယ်။

Etna ,Sicily , 1669

Mount Etna က ဥရောပမှာ အကြီးမားဆုံးသော မီးတောင်ရှင်ကြီးဖြစ်ကာ ကမ္ဘာတစ်လွှားနှစ်ကာလရှည်လျားစွာပေါက်ကွဲခဲ့တဲ့မီးတောင်အဖြစ်မှတ်တမ်းဝင်ပါတယ်။ အကြီးမားဆုံးသော ပျက်စီးစေမှုကို 1669 ခုနှစ်တုန်းက တွေ့ရှိခဲ့ပြီး တစ်ပါတည်းဖြစ်ပေါ်လာတဲ့မြေငလျင်လှုပ်မှုက Nicolosi မှာရှိတဲ့ အိမ်တိုင်းကို ပျက်စီးစေခဲ့ပါတယ်။

Tambora, Indonesia , 1815


သမိုင်းတလျှောက် လေထဲကို များစွာသော ပြာများထုတ်လွှတ်ခဲ့မှု အကြီးမားဆုံးသော မီးတောင်ပေါက်ကွဲမှုကြီးဖြစ်ပြီး ကမ္ဘာ့ရာသီဥတုကို ခဏတာပြောင်းလဲသွားစေခဲ့ပါတယ်။ အမေရိကနဲ့ ဥရောပရှိ ကောက်ပဲသီးနှံစိုက်ခင်းများ ပျက်စီးခဲ့ပါတယ်။

Krakatoa, Indonesia, 1883

1883 ခုနှစ်မှာပေါက်ကွဲခဲ့တဲ့ Krakatoa မီးတောင်ပေါက်ကွဲမှုကြီးက လူပေါင်း 36,000 လောက်ကို သေဆုံးစေခဲ့ပါတယ်။ လေးကြိမ်ဆက်တိုက်ပေါက်ကွဲမှုကြီးရဲ့အသံကို မိုင်ပေါင်း ၃၀၀၀ အကွာကနေအထိကြားခဲ့ရပြီး အင်ဒိုနီးရှားရဲ့ သုံးပုံနှစ်ပုံကို ပျောက်ကွယ်စေခဲ့ပါတယ်။

Pelee,Caribean, 1902


1902 ခုနှစ်တုန်းက Martinique ရဲ့ Caribbean ကျွန်းစုတွေမှာရှိတဲ့ Mount Pelee မီးတောင်ပေါက်ကွဲတဲ့အခါ ဆိပ်ကမ်းအခြေစိုက်မြို့ဖြစ်တဲ့ St Pierre မြို့ဟာ လုံးဝ ပျက်သုဉ်းသွားခဲ့ပါတယ်။ ဒီ သဘာဝဘေးအန္တရာယ်ကြောင့် အမျိုးသား၊အမျိုးသမီးနဲ့ ကလေးသူငယ်ပေါင်း 30,000 လောက်သေကြေပျက်စီးခဲ့ရပါတယ်။

St Helens,USA, 1980


1980 ခုနှစ်တုန်းက Washiton State မှာ အပြင်းထန်ဆုံးပေါက်ကွဲခဲ့ပြီး 5.1 မဂ္ဂနီကျုပြင်းအားရှိတဲ့ငလျင်ကြောင့် မြောက်ပိုင်းကလူပေါင်း ၅၇ ဦးသေဆုံးခဲ့ပါတယ်။

Eyjafjallajokull, Island , 2010

ဒီမီးတောင်ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးမှု တွေမရှိခဲ့သော်လည်း 2010 မှာပေါက်ကွဲခဲ့တဲ့ Eyjafjallajokull မီးတောင်ကြောင့် များစွာသော ပြာတိမ်တိုက်များကိုဖြစ်ပေါ်စေကာ ကမ္ဘာတစ်လွှားလေကြောင်းသွားလာမှုများကို အနှောက်အယှက်ပေးခဲ့ပါတယ်။ ထောင်ပေါင်းများစွာသော ခရီးသွားတွေက စောင့်ဆိုင်းခဲ့ရပါတယ်။

ဒဏ္ဍာရီပုံပြင်များ

ဘူမိဗေဒဆိုင်ရာအဖြစ်အပျက်များလား (သို့မဟုတ်) ရှေးခေတ် နတ်ဘုရားများလား ? များစွာသောလူ့အဖွဲ့အစည်းတွေမှာ မီးတောင်များရဲ့ စွမ်းအားများနဲ့ပတ်သက်ပြီးသူတို့ရဲ့သီးခြားကိုယ်ပိုင်အယူအဆတွေရှိနေပါတယ်။ ဂရိဒဏ္ဍာရီမှာ Hephaestus ( Vulcan to the Romans) နတ်ဘုရားက မီးနတ်ဘုရားဖြစ်ပြီး သတ္တုပြုလုပ်ခြင်းများကို ကမ္ဘာမြေအောက် မီးတောင်များမှာပြုလုပ်ပါတယ်။ သူဟာ ဘုရားသခင်အတွက် ပန်းပဲဆရာတစ်ဦးအဖြစ်တာဝန်ထမ်းရွက်ပြီး သူတို့ရဲ့လက်နက်များအားလုံးကိုပြုလုပ်ပါတယ်။ Hephaestus ရဲ့ ပန်းပဲဖိုဟာ အီတလီမှာရှိတဲ့ Atena မီးတောင်ထိပ်ဝအောက်ခြေမှာရှိပါတယ်။ ဆိုကြတာကတော့ သူက ဒေါသထွက်လာတဲ့အတွက် မီးခိုးခေါင်းတိုင်ကနေ မီးများကိုထုတ်လွှင့်ပြီး ပေါက်ကွဲမှုဖြစ်ပေါ်စေခဲ့ပါတယ်။

ဟာဝိုင်ရီလူမျိုးများအဖို့ Pele က မီး၊ အလင်းရောင်၊ လေ နဲ့ မီးတောင်များရဲ့နတ်ဘုရားမတစ်ပါးဖြစ်ပါတယ်။ သူမဟာ ဟာဝိုင်ရီကျွန်းပေါ်မှာရှိတဲ့မီးတောင်အားလုံးနဲ့ပတ်သက်ပြီးတာဝန်ရှိကာ သူမဟာ အဆိုပါမီးတောင်များကို Kilauea မီးတောင်ထိပ်ဝမှာရှိတဲ့သူမရဲ့အိမ်ဖြစ်တဲ့ Helemaumau ကနေထိန်းချုပ်ပါတယ်။ အဲဆိုပါမီးတောင်ဟာ ကမ္ဘာမှာ အလှုပ်ရှားဆုံးမီးတောင်ဖြစ်ပါတယ်။ မီးတောင်ပေါက်ကွဲမှုများဟာ သူမရဲ့ ချစ်သူ လူမျိုးစုခေါင်းဆောင် Lohiau အတွက် အချစ်စစ်ကိုပြသတယ်လို့ဆိုပါတယ်။

New Zealand မှာရှိတဲ့ Maoris က Ruaumoko နတ်ဘုရားဟာ ငလျင် ၊ မီးတောင်နဲ့ရာသီဥတုများရဲ့နတ်ဘုရားဖြစ်ပါတယ်။သူဟာ ကောင်းကင်နတ်ဘုရား Rangi နဲ့ ကမ္ဘာမြေရဲ့မိခင် Papa ရဲ့အငယ်ဆုံးသားဖြစ်ပါတယ်။ သူဟာ ငယ်စဉ်တုန်းက မတော်တဆ ကမ္ဘာမြေထဲသို့ ပစ်ချခံခဲ့ရပြီး သူဟာ အဲဒိနေရာကနေ ကမ္ဘာတစ်လွှား ငလျင်နဲ့မီးတောင်ပေါက်ကွဲမှု များကိုဖြစ်ပေါ်စေပါတယ်။

Via : TechSpace နည်းပညာဂျာနယ်

Tags: world historyworld knowledge
Next Post
ကမ္ဘာ့အန္တရာယ်အများဆုံး တောင်ကြီး ၁၀ တောင်

ကမ္ဘာ့အန္တရာယ်အများဆုံး တောင်ကြီး ၁၀ တောင်

Discussion about this post

Trending

ခရစ်စမတ်ပွဲတော်အတွက် စစ်ပွဲကို ခေတ္တရပ်နားခဲ့တဲ့ လွန်ခဲ့တဲ့နှစ်(၁၀၀) ကျော်ကဖြစ်ရပ်
History

ခရစ်စမတ်ပွဲတော်အတွက် စစ်ပွဲကို ခေတ္တရပ်နားခဲ့တဲ့ လွန်ခဲ့တဲ့နှစ်(၁၀၀) ကျော်ကဖြစ်ရပ်

by Thutamm
December 13, 2019
ဂမ်ဘီယာနိုင်ငံ အကြောင်း သိကောင်းစရာ 
Knowledge

ဂမ်ဘီယာနိုင်ငံ အကြောင်း သိကောင်းစရာ 

by Thutamm
December 11, 2019
မြန်မာပြည်ကို ရောက်ခဲ့ဖူးတဲ့ အီသီယိုးပီးယားဘုရင်
Knowledge

မြန်မာပြည်ကို ရောက်ခဲ့ဖူးတဲ့ အီသီယိုးပီးယားဘုရင်

by Thutamm
December 11, 2019
ဆာယာယေဗိုမြို့က ရိုမီယို နဲ့ ဂျူးလိယက် 
Amazing

ဆာယာယေဗိုမြို့က ရိုမီယို နဲ့ ဂျူးလိယက် 

by Thutamm
December 11, 2019
ရန်ကုန် တက္ကသိုလ်၏ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနား 
History

ရန်ကုန် တက္ကသိုလ်၏ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနား 

by Thutamm
December 9, 2019

သုတဇုန် ဆိုတာ

သုတဇုန်စာမျက်နှာသည် ထူးထူးဆန်းဆန်းအကြောင်းများ ၊ သုတရသ ဗဟုသုတများ ၊ ရှေးဟောင်းနှောင်းဖြစ်သမိုင်းများ ၊ အသုံးဝင်အချက်အလက်များ ၊ စိတ်ခွန်အားပေးစာစုများ စသည့်အကြောင်းအရာများကို သီးသန့် တင်ဆက်ပေးနေသော စာမျက်နှာဖြစ်ပါတယ်။ ဗဟုသုတအကြောင်းအရာများကို အလွယ်တကူ သိချင် ဖတ်ချင်သူမိတ်ဆွေများအတွက် ကြိုးစားတင်ဆက်ပေးနေပါတယ်။

Tags

amazing ancient knowledge animals buddhism buddhism monk chemistry cities countries facts feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places plants rivers science science knowledge Sport Sport people story successful tech thinking tips to know world actors world actress world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • no
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook
  • About Us
  • Contact Us
  • Home
  • Privacy Policy

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

 

Null