ပျင်းတဲ့နေရာမှာ ဗိုလ်စွဲတဲ့ တိရစ္ဆာန် ၁၀ ကောင်

Posted on

အလုပ်တာဝန်တွေနဲ့ပြည့်နှက်နေတဲ့ လူနေမှုဘဝတွေမှာတော့ ကျွန်တော်တို့ဟာ အေးအေးဆေးဆေးအနားယူနိုင်မဲ့ နေ့ရက်တစ်ရက်ကိုမျှော်လင့်တတ်ကြပါတယ်။ အချို့ပုဂ္ဂိုလ်တွေအတွက်ကျပြန်တော့လည်း အချိန်တွေဟာပိုလျှံလွန်းပါတယ်။ ဒီလိုပါပဲ တိရိစ္ဆာန်တွေရဲ့လောကမှာလည်း အချိန်နာရီများစွာအလုပ်ကို လုပ်ကိုင်နေတဲ့ ပုရွက်ဆိတ်လို တိရိစ္ဆာန်တွေရှိသလို ပျင်းရိစွာနဲ့ဘဝကိုဖြတ်သန်းနေတဲ့ တိရိစ္ဆာန်တွေ လည်းအများအပြားရှိနေပါတယ်။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်က အပျင်းဆုံးတိရိစ္ဆာန်(၁၀)ကောင်ရဲ့ အကြောင်းအရာအချို့ဖြစ်ပါတယ်။

(၁၀) Pygmy bluetongue lizard

Pygmy bluetongue lizard လို့သိကြတဲ့ အပြာရောင်လျှာရှိတဲ့ ရှားပါးပုတ်သင်တစ်မျိုး ဟာမျိုးတုန်းလုနီးပါးဖြစ်နေတဲ့ တိရိစ္ဆာန်မျိုးနွယ်တွေဖြစ်ပါတယ်။ အဲဒီပုတ်သင်တွေရဲ့ မူရင်းနေရပ်ဒေသကတော့ သြစတေးလျတိုက်ကဖြစ်ပြီး သူတို့ဟာ အလွန်သေးငယ်တဲ့ ကျင်းတွေအတွင်းမှာနေထိုင်လေ့ရှိပြီး အခြားပုတ်သင်တွေလိုအစာရှာထွက်လေ့မရှိကြ ပါဘူး။ သူတို့ရဲ့ကျင်းအဝကနေပဲ ခေါင်းထုတ်ပြီး ဖြတ်သန်းသွားသမျှအင်းဆက်ပိုးမွှား တွေကိုသာစားသောက်တတ်ကြပါတယ်။

ဒီလိုနည်းနဲ့သားကောင်ရှာဖွေနေချိန်မှာလည်း သူတို့ဟာ ရေသောက်ခြင်းတောင်မပြုပဲ သဘာဝအတိုင်းသူတို့ပါးစပ်ထဲရောက်လာတဲ့ ဆီနှင်းနဲ့မိုးရေတွေကိုသာ သောက်သုံးတတ်ကြပါတယ်။ သားရဲတိရိစ္ဆာန်လောကမှာ တော့အလွန်ပျင်းရိတဲ့ အပြုအမှုတွေကိုပိုင်ဆိုင်ထားကြတာမို့ Pygmy bluetongue lizardတွေကို predator avoidance(သားကောင်နဲ့ကင်းဝေးတဲ့)မျိုးစိတ်တွေအဖြစ် ခေါ်ဆိုကြပါတယ်။

(၉) Cuckoo(ဥသြငှက်)

ကျွန်တော်တို့ဆီမှာတော့ နွေဦးအခါမှသာယာစွာ မြည်တွန်တတ်တဲ့ ဥသြငှက်တွေဟာ လည်းဒီစာရင်းမှာပါဝင်လာခဲ့ပြန်ပါတယ်။ ဥသြငှက်တွေဟာ ကိုယ်ပိုင်အသိုက်ကိုမတည် ဆောက်ပဲ အခြားငှက်တွေရဲ့အသိုက်မှာ ဥဥလေ့ရှိတဲ့အပြင် အခြားငှက်ဥတွေထက် စောပေါက်လေ့ရှိတဲ့ ဥသြငှက်တွေဟာအခြားငှက်ဥတွေကို အသိုက်အပြင်ကိုတွန်းချ လေ့ရှိတာကြောင့် ပျင်းရိတာအပြင် နည်းနည်းအကျင့်ပုတ်တတ်တဲ့ငှက်မျိုးစိတ်တွေအဖြစ် သတ်မှတ်ထားကြပါတယ်။

(၈) Nurse Shark

ဖော်ပြချက်တွေအရတော့ ငါးမန်းမျိုးစိတ်အများစုဟာ သူတို့ရေအောက်မှာလှုပ်ရှားသွား လာမှုတွေအတွက် အသက်ရှူဖို့လိုအပ်တယ်လို့သိရပါတယ်။ ဒါပေမဲ့ Nurse ငါးမန်းတွေ ကတော့ကွဲပြားတဲ့နေထိုင်မှုပုံစံနဲ့နေထိုင်ကြတာကိုတွေ့ရပါတယ်။ Nurse Shark တွေ ဟာတစ်နေရာကနေတစ်နေရာကိုပြောင်းရွေနေထိုင်ကြခြင်းမရှိပဲ ပင်လယ်ရေအောက် ကြမ်းပြင်မှာပဲ သူတို့ရဲ့ဘဝအချိန်အများစုကို ကုန်ဆုံးတတ်ကြပါတယ်။ သူတို့ရဲ့ပါးဟတ် တွေကနေ ရေတွေကိုအထုတ်အသွင်းပြုလုပ်ပြီးလိုအပ်တဲ့ အောက်ဆီဂျင်ကိုရယူလေ့ ရှိကာရှင်သန်ပါလေ့ရှိကြပါတယ်။

Nurse Sharkတွေရဲ့ခန္ဓာကိုယ်ဟာ အစားအသောက် အများကြီးစားသောက်ဖို့မလိုပဲ သူတို့ရဲ့အချိန်အများစုဟာအိပ်စက်ခြင်းနဲ့ ညအချိန်မှာ အမဲလိုက်ခြင်းတို့နဲ့ကုန်ဆုံးကြပါတယ်။ သူတို့ရဲ့သားကောင်ကတော့ ငါး၊ပင်လယ်ခရုနဲ့ အခွံမာသတ္တဝါအငယ်လေးတွေ ဖြစ်ကြပါတယ်။ အမဲလိုက်ရာမှာလည်း အခြားငါးမန်းမျိုး စိတ်တွေလို လျှင်မြန်စွာလှုပ်ရှားခြင်းမျိုးမဟုတ်ပဲ သူအနားကိုရောက်ရှိလာတဲ့သတ္တဝါ ငယ်လေးတွေကိုသာ စုပ်ယူခြင်းနည်းနဲ့ဖမ်းယူစားသောက်လေ့ရှိတဲ့ ငမန်းမျိုးတွေ ဖြစ်ပါတယ်။

(၇) Giant Panda

ပန်ဒါဝက်ဝံလို့ဆိုလိုက်တာနဲ့ ကိုရိုကားယားနဲ့ နှေးကွေးလေးလံလွန်းလှတဲ့ ချစ်စဖွယ် ဝက်ဝံကြီးတွေကို သွားမြင်မိကြမှာပါ။ ပန်ဒါဝက်ဝံတွေဟာ တစ်နေ့ကို (၁၀)နာရီ ဝန်းကျင်လောက် အိပ်စက်လေ့ရှိပီး (၃)နာရီလောက်ကတော့ ပြင်းပြင်းထန်ထန် အိပ်မောကျလေ့ရှိကြပါတယ်။ ပြီးရင်တော့ တွေ့ကရာနေရာမှာ တစ်မှေးမှေးလေ့ရှိကြပြီး အိပ်ရာကနိုးလာတာနဲ့ အစားအစာဆာလောင်လာလေ့ရှိကြပါတယ်။

ပန်ဒါတွေဟာ ဝါးကဲ့သို့သောအစားအစာတွေကိုနှစ်သက်လေ့ရှိပြီး တစ်နေ့ကို အစားအစာ (၂၀)ကီလိုဂရမ်လောက်ကိုစားသောက်လေ့ရှိပါတယ်။ စားချိန်၊ သောက်ချိန်နဲ့ အိပ်ချိန်တွေကသာ ပန်ဒါတစ်ကောင်ရဲ့တစ်ဘဝတာကို လွှမ်းမိုးထားလေ့ တာကြောင့် သူတို့ရဲ့လှုပ်ရှားမှုတွေဟာ နှေးကွေးလေးလံနေတာကိုတော့ အံ့သြစရာ မရှိပါဘူး။

(၆)Echidna

ပုရွက်စားကောင်လို့သိကြတဲ့ Echidna တွေဟာ လှုပ်ရှားမှုအလွန်နှေးကွေးကြပြီး တစ်နေ့ကို (၁၂)နာရီလောက် အိပ်စက်အနားယူလေ့ရှိကြပါတယ်။ Echidna တွေရဲ့ မွေးရပ်ဒေသကတော့ သြစတေးလျတိုက်ဖြစ်ပြီး နို့တိုက်သတ္တဝါတွေအထဲမှာတော့ အပူချိန်ဒဏ်ကို အလွန်ကြောက်တဲ့ သက်ရှိမျိုးတွေဖြစ်ကြတယ်လို့ သိရပါတယ်။ အပူဒဏ်ကိုကြောက်ရွံတာကြောင့် Echidnaတွေဟာ ညအချိန်ရောက်မှသာ တွေ့မြင်ရလေ့ရှိပြီး နေ့အချိန်မှာတော့ အိပ်စက်နေကြတာများပါတယ်။

(၅) Python(စပါးအုံးမြွေ)

လှုပ်ရှားမှုနှေးကွေးတဲ့ သတ္တဝါတွေအနက်မှာတော့ Python(စပါးအုံးမြွေ)တွေလည်း ပါဝင်ကြပြီး တစ်နေ့ကို (၁၈)နာရီအထက်အိပ်စက်တဲ့ မြွေကြီး မျိုးတွေလည်း ဖြစ်ကြပါတယ်။ Python(စပါးအုံးမြွေ)တွေဟာ အစားအစာကိုတစ်ကြိမ်တစ်ခါ ဝါးမြိုလိုက်တာနဲ့ ရက်သတ္တပတ်များစွာ မလှုပ်မရှားနဲ့ ရှင်သန်နေနိုင်ကြပါတယ်။ ယင်းအချိန်မှာတော့ သူတို့ဟာမူလကထက်ပိုပြီး အိပ်စက်လေ့ရှိကြပြန်ပါတယ်။ စပါးအုန်းမြွေတွေရဲ့ အရေခွံမလဲချိန်ကာလတွေမှာ ကိုယ်ခံစွမ်းအားပိုမိုအသုံးချဖို့ လိုအပ်လေ့ရှိတာကြောင့် တစ်ခါတစ်ရံ ရက်သတ္တပတ်(၁)ပတ်ကြာတဲ့ အထိ အိပ်စက် နားနေလေ့ရှိပါတယ်။

(၄)ရေမြင်း( Hippopotamus)

ပျင်းရိတဲ့တိရိစ္ဆာန်တွေအနက်မှာတော့ ရေမြင်းတွေဟာ ထိပ်တန်းနေရာကနေပါဝင် နေပြီးတစ်နေ့ကို (၁၆)နာရီကနေ နာရီ(၂၀)အကြားအိပ်စက်လေ့ရှိပါတယ်။ ကုန်းမြေ ပေါ်မှာ နေပူစာလှုံလေ့ရှိတဲ့ ရေမြင်းအုပ်စုတွေကို မကြာခဏမြင်တွေ့ရလေ့ရှိမှာဖြစ်ပြီး ယင်းအချိန်မှာလည်း တစ်မှေးတစ်မောအိပ်စက်နားနေလေ့ရှိပါတယ်။ ဒီလိုအုပ်စုလိုက် နေပူစာလှုံတဲ့သဏ္ဍန်အိပ်စက်လေ့ရှိတာဟာ ရေမြင်းတွေအတွက်ကတော့ နောက်ထပ် ရေထဲမှာ ဆက်လက်အိပ်စက်ဖို့ လာရောက်အသက်ရှူတာဖြစ်ပါတယ်။

ဒါပြင်ရေမြင်းတွေရဲ့ ခန္ဓာကိုယ်အတွင်းက Hipposudoric acid(အနီရောင်ခြယ်ပစ္စည်း) Norhipposudoric acid)(လိမ္မော်ရောင်ခြယ်ပစ္စည်း)တွေကြောင့် နေရဲ့ခရမ်းလွန်ရောင် ခြည်ကိုစုပ်ယူထားနိုင်ပြီး အချိန်အကြာကြီးနေရောင်ဒဏ်ကိုခံနိုင်ကြပါတယ်။ ရေမြင်း အများစုရဲ့အစာရှာချိန်ဟာ ညဘက်အချိန်ဖြစ်ပြီး အိပ်စက်ချိန်ပြီးတဲ့(၅)နာရီလောက် အချိန်ဖြစ်ပါတယ်။ နို့တိုက်သတ္တဝါတွေအနက်မှာတော့ ရေမြင်းတွေဟာရုပ်အဆိုးဆုံး အဖြစ်သတ်မှတ်ခြင်းခံရပြီး စိတ်အနှောင့်အယှက်ဖြစ်နေချိန်မှအပ လူသားတွေကို လိုက်လံရန်မူတက်ခြင်းတော့မရှိကြပါဘူး။ ရေမြင်းတွေရဲ့ထူးခြားချက်ကတော့ သူတို့ဟာကုန်းပေါ်မှာလည်းခရီးဝေးသွားနိုင်တဲ့အပြင် လျင်မြန်စွာလည်း ပြေးနိုင်သူ တွေဖြစ်ကြပါတယ်။

(၃) Opossum

Opossum ဆိုတာကတော့ အမေရိကန်နဲ့သြစတေးလျတို့မှာတွေ့ရတဲ့ အပင်နေ တိရစ္ဆာန်တစ်မျိုးဖြစ်ပါတယ်။ Opossum တွေဟာလည်း ကမ္ဘာပေါ်မှာ အပျင်းဆုံး တိရိစ္ဆာန်တွေအနက်တစ်မျိုးအပါအဝင်ဖြစ်ပြီး တစ်နေ့ကို(၁၈)နာရီကနေ နာရီ(၂၀) အကြားအိပ်စက်ကြသူတွေဖြစ်ပါတယ်။ Opossumတွေဟာ ရွေလျားမှုလည်း အတော် လေးကွေးကြပြီး နေရာတစ်နေရာ(သစ်ပင်ပေါ်)တည်းမှာပဲ ကာလကြာအထိုင်ချနေထိုင် ပြီးမဖြစ်မနေ အခြေအနေရောက်မှသာ နေရာပြောင်းလေ့ရှိပါတယ်။

(၂)Sloth (မျောက်ပျင်း)

အနောက်နိုင်ငံတွေမှာတော့ အလွန်ပျင်းရိတဲ့သူကို Sloth တွေနဲ့ ခိုင်းနှိုင်းလေ့ရှိကြပါတယ်။ Sloth တွေဟာ တစ်နေ့ကို နာရီ(၂၀) ထက်မက အိပ်စက်အနားယူလေ့ရှိပါတယ်။ မျောက်လို့ခေါ်ကြပေမဲ့ လေးကွေးစွာ လှုပ်ရှားကြတဲ့ မျိုးစိတ်တွေ ဖြစ်ပါတယ်။ Sloth တွေဟာ တောင်အမေရိကတိုက်က အပူပိုင်းမိုးသစ်တောတွေထဲမှာ နေထိုင်လေ့ရှိကြပြီး တစ်နေကုန် အကိုင်း(၃)ကိုင်း လောက်ပဲ ကူးသန်းနေထိုင်လေ့ရှိပါတယ်။ ဒါတောင် မဖြစ်မနေ ရွေလျားရမဲ့ အကြောင်း ရင်းပေါ်မှသာ ကူးသန်းကြတာပါ။ အိပ်ရာကနေ နှိုးထတဲ့နာရီအနည်းငယ်လောက်မှလဲ သူတို့ဟာ နီးစပ်ရာအစာကိုသာရှာဖွေစားသောက်ပြီး နားနေလေ့ရှိကြပါတယ်။

(၁) Koala

ကမ္ဘာပေါ်မှာအပျင်းတကာ့အပျင်းဆုံး တိရိစ္ဆာန်ကတော့ ကိုလာဝက်ဝံလို့ သိကြတဲ့ အပင်နေ ကွာလားကောင်းဖြစ်ပါတယ်။ သူတို့ဟာ ဝဖိုင့်တဲ့ခန္ဓာကိုယ်၊ တိုတုတ် တဲ့ခြေထောက်၊ ထူကဲတဲ့အမွှေးနုတွေပါရှိပြီး အမြီးတော့မရှိကြပါဘူး။ ကိုလာဝက်ဝံတွေ ဟာတစ်နေ့ကို (၂)နာရီကနေ(၆)နာရီအထိသာ အိပ်ရာကနေနှိုးထလေ့ရှိပြီး ကျန်တဲ့အချိန်တွေမှာ အချိန်မရွေး နေရာမရွေးအိပ်စက်ကြပါတယ်။ သူတို့အိပ်ပျော်နေချိန်တွေဟာ ခန္ဓာကိုယ်တွင်းအစာချေဖျက်မှု အားအကောင်းဆုံးအချိန်တွေဖြစ်ပြီးယူကလစ်ပင်ရဲ့အရွက်ကိုအလွန်ကြိုက်နှစ်သက်တာကြောင့် ပါးစောင်မှာငုံထားလေ့ရှိပါတယ်။

ကိုလာဝက်ဝံတွေ အဓိကစားသုံးတဲ့ ယူကလစ်ရွက်ကြောင့် အဆိပ်အတောက်တွေပြေစေတဲ့ အပြင် စားသုံးလိုက်တဲ့အစာတွေကို လျှင်မြန်စွာချေဖျက်တာမို့ သူတို့ရဲ့ တစ်နေ့တာ အလုပ်ဟာ အိပ်လိုက်၊စားလိုက်ပုံစံသာဖြစ်ပါတယ်။ လေပြင်းမုန်တိုင်းတိုတ်ခတ်ချိန် မှာတောင် အပင်အောက်ကိုဆင်းလေ့မရှိပဲ ခိုင်မာတဲ့ခြေသည်းတို့နဲ့ ကုတ်တွယ်ထား လေ့ရှိတဲ့ ကိုလာဝက်ဝံတွေရဲ့ မူရင်းဒေသကတော့ သြစတေးလျတိုက်ဖြစ်ပါတယ်။ ယခုအခါမှာတော့ မျိုးတုန်းပျောက်ကွယ်သွားနိုင်တဲ့ တိရိစ္ဆာန်စာရင်းမှာပါဝင်နေတဲ့ မျိုးစိတ်တွေလည်း ဖြစ်တာကြောင့် နိုင်ငံအလိုက်စီမံချက်တွေချမှတ်ပြီး ထိန်းသိမ်း စောင့်ရှောက်နေရတဲ့ မျိုးစိတ်တွေအဖြစ်တည်ရှိနေပါတယ်။

Ref : One Planet

Leave a Reply