တရုတ်နိုင်ငံက ကမ္ဘာ့ပထမဆုံးAI နည်းပညာသုံး အမျိုးသမီးသတင်းကြေငြာသူ စက်ရုပ်

Posted on

အမှတ်တမဲ့ကြည့်လိုက်ရင်တော့ ပန်းရောင်အင်္ကျီကိုဝတ်ဆင်ထားတဲ့ ပုံမှန်အမျိုးသမီး သတင်းကြေငြာသူ တစ်ယောက်လို့ထင်ရပေမယ့် တကယ်က စက်ရုပ်တစ်ရုပ်ဖြစ်ပါတယ်။ ဒီစက်ရုပ်အမျိုးသမီးရဲ့ နာမည်ကိုတော့ Xin Xiaomeng လို့ အမည်ပေးထားပါတယ်။ ဆင်ဟွာသတင်းဌာန မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ သတင်းကြေငြာသူ Qu Meng နှင့်ပုံစံတူ ဖန်တီးပြုလုပ်ထားတဲ့ စက်ရုပ်ဖြစ်ပါတယ်။

ဒီ AI နည်းပညာသုံးစက်ရုပ်ကို ဆင်ဟွာသတင်းဋ္ဌာန နဲ့ အင်တာနက်ရှာဖွေရေးအေဂျင်စီ Sogou တို့ပူးပေါင်းကာတီထွင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ပထမဆုံးAI နည်းပညာသုံး သတင်းကြေငြာသူ အမျိုးသမီးစက်ရုပ် ဖြစ်လာခဲ့ပါတယ်။

ဒီ စက်ရုပ်ဟာ အခုနှစ် မတ်လမှာကျင်းပမယ့် တရုတ်ကွန်မြူနစ်ပါတီ၏ နှစ်ပတ်လည် အစည်းအဝေးပွဲများ ကျင်းပစဉ် အတွင်း သတင်းထုတ်လွှင့်တင်ဆက်ပေးမှာဖြစ်ပါတယ်။ တီထွင်ခဲ့ရတဲ့အကြောင်းရင်းကတော့ သတင်းထုတ်လွှင့်တင်ဆက်မှုကို ပိုမိုကောင်းမွန်မြှင့်တင် နိုင်ဖို့နဲ့ စက်ရုပ်သတင်းကြေညာသူများကို အဆင့်မြှင့်ဖန်တီးထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ပါသတဲ့။

အမျိုးသမီး စက်ရုပ် Xin ဟာ ပထမဆုံး သတင်းကြေငြာသူ အမျိုးသမီးစက်ရုပ်ဖြစ်ပေမယ့် ဒီသတင်းဌာနမှာတော့ ဒုတိယ စက်ရုပ်သတင်းကြေငြာသူသာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီစက်ရုပ်အရင် ပြီးခဲ့တဲ့ ၃လလောက်က Qiu Hao အမည်ရ အမျိုးသား သတင်းကြေငြာသူ စက်ရုပ်ကို တီထွင်ခဲ့ပြီး ဖြစ်လို့ပါ။ အမျိုးသားစက်ရုပ်မှာ အစီရင်ခံစာပေါင်း ၃၄၀၀ခန့်ကို ဖြည့်သွင်းပြီးဖြစ်ပါတယ်။ ဒီစက်ရုပ်တွေကို အင်္ဂလိပ်ဘာသာစကား နဲ့ တရုတ်ဘာသာစကားတွေကို ကောင်းကောင်းဖတ်နိုင်အောင် ဖန်တီးထားပါတယ်။

AI နည်းပညာနဲ့အတူ သတင်းကြေငြာသူတွေရဲ့ အသံ ၊ နှုတ်ခမ်းအဖွင့်အပိတ် ၊ မျက်နှာအမူအရာတွေကို လူသားသတင်းကြေငြာသူတစ်ဦးနဲ့ အနီးစပ်ဆုံးတူစေဖို့ တီထွင်ဖန်တီးထားပါတယ်။

ဒီသတင်းကြေငြာသူ အမျိုးသမီးစက်ရုပ်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က TV Screen ပေါ်မှာ ပထမဆုံးပြသခဲ့တာဖြစ်ပြီး လာမယ့်လမှာတော့ သတင်းအစီအစဉ်တွေမှာ ပုံမှန် မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ အဲဒီအခါကျရင်တော့ စက်ရုပ်သတင်းကြေငြာသူဟာ တကယ့်လူနဲ့ ဘာတွေကွာခြားသလဲ ဆိုတာကို သေသေချာချာ သိလာရမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ AI နည်းပညာသုံးစက်ရုံတွေကို ဖန်တီးဖို့ကြိုးစားလာတာ ၂၀၁၂ခုနှစ်လောက် ကတည်းကပါ။ ၂၀၁၇ မှာတော့ တရုတ်သိပ္ပံ နဲ့ နည်းပညာတက္ကသိုလ်ကနေ ပထမဆုံးအနေနဲ့ Jia Jia ဆိုတဲ့ စက်ရုပ်ကို ထုတ်လုပ်ခဲ့ပြီး AI ကျွမ်းကျင်သူ Kevin Kelly နဲ့အတူ အပြန်အလှန် အမေးအဖြေတွေ ပြောနိုင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ အဲဒီနောက်တော့ ၂၀၁၈ နှစ်ကုန်မှာ ပထမဆုံး အမျိုးသားသတင်းကြေငြာသူစက်ရုပ်ကို ထုတ်လုပ်ပြီး အခုတော့ ဒုတိယ အနေနဲ့ သတင်းကြေငြာသူ အမျိုးသမီးစက်ရုပ်ကို ထုတ်လုပ်နိုင်လာခဲ့ပါပြီ။

လူသားတွေရဲ့ လုပ်ငန်းတချို့နေရာမှာ စက်ရုပ်တွေကို အစားထိုးမယ့်အစီအစဉ်တွေကို တီထွင်နိုင်ဖို့ နိုင်ငံကြီးတွေဟာ တနေ့တခြား ကြိုးစားလျှက်ရှိနေပြီး တရုတ်နိုင်ငံကလည်း AI နည်းပညာမှာ နောက်ကျမနေဘူးဆိုတာကို ဒီစက်ရုပ် နဲ့အတူ ထပ်မံပြသလိုက်တာပဲ ဖြစ်ပါတယ်။ နောက်လာမယ့် နှစ်တွေမှာ AI နည်းပညာတွေဘယ်လောက်တောင် တိုးတက်လာမလဲ ..ကျွန်တော်တို့ကရော ဘယ်တော့များမှ….

VIDEO

Leave a Reply