ယောက္ခမ ခေါင်းအုံးပင်​ ဆိုတာ

Posted on

ရေးသားသူ – ကိုသက်နိုင်ဦး (မုံရွာတက္ကသိုလ်)

mother-in-law’s pillow.
သိပ္ပံအမည် – Echinocactus grusonii Hildm.
Family: Cactaceae

အပင်​အမည် ကြားယုံနဲ့ ပြုံးခြင်​စရာပါ၊ အမည်​​ပေးသူက ​ယောက္ခမ ကို အ​တော်​ ချစ်​ပုံရတယ်​၊ ​ခေါင်းအုံးဖို့ မ​ပြောနဲ့ လက်​နဲ့ ​တောင်​ ကိုင်​ဖို့ မလွယ်​​သော ဆူး​တွေပါ​သော ​ဘောလုံးအရွယ်​ ကက်​တပ်​ စ်​ cactus အပင်​တပင်​ပါ၊ ကမ္ဘာမှာ​တော့ အ​တော်​ကို လူကြိုက်​များပြီး ထင်​ရှား လှ​သော အိမ်​တွင်းအလှစိုက်​ အပင်​တပင်​ဖြစ်​တယ်​။

သူ့မှာ အခြားအမည်​​တွေလည်း ရှိ​သေးတယ်​၊ အဲဒါ​တွေက​တော့ golden barrel cactus ​ရွှေ​ရောင်​ စည်​ပိုင်းပုံ ကက်​တပ်​စ်​ပင်​၊ golden ball ​ရွှေ​ဘောလုံးပင်​ ဒါမှမဟုတ်​ mother-in-law’s cushion တို့ဖြစ်​ကြတယ်​၊ အင်္ဂလိပ်​လို mother-in-law’s cushion ဆို​တော့ ​ယောက္ခမ ထိုင်​စရာ ဖုံ ဒါမှမဟုတ်​ ကူရှင်​လို့ ​ခေါ်ရမလားဘဲ၊ ထိုင်​ရင်​​တော့ ဖင်​စူး မှာ အ​သေအခြာဘဲ..☺ ☺ ☺ အလိုရှိရင်​​တော့ ​ပြင်​ဦးလွင်​ ပျိုးပင်​အ​ရောင်းဆိုင်​​တွေမှာ ဝယ်လို့ရ​ပါတယ်​၊

တကယ်​အရွယ်​ကြီးလာရင်​ 1 metre (3.3 ft) ​လောက်​​တောင်​မြင့်​နိုင်​တယ်​၊ ဒါ​ပေမည့်​ အဲဒီအရွယ်​​ရောက်​ဖို့ နှစ်​​ပေါင်းများစွာကြာပါတယ်​၊ အပင်​မြင့်​လာရင်​​တော့ အပင်​ငယ်​ပုံစံနဲ့​တော့မတူ​တော့ဖူး၊ အ​တော်​လည်း အသက်​ရှည်​တဲ့ အပင်​ ၊ အနှစ်​ ၃၀ ​လောက်​ ရှင်​နိုင်​တယ်​။

ထင်​ရှား​သော အစင်း​ကြောင်းက ၃၅ ခု​လေယာက်​ပါတယ်​၊ ဆူး​တွေက ချွန်​တယ်​၊ ရှည်​တယ်​၊ ​ကွေးတယ်​၊ တခါတ​လေ အဝါ​ရောင်​ တခါတ​လေ အဖြူ​ရောင်​ရှိကြတယ်​၊ ​နွေရာသီမှာ ​သေးငယ်​​သော အဝါ​ရောင်​ပန်း​လေး​တွေ ပွင့်​​ကြတယ်​၊ ဒါ​ပေမည့်​ သက်​တန်း ၂၀ ​ကျော်​​လောက်​မှ ရှားရှားပါးပါးပွင့်​ပုံရတယ်​။

ဒီအပင်​​လေး​တွေစိုက်​ရင်​ ​ရေအရမ်း မ​လောင်းရဖူး၊ succulent အမျိုးအစား အရည်​ရွှမ်း​သော အပင်​​လေး​တွေမို့ ​ရေကို ပင်​စည်​ထဲမှာ အကြာကြီး သို​လှောင်​ထားနိုင်​ကြတယ်​၊ ​နေ​ရောင်​ကြိုက်​ကြတယ်​၊ အ​အေးဓာတ်​ (16C° ) ကိုကြိုက်​တယ်​၊ ဧည့်​ခန်းထဲမှာ စိုက်​ထားရင်​ အလွန်​ လှတယ်​၊ တပတ်​တခါ​လောက် ကက်​တပ်​​မြေသြဇာ​လေး​ကျွေး​ပေးဖို့ဘဲလိုတယ်​။

ကဲ ..​ယောက္ခမ.. ကို လက်​​ဆောင်​​ပေးရင်​ရပြီ​နော်​ 🙂

Ko Thet Naing Oo
Monywa University

Leave a Reply