နှင်းခဲတဲ့ ညတစ်ညမှာ မသေခဲ့ရခြင်းရဲ့ လျို့ဝှက်ချက်

Posted on

ဘာသာပြန်ရေးသားသူ – Ko Zayer Lynn

ဂျာမဏီ နိုင်ငံ က Yankel ဆိုတဲ့ မုန့်ဖုတ်တဲ့ ဆိုင်ပိုင်ရှင် ဂျူး လူမျိုးတယောက်ဟာ သူ့ဒီနေ့ ဒီအချိန်ထိ ဘာကြောင့် အသက်ဆက်ရှင်နေရတယ်ဆိုတာ အမြဲပြောပြလေ့ရှိတယ်။ ဘယ်အလိုအကြောင်းများကြောင့်လဲ?

ဒုတိယ ကမ္ဘာ အတွင်း ဂျာမဏီ နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ နာဇီ ပါတီရဲ့ ခေါင်းဆောင် ဟစ်တလာ ကြီးဆိုးခဲ့စဉ်တုန်းက ဂျူးလူမျိုး တွေကို လူမျိုးတုန်းသတ်ဖြတ်ခဲ့တယ်ဆိုတာ လူတိုင်း သိကြပါတယ်။ ဂျူး လို့ အသံကြားလိုက်တာနဲ့ နာဇီစစ်သားတွေ့ဟာ ဖမ်းဆီး အညှာအတာ ကင်းမဲ့စွာ ရိုက်နှပ် ညှင်းပမ်းကြတာပါ။ တချို့နေရာတွေမှာ ဆို အလုံပိတ်တဲ့ အခန်းထဲ ရာထောင်ချီ တဲ့ ဂျူး တွေကိုထဲ့ အပြင်ကနေသောခပ် အဆိပ်ပြင်းတဲ့ ဓာတ်ငွေ့တွေ ပိုက်လိုင်းထဲက လွတ်ပြီး အရှင်လတ်လတ် သတ်ခဲ့ကြတာတွေ ရှိပါတယ်။

အခုမုန့်ဖုတ်ဆိုင်ပိုင်ရှင်ဟာ အဲ့အချိန်တုန်းက နာဇီ ပါတီ ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ ဂျူး လူမျိုးထဲက လူငယ်လေးတယောက်ပေါ့။ သူပြောပြတယ်။ တစ်ရက်မှာတော့ သူတို့ကို ရထားတွဲ တခုထဲကိုထဲ့ပြီး ဂျူး လူမျိုးတွေ ထောင်သောင်းချီပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ Auschwitz ဆိုတဲ့ စခန်းကို ခေါ်သွားတယ်။ ည ဘက် နှင်းတွေ အခဲလိုက်ကျပြီး သေလောက်အောင် အေးတဲ့အချိန် နာဇီ စစ်သားတွေဟာ သူတို့ ပါတဲ့ ရထားတွဲကို ရထားလမ်းမပေါ်မှာ ဖြုတ်ချထားခဲ့တယ်။

စားစရာ သောက်စရာ ဘာမှမရှိ ခိုလုံစရာ နေရာမရှိ အနွေးဓာတ်ရဖို့ ခြုံစရာ စောင်မရှိ နှင်းတွေက နေရာတိုင်းမှာ အခဲလိုက် အပုံလိုက်ကျ အအေးဓာတ်ပါတဲ့လေက ပါးနှစ်ဖတ်ပေါ်က ဖြတ်တိုက်သွားရင် ဓါး နဲ့ မွန်းသွားသလိုပဲ ခံစားရတယ်။ ခန္တာကိုယ်တွင်းမှာ စီးဆင်းနေတဲ့သွေးလည်ပတ်မှု့ဟာ တဖြည်းဖြည်းနဲ့ အေးခဲလာတယ်။ ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာဝတ္ထု အားလုံးဟာ ရေခဲတွေဖုံးလွမ်းသွားခဲ့ပြီ။ သူ့ရဲ့ခြေတွေလက်တွေလည်း တဖြည်းဖြည်း နဲ့ နှင်း ကိုက် ခဲစပြုလာပြီ။

အဲ့အချိန်မှာပဲ သူနဲ့ ဘေးခြင်းကပ် လူကိုကြည့်လိုက်တော့ တမြို့ထဲ နေခဲ့တဲ့ ဂျူး လူမျိုး အသက်ကြီး အဖိုးအိုတယောက်။ အဖိုးအိုခဗျာ ချမ်းလွန်းလို့ ခြေထောက်ကနေ ခေါင်း တကိုယ်လုံးကို တုန်ခါနေတယ်။ ဒါနဲ့ သူလည်း အဖိုးအိုနားတိုးကပ်ပြီး သူလက်နှစ်ဖတ်နဲ့ အဘိုးအိုရဲ့ ခန္တာကိုယ် တခုလုံးကို ကျစ်ကျစ်ပါအောင် သိုင်းဖက်လိုက်တယ်။ အဘိုးအိုက လည်းသူ့ကို ကျစ်ကျစ်ပါအောင်ပြန်ဖက်တယ်။

ပြီးတော့ အဘိုးအိုရဲ့ လက်တွေ ခြေထောက်တွေ မျက်နှာတွေ လည်ပင်းတွေ အနွေးဓာတ်ရအောင် ပွတ်ပေးတယ်။ ပါးစပ်ကလည်းတိုးတိုးလေးပြောတယ်..အဘိုးမသေ ရဘူး..အသက်ဆက်ရှင်စေရမယ်..ဘာမှမဖြစ်ဘူး ပါးစပ်ကလည်းပြော အဖိုးအို အနွေးဓာတ်ရအောင် လက်ကလည်းအဆက်မပြတ် ပွတ်ပေးတယ်။

သူအရမ်းပင်ပန်းလာတယ်။ အအေးဓာတ်ကြောင့် လက်တွေ ထုံကျင်ကိုက်ခဲလာပေမဲ့ မရပ်ပဲ အဘိုးအို အနွေးဓာတ်ရအောင် ဆက်ပွတ်ပေးခဲ့တယ်။ ဒီလိုနဲ့ ညလုံးပေါက်နီးပါး ပါးစပ်ကလည်းပြော လက်ကလည်း အနွေးဓာတ် မပြယ်အောင် အဆက်မပြတ် အဘိုးအိုကိုပွတ်ပေးရင်း နောက်ဆုံးမိုးလင်းလို့ နေရောင် မှိန်မှိန်လေးကို မြင်လာရတယ်။

အဲ့အချိန်မှာ ပတ်ဝန်းကျင်တခုလုံး တိဆိတ်ငြိမ်သတ်ပြီး ဘာသံမှ မကြားရတော့ဘူး။ ဘေးပတ်ပတ်လည်ကို ကြည့်မိတော့ အရမ်းအံ့သြသွားတယ်။ သူနဲ့ အတူတူ ရှိနေတဲ့ လူတွေအကုန်လုံး နှင်းခဲပြီး အပုံလိုက် သေနေကျတာကိုသွားတွေ့တယ်။ အဖိုး အို နဲ့ သူ ၂ ယောက်ပဲ အသက်ရှင်လျက် ကျန်ခဲ့တယ်။

သူတို့ ဘာဖြစ်လို့ အသက်ရှင်လျက် ကျန်ခဲ့ရတာလဲ? အသိတခုရသွားတယ်။

အဘိုးအို အသက်ရှင်ပြီးကျန်ခဲ့တာ သူအနွေးဓာတ်ပေးခဲ့လို့..သူအသက်ရှင်လျက်ကျန်ခဲ့တာ အဖိုးအို ဆီက အနွေးဓာတ်သူဆီ ပြန်လာလို့…ဟုတ်တယ်..ဒါဟာ ကမ္ဘာလောကကြီးမှာ အသက်ဆက်ရှင် နေထိုင်ဖို့ လျှို့ ဝှက်ချက်တစ်ခုပဲ ဖြစ်တယ်။

လောကကြီးမှာ တပါးသူရဲ့ နှလုံးသားကိုနွေးထွေးအောင် လုပ်ပေးနိုင်ရင် အလားတူ နွေးထွေးမှု့မျိုး ကိုယ်ဆီမှာ ပြန်ရတယ်။ တပါးသူကိုတတ်နိုင်တဲ့ဘက်က ကူညီပံ့ပိုးပေးမယ် လဲနေသူ ထူပေးမယ် အားနည်းသူကို အားပေးမယ် စိတ်ဓာတ်ကျနေသူကို မြှင့်တင်ပေးမယ် ဆိုရင် ကိုယ်ဘဝမှာလည်း ထိုလိုတုန့်ပြန်မှု့တွေ ပြန်လည်ခံစားရရှိစေမှာ ဖြစ်ပါတယ်။

တကယ်တော့ ဘဝမှာ ပျော်ရွှင်စိတ်ချမ်းမြေ့စွာနေထိုင်နိုင်တဲ့ လျှို့ဝှက်ချက် ပဲ ဖြစ်ပါတယ်။ ဒီနေ့ကစလို့ ကျွန်တော်တို့တွေ လူတွေရဲ့ နှလုံးသားကို နွေးထွေးစေတဲ့ မေတ္တာ အငွေ့ဓာတ်တွေ ပေးဆောင်နိုင်ကြပါစေ။

A Deadly Frozen Night ဆိုတဲ့ ဆောင်းပါးလေးကို ဘာသာပြန်ရေးထားတာပါ။

Zayer Lynn

Leave a Reply