မှော်ဆရာကြီး ရပ်ပူတင် ဆိုသည်မှာ

Posted on

ရေးသားသူ – Billy H. Mackenzie

ရှရှားနို်င်ငံ၏ နောက်ဆုံးမင်းဆက် ကို..စိတ်ညို့ အား ..မှော်အတတ်ပညာ နင့်ချုပ်ကိုင်ပြီး..နန်းတွင်းရေးနင့် ..အစိုးရအဖွဲ့ အပေါ် မလျော်သြဇာပေးပြီး…မိမိလိုချင်သလို ကြိုးဆွဲ နိုင်ခဲ့တဲ့ …ရပ်ပူတင် (သို့) မှော်ဆရာကြီး ။

သူနာမည်အရင်းက..Grigori Yefimovich Rasputin ပါ ။ ဖခင်က မြင်းလှည်းမောင်းသမား ။ ရာသီဥတု ဆိုးဝါးလှတဲ့ ရုရှားနိုင်ငံ..Siberia အရပ်မှာမွေးဖွားသူ ။ အသက် ၁၂ – မှာအဖျားကြိးပြီး..သေလုသေခင်ကနေ ပြန်ကောင်းလာစမှာ….သူအိပ်ယာဘေး..ရွာထဲကလူတွေက ဆင်းရဲသားတယောက်၏မြင်းအခိုးခံရာတာတွေပြောနေတော့..သူက အိပ်ယာထဲက ထပြီး..ရွာထဲက လူကြိးလူကောင်းဖြစ်သူ..Petr ကိုလက်ညိုးထိုးပြီး..သူ….သူခိုးထားတာလို့  စွပ်စွဲလိုက်ပါတယ် ။ မိဘတွေက..သူကယောင်ကတန်းပြောမိတာပါတောင်းပန်ပေါ့ ။ နောက်ရက်တွေမှာ..ရွာသားတချို့ က Petrကို မသင်ကာလို့ ..နောက်ယောင်ခံလိုက်ကြည့်တော့..မြင်းကို တောထဲမှာဝှက်ထားတာ အစားသွားကျွေးနေတာမိပါလေရော ။

ငယ်စဉ် ဖခင်နင့်အတူ ကူညီလုပ်ကိုင်တယ် ။ ကြားဖြတ်လက်သမားလဲလုပ် ။ လူပျိုပေါက်စအရွယ်..ရွာထဲက မိန်းခလေးတွေကို..ချိန်းတွေ့ ဖို့ လိုက်ပြော..အဆင်ပြေလျင်..ကျူးလွန်တတ်သူ ။ မိန်းခလေးတချို့ ကလဲ သိသိနဲ့ လက်ခံကြတယ် ။ အဲဒီကထဲက ရွာသားတွေက အံ့သြပြီး..သူ့ ကို ရပ်ပူတင်လို့  ခေါ်ကြတယ် ။ အဓိပ္ပါယ်က မသေမည့်သူ..( အမရ ) ပေါ့ ။ တခါမှာ..Orthodox ဘာသာရေးကျောင်းသားတဦးက..သူရဲ့မြင်းလှည်းကိုငှားပြီး.. မိုင် ထောင်ချီဝေးတဲ့ ..ရုရှားနိုင်ငံအလယ်ပိုင်းက..ဘာသာရေးကျောင်းတော်ကိုလိုက်ပို့ ပါတယ် ။ လမ်းမှာ ဆွေးနွေးကြရင်း..ဟိုဘာသာရေးကျောင်းသားက သူ့ အကြားအမြင် အသိကြွယ်မှုကို..အားရပြီး..ကျောင်းမှာ ကြာကြာလေးနေကြည့်ဖို့  တို်က်တွန်းပါတယ် ။ သူနေကြည့်လိုက်တော့..ထိုကျောင်းက..နယ်နယ်ရရကျောင်းမဟုတ်မှန်း တစတစသိလာတယ် ။

သာမန် အော်သိုဒေါ့ ကျမ်းစာသင်ကျောင်းထက်ပိုပြီး..အော်သိုဒေါ့ အယူအဆတွေနင့် ဆန့် ကျင်သည့် ..ဝါဒ ဂိုဏ်းတခုဖြစ်နေတာသိလာပါတယ် ။ ဒီဂိုဏ်းက လွန်ခဲ့သော အနစ် ၂၀၀ ကျော်က စတင်ခဲ့တဲ့ဂိုဏ်း ။ Khlysty လို့ အမည်တွင်တဲ့ ဂိုဏ်းပါ ။ အဓိက ကျတဲ့ အချက်နစ်ချက် ရှိပါတယ် ။ ဘုရားသခင် နင့် တကယ်ထိတွေ့ နိုင်သူဟာ..တရားဥပဒေအထက်မှာ ရှိရမည် နင့် ဘုရားကို မိမိကိုယ်ထဲ..အထိဝင်လာနိုင်ဖို့ ..လိင်ကိစ္စမှာ..ကာမဆန္ဒကို..အထွဋ်အထိပ်ရောက်မှသာ ရရှိနိုင်မည် တဲ့  ။

ထိုဂိုဏ်းနာမည်က..Khlysty.. လို့ ခေါ်ပါတယ် ။ စနေနေ့ ည ဆိုလျင်..ထိုဂိုဏ်းဝင်တွေဟာ..ဝတ်ဖြူပါးပါးလွာလွာလေးတွေဝတ်ဆင်ရပြီးတောနက်ထဲ..သို့ မဟုတ် ဇာခန်းစည်း..ထူထူကာထားတဲ့ခန်းတွေထဲစုဝေးရပါတယ် ။ ဖယောင်းတိုင်မီးမှိန်မှိန်အောက်မှာ..သီချင်းဆိုကကြရပါတယ် ။ ခေါင်းဆောင်လုပ်သူက ကြာပွတ်နင့်နာကျင်အောင်ရိုက်နက်ပြီး..ကာမဆန္ဒ အထွဋ်အထိပ်ရောက်လာပြီဆိုမှာ..စိတ်လွတ်လက်လွတ် လိင်ဆက်ဆံကြရပါတယ် ။ ယုတ်ရင်းကြမ်းတမ်းစွာ ဆက်ဆံကြရပါတယ် ။ ကာမေသု တွေဘာတွေဘေးချိတ်..လင်ရှိတာ မရှိတာဘေးချိတ် ။ ထိုသို့ ကာမဆန္ဒအထွဋ်အထိပ်ရောက်သူမှသာ..ဘုရားသခင်နင့် တွေ့ နိုင်မည်..ယူဆသူတွေ ။ ထိုဘုန်းကြိးကျောင်းမှာ ၄ – လခန့် နေခဲ့ပါတယ် ။ ရပ်ပူတင်က နောက်ပိုင်းထို.ဂိုဏ်းနင့်မပတ်သက်ကြောင်း အစဉ်တစိုက်ငြင်းပါတယ် ။ မည်သို့ ပင်ငြင်းငြင်း..သူ၏ လုပ်ပုံတွေက ထိုဂိုဏ်း၏ အယူအဆတွေ လွှမ်းမိုးနေပါတယ် ။

ရပ်ပူတင် အယူအဆက..လူတဦးဟာ..အပြစ်လုပ်ပြီးမှ..နောင်တရကာ..ဘုရားကိုတကယ်နစ်နစ်ကာကာတောင်းပန်လျင် ဘုရားနင့်တွေ့ နိုင်မည် ။ မိမိ၏ပန်ကြားချက်ကိုဘုရားသခင် သိနို်င်မည် ။ သူက မိန်းမတယောက်ကို လိင်ဆက်ဆံတော့မည်ဆိုလျင်..ထိုစကားတွေ တဖွဖွရိုက်သွင်းပြီးမှ ကိုင်တော့တာပါ ။ အပြစ်လုပ်ထားတာဟာ..ဘုရားနင့်တွေ နို်င်ရန်လိုအပ်သော..မဏာမပြင်ဆင်မှုလို့  နားချပါတယ် ။ တရက် လယ်ထွန်နေရင်း..သူ့ အာရုံမှာ..မယ်တော်မာရီယာ Virgin Mary & Thousand of Angels မြင်လာပါတယ် ။

သူ့ အိမ်သားတွေကိုပြောပြတော့..ဘယ်သူမှ မယုံနိုင်ကြ ။ သူက သူ့ ကိုဘုရားသခင်က တာဝန်ပေးရန်ရှိသည့်အတွက် ဆိုပြီး..ဂရိနိုင်ငံ Mount Athos တောင်ပေါ်ကျောင်းဆီကို..မိုင် ၂၀၀၀ ကျော်ခရီးကို ခြေလျင်လျောက်သွားခဲ့ပါတယ် ။ ၂ -နစ်အကြာမှာပြန်လာပြီး..တော်တော်လေး..ပြောင်းလဲသွားတဲ့သူ..အဖြစ်ပြန်ရောက်လာပါတယ် ။ အရက်သောက်တာကို ဖယ်ရှားနို်င်ပြီး..မိန်းမလိုက်စားတာလဲ မလုပ်တော့ပါ ။ နေ့ စဉ် ထပ်ခိုးမှာ ဘုရားစာတွေ ရွတ်ဖတ်နေတတ်ပါတယ် ။

ရွာထဲကလူတွေ နေမကောင်းဖြစ်လျင်..သူက ဆုတောင်းပေးလိုက်လျင် ပျောက်ကင်းကုန်ပါတယ် ။ မကြာမှီအချိန်အတွင်းအခြားနယ်တွေအထိ သူ့ သတင်းပြန့် ကုန်ပါတယ် ။ ရပ်ပူတင်ဟာ..သူတော်စင် ဖြစ်သွားပြီ…စသည် ။ သို့ နှင့်..ရွာကခရစ်ယာန်ဘုန်းကြိး.Petr နင့်က ထိပ်တိုက် ။ ပီတာက..ရပ်ပူတင်၏ အပြစ်ရှိမှသာ..ဘုရားနင့် တွေ့ ခွင့်ရှိသည်ဆိုတာကို..မကျေနပ်..လက်မခံနိုင် ။ ရပ်ပူတင်ကို မျက်နာချင်းဆုံ..ဆွေးနွေးတော့..ပီတာ စကားမနိုင်တော့.။

ဗဟိုခရိယန်ဂိုဏ်းချုပ်ဆီကိုစာရေးပြီးအကူအညီတောင်းလိုက်တယ် ။ ဂိုဏ်းချုပ်က..အလွန်လူလေးစားပြီး..နာမည်ကျော်တဲ့ Bishop တပါးလွှတ်လိုက်တယ် ။ Bishop ကရွာထဲကလူတွေ ကိုမေးမြန်းတော့..အားလုံးက နုတ်ပိတ်နေကြတယ် ။ စုံစမ်းမရ ဖြစ်နေတယ် ။ ရဲအရာရှိတယောက်ကို..ရပ်ပုူတင်ဆီလွှတ်လိုက်တယ်..သူလဲ ပြန်လာအပြီး..ဘာမှ မေးမရတော့ ။ Bishop လဲ တချိုးထဲ လစ်ပြေးတော့တယ် ။

အဲဒီနောက်တော့ ရပ်ပူတင်ဟာ..သူ့ ရွာမှာ မပျော်ပိုက်တော့လို့  ခြေဦးတည့်ရာ ထွက်သွားပါတော့တယ် ။ ၁၉၀၃ ခုနစ်ဒီဇင်ဘာလ မှာ..ရုရှားနို်င် မြို့ စားကတော်ကြိး..Militsa နင့် Anastasia တို့ နင့်မိတ်ဆက်ပေးလိုက်ပါတယ် ။ ထိုမြို့ စားကတော်များဟာ..ဇာ-ဘုရင်ရဲ့ ညီဝမ့်းကွဲတွေနင့်အိမ်ထောင်ကျထားသူတွေ ။ နန်းတော်အသိုင်းအဝိုင်းမှာ..အတွင်စည်းလူတွေ ။ သူတို့ ကလဲ..ပရောဂ ကိုယုံသူတွေဆိုတော့..ကြောင်ခံတွင်းပျက်နင့် ဇရက်တောင်ပံကျိုးပေါ့ ။ သူတို့ ဟာ ပြည့်စုံပေမည့် လောကကို ငြီးငွေ့ နေချိန် ၊ ရပ်ပူတင်အပြောတွေနင့်..အံကိုက်ဖြစ်ကုန်ကြ ။ တန်ခိုးထူးကိုမျှော်နေချိန်..ရပ်ပူတင် က အကြိုက်ပြောပေးနိုင်တော့..အိုကေ စိုပြေပေါ့ ။ ရပ်ပူတင်ကလဲ..မြို့ စားကြိးတပါးရဲ့ ခွေး..သေလုလုကို ချက်ချင်းပြန်ကောင်းအောင်..စိတ်နင့်ကုပေးလိုက်တော့..သတင်းက တဟုန်ထိုးကျော်သွားပါလေရော ။

မကြာပါ..1905 , 1,st November မှာ..ဇာဘုရင်နင့် ဆုံခွင့်ရပါတော့တယ် ။ ဇာဘုရင်က ပထမဦးဆုံး..တွေ့ ဆုံတာကိုပင် မှတ်တမ်းရေးထိုးလိုက်သည်အထိ..။ ဘာသာရေးတက္ကသိုလ် ပါချုပ်ကလဲ..ထောက်ခံချက်ပေးတော့..ဇာဘုရင်ကြိး..ရပ်ပူတင်ကို..မကြာမကြာခေါ်ပါတော့တယ် ။ ရပ်ပူတင်ဟာ..နန်းတော်ကို..အဟန့် အတားမဲ့ ဝင်ခွင့်ရှိလာပါတော့တယ် ။ ရုရှားမှာလဲ..လူထု အုံကြွမှုတွေ တစတစ ပေါ်လာနေချိန်..ရပ်ပူတင်ဆီက မှော်အမြင်..အကြားအမြင်တွေ မျှော်လင့်မိ..အကြံဥာဏ်ယူမိတစတစဖြစ်လာပါတယ် ။ ပိုအရေးကြိးသည်က..ဇာဘုရင်မှာ..သမီးတော်ချည်း..၄ ယောက်မွေးပြီး..နန်းအရိုက်အရာခံမည့်..သားတော် Alexander က..အတော်လေးကြာမှ ရလာတယ် ။

မွေးလာပြန်တော့လည့်း..သွေးမတိတ်ရောဂါ..Haemophilia ရောဂါ..ပါလာတယ် ။ ထိုအိမ်ရှေ့ စံမင်းသားကလဲ.. မျောက်ရှုံးအောင်ဆော့သူ ။ ခနခန ဒါဏ်ရာရ ။ ထိခိုက်မိတာနဲ့ ..သွေးကမတိတ်တော့..နာကျင်တာက အထွဋ်အထိပ်ခံရ..သတိမျော့မျော့လေး ။ သွေးသွင်းကုတာကလဲ..အန္တရာယ်မကင်းသေးတဲ့ခေတ် ဆိုတော့..မင်းသားလေး..လှိမ့်ခံနေရချိန်..ရပ်ပူတင်ရောက်လာပြီး..ဘုရားရှစ်ခိုးဆုတောင်းပေးပြီး..မင်းသားလေးနားထဲ တိုးတိုးလေးမန်းမှုတ်ပေးလိုက်လျင်..တခါထဲအိပ်ပျော်သွားပြီး..နိုးလာတော့ သွေးတိတ်နေပြီ ။ ဒီတော့..ရပ်ပူတင်က ဘုရင်မကြိးကို အညှာကိုင်ထားလိုက်နိုင်ပြီး…နန်းတော်အတွင်းရေးကို စွက်ဖက်လာပါတော့တယ် ။ သူ့ ကို မလိုလားသူဆို..ဆိုက်ဘေးရီးယား အပို့ ခံရတဲ့အထိ ဖြစ် ။

သူ့ လူတွေကို..ဝန်ကြိးနေရာတွေ ထဲ့လာပါတော့တယ် ။ နောက်ပိုင်း ဘုရင်မကြိးကိုပါ ချစ်သူအဖြစ် အပိုင် ကိုင်လိုက်ပါတော့တယ် ။ သူက ရေမချိုးတော့ နံဆော်နေတတ်ပါတယ် ။ သူကို ဇာဘုရင်ကြီး…ဝတ်ကောင်းစားလှတွေဆင်မြန်းပေမည်..ညစ်ညစ်ပတ်ပတ်ဘဲနေပါတယ် ။ သူနေထိုင်ရာ..( အခုခေတ် အပျံစားကွန်ဒို ) မှာ သူ့ ကိုတွေ့ ချင်သူတွေ..အစုလိုက်အပြုံလိုက် ဧည့်ခန်းမှာတွေ့ တယ် ။ အဲဒီထဲကမှ..အဆင်အတန်းမြင့်သူတွေ မင်းဆွေမင်းမျိုး..လူဂုဏ်တန်တွေကို..သူ့  အထူးဧည့် ခန်းထဲမှာ..အသောက်အစားတွေနင့် ဧည့်ခံ ။ သူ့ စိတ်လာသူကို အတွင်းအထူးခန်းထဲ Holiest room ထဲခေါ်သွင်း ပေးဝင်ပါတယ် ။

အဲဒီလို အထူးခန်းထဲဝင်ခွင့်ရတာကို..ဂုဏ်ယူနေကြတဲ့အထိ ။ အတွင်းခန်းမှာ..စိတ်မသက်မသာဖြစ်နေတဲ့.မိန်းမတွေကို..သူကအပြစ်ကျူးလွန်ရမည်..။ .ပြီးမှ နောင်တနင့် ပန်ကြားလျင် ဘုရားသခင် က ကိုယ်တင်ပြတာကိုကြားမယ် ဆွယ်တရားဟောပြီး..ကာမဆက်ဆံပါတော့တယ် ။ အမျိုးသမီးတွေကလဲ..သူ ညို့ ကွင်းထဲမိထားပြီဆိုတော့..သူ့ လက်ထဲ့ရေဖြစ်ရပါတော့တယ် ။ သူကလဲ လိင်ဖြည့်ဆည်းနိုင်စွမ်းက ထက်တော့..မိန်းမတွေစွဲလမ်းကုန်ကြတာများပါတယ် ။

သို့ သော် ထိုသို့ လိမ်ညာနေမှုဟာ..၃-နစ်လောက်ရလာတော့..သူ့ နောက်လိုက်တွေက စတင်ဆန့် ကျင်လာကြပါတော့တယ် ။ ဘုရင်ဆီကို သတင်းပို့ သူတွေ..နယ်အဝေးအပို့ ခံရပါတော့တယ် ။ ဒါပေမယ့်..ကြာလာတော့..လူထု၏ မကျေနပ်မှုများကြိးမားလာသည့်အတွက်..ဘုရင်လဲ..သူ့ ကိုခိုးကြောင်ခိုးဝှက်သာလက်ခံရသည့်အဆင့်အထိ အခြေအနေ တင်းမာလာပါတယ် ။ အကျဉ်းတန်သည့်ပြသနာတခုက..သူက ဘုရင့်သမီးတော်တွေ၏ အိပ်ခန်းထဲ့အထိ ဝင်နေထိုင်တဲ့အထိ ဖြစ်လာတော့..လူထုအတွင်းမကျေနပ်မှုက အထွဋ်အထိပ်ရောက်သွားပါတယ် ။ ဘုရင်ကိုကြိုးကိုင်ထားနိုင်တော့..သူ့ နောက်လိုက်ကို..ဝန်ကြိးချုပ်ခန့် စေပြီး..နောက်ကွယ်ကနေ အစိုးရအဖွဲ့ ကိုကြိုးကိုင်ပါတော့တယ် ။ ရပ်ပူတင်၏အိမ်ခန်းမှာ..ရာထူးတိုးလိုသူ ၊ ထောင်ကျရာမှ လွှတ်မြောက်လိုသူ ၊ လူတန်းစားပေါင်းစုံစောင့်နေကြ၏ ။

ဥစ္စာတောင့်တင်းသူတွေ တံစိုးလက်ဆောင်ငွေကျေး ။ သာမန်လူတွေကအရက်-ဝိုင် နင့် စားစရာများ ။ ပြေပြစ်ချောမောသည့် အမျိုးသမိးများက..ခန္ဓာ ပေးပြီးလာဘတ်ထိုးကြပါ..ထင်တိုင်းကျဲနေပါတော့တယ် ။ သူ့ ကိုမကျေနပ်သူတွေက အကြိမ်ကြိမ်လုပ်ကြံကြပါတယ် ။ ရပ်ပြူတင်အားသတ်ဖြတ်ရန် ပထမဆုံးကြိုးပမ်းမှုသည် ၁၉၁၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး ဘုရားကျောင်းမှ ထွက်ကြောင်းကြေးနန်းတစ်စောင် ရပြီးခါစပင်ဖြစ်ပါတယ်။

သူ့အားတိုက်ခိုက်သူမှာ ဂူဆီဗာဆိုသူပြည့်တန်ဆာဟောင်းတစ်ဦးဖြစ်သည်။ အမျိုးသမီးက သူ၏၀မ်းဗိုက်ဆီသို့ ဓားဖြင့်ထိုးခဲ့ပြီး အူများထွက်လာသည်အထိ သေလုသည့်ဒဏ်ရာကို ရရှိခဲ့သည်။ သူမ၏ လုပ်ကြံမှု အောင်မြင်ပြီ အထင်နှင့် ဂူဆီဗာက ယေရှု၏ရန်သူတစ်ယောက်ကို သတ်လိုက်ပြီဟု အော်ဟစ်ခဲ့သည်။ သို့သော်လည်း ခက်ခဲပင်ပန်းစွာခွဲစိတ်ကုသပြီးနောက် ရပ်ပူတင်မှာ ပြန်လည်ကျန်းမာလာခဲ့သည်။

ဒီလိုနင့် ပထမကမ္ဘာစစ်ဖြစ်လာပြီး..ရုရှားဟာစစ်ပွဲအတွင်းပါဝင်လာရပါတော့တယ် ။ ရပ်ပူတင် အလိုအရ..စစ်သေနာပတိချုပ်ကို လူလဲလိုက်ပါတယ် ။ စစ်ပွဲမှာ..ရုရှားစစ်တပ်ဟာ အကျအဆုံးများ..နေ့ စဉ်ထောင်နင့်ချီလက်နက်ချ ။ လူထုတွေက စားနပ်ရိက္ခာပြတ်လပ်လာ ။ ထိုအချိန် ဘော်ရှိဗစ် ( ကွန်မြူနစ် ) လှုပ်ရှားမှုကလဲ..လူထုအုံကြွလာရန်..တရားခံ ကောင်းရသွားပါတယ် ။ ဘုရင်ဟာ..ရပ်ပူတင်၏ ရုပ်သေးရုပ်သက်သက် ။ ရပ်ပူတင်ကို လုပ်ကြံမှုများ မအောင်မြင်ဘဲ..ကြံစည်သူတွေသာ..အဖြုတ်ခံရ ၊ နယ်ပို့ ခံရ ။ သို့ သော်တော်ဝင်မျိုးနွှယ်မင်းသားတပါးဖြစ်တဲ့ Felix Yusupov က ရပ်ပူတင်နင့် ထိတွေ့ ဆံခွင့်ရရာကနေ..သူ့ ကိုသတ်ရန်ဆုံးဖြတ်လိုက်ပါတယ် ။ သူက မြို့ စားကြိးတဦးကိုပါ စည်းရုံးလိုက်ပါတယ် ။

အတိုချုပ်ရလျင်..ထိုရက်ပိုင်းတွေမှာ..ရပ်ပူတင်ဟာ..မိမိအသတ်ခံရမည်ကိုထင်မြင်လာပြီး..သေတမ်းစာသဘော..စာတစောင်ရေးထားလိုက်ပါတယ် ။ ထိုစာမှာ..မိမိအသက်သည်.. လာမည့် ဇန္နဝါရီ မကျော်နို်င်တော့ ။ မိမိကိုသာမန်လူတွေကသတ်ခဲ့လျင်..ဇာဘုရင် မိသားစုအတွက်ပူပင်ရန်မလို..သားစဉ်မြေးဆက် နစ်ပေါင်းရာချီဆက်လက်အုပ်ချုပ်ရပါမည် ။ အကယ်၍ မိမိကိုသတ်သူမှာ..ဘုရင်၏သွေးသားထဲမှ ဖြစ်ခဲ့လျင်..မိမိသေပြီး..၂- နစ်မပြည့်မှီအတွင်း..ဇာဘုရင်တမိသားစုအသတ်ခံရပြီး..ထီးနန်းချုပ်ငြိမ်းသွားစေရမည် လို့ရေးထားပါတယ်။

ဒီဇင်ဘာလ ၁၆ နေ့ ညမှာ Felix မင်းသားက..သူဂီတာတီးပေးမည် ။ ပါတီရှိသည် ။ ရပ်ပူတင်မဆုံဖူးသေးသော ချောမောလှပသည့် မင်းသမိး Irina ပါလာမည် ။ ရပ်ပူတင်ကို..မင်းသား၏ ဧည့်ခန်းမှာ ဧည့်ခံပြီး..အပေါ်မှာ ပါတီအတုလုပ်နေကြ၏ ။ ပထမ လူတဒါဇင်ကိုသေစေနိုင်သော..ဆိုင်ယာနိက်အဆိပ်ထဲ့ထားသည့် ကိတ်ကျွေး၏ ။ ဘာမှမဖြစ် ။ နောက်တတုံးစား၏ ၊ ဘာမှ မဖြစ် ။ အဆိပ်ရည်ပါသည့်ဖျော်ရည်..လက္ဘ်ရည်တိုက်၏ ၊ ဘာမှ မဖြစ် ။ ၂ နာရီလောက်နေတော့..မင်းသားက အပေါ်တက်တိုင်ပင်ကာ..သေနတ်ဖြင့်ပြစ်သတ်ရန်ဆုံးဖြတ်လိုက်ကြ၏ ။ မင်းသားက ရပ်ပူတင်ကို..ရှေးဟောင်းသေတ္တာ ကိုပြပြီး..သေတ္တာပေါ်က လက်ဝါးကဒ်တိုင်ကို..သေသေခြာခြာဆန်းစစ်ခိုင်းပြီး..နောက်ကျောကို..Browny သေနတ်နင့်ပြစ်ချလိုက်၏ ။ ရပ်ပူတင် ငြီးသံကြိးနင့် လဲကျသွား၏ ။ ဆရာဝန်က သွေးစမ်းပြီးသေပြီ သတ်မှတ်လိုက်၏ ။ အပေါ်ထပ်မှာ အလောင်းကိုဖျောက်ဖျက်ရန် တိုင်ပင်နေကြတယ် ။

နာရီဝက်နေတော့..ရုတ်တရက်ထလာကာ..မင်းသားလည်ပင်းကို ညစ်ပါတော့တယ် ။ မင်းသားက..အတင်းရုန်းကန်လွတ်ထွက်ပြီးအပေါ်တက်ပြေးပါတယ် ။ ရပ်ပူတင်က အပြင်ကိုထွက်ပြေးပါတယ် ။ အခြားသူတဦးက မောင်းပြန်သေနတ်နင့် အကြိမ်ကြိမ်ပြစ်ရာ..တချက်ထိမှန်ပြီး..လဲသွားတော့.. ဦးခေါင်းကို အနီးကပ်ချိန်ပြစ်ထဲ့ပါတယ် ။ ပြီးခေါင်းကိုထုရိုက်ကြပါတယ် ။

အဲဒီနောက်တော့ကြိုးနင့်အထပ်ထပ်တုပ်ပြီး..လှည်းဖြင့်တင်ကာ…ရေခဲနေသည့် နီဗာမြစ်ကို အပေါက်သေးသေးဖေါက် အလောင်းကိုရေထဲ မြုပ်လိုက်ပါတယ် ။ ၃ ရက်နေမှ အလောင်းကိုပြန်ဆယ်ရပါတယ် ။ ရင်ခွဲကြည့်တော့..သေနတ်ဒါဏ်ရာ..အဆိပ်မိပြိး သေတာမဟုတ်ဘဲ..အဆုပ်ထဲရေတွေပြည့်နေတော့..ရေနစ်လို့ သေထားတာဖြစ်နေပါတယ် ။ သူ့ လက်ကိုနောက်ပြန်တုပ်ထားတာကိုလဲ..ရအောင်ဖြေ ထားတာ ဖြစ်နေပါတယ် ။

သူ့ အလောင်းကို..မြို့ ထဲမှာ အထူးလျှို့ ဝှက်သောတနေရာမှာသဂြိုဟ်လိုက်ပါတယ် ။ သူသေတမ်းစာထဲကအတိုင်း…ဇာဘုရင်နင့်တမိသားစုလုံးကို..တော်လှန်ရေးတပ်တွေက ဖမ်းသွားပြီး..၁၉၁၈ -ခုနစ် ဇူလိုင် ၁၆ ရက်နေ့ မှာသေနတ်နင့် တမိသားစုလုံးကို ပြစ်သတ်လိုက်ပါတယ် ။ ရပ်ပူတင်ဟောထားသည့်အတိုင်း..တစ်နှစ် နင့် ၇ -လအကြာ..မျိုးဆက်..နန်းဆက်ပြုတ်သွားရပါတယ် ။

Billy H. Mackenzie

Leave a Reply