သုတဇုန် ရဲ့ပိုစ့်တွေကို မလွတ်တမ်း ဖတ်ချင်တဲ့မိတ်ဆွေများအတွက် Thutazone App လာပါပြီ

Posted on

သုတဇုန် ကို လိုက်ခ်လုပ်ထား ဆီးဖက်စ်လုပ်ထားပေမယ့် ပိုစ့်တွေမရောက်ဖူး ဆိုပြီး လာလာပြောကြပါတယ်။ ဒါကတော့ ဖေ့ဘုတ်ရဲ့ ကန့်သတ်ချက်ကြောင့်ပါ။ လိုက်ခ်လုပ်သူစုစုပေါင်း ရဲ့ ၂% ဆီကိုပဲ ပိုစ့်တွေကို random ပို့ပေးပါတယ်။ အဲဒီထက် ဆိုးတာက ပိုစ့်တွေမရောက်လို့ ပေ့ထဲဝင်ကြည့်ရင်တောင် ပိုစ့်တွေကို ဖျောက်ထားတာပါ။ ဒါဟာ မကြာခဏဖြစ်နေတာပါ။

အခုတော့ သုတဇုန်ရဲ့ ပိုစ့်တွေကို စိတ်ဝင်တစား ဖတ်ချင်တဲ့သူတွေ ဒီ App လေး သွင်းထားရုံနဲ့ ဖတ်လို့ရပါပြီ။ Playstore မှာ “Thutazone” လို့ ရိုက်ရှာပြီး သွင်းနိုင်သလို Playstore မရှိတဲ့သူတွေအတွက် ကွန်မန့်က လင့်ကနေ ဒေါင်းယူနိုင်ပါတယ်။

App ရဲ့ အားသာချက်ကတော့ ပိုစ့်အသစ်တင်တိုင်း ၊ update လုပ်တိုင်း အသိပေးမှာဖြစ်တဲ့အပြင် သုတဇုန်က တင်ခဲ့ပြီးသမျှပိုစ့်တွေကို အထူးအဆန်း ၊ ကမ္ဘာ့နေရာများ ၊ ဗဟုသုတ ၊ သမိုင်း ၊ လူပုဂ္ဂိုလ်များ စသည့်ဖြင့် ကိုယ်ကြိုက်တဲ့ ကဏ္ဍတွေကို ရွေးချယ်ဖတ်နိုင်တာပါ။

တစ်ခုပြောစရာရှိတာကတော့ ပိုစ့်တစ်ပိုစ့်ကို ဖတ်လိုက်ရင် ကြော်ငြာတစ်ခုတော့ အရင်တက်ပါတယ်။ အဲဒီကြော်ငြာကို အမှား(x) သို့ No (သို့) Close ကို နှိပ်ပိတ်လိုက်ပြီးရင် တစ်ပုဒ်လုံး အစအဆုံး အေးအေးဆေးဆေး ဖတ်နိုင်ပါပြီ။
ဗဟုသုတ နှစ်သက်သူများအတွက် ဘေကုန်တာထက် မက အကျိုးများစေမှာကို အာမခံပါတယ်။

လောလောဆယ်တော့ Android ဖုန်းတွေအတွက်ပဲ ရပါသေးတယ်။ Font ကတော့ ယူနီကုဒ် ၊ ဇော်ဂျီ နှစ်မျိုးစလုံး မြင်ရအောင်လုပ်ထားပါတယ်။ (Font မညီတာကိုတော့ သည်းခံပါ 🙂 ။ update လုပ်ရင်ပြင်ပါ့မယ်)။ တတ်နိုင်သမျှတော့ အဆင်ပြေအောင် လုပ်ထားပါတယ်။

အခုပဲ စမ်းကြည့်ပြီး ဗဟုသုတ နှစ်သက်တဲ့ အခြားမိတ်ဆွေကိုလည်း မျှဝေပေးပါဦး

သုတဇုန်ကို တောက်လျှောက် အားပေးဖတ်ရှု့လာတဲ့ မိတ်ဆွေအပေါင်းကို ကျေးဇူးတင်ရှိပါကြောင်း….

ဗဟုသုတတွေကိုသာ သီးသန့်မျှဝေပေးနေမယ့်
သုတဇုန်

Leave a Reply