ဆရာယုဒသန္ (သုိ႔) ေဒါက္တာဂ်ပ္ဆင္ ဆုိသည္မွာ

Posted on

ဆရာယုဒသန္ (သုိ႔) ေဒါက္တာ အဒိုနီရမ္ ဂ်ပ္ဆင္ (Adoniram Judson)သည္ ဘိုးေတာ္ဘုရားလက္ထက္တြင္ အေမရိကန္ျပည္ေထာင္စုမွေရာက္လာေသာ ခရစ္ယာန္ သာသနာျပဳ ပုဂိၢဳလ္ျဖစ္သည္။ ယုဒသန္ ဟူေသာအမည္မွာ ျမန္မာတုိ႔က ဂ်ပ္ဆင္ ဆိုေသာစကားလံုးကို အသံလွယ္၍ ေခၚဆိုေသာ အသံထြက္ျဖစ္ျပီး အမည္ရင္းမွာ အဒိုနီရမ္ဂ်ပ္ဆင္ ျဖစ္ေလသည္။ ယုဒသန္သည္ ျမန္မာႏိုင္ငံတြင္ အေမရိကန္ ႏွစ္ျခင္းအသင္းေတာ္ကို စတင္တည္ေထာင္သူျဖစ္သည္။ ယုဒသန္သည္ ျမန္မာႏိုင္ငံ ခရစ္ယာန္ သာသနာေရးဘက္၌သာမက စာေပဘက္၌ေသာ္၎၊ ႏိုင္ငံေရးဘက္၌ေသာ္၎ ထင္ရွားေက်ာ္ၾကားေသာပုဂၢိဳလ္ျဖစ္ေလသည္။

ယုဒသန္သည္ ၁၇၈၈ ခုႏွစ္ ၾသဂုတ္လ ၉ ရက္ေန႔တြင္ အေမရိကန္ျပည္ေထာင္စု၊ မက္ဆာခ်ဴးဆက္ျပည္နယ္ ေမာ္လဒင္ျမိဳ႔တြင္ ေမြးဖြားခဲ့သည္။ ဗေရာင္းသကၠသိုလ္တြင္ ပညာသင္ၾကားခဲ့၏။ ၁၈၁၂ ခုႏွစ္ ေဖေဖၚဝါရီ ၅ ရက္ေန႔တြင္ အန္ေဟဇယ္တိုင္ ႏွင့္ ထိမ္းျမားလက္ထပ္ခဲ့ေလသည္။ ေနာက္တေန႔တြင္ ယုဒသန္သည္ အျခား အေဖာ္ေလးဦးတို႔ႏွင့္အတူ အေရွ႕အာရွႏိုင္ငံမ်ားသုိ႔ သာသနာျပဳရန္ ေစလႊတ္ျခင္းခံရ၏။ ယုဒသန္ ဇနီးေမာင္ႏွံတို႔သည္ ေဖေဖၚဝါရီ ၁၉ ရက္ေန႔တြင္ ေဆလမ္ၿမိဳ႕ ဆိပ္ကမ္းမွ သေဘၤာျဖင့္ ထြက္ခြာခဲ့ၾကသည္။ ဇြန္လတြင္ အိႏိၵယႏိုင္ငံ ကာလကတၱားၿမိဳ႕သို႔ ဆိုက္ေရာက္ေလသည္။

ထိုအခ်ိန္က ျဗိတိသွ် အစိုးရႏွင့္ အေမရိကန္ အစိုရတို႔သည္ အခ်င္းခ်င္းမသင့္မတင့္ ျဖစ္လွ်က္ရွိေသာေၾကာင့္ အိႏၵိယႏိုင္ငံတြင္ေရာက္ရွိေနသည့္ ျဗိတိသွ်တို႔၏ အေရွ႕အိႏၵိယ ကုမၸဏီသည္ အေမရိကန္သာသနာျပဳပုဂၢိဳလ္မ်ားကို ထိုတိုင္းျပည္တြင္ ေနထိုင္ရန္မလိုလားေခ်။ ထို႔ေၾကာင့္ အိႏိၵယႏိုင္ငံ ဘုရင္ခံခ်ဳပ္က ယုဒသန္ႏွင့္ဇနီးတို႔ကို မိမိတုိ႔စီးနင္းလိုက္ပါလာခဲ့ေသာ သေဘၤာျဖင့္ အေမရိကန္ျပည္သို႔ျပန္ရန္ အမိန္႔ေပးေလသည္။ ထိုအခါ ယုဒသန္သည္ ျပင္သစ္ပိုင္ ေမာရစ္ရွပ္ကြ်န္းသို႔ ထြက္ခြာခဲ့ရသည္။ အိႏိၵယႏိုင္ငံတြင္ရွိေနစဥ္ ယုဒသန္ႏွင့္သူ၏ဇနီးတို႔သည္ ႏွစ္ျခင္း ခရစ္ယာန္အသင္းသို႔ ကူးေျပာင္းခဲ့ၾကသည္။

ယုဒသန္သည္ အေရွ႕အာရွႏိုင္ငံမ်ား၌ သာသနာျပဳရန္ဟူေသာ မူလရည္ရြယ္ခ်က္ကို စြန္႔လႊတ္ရမည့္ အေျခအေနတြင္ေရာက္ရွိေနခဲ့ေသာ္လည္း ၁၈၁၃ ခုႏွစ္ ဇြန္လဆန္းတြင္ အေရွ႕ဖက္သို႔ ၾကံဳရာသေဘၤာႏွင့္ မဒရပ္ၿမိဳ႕သို႔ထြက္ခြာခဲ့ၾကျပန္သည္။ တဖန္ မဒရပ္ၿမိဳ႕မွ တဆင့္ ေဂ်ာဂ်ီးယားနားအမည္ရွိ သေဘၤာျဖင့္ျမန္မာႏိုင္ငံသို႔လိုက္ပါလာခဲ့ၾကရာ ဇူလိုင္လ (၁၃)ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕သို႔ ဆိုက္ေရာက္ေလသည္။

ထိုအခါက ရန္ကုန္သည္ ယခုကာလ ရန္ကုန္ႏွင့္ လံုးဝမတူေခ်။ ဆူးေလေစတီေတာ္ကို အေ႐ွ႕ဖက္၊ အေနာက္ဖက္ႏွင့္ ေတာင္ဖက္တို႔မွ အင္းႀကီးတစ္ခုကာဆီးလွ်က္ရွိသည္။ ၿမိဳ႕ကို အင္းၾကီးႏွင့္ ေခ်ာင္းေျမာင္း ထံုးအိုင္တို႔ ဝန္းရံလ်က္ရွိသျဖင့္ ကြ်န္းၾကီးတစ္ကၽြန္းကဲ့သို႔ ျဖစ္လ်က္ရွိသည္။ ၿမိဳ႕ေျမာက္မ်က္ႏွာရွိ ဝန္ၾကီးတံခါးမွ ထြက္၍ ေခ်ာင္းကိုကူးျပီးလွ်င္ ဝန္ၾကီး လမ္းအတိုင္း ဆက္သြားပါက မိုင္ဝက္ေလာက္ ခရီးတြင္ ႏွစ္ျခင္းသာသနာျပဳအိမ္ၾကီးသို႔ေရာက္ေလသည္။ ယခုဘားလမ္း၏ ေျမာက္စြန္းအနီးတြင္ ျဖစ္သည္ဟု သမိုင္းဆရာမ်ားက ဆိုသည္။ ထိုအိမ္ရွင္မွာ အိႏိၵယႏိုင္ငံ ဆာရမ္ပူၿမိဳ႕ရွိ အဂၤလိပ္ ႏွစ္ျခင္း ခရစ္ယာန္သာသနာျပဳ ဝီလ်ံကာရီ၏ သား ဖဲလစ္ကာရီ ျဖစ္သည္။ ထိုသာသနာျပဳအိမ္၌ ယုဒသန္တို႔ ေနထိုင္ၾကသည္။

ေဟာရန္ ေျပာရန္ သာသနာျပဳရန္ ေရာက္လာၾကသည္ျဖစ္ေသာ္လည္း ယုဒသန္တို႔သည္ ျမန္မာစကားကို တလံုးတပါဒမွ် မတတ္ၾကေသာေၾကာင့္ ျမန္မာစကားကို ဦးစြာၾကိဳးစားသင္ယူရသည္။ သိုျဖင့္ သံုးႏွစ္ သံုးမိုး ရွိလာေသာအခါ ယုဒသန္သည္ ျမန္မာသဒၵါက်မ္းတစ္ေစာင္ကို ေရးသားျပဳစုျပီးစီးေလ၏။ ျမန္မာတို႔ အၾကားတြင္ သာသနာျပဳဖို႔ရန္ ျမန္မာတို႔၏ အယူဝါဒ အေလ့အလာ တို႔ကိုလည္း နားလည္ရေပဦးမည္။ ထို႔ေၾကာင့္ ယုဒသန္သည္ ေလာကုတၱရာ စာေပမ်ားကို ေလ့လာဆည္းပူးရာ၊ ျမန္မာစကား ကဲ့သိုျဖစ္ေနေသာ ပါဠိ၊ သကၠတ စကားလံုးေပါင္း ေလးေထာင္ေလာက္ကို စုေဆာင္းမိေလသည္။ ထိုစကားလံုး မ်ားကို အကၡရာဝလိစဥ္၍ ျမန္မာအနက္ ေပးကာ ပါဠိ – ျမန္မာ အဘိဓာန္ကို စတင္ျပဳစုေလသည္။ ထိုအဘိဓာန္တြင္ ပါေသာ ျမန္မာ စကားလံုး မ်ားကို တဖန္ အကၡရာ ဝလိစဥ္ကာ အဂၤလိပ္ အနက္ေပး၍ ပဌမျမန္မာ-အဂၤလိပ္ အဘိဓာန္ငယ္ကို ဆက္လက္ ျပဳစုျပန္သည္။

၁၈၁၆ ခုနွစ္တြင္ ဘဂၤလားျပည္နယ္ ဆရမ္ပူ သာသနာျပဳေကာလိပ္ေက်ာင္းက ပံုႏွိပ္စက္တလံုးႏွင့္ ျမန္မာခဲစာလံုးမ်ားကို လက္ေဆာင္ပို႔လိုက္သည္။ ပံုႏွိပ္စက္ႏွင့္အတူ ဆရာေဟာက္ ဆိုသူ ပံုႏွိပ္ပညာတတ္ အေမရိကန္သာသနာျပဳတဦးလည္း ေရာက္လာသည္။ ၁၈၁၇ ခုႏွစ္တြင္ ယုဒသန္သည္ ရွင္မႆဲ ခရစ္ဝင္က်မ္းကို ျမန္မာဘာသာျပန္ဆိုျပီးစီးသည္။ ထုိအခါ ယုဒသန္သည္ တရား ေဟာႏိုင္ေလာက္ေအာင္ ျမန္မာစကားကိုတတ္ေျမာက္ၿပီဟု အယူရွိေလသည္။ ထို႔ေၾကာင့္သူသည္ ျမန္မာတို႔ တရားနာေလ့ရွိေသာ ဇရပ္မ်ားသို႔သြားကာ ဓမၼကထိကမ်ား ေဟာသည္ကို ျမန္မာမ်ားနွင့္အတူ နာယူ၍ အတုယူနည္းမွည္႔ေလေတာ့သည္။

ထို႔ေနာက္ သာသနာျပဳအိမ္ၾကီးႏွင့္ မလွမ္းမကမ္း လူသြားလူလာမ်ားေသာခရီးတြင္ ဇရပ္တေဆာင္ ေဆာက္လုပ္သည္။ ဇရပ္မ်က္ႏွာစာခန္းကို ဝါး၊ ဓနိတို႔ျဖင့္ ေဆာက္လုပ္၍ အကာအရံမရွိ ဟင္လင္းထားသည္။ ထိုအေဆာင္တြင္ ယုဒသန္ထိုင္၍ ခရီးသြားမ်ားကို တရားနာလာရန္ ဖိတ္ေခၚေလ့ရွိသည္။ ကေလးသူငယ္ မ်ားကိုလည္း သစ္သား သင္ပုန္းၾကီးမ်ားခင္း၍ စာသင္ေပးေလ့ရွိသည္။ ထိုဇရပ္ၾကီးတြင္ ယုဒသန္တို႔သည္ တရားစေဟာသည္။ က်မ္းစာမ်ားကိုလည္း ဆက္လက္ေရးသား ျပန္ဆိုကာ ပံုႏွိပ္ထုတ္ေဝေလသည္။

သို႔ျဖင့္ ဘၾကီးေတာ္ဘုရား လက္ထက္သို႔ ေရာက္လာေသာအခါ ဘုရင္မင္းျမတ္ထံမွ တရားေဟာေျပာခြင့္ အမိန္႔ေတာ္ကို ခံယူရန္လိုသျဖင့္ အျခား သာသနာျပဳတဦးျဖစ္သူ ဆရာကိုးလမင္းႏွင့္ အတူ ေနျပည္ေတာ္သို႔ ၁၈၁၉ ခုႏွစ္ ဒီဇင္ဘာလတြင္ ဆန္တက္ သြားၾကေလသည္။ လမ္းခရီးတြင္ တလေက်ာ္ၾကာျပီးေနာက္ အမရပူရၿမိဳ႕ေတာ္၌ ဘၾကီးေတာ္မင္းတရားႀကီးထံ အခစားဝင္ေရာက္ခြင့္ရ၍ ယုဒသန္က သာသနာျပဳခြင့္ရရန္ ေလ်ာက္တင္ေလသည္။ သို႔ရာတြင္ မင္းတရားၾကီးက ႏွစ္သက္ေတာ္မမူသျဖင့္ အခြင့္မရဘဲ ရန္ကုန္သို႔ စုန္ဆင္းခဲ့ရသည္။

ထုိအေတာအတြင္း ယုဒသန္၏ ဇနီးမွာ က်န္းမာေရးခ်ိဳ႕ယြင္းလ်က္ရွိသျဖင့္ ၁၈၂၁ ခုနွစ္တြင္ အေမရိကန္ ႏိုင္ငံသို ျပန္ေလသည္။ ထို႔ေနာက္ မ်က္စိ ေရာဂါႏွင္ နားေရာဂါ တို႔၌အထူး ကြ်မ္းက်င္ေသာ သာသနာျပဳ ဆရာဝန္ ပရိုက္စ္ ဆိုသူသည္ ၁၈၂၁ ခုုႏွစ္ ဒီဇင္ဘာလ ၂၈ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕သို႔ ေရာက္လာသည္။ ၁၈၂၂ ခုႏွစ္ ၾသဂုတ္လ (၂၈)ရက္ေန႔တြင္ ေဒါက္တာပရိုက္စ္သည္ အင္းဝၿမိဳ႕ေတာ္ရွိ ဘၾကီးေတာ္မင္းတရားၾကီးထံ အခစားဝင္ေရာက္ရန္ ဆန္တက္ရာတြင္ ယုဒသန္လည္း စကားျပန္အျဖစ္ ဒုတိယအၾကိမ္ လိုက္ပါသြား ျပန္ေလသည္။

ထိုအခ်ိန္တြင္ ဘၾကီးေတာ္ မင္းတရားၾကီးသည္ အင္းဝၿမိဳ႕ေတာ္သို႔ ေျပာင္းေရႊ႕ စံေနေတာ္မူျပီ ျဖစ္၏။ တခါေသာ္ ယုဒသန္သည္ ဘၾကီးေတာ္ မင္းတရားေ႐ွ႕တြင္ တရားေဟာ ေျပာျပရေလသည္။ မင္းတရားၾကီးက ယုဒသန္အား ေနျပည္ေတာ္၌ ေနထိုင္ရန္ ေျမတကြက္ ေပးသနားေတာ္ မူသည္။ ေဒါက္တာပရိုက္စ္ ကိုမူ စစ္ကိုင္းဖက္၌ ေနအိမ္ေဆာက္ ခြင့္ေပးေလသည္။

ထိုေနာက္ ယုဒသန္ သည္ ရန္ကုန္ျမိဳ႔ သိုစုန္ဆင္းခဲ့သည္။ ၁၈၂၃ ခုႏွစ္ဒီဇင္ဘာလ ၅ ရက္ေန႔တြင္ အန္း ေဟဇယ္တိုင္သည္ အေမရိကန္ႏိုင္ငံမွ ျပန္ေရာက္လာသည္။ ၁၈၂၄ ခုႏွစ္ ဇန္နဝါရီလ (၂၃) ရက္ေန႔တြင္ ယုဒသန္ ဇနီးေမာင္ႏံွ ႏွစ္ဦးတုိ႔သည္ အင္းဝေနျပည္ေတာ္ သို႔ ေရာက္ရွိလာျပီးလွ်င္ အိမ္တေဆာင္ ေဆာက္လုပ္ ေနထိုင္ၾကေလသည္။

ယုဒသန္သည္ ျမန္မာမွဴးမတ္ ေဆြေတာ္ မ်ိဳးေတာ္တို႔ႏွင့္ သင့္ျမတ္ေအာင္ ေပါင္းသင္း၍ သူ၏ဇနီးက ေက်ာင္း တေက်ာင္းဖြင့္ကာ အပ္ခ်ဳပ္ အတတ္နွင့္ စာေရး စာဖတ္ တို႔ကိုသင္ၾကား ေပးသည္။ ယုဒသန္သည္ စၾကာမင္းကေလးေခၚ ေညာင္ရမ္းမင္းသားထံ မျပတ္ခစားသည္။ ခဲေပါင္ျမိဳ႔စား ဝန္ၾကီး ဦးေရႊလူ၊ ျမဝတီမင္းၾကီးဦးစ ႏွင့္ မကၡရာ မင္းသားၾကီးတို႔ ထံတြင္လည္းဝင္ထြက္ ေလသည္။

ထိုအေတာအတြင္း ျမန္မာ အစိုးရႏွင့္ အဂၤလိပ္အစိုးရတို႔သည္ ရွင္မျဖဴကြ်န္း အေရးေၾကာင့္ စစ္ျဖစ္ၾကရာ ၁၈၂၄ ခုႏွစ္ေမလတြင္ အဂၤလိပ္တို႔က ရန္ကုန္ၿမိဳ႕ကို သိမ္းယူေလသည္။ ထိုအခ်ိန္တြင္ ေနျပည္ေတာ္၌ ႏိုင္ငံျခားသားတို႔အား ထိန္းသိမ္း ေစာင့္ၾကပ္ထားရန္လိုအပ္သည့္အတိုင္း ယုဒသန္ႏွင့္ ေဒါက္တာပရိုက္စ္တို႔ကို ဖမ္းဆီး၍ လက္မရြံ႕ ေထာင္သို႔ပို႔ထားေလသည္။ အျခားေသာအဂၤလိပ္လူမ်ိဳးမ်ားလည္း ထိုနည္းအတူ အဖမ္းခံရသည္။ ၁၈၂၅ ခုႏွစ္ ဇန္နဝါရီလ (၂၆) ရက္ေန႔တြင္ ယုဒသန္ဇနီး၌ သမီးဖြားျမင္၍ မာရီယာဟု အမည္မွည့္ေခၚသည္။

ယုဒသန္တို႔လူစုကို ေထာင္ထဲ၌ ၁ဝ လ အက်ဥ္းခ်ထားျပီးေနာက္ ေအာင္ပင္လယ္ေထာင္သို႔ တဖန္ ေျပာင္းေရႊ႕ခ်ဳပ္ေႏွာင္ထားေလသည္။ ဇနီးလည္း မိမိ၏ ခင္ပြန္းသြားရာ အရပ္သို႔လိုက္ေလသည္။ ထိုႏွစ္ ႏိုဝင္ဘာလတြင္ ယုဒသန္အား ေထာင္မွလႊတ္ရန္ အမိန္႔ေရာက္လာသည္။ မလြန္ၿမိဳ႕အနီး ေညာင္ပင္ဆိပ္စခန္းတြင္ အဂၤလိပ္ႏွင့္ ျမန္မာတို႔ စစ္ေျပျငိမ္းေရးအတြက္ ႏွစ္ဦး ႏွစ္ဘက္ ေစ့စပ္ေဆြးေႏြးရာ၌ ယုဒသန္ကို စကားျပန္အျဖစ္ ေစလႊတ္ရန္အတြက္ ျဖစ္သည္။ ဒီဇင္ဘာ ၁(၇) ရက္ေန႔တြင္ အင္းဝသို႔ျပန္ေရာက္လာသည္။

ထုိ႔ေနာက္ ခဲေပါင္ျမိဳ႔စား ဝန္ၾကီးဦးေရႊလူ၏ ကူညီမွူျဖင့္ ယုဒသန္သည္ ၁၈၂၅ ခုႏွစ္ ဒီဇင္ဘာ ၃၁ ရက္ေန႔တြင္ ေထာင္မွလြတ္ေျမာက္ခဲ့ေလသည္။ ထိုအခ်ိန္တြင္ ယုဒသန္၏ ဇနီးသည္မွာ အသည္းအသန္ဖ်ားနာလ်က္ရွိသည္။ ၁၈၂၆ ခုႏွစ္တြင္ ရႏ ၱပိုစာခ်ဳပ္ ခ်ဳပ္ဆိုေသာအခါ၊ ယုဒသန္သည္ စကားျပန္အျဖစ္ ေဆာင္ရြက္ကာ အဂၤလိပ္မွ ျမန္မာသို႔၊ ျမန္မာမွ အဂၤလိပ္သို႔ ေျပာသမွ် စကား၊ ေရးသမွ် စာတို႔ကို ဘာသာျပန္ဆိုရေလသည္။ စစ္ေျပျငိမ္းသြားေသာအခါတြင္ကား ယုဒသန္သည္ ေအာက္ျပည္သို႔စုန္၍ အဂၤလိိပ္ပိုင္နက္ျဖစ္ေသာ က်ိဳကၡမီျမိဳ႔တြင္ ေနထိုင္ၾကသည္။

ယုဒသန္၏ ဇနီး အန္း ေဟဇယ္တိုင္သည္ ၁၈၂၆ ခုႏွစ္ ေအာက္တိုဘာလ ၂၄ ရက္ေန႔တြင္ ကြယ္လြန္ေလသည္။ ထုိအခ်ိန္တြင္ ယုဒသန္သည္ ျဗိတိသွ် အစိုးရကိုယ္စလွယ္ ဂၽြန္ကေရာဖက္ႏွင့္အတူ အင္းဝၿမိဳ႕ေတာ္သို႔ အဂၤလိပ္အစိုးရ ကိစၥျဖင့္ ေရာက္ရွိေနခိုက္ျဖစ္သည္။ ၁၈၂၇ ခုႏွစ္ ဧျပီလ ၂၄ ရက္ေန႔တြင္ ယုဒသန္၏ သမီး မာရီယာသည္လည္း ကြယ္လြန္ေလသည္။

ယုဒသန္ျပန္ဆိုေသာ ဓမၼသစ္က်မ္းကို ၁၈၃၂ ခုႏွစ္ ဒီဇင္ဘာ ၁၅ ရက္ေန႔တြင္ ေမာ္လျမိဳင္ျမိဳ႔၊ သာသနာပိုင္ပံုႏွိပ္တုိက္၌ ပထမဦးဆံုးအၾကိမ္ ရိုက္ႏွိပ္ခဲ့သည္။ ဓမၼေဟာင္းက်မ္းကိုလည္း ဆက္လက္ျပန္ဆိုခဲ့ရာ ၁၈၃၅ ခုႏွစ္ ဒီဇင္ဘာ (၂၉) ရက္ေန႔တြင္ ပံုႏိုပ္ျပီးစီးေလသည္။ ဦးစြာ ယုဒသန္၏ အၾကံမွာ အဂၤလိပ္-ျမန္မာ အဘိဓာန္ႏွင့္ ျမန္မာ-အဂၤလိပ္ အဘိဓာန္ ႏွစ္ေစာင္ကို တအုပ္တည္း ပံုႏွိပ္ထုတ္လုပ္ရန္ျဖစ္သည္။ သို႔ေသာ္လည္း ၁၈၂ဝ ခုႏွစ္ကျပဳစုခဲ့ေသာ အဘိဓာန္မွာ မျပည့္စံုသျဖင့္ ၁၈၄၂ ခုႏွစ္တြင္ အဘိဓာန္ကို ႏွစ္ေစာင္ခြဲ၍ စတင္ျပဳစုေလသည္။

အဂၤလိပ္အဘိဓာန္ကို ၁၈၄၉ ခုႏွစ္ ဇန္နဝါရီလ ၂၄ ရက္ေန႔တြင္ အျပီးသတ္သည္။ ထို႔ေနာက္ အဘိဓာန္ကို ဆက္လက္ျပဳစုေနခိုက္ မက်န္းမမာျဖစ္လာသည္။ ထို႔ေၾကာင့္ ၁၈၅ဝ ခုႏွစ္ ဧျပီလ ဂ ရက္ေန႔တြင္ ယုဒသန္သည္ ေမာ္လျမိဳင္ၿမိဳ႕မွ သေဘၤာျဖင့္ ပင္လယ္ခရီး ထြက္သြားရာ ဧျပီလ (၁၂) ရက္ေန႔တြင္ ကြယ္လြန္ေလသည္။ ယုဒသန္၏ အေလာင္းကို ပင္လယ္ျပင္တြင္ေရျမွဳပ္သျဂိဳလ္လိုက္ၾကသည္။

ယုဒသန္၏ လက္ငုတ္ျဖစ္ေသာ ျမန္မာ အဘိဓာန္ကို သာသနာျပဳဆရာ အီးေအ၊ စတီဖင္က ဆက္လက္လုပ္ကိုင္ခဲ့ရာ ၁၈၅၂ ခုႏွစ္တြင္ ေမာ္လျမိဳင္ျမိဳ႔ အေမရိကန္ သာသနာပံုႏိွပ္တိုက္၌ ပထမအၾကိမ္ စက္တင္ ပံုႏိွပ္ႏိုင္ခဲ့သည္။ ယုဒသန္သည္ အဘိဓာန္နွင့္ ခရစ္ယာန္က်မ္းမ်ားအျပင္ ေရႊခ်ိန္ခြင္စာအုပ္ကို ၄င္း၊ ျမန္မာအမ်ိဳးသမီး ဝတ္ဆင္ပံု စာတမ္းကို ၄င္း၊ ပိ႗ကတ္အႏွစ္ခ်ဳပ္ က်မ္းကို၄င္း ျမန္မာဘာသာျဖင့္ ေရးခဲ့ေလသည္။

ယုဒသန္သည္ ပထမ ဇနီး အန္း ေဟဇယ္တိုင္ကြယ္လြန္ျပီးေနာက္ ၁၈၃၄ ခုႏွစ္တြင္ မစၥစ္ ေဗာ့ဒမန္ဆိုသူ မုဆိုးမတဦးႏွင့္ ဒုတိယ အိမ္ေထာင္ျပဳသည္။ တဖန္ ဒုတိယ ဇနီးကြယ္လြန္ျပန္၍ ၁၈၄၆ ခုႏွစ္တြင္ မစၥအမၼလီခ်ဴးဗက္ ဆိုသူႏွင့္ တတိယ အိမ္ေထာင္ျပဳေလသည္။ က်န္ရစ္ခဲ့ေသာသားသမီးမ်ားအနက္ သားျဖစ္သူ အက္ဒြပ္ ဂ်ပ္ဆင္သည္ ယုဒသန္၏ အတၳဳပၸတိၱကို ေရးခဲ့ေလသည္။ ယခင္က ရန္ကုန္တကၠသိုလ္တြင္ အပါအဝင္ျဖစ္ေသာ ဂ်ပ္ဆင္ေကာလိပ္မွာ ယုဒသန္အထိမ္းအမွတ္ေက်ာင္းပင္ျဖစ္သည္။

ျမန္မာစြယ္စံုက်မ္း အတြဲ ၁ဝ၊ (၁၉၆၆)
Burmese Encyclopedia Vol 10, P-433 (Publsihed in 1966)
Myanmar Wikpedia

——————–

ဆရာယုဒသန် (သို့) ဒေါက်တာဂျပ်ဆင် ဆိုသည်မှာ (unicode)

ဆရာယုဒသန် (သို့) ဒေါက်တာ အဒိုနီရမ် ဂျပ်ဆင် (Adoniram Judson)သည် ဘိုးတော်ဘုရားလက်ထက်တွင် အမေရိကန်ပြည်ထောင်စုမှရောက်လာသော ခရစ်ယာန် သာသနာပြု ပုဂ္ဂိုလ်ဖြစ်သည်။ ယုဒသန် ဟူသောအမည်မှာ မြန်မာတို့က ဂျပ်ဆင် ဆိုသောစကားလုံးကို အသံလှယ်၍ ခေါ်ဆိုသော အသံထွက်ဖြစ်ပြီး အမည်ရင်းမှာ အဒိုနီရမ်ဂျပ်ဆင် ဖြစ်လေသည်။ ယုဒသန်သည် မြန်မာနိုင်ငံတွင် အမေရိကန် နှစ်ခြင်းအသင်းတော်ကို စတင်တည်ထောင်သူဖြစ်သည်။ ယုဒသန်သည် မြန်မာနိုင်ငံ ခရစ်ယာန် သာသနာရေးဘက်၌သာမက စာပေဘက်၌သော်၎င်း၊ နိုင်ငံရေးဘက်၌သော်၎င်း ထင်ရှားကျော်ကြားသောပုဂ္ဂိုလ်ဖြစ်လေသည်။

ယုဒသန်သည် ၁၇၈၈ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ် မော်လဒင်မြို့တွင် မွေးဖွားခဲ့သည်။ ဗရောင်းသက္ကသိုလ်တွင် ပညာသင်ကြားခဲ့၏။ ၁၈၁၂ ခုနှစ် ဖေဖေါ်ဝါရီ ၅ ရက်နေ့တွင် အန်ဟေဇယ်တိုင် နှင့် ထိမ်းမြားလက်ထပ်ခဲ့လေသည်။ နောက်တနေ့တွင် ယုဒသန်သည် အခြား အဖော်လေးဦးတို့နှင့်အတူ အရှေ့အာရှနိုင်ငံများသို့ သာသနာပြုရန် စေလွှတ်ခြင်းခံရ၏။ ယုဒသန် ဇနီးမောင်နှံတို့သည် ဖေဖေါ်ဝါရီ ၁၉ ရက်နေ့တွင် ဆေလမ်မြို့ ဆိပ်ကမ်းမှ သင်္ဘောဖြင့် ထွက်ခွာခဲ့ကြသည်။ ဇွန်လတွင် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ဆိုက်ရောက်လေသည်။

ထိုအချိန်က ဗြိတိသျှ အစိုးရနှင့် အမေရိကန် အစိုရတို့သည် အချင်းချင်းမသင့်မတင့် ဖြစ်လျှက်ရှိသောကြောင့် အိန္ဒိယနိုင်ငံတွင်ရောက်ရှိနေသည့် ဗြိတိသျှတို့၏ အရှေ့အိန္ဒိယ ကုမ္ပဏီသည် အမေရိကန်သာသနာပြုပုဂ္ဂိုလ်များကို ထိုတိုင်းပြည်တွင် နေထိုင်ရန်မလိုလားချေ။ ထို့ကြောင့် အိန္ဒိယနိုင်ငံ ဘုရင်ခံချုပ်က ယုဒသန်နှင့်ဇနီးတို့ကို မိမိတို့စီးနင်းလိုက်ပါလာခဲ့သော သင်္ဘောဖြင့် အမေရိကန်ပြည်သို့ပြန်ရန် အမိန့်ပေးလေသည်။ ထိုအခါ ယုဒသန်သည် ပြင်သစ်ပိုင် မောရစ်ရှပ်ကျွန်းသို့ ထွက်ခွာခဲ့ရသည်။ အိန္ဒိယနိုင်ငံတွင်ရှိနေစဉ် ယုဒသန်နှင့်သူ၏ဇနီးတို့သည် နှစ်ခြင်း ခရစ်ယာန်အသင်းသို့ ကူးပြောင်းခဲ့ကြသည်။

ယုဒသန်သည် အရှေ့အာရှနိုင်ငံများ၌ သာသနာပြုရန်ဟူသော မူလရည်ရွယ်ချက်ကို စွန့်လွှတ်ရမည့် အခြေအနေတွင်ရောက်ရှိနေခဲ့သော်လည်း ၁၈၁၃ ခုနှစ် ဇွန်လဆန်းတွင် အရှေ့ဖက်သို့ ကြုံရာသင်္ဘောနှင့် မဒရပ်မြို့သို့ထွက်ခွာခဲ့ကြပြန်သည်။ တဖန် မဒရပ်မြို့မှ တဆင့် ဂျောဂျီးယားနားအမည်ရှိ သင်္ဘောဖြင့်မြန်မာနိုင်ငံသို့လိုက်ပါလာခဲ့ကြရာ ဇူလိုင်လ (၁၃)ရက်နေ့တွင် ရန်ကုန်မြို့သို့ ဆိုက်ရောက်လေသည်။

ထိုအခါက ရန်ကုန်သည် ယခုကာလ ရန်ကုန်နှင့် လုံးဝမတူချေ။ ဆူးလေစေတီတော်ကို အရှေ့ဖက်၊ အနောက်ဖက်နှင့် တောင်ဖက်တို့မှ အင်းကြီးတစ်ခုကာဆီးလျှက်ရှိသည်။ မြို့ကို အင်းကြီးနှင့် ချောင်းမြောင်း ထုံးအိုင်တို့ ဝန်းရံလျက်ရှိသဖြင့် ကျွန်းကြီးတစ်ကျွန်းကဲ့သို့ ဖြစ်လျက်ရှိသည်။ မြို့မြောက်မျက်နှာရှိ ဝန်ကြီးတံခါးမှ ထွက်၍ ချောင်းကိုကူးပြီးလျှင် ဝန်ကြီး လမ်းအတိုင်း ဆက်သွားပါက မိုင်ဝက်လောက် ခရီးတွင် နှစ်ခြင်းသာသနာပြုအိမ်ကြီးသို့ရောက်လေသည်။ ယခုဘားလမ်း၏ မြောက်စွန်းအနီးတွင် ဖြစ်သည်ဟု သမိုင်းဆရာများက ဆိုသည်။ ထိုအိမ်ရှင်မှာ အိန္ဒိယနိုင်ငံ ဆာရမ်ပူမြို့ရှိ အင်္ဂလိပ် နှစ်ခြင်း ခရစ်ယာန်သာသနာပြု ဝီလျံကာရီ၏ သား ဖဲလစ်ကာရီ ဖြစ်သည်။ ထိုသာသနာပြုအိမ်၌ ယုဒသန်တို့ နေထိုင်ကြသည်။

ဟောရန် ပြောရန် သာသနာပြုရန် ရောက်လာကြသည်ဖြစ်သော်လည်း ယုဒသန်တို့သည် မြန်မာစကားကို တလုံးတပါဒမျှ မတတ်ကြသောကြောင့် မြန်မာစကားကို ဦးစွာကြိုးစားသင်ယူရသည်။ သိုဖြင့် သုံးနှစ် သုံးမိုး ရှိလာသောအခါ ယုဒသန်သည် မြန်မာသဒ္ဒါကျမ်းတစ်စောင်ကို ရေးသားပြုစုပြီးစီးလေ၏။ မြန်မာတို့ အကြားတွင် သာသနာပြုဖို့ရန် မြန်မာတို့၏ အယူဝါဒ အလေ့အလာ တို့ကိုလည်း နားလည်ရပေဦးမည်။ ထို့ကြောင့် ယုဒသန်သည် လောကုတ္တရာ စာပေများကို လေ့လာဆည်းပူးရာ၊ မြန်မာစကား ကဲ့သိုဖြစ်နေသော ပါဠိ၊ သက္ကတ စကားလုံးပေါင်း လေးထောင်လောက်ကို စုဆောင်းမိလေသည်။ ထိုစကားလုံး များကို အက္ခရာဝလိစဉ်၍ မြန်မာအနက် ပေးကာ ပါဠိ – မြန်မာ အဘိဓာန်ကို စတင်ပြုစုလေသည်။ ထိုအဘိဓာန်တွင် ပါသော မြန်မာ စကားလုံး များကို တဖန် အက္ခရာ ဝလိစဉ်ကာ အင်္ဂလိပ် အနက်ပေး၍ ပဌမမြန်မာ-အင်္ဂလိပ် အဘိဓာန်ငယ်ကို ဆက်လက် ပြုစုပြန်သည်။

၁၈၁၆ ခုနှစ်တွင် ဘင်္ဂလားပြည်နယ် ဆရမ်ပူ သာသနာပြုကောလိပ်ကျောင်းက ပုံနှိပ်စက်တလုံးနှင့် မြန်မာခဲစာလုံးများကို လက်ဆောင်ပို့လိုက်သည်။ ပုံနှိပ်စက်နှင့်အတူ ဆရာဟောက် ဆိုသူ ပုံနှိပ်ပညာတတ် အမေရိကန်သာသနာပြုတဦးလည်း ရောက်လာသည်။ ၁၈၁၇ ခုနှစ်တွင် ယုဒသန်သည် ရှင်မဿဲ ခရစ်ဝင်ကျမ်းကို မြန်မာဘာသာပြန်ဆိုပြီးစီးသည်။ ထိုအခါ ယုဒသန်သည် တရား ဟောနိုင်လောက်အောင် မြန်မာစကားကိုတတ်မြောက်ပြီဟု အယူရှိလေသည်။ ထို့ကြောင့်သူသည် မြန်မာတို့ တရားနာလေ့ရှိသော ဇရပ်များသို့သွားကာ ဓမ္မကထိကများ ဟောသည်ကို မြန်မာများနှင့်အတူ နာယူ၍ အတုယူနည်းမှည်းလေတော့သည်။

ထို့နောက် သာသနာပြုအိမ်ကြီးနှင့် မလှမ်းမကမ်း လူသွားလူလာများသောခရီးတွင် စရပ်တဆောင် ဆောက်လုပ်သည်။ စရပ်မျက်နှာစာခန်းကို ဝါး၊ ဓနိတို့ဖြင့် ဆောက်လုပ်၍ အကာအရံမရှိ ဟင်လင်းထားသည်။ ထိုအဆောင်တွင် ယုဒသန်ထိုင်၍ ခရီးသွားများကို တရားနာလာရန် ဖိတ်ခေါ်လေ့ရှိသည်။ ကလေးသူငယ် များကိုလည်း သစ်သား သင်ပုန်းကြီးများခင်း၍ စာသင်ပေးလေ့ရှိသည်။ ထိုစရပ်ကြီးတွင် ယုဒသန်တို့သည် တရားစဟောသည်။ ကျမ်းစာများကိုလည်း ဆက်လက်ရေးသား ပြန်ဆိုကာ ပုံနှိပ်ထုတ်ဝေလေသည်။

သို့ဖြင့် ဘကြီးတော်ဘုရား လက်ထက်သို့ ရောက်လာသောအခါ ဘုရင်မင်းမြတ်ထံမှ တရားဟောပြောခွင့် အမိန့်တော်ကို ခံယူရန်လိုသဖြင့် အခြား သာသနာပြုတဦးဖြစ်သူ ဆရာကိုးလမင်းနှင့် အတူ နေပြည်တော်သို့ ၁၈၁၉ ခုနှစ် ဒီဇင်ဘာလတွင် ဆန်တက် သွားကြလေသည်။ လမ်းခရီးတွင် တလကျော်ကြာပြီးနောက် အမရပူရမြို့တော်၌ ဘကြီးတော်မင်းတရားကြီးထံ အခစားဝင်ရောက်ခွင့်ရ၍ ယုဒသန်က သာသနာပြုခွင့်ရရန် လျောက်တင်လေသည်။ သို့ရာတွင် မင်းတရားကြီးက နှစ်သက်တော်မမူသဖြင့် အခွင့်မရဘဲ ရန်ကုန်သို့ စုန်ဆင်းခဲ့ရသည်။

ထိုအတောအတွင်း ယုဒသန်၏ ဇနီးမှာ ကျန်းမာရေးချို့ယွင်းလျက်ရှိသဖြင့် ၁၈၂၁ ခုနှစ်တွင် အမေရိကန် နိုင်ငံသို ပြန်လေသည်။ ထို့နောက် မျက်စိ ရောဂါနှင် နားရောဂါ တို့၌အထူး ကျွမ်းကျင်သော သာသနာပြု ဆရာဝန် ပရိုက်စ် ဆိုသူသည် ၁၈၂၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်လာသည်။ ၁၈၂၂ ခုနှစ် ဩဂုတ်လ (၂၈)ရက်နေ့တွင် ဒေါက်တာပရိုက်စ်သည် အင်းဝမြို့တော်ရှိ ဘကြီးတော်မင်းတရားကြီးထံ အခစားဝင်ရောက်ရန် ဆန်တက်ရာတွင် ယုဒသန်လည်း စကားပြန်အဖြစ် ဒုတိယအကြိမ် လိုက်ပါသွား ပြန်လေသည်။

ထိုအချိန်တွင် ဘကြီးတော် မင်းတရားကြီးသည် အင်းဝမြို့တော်သို့ ပြောင်းရွှေ့ စံနေတော်မူပြီ ဖြစ်၏။ တခါသော် ယုဒသန်သည် ဘကြီးတော် မင်းတရားရှေ့တွင် တရားဟော ပြောပြရလေသည်။ မင်းတရားကြီးက ယုဒသန်အား နေပြည်တော်၌ နေထိုင်ရန် မြေတကွက် ပေးသနားတော် မူသည်။ ဒေါက်တာပရိုက်စ် ကိုမူ စစ်ကိုင်းဖက်၌ နေအိမ်ဆောက် ခွင့်ပေးလေသည်။

ထိုနောက် ယုဒသန် သည် ရန်ကုန်မြို့ သိုစုန်ဆင်းခဲ့သည်။ ၁၈၂၃ ခုနှစ်ဒီဇင်ဘာလ ၅ ရက်နေ့တွင် အန်း ဟေဇယ်တိုင်သည် အမေရိကန်နိုင်ငံမှ ပြန်ရောက်လာသည်။ ၁၈၂၄ ခုနှစ် ဇန်နဝါရီလ (၂၃) ရက်နေ့တွင် ယုဒသန် ဇနီးမောင်နှံ နှစ်ဦးတို့သည် အင်းဝနေပြည်တော် သို့ ရောက်ရှိလာပြီးလျှင် အိမ်တဆောင် ဆောက်လုပ် နေထိုင်ကြလေသည်။

ယုဒသန်သည် မြန်မာမှူးမတ် ဆွေတော် မျိုးတော်တို့နှင့် သင့်မြတ်အောင် ပေါင်းသင်း၍ သူ၏ဇနီးက ကျောင်း တကျောင်းဖွင့်ကာ အပ်ချုပ် အတတ်နှင့် စာရေး စာဖတ် တို့ကိုသင်ကြား ပေးသည်။ ယုဒသန်သည် စကြာမင်းကလေးခေါ် ညောင်ရမ်းမင်းသားထံ မပြတ်ခစားသည်။ ခဲပေါင်မြို့စား ဝန်ကြီး ဦးရွှေလူ၊ မြဝတီမင်းကြီးဦးစ နှင့် မက္ခရာ မင်းသားကြီးတို့ ထံတွင်လည်းဝင်ထွက် လေသည်။

ထိုအတောအတွင်း မြန်မာ အစိုးရနှင့် အင်္ဂလိပ်အစိုးရတို့သည် ရှင်မဖြူကျွန်း အရေးကြောင့် စစ်ဖြစ်ကြရာ ၁၈၂၄ ခုနှစ်မေလတွင် အင်္ဂလိပ်တို့က ရန်ကုန်မြို့ကို သိမ်းယူလေသည်။ ထိုအချိန်တွင် နေပြည်တော်၌ နိုင်ငံခြားသားတို့အား ထိန်းသိမ်း စောင့်ကြပ်ထားရန်လိုအပ်သည့်အတိုင်း ယုဒသန်နှင့် ဒေါက်တာပရိုက်စ်တို့ကို ဖမ်းဆီး၍ လက်မရွံ့ ထောင်သို့ပို့ထားလေသည်။ အခြားသောအင်္ဂလိပ်လူမျိုးများလည်း ထိုနည်းအတူ အဖမ်းခံရသည်။ ၁၈၂၅ ခုနှစ် ဇန်နဝါရီလ (၂၆) ရက်နေ့တွင် ယုဒသန်ဇနီး၌ သမီးဖွားမြင်၍ မာရီယာဟု အမည်မှည့်ခေါ်သည်။

ယုဒသန်တို့လူစုကို ထောင်ထဲ၌ ၁ဝ လ အကျဉ်းချထားပြီးနောက် အောင်ပင်လယ်ထောင်သို့ တဖန် ပြောင်းရွှေ့ချုပ်နှောင်ထားလေသည်။ ဇနီးလည်း မိမိ၏ ခင်ပွန်းသွားရာ အရပ်သို့လိုက်လေသည်။ ထိုနှစ် နိုဝင်ဘာလတွင် ယုဒသန်အား ထောင်မှလွှတ်ရန် အမိန့်ရောက်လာသည်။ မလွန်မြို့အနီး ညောင်ပင်ဆိပ်စခန်းတွင် အင်္ဂလိပ်နှင့် မြန်မာတို့ စစ်ပြေငြိမ်းရေးအတွက် နှစ်ဦး နှစ်ဘက် စေ့စပ်ဆွေးနွေးရာ၌ ယုဒသန်ကို စကားပြန်အဖြစ် စေလွှတ်ရန်အတွက် ဖြစ်သည်။ ဒီဇင်ဘာ ၁(၇) ရက်နေ့တွင် အင်းဝသို့ပြန်ရောက်လာသည်။

ထို့နောက် ခဲပေါင်မြို့စား ဝန်ကြီးဦးရွှေလူ၏ ကူညီမှူဖြင့် ယုဒသန်သည် ၁၈၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ထောင်မှလွတ်မြောက်ခဲ့လေသည်။ ထိုအချိန်တွင် ယုဒသန်၏ ဇနီးသည်မှာ အသည်းအသန်ဖျားနာလျက်ရှိသည်။ ၁၈၂၆ ခုနှစ်တွင် ရန ၱပိုစာချုပ် ချုပ်ဆိုသောအခါ၊ ယုဒသန်သည် စကားပြန်အဖြစ် ဆောင်ရွက်ကာ အင်္ဂလိပ်မှ မြန်မာသို့၊ မြန်မာမှ အင်္ဂလိပ်သို့ ပြောသမျှ စကား၊ ရေးသမျှ စာတို့ကို ဘာသာပြန်ဆိုရလေသည်။ စစ်ပြေငြိမ်းသွားသောအခါတွင်ကား ယုဒသန်သည် အောက်ပြည်သို့စုန်၍ အင်္ဂလိပ်ပိုင်နက်ဖြစ်သော ကျိုက္ခမီမြို့တွင် နေထိုင်ကြသည်။

ယုဒသန်၏ ဇနီး အန်း ဟေဇယ်တိုင်သည် ၁၈၂၆ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကွယ်လွန်လေသည်။ ထိုအချိန်တွင် ယုဒသန်သည် ဗြိတိသျှ အစိုးရကိုယ်စလှယ် ဂျွန်ကရောဖက်နှင့်အတူ အင်းဝမြို့တော်သို့ အင်္ဂလိပ်အစိုးရ ကိစ္စဖြင့် ရောက်ရှိနေခိုက်ဖြစ်သည်။ ၁၈၂၇ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ယုဒသန်၏ သမီး မာရီယာသည်လည်း ကွယ်လွန်လေသည်။

ယုဒသန်ပြန်ဆိုသော ဓမ္မသစ်ကျမ်းကို ၁၈၃၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် မော်လမြိုင်မြို့၊ သာသနာပိုင်ပုံနှိပ်တိုက်၌ ပထမဦးဆုံးအကြိမ် ရိုက်နှိပ်ခဲ့သည်။ ဓမ္မဟောင်းကျမ်းကိုလည်း ဆက်လက်ပြန်ဆိုခဲ့ရာ ၁၈၃၅ ခုနှစ် ဒီဇင်ဘာ (၂၉) ရက်နေ့တွင် ပုံနိုပ်ပြီးစီးလေသည်။ ဦးစွာ ယုဒသန်၏ အကြံမှာ အင်္ဂလိပ်-မြန်မာ အဘိဓာန်နှင့် မြန်မာ-အင်္ဂလိပ် အဘိဓာန် နှစ်စောင်ကို တအုပ်တည်း ပုံနှိပ်ထုတ်လုပ်ရန်ဖြစ်သည်။ သို့သော်လည်း ၁၈၂ဝ ခုနှစ်ကပြုစုခဲ့သော အဘိဓာန်မှာ မပြည့်စုံသဖြင့် ၁၈၄၂ ခုနှစ်တွင် အဘိဓာန်ကို နှစ်စောင်ခွဲ၍ စတင်ပြုစုလေသည်။

အင်္ဂလိပ်အဘိဓာန်ကို ၁၈၄၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အပြီးသတ်သည်။ ထို့နောက် အဘိဓာန်ကို ဆက်လက်ပြုစုနေခိုက် မကျန်းမမာဖြစ်လာသည်။ ထို့ကြောင့် ၁၈၅ဝ ခုနှစ် ဧပြီလ ဂ ရက်နေ့တွင် ယုဒသန်သည် မော်လမြိုင်မြို့မှ သင်္ဘောဖြင့် ပင်လယ်ခရီး ထွက်သွားရာ ဧပြီလ (၁၂) ရက်နေ့တွင် ကွယ်လွန်လေသည်။ ယုဒသန်၏ အလောင်းကို ပင်လယ်ပြင်တွင်ရေမြှုပ်သဂြိုလ်လိုက်ကြသည်။

ယုဒသန်၏ လက်ငုတ်ဖြစ်သော မြန်မာ အဘိဓာန်ကို သာသနာပြုဆရာ အီးအေ၊ စတီဖင်က ဆက်လက်လုပ်ကိုင်ခဲ့ရာ ၁၈၅၂ ခုနှစ်တွင် မော်လမြိုင်မြို့ အမေရိကန် သာသနာပုံနှိပ်တိုက်၌ ပထမအကြိမ် စက်တင် ပုံနှိပ်နိုင်ခဲ့သည်။ ယုဒသန်သည် အဘိဓာန်နှင့် ခရစ်ယာန်ကျမ်းများအပြင် ရွှေချိန်ခွင်စာအုပ်ကို ၎င်း၊ မြန်မာအမျိုးသမီး ဝတ်ဆင်ပုံ စာတမ်းကို ၎င်း၊ ပိဋ္ဋကတ်အနှစ်ချုပ် ကျမ်းကို၎င်း မြန်မာဘာသာဖြင့် ရေးခဲ့လေသည်။

ယုဒသန်သည် ပထမ ဇနီး အန်း ဟေဇယ်တိုင်ကွယ်လွန်ပြီးနောက် ၁၈၃၄ ခုနှစ်တွင် မစ္စစ် ဗော့ဒမန်ဆိုသူ မုဆိုးမတဦးနှင့် ဒုတိယ အိမ်ထောင်ပြုသည်။ တဖန် ဒုတိယ ဇနီးကွယ်လွန်ပြန်၍ ၁၈၄၆ ခုနှစ်တွင် မစ္စအမ္မလီချူးဗက် ဆိုသူနှင့် တတိယ အိမ်ထောင်ပြုလေသည်။ ကျန်ရစ်ခဲ့သောသားသမီးများအနက် သားဖြစ်သူ အက်ဒွပ် ဂျပ်ဆင်သည် ယုဒသန်၏ အတ္ထုပ္ပတ္တိကို ရေးခဲ့လေသည်။ ယခင်က ရန်ကုန်တက္ကသိုလ်တွင် အပါအဝင်ဖြစ်သော ဂျပ်ဆင်ကောလိပ်မှာ ယုဒသန်အထိမ်းအမှတ်ကျောင်းပင်ဖြစ်သည်။

မြန်မာစွယ်စုံကျမ်း အတွဲ ၁ဝ၊ (၁၉၆၆)
Burmese Encyclopedia Vol 10, P-433 (Publsihed in 1966)

Leave a Reply