ေဒါက္တာေစာေဝလွ ေျပာျပတဲ့ နာႏုိနည္းပညာ ဆုိသည္မွာ

Posted on

နာႏုိတကၠေနာ္ေလာ္ဂ်ီဆုိတာကေတာ့ တကၠေနာ္ေလာ္ဂ်ီဆုိတာကေတာ့ နည္းပညာေပါ႔၊ နာႏုိဆုိတာကေတာ့ အရြယ္အစားေပါ႔။ စေကးေပါ႔ခင္ဗ်ာ.. ဥပမာ. မုိက္ခ႐ုိဆုိတာကေတာ့ လူအမ်ားစုသိတာကေတာ့ မုိက္ခ႐ုိ ဆုိတာ အမႈန္ေလးေတြ အရမ္းငယ္တယ္၊ မုိက္ခ႐ုိလုိ႔ သိပါတယ္။ မုိက္ခ႐ုိဆုိတာက အဆ တစ္သန္းငယ္တာေပါ႔။ နာႏုိဆုိတာကေတာ့ အဆ တစ္ကုေဋပုိၿပီးေတာ့ ငယ္တဲ့ဟာကုိ က်ေနာ္တုိ႔ နာႏုိလုိ႔ ေခၚပါတယ္။

အဲဒီေတာ့ နာႏုိတကၠေနာ္ေလာ္ဂ်ီဆုိတဲ့ဟာက အရမ္းငယ္တဲ့ အက္တမ္လုိ ေမာ္လီက်ဴးေလာက္ အရြယ္အစားနဲ႔ ပတ္သက္တ့ဲ နည္းပညာေပါ႔၊ အဲဒီဟာကုိ က်ေနာ္တုိ႔ နာႏုိတကၠေနာ္ေလာ္ဂ်ီလုိ႔ ေခၚပါတယ္။ သိပၸံပညာရပ္ မ်ဳိးစုံအတြက္ နာႏုိတကၠေနာ္ေလာ္ဂ်ီနည္းပညာ ရွိပါတယ္။ ႐ူပေဗဒထဲမွာဆုိရင္ အက္တမ္တုိ႔ ေမာ္လီက်ဴးတုိ႔နဲ႔ လုပ္တယ္ဆုိရင္ နာႏုိတကၠေနာ္ေ လာ္ဂ်ီ၊ ဓာတုေဗဒထဲမွာလဲ နာႏုိတကၠေနာ္ေလာ္ဂ်ီ၊ အင္ဂ်င္နီယာရင္း မွာဆုိလည္း အီလက္ထေရာနစ္၊ မကၠနီကယ္ အင္ဂ်င္နီယာ စတဲ့ သက္ဆုိင္ရာ က႑အလုိက္ေတာ့အမ်ားႀကီးပဲေပါ႔။

အဲဒီမွာ ေသးငယ္တာေတြအားလုံးက နာႏုိတကၠေနာ္ေလာ္ဂ်ီထဲ ဝင္သြားပါတယ္။ အဲဒါအျပင္ ေဆးပညာရပ္ထဲမွာ နာႏုိမယ္ဒီဇင္းဆုိတာက နာႏုိတကၠေနာ္ေလာ္ဂ်ီကုိသုံးတဲ့ ေဆးပညာေပါ႔။ ေနာက္ဆုံးက ျပန္ၾကည့္တဲ့အခါက်ေတာ့ ကင္ဆာဆဲလ္ဆုိပါေတာ့ ကင္ဆာကေတာ့ နာႏုိမဟုတ္ပါဘူး။ မုိက္ခ႐ုိေပါ႔.. ဒါေပမယ့္ သူ႔ကုိ တုိက္ခုိက္ဖုိ႔ လုပ္တဲ့အခါက်ေတာ့ နာႏုိနဲပတ္သက္ၿပီး တီထြင္ထားတဲ့ ေဆးပညာေတြနဲ႔ ထိန္းခ်ဳပ္ၿပီးေတာ့ ကင္ဆာဆဲလ္ေတြကုိ သတ္ဖုိ႔အတြက္ တီထြင္ထားတာေတြကုိ နာႏုိမယ္ဒီဇင္လုိ႔ ေခၚပါတယ္။ ဆုိရရင္ေတာ့ အားလုံးက နာႏုိတကၠေနာ္ေလာ္ဂ်ီပါ။

နာႏုိတကၠေနာ္ေလာ္ဂ်ီမွာ ဘာသာရပ္ အမ်ားႀကီးပါ ပါတယ္။ ႐ူပေဗဒတုိ႔ ဓာတုေဗဒတုိ႔တင္ မကဘဲနဲ႔ အင္ဂ်င္နီယားရင္းဘက္ကလဲ ပါပါတယ္။နာႏုိတကၠေနာ္ေလာ္ဂ်ီဟာ တေန႔တျခား အေရးပါလာသလုိ စိတ္ဝင္စားမႈေတြလဲတုိးလာၾကပါတယ္။ ဘာ့ေၾကာင့္ပါလဲ…
နာႏုိတကၠေနာ္ေလာ္ဂ်ီက အခု စၿပီးေတာ့ သုံးေနၾကပါၿပီ။ အုိင္ဖုန္းေတြဆုိ စၿပီးေတာ့နာႏုိပုိင္းကုိ ဝင္ေနၿပီေပါ႔။ နာႏုိတကၠေနာ္ေလာ္ဂ်ီမွာ ကၽြန္ေတာ္တုိ႔ အဓိကအေနနဲ႔ ႏွစ္ပုိင္းခြဲထားပါတယ္။ ပထမတစ္ခုက Bottom Up လုိ႔ေခၚတဲ့ အက္တမ္လုိဟာကေန စၿပီးေတာ့တည္ေဆာက္တဲ့ဟာကုိ၊ ကၽြန္ေတာ္တုိ႔ ေအာက္ေျခကေနစၿပီး တည္ေဆာက္တဲ့ဟာ။

ေနာက္တစ္ခုက Top Down လုိ႔ေခၚတဲ့ အထက္ကေနၿပီးေတာ့ ေအာက္ကုိ ငယ္ေအာင္ လုပ္တဲ့ဟာေပါ႔။ Top Down Approach ဆုိတာက ဘာနဲ႔တူသလဲဆုိေတာ့ ႐ုပ္ထုေတြေဆာက္သလုိေပါ႔။ အတုံးႀကီးတစ္တုံးကေန လုိတဲ့ပုံေဖာ္တဲ့အခါ ေသးသြားသလုိေပါ႔။ အဲဒါကုိ Top Down လုိ႔ေခၚပါတယ္။ Bottom Up က်ေတာ့ လူသားေတြေပါ႔။ ကၽြန္ေတာ္တုိ႔က်ေတာ့ Bottom Up ပါ။ ကၽြန္ေတာ္တုိ႔ စတာက ကေလးေလးဘဝကေန စပါတယ္။ စေတာ့ တျဖည္းျဖည္းနဲ႔ ကၽြန္ေတာ္တုိ႔ႀကီလာတယ္ အဲဒီလုိမ်ဳိးကုိ Bottom Up လုိ႔ ေခၚပါတယ္။ ဆုိေတာ့ နာႏုိတကၠေနာ္ေလာ္ဂ်ီထဲမွာ Bottom Up နဲ႔ Top Down Approach ႏွစ္ခုေပါင္းၿပီး နည္းပညာအေနနဲ႔ တီထြင္ၾကတယ္ေပါ႔။

ဥပမာေျပာမယ္ဆုိရင္ နာႏုိတကၠေနာ္ေလာ္ဂ်ီနဲ႔ ပတ္သက္တဲ့ နည္းပညာေတြဆုိလုိ႔ရွိရင္ ဥပမာ ကြန္ပ်ဴတာနည္းပညာ။ ငယ္တယ္ဆုိတာက ဘာကုိေျပာတာလဲ ဆုိေတာ့ငယ္လုိ႔ရွိရင္ အမ်ားႀကီး ထည့္ႏုိင္တယ္ေပါ႔။ ကြန္ပ်ဴတာမွာဆုိရင္ သူ႔မွာရွိတဲ့ Memory,Harddisk Devices ေတြေပါ႔ေနာ္။ ေနရာက်ဥ္းက်ဥ္းေလး တစ္ခုထဲမွာ အမ်ားႀကီးကုိအားလုံးေပါင္းၿပီး ထည့္လုိ႔ရတယ္ေပါ႔။ အဲဒီလုိ အစိတ္အပုိင္းေတြ တစ္ခုခ်င္း တစ္ခုခ်င္းကုိ အားလုံးေပါင္းၿပီး အလုပ္လုပ္မယ္ဆုိရင္ ေနရာေသးေသးေလးမွာ အားလုံးေပါင္းၿပီး ထည့္ထားႏုိင္ေတာ့ ေနရာက်ဥ္းက်ဥ္းေလးနဲ႔ အလုပ္ေတြအမ်ားႀကီး ၿပီးႏုိင္ပါတယ္။ အဲဒါေၾကာင့္ နာႏုိတကၠေနာ္ေလာ္ဂ်ီက ေခတ္စားတာပါ။

နာႏုိနည္းပညာေၾကာင့္ ကြန္ပ်ဴတာသုံးစြဲမႈလဲ အဆင့္ဆင့္ တုိးတက္လာပါတယ္။ ကင္မရာလုိ ပစၥည္းမ်ဳိးကုိပါ သီးသန္႔ သယ္သြားစရာမလုိေတာ့ဘဲ လက္ကုိင္ဖုန္းနဲ႔တြဲၿပီး သုံးလုိ႔ရတဲ့အထိ ထြင္လာႏုိင္ၿပီျဖစ္ပါတယ္။ အုိင္ဖုန္းဆုိတာ ဥပမာအေနနဲ႔ ထင္ရွားေနပါၿပီ။ ဘာလုိ႔ဆုိေတာ့ လြန္ခဲ့တဲ့ ဆယ္ႏွစ္၊ ဆယ့္ငါးႏွစ္ေလာက္က ဆုိရင္ ကင္မရာကလဲ အႀကီးႀကီး၊ တယ္လီဖုန္းကလဲ အႀကီးႀကီး ကြန္ပ်ဴတာကလဲ အႀကီးႀကီး အဲဒါ ဟုိတုန္းကေပါ႔.. ခုေတာ့ အဲဒါေတြ အားလုံးကုိ တစ္မ်ဳိးေတာင္မဟုတ္ဘူး အားလုံးကုိ ေပါင္းလုိက္တဲ့ဟာက ေသးေသးေလး။ အိတ္ထဲမွာေတာင္ထည့္ၿပီး သည္သြားလုိ႔ရတယ္။

ဆုိလုိတာက အထဲထဲမွာရွိတဲ့ စက္ပစၥည္းေတြက ငယ္သြားတယ္။ ငယ္သြားတဲ့အတြက္ေၾကာင့္ ေနရာက်ဥ္းက်ဥ္းေလးထဲမွာ အမ်ားႀကီးထည့္ၿပီး အလုပ္လုပ္လုိ႔ရေအာင္ လုပ္သြားႏုိင္တဲ့အတြက္ေၾကာင့္ ပုိၿပီးေတာ့လဲ အစြမ္းထက္လာပါတယ္။ ခု ကၽြန္ေတာ္တုိ႔ သုေတသနလုပ္ေနတာေတြက မွန္းထားတယ္ေပါ႔။ ေနာက္လာမယ့္ ဆယ္ႏွစ္၊ ဆယ့္ငါးႏွစ္အတြင္းမွာ ထြက္ေပၚလာမဲ့ဟာေတြက ဘယ္ေလာက္စြမ္းပကားရွိမယ္ ဆုိတာကုိေတာင္ မွန္းဆဖုိ႔ ခက္ခဲေနပါတယ္။ ဘာလုိ႔လဲဆုိေတာ့ အုိင္ဖုန္းလုိဟာမ်ဳိး ဆမ္ေဆာင္းလုိဖုန္းမ်ဳိးေတြမွာေတာင္ ကၽြန္ေတာ္တုိ႔ တစ္ကမာၻလုံးမွာရွိတဲ့ စာၾကည့္တုိက္ေတြက စာအုပ္ေတြအားလုံး၊ အခ်က္အလက္ေတြအားလုံး ထည့္လုိ႔ရႏုိင္တဲ့အထိ တုိးတက္သြားႏုိင္ပါတယ္။

ကြန္ပ်ဴတာနည္းပညာလုိပဲ ေဆးပညာမွာလဲ နာႏုိတကၠေနာ္ေလာ္ဂ်ီနဲ႔ ထူးထူးျခားျခားအေျပာင္းအလဲေတြကုိ လုပ္ေပးႏုိင္ပါတယ္။ ေဆးပညာနဲ႔ပတ္သက္ၿပီးေတာ့ ေျပာမယ္ဆုိရင္ နာႏုိတကၠေနာ္ေလာ္ဂ်ီနဲ႔ အက္တမ္ေတြ ေမာ္လီက်ဴးေတြ တစ္လုံးခ်င္းစီ နားလည္လာႏုိင္မဲ့အျပင္ကုိ ကၽြန္ေတာ္တုိ႔ဟာ အဲဒီဟာေတြကုိ ျပန္လည္ၿပီးေတာ့ တည္ေဆာက္ႏုိင္တဲ့အတြက္ေၾကာင့္ ကၽြန္ေတာ္တုိ႔ ေဆးေတြကုိ ေဆာက္ႏုိင္မယ္။

ဥပမာ ဆုိပါစုိ႔ လူေပၚမူတည္ၿပီးေတာ့ လူတစ္ဦးခ်င္းစီလုိက္ၿပီးေတာ့ေတာင္ ေဆးဝါးေတြကုိ တီထြင္ထုတ္လုပ္လာႏုိင္ပါမယ္။ ဒီေဆးဟာ ဥပမာဆုိပါစုိ႔ ေမာင္ေရႊ႐ုိးနဲ႔ဆက္စပ္တယ္ဆုိ ေမာင္ေရႊ႐ုိးအတြက္ ေဆးကသပ္သပ္။ သူ႔အတြက္ကုိပဲ ေဆးက တီထြင္ထားတာ။ အဲဒီလုိမ်ဳိး တစ္ဦးခ်င္းစီကုိ မူတည္ၿပီးေတာ့ တည္ေဆာက္ႏုိင္မဲ့ ေဆးပညာေတြ ေပၚလာပါမယ္။ အဲလုိ ေပၚလာတဲ့အတြက္ေၾကာင့္ လူေတြကလည္း အသက္ေတြ ပုိၿပီးေတာ့ ရွည္လာၾကမွာျဖစ္သလုိ နည္းပညာေတြဟာလည္း ပုိၿပီးေတာ့ တုိးတက္လာမွာ ျဖစ္ပါတယ္။

ကၽြန္ေတာ္တုိ႔အေနနဲ႔ ဒါကုိ ဘယ္ေလာက္အထိ အက်ဳိးရွိႏုိင္တယ္ဆုိတာကေတာ့ မွန္းဆဖုိ႔ အရမ္းခက္ပါတယ္။ အက်ဳိးကေတာ့ အရမ္းကုိ မ်ားႏုိင္ပါတယ္။ အဲဒါေၾကာင့္လဲ အေမရိကန္၊ ဂ်ပန္၊ ဂ်ာမနီ အခုဆုိရင္ တ႐ုတ္ေပါ႔ေနာ္ အားလုံး အဲဒီႏုိင္ငံေတြက နာႏုိတကၠေနာ္ေလာ္ဂ်ီနဲ႔ ပတ္သက္ၿပီး ေငြေၾကးေျမာက္ျမားစြာ ျမွဳပ္ႏွံၿပီးေတာ့ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေလာက္ထဲက ထိပ္တန္းကုိ ေရာက္ သည္ထက္ ေရာက္ေအာင္ တုိးတက္သည္ထက္ တုိးတက္ေအာင္ အၿပဳိင္အဆုိင္ ႀကဳိးပမ္းေနၾကပါတယ္။ အေမရိကားမွာက်ေတာ့ ကြဲျပားမႈမရွိပါဘူး။ ဘာလုိ႔ဆုိေတာ့ ႐ူပေဗဒ၊ ဓာတုေဗဒ၊ ဘုိင္အုိ အင္ဂ်င္နီယားရင္း ဘာသာရပ္အကုန္လုံးက ေပါင္းၿပီးေတာ့ အလုပ္လုပ္ၾကပါတယ္။

အခုဆုိ ကၽြန္ေတာ္ရဲ႕သုေတသန အဖြဲ႕ထဲမွာဆုိ ကၽြန္ေတာ္က ေခါင္းေဆာင္ေပါ႔ေနာ္။ ကၽြန္ေတာ့္ရဲ႕လက္ေအာက္မွာ အီလက္ထေရာနစ္ အင္ဂ်င္နီယာရွိတယ္။ ဓာတုေဗဒ ပညာရွင္ေတြပါတယ္။ ႐ူပေဗဒ ပညာရွင္ေတြပါတယ္။ အားလုံးက ပါရဂူဘြဲ႕ ရၿပီးသားေတြပါ။ ကၽြန္ေတာ့္္လက္ေအာက္မွာ အေယာက္ ႏွစ္ဆယ္ေက်ာ္ရွိပါတယ္။ အဲလုိပညာရွင္ေတြအားလုံး ေပါင္းၿပီးေတာ့ ေရွ႕ကိုေရာက္ေအာင္ ႀကဳိးစားေနၾကတာပါ။

ကၽြန္ေတာ္တုိ႔က နာႏုိတကၠေနာ္ေလာ္ဂ်ီကုိ သုံးၿပီးေတာ့ အနာဂတ္ မ်ဳိးဆက္သစ္ဆုိတဲ့ ေရွ႕မွာလာမဲ့ ကြန္ပ်ဴတာ တကၠေနာ္ေလာ္ဂ်ီ၊ အင္ေဖာ္ေမးရွင္း တကၠေနာ္ေလာ္ဂ်ီ ေနာက္ၿပီးေတာ့ အီလက္ထေရာနစ္ ဆားကစ္ေတြမွာ ငယ္သည္ထက္ ငယ္လာေအာင္ သည့္ျပင္ကုိ စြမ္းအင္ကုိ အမ်ားႀကီးမသုံးဘဲနဲ႔ စြမ္းအင္ အသုံးနည္းႏုိင္သမွ် နည္းေအာင္ တီထြင္ၾကံဆေနၾကပါတယ္။

တစ္ခ်ိန္တည္းမွာပဲ ဆုိလာ အင္နာဂ်ီေပါ႔။ ေနကေနရတဲ့ စြမ္းအင္ကုိ လွ်ပ္စစ္စြမ္းအင္အျဖစ္ ေျပာင္းတယ္။ ၿပီးရင္ သုိေလွာင္တယ္။ အဲဒါကလဲ အားလုံးကုိ နာႏုိအရြယ္အစားထဲမွာပဲ ရေအာင္လုိ႔၊ ေနေရာင္ျခည္က ရတဲ့စြမ္းအင္ကုိ ေနရာငယ္ငယ္ေလးထဲမွာပဲ အသုံးခ်ႏုိင္ေအာင္ ကၽြန္ေတာ္တုိ႔က တီထြင္ၾကံဆေနၾကတာပဲျဖစ္ပါတယ္။

ေဒါက္တာေစာေဝလွ
VOA Burmese News

—————-

ဒေါက်တာစောဝေလှ ပြောပြတဲ့ နာနိုနည်းပညာ ဆိုသည်မှာ (unicode)

နာနိုတက္ကနော်လော်ဂျီဆိုတာကတော့ တက္ကနော်လော်ဂျီဆိုတာကတော့ နည်းပညာပေါ့၊ နာနိုဆိုတာကတော့ အရွယ်အစားပေါ့။ စကေးပေါ့ခင်ဗျာ.. ဥပမာ. မိုက်ခရိုဆိုတာကတော့ လူအများစုသိတာကတော့ မိုက်ခရို ဆိုတာ အမှုန်လေးတွေ အရမ်းငယ်တယ်၊ မိုက်ခရိုလို့ သိပါတယ်။ မိုက်ခရိုဆိုတာက အဆ တစ်သန်းငယ်တာပေါ့။ နာနိုဆိုတာကတော့ အဆ တစ်ကုဋေပိုပြီးတော့ ငယ်တဲ့ဟာကို ကျနော်တို့ နာနိုလို့ ခေါ်ပါတယ်။

အဲဒီတော့ နာနိုတက္ကနော်လော်ဂျီဆိုတဲ့ဟာက အရမ်းငယ်တဲ့ အက်တမ်လို မော်လီကျူးလောက် အရွယ်အစားနဲ့ ပတ်သက်တဲ့ နည်းပညာပေါ့၊ အဲဒီဟာကို ကျနော်တို့ နာနိုတက္ကနော်လော်ဂျီလို့ ခေါ်ပါတယ်။ သိပ္ပံပညာရပ် မျိုးစုံအတွက် နာနိုတက္ကနော်လော်ဂျီနည်းပညာ ရှိပါတယ်။ ရူပဗေဒထဲမှာဆိုရင် အက်တမ်တို့ မော်လီကျူးတို့နဲ့ လုပ်တယ်ဆိုရင် နာနိုတက္ကနော်ေ လာ်ဂျီ၊ ဓာတုဗေဒထဲမှာလဲ နာနိုတက္ကနော်လော်ဂျီ၊ အင်ဂျင်နီယာရင်း မှာဆိုလည်း အီလက်ထရောနစ်၊ မက္ကနီကယ် အင်ဂျင်နီယာ စတဲ့ သက်ဆိုင်ရာ ကဏ္ဍအလိုက်တော့အများကြီးပဲပေါ့။

အဲဒီမှာ သေးငယ်တာတွေအားလုံးက နာနိုတက္ကနော်လော်ဂျီထဲ ဝင်သွားပါတယ်။ အဲဒါအပြင် ဆေးပညာရပ်ထဲမှာ နာနိုမယ်ဒီဇင်းဆိုတာက နာနိုတက္ကနော်လော်ဂျီကိုသုံးတဲ့ ဆေးပညာပေါ့။ နောက်ဆုံးက ပြန်ကြည့်တဲ့အခါကျတော့ ကင်ဆာဆဲလ်ဆိုပါတော့ ကင်ဆာကတော့ နာနိုမဟုတ်ပါဘူး။ မိုက်ခရိုပေါ့.. ဒါပေမယ့် သူ့ကို တိုက်ခိုက်ဖို့ လုပ်တဲ့အခါကျတော့ နာနိုနဲပတ်သက်ပြီး တီထွင်ထားတဲ့ ဆေးပညာတွေနဲ့ ထိန်းချုပ်ပြီးတော့ ကင်ဆာဆဲလ်တွေကို သတ်ဖို့အတွက် တီထွင်ထားတာတွေကို နာနိုမယ်ဒီဇင်လို့ ခေါ်ပါတယ်။ ဆိုရရင်တော့ အားလုံးက နာနိုတက္ကနော်လော်ဂျီပါ။

နာနိုတက္ကနော်လော်ဂျီမှာ ဘာသာရပ် အများကြီးပါ ပါတယ်။ ရူပဗေဒတို့ ဓာတုဗေဒတို့တင် မကဘဲနဲ့ အင်ဂျင်နီယားရင်းဘက်ကလဲ ပါပါတယ်။နာနိုတက္ကနော်လော်ဂျီဟာ တနေ့တခြား အရေးပါလာသလို စိတ်ဝင်စားမှုတွေလဲတိုးလာကြပါတယ်။ ဘာ့ကြောင့်ပါလဲ…
နာနိုတက္ကနော်လော်ဂျီက အခု စပြီးတော့ သုံးနေကြပါပြီ။ အိုင်ဖုန်းတွေဆို စပြီးတော့နာနိုပိုင်းကို ဝင်နေပြီပေါ့။ နာနိုတက္ကနော်လော်ဂျီမှာ ကျွန်တော်တို့ အဓိကအနေနဲ့ နှစ်ပိုင်းခွဲထားပါတယ်။ ပထမတစ်ခုက Bottom Up လို့ခေါ်တဲ့ အက်တမ်လိုဟာကနေ စပြီးတော့တည်ဆောက်တဲ့ဟာကို၊ ကျွန်တော်တို့ အောက်ခြေကနေစပြီး တည်ဆောက်တဲ့ဟာ။

နောက်တစ်ခုက Top Down လို့ခေါ်တဲ့ အထက်ကနေပြီးတော့ အောက်ကို ငယ်အောင် လုပ်တဲ့ဟာပေါ့။ Top Down Approach ဆိုတာက ဘာနဲ့တူသလဲဆိုတော့ ရုပ်ထုတွေဆောက်သလိုပေါ့။ အတုံးကြီးတစ်တုံးကနေ လိုတဲ့ပုံဖော်တဲ့အခါ သေးသွားသလိုပေါ့။ အဲဒါကို Top Down လို့ခေါ်ပါတယ်။ Bottom Up ကျတော့ လူသားတွေပေါ့။ ကျွန်တော်တို့ကျတော့ Bottom Up ပါ။ ကျွန်တော်တို့ စတာက ကလေးလေးဘဝကနေ စပါတယ်။ စတော့ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ကြီလာတယ် အဲဒီလိုမျိုးကို Bottom Up လို့ ခေါ်ပါတယ်။ ဆိုတော့ နာနိုတက္ကနော်လော်ဂျီထဲမှာ Bottom Up နဲ့ Top Down Approach နှစ်ခုပေါင်းပြီး နည်းပညာအနေနဲ့ တီထွင်ကြတယ်ပေါ့။

ဥပမာပြောမယ်ဆိုရင် နာနိုတက္ကနော်လော်ဂျီနဲ့ ပတ်သက်တဲ့ နည်းပညာတွေဆိုလို့ရှိရင် ဥပမာ ကွန်ပျူတာနည်းပညာ။ ငယ်တယ်ဆိုတာက ဘာကိုပြောတာလဲ ဆိုတော့ငယ်လို့ရှိရင် အများကြီး ထည့်နိုင်တယ်ပေါ့။ ကွန်ပျူတာမှာဆိုရင် သူ့မှာရှိတဲ့ Memory,Harddisk Devices တွေပေါ့နော်။ နေရာကျဉ်းကျဉ်းလေး တစ်ခုထဲမှာ အများကြီးကိုအားလုံးပေါင်းပြီး ထည့်လို့ရတယ်ပေါ့။ အဲဒီလို အစိတ်အပိုင်းတွေ တစ်ခုချင်း တစ်ခုချင်းကို အားလုံးပေါင်းပြီး အလုပ်လုပ်မယ်ဆိုရင် နေရာသေးသေးလေးမှာ အားလုံးပေါင်းပြီး ထည့်ထားနိုင်တော့ နေရာကျဉ်းကျဉ်းလေးနဲ့ အလုပ်တွေအများကြီး ပြီးနိုင်ပါတယ်။ အဲဒါကြောင့် နာနိုတက္ကနော်လော်ဂျီက ခေတ်စားတာပါ။

နာနိုနည်းပညာကြောင့် ကွန်ပျူတာသုံးစွဲမှုလဲ အဆင့်ဆင့် တိုးတက်လာပါတယ်။ ကင်မရာလို ပစ္စည်းမျိုးကိုပါ သီးသန့် သယ်သွားစရာမလိုတော့ဘဲ လက်ကိုင်ဖုန်းနဲ့တွဲပြီး သုံးလို့ရတဲ့အထိ ထွင်လာနိုင်ပြီဖြစ်ပါတယ်။ အိုင်ဖုန်းဆိုတာ ဥပမာအနေနဲ့ ထင်ရှားနေပါပြီ။ ဘာလို့ဆိုတော့ လွန်ခဲ့တဲ့ ဆယ်နှစ်၊ ဆယ့်ငါးနှစ်လောက်က ဆိုရင် ကင်မရာကလဲ အကြီးကြီး၊ တယ်လီဖုန်းကလဲ အကြီးကြီး ကွန်ပျူတာကလဲ အကြီးကြီး အဲဒါ ဟိုတုန်းကပေါ့.. ခုတော့ အဲဒါတွေ အားလုံးကို တစ်မျိုးတောင်မဟုတ်ဘူး အားလုံးကို ပေါင်းလိုက်တဲ့ဟာက သေးသေးလေး။ အိတ်ထဲမှာတောင်ထည့်ပြီး သည်သွားလို့ရတယ်။

ဆိုလိုတာက အထဲထဲမှာရှိတဲ့ စက်ပစ္စည်းတွေက ငယ်သွားတယ်။ ငယ်သွားတဲ့အတွက်ကြောင့် နေရာကျဉ်းကျဉ်းလေးထဲမှာ အများကြီးထည့်ပြီး အလုပ်လုပ်လို့ရအောင် လုပ်သွားနိုင်တဲ့အတွက်ကြောင့် ပိုပြီးတော့လဲ အစွမ်းထက်လာပါတယ်။ ခု ကျွန်တော်တို့ သုတေသနလုပ်နေတာတွေက မှန်းထားတယ်ပေါ့။ နောက်လာမယ့် ဆယ်နှစ်၊ ဆယ့်ငါးနှစ်အတွင်းမှာ ထွက်ပေါ်လာမဲ့ဟာတွေက ဘယ်လောက်စွမ်းပကားရှိမယ် ဆိုတာကိုတောင် မှန်းဆဖို့ ခက်ခဲနေပါတယ်။ ဘာလို့လဲဆိုတော့ အိုင်ဖုန်းလိုဟာမျိုး ဆမ်ဆောင်းလိုဖုန်းမျိုးတွေမှာတောင် ကျွန်တော်တို့ တစ်ကမ္ဘာလုံးမှာရှိတဲ့ စာကြည့်တိုက်တွေက စာအုပ်တွေအားလုံး၊ အချက်အလက်တွေအားလုံး ထည့်လို့ရနိုင်တဲ့အထိ တိုးတက်သွားနိုင်ပါတယ်။

ကွန်ပျူတာနည်းပညာလိုပဲ ဆေးပညာမှာလဲ နာနိုတက္ကနော်လော်ဂျီနဲ့ ထူးထူးခြားခြားအပြောင်းအလဲတွေကို လုပ်ပေးနိုင်ပါတယ်။ ဆေးပညာနဲ့ပတ်သက်ပြီးတော့ ပြောမယ်ဆိုရင် နာနိုတက္ကနော်လော်ဂျီနဲ့ အက်တမ်တွေ မော်လီကျူးတွေ တစ်လုံးချင်းစီ နားလည်လာနိုင်မဲ့အပြင်ကို ကျွန်တော်တို့ဟာ အဲဒီဟာတွေကို ပြန်လည်ပြီးတော့ တည်ဆောက်နိုင်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ဆေးတွေကို ဆောက်နိုင်မယ်။

ဥပမာ ဆိုပါစို့ လူပေါ်မူတည်ပြီးတော့ လူတစ်ဦးချင်းစီလိုက်ပြီးတော့တောင် ဆေးဝါးတွေကို တီထွင်ထုတ်လုပ်လာနိုင်ပါမယ်။ ဒီဆေးဟာ ဥပမာဆိုပါစို့ မောင်ရွှေရိုးနဲ့ဆက်စပ်တယ်ဆို မောင်ရွှေရိုးအတွက် ဆေးကသပ်သပ်။ သူ့အတွက်ကိုပဲ ဆေးက တီထွင်ထားတာ။ အဲဒီလိုမျိုး တစ်ဦးချင်းစီကို မူတည်ပြီးတော့ တည်ဆောက်နိုင်မဲ့ ဆေးပညာတွေ ပေါ်လာပါမယ်။ အဲလို ပေါ်လာတဲ့အတွက်ကြောင့် လူတွေကလည်း အသက်တွေ ပိုပြီးတော့ ရှည်လာကြမှာဖြစ်သလို နည်းပညာတွေဟာလည်း ပိုပြီးတော့ တိုးတက်လာမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ဒါကို ဘယ်လောက်အထိ အကျိုးရှိနိုင်တယ်ဆိုတာကတော့ မှန်းဆဖို့ အရမ်းခက်ပါတယ်။ အကျိုးကတော့ အရမ်းကို များနိုင်ပါတယ်။ အဲဒါကြောင့်လဲ အမေရိကန်၊ ဂျပန်၊ ဂျာမနီ အခုဆိုရင် တရုတ်ပေါ့နော် အားလုံး အဲဒီနိုင်ငံတွေက နာနိုတက္ကနော်လော်ဂျီနဲ့ ပတ်သက်ပြီး ငွေကြေးမြောက်မြားစွာ မြှုပ်နှံပြီးတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ထဲက ထိပ်တန်းကို ရောက် သည်ထက် ရောက်အောင် တိုးတက်သည်ထက် တိုးတက်အောင် အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။ အမေရိကားမှာကျတော့ ကွဲပြားမှုမရှိပါဘူး။ ဘာလို့ဆိုတော့ ရူပဗေဒ၊ ဓာတုဗေဒ၊ ဘိုင်အို အင်ဂျင်နီယားရင်း ဘာသာရပ်အကုန်လုံးက ပေါင်းပြီးတော့ အလုပ်လုပ်ကြပါတယ်။

အခုဆို ကျွန်တော်ရဲ့သုတေသန အဖွဲ့ထဲမှာဆို ကျွန်တော်က ခေါင်းဆောင်ပေါ့နော်။ ကျွန်တော့်ရဲ့လက်အောက်မှာ အီလက်ထရောနစ် အင်ဂျင်နီယာရှိတယ်။ ဓာတုဗေဒ ပညာရှင်တွေပါတယ်။ ရူပဗေဒ ပညာရှင်တွေပါတယ်။ အားလုံးက ပါရဂူဘွဲ့ ရပြီးသားတွေပါ။ ကျွန်တော့်္လက်အောက်မှာ အယောက် နှစ်ဆယ်ကျော်ရှိပါတယ်။ အဲလိုပညာရှင်တွေအားလုံး ပေါင်းပြီးတော့ ရှေ့ကိုရောက်အောင် ကြိုးစားနေကြတာပါ။

ကျွန်တော်တို့က နာနိုတက္ကနော်လော်ဂျီကို သုံးပြီးတော့ အနာဂတ် မျိုးဆက်သစ်ဆိုတဲ့ ရှေ့မှာလာမဲ့ ကွန်ပျူတာ တက္ကနော်လော်ဂျီ၊ အင်ဖော်မေးရှင်း တက္ကနော်လော်ဂျီ နောက်ပြီးတော့ အီလက်ထရောနစ် ဆားကစ်တွေမှာ ငယ်သည်ထက် ငယ်လာအောင် သည့်ပြင်ကို စွမ်းအင်ကို အများကြီးမသုံးဘဲနဲ့ စွမ်းအင် အသုံးနည်းနိုင်သမျှ နည်းအောင် တီထွင်ကြံဆနေကြပါတယ်။

တစ်ချိန်တည်းမှာပဲ ဆိုလာ အင်နာဂျီပေါ့။ နေကနေရတဲ့ စွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းတယ်။ ပြီးရင် သိုလှောင်တယ်။ အဲဒါကလဲ အားလုံးကို နာနိုအရွယ်အစားထဲမှာပဲ ရအောင်လို့၊ နေရောင်ခြည်က ရတဲ့စွမ်းအင်ကို နေရာငယ်ငယ်လေးထဲမှာပဲ အသုံးချနိုင်အောင် ကျွန်တော်တို့က တီထွင်ကြံဆနေကြတာပဲဖြစ်ပါတယ်။

ဒေါက်တာစောဝေလှ
VOA Burmese News

Leave a Reply