ပလတ္စတစ္အိတ္တြင္ေမြး၍ ပလတ္စတစ္အိတ္အတြင္းမွာပဲ ေသခဲ့ရသူ

Posted on

၁၉၇၁ ခုႏွစ္ စက္တင္ဘာလ ၂၁ ရက္ေန႔မွာ ေမြးဖြားျပီး ေမြးရာ ပါ ေရာဂါျဖစ္တဲ့ SCID နဲ႔အတူ ေလာကထဲ ေရာက္ရွိလာပါတယ္။ တစ္ကမၻာမွာ ႏွစ္ေယာက္ေတာင္ ေတြ႔ဖို႔ခဲတဲ့ ေရာဂါ ျဖစ္ျပီး David Vetter (ေဒးဗတ္တာ) ကေတာ့ ေသဖို႔ ၾကိမ္းေသေနပါတယ္။

အေမရိကန္ႏိုင္ငံ၊ တကၠဆက္ျပည္နယ္၊ Montgomery ျမိဳ ႔မွာ ျဖစ္ျပီး ေမြးျပီး လပိုင္းနဲ႔တင္ တကၠဆက္ ကေလးေဆးရုံကုိ ေျပာင္းေရႊ ႔ေနထိုင္ ရပါတယ္။ SCID အမည္ရ ေရာဂါတစ္မ်ိဳးဟာ ခုခံအား လံုးဝ ထုတ္မေပးႏိုင္ တဲ့ ေရာဂါ ျဖစ္ပါတယ္။ ဒါေၾကာင့္ သဘာဝပတ္ဝန္းက်င္ ေလထုအေျခအေန၊ အစားအေသာက္မ်ားနဲ႔ လံုးဝထိေတြ႔လို႔ မရပါဘူး။

အျပင္ေလထုနဲ႔ ထိေတြ႔လိုက္ရင္ မိနစ္ပိုင္းအတြင္း ေသရေလာက္ေအာင္ အင္မတန္ ေၾကာက္စရာ ေကာင္းပါတယ္။ သာမန္လူတစ္ေယာက္ အာကာသ အျပင္ဘက္ကို ဘာမွ မပါပဲ ထြက္တာနဲ႔ အတူတူပဲလို႔ ဆုိပါတယ္။ သူ႔ရဲ ႔ရိုးတြင္းျခင္ဆီ က ေသြးျဖဴဥ၊ ေသြးနီဥ ထုတ္လုပ္ဖို႔ အလုပ္လုပ္ႏိုင္မွ သာ သာမန္လူ တစ္ေယာက္ ျဖစ္လာမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အလွဴရွင္ေပၚ ႏိုးႏိုး နဲ႔ ေစာင့္ဆုိင္းပါတယ္။ အမ်ိဳးအစားတူတဲ့ ရိုးတြင္းျခင္ဆီ ေတြ႔ဖို႔က စိန္ရွာတာထက္ကို ခဲယဥ္းပါတယ္။

ဒါေၾကာင့္ သူ႔အတြက္ ေဆးရံုမွာတင္ ပလတ္စတစ္ အိမ္ငယ္ ကေလး ျပဳလုပ္ေပးပါတယ္။ အေမရိကန္ နာဆာ မွလည္း သူ႔အတြက္ အျပင္ေလထုနဲ႔လံုးဝ မထိေတြ႔ႏိုင္တဲ့ ဝတ္ဆံုတစ္မ်ိဳး ဖန္တီး ေပးပါတယ္။ ဒီအတြက္ အေမရိက္ေဒၚလာ ၅ ေသာင္း သံုးစြဲ ခဲ့ရပါတယ္။ ၂၀၁၂ ေငြေၾကး တန္ဖိုးနဲ႔ တြက္ခ်က္ရင္ ေဒၚလာ ၂ သိန္း နီးပါး ျဖစ္ပါတယ္။ အျပင္ အနည္းငယ္ထြက္မိတဲ့ အေတြ႔အၾကံဳေၾကာင့္ ေၾကာက္လန္႔ စိတ္ဝင္ေန တဲ့ ေဒးဗစ္ဟာ အျပင္ထြက္ဖို႔ ျငင္းဆန္ခဲ့ ပါတယ္။

ဒီလိုနဲ႔ အသက္ ၁၂ ႏွစ္ဝန္းက်င္ခ်ိန္ထိ ေနလာေတာ့ ေဒးဗစ္ဟာ စိတ္ပံုမွန္ မရွိေတာ့ပါဘူး။ သူ႔အတြက္ ပညာသင္ၾကားမွု၊ ေဖ်ာ္ေျဖေရးတို႔ကို အတတ္ႏိုင္ဆံုး ျပဳလုပ္ေပးေပမယ့္ အလြယ္တကူ ေဒါသ ထြက္လြယ္ လာပါတယ္။ အေပါင္းအသင္းမရွိ၊ အထီးက်န္ဘဝ၊ ေလာင္အိမ္ ထဲက အေျခအေနတစ္ခုေၾကာင့္ စိတ္ေရာဂါလိုလို ျဖစ္လာပါတယ္။

ဒါေၾကာင့္ ေဆးပညာရွင္မ်ားဟာ ရိုးတြင္းျခင္ဆီ မတူလည္း အသက္ရွင္ရန္ ျဖစ္ႏိုင္တယ္လု႔ိ ယူဆျပီး အစားထိုးေပးခဲ့ပါတယ္။ မိဘမ်ား လည္း သေဘာတူျပီး စစခ်င္းမွာ ေကာင္းလာမယ့္လိ႔ု ယံုၾကည္ၾကပါတယ္။

ထင္သလို ျဖစ္မလာပါဘူး။ ရက္အနည္းငယ္အတြင္း အဖ်ားတက္လာျခင္း၊ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္လာျခင္း၊ ေသြးထြက္လြန္ျခင္းတို႔ ျဖစ္ျပီး အသက္ေသ ဆံုးသြားပါေတာ့တယ္။ ျပန္လည္ စစ္ေဆးၾကည့္လိုက္မိခ်ိန္ မွာေတာ့ အဓိက မွားယြင္းခ်က္က အမ်ိဳအစား မတူတဲ့ ရိုးတြင္းျခင္ဆီကို အစားထိုးေပး လိုက္မွုေၾကာင့္ ျဖစ္ပါတယ္။ ကမၻာေပၚနဲ႔ သူနဲ႔ ရိုးတြင္းျခင္ဆီ တူတဲ့ လူေတြ႔ဖို႔ဆုိတာကလည္း ရွာမွရွားပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေဒးဗစ္ တစ္ေယာက္ဟာ ေလွာင္အိမ္မွာေန၊ေလွာင္အိမ္မွာ အသက္ကုန္ဆံုးသြားရပါတယ္။

အသက္ ၁၂ ႏွစ္သား (၁၉၈၄၊ ေဖေဖာ္ဝါရီ ၂၂) မွာ ေသဆံုးျပီး Bubble boy ဟာ ကမၻာေက်ာ္တစ္ဦးျဖစ္ခဲ့ပါတယ္။ သူနဲ႔ အလားတူ ေရာဂါေဝဒနာ ခံစားရသူ ေနာက္ထပ္ ကေလးတစ္ဦးလည္း ရွိပါေသးတယ္။ သု႔ိေပမယ့္ ေရာဂါအမ်ိဳးအစားက မတူပါဘူး။ Aplastic anemia လို႔ေခၚျပီး သူလည္း ပလတ္စတစ္ အိမ္မွာသာ ေနလို႔ရတဲ့ ေရာဂါျဖစ္ပါတယ္။ သူလည္း ပလတ္စတစ္အိမ္ထဲ ၈ ႏွစ္ေက်ာ္ၾကာေနထိုင္ျပီး အသက္ေသဆံုးသြား ရသူ ျဖစ္ပါတယ္။

ေဒးဗစ္က လူပိုသိမ်ားပါတယ္။ သူ႔အတြက္နဲ႔တင္ အေမရိကန္အစိုးရက အေမရိကန္ေဒၚလာ ၁.၃ သန္း အသံုးျပဳခဲ့ရပါတယ္။ ယေန႔ေငြေၾကး တန္ဖိုးနဲ႔ တြက္ခ်က္ရင္ ေဒၚလာ ၅ သန္း မကပါဘူး။ ဒီေလာက္ ရင္းႏွီးခဲ့တာေတာင္ SCID ကို ကုသႏိုင္မယ့္ နည္းလမ္း မေတြ႔ရွိခဲ့ပါဘူး။ Bubble Boy အမည္နဲ႔ ရိုက္ကူးခဲ့တ့ဲ ရုပ္ရွင္လည္း ကမၻာေက်ာ္သြားရပါတယ္။

ပိုးသတ္ျပီး သဘာဝေလထုနဲ႔ပိုင္းျခားထားတဲ့ ပလတ္စတစ္အိမ္မွာေနျပီး ယင္း ပလတ္စတစ္အိမ္မွာပဲ ဘ၀တစ္ခု ကုန္ဆုံးသြားရတဲ့ ေဒးဗစ္ရဲ ႔ ဇာတ္လမ္းကေတာ့ ဝမ္းနည္း စရာ တစ္ခုအျဖစ္ က်န္ရွိခဲ့ပါတယ္။

Via; International News For Myanmar

—————

ပလတ်စတစ်အိတ်တွင်မွေး၍ ပလတ်စတစ်အိတ်အတွင်းမှာပဲ သေခဲ့ရသူ (unicode)

၁၉၇၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှာ မွေးဖွားပြီး မွေးရာ ပါ ရောဂါဖြစ်တဲ့ SCID နဲ့အတူ လောကထဲ ရောက်ရှိလာပါတယ်။ တစ်ကမ္ဘာမှာ နှစ်ယောက်တောင် တွေ့ဖို့ခဲတဲ့ ရောဂါ ဖြစ်ပြီး David Vetter (ဒေးဗတ်တာ) ကတော့ သေဖို့ ကြိမ်းသေနေပါတယ်။

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ Montgomery မြို့မှာ ဖြစ်ပြီး မွေးပြီး လပိုင်းနဲ့တင် တက္ကဆက် ကလေးဆေးရုံကို ပြောင်းရွှေ့နေထိုင် ရပါတယ်။ SCID အမည်ရ ရောဂါတစ်မျိုးဟာ ခုခံအား လုံးဝ ထုတ်မပေးနိုင် တဲ့ ရောဂါ ဖြစ်ပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင် လေထုအခြေအနေ၊ အစားအသောက်များနဲ့ လုံးဝထိတွေ့လို့ မရပါဘူး။

အပြင်လေထုနဲ့ ထိတွေ့လိုက်ရင် မိနစ်ပိုင်းအတွင်း သေရလောက်အောင် အင်မတန် ကြောက်စရာ ကောင်းပါတယ်။ သာမန်လူတစ်ယောက် အာကာသ အပြင်ဘက်ကို ဘာမှ မပါပဲ ထွက်တာနဲ့ အတူတူပဲလို့ ဆိုပါတယ်။ သူ့ရဲ့ရိုးတွင်းခြင်ဆီ က သွေးဖြူဥ၊ သွေးနီဥ ထုတ်လုပ်ဖို့ အလုပ်လုပ်နိုင်မှ သာ သာမန်လူ တစ်ယောက် ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အလှူရှင်ပေါ် နိုးနိုး နဲ့ စောင့်ဆိုင်းပါတယ်။ အမျိုးအစားတူတဲ့ ရိုးတွင်းခြင်ဆီ တွေ့ဖို့က စိန်ရှာတာထက်ကို ခဲယဉ်းပါတယ်။

ဒါကြောင့် သူ့အတွက် ဆေးရုံမှာတင် ပလတ်စတစ် အိမ်ငယ် ကလေး ပြုလုပ်ပေးပါတယ်။ အမေရိကန် နာဆာ မှလည်း သူ့အတွက် အပြင်လေထုနဲ့လုံးဝ မထိတွေ့နိုင်တဲ့ ဝတ်ဆုံတစ်မျိုး ဖန်တီး ပေးပါတယ်။ ဒီအတွက် အမေရိက်ဒေါ်လာ ၅ သောင်း သုံးစွဲ ခဲ့ရပါတယ်။ ၂၀၁၂ ငွေကြေး တန်ဖိုးနဲ့ တွက်ချက်ရင် ဒေါ်လာ ၂ သိန်း နီးပါး ဖြစ်ပါတယ်။ အပြင် အနည်းငယ်ထွက်မိတဲ့ အတွေ့အကြုံကြောင့် ကြောက်လန့် စိတ်ဝင်နေ တဲ့ ဒေးဗစ်ဟာ အပြင်ထွက်ဖို့ ငြင်းဆန်ခဲ့ ပါတယ်။

ဒီလိုနဲ့ အသက် ၁၂ နှစ်ဝန်းကျင်ချိန်ထိ နေလာတော့ ဒေးဗစ်ဟာ စိတ်ပုံမှန် မရှိတော့ပါဘူး။ သူ့အတွက် ပညာသင်ကြားမှု၊ ဖျော်ဖြေရေးတို့ကို အတတ်နိုင်ဆုံး ပြုလုပ်ပေးပေမယ့် အလွယ်တကူ ဒေါသ ထွက်လွယ် လာပါတယ်။ အပေါင်းအသင်းမရှိ၊ အထီးကျန်ဘဝ၊ လောင်အိမ် ထဲက အခြေအနေတစ်ခုကြောင့် စိတ်ရောဂါလိုလို ဖြစ်လာပါတယ်။ ဒါကြောင့် ဆေးပညာရှင်များဟာ ရိုးတွင်းခြင်ဆီ မတူလည်း အသက်ရှင်ရန် ဖြစ်နိုင်တယ်လို့ ယူဆပြီး အစားထိုးပေးခဲ့ပါတယ်။ မိဘများ လည်း သဘောတူပြီး စစချင်းမှာ ကောင်းလာမယ့်လို့ ယုံကြည်ကြပါတယ်။

ထင်သလို ဖြစ်မလာပါဘူး။ ရက်အနည်းငယ်အတွင်း အဖျားတက်လာခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်လာခြင်း၊ သွေးထွက်လွန်ခြင်းတို့ ဖြစ်ပြီး အသက်သေ ဆုံးသွားပါတော့တယ်။ ပြန်လည် စစ်ဆေးကြည့်လိုက်မိချိန် မှာတော့ အဓိက မှားယွင်းချက်က အမျိုအစား မတူတဲ့ ရိုးတွင်းခြင်ဆီကို အစားထိုးပေး လိုက်မှုကြောင့် ဖြစ်ပါတယ်။ ကမ္ဘာပေါ်နဲ့ သူနဲ့ ရိုးတွင်းခြင်ဆီ တူတဲ့ လူတွေ့ဖို့ဆိုတာကလည်း ရှာမှရှားပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒေးဗစ် တစ်ယောက်ဟာ လှောင်အိမ်မှာနေ၊လှောင်အိမ်မှာ အသက်ကုန်ဆုံးသွားရပါတယ်။

အသက် ၁၂ နှစ်သား (၁၉၈၄၊ ဖေဖော်ဝါရီ ၂၂) မှာ သေဆုံးပြီး Bubble boy ဟာ ကမ္ဘာကျော်တစ်ဦးဖြစ်ခဲ့ပါတယ်။ သူနဲ့ အလားတူ ရောဂါဝေဒနာ ခံစားရသူ နောက်ထပ် ကလေးတစ်ဦးလည်း ရှိပါသေးတယ်။ သို့ပေမယ့် ရောဂါအမျိုးအစားက မတူပါဘူး။ Aplastic anemia လို့ခေါ်ပြီး သူလည်း ပလတ်စတစ် အိမ်မှာသာ နေလို့ရတဲ့ ရောဂါဖြစ်ပါတယ်။ သူလည်း ပလတ်စတစ်အိမ်ထဲ ၈ နှစ်ကျော်ကြာနေထိုင်ပြီး အသက်သေဆုံးသွား ရသူ ဖြစ်ပါတယ်။

ဒေးဗစ်က လူပိုသိများပါတယ်။ သူ့အတွက်နဲ့တင် အမေရိကန်အစိုးရက အမေရိကန်ဒေါ်လာ ၁.၃ သန်း အသုံးပြုခဲ့ရပါတယ်။ ယနေ့ငွေကြေး တန်ဖိုးနဲ့ တွက်ချက်ရင် ဒေါ်လာ ၅ သန်း မကပါဘူး။ ဒီလောက် ရင်းနှီးခဲ့တာတောင် SCID ကို ကုသနိုင်မယ့် နည်းလမ်း မတွေ့ရှိခဲ့ပါဘူး။ Bubble Boy အမည်နဲ့ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်လည်း ကမ္ဘာကျော်သွားရပါတယ်။

ပိုးသတ်ပြီး သဘာဝလေထုနဲ့ပိုင်းခြားထားတဲ့ ပလတ်စတစ်အိမ်မှာနေပြီး ယင်း ပလတ်စတစ်အိမ်မှာပဲ ဘဝတစ်ခု ကုန်ဆုံးသွားရတဲ့ ဒေးဗစ်ရဲ့ ဇာတ်လမ်းကတော့ ဝမ်းနည်း စရာ တစ်ခုအဖြစ် ကျန်ရှိခဲ့ပါတယ်။

Via; International News For Myanmar

Leave a Reply