နည္းပညာ တီထြင္မႈၿပဳိင္ပြဲမွာ ပထမဆုရခဲ့တဲ့ ရတနာပုံဆုိက္ဘာစီးတီးအဖြဲ႔

Posted on

အေမရိကန္ Texas ျပည္နယ္ Austin ၿမဳိ႕မွာ က်င္းပတဲ့ VentureWell OPEN 2018  နည္းပညာ တီထြင္မႈၿပဳိင္ပြဲမွာ ျမန္မာႏုိင္ငံက ရတနာပုံဆုိက္ဘာစီးတီး ေက်ာင္းသားအဖြဲ႔ဟာ Texas A&M တကၠသိုလ္အဖြဲ႔နဲ႔ေပါင္းကာ ပထမဆုကို ရရွိခဲ့ျခင္းျဖစ္ပါတယ္။

ဒီအဖြဲ႔ဟာ ၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလက Texas A&M တကၠသုိလ္မွာ “ကမာၻေျမအတြက္တီထြင္ပါ” ( Invent for the Planet) ဆုိတဲ့ ၿပဳိင္ပြဲမွာ ၀င္ေရာက္ယွဥ္ျပဳိင္ခဲ့ပါတယ္။ အဲဒီၿပဳိင္ပြဲကုိ ႏုိင္ငံေပါင္း ၁၅ႏုိင္ငံက ေက်ာင္းသားေပါင္း ၄၀၀ ေက်ာ္ ၀င္ေရာက္ယွဥ္ၿပဳိင္ခဲ့ပါတယ္။ ဒီၿပဳိင္ပြဲမွာ ကမာၻ႔စြမ္းအင္ ၊ စြန္႔ပစ္ပစၥည္း စီမံခန္႔ခြဲမႈ နဲ႔ ေဆးပညာရပ္ဆုိင္ရာ ျပသနာေတြကို နည္းပညာနဲ႔ ေျဖရွင္းျပရမွာျဖစ္ပါတယ္။

အဲဒီပြဲမွာ ျမန္မာႏုိင္ငံ မႏၱေလးရတနာပုံ ဆုိက္ဘာစီးတီးက ဗန္လားရြတ္(Van Lar Ruat)၊ သီရိကိုကို၊ ဟိန္းေဒြးစံ၊ ထက္ေဝလင္း၊ ေႏွာင္းသက္ထားေဝ တုိ႔ ၅ဦးဟာ Edu-LIGHTER ဆုိတဲ့အဖြဲ႔နာမည္ နဲ႔ ၀င္ေရာက္ယွဥ္ၿပဳိင္ခဲ့ပါတယ္။ သူတုိ႔အဖြဲ႔ဟာ လွ်ပ္စစ္စြမ္းအင္ ထုတ္ေပးႏုိင္တဲ့ အပ္ခ်ဳပ္စက္တစ္လုံးကို ၄၈နာရီအတြင္း တီထြင္ႏုိင္ခဲ့ပါတယ္။ တန္ဖုိးအေနနဲ႔ကလည္း ၂၂ေဒၚလာ သာ ကုန္က်ခဲ့ပါတယ္။ ဒါကို တီထြင္ခဲ့ရျခင္းကေတာ့ လွ်ပ္စစ္စြမ္းအင္မရရွိေသးတဲ့သူေတြအတြက္ လြယ္လြယ္နဲ႔ လွ်ပ္စစ္စြမ္းအင္ကို ရရွိေစႏုိင္ဖုိ႔ သူတုိ႔ႀကဳိးစားခဲ့ၾကတာျဖစ္ပါတယ္။

ဒီပြဲမွာ သူတုိ႔ Edu-LIGHTER အဖြဲ႔ဟာ ဒုတိယဆု ရရွိခဲ့ပါတယ္။ ပထမဆုကိုေတာ့ အိမ္ရွင္  Texas A&M တကၠသုိလ္က Illumi-Nite အဖြဲ႔က ရရွိခဲ့ပါတယ္။ Illumi-Nite အဖြဲ႔ရဲ႕ တီထြင္မႈကေတာ့ ပလတ္စတစ္ ေရဗူးစတဲ့ စြန္ ့ပစ္ပစၥည္းေတြသံုးျပီး LED နဲ႔ အလင္းစြမ္းအင္ကို ထုတ္ေပးတဲ့တီထြင္မႈ ျဖစ္ပါတယ္။ ဒီတီထြင္မႈဟာ အလင္းကို ထိထိေရာက္ေရာက္ ထုတ္လုပ္ေပးကာ အေလအလြင့္လည္း နည္းေစတဲ့ တီထြင္မႈ ျဖစ္ပါတယ္။

Invent For The Planet ပြဲမွာ ပထမ နဲ႔ ဒုတိယ ရခဲ့တဲ့ Texas နဲ႔ ရတနာပုံ ဆုိက္ဘာစီးတီး အဖြဲ႔ႏွစ္ဖြဲ႔ဟာ EDU-LITE ဆုိတဲ့ နာမည္နဲ႔ အဖြဲ႔တစ္ခု အျဖစ္ပူးေပါင္းခဲ့ပါတယ္။ သူတုိ႔ႏွစ္ဖြဲ႔ရဲ႕ တီထြင္မႈဟာ ဆက္စပ္ေနတဲ့အတြက္ ဒီႏွစ္ဖြဲ႔ကုိ ပူးေပါင္းကာ  ေက်ာင္းသားေတြရဲ့ သိပၸံသုေတသန တီထြင္မႈကို ေစ်းကြက္တင္ႏုိင္ဖုိ႔ ႏွစ္စဥ္က်င္းပေနၾကျဖစ္တဲ့ OPEN Minds Conference မွာ ၀င္ေရာက္ယွဥ္ၿပဳိင္ခဲ့တာျဖစ္ပါတယ္။

Open Mind ပြဲမွာေတာ့ ကမာၻေက်ာ္ တကၠသုိလ္ေတြျဖစ္တဲ့ Stanford ၊ Johns Hopkins နဲ႔ UC Barkley စတဲ့ တကၠသုိလ္မွ ေက်ာင္းသားေတြလည္း ၀င္ေရာက္ယွဥ္ၿပဳိင္ခဲ့ပါတယ္။ ဒီလုိ၀င္ေရာက္ယွဥ္ၿပဳိင္ခဲ့ေပမယ့္ EDU-LITE အဖြဲ႔ဟာ အခ်ိန္ တစ္ပတ္၀န္းက်င္ပဲ ရခဲ့ပါတယ္။ ဒါေပမယ့္ ဒီလုိ အခက္အခဲေတြၾကားကပဲ EDU-LITE အဖြဲ႔ဟာ ပထမဆုကို ရရွိခဲ့ပါတယ္။

ဒီပြဲကုိ တက္ေရာက္လာတဲ့ ရင္းႏွီးျမဳပ္ႏွံသူေတြအတြက္ ကိုယ္ႀကဳိက္ႏွစ္သက္ရာတီထြင္မႈကို မဲေပးဖို႔ Venture Bucks ေဒၚလာ ၃သန္း စီရရွိခဲ့ပါတယ္။ Venture Bucks ဆုိတာ တကယ့္ေငြအစစ္မဟုတ္ပဲ နွစ္သက္ရာအသင္းကို မဲေပးတဲ့ ေငြေၾကးပမာဏ ျဖစ္ပါတယ္။ ပြဲအၿပီးမွာေတာ့ EDU-LITE အဖြဲ႔ဟာ Venture Bucks ရင္းႏွီးျမဳပ္ႏွံေငြ ေဒၚလာ ၇၅ သန္းအထိ ရရွိခဲ့ၿပီး အျခားအသင္းေတြကို အျပတ္အသတ္အႏုိင္ရရွိခဲ့ပါတယ္။ 

ပထမဆု အေနနဲ႔ ခ်ီးျမွင့္ေငြ ေဒၚလာ ၃၀၀၀ ကို ရရွိခဲ့ပါတယ္။ ေဒၚလာ ၃၀၀၀ ဆုိတာ မ်ားျပားတဲ့ ေငြပမာဏ မဟုတ္ေပမယ့္ ကိုယ့္ျမန္မာျပည္က လူငယ္ ေက်ာင္းသား အဖြဲ႔တစ္ဖြဲ႔ အေနနဲ႔ ဒီလုိ စြမ္းေဆာင္ျပခဲ့တာကေတာ့ ဂုဏ္ယူစရာ ျဖစ္ရပ္ပါပဲ။

Ref & Photos :
Invent Across the Planet: Yatanarpon Students Win in Texas – Phyo Thura Htay
With $22, Bright Students from Burma Shine and Innovate – Medium

——————–

နည်းပညာ တီထွင်မှုပြိုင်ပွဲမှာ ပထမဆုရခဲ့တဲ့ ရတနာပုံဆိုက်ဘာစီးတီးအဖွဲ့ (unicode)

အမေရိကန် Texas ပြည်နယ် Austin မြို့မှာ ကျင်းပတဲ့ VentureWell OPEN 2018  နည်းပညာ တီထွင်မှုပြိုင်ပွဲမှာ မြန်မာနိုင်ငံက ရတနာပုံဆိုက်ဘာစီးတီး ကျောင်းသားအဖွဲ့ဟာ Texas A&M တက္ကသိုလ်အဖွဲ့နဲ့ပေါင်းကာ ပထမဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလက Texas A&M တက္ကသိုလ်မှာ “ကမ္ဘာမြေအတွက်တီထွင်ပါ” ( Invent for the Planet) ဆိုတဲ့ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲကို နိုင်ငံပေါင်း ၁၅နိုင်ငံက ကျောင်းသားပေါင်း ၄၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ကမ္ဘာ့စွမ်းအင် ၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု နဲ့ ဆေးပညာရပ်ဆိုင်ရာ ပြသနာတွေကို နည်းပညာနဲ့ ဖြေရှင်းပြရမှာဖြစ်ပါတယ်။

အဲဒီပွဲမှာ မြန်မာနိုင်ငံ မန္တလေးရတနာပုံ ဆိုက်ဘာစီးတီးက ဗန်​လားရွတ်(Van Lar Ruat)၊ သီရိကိုကို၊ ဟိန်းဒွေးစံ၊ ထက်ဝေလင်း၊ နှောင်းသက်ထားဝေ တို့ ၅ဦးဟာ Edu-LIGHTER ဆိုတဲ့အဖွဲ့နာမည် နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ လျှပ်စစ်စွမ်းအင် ထုတ်ပေးနိုင်တဲ့ အပ်ချုပ်စက်တစ်လုံးကို ၄၈နာရီအတွင်း တီထွင်နိုင်ခဲ့ပါတယ်။ တန်ဖိုးအနေနဲ့ကလည်း ၂၂ဒေါ်လာ သာ ကုန်ကျခဲ့ပါတယ်။ ဒါကို တီထွင်ခဲ့ရခြင်းကတော့ လျှပ်စစ်စွမ်းအင်မရရှိသေးတဲ့သူတွေအတွက် လွယ်လွယ်နဲ့ လျှပ်စစ်စွမ်းအင်ကို ရရှိစေနိုင်ဖို့ သူတို့ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲမှာ သူတို့ Edu-LIGHTER အဖွဲ့ဟာ ဒုတိယဆု ရရှိခဲ့ပါတယ်။ ပထမဆုကိုတော့ အိမ်ရှင်  Texas A&M တက္ကသိုလ်က Illumi-Nite အဖွဲ့က ရရှိခဲ့ပါတယ်။ Illumi-Nite အဖွဲ့ရဲ့ တီထွင်မှုကတော့ ပလတ်စတစ် ရေဗူးစတဲ့ စွန့်ပစ်ပစ္စည်းတွေသုံးပြီး LED နဲ့ အလင်းစွမ်းအင်ကို ထုတ်ပေးတဲ့တီထွင်မှု ဖြစ်ပါတယ်။ ဒီတီထွင်မှုဟာ အလင်းကို ထိထိရောက်ရောက် ထုတ်လုပ်ပေးကာ အလေအလွင့်လည်း နည်းစေတဲ့ တီထွင်မှု ဖြစ်ပါတယ်။

Invent For The Planet ပွဲမှာ ပထမ နဲ့ ဒုတိယ ရခဲ့တဲ့ Texas နဲ့ ရတနာပုံ ဆိုက်ဘာစီးတီး အဖွဲ့နှစ်ဖွဲ့ဟာ EDU-LITE ဆိုတဲ့ နာမည်နဲ့ အဖွဲ့တစ်ခု အဖြစ်ပူးပေါင်းခဲ့ပါတယ်။ သူတို့နှစ်ဖွဲ့ရဲ့ တီထွင်မှုဟာ ဆက်စပ်နေတဲ့အတွက် ဒီနှစ်ဖွဲ့ကို ပူးပေါင်းကာ  ကျောင်းသားတွေရဲ့ သိပ္ပံသုတေသန တီထွင်မှုကို ဈေးကွက်တင်နိုင်ဖို့ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ OPEN Minds Conference မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

Open Mind ပွဲမှာတော့ ကမ္ဘာကျော် တက္ကသိုလ်တွေဖြစ်တဲ့ Stanford ၊ Johns Hopkins နဲ့ UC Barkley စတဲ့ တက္ကသိုလ်မှ ကျောင်းသားတွေလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီလိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် EDU-LITE အဖွဲ့ဟာ အချိန် တစ်ပတ်ဝန်းကျင်ပဲ ရခဲ့ပါတယ်။ ဒါပေမယ့် ဒီလို အခက်အခဲတွေကြားကပဲ EDU-LITE အဖွဲ့ဟာ ပထမဆုကို ရရှိခဲ့ပါတယ်။
ဒီပွဲကို တက်ရောက်လာတဲ့ ရင်းနှီးမြုပ်နှံသူတွေအတွက် ကိုယ်ကြိုက်နှစ်သက်ရာတီထွင်မှုကို မဲပေးဖို့ Venture Bucks ဒေါ်လာ ၃သန်း စီရရှိခဲ့ပါတယ်။ Venture Bucks ဆိုတာ တကယ့်ငွေအစစ်မဟုတ်ပဲ နှစ်သက်ရာအသင်းကို မဲပေးတဲ့ ငွေကြေးပမာဏ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ EDU-LITE အဖွဲ့ဟာ Venture Bucks ရင်းနှီးမြုပ်နှံငွေ ဒေါ်လာ ၇၅ သန်းအထိ ရရှိခဲ့ပြီး အခြားအသင်းတွေကို အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။

ပထမဆု အနေနဲ့ ချီးမြှင့်ငွေ ဒေါ်လာ ၃၀၀၀ ကို ရရှိခဲ့ပါတယ်။ ဒေါ်လာ ၃၀၀၀ ဆိုတာ များပြားတဲ့ ငွေပမာဏ မဟုတ်ပေမယ့် ကိုယ့်မြန်မာပြည်က လူငယ် ကျောင်းသား အဖွဲ့တစ်ဖွဲ့ အနေနဲ့ ဒီလို စွမ်းဆောင်ပြခဲ့တာကတော့ ဂုဏ်ယူစရာ ဖြစ်ရပ်ပါပဲ။

Ref:
Invent Across the Planet: Yatanarpon Students Win in Texas – Phyo Thura Htay
With $22, Bright Students from Burma Shine and Innovate – Medium

Leave a Reply