ေျမာင္ဇီးလူမ်ဳိး တုိ႔အေၾကာင္း သိေကာင္းစရာ

Posted on

ေရးသားသူ – မိုင္းေနာ္ရိန္း(လူမႈဘဝ)

ေျမာင္ဇီးလူမ်ဳိးမ်ား၏ သမိုင္းအက်ဥ္း

ေျမာင္ဇီးလူမ်ဳိးမ်ားသည္ ေကြ႕က်င္နယ္ရွိ မြန္ဂိုလီးယားမ်ဳိးႏြယ္မ်ားျဖစ္ပါသည္။ လြန္ခဲ့ ေသာႏွစ္ေပါင္း ၂၅ဝ ေက်ာ္မွစ၍ အေၾကာင္း အမ်ဳိးမ်ဳိးေၾကာင့္ ကိုးကန္႔တို႔ေနထိုင္ရာ တာေရႊထန္၊ က်ာတိေမာ္၊ ရဲညိဳပါး၊ ပါးေဝး၊ မန္ေလာ့၊ ပါမာခ်န္းေဒသတို႔တြင္ စတင္အေျခခ် ေနထိုင္ခဲ့ၾကသည္။ ထိုမွတစ္ဖန္ ဆုံကန္၊ မာလီပါး၊ ႐ႈတ္တင္ပါး၊ ကာမိန္း၊ သိန္းနီေဒသ မ်ားတြင္ အနည္းငယ္စီသို႔ အေျခခ်ေနထိုင္ လာခဲ့ၾကသည္။ ထို႔ေနာက္ က်န္ရွိေသာ မ်ဳိးႏြယ္စုေဆြမ်ဳိးမ်ားပါလိုက္လာၾကၿပီး အဆိုပါ ေဒသမ်ားတြင္ ေျပာင္းေရႊ႕အေျခခ်ေနထိုင္လာ ၾကသည္။ ေျမာင္ဇီးလူမ်ဳိးမ်ားသည္ စစ္႐ႈံး ေသာေၾကာင့္ စစ္၏ဒဏ္ကို လြန္စြာေၾကာက္ရြံ႕ ကာ ေတာင္ေပၚေဒသမ်ားတြင္ ေအးခ်မ္းစြာ ေနထိုင္ခဲ့ၾကသည္။

ေတာင္ယာလုပ္ငန္းကို ႐ိုးသားစြာလုပ္ကိုင္ျခင္း၊ အမဲလိုက္ျခင္း၊ ေမြးျမဴ ေရးလုပ္ငန္းမ်ားျဖင့္ လုပ္ကိုင္စားေသာက္ၾက သည္။ ေျမာင္ဇီးဟူေသာ အေခၚအေဝၚမွာ တ႐ုတ္လူမ်ဳိးမ်ားက ေခၚေဝၚေသာ အမည္နာမ ျဖစ္ၿပီး ေျမာင္ဇီးလူမ်ဳိးမ်ားက မိမိကိုယ္ကို”မႈန္႔” လူမ်ဳိးဟု ဆိုၾကသည္။ ေျမာင္ဇီးလူမ်ဳိးမ်ားသည္ ကြမ္းလုံၿမိဳ႕နယ္ ကာမိုင္းေဒသတြင္ အမ်ားဆုံး ေနထိုင္ၾကၿပီး ေနာင္ခ်ဳိၿမိဳ႕နယ္၊ ဟိုပန္ၿမိဳ႕နယ္၊ ေလာက္ကိုင္ၿမိဳ႕နယ္၊ မိုးကုတ္ၿမိဳ႕နယ္၊ မိုင္း ေနာင္ၿမိဳ႕နယ္၊ ဝမ္းစိမ္းၿမိဳ႕နယ္ႏွင့္ လား႐ႈိးၿမိဳ႕နယ္ တို႔တြင္ အနည္းငယ္စီအေျခခ်ေနထိုင္ၾကသည္။

ေျမာင္ဇီးလူမ်ဳိးမ်ား၏ အမည္နာမမွည့္ေခၚပုံစနစ္

ေျမာင္ဇီးတိုင္းရင္းသားတို႔သည္ ေမြးဖြား ၿပီး သံုးရက္အၾကာတြင္ နာမည္မွည့္ေလ့ ရွိၾကသည္။ နာမည္မွည့္ေခၚရာတြင္ ဘိုးဘြား မ်ားက ကေလး၏ ဝိညာဥ္ကိုေခၚယူၿပီး သင့္ေတာ္ၿပီးလွပေသာ နာမည္မ်ားကို မွည့္ေပးၾကသည္။ အျခားတိုင္းရင္းသားမ်ား ကဲ့သို႔ေသာ ေန႔ေကာင္းေန႔ျမတ္၊ ေဗဒင္ လကၡဏာမ်ား၊ ေမြးေန႔နံမ်ားကို တြက္ခ်က္ၿပီး အမည္မွည့္ေလ့မရွိေပ။ မိမိႏွစ္သက္ရာ အမည္နာမကို မွည့္ေခၚၾကသည္။

သို႔ေသာ္ အမည္နာမမွည့္ခ်ိန္တြင္ ¤င္းတို႔ အဘိုးမ်ား၏ အမည္တစ္လုံးကို ကေလး၏ဖခင္အမည္နာမတို႔တြင္ ထပ္ေပါင္းၿပီး ေျပာင္းလဲမွည့္ေခၚေလ့ရွိေသာ ထူးျခားသည့္ ဓေလ့တစ္ခုရွိၾကၿပီး မ်ဳိး႐ိုးနာမည္ကိုယူၿပီး နာမည္ေနာက္ဆုံးတြင္ တြဲဖက္တြဲေခၚၾကသည္။ ကေလးငယ္၏ မိခင္ကိုမူ နာမည္ထပ္မံ ထည့္သြင္းမွည့္ေခၚေလ့မရွိပါ။ အငယ္ဆုံး သားကို ”က်ယ္”၊ အငယ္ဆုံးသမီးကို ”က်ိဳင့္”ဟူ၍ နာမည္ေရွ႕တြင္ တြဲဖက္မွည့္ေခၚၾက သည္။

သားဦး၊ သမီးဦးေမြးဖြားၿပီး ၾကက္၊ ဝက္ မ်ားကိုသတ္ကာ ဘိုးဘြားမိဘမ်ားကို သြားေရာက္ ကန္ေတာ့ၾကရသည္။ ေျမာင္ဇီးတိုင္းရင္းသား မ်ားသည္ နာမည္ကင္ပြန္းတပ္ျခင္း အခမ္း အနားတြင္ လာေရာက္ေသာ ဘိုးဘြား၊ လူႀကီး မိဘမ်ား၊ ဧည့္ပရိသတ္မ်ားကို ကေလးငယ္ ၏ မိဘအေျခအေနေပၚမူတည္ၿပီး ဧည့္ခံၾက သည္။ အခ်ဳိ႕မွာ ထမင္း၊ ဟင္းေကြၽးၿပီး အခ်ဳိ႕မွာ မုန္႔ႏွင့္ လက္ဖက္ရည္တို႔သာ ဧည့္ခံ ၾကသည္။ ကေလးနာမည္မွည့္ၿပီး ႏွစ္သစ္ကူး ေသာေန႔တြင္ ကေလး၏ဖခင္ျဖစ္သူက ၾကက္သား၊ ဝက္သားမ်ားကိုယူၿပီး ေရကန္တြင္ သြားေရာက္ကန္ေတာ့သည့္ ဓေလ့လည္းရွိ သည္။

ေျမာင္ဇီးလူမ်ဳိးမ်ား၏ ဝတ္စားဆင္ယင္မႈ

ေျမာင္ဇီးလူမ်ဳိးမ်ား၏ ဝတ္စားဆင္ယင္မႈ မွာ အမ်ဳိးသားမ်ားသည္ အတြင္းတြင္ အက်ႌအျဖဴဆင္ျမန္းၿပီး အေပၚတြင္ အနား၌ အျပာေရာင္ကြပ္ထားေသာ အနက္ေရာင္ ရင္ဖုံးအက်ႌ ဝတ္ဆင္သည္။ ထို႔ေနာက္ အေပၚထပ္လက္ျပတ္ကိုထပ္၍ ဝတ္ဆင္ သည္။ ေဘာင္းဘီအနက္ကို ဆင္ျမန္းသည္။ ခါးစည္းမွာ ေရာင္စုံႀကိဳးမ်ားကို တစ္ထပ္ၿပီး တစ္ထပ္ဆင္ျမန္းၾကသည္။ ထို႔ေနာက္ ပန္းေရာင္အစကို ခါးတြင္ထပ္၍ ခ်ည္ၿပီး ဆင္ျမန္းသည္။ ေရွးယခင္တြင္ ဝါးဖိနပ္မ်ားကို ဆင္ျမန္းသည္။ ယခုအခါတြင္ မိမိတို႔ ႏွစ္သက္ေသာ ဖိနပ္ကို ဆင္ျမန္းၾကေတာ့သည္။

အမ်ဳိးသမီးမ်ား၏ေခါင္းတြင္ အနက္စ အရွည္ ဆယ္ကိုက္ေက်ာ္အား အထပ္ထပ္ျဖင့္ လွပစြာ ေခါင္းေပါင္းျပဳလုပ္၍ ဆင္ျမန္းၾက သည္။ ေကာ္လံအျပားႀကီးပါေသာ အက်ႌ လက္ရွည္ဆင္ျမန္းသည္။ ထိုအက်ႌလက္တြင္ အျဖဴ၊ အနီ၊ အျပာ၊ အဝါ၊ အစိမ္း၊ ခရမ္း၊ လိေမၼာ္အစရွိေသာ အေရာင္တန္းမ်ားျဖင့္ အလွဆင္ထားသည္။ ထို႔ေနာက္အေပၚတြင္ လက္ျပတ္ကုတ္အက်ႌကို ဆင္ျမန္းသည္။

႐ိုးရာစကတ္ကို ဝတ္ဆင္ၿပီး စကတ္ေနာက္တြင္ အျမတ္တႏိုးျဖင့္ ပန္းဖြားပါေသာ အဝတ္ႀကိဳး ရွည္ကို ဆင္ျမန္းၾကသည္။ ေရွ႕တြင္ ေရွ႕ဖုံး အျဖစ္ တစ္ထပ္ထပ္ဆင့္၍ ဆင္ျမန္းၾက သည္။ လက္တြင္ ဆင္ျမန္းထားေသာ အေရာင္တန္းမ်ားအလိုက္ ခါးတြင္လည္း ေရာင္စုံႀကိဳးမ်ားကို အလွဆင္ခ်ည္ေႏွာင္ ၾကသည္။ ေျခပတ္အျဖဴကို ဆင္ျမန္းသည္။ အမ်ဳိးသမီးတစ္ဦး၏ အဝတ္ဆင္ျမန္းခ်ိန္မွာ တစ္နာရီနီးပါးမွ် ၾကာသည္ကိုလည္း ေလ့လာ သိရသည္။

ေျမာင္ဇီးလူမ်ဳိးမ်ား၏ တူရိယာမ်ားႏွင့္ တီးမႈတ္သည့္ဓေလ့

ေျမာင္ဇီးလူမ်ဳိးမ်ားသည္ ပေလြကို ဝါးျဖင့္ျပဳလုပ္ၾကသည္။ ပေလြကို ေယာက္်ား ေလး လူပ်ဳိမ်ားကသာ အဓိကအသုံးျပဳေလ့ ရွိၾကသည္။ ကြၽဲ၊ ႏြားေက်ာင္းသည့္အခ်ိန္၊ တစ္ေယာက္တည္း အထီးက်န္သည့္ အခ်ိန္မ်ဳိး တြင္ ပေလြကို အသုံးျပဳ၍ မႈတ္ေလ့ရွိၾကသည္။ ပေလြမႈတ္သည့္အခ်ိန္ကိုလည္း ပြင့္လင္း ရာသီ၌ စတင္မႈတ္ေလ့ရွိၾကၿပီး ပြင့္လင္းရာသီ ကုန္ဆုံးခ်ိန္တြင္ လူငယ္မ်ားသည္ ပေလြမႈတ္ ျခင္းမရွိေတာ့ေၾကာင္း သိရသည္။

ပြင့္လင္း ရာသီကုန္ဆုံးခ်ိန္၌ ပေလြမႈတ္သည့္အခါ ေလျပင္းလာခ်ိန္တြင္ အသီးအႏွံမေကာင္းျခင္း၊ အသီးအႏွံမျဖစ္ထြန္းျခင္း၊ မေအာင္ျမင္ျခင္း မ်ားျဖစ္သည္ဟု ေရွးဘိုးေဘးဘီဘင္မ်ားက ေျပာေလ့ရွိၾကသည္။ ပြင့္လင္းရာသီခ်ိန္မွာ မိုးရာသီကုန္ခ်ိန္ ၾသဂုတ္လမွ ဧၿပီလအတြင္းကို သတ္မွတ္တတ္ၾကသည္။

ေယာက္်ားေလးမ်ားကလည္း မိန္းကေလး မ်ားကို စိတ္ဝင္စား၍ ရည္းစားစကား ႏွစ္ဦး ႏွစ္ဖက္ စကားေျပာေလ့ရွိၾကသည္။ ပေလြကို အေပါက္ ေျခာက္ေပါက္ ေဖာက္ၿပီး ပေလြထိပ္ တြင္ ဝါလွ်ာထည့္၍ မႈတ္ရသည္။

ကိန္ကိုလည္း ဝါးျဖင့္ျပဳလုပ္ေလ့ရွိသည္။ ကိန္မႈတ္သည့္ကိုင္းကို သစ္သားႏွင့္ ျပဳလုပ္ရ သည္။ ကိန္ကိုလည္း အေပါက္ ေျခာက္ေပါက္ ေဖာက္ၿပီး အတြင္းတြင္ ေၾကးနီျဖင့္ လွ်ာျပဳလုပ္ ရသည္။ ႐ိုးရာတူရိယာျဖစ္သည့္ ပေလြႏွင့္ ကိန္ကို ပြဲေတာ္မ်ား၊ ႏွစ္သစ္ကူးသည့္အခ်ိန္တြင္ အသုံးျပဳ၍ တီးမႈတ္ေလ့ရွိၾကသည္။

ေျမာင္ဇီးလူမ်ဳိးမ်ား၏ ထူးျခားသည့္ဓေလ့

ေျမာင္ဇီးလူမ်ဳိးမ်ားသည္ မိမိအိမ္တြင္ အိမ္သူအိမ္သား တစ္ဦးဦးေနမေကာင္း ျဖစ္ခဲ့ လွ်င္ နတ္ဆရာကိုပင့္ဖိတ္ၿပီး ေဆးကုသရန္ႏွင့္ ေရာဂါေဝဒနာအေၾကာင္း ေမးခိုင္းရသည္။ နတ္ဆရာကိုေခၚရျခင္းမွာ နတ္ဆရာ ဘာေတာင္းသနည္း၊ လူ႔အသက္ကို ေတာင္း သလားဟူ၍ အဆိုရွိသည္။ လူ႔အသက္ကို ေတာင္းခဲ့လွ်င္ လူ႔အသက္အစား ဝက္၊ ႏြား တို႔ကို အစားထိုးေပးရသည္။ က်န္းမာေရးႏွင့္ ပတ္သက္ၿပီး နတ္ဆရာကိုလည္းပင့္၍ ေမးေလ့ရွိသည္။ ေက်ာက္တုံးကို ႀကိဳးခ်ည္ၿပီး ေမးေလ့ရွိသည္။

နတ္ဆရာထံတြင္ ေမးျမန္း ထားသည့္ ႀကိဳးကိုလည္း ျပန္ယူလာၿပီး လူနာလည္ပင္းတြင္ ဆြဲႀကိဳးပုံစံခ်ိတ္ေပးၿပီး တံေတာင္ဆစ္တြင္ ခ်ည္ေပးရသည္။ အိမ္ တစ္အိမ္တြင္လည္း လူတစ္ေယာက္ေသဆုံး လွ်င္ သၿဂႋဳဟ္ၿပီးေနာက္ ၁ဝ ရက္ႏွင့္ ၁၅ ရက္ အတြင္း လူေသ၏ ဝိညာဥ္ကို ျပန္ယူေပးရ သည္ဟု ယူဆၾကသည္။ လူေသ၏ ဝိညာဥ္ ကြၽတ္လြတ္ေအာင္ ႏြားကိုသတ္၍ ပြဲအႀကီး အက်ယ္လုပ္ေပးရေၾကာင္း သိရသည္။ ေျမာင္ဇီးလူမ်ဳိး၏ ဓေလ့ထုံးတမ္းမ်ားသည္ ထူးျခားသည့္ ဓေလ့မ်ားစြာရွိေနသည္ကို စိတ္ဝင္စားဖြယ္ ေလ့လာေတြ႕ရွိရသည္။ ။

မိုင္းေနာ္ရိန္း(လူမႈဘဝ)
The Mirror Daily

————–

မြောင်ဇီးလူမျိုးတို့အကြောင်း သိကောင်းစရာ (unicode)

ရေးသားသူ – မိုင်းနော်ရိန်း(လူမှုဘဝ)

မြောင်ဇီးလူမျိုးများ၏ သမိုင်းအကျဉ်း

မြောင်ဇီးလူမျိုးများသည် ကွေ့ကျင်နယ်ရှိ မွန်ဂိုလီးယားမျိုးနွယ်များဖြစ်ပါသည်။ လွန်ခဲ့ သောနှစ်ပေါင်း ၂၅ဝ ကျော်မှစ၍ အကြောင်း အမျိုးမျိုးကြောင့် ကိုးကန့်တို့နေထိုင်ရာ တာရွှေထန်၊ ကျာတိမော်၊ ရဲညိုပါး၊ ပါးဝေး၊ မန်လော့၊ ပါမာချန်းဒေသတို့တွင် စတင်အခြေချ နေထိုင်ခဲ့ကြသည်။ ထိုမှတစ်ဖန် ဆုံကန်၊ မာလီပါး၊ ရှုတ်တင်ပါး၊ ကာမိန်း၊ သိန်းနီဒေသ များတွင် အနည်းငယ်စီသို့ အခြေချနေထိုင် လာခဲ့ကြသည်။ ထို့နောက် ကျန်ရှိသော မျိုးနွယ်စုဆွေမျိုးများပါလိုက်လာကြပြီး အဆိုပါ ဒေသများတွင် ပြောင်းရွှေ့အခြေချနေထိုင်လာ ကြသည်။ မြောင်ဇီးလူမျိုးများသည် စစ်ရှုံး သောကြောင့် စစ်၏ဒဏ်ကို လွန်စွာကြောက်ရွံ့ ကာ တောင်ပေါ်ဒေသများတွင် အေးချမ်းစွာ နေထိုင်ခဲ့ကြသည်။

တောင်ယာလုပ်ငန်းကို ရိုးသားစွာလုပ်ကိုင်ခြင်း၊ အမဲလိုက်ခြင်း၊ မွေးမြူ ရေးလုပ်ငန်းများဖြင့် လုပ်ကိုင်စားသောက်ကြ သည်။ မြောင်ဇီးဟူသော အခေါ်အဝေါ်မှာ တရုတ်လူမျိုးများက ခေါ်ဝေါ်သော အမည်နာမ ဖြစ်ပြီး မြောင်ဇီးလူမျိုးများက မိမိကိုယ်ကို”မှုန့်” လူမျိုးဟု ဆိုကြသည်။ မြောင်ဇီးလူမျိုးများသည် ကွမ်းလုံမြို့နယ် ကာမိုင်းဒေသတွင် အများဆုံး နေထိုင်ကြပြီး နောင်ချိုမြို့နယ်၊ ဟိုပန်မြို့နယ်၊ လောက်ကိုင်မြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိုင်း နောင်မြို့နယ်၊ ဝမ်းစိမ်းမြို့နယ်နှင့် လားရှိုးမြို့နယ် တို့တွင် အနည်းငယ်စီအခြေချနေထိုင်ကြသည်။

မြောင်ဇီးလူမျိုးများ၏ အမည်နာမမှည့်ခေါ်ပုံစနစ်

မြောင်ဇီးတိုင်းရင်းသားတို့သည် မွေးဖွား ပြီး သုံးရက်အကြာတွင် နာမည်မှည့်လေ့ ရှိကြသည်။ နာမည်မှည့်ခေါ်ရာတွင် ဘိုးဘွား များက ကလေး၏ ဝိညာဉ်ကိုခေါ်ယူပြီး သင့်တော်ပြီးလှပသော နာမည်များကို မှည့်ပေးကြသည်။ အခြားတိုင်းရင်းသားများ ကဲ့သို့သော နေ့ကောင်းနေ့မြတ်၊ ဗေဒင် လက္ခဏာများ၊ မွေးနေ့နံများကို တွက်ချက်ပြီး အမည်မှည့်လေ့မရှိပေ။ မိမိနှစ်သက်ရာ အမည်နာမကို မှည့်ခေါ်ကြသည်။

သို့သော် အမည်နာမမှည့်ချိန်တွင် ¤င်းတို့ အဘိုးများ၏ အမည်တစ်လုံးကို ကလေး၏ဖခင်အမည်နာမတို့တွင် ထပ်ပေါင်းပြီး ပြောင်းလဲမှည့်ခေါ်လေ့ရှိသော ထူးခြားသည့် ဓလေ့တစ်ခုရှိကြပြီး မျိုးရိုးနာမည်ကိုယူပြီး နာမည်နောက်ဆုံးတွင် တွဲဖက်တွဲခေါ်ကြသည်။ ကလေးငယ်၏ မိခင်ကိုမူ နာမည်ထပ်မံ ထည့်သွင်းမှည့်ခေါ်လေ့မရှိပါ။ အငယ်ဆုံး သားကို ”ကျယ်”၊ အငယ်ဆုံးသမီးကို ”ကျိုင့်”ဟူ၍ နာမည်ရှေ့တွင် တွဲဖက်မှည့်ခေါ်ကြ သည်။

သားဦး၊ သမီးဦးမွေးဖွားပြီး ကြက်၊ ဝက် များကိုသတ်ကာ ဘိုးဘွားမိဘများကို သွားရောက် ကန်တော့ကြရသည်။ မြောင်ဇီးတိုင်းရင်းသား များသည် နာမည်ကင်ပွန်းတပ်ခြင်း အခမ်း အနားတွင် လာရောက်သော ဘိုးဘွား၊ လူကြီး မိဘများ၊ ဧည့်ပရိသတ်များကို ကလေးငယ် ၏ မိဘအခြေအနေပေါ်မူတည်ပြီး ဧည့်ခံကြ သည်။ အချို့မှာ ထမင်း၊ ဟင်းကျွေးပြီး အချို့မှာ မုန့်နှင့် လက်ဖက်ရည်တို့သာ ဧည့်ခံ ကြသည်။ ကလေးနာမည်မှည့်ပြီး နှစ်သစ်ကူး သောနေ့တွင် ကလေး၏ဖခင်ဖြစ်သူက ကြက်သား၊ ဝက်သားများကိုယူပြီး ရေကန်တွင် သွားရောက်ကန်တော့သည့် ဓလေ့လည်းရှိ သည်။

မြောင်ဇီးလူမျိုးများ၏ ဝတ်စားဆင်ယင်မှု

မြောင်ဇီးလူမျိုးများ၏ ဝတ်စားဆင်ယင်မှု မှာ အမျိုးသားများသည် အတွင်းတွင် အင်္ကျီအဖြူဆင်မြန်းပြီး အပေါ်တွင် အနား၌ အပြာရောင်ကွပ်ထားသော အနက်ရောင် ရင်ဖုံးအင်္ကျီ ဝတ်ဆင်သည်။ ထို့နောက် အပေါ်ထပ်လက်ပြတ်ကိုထပ်၍ ဝတ်ဆင် သည်။ ဘောင်းဘီအနက်ကို ဆင်မြန်းသည်။ ခါးစည်းမှာ ရောင်စုံကြိုးများကို တစ်ထပ်ပြီး တစ်ထပ်ဆင်မြန်းကြသည်။ ထို့နောက် ပန်းရောင်အစကို ခါးတွင်ထပ်၍ ချည်ပြီး ဆင်မြန်းသည်။ ရှေးယခင်တွင် ဝါးဖိနပ်များကို ဆင်မြန်းသည်။ ယခုအခါတွင် မိမိတို့ နှစ်သက်သော ဖိနပ်ကို ဆင်မြန်းကြတော့သည်။

အမျိုးသမီးများ၏ခေါင်းတွင် အနက်စ အရှည် ဆယ်ကိုက်ကျော်အား အထပ်ထပ်ဖြင့် လှပစွာ ခေါင်းပေါင်းပြုလုပ်၍ ဆင်မြန်းကြ သည်။ ကော်လံအပြားကြီးပါသော အင်္ကျီ လက်ရှည်ဆင်မြန်းသည်။ ထိုအင်္ကျီလက်တွင် အဖြူ၊ အနီ၊ အပြာ၊ အဝါ၊ အစိမ်း၊ ခရမ်း၊ လိမ္မော်အစရှိသော အရောင်တန်းများဖြင့် အလှဆင်ထားသည်။ ထို့နောက်အပေါ်တွင် လက်ပြတ်ကုတ်အင်္ကျီကို ဆင်မြန်းသည်။

ရိုးရာစကတ်ကို ဝတ်ဆင်ပြီး စကတ်နောက်တွင် အမြတ်တနိုးဖြင့် ပန်းဖွားပါသော အဝတ်ကြိုး ရှည်ကို ဆင်မြန်းကြသည်။ ရှေ့တွင် ရှေ့ဖုံး အဖြစ် တစ်ထပ်ထပ်ဆင့်၍ ဆင်မြန်းကြ သည်။ လက်တွင် ဆင်မြန်းထားသော အရောင်တန်းများအလိုက် ခါးတွင်လည်း ရောင်စုံကြိုးများကို အလှဆင်ချည်နှောင် ကြသည်။ ခြေပတ်အဖြူကို ဆင်မြန်းသည်။ အမျိုးသမီးတစ်ဦး၏ အဝတ်ဆင်မြန်းချိန်မှာ တစ်နာရီနီးပါးမျှ ကြာသည်ကိုလည်း လေ့လာ သိရသည်။

မြောင်ဇီးလူမျိုးများ၏ တူရိယာများနှင့် တီးမှုတ်သည့်ဓလေ့

မြောင်ဇီးလူမျိုးများသည် ပလွေကို ဝါးဖြင့်ပြုလုပ်ကြသည်။ ပလွေကို ယောက်ျား လေး လူပျိုများကသာ အဓိကအသုံးပြုလေ့ ရှိကြသည်။ ကျွဲ၊ နွားကျောင်းသည့်အချိန်၊ တစ်ယောက်တည်း အထီးကျန်သည့် အချိန်မျိုး တွင် ပလွေကို အသုံးပြု၍ မှုတ်လေ့ရှိကြသည်။ ပလွေမှုတ်သည့်အချိန်ကိုလည်း ပွင့်လင်း ရာသီ၌ စတင်မှုတ်လေ့ရှိကြပြီး ပွင့်လင်းရာသီ ကုန်ဆုံးချိန်တွင် လူငယ်များသည် ပလွေမှုတ် ခြင်းမရှိတော့ကြောင်း သိရသည်။

ပွင့်လင်း ရာသီကုန်ဆုံးချိန်၌ ပလွေမှုတ်သည့်အခါ လေပြင်းလာချိန်တွင် အသီးအနှံမကောင်းခြင်း၊ အသီးအနှံမဖြစ်ထွန်းခြင်း၊ မအောင်မြင်ခြင်း များဖြစ်သည်ဟု ရှေးဘိုးဘေးဘီဘင်များက ပြောလေ့ရှိကြသည်။ ပွင့်လင်းရာသီချိန်မှာ မိုးရာသီကုန်ချိန် ဩဂုတ်လမှ ဧပြီလအတွင်းကို သတ်မှတ်တတ်ကြသည်။

ယောက်ျားလေးများကလည်း မိန်းကလေး များကို စိတ်ဝင်စား၍ ရည်းစားစကား နှစ်ဦး နှစ်ဖက် စကားပြောလေ့ရှိကြသည်။ ပလွေကို အပေါက် ခြောက်ပေါက် ဖောက်ပြီး ပလွေထိပ် တွင် ဝါလျှာထည့်၍ မှုတ်ရသည်။

ကိန်ကိုလည်း ဝါးဖြင့်ပြုလုပ်လေ့ရှိသည်။ ကိန်မှုတ်သည့်ကိုင်းကို သစ်သားနှင့် ပြုလုပ်ရ သည်။ ကိန်ကိုလည်း အပေါက် ခြောက်ပေါက် ဖောက်ပြီး အတွင်းတွင် ကြေးနီဖြင့် လျှာပြုလုပ် ရသည်။ ရိုးရာတူရိယာဖြစ်သည့် ပလွေနှင့် ကိန်ကို ပွဲတော်များ၊ နှစ်သစ်ကူးသည့်အချိန်တွင် အသုံးပြု၍ တီးမှုတ်လေ့ရှိကြသည်။

မြောင်ဇီးလူမျိုးများ၏ ထူးခြားသည့်ဓလေ့

မြောင်ဇီးလူမျိုးများသည် မိမိအိမ်တွင် အိမ်သူအိမ်သား တစ်ဦးဦးနေမကောင်း ဖြစ်ခဲ့ လျှင် နတ်ဆရာကိုပင့်ဖိတ်ပြီး ဆေးကုသရန်နှင့် ရောဂါဝေဒနာအကြောင်း မေးခိုင်းရသည်။ နတ်ဆရာကိုခေါ်ရခြင်းမှာ နတ်ဆရာ ဘာတောင်းသနည်း၊ လူ့အသက်ကို တောင်း သလားဟူ၍ အဆိုရှိသည်။ လူ့အသက်ကို တောင်းခဲ့လျှင် လူ့အသက်အစား ဝက်၊ နွား တို့ကို အစားထိုးပေးရသည်။ ကျန်းမာရေးနှင့် ပတ်သက်ပြီး နတ်ဆရာကိုလည်းပင့်၍ မေးလေ့ရှိသည်။ ကျောက်တုံးကို ကြိုးချည်ပြီး မေးလေ့ရှိသည်။

နတ်ဆရာထံတွင် မေးမြန်း ထားသည့် ကြိုးကိုလည်း ပြန်ယူလာပြီး လူနာလည်ပင်းတွင် ဆွဲကြိုးပုံစံချိတ်ပေးပြီး တံတောင်ဆစ်တွင် ချည်ပေးရသည်။ အိမ် တစ်အိမ်တွင်လည်း လူတစ်ယောက်သေဆုံး လျှင် သင်္ဂြိုဟ်ပြီးနောက် ၁ဝ ရက်နှင့် ၁၅ ရက် အတွင်း လူသေ၏ ဝိညာဉ်ကို ပြန်ယူပေးရ သည်ဟု ယူဆကြသည်။ လူသေ၏ ဝိညာဉ် ကျွတ်လွတ်အောင် နွားကိုသတ်၍ ပွဲအကြီး အကျယ်လုပ်ပေးရကြောင်း သိရသည်။ မြောင်ဇီးလူမျိုး၏ ဓလေ့ထုံးတမ်းများသည် ထူးခြားသည့် ဓလေ့များစွာရှိနေသည်ကို စိတ်ဝင်စားဖွယ် လေ့လာတွေ့ရှိရသည်။ ။

မိုင်းနော်ရိန်း(လူမှုဘဝ)
The Mirror Daily

Leave a Reply