အေျဖရွာမရႏုိင္တဲ့ အသံမ်ားထြက္ေပၚရာေနရာ (သုိ႔) Taos

Posted on

ကမာၻတစ္ဝွမ္းမွာ ယေန႔တိုင္ၾကံဳေတြ႔ေနရဆဲျဖစ္တဲ့ ထူးဆန္းဖြယ္ရာအရပ္ေဒသ ေတြအနက္ New Mexico မွာ တည္ရွိတဲ့ Taos ျမိဳ႕ငယ္ေလးဟာလည္း တစ္ခုအပါအဝင္ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ အဲဒီျမိဳ႕ငယ္ေလးအတြင္းမွာ ထူးဆန္းတဲ့အသံမ်ားစြာထြက္ေပၚေလ့ ရွိတာေၾကာင့္ ျဖစ္ပါတယ္။ (Low-frequency acoustic) လို႔သိၾကတဲ့ သဘာဝအတိုင္း ျဖစ္ေပၚလာတဲ့ တုန္ခါသံကဲ့သို႔ေသာအသံေတြဟာ Taosျမိဳ႕ငယ္ေလးရဲ့ မည္သည့္အရပ္ ကလာေရာက္တယ္ဆိုတာ တိတိက်က်မရွိပဲ ျမိဳ႕သူ/သားေတြကို ေျခာက္လွန္႔ေလ့ရွိ ပါတယ္။

Taosျမိဳ႕သူ/သားအမ်ားစုက အဲဒီထူးဆန္းတဲ့အသံေတြကို ၾကားရေလ့ရွိတယ္ ဆိုတဲ့အေၾကာင္း တရားဝင္ထုတ္ေဖာ္ေျပာဆိုမႈေတြ ရွိေပမဲ့ အခ်ိဳ႕ကေတာ့ ၾကားရေလ့ မရွိေၾကာင္း ျငင္းဆန္မႈေတြလည္းရွိပါတယ္။ ဒါေပမဲ့ အဲဒီထူးဆန္းစြာျဖစ္ေပၚေနတဲ့ အသံေတြကို ၾကားရေလ့ရွိသူဟာ Taosျမိဳ႕ေလးရဲ့လူအမ်ားစုျဖစ္ေနတာေၾကာင့္ အေမရိကန္ျပည္ေထာင္စုနဲ႔ အဂၤလန္နိိုင္ငံက ပညာရွင္ေတြကိုယ္တိုင္လာေရာက္ အေျဖထုတ္ရတဲ့အထိ ျဖစ္လာ ခဲ့ပါတယ္။ ဒါေပမဲ့ ယေန႔အခ်ိန္ထိေတာ့ ယင္းအသံေတြအတြက္ တိက်တဲ့အေျဖကို ထုတ္ျပန္နိုင္ခဲ့ျခင္းမရွိေသးပဲ ဆက္လက္ေလ့လာေနရဆဲျဖစ္ပါတယ္။

Taos ျမိဳ႕ခံေတြရဲ့ အဆိုအရေတာ့ ယင္းထူးဆန္းတဲ့ အသံေတြကို ၾကားရသူတိုင္းဟာ နားအူ၊နားဆူျဖစ္ျခင္း၊ ရုတ္တရက္ နွာေခါင္းေသြးလ်ွံျခင္း၊ ေနရာေဒသခြဲျခားနိုင္ျခင္းမရွိေအာင္ မူးေဝထံုထိုင္းသြားျခင္း၊ လိင္ပိုင္းဆိုင္ရာ ဆႏၵေတြကုန္ခမ္းသြားျခင္း၊ နားအတြင္း Pressure တျဖည္းျဖည္း မ်ားလာျခင္း၊ အိပ္ေပ်ာ္ေနစဥ္ပင္ယင္းအသံလိွဳင္းက်ေရာက္လာပါက ရုတ္တရတ္ လန္႔နိုးျခင္း၊ အိပ္မေပ်ာ္ျဖစ္ျခင္း၊ မူးေဝျခင္း၊လြန္ကဲစြာ ေခါင္းကုိက္ေဝဒနာကို ခံစားရနိုင္ျခင္းစတဲ့ လကၡဏာေတြကို ၾကံဳေတြ႔ရတတ္တယ္လုိ႔ သိရပါတယ္။

အဆိုပါေရာဂါလကၡဏာေတြဟာ စိတ္ပိုင္းဆိုင္ရာကို အေျခခံျဖစ္ေပၚတတ္တဲ့ ေရာဂါေတြ ျဖစ္ျပီး ယင္းေရာဂါအခံရွိသူေတြတိုင္း ၾကံဳေတြ႔ရမွာ ျဖစ္ေၾကာင္း ေထာက္ျပမႈေတြရွိ ေနပါတယ္။ ဒါေပမဲ့ ၾကံဳေတြ႔ရသူေတြရဲ့ ေဆးမွတ္တမ္းေတြထဲမွာ အထက္ေဖာ္ျပပါ ေရာဂါေဝဒနာ မရွိတဲ့သူေတြပါဝင္ေနျပီး သူတို႔ကိုယ္တိုင္ ထူးဆန္းတဲ့ ေဝဒနာေတြကို ယင္းအသံေတြၾကားရျပီးတဲ့ေနာက္မွသာ ခံစားရတဲ့အေၾကာင္း ဝန္ခံမႈေတြရွိေနခဲ့ တာေၾကာင့္ ပညာရွင္ေတြအတြက္ မ်က္စိလည္စရာျဖစ္လာခဲ့ရပါတယ္။

Taos ျမိဳ႕ငယ္ေလးဟာ ဘယ္အရပ္ကေနလာေရာက္မွန္းမသိတဲ့ ထူးဆန္းတဲ့ ျမည္သံေတြေၾကာင့္ လူစိတ္ဝင္စားမႈ မ်ားလာခဲ့တာျဖစ္ပါတယ္။ ယင္းအသံေတြကို ေဒသခံေတြသာမက အနယ္နယ္အရပ္ရပ္က လာေရာက္သူေတြပါၾကားရတာျဖစ္ျပီး မည္သည္အတြက္ေၾကာင့္ ထြက္ေပၚလာရတဲ့ အေၾကာင္းအရင္းကိုေတာ့ ေဖာ္ထုတ္ နိုင္ျခင္းမရွိေသးပါဘူး။ အခ်ိဳ႕ကလည္း Taos ျမိဳ႕အတြင္းမွာသာၾကားရေလ့ရိွတဲ့ အသံေတြထဲမွာ ရံဖန္ရံခါ အလြန္က်ယ္ေလာင္ျပီး အသံအနိမ့္အျမင့္နဲ႔ စူးစူးရွရွထြက္ ေပၚတဲ့အသံေတြကို ပါဝင္ေၾကာင္းေျပာဆိုမႈေတြရွိခဲ့ပါတယ္။ အမွန္တကယ္လည္း ဒီအသံေတြဟာ ကြဲျပားေအာင္ ခြဲျခားနိုင္ျခင္းမရွိတာျဖစ္ျပီး အခ်ိန္အလိုက္ ေျပာင္းလဲ မႈရွိေနခဲ့တာလည္း ျဖစ္ပါတယ္။

အခ်ိုဳ႕ကလည္း Taos Hum (Hum ဆိုတာ တ၀ီ၀ီျမည္တဲ့အသံပါ) အသံေတြဟာ ဥကၠာပ်ံေတြရဲ့အသံ၊ အေမရိကန္အစိုးရရဲ့ လ်ိွဳဝွက္စစ္ဘက္ဆိုင္ ရာကိစၥရပ္ေတြ၊ ေလထဲမွာေပ်ာက္ကြယ္ေနတဲ့ အင္းဆက္ပိုးေတြေၾကာင့္ စသည္ျဖင့္ ေျပာဆိုမႈေတြရွိေနေပမဲ့ တိတိက်က်ေတာ့ မဟုတ္ခဲ့ပါဘူး။ ပညာရွင္တစ္ေယာက္ျဖစ္တဲ့ Dr Tom Mori ကေတာ့ Taos Hum ကေနထြက္ေပၚလာတဲ့အသံေတြကို စုစည္းျပီး ေလ့လာမႈေတြျပဳလုပ္ခဲ့ေပမဲ့ ဘယ္အရပ္ကေန ဘယ္လိုျဖစ္ေပၚလာတဲ့ အသံေတြ ျဖစ္ေၾကာင္းကုိေတာ့ ထုတ္ျပန္နိုင္ျခင္းမရွိခဲ့ပါဘူး။

ပညာရွင္အခ်ိဳ႕ကလည္း ယခုထြက္ေပၚေနတဲ့ အသံေတြဟာ မျမင္ရတဲ့ ျဒပ္ေပါင္းအစုအေဝးကေနျဖစ္ေပၚလာတာ ျဖစ္တာေၾကာင့္ ပံုမွန္မရွိပဲ အလ်ဥ္းသင့္သလို ျဖစ္ေပၚေနေၾကာင္းေထာက္ျပမႈေတြ ေတာ့ရွိပါတယ္။ ဒါေပမဲ့ ဘယ္လိုအသံေတြထြက္ေပၚေနပါေစ Taos Hum ကအသံေတြ ကိုနားေထာင္ရသူတိုင္းကေတာ့ တူညီတဲ့ေဝဒနာကို ခံစားရတာေတာ့ အမွန္္ျဖစ္ပါတယ္။

(၁၉၉၃)ခုနွစ္မွာေတာ့ Taos Hum က တာဝန္ရွိသူေတြဟာ ယင္းျဖစ္ရပ္ကို အေမရိကန္ျပည္ေထာင္စုရဲ့ လႊတ္ေတာ္အထိတင္ျပျပီး အေျဖရွာခဲ့ၾကပါတယ္။ သူတို႔ အထင္ကေတာ့ Taos Hum က ထူးဆန္းတဲ့အသံေတြဟာ အေမရိကန္စစ္ဘက္နဲ႔ ဆက္စပ္ေနမယ္လို႔ ယူဆထားခဲ့လို႔ ျဖစ္ပါတယ္။ Taos Hum ကအသနားခံစာကို လက္ခံရရွိျပီးတဲ့ေနာက္မွာေတာ့ အေမရိကန္အစိုးရက ဒါဇင္နဲ႔ခ်ီတဲ့ သိပၸံပညာရွင္ေတြ ကို Taos Humကိုေစလႊတ္ျပီး ေလ့လာစံုစမ္းမႈေတြကို ျပဳလုပ္ခဲ့ပါတယ္။

လာေရာက္ေလ့ လာဆန္းစစ္မႈ ျပဳလုပ္ခဲ့သူေတြထဲမွာ Los Alamos National Laboratory (နူးကလီးယား ဗံုးစတင္ထုတ္လုပ္တဲ့ေနရာ) နဲ႔ Phillips Air Force Laboratory က ကၽြမ္းက်င္ပညာရွင္ေတြ ကိုယ္တိုင္ပါဝင္ခဲ့ပါတယ္။ ဒါအျပင္ေနာက္ပိုင္းမွာ New Mexico နဲ႔ Sandia National Laboratory ေတြက နာမည္ေက်ာ္သိပၸံပညာရွင္ေတြျဖစ္တဲ့ Mr Joe Mullins နဲ႔ Mr Horace Poteet တို႔ကိုယ္ တိုင္ပူးေပါင္းပါဝင္ျပီး Taos Humနဲ႔ ပတ္သက္တဲ့ ေတြ႔ရွိခ်က္တစ္ခုကိုထုတ္ျပန္ခဲ့ပါတယ္။

ေဖာ္ျပခ်က္မွာေတာ့ Taos ျမိဳ႕ကအသံေတြရဲ့ အမ်ားစုဟာ ရုတ္တရက္ေပၚထြက္လာတာျဖစ္ျပီး ၾကားရသူေတြအဖို႔ ေသြးခုန္ႏႈန္း အတက္/အက် ျဖစ္ေလာက္တဲ့အထိ ျပင္းထန္တယ္လို႔ ဆိုပါတယ္။ အၾကိမ္မ်ားစြာ ေလ့လာမႈေတြကေန ေတြ႔ရွိလာရတာကေတာ့ ဒီဆူညံသံေတြဟာ တစ္ေနရာတည္းကေနလာေရာက္တာ မဟုတ္ပဲ မတူညီတဲ့ အရပ္မ်က္နွာေတြကေန လာေရာက္တာျဖစ္တယ္လို႔ဆိုပါတယ္။ ဒါဟာ သဘာဝအရျဖစ္တည္ေနတဲ့အရာေတြ(သို႔)ေျမငလ်င္လႈပ္ခတ္သံ၊ ေတာလဲသံေတြ ေၾကာင့္လည္ းမဟုတ္ေၾကာင္း အတည္ျပဳေပးခဲ့ ၾကပါတယ္။

ဒါအျပင္ Taos Hum ကဲ့သို႔ေသာ ျဖစ္စဥ္အခ်ိဳ႕ဟာ ေျမာက္အေမရိက၊ ဥေရာပတိုက္က ကေနရာအခ်ိဳ႕မွာ ျဖစ္ခဲ့တယ္လို႔ဆိုပါတယ္။ ဒီေနရာက ထြက္ေပၚလာတဲ့ အသံေတြ ကိုနားေထာင္ရသူေတြရဲ့ ေရာက္ရွိေနတဲ့ေနရာအေနအထားကိုမူတည္ျပီး ၾကားရတဲ့ အသံေတြဟာ မတူညီဘူးဆိုတဲ့ အခ်က္ကုိလည္း ေဖာ္ထုတ္နိုင္ခဲ့ၾကတာ ျဖစ္ပါတယ္။ အဲဒီ တဝီဝီျမည္တဲ့အသံေတြဟာ ကမာၻေျမလႊာေအာက္မွာရွိတဲ့ သံလိုက္ အားလမ္းေၾကာင္းေတြေၾကာင့္ ျဖစ္ေစ၊ ကမာၻအလယ္ဗဟိုမွာရွိတဲ့ ေခ်ာ္ရည္ေတြကေန ထုတ္လႊတ္ေလ့ရွိတဲ့ ၾကိမ္ႏႈန္းလိႈင္းေတြေၾကာင့္ျဖစ္ေစ၊ စက္ဘက္ဆိုင္ရာ နည္းပညာရပ္ သံုး (Extremely Low Frequency)ေတြနဲ႔ ဆက္စပ္ျပီးေတာ့ျဖစ္ေစ၊ အျခားနည္းပညာ ျမင့္စစ္လက္နက္တစ္ခုကို စမ္းသပ္ရာမွ မေအာင္မျမင္ျဖစ္ခဲ့ျပီး ယင္းရဲ့ေနာက္ဆက္တြဲ ဆိုးက်ိဳးတစ္ခုအေနနဲ႔ ျဖစ္ေစ ၊ ေပၚေပါက္ေကာင္း/ေပၚေပါက္လာခဲ့တာလို႔ အေျဖထုတ္ ေပးခဲ့ပါတယ္။ ေဖာ္ျပပါ အခ်က္ေတြကလည္း တိက်တဲ့မွတ္တမ္းမွတ္ရာေတြ အခ်က္အလက္ေတြ မဟုတ္ခဲ့တာေၾကာင့္ Taos Humအေပၚ ကမာၻအရပ္ရပ္က စိတ္ဝင္ စားမႈေတြဟာ ပိုမိုျမင့္တက္လာခဲ့ပါတယ္။

ယခုေနာက္ပိုင္းေလ့လာသူေတြရဲ့ အဆိုအရေတာ့ Taos Humမွာျဖစ္ေပၚေနတဲ့ အခ်ိဳ႕ေသာ ျဖစ္စဥ္ေတြဟာ ကမာၻေပၚမွာ အမွန္တကယ္မရွိတဲ့ အသံေတြျဖစ္ျပီး နားအူနားဆူ ျဖစ္ေစ နိုင္တဲ့ ျဒပ္ဝတၳဳဆိုင္ရာ ရႈပ္ေထြးမႈေတြေၾကာင့္ျဖစ္နိုင္တယ္လို႔ ဆိုပါတယ္။ မည္သို႔ေသာ ခန္႔မွန္းခ်က္ေတြေပၚေပါက္ေနပါေစ Taos Humရဲ့ မူရင္းျဖစ္ ရပ္အမွန္ကေတာ့ ဆက္လက္ရွာေဖြေနရတဲ့ အေနအထားမွာပဲရွိေနျပီး ေလ့လာဆန္းစစ္ဆဲ ေနရာတစ္ခုအျဖစ္ပဲ သတ္မွတ္ထားရမဲ့ အေျခအေနမွာပဲ ရွိေနပါတယ္။

ယခင္ကာလက လ်ွပ္စီးလက္ျခင္း အေၾကာင္းကိုေတာင္ သိပၸံပညာရွင္ေတြကာလမ်ားစြာ အေျဖထုတ္ခဲ့ရတာ ျဖစ္လို႔ ေနာက္ဆံုးမွာေတာ့ Taos Humရဲ့ ထူးျခားျဖစ္စဥ္ေတြကို သိပၸံနည္းပညာက ေျဖရွင္းသြား နိုင္မယ္လို႔ ယူဆရပါတယ္။ ဒါေပမဲ့ ယေန႕အခ်ိန္ထိေတာ့ Taos Hum ဟာ စိတ္နယ္လြန္ ကမာၻထဲက ဂမီ ၻရဆန္ဆန္ ေနရာတစ္ခုအျဖစ္တည္ရွိေနဆဲပဲလို႔ ဆိုရပါမယ္။

သုတဇုန္

—————–

အဖြေရှာမရနိုင်တဲ့ အသံများထွက်ပေါ်ရာနေရာ (သို့) Taos (unicode)

ကမ္ဘာတစ်ဝှမ်းမှာ ယနေ့တိုင်ကြုံတွေ့နေရဆဲဖြစ်တဲ့ ထူးဆန်းဖွယ်ရာအရပ်ဒေသ တွေအနက် New Mexico မှာ တည်ရှိတဲ့ Taos မြို့ငယ်လေးဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အကြောင်းကတော့ အဲဒီမြို့ငယ်လေးအတွင်းမှာ ထူးဆန်းတဲ့အသံများစွာထွက်ပေါ်လေ့ ရှိတာကြောင့် ဖြစ်ပါတယ်။ (Low-frequency acoustic) လို့သိကြတဲ့ သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ တုန်ခါသံကဲ့သို့သောအသံတွေဟာ Taosမြို့ငယ်လေးရဲ့ မည်သည့်အရပ် ကလာရောက်တယ်ဆိုတာ တိတိကျကျမရှိပဲ မြို့သူ/သားတွေကို ခြောက်လှန့်လေ့ရှိ ပါတယ်။

Taosမြို့သူ/သားအများစုက အဲဒီထူးဆန်းတဲ့အသံတွေကို ကြားရလေ့ရှိတယ် ဆိုတဲ့အကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုမှုတွေ ရှိပေမဲ့ အချို့ကတော့ ကြားရလေ့ မရှိကြောင်း ငြင်းဆန်မှုတွေလည်းရှိပါတယ်။ ဒါပေမဲ့ အဲဒီထူးဆန်းစွာဖြစ်ပေါ်နေတဲ့ အသံတွေကို ကြားရလေ့ရှိသူဟာ Taosမြို့လေးရဲ့လူအများစုဖြစ်နေတာကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ အင်္ဂလန်နိုင်ငံက ပညာရှင်တွေကိုယ်တိုင်လာရောက် အဖြေထုတ်ရတဲ့အထိ ဖြစ်လာ ခဲ့ပါတယ်။ ဒါပေမဲ့ ယနေ့အချိန်ထိတော့ ယင်းအသံတွေအတွက် တိကျတဲ့အဖြေကို ထုတ်ပြန်နိုင်ခဲ့ခြင်းမရှိသေးပဲ ဆက်လက်လေ့လာနေရဆဲဖြစ်ပါတယ်။

Taos မြို့ခံတွေရဲ့ အဆိုအရတော့ ယင်းထူးဆန်းတဲ့ အသံတွေကို ကြားရသူတိုင်းဟာ နားအူ၊နားဆူဖြစ်ခြင်း၊ ရုတ်တရက် နှာခေါင်းသွေးလျှံခြင်း၊ နေရာဒေသခွဲခြားနိုင်ခြင်းမရှိအောင် မူးဝေထုံထိုင်းသွားခြင်း၊ လိင်ပိုင်းဆိုင်ရာ ဆန္ဒတွေကုန်ခမ်းသွားခြင်း၊ နားအတွင်း Pressure တဖြည်းဖြည်း များလာခြင်း၊ အိပ်ပျော်နေစဉ်ပင်ယင်းအသံလှိုင်းကျရောက်လာပါက ရုတ်တရတ် လန့်နိုးခြင်း၊ အိပ်မပျော်ဖြစ်ခြင်း၊ မူးဝေခြင်း၊လွန်ကဲစွာ ခေါင်းကိုက်ဝေဒနာကို ခံစားရနိုင်ခြင်းစတဲ့ လက္ခဏာတွေကို ကြုံတွေ့ရတတ်တယ်လို့ သိရပါတယ်။

အဆိုပါရောဂါလက္ခဏာတွေဟာ စိတ်ပိုင်းဆိုင်ရာကို အခြေခံဖြစ်ပေါ်တတ်တဲ့ ရောဂါတွေ ဖြစ်ပြီး ယင်းရောဂါအခံရှိသူတွေတိုင်း ကြုံတွေ့ရမှာ ဖြစ်ကြောင်း ထောက်ပြမှုတွေရှိ နေပါတယ်။ ဒါပေမဲ့ ကြုံတွေ့ရသူတွေရဲ့ ဆေးမှတ်တမ်းတွေထဲမှာ အထက်ဖော်ပြပါ ရောဂါဝေဒနာ မရှိတဲ့သူတွေပါဝင်နေပြီး သူတို့ကိုယ်တိုင် ထူးဆန်းတဲ့ ဝေဒနာတွေကို ယင်းအသံတွေကြားရပြီးတဲ့နောက်မှသာ ခံစားရတဲ့အကြောင်း ဝန်ခံမှုတွေရှိနေခဲ့ တာကြောင့် ပညာရှင်တွေအတွက် မျက်စိလည်စရာဖြစ်လာခဲ့ရပါတယ်။

Taos မြို့ငယ်လေးဟာ ဘယ်အရပ်ကနေလာရောက်မှန်းမသိတဲ့ ထူးဆန်းတဲ့ မြည်သံတွေကြောင့် လူစိတ်ဝင်စားမှု များလာခဲ့တာဖြစ်ပါတယ်။ ယင်းအသံတွေကို ဒေသခံတွေသာမက အနယ်နယ်အရပ်ရပ်က လာရောက်သူတွေပါကြားရတာဖြစ်ပြီး မည်သည်အတွက်ကြောင့် ထွက်ပေါ်လာရတဲ့ အကြောင်းအရင်းကိုတော့ ဖော်ထုတ် နိုင်ခြင်းမရှိသေးပါဘူး။ အချို့ကလည်း Taos မြို့အတွင်းမှာသာကြားရလေ့ရှိတဲ့ အသံတွေထဲမှာ ရံဖန်ရံခါ အလွန်ကျယ်လောင်ပြီး အသံအနိမ့်အမြင့်နဲ့ စူးစူးရှရှထွက် ပေါ်တဲ့အသံတွေကို ပါဝင်ကြောင်းပြောဆိုမှုတွေရှိခဲ့ပါတယ်။ အမှန်တကယ်လည်း ဒီအသံတွေဟာ ကွဲပြားအောင် ခွဲခြားနိုင်ခြင်းမရှိတာဖြစ်ပြီး အချိန်အလိုက် ပြောင်းလဲ မှုရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

အချို့ကလည်း Taos Hum (Hum ဆိုတာ တဝီဝီမြည်တဲ့အသံပါ) အသံတွေဟာ ဥက္ကာပျံတွေရဲ့အသံ၊ အမေရိကန်အစိုးရရဲ့ လျိွဳဝှက်စစ်ဘက်ဆိုင် ရာကိစ္စရပ်တွေ၊ လေထဲမှာပျောက်ကွယ်နေတဲ့ အင်းဆက်ပိုးတွေကြောင့် စသည်ဖြင့် ပြောဆိုမှုတွေရှိနေပေမဲ့ တိတိကျကျတော့ မဟုတ်ခဲ့ပါဘူး။ ပညာရှင်တစ်ယောက်ဖြစ်တဲ့ Dr Tom Mori ကတော့ Taos Hum ကနေထွက်ပေါ်လာတဲ့အသံတွေကို စုစည်းပြီး လေ့လာမှုတွေပြုလုပ်ခဲ့ပေမဲ့ ဘယ်အရပ်ကနေ ဘယ်လိုဖြစ်ပေါ်လာတဲ့ အသံတွေ ဖြစ်ကြောင်းကိုတော့ ထုတ်ပြန်နိုင်ခြင်းမရှိခဲ့ပါဘူး။

ပညာရှင်အချို့ကလည်း ယခုထွက်ပေါ်နေတဲ့ အသံတွေဟာ မမြင်ရတဲ့ ဒြပ်ပေါင်းအစုအဝေးကနေဖြစ်ပေါ်လာတာ ဖြစ်တာကြောင့် ပုံမှန်မရှိပဲ အလျဉ်းသင့်သလို ဖြစ်ပေါ်နေကြောင်းထောက်ပြမှုတွေ တော့ရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုအသံတွေထွက်ပေါ်နေပါစေ Taos Hum ကအသံတွေ ကိုနားထောင်ရသူတိုင်းကတော့ တူညီတဲ့ဝေဒနာကို ခံစားရတာတော့ အမှန်ဖြစ်ပါတယ်။

(၁၉၉၃)ခုနှစ်မှာတော့ Taos Hum က တာဝန်ရှိသူတွေဟာ ယင်းဖြစ်ရပ်ကို အမေရိကန်ပြည်ထောင်စုရဲ့ လွှတ်တော်အထိတင်ပြပြီး အဖြေရှာခဲ့ကြပါတယ်။ သူတို့ အထင်ကတော့ Taos Hum က ထူးဆန်းတဲ့အသံတွေဟာ အမေရိကန်စစ်ဘက်နဲ့ ဆက်စပ်နေမယ်လို့ ယူဆထားခဲ့လို့ ဖြစ်ပါတယ်။ Taos Hum ကအသနားခံစာကို လက်ခံရရှိပြီးတဲ့နောက်မှာတော့ အမေရိကန်အစိုးရက ဒါဇင်နဲ့ချီတဲ့ သိပ္ပံပညာရှင်တွေ ကို Taos Humကိုစေလွှတ်ပြီး လေ့လာစုံစမ်းမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

လာရောက်လေ့ လာဆန်းစစ်မှု ပြုလုပ်ခဲ့သူတွေထဲမှာ Los Alamos National Laboratory (နူးကလီးယား ဗုံးစတင်ထုတ်လုပ်တဲ့နေရာ) နဲ့ Phillips Air Force Laboratory က ကျွမ်းကျင်ပညာရှင်တွေ ကိုယ်တိုင်ပါဝင်ခဲ့ပါတယ်။ ဒါအပြင်နောက်ပိုင်းမှာ New Mexico နဲ့ Sandia National Laboratory တွေက နာမည်ကျော်သိပ္ပံပညာရှင်တွေဖြစ်တဲ့ Mr Joe Mullins နဲ့ Mr Horace Poteet တို့ကိုယ် တိုင်ပူးပေါင်းပါဝင်ပြီး Taos Humနဲ့ ပတ်သက်တဲ့ တွေ့ရှိချက်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။

ဖော်ပြချက်မှာတော့ Taos မြို့ကအသံတွေရဲ့ အများစုဟာ ရုတ်တရက်ပေါ်ထွက်လာတာဖြစ်ပြီး ကြားရသူတွေအဖို့ သွေးခုန်နှုန်း အတက်/အကျ ဖြစ်လောက်တဲ့အထိ ပြင်းထန်တယ်လို့ ဆိုပါတယ်။ အကြိမ်များစွာ လေ့လာမှုတွေကနေ တွေ့ရှိလာရတာကတော့ ဒီဆူညံသံတွေဟာ တစ်နေရာတည်းကနေလာရောက်တာ မဟုတ်ပဲ မတူညီတဲ့ အရပ်မျက်နှာတွေကနေ လာရောက်တာဖြစ်တယ်လို့ဆိုပါတယ်။ ဒါဟာ သဘာဝအရဖြစ်တည်နေတဲ့အရာတွေ(သို့)မြေငလျင်လှုပ်ခတ်သံ၊ တောလဲသံတွေ ကြောင့်လည် းမဟုတ်ကြောင်း အတည်ပြုပေးခဲ့ ကြပါတယ်။

ဒါအပြင် Taos Hum ကဲ့သို့သော ဖြစ်စဉ်အချို့ဟာ မြောက်အမေရိက၊ ဥရောပတိုက်က ကနေရာအချို့မှာ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီနေရာက ထွက်ပေါ်လာတဲ့ အသံတွေ ကိုနားထောင်ရသူတွေရဲ့ ရောက်ရှိနေတဲ့နေရာအနေအထားကိုမူတည်ပြီး ကြားရတဲ့ အသံတွေဟာ မတူညီဘူးဆိုတဲ့ အချက်ကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ တဝီဝီမြည်တဲ့အသံတွေဟာ ကမ္ဘာမြေလွှာအောက်မှာရှိတဲ့ သံလိုက် အားလမ်းကြောင်းတွေကြောင့် ဖြစ်စေ၊ ကမ္ဘာအလယ်ဗဟိုမှာရှိတဲ့ ချော်ရည်တွေကနေ ထုတ်လွှတ်လေ့ရှိတဲ့ ကြိမ်နှုန်းလှိုင်းတွေကြောင့်ဖြစ်စေ၊ စက်ဘက်ဆိုင်ရာ နည်းပညာရပ် သုံး (Extremely Low Frequency)တွေနဲ့ ဆက်စပ်ပြီးတော့ဖြစ်စေ၊ အခြားနည်းပညာ မြင့်စစ်လက်နက်တစ်ခုကို စမ်းသပ်ရာမှ မအောင်မမြင်ဖြစ်ခဲ့ပြီး ယင်းရဲ့နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုအနေနဲ့ ဖြစ်စေ ၊ ပေါ်ပေါက်ကောင်း/ပေါ်ပေါက်လာခဲ့တာလို့ အဖြေထုတ် ပေးခဲ့ပါတယ်။ ဖော်ပြပါ အချက်တွေကလည်း တိကျတဲ့မှတ်တမ်းမှတ်ရာတွေ အချက်အလက်တွေ မဟုတ်ခဲ့တာကြောင့် Taos Humအပေါ် ကမ္ဘာအရပ်ရပ်က စိတ်ဝင် စားမှုတွေဟာ ပိုမိုမြင့်တက်လာခဲ့ပါတယ်။

ယခုနောက်ပိုင်းလေ့လာသူတွေရဲ့ အဆိုအရတော့ Taos Humမှာဖြစ်ပေါ်နေတဲ့ အချို့သော ဖြစ်စဉ်တွေဟာ ကမ္ဘာပေါ်မှာ အမှန်တကယ်မရှိတဲ့ အသံတွေဖြစ်ပြီး နားအူနားဆူ ဖြစ်စေ နိုင်တဲ့ ဒြပ်ဝတ္ထုဆိုင်ရာ ရှုပ်ထွေးမှုတွေကြောင့်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မည်သို့သော ခန့်မှန်းချက်တွေပေါ်ပေါက်နေပါစေ Taos Humရဲ့ မူရင်းဖြစ် ရပ်အမှန်ကတော့ ဆက်လက်ရှာဖွေနေရတဲ့ အနေအထားမှာပဲရှိနေပြီး လေ့လာဆန်းစစ်ဆဲ နေရာတစ်ခုအဖြစ်ပဲ သတ်မှတ်ထားရမဲ့ အခြေအနေမှာပဲ ရှိနေပါတယ်။

ယခင်ကာလက လျှပ်စီးလက်ခြင်း အကြောင်းကိုတောင် သိပ္ပံပညာရှင်တွေကာလများစွာ အဖြေထုတ်ခဲ့ရတာ ဖြစ်လို့ နောက်ဆုံးမှာတော့ Taos Humရဲ့ ထူးခြားဖြစ်စဉ်တွေကို သိပ္ပံနည်းပညာက ဖြေရှင်းသွား နိုင်မယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ ယနေ့အချိန်ထိတော့ Taos Hum ဟာ စိတ်နယ်လွန် ကမ္ဘာထဲက ဂမီ ၻရဆန်ဆန် နေရာတစ်ခုအဖြစ်တည်ရှိနေဆဲပဲလို့ ဆိုရပါမယ်။

သုတဇုန်

Leave a Reply