Acropolis (သုိ႔) ဂရိေတာင္ကုန္းေပၚက သမုိင္း၀င္ၿမဳိ႕

Posted on

ေရးသားသူ – Academy Page

Acropolis အမည္သည္ ေရွးေခတ္ ဂရိ ဘာသာ စကားလံုးၿဖစ္သည္ ။ Akros ဆိုသည္မွာ “Highest” ၿဖစ္ၿပီး Polis မွာ “ City” ဟုအဓိပါယ္ရသည္ ။ ထို ႔ေၾကာင့္Acropolis သည္ ေတာင္ကုန္းေပၚရွိၿမိဳ ့ဟုဆိုလိုသည္ ။

ေရွးေခတ္ဂရိတို ့သည္ ေတာင္ကုန္း ေပၚတြင္ၿမိဳ႕တည္ေလ့ရွိသၿဖင့္ သူတို ့၏ၿမိဳ ့အားလံုးနီးပါးမွာ Acropolis မ်ားၿဖစ္ၾကသည္ ။ ထိုအထဲတြင္ အုပ္ခ်ဳပ္ေရးဆိုင္ရာ နန္းေတာ္မ်ား ၊ ဘာသာေရး ဆိုင္ရာ အေဆာက္အဦးမ်ား ႏွင့္
လူေနအိမ္မ်ားပါ၀င္သည္ ။

ဂရိ ေခတ္ အေက်ာ္ႀကားဆံုး Acropolis မွာ ဂရိႏုိင္ငံ ေအသင္ၿမိဳ ့အနီး ေပ ၅၀၀ အၿမင့္ရွိ ေတာင္ကုန္း ေပၚမွ Acropolis ၿဖစ္ သည္ ။

ေအသင္ Acropolis

ေအသင္ Acropolis သည္ ( ဘီစီ ၁၄၅၀ – ၁၂၀၀ ) ကတည္းက တည္ရွိခဲ့သည္ဟု သမိုင္းမွတ္တမ္း မ်ားမွဆိုသည္ ။ ေအသင္ေဒသတြင္ ေက်ာက္တံုး အေဆာက္အဦး ကို ဘီစီ ၆ -ရာစု အခ်ိန္က စတင္ တည္ေဆာက္ခဲ့သည္ဟု
ယူဆၾကသည္ ။

သို ့ေသာ္လည္း ( ဘီစီ ၇၅၀ – ၄၈၀ ) Archaic ေခတ္ အခ်ိန္က ေအသင္ Acropolis အေၾကာင္းကို သမိုင္းပညာရွင္မ်ား အနည္းငယ္မွ်သာ သိရွိၾကသည္ ။ ဘီစီ ၄၈၀ – အခ်ိန္တြင္ ဂရိတို ့သည္ ေအသင္ေဒသမွ ပါရွန္မ်ားကို
စစ္ေအာင္ႏုိင္ခဲ့ၾကသည္ ။

သို ့ေသာ္ ဘီစီ ၄၅၀ – အခ်ိန္ ဘုရင္ Pericles ေခတ္ ေရာက္မွ ဂရိတို ့သည္ ႀကီးမားသည့္ အေဆာက္အဦးမ်ားကို စတင္ ေဆာက္လုပ္ခဲ့ႀကသည္ ။ ထိုေနရာမ်ားမွ အေဆာက္ ဦးမ်ားသည္ ေရွးေခတ္ဂရိမ်ား၏ ပိသုကာလက္ရာ
အနဳပညာ ေၿပာင္ေၿမာက္မႈကို ေဖၚ ၿပေနသည္ ။

ေအသင္ Acropolis ရွိ ဂရိေခတ္ ဗိသုကာလက္ရာမ်ားမွာ

The Propylaea

ေအသင္ Acropolis ၏ အဓိက၀င္ေပါက္ အား Propylaea ဟုေခၚသည္ ။ The Ionic columns ( ေထာက္ တိုင္ ) မ်ားအား အၿဖဴေရာင္မာဘယ္ ေက်ာက္တံုးမ်ားႏွင့္ၿပဳလုပ္ထားသည္ ။

ထို၀င္ေပါက္ကို ဘီစီ ၄၃၇ အခ်ိန္ကစတင္ေဆာက္လုပ္ခဲ့ၿပီး ဘီစီ ၄၃၁ – အခ်ိန္တြင္ၿဖစ္ပြားခဲ့သည့္ ေအသင္ ႏွင့္စပါတာ တို ့၏ စစ္ပြဲေၾကာင့္ မၿပီးစီးခဲ့ဟုဆိုသည္ ။ ထိုစစ္ပြဲတြင္ စပါတာ မ်ားမွ အႏုိင္ရရွိခဲ့ေသာ္လဲ ထို၀င္ေပါက္အား
ဆက္လက္မတည္ေဆာက္ခဲ့ၾကဟု သမိုင္းပညာရွင္မ်ားမွထင္ေၾကး ေပးၾကသည္ ။

Temple of Athena Nike

Propylaea ၀င္ေပါက္အနီးတြင္ တည္ရွိသည့္ မာဘယ္ေက်ာက္တံုးငယ္မ်ားႏွင့္ တည္ေဆာက္ထားသည့္ အေဆာက္အဦးၿဖစ္သည္ ။ ဘီစီ ၄၂၀ အခ်ိန္က ေဆာက္လုပ္ခဲ့ၿပီး Ionic columns တိုင္ ၄ လံုး ပါရွိသည္ ။ ထိုအေဆာက္အဦးကို goddess Athena မွစစ္ေအာင္ႏုိင္ၿခင္းအထိမ္းအမွတ္အၿဖစ္ တည္ေဆာက္ခဲ့သည္ဟုဆိုသည္ ။

The Parthenon

The Parthenon အမည္ရွိ အေဆာက္အဦးအား Goddess Athena Parthenos ( ဘုရင္မ ) အားရည္ရြယ္ၿပီး ဘီစီ ၄၄၇ မွ ဘီစီ ၄၃၂ အတြင္း တည္ေဆာက္ခဲ့ဲဲဲသည္ ။ အက်ယ္အ၀န္း ( ၁၀၂ ေပ x ၂၃၀ ေပ ) ရွိ ၿပီ အၿမင့္ ၃၃ ေပ ရွိကာ ေရွ ့ တြင္ တိုင္ ၈ လံုး ၊ ေဘးတြင္ တိုင္ ၁၇ – လံုးရွိသည္ ။

The Erechtheum

Parthenon အေဆာက္အဦး၏ ေၿမာက္ဖက္ တြင္တည္ရွိသည့္ အေဆာက္အဦးၿဖစ္သည္ ။ ေအသင္ဘုရင္ Erechtheus မွ ဘီစီ ၄၂၀ အခ်ိန္က ေဆာက္လုပ္ခဲ့ၿပီး ဘီစီ ၄၀၅ အခ်ိန္က ၿပီးစီးခဲ့သည္ဟု ဆိုသည္ ။ အလြန္လက္ရာေၿမာက္လွသည့္ အမ်ိဳးသမီးရုပ္ပံု မ်ားကို ေထာက္တိုင္အၿဖစ္ ၿပဳလုပ္ထားသည္ ။

သမိုင္း

ေရွးေခတ္ အခ်ိန္က ဂရိတို ့၏ သမိုင္း ႏွင့္ ၾကီးက်ယ္ခန္းနားမႈ မ်ားကို ယေန ့ေအသင္ Acropolis ေဒသ ရွိ ဂရိေခတ္ အေဆာက္အဦးမ်ားက ေဖၚျပေနသည္ ။ ဤေဒသသို ့ ခရစ္ယာန္ ဘာသာျပန္ ့ႏွံ ့လာခဲ့ၿပီး အခ်ဳိ႕ အေဆာက္အဦးမ်ားသည္ ခရစ္ယာန္ ဘုရားေက်ာင္း မ်ားအၿဖစ္ ေၿပာင္းလဲလာခဲ့သည္ ။

Parthenon သည္ ေအဒီ ၄၂၆ တြင္ ခရစ္ယန္ ဘုရားေက်ာင္းၿဖစ္ခဲ့သည္ ။ တဖန္ ေအဒီ ၆၂၂ တြင္ Our Lady of Athens အမည္ရ ခရစ္ယာန္ ဘုရားေက်ာင္းၿဖစ္ခဲ့သည္ ။ ေအဒီ ၁၄၅၈ – ခုႏွစ္တြင္ဤေဒသသည္ ေအာ္တိုမင္အင္ပါယာ၏ လက္ေအာက္သို ့က်ေရာက္ခဲ့သည္ ။ ထိုအခါအခ်ဳိ႕အေဆာက္အဦးမ်ားသည္ ဗလီမ်ားအၿဖစ္ေၿပာင္းလဲလာခဲ့ၿပန္သည္ ။

ေအသင္ Acropolis သည္ စစ္စခန္းၿဖစ္လာခဲ့သည္ ။ ေအဒီ ၁၆၈၇ – အခ်ိန္ တြင္ စစ္ပြဲေၾကာင့္ အေဆာက္အဦးအမ်ားစုသည္ ပ်က္စီးခဲ့သည္ဟုဆိုသည္ ။ ေအဒီ ၁၈၂၉ – တြင္ ဤေဒသသည္ ေအာ္တိုမင္ အင္ပါယာလက္ေအာက္မွ လြတ္ေၿမာက္လာခဲ့သည္ ။ ထိုခ်ိန္မွစ၍ ဂရိ မ်ား သည္ အေဆာက္အဦးမ်ားကို ေရွးေခတ္လက္ရာအတိုင္း တၿဖည္းၿဖည္း ၿပန္လည္ ထိန္းသိမ္း ခဲ့ၾကသည္ ။

၂၀ -ရာစုအေရာက္တြင္ ခရီးသြားမ်ား လာေရာက္လည္ပါတ္မႈ မ်ားၿပားလာခဲ့ေသာ္လည္း ၿပဳၿပင္မႈအားနည္း သၿဖင့္ ၿပန္လည္ ပ်က္စီးလာခဲ့လည္ ။ ေရွးေဟာင္းအေမြအႏွစ္မ်ားစြာသည္လည္း ခိုးယူၿခင္းခံခဲ့ရကာ ကမ ၻာ့ ေနရာအႏွံ ့သို ့ ေရာက္ရွိသြားခဲ့သည္ ။ ဤေဒသ၏ ေရွးေဟာင္းနယ္ေၿမမ်ား ကို ၿပန္လည္တည္ေဆာက္သည့္ စီမံကိန္းအား ၁၉၈၁ ခုႏွစ္ တြင္ စတင္ခဲ့ၿပီး ၂၀၀၄ ေႏြရာသီ ေအသင္အိုလံပစ္ပြဲ အခ်ိန္ ေရာက္မွ အဆံုးသတ္ႏုိင္ခဲ့သည္ ။

ယေန ့အခ်ိန္တြင္ ေအသင္ Acropolis သည္ ကမာၻ႔သမုိင္း၀င္ အေမြအႏွစ္ World Heritage Site နယ္ေျမ တခုျဖစ္လာခဲ့သည္။ ထို ႔အတူ ဂရိႏုိင္ငံ၏ အဓိက ကမ ၻာလွည့္ ခရီးသြားမ်ားကို ဆြဲေဆာင္ရာ ကမ ၻာ့ ေရွးအက်ဆံုးသမိုင္း၀င္ ေနရာတစ္ခုအၿဖစ္တည္ရွိေနၿပီၿဖစ္သည္ ။

Academy Page

—————

Acropolis (သို့) ဂရိတောင်ကုန်းပေါ်က သမိုင်းဝင်မြို့ (unicode)

ရေးသားသူ – Academy Page

Acropolis အမည်သည် ရှေးခေတ် ဂရိ ဘာသာ စကားလုံးဖြစ်သည် ။ Akros ဆိုသည်မှာ “Highest” ဖြစ်ပြီး Polis မှာ “ City” ဟုအဓိပါယ်ရသည် ။ ထို့ကြောင့်Acropolis သည် တောင်ကုန်းပေါ်ရှိမြို့ဟုဆိုလိုသည် ။

ရှေးခေတ်ဂရိတို့သည် တောင်ကုန်း ပေါ်တွင်မြို့တည်လေ့ရှိသဖြင့် သူတို့၏မြို့အားလုံးနီးပါးမှာ Acropolis များဖြစ်ကြသည် ။ ထိုအထဲတွင် အုပ်ချုပ်ရေးဆိုင်ရာ နန်းတော်များ ၊ ဘာသာရေး ဆိုင်ရာ အဆောက်အဦးများ နှင့်
လူနေအိမ်များပါဝင်သည် ။

ဂရိ ခေတ် အကျော်ကြားဆုံး Acropolis မှာ ဂရိနိုင်ငံ အေသင်မြို့အနီး ပေ ၅၀၀ အမြင့်ရှိ တောင်ကုန်း ပေါ်မှ Acropolis ဖြစ် သည် ။

အေသင် Acropolis

အေသင် Acropolis သည် ( ဘီစီ ၁၄၅၀ – ၁၂၀၀ ) ကတည်းက တည်ရှိခဲ့သည်ဟု သမိုင်းမှတ်တမ်း များမှဆိုသည် ။ အေသင်ဒေသတွင် ကျောက်တုံး အဆောက်အဦး ကို ဘီစီ ၆ -ရာစု အချိန်က စတင် တည်ဆောက်ခဲ့သည်ဟု
ယူဆကြသည် ။

သို့သော်လည်း ( ဘီစီ ၇၅၀ – ၄၈၀ ) Archaic ခေတ် အချိန်က အေသင် Acropolis အကြောင်းကို သမိုင်းပညာရှင်များ အနည်းငယ်မျှသာ သိရှိကြသည် ။ ဘီစီ ၄၈၀ – အချိန်တွင် ဂရိတို့သည် အေသင်ဒေသမှ ပါရှန်များကို
စစ်အောင်နိုင်ခဲ့ကြသည် ။

သို့သော် ဘီစီ ၄၅၀ – အချိန် ဘုရင် Pericles ခေတ် ရောက်မှ ဂရိတို့သည် ကြီးမားသည့် အဆောက်အဦးများကို စတင် ဆောက်လုပ်ခဲ့ကြသည် ။ ထိုနေရာများမှ အဆောက် ဦးများသည် ရှေးခေတ်ဂရိများ၏ ပိသုကာလက်ရာ
အနုပညာ ပြောင်မြောက်မှုကို ဖေါ် ပြနေသည် ။

အေသင် Acropolis ရှိ ဂရိခေတ် ဗိသုကာလက်ရာများမှာ

The Propylaea

အေသင် Acropolis ၏ အဓိကဝင်ပေါက် အား Propylaea ဟုခေါ်သည် ။ The Ionic columns ( ထောက် တိုင် ) များအား အဖြူရောင်မာဘယ် ကျောက်တုံးများနှင့်ပြုလုပ်ထားသည် ။

ထိုဝင်ပေါက်ကို ဘီစီ ၄၃၇ အချိန်ကစတင်ဆောက်လုပ်ခဲ့ပြီး ဘီစီ ၄၃၁ – အချိန်တွင်ဖြစ်ပွားခဲ့သည့် အေသင် နှင့်စပါတာ တို့၏ စစ်ပွဲကြောင့် မပြီးစီးခဲ့ဟုဆိုသည် ။ ထိုစစ်ပွဲတွင် စပါတာ များမှ အနိုင်ရရှိခဲ့သော်လဲ ထိုဝင်ပေါက်အား
ဆက်လက်မတည်ဆောက်ခဲ့ကြဟု သမိုင်းပညာရှင်များမှထင်ကြေး ပေးကြသည် ။

Temple of Athena Nike

Propylaea ဝင်ပေါက်အနီးတွင် တည်ရှိသည့် မာဘယ်ကျောက်တုံးငယ်များနှင့် တည်ဆောက်ထားသည့် အဆောက်အဦးဖြစ်သည် ။ ဘီစီ ၄၂၀ အချိန်က ဆောက်လုပ်ခဲ့ပြီး Ionic columns တိုင် ၄ လုံး ပါရှိသည် ။ ထိုအဆောက်အဦးကို goddess Athena မှစစ်အောင်နိုင်ခြင်းအထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့သည်ဟုဆိုသည် ။

The Parthenon
The Parthenon အမည်ရှိ အဆောက်အဦးအား Goddess Athena Parthenos ( ဘုရင်မ ) အားရည်ရွယ်ပြီး ဘီစီ ၄၄၇ မှ ဘီစီ ၄၃၂ အတွင်း တည်ဆောက်ခဲ့ဲဲသည် ။ အကျယ်အဝန်း ( ၁၀၂ ပေ x ၂၃၀ ပေ ) ရှိ ပြီ အမြင့် ၃၃ ပေ ရှိကာ ရှေ့ တွင် တိုင် ၈ လုံး ၊ ဘေးတွင် တိုင် ၁၇ – လုံးရှိသည် ။

The Erechtheum

Parthenon အဆောက်အဦး၏ မြောက်ဖက် တွင်တည်ရှိသည့် အဆောက်အဦးဖြစ်သည် ။ အေသင်ဘုရင် Erechtheus မှ ဘီစီ ၄၂၀ အချိန်က ဆောက်လုပ်ခဲ့ပြီး ဘီစီ ၄၀၅ အချိန်က ပြီးစီးခဲ့သည်ဟု ဆိုသည် ။ အလွန်လက်ရာမြောက်လှသည့် အမျိုးသမီးရုပ်ပုံ များကို ထောက်တိုင်အဖြစ် ပြုလုပ်ထားသည် ။

သမိုင်း

ရှေးခေတ် အချိန်က ဂရိတို့၏ သမိုင်း နှင့် ကြီးကျယ်ခန်းနားမှု များကို ယနေ့အေသင် Acropolis ဒေသ ရှိ ဂရိခေတ် အဆောက်အဦးများက ဖေါ်ပြနေသည် ။ ဤဒေသသို့ ခရစ်ယာန် ဘာသာပြန့်နှံ့လာခဲ့ပြီး အချို့ အဆောက်အဦးများသည် ခရစ်ယာန် ဘုရားကျောင်း များအဖြစ် ပြောင်းလဲလာခဲ့သည် ။

Parthenon သည် အေဒီ ၄၂၆ တွင် ခရစ်ယန် ဘုရားကျောင်းဖြစ်ခဲ့သည် ။ တဖန် အေဒီ ၆၂၂ တွင် Our Lady of Athens အမည်ရ ခရစ်ယာန် ဘုရားကျောင်းဖြစ်ခဲ့သည် ။ အေဒီ ၁၄၅၈ – ခုနှစ်တွင်ဤဒေသသည် အော်တိုမင်အင်ပါယာ၏ လက်အောက်သို့ကျရောက်ခဲ့သည် ။ ထိုအခါအချို့အဆောက်အဦးများသည် ဗလီများအဖြစ်ပြောင်းလဲလာခဲ့ပြန်သည် ။

အေသင် Acropolis သည် စစ်စခန်းဖြစ်လာခဲ့သည် ။ အေဒီ ၁၆၈၇ – အချိန် တွင် စစ်ပွဲကြောင့် အဆောက်အဦးအများစုသည် ပျက်စီးခဲ့သည်ဟုဆိုသည် ။ အေဒီ ၁၈၂၉ – တွင် ဤဒေသသည် အော်တိုမင် အင်ပါယာလက်အောက်မှ လွတ်မြောက်လာခဲ့သည် ။ ထိုချိန်မှစ၍ ဂရိ များ သည် အဆောက်အဦးများကို ရှေးခေတ်လက်ရာအတိုင်း တဖြည်းဖြည်း ပြန်လည် ထိန်းသိမ်း ခဲ့ကြသည် ။

၂၀ -ရာစုအရောက်တွင် ခရီးသွားများ လာရောက်လည်ပါတ်မှု များပြားလာခဲ့သော်လည်း ပြုပြင်မှုအားနည်း သဖြင့် ပြန်လည် ပျက်စီးလာခဲ့လည် ။ ရှေးဟောင်းအမွေအနှစ်များစွာသည်လည်း ခိုးယူခြင်းခံခဲ့ရကာ ကမ ၻာ့ နေရာအနှံ့သို့ ရောက်ရှိသွားခဲ့သည် ။ ဤဒေသ၏ ရှေးဟောင်းနယ်မြေများ ကို ပြန်လည်တည်ဆောက်သည့် စီမံကိန်းအား ၁၉၈၁ ခုနှစ် တွင် စတင်ခဲ့ပြီး ၂၀၀၄ နွေရာသီ အေသင်အိုလံပစ်ပွဲ အချိန် ရောက်မှ အဆုံးသတ်နိုင်ခဲ့သည် ။

ယနေ့အချိန်တွင် အေသင် Acropolis သည် ကမ္ဘာ့သမိုင်းဝင် အမွေအနှစ် World Heritage Site နယ်မြေ တခုဖြစ်လာခဲ့သည်။ ထို့အတူ ဂရိနိုင်ငံ၏ အဓိက ကမ ၻာလှည့် ခရီးသွားများကို ဆွဲဆောင်ရာ ကမ ၻာ့ ရှေးအကျဆုံးသမိုင်းဝင် နေရာတစ်ခုအဖြစ်တည်ရှိနေပြီဖြစ်သည် ။

Academy Page

Leave a Reply