အေအာင္ျမင္ဆုံး အႏုပညာရွင္ (သုိ႔) ျပည္သူခ်စ္တဲ့ တြံေတးသိန္းတန္ ဆုိသည္မွာ

Posted on

တြံေတးသိန္းတန္သည္ ျမန္မာႏိုင္ငံသား အဆိုေတာ္၊ စာေရးဆရာ၊ ေတးေရးဆရာ၊ ႐ုပ္ရွင္ သ႐ုပ္ေဆာင္၊ ႐ုပ္ရွင္ ဒါ႐ိုက္တာ၊ ဇာတ္ဆရာတစ္ဦး ျဖစ္သည္။ သူသည္ ျပည္သူ႕အက်ိဳးကို သယ္ပိုးခဲ့သူျဖစ္ေသာေၾကာင့္ ျပည္သူခ်စ္ေသာ အႏုပညာသမား တစ္ဦး ျဖစ္ခဲ့သည္။ သူေခတ္သူ႔အခါက သူ႔ေလာက္ေအာင္ျမင္ခဲ့သူမရွိခဲ့သလုိ ၊ ယခုေခတ္တုိင္ေအာင္ သူ႔ေလာက္ လူတန္းစားမေရြး၏ ရင္ကို သိမ္းပိုက္ႏုိင္သူ ေနာက္တစ္ေယာက္ ရွိအံ့မထင္။

သူ႔ေခတ္က ၿမဳိ႕ေရာေတာပါ မက လြန္စြာေျခာက္ကပ္လွသည့္ ေလးအိမ္တန္းလုိ ေနရာမ်ားတြင္ပင္ သူ႔သီခ်င္းသံမ်ား ပ်ံ႕လႊင့္ခဲ့ဖူးသည္။ သူကြယ္လြန္ခဲ့သည္မွာ ယေန႔ဆုိလွ်င္ ႏွစ္ေပါင္း ၂၀ တိတိျပည့္ခဲ့ၿပီျဖစ္ေသာ္လည္း သူ႔ကို လူႀကီး လူငယ္မေရြးသိၾကေသးသည္။ သူ႔သီခ်င္းသံမ်ားကို ေနရာအႏွံ႔၌ ၾကားေနရေသးသည္။ ဒါပင္ သူ႔ရဲ႕အႏုပညာစြမ္းအား ျဖစ္သည္။

တြံေတးသိန္းတန္ကို ရွမ္းႏြယ္ဖြား ျမန္မာသမားေတာ္ႀကီး ဦးဖိုးဦးႏွင့္ ေဒၚၫိုတို႔မွ ျမန္မာသကၠရာဇ္ ၁၃၀၃-ခုႏွစ္၊ သီတင္းကၽြတ္လဆန္း (၇)ရက္၊ ခရစ္ႏွစ္ ၁၉၄၁-ခု၊ စက္တင္ဘာလ (၂၆) ရက္၊ ေသာၾကာေန႔တြင္ ရန္ကုန္တိုင္း၊ တြံေတးၿမိဳ႕နယ္၊ ရွမ္းစုႀကီးေက်း႐ြာ၌ ေမြးဖြားခဲ့သည္။ ေမြးခ်င္း ေျခာက္ေယာက္အနက္ ပၪၥမေျမာက္ ျဖစ္သည္။ ေမြးခ်င္းမ်ားမွာ ကိုထြန္းရီ၊ မအုန္းက်င္၊ ကိုထြန္းေအး၊ မဝင္း၊ သိန္းတန္၊ ေမာင္ၾကည္ေငြတို႔ ျဖစ္သည္။ ေသာၾကာသားျဖစ္ေသာေၾကာင့္ ေန႔သင့္နံသင့္ ေမာင္သိန္းတန္ဟု အမည္ေပးခဲ့သည္။

ငယ္ဘဝ

အ႐ြယ္ေရာက္လာေသာအခါ ရွမ္းစုႀကီးေက်း႐ြာ မူလတန္းေက်ာင္း( ဆရာႀကီး ဦးခ်န္ထြန္းေက်ာင္း)တြင္ တတိယတန္းအထိ ပညာသင္ယူခဲ့သည္။ စတုတၳတန္းမွ သတၱမတန္းအထိ ရန္ကုန္ၿမိဳ႕၊ စမ္းေခ်ာင္း၊ ဟုမ္းလမ္း (ယခု ပန္းလႈိင္လမ္း) ရွိ အစ္ကိုႀကီး ေဆးဆရာ ဦးထြန္းရီ၏ ေနအိမ္တြင္ ေနထိုင္ၿပီး ေက်ာင္းတက္ ပညာသင္ယူခဲ့သည္။ ရန္ကုန္တြင္ ခုႏွစ္တန္းအထိေနၿပီး ဟယ္ရီတန္အေရးအခင္းျဖစ္၍ ခုႏွစ္တန္းစာေမးပြဲ ေအာင္ကာ ဇာတိေျမ ရွမ္းစု႐ြာသို႔ ျပန္လာခဲ့သည္။

ထိုမွတဖန္ တြံေတး အေျခခံပညာ အထက္တန္းေက်ာင္းသို႔ ေျပာင္းေ႐ႊ႕ပညာ သင္ယူခဲ့ရာ ၁၉၅၉−ခုႏွစ္တြင္ နဝမတန္း စာေမးပြဲေအာင္ျမင္သည္။ တြံေတးသိန္းတန္သည္ ငယ္စဥ္ကပင္ ကဗ်ာေရးစပ္ သီကုံးျခင္းႏွင့္ သီခ်င္းဆိုျခင္း၊ ဂီတကို ဝါသနာအထုံ ပါလာခဲ့၍ တြံေတးမယ္ဒလင္ ဦးသန္းႂကြယ္ထံတြင္ ေတးဂီတပညာကို သင္ယူသည္။

ဝန္ထမ္းဘဝ

နဝမတန္း ေအာင္ျမင္ၿပီးေနာက္ ရန္ကုန္ၿမိဳ႕၊ အစိုးရပုံႏွိပ္ႏွင့္ စာေရးကိရိယာဌာနတြင္ ဝင္ေရာက္လုပ္ကိုင္ၿပီး ၁၉၆၁−ခုႏွစ္တြင္ ျမန္မာ့အသံသို႔ အငယ္တန္းစာေရးအျဖစ္ ေျပာင္းေ႐ႊ႕တာဝန္ထမ္းေဆာင္သည္။ ထိုမွ ျမန္မာ့အသံ ဓာတ္ျပား၊ ပိဋကတ္တိုက္တြင္ လက္ေထာက္ပိဋကတ္တိုက္မႉး အဆင့္ထိ တိုးျမႇင့္တာဝန္ထမ္းေဆာင္ခဲ့သည္။

တေန႔တြင္ စႏၵယား ေအာင္ခင္မွ ေမာင္သိန္းတန္အား ျမန္မာ့အသံတြင္ အသံလႊင့္ရန္ ငါးမိနစ္စာ သီခ်င္းတပုဒ္ေရးခိုင္းသည္။ ေမာင္သိန္းတန္သည္ မယ္ဒလင္ေကာက္ကိုင္ၿပီး သီခ်င္းတစ္ပုဒ္ေရး၍ Note ထည့္လိုက္သည္။ ထုိသီခ်င္းကား..ယေန႔တုိင္မၾကာခဏၾကားေနရဆဲျဖစ္သည့္..”ပန္းစံပယ္ ေၾသာ္..နန္းလယ္မေပၚခုိက္ဟာမုိ႔..အလုိက္ေတာ္တန္သင့္ရုံပ..ခံပြင့္ကုိကုံးရတယ္..” အစခ်ီေသာ “ေထြးညဳိ” သီခ်င္းျဖစ္ေလသည္။

အႏုပညာရွင္ဘဝ

တြံေတးသိန္းတန္သည္ သီခ်င္းေရးသား သီဆိုျခင္း ဝါသနာအရ ဆရာဦးသန္းႂကြယ္၊ တပ္မေတာ္(ေရ)မွ PO ဦးသန္းျမင့္၊ ဂီတာသိန္းစိုး၊ စႏၵရားေမာင္ေမာင္ေအး၊ ေမာင္ေမာင္ေလးတို႔ထံမွ ဂီတပညာကို ဆည္းပူးခဲ့ၿပီး ၁၉၅၆-ခုႏွစ္တြင္ ျမန္မာ့အသံ ေရဒီယိုမွ ေတးသီခ်င္း တစ္ပုဒ္စ၊ ႏွစ္ပုဒ္စ စတင္ထုတ္လႊင့္ခဲ့ရာ ၁၉၆၀-၆၁-ခုႏွစ္က ကိုယ္တိုင္ေရး ကိုယ္တိုင္သီဆိုခဲ့ေသာ မ်က္ရည္စမ္းျဖင့္ ခမ္းေလၿပီ သီခ်င္းျဖင့္ ဂီတနယ္သို႔ စတင္ဝင္ေရာက္ခဲ့သည္။

၁၉၆၂ခုႏွစ္တြင္ ကိုယ္တိုင္ေရးစပ္သီကုံးကာ ျမန္မာ့အသံမွ ထုတ္လႊင့္ေသာ ေထြးၫို သီခ်င္းျဖင့္ ျမန္မာႏိုင္ငံ အႏွံ႔ ပ်ံ႕ႏွံ႔ေက်ာ္ၾကား လူသိမ်ားလာသည္။ သို႔ႏွင့္ ဓာတ္ျပားေလာကတြင္ ပန္းႏြယ္ကစိမ္း၊ ႏွမလက္ေလၽွာ႔ေနေလေတာ့၊ ျမသီတာ အႀကိဳေတာ္ေထာက္ေပမယ့္၊ အသီးတစ္ရာ အၫွာတစ္ခု၊ ေမတၱာမီးအိမ္၊ ကိုယ္ရယ္ မင္းရယ္ ပန္းပိေတာက္ရယ္၊ ဖိုးလမင္းကို ေအာင္သြယ္ခိုင္းမယ္၊ မႈန္နံ႔သာ ျခယ္ကာသပါလို႔ စသည့္သီခ်င္းမ်ားႏွင့္ ေတးသံရွင္ အျဖစ္ ထင္ရွားေက်ာ္ၾကားခဲ့သည္။ သူ၏သီခ်င္းမ်ားသည္ ေက်းလက္၏သဘာဝ အလွအပမ်ားႏွင့္ ေတာသူေတာင္သားတို႔၏ ခံစားမႈကို ကိုယ္စားျပဳသည္က မ်ားသည္။

႐ုပ္ရွင္႐ိုက္ကူးျခင္း

ေထြးၫိုသီခ်င္းက တြံေတးသိန္းတန္ကို ႏိုင္ငံေက်ာ္ ႐ုပ္ရွင္မင္းသားဘဝသို႔ ပို႔ေဆာင္ေပးခဲ့သည္။ ၁၉၆၄-ခုႏွစ္တြင္ ျမတ္ကဝိန္႐ုပ္ရွင္မွ ဒါ႐ိုက္တာဦးလွေအာင္ ႐ိုက္ကူးေသာ ေထြးၫို ဇာတ္ကား၌ မင္းသမီး ခင္သန္းႏု၊ သ႐ုပ္ေဆာင္ ေဌးဝင္းတို႔ႏွင့္ အတူ ပါဝင္သ႐ုပ္ေဆာင္ခြင့္ ရရွိခဲ့ရာ ေတးသံရွင္ သ႐ုပ္ေဆာင္အျဖစ္ ထင္ရွားေက်ာ္ၾကားလာသည္။ ထို႔ေနာက္ ႐ုပ္ရွင္ဇာတ္ကားမ်ား ဆက္လက္႐ိုက္ကူးရန္ ျမန္မာ့အသံမွ အလုပ္ထြက္ခဲ့ၿပီး ခ်စ္သူေပးေသာ ေတးတပုဒ္ဇာတ္ကားကို ဆက္လက္႐ိုက္ကူးသည္။

တြံေတးသိန္းတန္သည္ ႐ုပ္ရွင္ကုမၸဏီေပါင္းမ်ားစြာက ကမ္းလွမ္း႐ိုက္ကူးေသာ ဇာတ္ကားမ်ားတြင္ အဓိကဇာတ္ေကာင္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ရာ ျမတ္ေလး၊ ဝါဝါဝင္းေ႐ႊႏွင့္ ခ်စ္သူေပးေသာ ေတးတပုဒ္၊ ခင္သန္းႏုႏွင့္ ေမတၱာဇာတ္လမ္း ဆုံရာဝယ္၊ ႐ႈမဝစမ္းစမ္းေအးႏွင့္ ပန္းႏြယ္ကစိမ္း၊ ေဇာ္လြင္၊ ဝါဝါဝင္းေ႐ႊတို႔ႏွင့္ အေ႐ႊတို႔႐ြာ၊ တင္တင္ၫိုႏွင့္ အညာသားေလး၊ ေဒစီေက်ာ္ဝင္းႏွင့္ ပန္းကေလးမ်ား မႏြမ္းေစခ်င္၊ ျမင့္ျမင့္ခိုင္ႏွင့္ မုန္းစရာႀကီး၊ မၪၥဴသင္းႏွင့္ ခ်မ္းေျမ႕သီတဂူ၊ စံရွားတင္ႏွင့္ ခ်စ္ရက္ကယ္ေႏွာင္း၊ ခင္သန္းႏုႏွင့္ အသက္ကိုႏွင္း၍၊ ၾကည္ၾကည္ေဌး၊ ေမယုတို႔ႏွင့္ သတၱိေသြးႏွင့္ ေတးလုလင္၊ ႏွင္းဆီႏွင့္ နန္းၾကာရိပ္ၿမိဳင္၊ အပါအဝင္ ႐ုပ္ရွင္ဇာတ္ကားေပါင္း (၆၇)ကား ႐ိုက္ကူးခဲ့သည္။

တြံေတးသိန္းတန္သည္ ဝတၱဳ၊ ဇာတ္ၫႊန္း၊ ဒါ႐ိုက္တာအျဖစ္လည္း ႐ိုက္ကူးထုတ္လုပ္ခဲ့ရာ မင္းသမီး စႏၵာႏွင့္ တြဲဖက္သ႐ုပ္ေဆာင္သည့္ ကိုယ္ရယ္ မင္းရယ္ ပန္းပိေတာက္ရယ္ႏွင့္ ခ်စ္မိေတာ့လည္း အ႐ူးအမူး ဇာတ္ကားတို႔မွာ ပရိသတ္၏ ႏွစ္ၿခိဳက္အားေပးျခင္း ခံရသည္။

ဓာတ္ျပားသီခ်င္း

ဓာတ္ျပားေတးသီခ်င္းမ်ား အေနႏွင့္ ေထြးၫို ထြက္ရွိၿပီး ေနာက္ပိုင္း အဆက္မျပတ္ သီဆိုထုတ္လႊင့္ခဲ့ရာ အဆိုေတာ္ တြံေတးသိန္းတန္ကိုယ္တိုင္ အေရအတြက္ မွတ္မိျခင္း မရွိေတာ့ဟု ဆိုသည္။ တိတ္ေခြ (၂၉)ေခြ ထြက္ရွိခဲ့ၿပီး သီခ်င္းပုဒ္ေရ ၃၂၀−ခန္႔၊ ျပဇာတ္ေတးမ်ား ပါဝင္လၽွင္ ၃၅၀ခန္႔ ရွိမည္ဟု ခန္႔မွန္းၾကသည္။

ဇာတ္သဘင္

၁၉၇၄ ခုႏွစ္တြင္ တြံေတးသိန္းတန္ ဂီတ႐ုပ္ရွင္ ျပဇာတ္ သဘင္ ဇာတ္သဘင္အဖြဲ႕ကို ဖြဲ႕စည္းကာ ဇာတ္မင္းသားအျဖစ္ႏွင့္လည္း အနယ္နယ္ အရပ္ရပ္သို႔ လွည့္လည္ကျပခဲ့ရာ ႐ုံျပည့္႐ုံလၽွံ ပရိသတ္အားေပးျခင္းကို ခံခဲ့ရသည္။ ျမန္မာ့ယဥ္ေက်းမႈ ေတးသီခ်င္းမ်ားကို သီဆိုေလ့ရွိေသာ တြံေတးသိန္းတန္သည္ ဂီတပရိသတ္အားေပးမႈ အမ်ားဆုံးရရွိေသာ ေတးျပဳအဆိုေတာ္အျဖစ္ ျမန္မာ့ဂီတသမိုင္းမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

ကိုယ္တိုင္ေရး၊ ကိုယ္တိုင္သီဆို အသံလႊင့္ခဲ့ေသာ ေတးသီခ်င္းမ်ားစြာအနက္ ဖိုးလမင္းကို ေအာင္သြယ္ခိုင္းမယ္၊ ႏွမလက္ေလၽွာ႔ ေနေလေတာ့၊ ဝဏၰပဘာ၊ အသီးတစ္ရာ အၫွာတစ္ခု၊ အေမ့ပါးက သနပ္ခါး တို႔မွာ ေခတ္အဆက္ဆက္ မ႐ိုးႏိုင္ေသာ ေတးမ်ားအျဖစ္ ဂႏၴဝင္တြင္ က်န္ရစ္သည္။

စာေရးဆရာ

ထို႔ျပင္ တြံေတးသိန္းတန္သည္ ဂီတ႐ုပ္ရွင္သာမက သီးသန္႔ လုံးခ်င္းဝတၱဳရွည္မ်ားကိုလည္း ေရးသားခဲ့ရာစာအုပ္ (၂၀)ခန္႔ထိ ရွိခဲ့သည္။ မေခၚသာ ေတာ္ရာကၿပဳံးပါမယ္၊ အခ်စ္ကစေန ကိုယ္ကစေန စေသာ ဝတၱဳစာအုပ္မ်ားက ထင္ရွားသည္။

မိသားစုဘဝ

အဆိုေတာ္ တြံေတးသိန္းတန္သည္ ေဒၚစန္းျမင့္ႏွင့္ လက္ထပ္ခဲ့ၿပီး သားသမီး (၄)ဦးထြန္းကားခဲ့သည္။ အိမ္ေထာင္ေရးအဆင္မေျပျဖစ္ခဲ့သည္ကို အေၾကာင္းျပဳကာ အရက္အလြန္အကြ်ံေသာက္ရာမွ ဘာအလုပ္မွမလုပ္ႏုိင္ေတာ့ေအာင္ ျဖစ္ခဲ့ရသည္။ ေနာက္ဆုံး အႏုပညာအလုပ္မ်ားကိုပါ ရပ္တန္႔ခဲ့ရသည္ အထိ အေျခအေနဆုိး၀ါးခဲ့ရသည္။ ဘဝလည္းပ်က္၊အိမ္ေထာင္လည္းကြဲၿပီး ဇာတိရြာသို႔ျပန္လာေသာအခါဖိနပ္ေတာင္မပါဘူးဟု ဆိုၾကေလသည္။

ကံတရားအရ ကယ္တင္ရွင္ ႏွစ္ဦးေပၚလာခဲ့သည္၊ကိုတင္ေဌးႏွင့္ မသန္းခ်စ္(ေခၚ) ခ်စ္စပယ္တို႔ရြာထိလိုက္လာၿပီးျပဳစုပ်ိဳး ေထာင္ေပးၾကသည္၊ ခ်စ္စပယ္ႏွင့္ျမန္မာ့အသံတြင္လုပ္ေဖာ္ကိုင္ဖက္ျဖစ္ၿပီးရင္းႏွီးခဲ့ၾကသည္၊ယခု
ျပန္ေတြ႕ေသာအခါ သံေယာစဥ္ျဖစ္ၿပီးလက္ထပ္လိုက္ၾကသည္၊ရန္ကုန္သို႔ျပန္လာၿပီးသူမ်ားအိမ္တြင္ခိုကပ္ေနၾကသည္။  ဂီတစာဆိုကိုေက်ာ့မႈး သည္ တြံေတးသိန္းတန္ႏွင့္ ခ်စ္စပယ္တို႔အား စံုတြဲသီခ်င္းတပုဒ္ ေရးေပးလိုက္ရာ တရွိန္ထိုးေအာင္ျမင္ေက်ာ္ၾကားသြားေလသည္၊ထိုသီခ်င္းကား ” ေမာင္ေရႊရိုး နဲ႔ ခ်စ္စပယ္ “ျဖစ္ေလသည္

ဘဝနိဂုံး

တစ္သက္တာ ကာလပတ္လုံး အႏုပညာႏွင့္ ေနထိုင္ခဲ့ေသာ တြံေတးသိန္းတန္သည္ ၁၉၉၉ခု၊ ဇန္နဝါရီလ (၁၁)ရက္ေန႔ အသက္ ၅၈ႏွစ္အရြယ္တြင္ ရန္ကုန္ၿမိဳ႕၌ အသည္းကင္ဆာျဖင့္ ကြယ္လြန္ခဲ့သည္။

တြံေတးသိန္းတန္၏ စ်ာပနႏွင့္ ပတ္သတ္၍ စာေရးဆရာသုေမာင္က “စိတ္လႈပ္ရွားေနေသာေၾကာင့္ တုိတုိပဲေရးပါရေစ” ေခါင္းစဥ္ ျဖင့္ စာတစ္ပုဒ္ေရးဖူးသည္။ ထုိစာမွာ ေအာက္ပါအတိုင္းျဖစ္သည္။

ေငြၾကယ္တစ္ပြင့္ ေၾကြေသာပြဲ ၊ တြံေတးသိန္းတန္ေၾကြေသာပြဲ။ သူ႔အသုဘကို ကြ်န္ေတာ္လုိက္ပုိ႔ျဖစ္သည္။ ကြ်န္ေတာ္သည္ ေငြၾကယ္ပြင့္တုိ႔ ေၾကြေသာအသုဘမ်ားသို႔ သြားေလ့သြားထ မရွိ။ အေၾကာင္းမွာ ေၾကြေသာၾကယ္ပြင့္ကုိ ဂါရ၀ျပဳျခင္းထက္ ၾကြေရာက္လာၾကမည့္ အျခားနာမည္ေက်ာ္မ်ားကို ႀကိတ္ႀကိတ္တုိး လာေရာက္ၾကည့္ရႈ႕အားေပးၾကေသာ ပရိသတ္၏ ဒါဏ္ကို မခံႏုိင္ေသာေၾကာင့္ျဖစ္သည္။ ထုိ႔ေၾကာင့္ ကြ်န္ေတာ္သည္ ေငြၾကယ္တစ္ပြင့္ေၾကြေလတုိင္း (မေၾကြမီကပင္) တတ္အားသေရြ႕ တတ္ႏုိ္င္ေသာနည္းျဖင့္ ကူညီသည္။

ယခုတြံေတးသိန္းတန္ကိစၥတြင္လည္း လုိက္ပုိ႔ရန္စိတ္ကူးမရွိခဲ့။ သို႔ေသာ္ ကြ်န္ေတာ္ပုိ္င္ဆုိင္ေသာ ပစ္ကပ္ေနာက္ဖြင့္ကားကေလး ရွိေသာေၾကာင့္ ထုိကားျဖင့္ အကူအညီေပးရန္ လုိက္ခ်င္တဲ့သူ လုိက္ၾကပါေစဆုိသည့္ သေဘာ ၊ ကုသုိလ္ျဖစ္သေဘာ။

ဆုိၾကပါစုိ႔ ။ ေရေ၀းသုသာန္သုိ႔ ေရာက္ပါၿပီ။ ေျမာက္ဥကၠလာလမ္းမႀကီးမွ ေရေ၀းသုသာန္အ၀င္ လမ္းေထာင့္ခ်ဳိးတြင္ ဆုိက္ကားဂိတ္တစ္ခုရွိသည္။ ထုိေနရာအေရာက္ ကြ်န္ေတာ္အသံေတြၾကားရသည္။ ဆုိက္ကားသမားမ်ား၏ သံၿပဳိင္အသံမ်ားျဖစ္သည္။
“ကုိသိန္းတန္ဆီအေရာက္ တစ္ေယာက္ငါးဆယ္”

အစတြင္ သူတုိ႔ဘာေၾကာင့္ေအာ္ေနမွန္း ကြ်န္ေတာ္နားမလည္။ ေနာက္မွ ေၾသာ္…ထုိေနရာမွ ေရခဲတုိက္အထိခရီးကုိ တစ္ေယာက္ငါးဆယ္ႏႈန္းဟု ဆုိလုိေၾကာင္း သေဘာေပါက္ေတာ့သည္။ ကြ်န္ေတာ္စဥ္းစားၾကည့္သည္။ ဟုတ္ပ ၊ ကုိသိန္းတန္အား လာေရာက္ပို႔သၾကေသာ အသုဘရႈ႕ပရိသတ္သည္ ေမာ္ေတာ္ကားစီးႏုိင္ေသာ အတန္းအစားမ်ဳိးမ်ားမွ မဟုတ္ၾကပါဘဲေလ။

ေရေ၀းသုသာန္ လယ္ကြင္းျပင္ႀကီးသည္ ဖုန္တေထာင္းေထာင္းထေနသည္။ က်ဲက်ဲေတာက္ပူေနေသာ ေနေရာင္ေအာက္တြင္ ကိုသိန္းတန္အား လာေရာက္ ဂါရ၀ျပဳၾကေသာ ပရိသတ္ႀကီးသည္ ပုရြက္ဆိတ္အုံ တုတ္ႏွင့္ထုိးသကဲ့သုိ႔ ရုန္းရင္းဆံခတ္ ဟိုေျပးဒီေျပး လႈပ္လႈပ္ရြရြ။ ကြ်န္ေတာ္သတိထားမိသေလာက္ (ယခင့္ယခင္ ေငြၾကယ္ပြင့္တုိ႔ ေၾကြေလရာ လာေရာက္ၾကေသာ ပရိသတ္မ်ဳိးမဟုတ္) လူအုပ္ႀကီးသည္ ဘယ္နာမည္ႀကီးေတြ လာၾကမည္ကုိ ေစာင့္ေမွ်ာ္ေနၾကေသာ ပရိသတ္မ်ဳိးမဟုတ္ ။ ကုိသိန္းတန္၏ ရုပ္အေလာင္းကို ၾကည့္ရႈ႕ရန္ လာၾကေသာ ပရိသတ္မ်ားသာ ျဖစ္ပါသည္။

ပါးကြက္ၾကားေတြလည္း ပါသည္။ အေပါစား ႏႈတ္ခမ္းနီရဲရဲေတြလည္းပါသည္။ ခုံဖိနပ္ေတြလည္းပါသည္။ အကၤ်ီအစုတ္အၿပဲေတြလည္းပါသည္။ ေတာင္သူလယ္သမား ၊ အလုပ္သမားႏွင့္ အေျခခံလူတန္းစား။

တျခား ကြ်န္ေတာ္သတိထားမိသည္မွာ စက္ဘီးျဖင့္ ထီေရာင္းၾကသူမ်ား။ သူတုိ႔သည္ ထီလာေရာင္းဟန္မတူ ။ တြံေတးသိန္းတန္ကို လာေရာက္ ဂါရ၀ျပဳၾကပုံရသည္။ သုိ႔ေသာ္ သူတုိ႔တစ္အုပ္စုလုံးသည္ စက္ဘီး ကတ္ဆက္မ်ားကို အက်ယ္ေလာင္ဆုံးဖြင့္ထားၾကသည္။ တြံေတးသိန္းတန္ သီခ်င္းေတြခ်ည္းပါပဲ။

အရက္သမားတခ်ဳိ႕ကိုလည္း ေတြ႔ရသည္ ။ မူးမူးႏွင့္ ကုိသိန္းတန္သီခ်င္းေတြကို ေအာ္ဟစ္သီဆုိေနၾကသည္။ မွတ္မွတ္ရရ မ်က္မျမင္တစ္ေယာက္ကုိလည္း ကြ်န္ေတာ္ေတြ႔သည္။ လူအတြဲျဖင့္ လာသည္။

“အသံပဲ ၾကားဖူးပါတယ္ဗ်ာ။ လူမျမင္ဖူးပါဘူး။ ဒါေၾကာင့္ ေနာက္ဆုံးအေနနဲ႔ သူ႔မ်က္ႏွာေလးကို ကုိင္ၾကည့္ခ်င္လုိ႔ပါ။ သူအေလာင္းဘယ္မွာလဲဗ်ဳိ႕”
ဟု ငုိသံပါႀကီးျဖင့္ ေအာ္ဟစ္ေနသံကို ကြ်န္ေတာ္ေကာင္းေကာင္းၾကားလုိက္ရသည္။ လႈိက္ခနဲ ျဖစ္သြားသည္။

ကိုသိန္းတန္၏ အေလာင္းကို ၀ွက္ထားရသည္ဟု တာ၀န္ရွိသူမ်ားကေျပာသျဖင့္ ကြ်န္ေတာ္ပင္ ၾကည့္ခြင့္မရခဲ့ပါ။ အျပန္တြင္လည္း ေစာေစာက ေျပာခဲ့ေသာ ဆုိက္ကားဂိတ္အေရာက္ ဆုိက္ကားသမားမ်ား၏ သံၿပဳိင္ေအာ္ဟစ္ေနသံကုိ ၾကားရျပန္ပါသည္။ ဒီတစ္ခ်ီ ၾကားရေသာ အသံေတြကား ကြ်န္ေတာ့္ရင္ကုိသာမက တစ္ကုိယ္လုံးကိုပါ ဆတ္ဆတ္တုန္ခါသြားေစပါသည္။

“ကုိသိန္းတန္ေရ ေသတဲ့အထိ ကြ်န္ေတာ္တုိ႔ကို လုပ္ေကြ်းသြားသလားဗ်”

ကြ်န္ေတာ္တုိ႔ ေငြၾကယ္ပြင့္မ်ားသည္ ေကာင္းကင္၌ တလက္လက္ေတာက္ပၾကကုန္၏။ ေၾကြခ်ိန္တန္ေတာ့လည္း ေၾကြရမည္သာပင္။ သုိ႔ေသာ္ ဘယ္ေနရာဆီသို႔ ေၾကြမည္နည္း။ ေက်ာက္ေဆာင္ ၊ ေခ်ာက္ကမ္းပါးမ်ားေပၚသုိ႔ ေၾကြမည္ေလာ။ ပင္လယ္သမုဒၵရာအတြင္းသုိ႔ ေၾကြမည္ေလာ။….သုေမာင္

ကိုးကား
ရဲေသြးထက္ ေရး ျပည္သူခ်စ္ေသာ တြံေတးသိန္းတန္၊ ၂၀၁၅ ေအာက္တိုဘာလ၊ ျမတ္ပန္းရဂုံ စာေပ၊ စာ -၃
ျမန္မာ့စြယ္စုံက်မ္းအႏွစ္ခ်ဳပ္(၂၀၁၆)
ကာတြန္းဝင္းေအာင္ – ေအာင္ျမင္ေသာ ျမန္မာအႏုပညာရွင္မ်ား

သုေမာင္ – ခလုတ္တုိက္မိေသာ စရုိက္မ်ား
ကိုစိုးေအာင္လံ – ယစ္ထုတ္ဘဝမွ ျပန္လည္ႏိုးထလာေသာ တြံေတးသိန္းတန္
Myanmar Wikipedia

—————–

အအောင်မြင်ဆုံး အနုပညာရှင် (သို့) ပြည်သူချစ်တဲ့ တွံတေးသိန်းတန် ဆိုသည်မှာ (unicode)

တွံတေးသိန်းတန်သည် မြန်မာနိုင်ငံသား အဆိုတော်၊ စာရေးဆရာ၊ တေးရေးဆရာ၊ ရုပ်ရှင် သရုပ်ဆောင်၊ ရုပ်ရှင် ဒါရိုက်တာ၊ ဇာတ်ဆရာတစ်ဦး ဖြစ်သည်။ သူသည် ပြည်သူ့အကျိုးကို သယ်ပိုးခဲ့သူဖြစ်သောကြောင့် ပြည်သူချစ်သော အနုပညာသမား တစ်ဦး ဖြစ်ခဲ့သည်။ သူခေတ်သူ့အခါက သူ့လောက်အောင်မြင်ခဲ့သူမရှိခဲ့သလို ၊ ယခုခေတ်တိုင်အောင် သူ့လောက် လူတန်းစားမရွေး၏ ရင်ကို သိမ်းပိုက်နိုင်သူ နောက်တစ်ယောက် ရှိအံ့မထင်။

သူ့ခေတ်က မြို့ရောတောပါ မက လွန်စွာခြောက်ကပ်လှသည့် လေးအိမ်တန်းလို နေရာများတွင်ပင် သူ့သီချင်းသံများ ပျံ့လွှင့်ခဲ့ဖူးသည်။ သူကွယ်လွန်ခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း ၂၀ တိတိပြည့်ခဲ့ပြီဖြစ်သော်လည်း သူ့ကို လူကြီး လူငယ်မရွေးသိကြသေးသည်။ သူ့သီချင်းသံများကို နေရာအနှံ့၌ ကြားနေရသေးသည်။ ဒါပင် သူ့ရဲ့အနုပညာစွမ်းအား ဖြစ်သည်။

တွံတေးသိန်းတန်ကို ရှမ်းနွယ်ဖွား မြန်မာသမားတော်ကြီး ဦးဖိုးဦးနှင့် ဒေါ်ညိုတို့မှ မြန်မာသက္ကရာဇ် ၁၃၀၃-ခုနှစ်၊ သီတင်းကျွတ်လဆန်း (၇)ရက်၊ ခရစ်နှစ် ၁၉၄၁-ခု၊ စက်တင်ဘာလ (၂၆) ရက်၊ သောကြာနေ့တွင် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ရှမ်းစုကြီးကျေးရွာ၌ မွေးဖွားခဲ့သည်။ မွေးချင်း ခြောက်ယောက်အနက် ပဉ္စမမြောက် ဖြစ်သည်။ မွေးချင်းများမှာ ကိုထွန်းရီ၊ မအုန်းကျင်၊ ကိုထွန်းအေး၊ မဝင်း၊ သိန်းတန်၊ မောင်ကြည်ငွေတို့ ဖြစ်သည်။ သောကြာသားဖြစ်သောကြောင့် နေ့သင့်နံသင့် မောင်သိန်းတန်ဟု အမည်ပေးခဲ့သည်။

ငယ်ဘဝ

အရွယ်ရောက်လာသောအခါ ရှမ်းစုကြီးကျေးရွာ မူလတန်းကျောင်း( ဆရာကြီး ဦးချန်ထွန်းကျောင်း)တွင် တတိယတန်းအထိ ပညာသင်ယူခဲ့သည်။ စတုတ္ထတန်းမှ သတ္တမတန်းအထိ ရန်ကုန်မြို့၊ စမ်းချောင်း၊ ဟုမ်းလမ်း (ယခု ပန်းလှိုင်လမ်း) ရှိ အစ်ကိုကြီး ဆေးဆရာ ဦးထွန်းရီ၏ နေအိမ်တွင် နေထိုင်ပြီး ကျောင်းတက် ပညာသင်ယူခဲ့သည်။ ရန်ကုန်တွင် ခုနှစ်တန်းအထိနေပြီး ဟယ်ရီတန်အရေးအခင်းဖြစ်၍ ခုနှစ်တန်းစာမေးပွဲ အောင်ကာ ဇာတိမြေ ရှမ်းစုရွာသို့ ပြန်လာခဲ့သည်။

ထိုမှတဖန် တွံတေး အခြေခံပညာ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာ သင်ယူခဲ့ရာ ၁၉၅၉−ခုနှစ်တွင် နဝမတန်း စာမေးပွဲအောင်မြင်သည်။ တွံတေးသိန်းတန်သည် ငယ်စဉ်ကပင် ကဗျာရေးစပ် သီကုံးခြင်းနှင့် သီချင်းဆိုခြင်း၊ ဂီတကို ဝါသနာအထုံ ပါလာခဲ့၍ တွံတေးမယ်ဒလင် ဦးသန်းကြွယ်ထံတွင် တေးဂီတပညာကို သင်ယူသည်။

ဝန်ထမ်းဘဝ

နဝမတန်း အောင်မြင်ပြီးနောက် ရန်ကုန်မြို့၊ အစိုးရပုံနှိပ်နှင့် စာရေးကိရိယာဌာနတွင် ဝင်ရောက်လုပ်ကိုင်ပြီး ၁၉၆၁−ခုနှစ်တွင် မြန်မာ့အသံသို့ အငယ်တန်းစာရေးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။ ထိုမှ မြန်မာ့အသံ ဓာတ်ပြား၊ ပိဋကတ်တိုက်တွင် လက်ထောက်ပိဋကတ်တိုက်မှူး အဆင့်ထိ တိုးမြှင့်တာဝန်ထမ်းဆောင်ခဲ့သည်။

တနေ့တွင် စန္ဒယား အောင်ခင်မှ မောင်သိန်းတန်အား မြန်မာ့အသံတွင် အသံလွှင့်ရန် ငါးမိနစ်စာ သီချင်းတပုဒ်ရေးခိုင်းသည်။ မောင်သိန်းတန်သည် မယ်ဒလင်ကောက်ကိုင်ပြီး သီချင်းတစ်ပုဒ်ရေး၍ Note ထည့်လိုက်သည်။ ထိုသီချင်းကား..ယနေ့တိုင်မကြာခဏကြားနေရဆဲဖြစ်သည့်..”ပန်းစံပယ် ဪ..နန်းလယ်မပေါ်ခိုက်ဟာမို့..အလိုက်တော်တန်သင့်ရုံပ..ခံပွင့်ကိုကုံးရတယ်..” အစချီသော “ထွေးညို” သီချင်းဖြစ်လေသည်။

အနုပညာရှင်ဘဝ

တွံတေးသိန်းတန်သည် သီချင်းရေးသား သီဆိုခြင်း ဝါသနာအရ ဆရာဦးသန်းကြွယ်၊ တပ်မတော်(ရေ)မှ PO ဦးသန်းမြင့်၊ ဂီတာသိန်းစိုး၊ စန္ဒရားမောင်မောင်အေး၊ မောင်မောင်လေးတို့ထံမှ ဂီတပညာကို ဆည်းပူးခဲ့ပြီး ၁၉၅၆-ခုနှစ်တွင် မြန်မာ့အသံ ရေဒီယိုမှ တေးသီချင်း တစ်ပုဒ်စ၊ နှစ်ပုဒ်စ စတင်ထုတ်လွှင့်ခဲ့ရာ ၁၉၆၀-၆၁-ခုနှစ်က ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုခဲ့သော မျက်ရည်စမ်းဖြင့် ခမ်းလေပြီ သီချင်းဖြင့် ဂီတနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။

၁၉၆၂−နှစ်တွင် ကိုယ်တိုင်ရေးစပ်သီကုံးကာ မြန်မာ့အသံမှ ထုတ်လွှင့်သော ထွေးညို သီချင်းဖြင့် မြန်မာနိုင်ငံ အနှံ့ ပျံ့နှံ့ကျော်ကြား လူသိများလာသည်။ သို့နှင့် ဓာတ်ပြားလောကတွင် ပန်းနွယ်ကစိမ်း၊ နှမလက်လျှော့နေလေတော့၊ မြသီတာ အကြိုတော်ထောက်ပေမယ့်၊ အသီးတစ်ရာ အညှာတစ်ခု၊ မေတ္တာမီးအိမ်၊ ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်၊ ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်၊ မှုန်နံ့သာ ခြယ်ကာသပါလို့ စသည့်သီချင်းများနှင့် တေးသံရှင် အဖြစ် ထင်ရှားကျော်ကြားခဲ့သည်။ သူ၏သီချင်းများသည် ကျေးလက်၏သဘာဝ အလှအပများနှင့် တောသူတောင်သားတို့၏ ခံစားမှုကို ကိုယ်စားပြုသည်က များသည်။

ရုပ်ရှင်ရိုက်ကူးခြင်း

ထွေးညိုသီချင်းက တွံတေးသိန်းတန်ကို နိုင်ငံကျော် ရုပ်ရှင်မင်းသားဘဝသို့ ပို့ဆောင်ပေးခဲ့သည်။ ၁၉၆၄-ခုနှစ်တွင် မြတ်ကဝိန်ရုပ်ရှင်မှ ဒါရိုက်တာဦးလှအောင် ရိုက်ကူးသော ထွေးညို ဇာတ်ကား၌ မင်းသမီး ခင်သန်းနု၊ သရုပ်ဆောင် ဌေးဝင်းတို့နှင့် အတူ ပါဝင်သရုပ်ဆောင်ခွင့် ရရှိခဲ့ရာ တေးသံရှင် သရုပ်ဆောင်အဖြစ် ထင်ရှားကျော်ကြားလာသည်။ ထို့နောက် ရုပ်ရှင်ဇာတ်ကားများ ဆက်လက်ရိုက်ကူးရန် မြန်မာ့အသံမှ အလုပ်ထွက်ခဲ့ပြီး ချစ်သူပေးသော တေးတပုဒ်ဇာတ်ကားကို ဆက်လက်ရိုက်ကူးသည်။

တွံတေးသိန်းတန်သည် ရုပ်ရှင်ကုမ္ပဏီပေါင်းများစွာက ကမ်းလှမ်းရိုက်ကူးသော ဇာတ်ကားများတွင် အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာ မြတ်လေး၊ ဝါဝါဝင်းရွှေနှင့် ချစ်သူပေးသော တေးတပုဒ်၊ ခင်သန်းနုနှင့် မေတ္တာဇာတ်လမ်း ဆုံရာဝယ်၊ ရှုမဝစမ်းစမ်းအေးနှင့် ပန်းနွယ်ကစိမ်း၊ ဇော်လွင်၊ ဝါဝါဝင်းရွှေတို့နှင့် အရွှေတို့ရွာ၊ တင်တင်ညိုနှင့် အညာသားလေး၊ ဒေစီကျော်ဝင်းနှင့် ပန်းကလေးများ မနွမ်းစေချင်၊ မြင့်မြင့်ခိုင်နှင့် မုန်းစရာကြီး၊ မဉ္စူသင်းနှင့် ချမ်းမြေ့သီတဂူ၊ စံရှားတင်နှင့် ချစ်ရက်ကယ်နှောင်း၊ ခင်သန်းနုနှင့် အသက်ကိုနှင်း၍၊ ကြည်ကြည်ဌေး၊ မေယုတို့နှင့် သတ္တိသွေးနှင့် တေးလုလင်၊ နှင်းဆီနှင့် နန်းကြာရိပ်မြိုင်၊ အပါအဝင် ရုပ်ရှင်ဇာတ်ကားပေါင်း (၆၇)ကား ရိုက်ကူးခဲ့သည်။

တွံတေးသိန်းတန်သည် ဝတ္တု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ်လည်း ရိုက်ကူးထုတ်လုပ်ခဲ့ရာ မင်းသမီး စန္ဒာနှင့် တွဲဖက်သရုပ်ဆောင်သည့် ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်နှင့် ချစ်မိတော့လည်း အရူးအမူး ဇာတ်ကားတို့မှာ ပရိသတ်၏ နှစ်ခြိုက်အားပေးခြင်း ခံရသည်။

ဓာတ်ပြားသီချင်း

ဓာတ်ပြားတေးသီချင်းများ အနေနှင့် ထွေးညို ထွက်ရှိပြီး နောက်ပိုင်း အဆက်မပြတ် သီဆိုထုတ်လွှင့်ခဲ့ရာ အဆိုတော် တွံတေးသိန်းတန်ကိုယ်တိုင် အရေအတွက် မှတ်မိခြင်း မရှိတော့ဟု ဆိုသည်။ တိတ်ခွေ (၂၉)ခွေ ထွက်ရှိခဲ့ပြီး သီချင်းပုဒ်ရေ ၃၂၀−ခန့်၊ ပြဇာတ်တေးများ ပါဝင်လျှင် ၃၅ဝခန့် ရှိမည်ဟု ခန့်မှန်းကြသည်။

ဇာတ်သဘင်

၁၉၇၄ ခုနှစ်တွင် တွံတေးသိန်းတန် ဂီတရုပ်ရှင် ပြဇာတ် သဘင် ဇာတ်သဘင်အဖွဲ့ကို ဖွဲ့စည်းကာ ဇာတ်မင်းသားအဖြစ်နှင့်လည်း အနယ်နယ် အရပ်ရပ်သို့ လှည့်လည်ကပြခဲ့ရာ ရုံပြည့်ရုံလျှံ ပရိသတ်အားပေးခြင်းကို ခံခဲ့ရသည်။ မြန်မာ့ယဉ်ကျေးမှု တေးသီချင်းများကို သီဆိုလေ့ရှိသော တွံတေးသိန်းတန်သည် ဂီတပရိသတ်အားပေးမှု အများဆုံးရရှိသော တေးပြုအဆိုတော်အဖြစ် မြန်မာ့ဂီတသမိုင်းမှတ်တမ်းများတွင် ဖော်ပြသည်။

ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆို အသံလွှင့်ခဲ့သော တေးသီချင်းများစွာအနက် ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်၊ နှမလက်လျှော့ နေလေတော့၊ ဝဏ္ဏပဘာ၊ အသီးတစ်ရာ အညှာတစ်ခု၊ အမေ့ပါးက သနပ်ခါး တို့မှာ ခေတ်အဆက်ဆက် မရိုးနိုင်သော တေးများအဖြစ် ဂန္ထဝင်တွင် ကျန်ရစ်သည်။

စာရေးဆရာ

ထို့ပြင် တွံတေးသိန်းတန်သည် ဂီတရုပ်ရှင်သာမက သီးသန့် လုံးချင်းဝတ္တုရှည်များကိုလည်း ရေးသားခဲ့ရာစာအုပ် (၂၀)ခန့်ထိ ရှိခဲ့သည်။ မခေါ်သာ တော်ရာကပြုံးပါမယ်၊ အချစ်ကစနေ ကိုယ်ကစနေ စသော ဝတ္တုစာအုပ်များက ထင်ရှားသည်။

မိသားစုဘဝ

အဆိုတော် တွံတေးသိန်းတန်သည် ဒေါ်စန်းမြင့်နှင့် လက်ထပ်ခဲ့ပြီး သားသမီး (၄)ဦးထွန်းကားခဲ့သည်။ အိမ်ထောင်ရေးအဆင်မပြေဖြစ်ခဲ့သည်ကို အကြောင်းပြုကာ အရက်အလွန်အကျွံသောက်ရာမှ ဘာအလုပ်မှမလုပ်နိုင်တော့အောင် ဖြစ်ခဲ့ရသည်။ နောက်ဆုံး အနုပညာအလုပ်များကိုပါ ရပ်တန့်ခဲ့ရသည် အထိ အခြေအနေဆိုးဝါးခဲ့ရသည်။ ဘဝလည်းပျက်၊အိမ်ထောင်လည်းကွဲပြီး ဇာတိရွာသို့ပြန်လာသောအခါဖိနပ်တောင်မပါဘူးဟု ဆိုကြလေသည်။

ကံတရားအရ ကယ်တင်ရှင် နှစ်ဦးပေါ်လာခဲ့သည်၊ကိုတင်ဌေးနှင့် မသန်းချစ်(ခေါ်) ချစ်စပယ်တို့ရွာထိလိုက်လာပြီးပြုစုပျိုး ထောင်ပေးကြသည်၊ ချစ်စပယ်နှင့်မြန်မာ့အသံတွင်လုပ်ဖော်ကိုင်ဖက်ဖြစ်ပြီးရင်းနှီးခဲ့ကြသည်၊ယခု
ပြန်တွေ့သောအခါ သံယောစဉ်ဖြစ်ပြီးလက်ထပ်လိုက်ကြသည်၊ရန်ကုန်သို့ပြန်လာပြီးသူများအိမ်တွင်ခိုကပ်နေကြသည်။  ဂီတစာဆိုကိုကျော့မှုး သည် တွံတေးသိန်းတန်နှင့် ချစ်စပယ်တို့အား စုံတွဲသီချင်းတပုဒ် ရေးပေးလိုက်ရာ တရှိန်ထိုးအောင်မြင်ကျော်ကြားသွားလေသည်၊ထိုသီချင်းကား ” မောင်ရွှေရိုး နဲ့ ချစ်စပယ် “ဖြစ်လေသည်

ဘဝနိဂုံး

တစ်သက်တာ ကာလပတ်လုံး အနုပညာနှင့် နေထိုင်ခဲ့သော တွံတေးသိန်းတန်သည် ၁၉၉၉ခု၊ ဇန်နဝါရီလ (၁၁)ရက်နေ့ အသက် ၅၈နှစ်အရွယ်တွင် ရန်ကုန်မြို့၌ အသည်းကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။

တွံတေးသိန်းတန်၏ ဈာပနနှင့် ပတ်သတ်၍ စာရေးဆရာသုမောင်က “စိတ်လှုပ်ရှားနေသောကြောင့် တိုတိုပဲရေးပါရစေ” ခေါင်းစဉ် ဖြင့် စာတစ်ပုဒ်ရေးဖူးသည်။ ထိုစာမှာ အောက်ပါအတိုင်းဖြစ်သည်။

ငွေကြယ်တစ်ပွင့် ကြွေသောပွဲ ၊ တွံတေးသိန်းတန်ကြွေသောပွဲ။ သူ့အသုဘကို ကျွန်တော်လိုက်ပို့ဖြစ်သည်။ ကျွန်တော်သည် ငွေကြယ်ပွင့်တို့ ကြွေသောအသုဘများသို့ သွားလေ့သွားထ မရှိ။ အကြောင်းမှာ ကြွေသောကြယ်ပွင့်ကို ဂါရ၀ပြုခြင်းထက် ကြွရောက်လာကြမည့် အခြားနာမည်ကျော်များကို ကြိတ်ကြိတ်တိုး လာရောက်ကြည့်ရှု့အားပေးကြသော ပရိသတ်၏ ဒါဏ်ကို မခံနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သည် ငွေကြယ်တစ်ပွင့်ကြွေလေတိုင်း (မကြွေမီကပင်) တတ်အားသရွေ့ တတ်န်ိုင်သောနည်းဖြင့် ကူညီသည်။

ယခုတွံတေးသိန်းတန်ကိစ္စတွင်လည်း လိုက်ပို့ရန်စိတ်ကူးမရှိခဲ့။ သို့သော် ကျွန်တော်ပ်ိုင်ဆိုင်သော ပစ်ကပ်နောက်ဖွင့်ကားကလေး ရှိသောကြောင့် ထိုကားဖြင့် အကူအညီပေးရန် လိုက်ချင်တဲ့သူ လိုက်ကြပါစေဆိုသည့် သဘော ၊ ကုသိုလ်ဖြစ်သဘော။

ဆိုကြပါစို့ ။ ရေဝေးသုသာန်သို့ ရောက်ပါပြီ။ မြောက်ဥက္ကလာလမ်းမကြီးမှ ရေဝေးသုသာန်အဝင် လမ်းထောင့်ချိုးတွင် ဆိုက်ကားဂိတ်တစ်ခုရှိသည်။ ထိုနေရာအရောက် ကျွန်တော်အသံတွေကြားရသည်။ ဆိုက်ကားသမားများ၏ သံပြိုင်အသံများဖြစ်သည်။
“ကိုသိန်းတန်ဆီအရောက် တစ်ယောက်ငါးဆယ်”

အစတွင် သူတို့ဘာကြောင့်အော်နေမှန်း ကျွန်တော်နားမလည်။ နောက်မှ ဪ…ထိုနေရာမှ ရေခဲတိုက်အထိခရီးကို တစ်ယောက်ငါးဆယ်နှုန်းဟု ဆိုလိုကြောင်း သဘောပေါက်တော့သည်။ ကျွန်တော်စဉ်းစားကြည့်သည်။ ဟုတ်ပ ၊ ကိုသိန်းတန်အား လာရောက်ပို့သကြသော အသုဘရှု့ပရိသတ်သည် မော်တော်ကားစီးနိုင်သော အတန်းအစားမျိုးများမှ မဟုတ်ကြပါဘဲလေ။

ရေဝေးသုသာန် လယ်ကွင်းပြင်ကြီးသည် ဖုန်တထောင်းထောင်းထနေသည်။ ကျဲကျဲတောက်ပူနေသော နေရောင်အောက်တွင် ကိုသိန်းတန်အား လာရောက် ဂါရ၀ပြုကြသော ပရိသတ်ကြီးသည် ပုရွက်ဆိတ်အုံ တုတ်နှင့်ထိုးသကဲ့သို့ ရုန်းရင်းဆံခတ် ဟိုပြေးဒီပြေး လှုပ်လှုပ်ရွရွ။ ကျွန်တော်သတိထားမိသလောက် (ယခင့်ယခင် ငွေကြယ်ပွင့်တို့ ကြွေလေရာ လာရောက်ကြသော ပရိသတ်မျိုးမဟုတ်) လူအုပ်ကြီးသည် ဘယ်နာမည်ကြီးတွေ လာကြမည်ကို စောင့်မျှော်နေကြသော ပရိသတ်မျိုးမဟုတ် ။ ကိုသိန်းတန်၏ ရုပ်အလောင်းကို ကြည့်ရှု့ရန် လာကြသော ပရိသတ်များသာ ဖြစ်ပါသည်။

ပါးကွက်ကြားတွေလည်း ပါသည်။ အပေါစား နှုတ်ခမ်းနီရဲရဲတွေလည်းပါသည်။ ခုံဖိနပ်တွေလည်းပါသည်။ အင်္ကျီအစုတ်အပြဲတွေလည်းပါသည်။ တောင်သူလယ်သမား ၊ အလုပ်သမားနှင့် အခြေခံလူတန်းစား။

တခြား ကျွန်တော်သတိထားမိသည်မှာ စက်ဘီးဖြင့် ထီရောင်းကြသူများ။ သူတို့သည် ထီလာရောင်းဟန်မတူ ။ တွံတေးသိန်းတန်ကို လာရောက် ဂါရ၀ပြုကြပုံရသည်။ သို့သော် သူတို့တစ်အုပ်စုလုံးသည် စက်ဘီး ကတ်ဆက်များကို အကျယ်လောင်ဆုံးဖွင့်ထားကြသည်။ တွံတေးသိန်းတန် သီချင်းတွေချည်းပါပဲ။

အရက်သမားတချို့ကိုလည်း တွေ့ရသည် ။ မူးမူးနှင့် ကိုသိန်းတန်သီချင်းတွေကို အော်ဟစ်သီဆိုနေကြသည်။ မှတ်မှတ်ရရ မျက်မမြင်တစ်ယောက်ကိုလည်း ကျွန်တော်တွေ့သည်။ လူအတွဲဖြင့် လာသည်။

“အသံပဲ ကြားဖူးပါတယ်ဗျာ။ လူမမြင်ဖူးပါဘူး။ ဒါကြောင့် နောက်ဆုံးအနေနဲ့ သူ့မျက်နှာလေးကို ကိုင်ကြည့်ချင်လို့ပါ။ သူအလောင်းဘယ်မှာလဲဗျို့”
ဟု ငိုသံပါကြီးဖြင့် အော်ဟစ်နေသံကို ကျွန်တော်ကောင်းကောင်းကြားလိုက်ရသည်။ လှိုက်ခနဲ ဖြစ်သွားသည်။

ကိုသိန်းတန်၏ အလောင်းကို ဝှက်ထားရသည်ဟု တာဝန်ရှိသူများကပြောသဖြင့် ကျွန်တော်ပင် ကြည့်ခွင့်မရခဲ့ပါ။ အပြန်တွင်လည်း စောစောက ပြောခဲ့သော ဆိုက်ကားဂိတ်အရောက် ဆိုက်ကားသမားများ၏ သံပြိုင်အော်ဟစ်နေသံကို ကြားရပြန်ပါသည်။ ဒီတစ်ချီ ကြားရသော အသံတွေကား ကျွန်တော့်ရင်ကိုသာမက တစ်ကိုယ်လုံးကိုပါ ဆတ်ဆတ်တုန်ခါသွားစေပါသည်။

“ကိုသိန်းတန်ရေ သေတဲ့အထိ ကျွန်တော်တို့ကို လုပ်ကျွေးသွားသလားဗျ”

ကျွန်တော်တို့ ငွေကြယ်ပွင့်များသည် ကောင်းကင်၌ တလက်လက်တောက်ပကြကုန်၏။ ကြွေချိန်တန်တော့လည်း ကြွေရမည်သာပင်။ သို့သော် ဘယ်နေရာဆီသို့ ကြွေမည်နည်း။ ကျောက်ဆောင် ၊ ချောက်ကမ်းပါးများပေါ်သို့ ကြွေမည်လော။ ပင်လယ်သမုဒ္ဒရာအတွင်းသို့ ကြွေမည်လော။….သုမောင်

ကိုးကား
ရဲသွေးထက် ရေး ပြည်သူချစ်သော တွံတေးသိန်းတန်၊ ၂၀၁၅ အောက်တိုဘာလ၊ မြတ်ပန်းရဂုံ စာပေ၊ စာ -၃
မြန်မာ့စွယ်စုံကျမ်းအနှစ်ချုပ်(၂၀၁၆)
ကာတွန်းဝင်းအောင် – အောင်မြင်သော မြန်မာအနုပညာရှင်များ

သုမောင် – ခလုတ်တိုက်မိသော စရိုက်များ
ကိုစိုးအောင်လံ – ယစ်ထုတ်ဘဝမှ ပြန်လည်နိုးထလာသော တွံတေးသိန်းတန်
Myanmar Wikipedia

Leave a Reply