လူသိနည္းေနေသးတဲ့ သမုိင္းဝင္ ရွာလ္လုမ္းခံတပ္ အေၾကာင္း သိေကာင္းစရာ

Posted on

ေရးသားသူ – ဇိုေဟဆာ(The Mirror Daily)
Photos : Ministry of Hotels and Tourism

ျမန္မာႏိုင္ငံ၏ ကိုလိုနီနယ္ခဲ်႕ေတာ္လွန္ေရးသမိုင္းတြင္ ထင္ရွားသည့္ မင္းလွခံတပ္ၿပီးလွ်င္ ဒုတိယအထင္ရွားဆံုးျဖစ္သည့္ ရွာလ္လုမ္းခံတပ္ (Siallum Fort) ႀကီးသည္ ခ်င္းျပည္နယ္(ေျမာက္ပိုင္း) တီးတိန္ၿမိဳ႕နယ္ ေဝါ့လာ့ေက်းရြာမွ တစ္မိုင္ခြဲခန္႔အကြာ ေရမ်က္ႏွာျပင္အျမင့္ေပ ၄ဝဝဝ တြင္တည္ရွိၿပီး ေလာင္ဂ်ီက်ဳ ၉၃ ဒီဂရီ ၄၄ မိနစ္ႏွင့္ ေျမာက္လတီၱက်ဳ ၂၃ ဒီဂရီ ၁၃ မိနစ္တြင္ တည္ရွိသည္။

၁၈၈၉ ခုႏွစ္ ေမလ ၄ ရက္က ခ်င္းျပည္နယ္အတြင္း ကိုလိုနီနယ္ခ်ဲ႕တို႔အား ဆန္႔က်င္ခုခံေတာ္လွန္ၿပီး ျပင္းထန္စြာတိုက္ခိုက္ခဲ့ေသာ ခ်င္းတိုင္းရင္းသားမ်ဳိးႏြယ္စုတို႔၏တိုက္ပြဲ၌ ရွာလ္လုမ္းခံတပ္မွ စီးယင္းခ်င္းမ်ဳိးခ်စ္သူရဲေကာင္းစစ္သည္ ရဲေဘာ္၊ ရဲေမ ၂၈ ဦးတို႔သည္ ယင္းတို႔၏ဘိုးဘြားစဥ္ဆက္ပိုင္ဆိုင္ခဲ့သည့္ ေျမကို ကာကြယ္ရင္း၊ တိုက္ပြဲဝင္ရင္း အသက္ေပးလွဴစေတး က်ဆံုးခဲ့ေသာေနရာ ရွာလ္လုမ္းခံတပ္ႀကီးသည္ မေမ့အပ္ေသာ နယ္ခ်ဲ႕ခုခံစစ္သမိုင္းမွတ္တိုင္အျဖစ္ ယေန႔ထိတိုင္ ထင္က်န္ရစ္ခဲ့ရာ ယခုဆိုလွ်င္ (၁၂၉) ႏွစ္ တင္းတင္းျပည့္ေျမာက္ၿပီျဖစ္သည္။

ရွာလ္လုမ္းခံတပ္ႀကီး ေနာက္ခံသမိုင္းအက်ဥ္းအရ ၁၈၈၅ ခုႏွစ္ ၿဗိတိသွ်အင္ပါယာသည္ အထက္ျမန္မာျပည္ႏွင့္ မႏၲေလးၿမိဳ႕ကို သိမ္းပိုက္ခဲ့ၿပီးေနာက္ ခ်င္းလူမ်ဳိးမ်ားႏွင့္ ဆက္သြယ္မႈရွိလာခဲ့သည္။ ၿဗိတိသွ်အင္ပါယာအဂၤလိပ္အရင္းရွင္နယ္ခ်ဲ ့စစ္တပ္သည္ ခ်င္းေတာင္ကို သိမ္းပိုက္ရန္အတြက္ႀကိဳးပမ္းစဥ္ ခ်င္းလူမ်ဳိးမ်ားႏွင့္ တိုက္ပြဲေျမာက္မ်ားစြာ တိုက္ခဲ့ရသည္။ ထိုတိုက္ပြဲမ်ားမွ စီးယင္းနယ္ ယေန႔ေဝါ့လာ့ေက်းရြာအနီးတြင္ျဖစ္ပြားေသာ ရွာလ္လုမ္းတိုက္ပြဲသည္ အျပင္းထန္ဆံုးတိုက္ပြဲျဖစ္သည္။

၁၈၈၇ ခုႏွစ္အတြင္း ခ်င္းတြင္းႏိုင္ငံေရးအရာရွိ Captain F.D. Raikes သည္ ဖလမ္းေကာင္စီေခါင္းေဆာင္ ဗိုလ္ဆြန္ပက္ (Pu Cun Bik)၊ ကမ္ေဟာက္ (Kam Hau)ကိုယ္စားလွယ္ လြန္ဆြတ္ (Lun Sut)၊ အထက္ခ်င္းတြင္းခ႐ိုင္ဝန္၊ စီးယင္းကိုယ္စားလွယ္ ငါးဦး၊ ဟားခါး-ဇိုခြာကိုယ္စားလွယ္မ်ားႏွင့္ ေတြ႕ဆံုေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ၾကၿပီး ထိုေတြ႕ဆံုမႈမ်ားတြင္ ၿဗိတိသွ်ပိုင္ ဗမာျပည္ဘက္ကို ခ်င္းမ်ဳိးႏြယ္စုမ်ား လာမတိုက္ရန္၊ အိႏိၵယတို႔ႏွင့္ကုန္သြယ္ေရးလမ္းေၾကာင္း ေဖာက္လုပ္ရန္စသည္တို႔ ေဆြးေႏြးခဲ့ၾကသည္။

သို႔ေသာ္လည္း ခ်င္းလူမ်ဳိးတို႔သည္ ၿဗိတိသွ်တို႔အေပၚ သံသယရွိလာၿပီး တစ္ေန႔တစ္ျခား ၿဗိတိသွ်ႏွင့္ ဆက္ဆံေရးပ်က္ျပားခဲ့ရသည္။ ၁၈၈၈ ခုႏွစ္ မတ္လတြင္ တာရႊန္းစစ္သည္အင္အား ၅ဝဝ ေက်ာ္မွ အင္းဒင္း (ယခုအန္းတဲန္) ကို သိမ္းပိုက္ခဲ့ၾကၿပီး စစ္သည္ ၃ဝဝ သည္ ကေလးဝ၊ ေနာက္ထပ္စစ္သည္ ၃ဝဝ သည္ ေတာင္တြင္းခ်ဳိင့္ဝွမ္းမ်ားအား တိုက္ခိုက္ခဲ့ၾကသည္။ စီးယင္း စစ္သည္ ၅ဝဝ သည္ ကေလးၿမိဳ႕ႏွင့္ ေနာက္ထပ္ စစ္သည္ ၆ဝဝ သည္ ကေဘာ္ (Kubu)ခ်ဳိင့္ဝွမ္းအား တိုက္ခိုက္ခဲ့ၾကသည္။

ၿဗိတိသွ်စစ္တပ္သည္လည္း စခန္းမ်ားအား အင္အားျဖည့္ၿပီး ခ်င္းတပ္ေပါင္းစုတို႔အား တြန္းလွန္ႏိုင္ခဲ့ၾကသည္။ တာရႊန္းတို႔သည္ ၿဗိတိသွ်ကိုေတာ္လွန္သည့္ ေရႊဂ်ဳိးျဖဴမင္းသားႏွင့္ ေနာက္လိုက္မ်ားအား ခိုလံႈခြင့္ေပးခဲ့ၿပီး ေရႊဂ်ဳိးျဖဴမင္းသား ေစာ္ဘြားေဟာင္းမ်ား၊ စီးယင္း၊ စုတ္သဲ၊ ကမ္ေဟာက္တို႔ႏွင့္အတူ ေျမျပန္႔ရွိၿဗိတိသွ်စစ္စခန္းမ်ားအား ၁၈၈၈ ခုႏွစ္ တစ္ႏွစ္လံုးလံုး သြားေရာက္တိုက္ခိုက္ေလ့ရွိသည္။

ထို႔ေၾကာင့္ ၿဗိတိသွ်တို႔က တာရႊန္းတို႔ကို ေရႊဂ်ဳိးျဖဴမင္းသားအဖြဲ႕အား လက္လႊတ္ရန္၊ မလႊတ္ပါက ခ်င္းေတာင္အား စစ္တပ္ျဖင့္ ဝင္ေရာက္တိုက္ခိုက္ မည္ျဖစ္ေၾကာင္း ၁၈၈၈ ခုႏွစ္ ၾသဂုတ္လတြင္ ရာဇသံေပးခဲ့သည္။ ယင္းနည္းတူ စီးယင္းတို႔ထံတြင္လည္း ဖမ္းထားသူမ်ားကိုလႊတ္ရန္ ရာဇသံေပးခဲ့သည္။ တာရႊန္းႏွင့္ စီးယင္းတို႔သည္ ၿဗိတိသွ်တို႔၏ ရာဇသံကို ဂ႐ုမစိုက္သည့္အတြက္ ၿဗိတိသွ်တို႔သည္ ၁၈၈၈ ခုႏွစ္ ဒီဇင္ဘာလတြင္ စီးယင္းနယ္ကိုသိမ္းပိုက္ရန္ စတင္ျပင္ဆင္ခဲ့သည္။ စီးယင္းနယ္ဘက္ကို လမ္းေဖာက္ရင္းျဖင့္ စစ္ေရးျပင္ဆင္မႈမ်ား လုပ္ေဆာင္ခဲ့ၾကသည္။

ၿဗိတိသွ်တို႔ စီးယင္းနယ္ကိုသိမ္းပိုက္ရန္ ေရွ ့တိုးလုပ္ေဆာင္ေနစဥ္မွာပင္ ေရႊဂ်ဳိးျဖဴ၊ ရွမ္းေစာ္ဘြား၊ တာရႊန္းတို႔ႏွင့္ စီးယင္း၊ စုတ္သဲ၊ ကမ္ေဟာက္တို႔သည္ စည္းလံုးညီညႊတ္စြာျဖင့္ ေျမျပန္႔ရွိ ၿဗိတိသွ်စခန္းမ်ားကို ၁၈၈၈ ခုႏွစ္ ဒီဇင္ဘာလတြင္ တိုက္ခိုက္ခဲ့ၾကသည္။ မ်ားမၾကာမီ ကေလးၿမိဳ႕အနီး ျပင္သာဆိပ္ကမ္း သို ့ ေရာက္ရွိလာၾကကာ စစ္တပ္စခန္းခ်ထားေလသည္။ ခ်င္းအမ်ဳိးသားတပ္ေပါင္းစုတို႔သည္ ကေလးၿမိဳ႕နယ္ ျပင္သာဆိပ္ကမ္းသို႔စခန္းခ်ေသာ နယ္ခ်ဲ႕အဂၤလိပ္စစ္တပ္ကို တိုက္ဖ်က္ရန္ ဆင္းခဲ့ေလသည္။

အဂၤလိပ္ႏွင့္ ခ်င္းတပ္ေပါင္းစုတို႔ ပထမဦးဆံုး ျပင္သာဆိပ္ကမ္း၌ တိုက္ပြဲျဖစ္ပြားေလရာ အဂၤလိပ္ဘက္မွ စစ္သားငါးဦးက်ဆံုးၿပီး အေျမာက္အျမား ဒဏ္ရာရရွိေလသည္။ ခ်င္းတပ္ေပါင္းစုမွလည္း ေလးဦးက်ဆံုးသြားခဲ့ရာ ခ်င္းတပ္ေပါင္းစုႏွင့္ အဂၤလိပ္တို႔ ပထမဦးဆံုး အႀကီးအက်ယ္တိုက္ပြဲျဖစ္ေသာေနရာျဖစ္သျဖင့္ ထိုေဒသ ျပင္သာဆိပ္ကို အမွတ္(၁) ခံတပ္စခန္း (N0. 1st Stockade) ဟု ေခၚတြင္ခဲ့ေလသည္။

ခ်င္းတပ္ေပါင္းစုတို႔သည္ စားနပ္ရိကၡာအစရွိသည္တို႔ကို ကိုယ္တြင္ပါသြား၍ စစ္တိုက္ရေသာသူမ်ားျဖစ္သည္ႏွင့္အညီ သံုးရက္တိုင္တိုင္ တိုက္ခိုက္ၾကေသာအခါ စားနပ္ရိကၡာ၊ ခဲယမ္းမီးေက်ာက္မ်ား ကုန္ဆံုးသည္ကတစ္ေၾကာင္း၊ က်ဆံုးသြားေသာ အမ်ဳိးသားတို႔၏ အေလာင္းမ်ားကို ခ်င္းေတာင္သို႔ ထမ္းယူသြားရန္ ဓေလ့ထံုးစံျဖစ္သည့္အတိုင္း သံုးရက္လြန္ေသာအခါ ခ်င္းေတာင္သို႔ ျပန္သြားၾကေလသည္။ ၾကားကာလတြင္ အဂၤလိပ္တို႔က ခ်င္းေတာင္ကိုအုပ္ခ်ဳပ္ရန္ အႏုနည္းမ်ဳိးစံုျဖင့္ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ေပ။

ယင္းသို႔ျဖင့္ အမွတ္(၂)၊ (၃)၊ (၄)၊ (၅) ခံတပ္စခန္းမ်ားအထိ အႀကိမ္ေပါင္းမ်ားစြာ တိုက္ရင္းခိုက္ရင္း ခ်ီတက္ရင္းျဖင့္ ၁၈၈၉ ခုႏွစ္ ေဖေဖာ္ဝါရီ ၄ ရက္တြင္ စီးယင္းမ်ဳိးႏြယ္စုနယ္ေျမ ေခါဆေက်းရြာသို ့ Sir George White ႏွင့္ Major Raike အဖြဲ႕ ေရာက္ရွိလာကာ ခုခံတိုက္ခိုက္မႈမရွိဘဲ ထုတ္လိုင္ေက်းရြာအထိ ဆက္လက္ခ်ီတက္ခဲ့သည္။ ယင္းေဖေဖာ္ဝါရီ ၁၃ ရက္က ထုတ္လိုင္ေက်းရြာတြင္ စစ္တပ္စခန္းအခိုက္အမာ စတင္တည္ေဆာက္ေလေတာ့သည္။

သူ႔ကြၽန္မခံလိုဘဲ ကိုယ့္ထီးကိုယ့္နန္းႏွင့္ ကိုယ့္ေျမတို႔ကို မစြန္႔လႊတ္လိုေသာ မ်ဳိးခ်စ္စိတ္ဓာတ္ျပင္းထန္သည့္ ခ်င္းအမ်ဳိးသားမ်ားမွ ခ်င္းေတာင္တန္းရွိ ထုတ္လိုင္ေက်းရြာ အဂၤလိပ္စစ္တပ္စခန္းကို တိုက္ဖ်က္ျခင္းအလို႔ငွာ ဘြင္မံေက်းရြာတိုက္သူႀကီး ဦးလ်င့္ကမ္းဦးေဆာင္ေသာ စီးယင္းေတာ္လွန္ေရးတပ္ဖြဲ႕ဝင္ ၃၇ ဦးတို႔သည္ ေဝါ့လာ့ေက်းရြာနယ္ေျမ ရွာလ္လုမ္းရြာတြင္ ေျမတြင္းမ်ားတူးကာ ေက်ာက္ျပားခ်ပ္ႀကီးမ်ား၊ ပ်ဥ္ခ်ပ္မ်ား၊ သစ္ရြက္မ်ားျဖင့္ဖံံုးအုပ္ၿပီး ခံတပ္ကို ႀကီးက်ယ္စြာတည္ေဆာက္ခဲ့ၾကကာ ရွာလ္လုမ္း (Siallum) ဟု အမည္တြင္ေစခဲ့သည္။

စီးယင္းခ်င္းဘာသာျဖင့္ ရွာလ္ဆိုသည္မွာ ႏြားေနာက္ဦးေခါင္းျဖစ္ၿပီး လုမ္းဆိုသည္မွာ ခံတပ္ဟုအဓိပၸာယ္ရသည္။ ခံတပ္မႀကီး (ကူလ္ပီး)၊ ရဲေမက်င္း (ႏူးပီးကူလ္)၊ က်င္းပတ္လမ္း (ကူလ္ဘန္)၊ ေအာက္ဘက္က်င္း (ကူလ္ပီးယန္း)၊ ကင္းေထာက္က်င္း(ငါလ္ဗီလ္ဒူမ္း)စသည္တို႔ျဖင့္ ေဆာက္လုပ္ထားၿပီး ခံတပ္အနားေတြလည္း သံုးေပအျမင့္ရွိေသာ ဆူးခြၽန္မ်ားစိုက္ထူထားၾကသည္။ ယင္းေနာက္ အမ်ဳိးသမီးမ်ားႏွင့္ ကေလးမ်ားပုန္းခိုေနရာ၊ သူႀကီးမ်ားပုန္းခိုေနရာႏွင့္ နတ္ဆရာမ်ား ပုန္းခိုေနရာရန္ေနရာမ်ားကိုလည္း ေဆာက္လုပ္ထားၾကသည္။

ရန္သူမ်ား၏လႈပ္ရွားမႈကို ေစာင့္ၾကည့္ရန္ ကင္းေမွ်ာ္စင္ကိုလည္း ေတာင္ျမင့္ (Mualsang) တြင္ နည္းပရိယာယ္ၾကြယ္ဝစြာ တည္ေဆာက္ထားေသာ ထိုခံတပ္အားျပဳလုပ္ခဲ့ၾကသျဖင့္ နယ္ခ်ဲ႕တပ္က အေနာက္ဘက္မွ တိုက္ခိုက္ႏိုင္ျခင္း မည္သို႔မွ်မျပဳလုပ္ႏိုင္ဘဲ ရွိခဲ့ေလသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ခံတပ္၏ အေနာက္ဘက္သည္ ေတာင္ဆင္းေက်ာက္ကမ္းပါးျပင္ ျဖစ္ေနေသာေၾကာင့္ျဖစ္သည္။

အဂၤလိပ္စစ္တပ္သည္ ခံတပ္အႀကီးအက်ယ္တည္ေဆာက္ေၾကာင္း သတင္းရသည္ႏွင့္ ခ်က္ခ်င္း မတိုက္ဝံ့ဘဲ စစ္ကူေရာက္ရွိသည္အထိ ထုတ္လိုင္ေက်းရြာစစ္တပ္စခန္းမွ ေစာင့္ဆိုင္းေလသည္။ မ်ဳိးခ်စ္စိတ္ဓာတ္ရွင္သန္ေသာ ခ်င္းေတာ္လွန္ေရးသမားတို႔၏ အႀကီးဆံုးခံတပ္ျဖစ္သျဖင့္ အဂၤလိပ္မွ စစ္တပ္အင္အားေတာင့္တင္းမႈ လိုအပ္ေၾကာင္း သတိမူလ်က္ အမွတ္(၂) ေနာေဖာ့တပ္ရင္း (2nd Battalion Norfolk Regiment) မွ အင္အား ၆၅၊ အမွတ္(၄၂) ေဂၚရခါးတပ္ရင္း (42nd Gurkha Light Infantry)မွ အင္အား ၆ဝ၊ စုစုေပါင္းအင္အား ၁၂၅ တို ့ လက္နက္အျပည့္အစံုျဖင့္ ဗိုလ္ႀကီး စီအိပ္ခ်္ဝဲစ္မိုးလန္ (Captian CH. Westmoreland) ကြပ္ကဲဦးေဆာင္ၿပီး ၁၈၈၉ ခုႏွစ္ ေမလ ၄ ရက္တြင္ ထုတ္လိုင္ေက်းရြာတပ္စခန္းမွ ခ်ီတက္ခဲ့ေလရာ နံနက္ ၁ဝ နာရီမွစတင္၍ ညေန ၄ နာရီအထိ တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြားေလသည္။

အဂၤလိပ္စစ္တပ္သည္ ေရွ႕သို႔တစ္လွမ္းကိုမွ် ခ်ီတက္ရန္မတတ္စြမ္းသျဖင့္ နံနက္ ၁၁ နာရီခန္႔တြင္ ခံတပ္အနီး ေတာင္ကုန္းကေလးတစ္ဖက္သို ့ တစ္ဖာလံုခန္ ့ေနာက္ဆုတ္၍ ေဂၚရခါးတပ္သားမ်ားအား စိတ္ဓာတ္တက္ၾကြေစရန္အတြက္ အေဖ်ာ္ယမကာမ်ားကိုတိုက္ေကြၽးၿပီး ျပန္လည္ခ်ီတက္တိုက္ခိုက္ရာ ညေနေစာင္းတြင္ အႀကီးမားဆံုးခံတပ္ကတုတ္က်င္းကို သိမ္းပိုက္ေလသည္။

က်န္ခံတပ္ ကတုတ္က်င္းမ်ားကို မသိမ္းပိုက္မီ ညေန ၄ နာရီထိုးခါနီး၌ စီးယင္းခ်င္းစစ္တပ္ေခါင္းေဆာင္သံုးဦးတို႔ျဖစ္သူ လင္မ္ခိုင္ေက်းရြာသား ခတ္ကမ္း၊ ကမ္းဆြတ္၊ ဆြန္ထြမ္းတို႔ဦးေဆာင္ေသာ စစ္ကူ (Reinforce-ment) အဖြဲ႕ ေရာက္ရွိလာၿပီး နယ္ခ်ဲ႕တပ္တို႔ေနရာယူသည့္ အေနာက္ဘက္မွ တိုက္ခိုက္ ေသာေၾကာင့္ နယ္ခ်ဲ႕တပ္မ်ားမွာ ရန္သူတို႔စစ္ကူအလံုးအရင္းျဖင့္ေရာက္ရွိလာသည္ဟု ထင္ကာ ညေန ၄ နာရီတြင္ အဂၤလိပ္စစ္တပ္သည္ သိမ္းပိုက္ထားေသာ ခံတပ္ႀကီးကိုပင္ မထိန္းႏိုင္ေတာ့ဘဲ ေနာက္သို႔ဆုတ္ခြာသြားေလေတာ့သည္။

ရွာလ္လုမ္းခံတပ္တိုက္ပြဲႀကီးသည္ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ေဖာင္း (General Faunce) ေခါင္းေဆာင္ေသာ ေျမာက္ပိုင္းစစ္ေၾကာင္းသည္ စစ္သည္ ၁၇၆၈ ဦး၊ အေျမာက္ႏွစ္လက္တို႔ျဖင့္ အႀကိမ္ႀကိမ္တိုက္ပြဲမ်ားအနက္ တစ္ေနရာတည္း၊ တစ္ခ်ိန္တည္းအတြက္ အျပင္းထန္ဆံုးႏွင့္ အေသအေပ်ာက္အမ်ားဆံုး တိုက္ပြဲျဖစ္သည့္အျပင္ ေနာက္ဆံုးတိုက္ပြဲလည္းျဖစ္ေၾကာင္း နယ္ခ်ဲ႕အဂၤလိပ္တို႔မွ မွတ္တမ္းတင္ထားခဲ့ေၾကာင္း သိရသည္။

အဆိုပါတိုက္ပြဲတြင္ နယ္ခ်ဲ႕ဘက္မွ ဒုတိယဗိုလ္ မီခ်ဲလ္ ( 2nd Lt. W. G. Michel) ႏွင့္ ကပၸတိန္ မိန္း (Captain Mayne)အပါအဝင္ မ်က္ႏွာျဖဴအၾကပ္တပ္သား သံုးဦး၊ ေဂၚရခါးတပ္သား ၃၂ ဦး စုစုေပါင္း ၃၆ ဦးေသဆံုးကာ ဆရာဝန္လီခြင္ (Surgeon Le Quesne)ႏွင့္ အျခားအၾကပ္တပ္သားစုစုေပါင္း ၃၈ ဦး ဒဏ္ရာျပင္းထန္စြာ ရရွိခဲ့ေလသည္။ ခ်င္းေတာ္လွန္ေရးသမားဘက္မွ ေခါင္းေဆာင္ျဖစ္သူ ဦးလ်န္ကမ္း၊ ဒုတိယေခါင္းေဆာင္တစ္ဦးျဖစ္သူ ဦးဝမ္းမန္တို႔အပါအဝင္ မ်ဳိးခ်စ္ရဲေဘာ္၊ မ်ဳိးခ်စ္ရဲေမ စုစုေပါင္း ၂၈ ဦးတို႔ အသက္စေတးေပးခဲ့ၾကသည္။

အသက္စေတးေပးၾကသူမ်ားမွာ (၁)တိုက္သူႀကီး ဦးလ်င့္ကမ္း၊ (၂) ရြာစား ဦးဝမ္းမန္၊ (၃)ဦးေတြာင္ဝုန္႔၊ (၄)ဦးေပါင္ေဆြင္း၊ (၅) ဦးေဇာင္အြန္႔၊ (၆)ဦးဆဲမ္ေပါင္၊ (၇) ဦးခုတ္ဝမ္း၊ (၈) ဦး ခိုင္ဆြပ္၊ (၉) ဦးလမ္းခုပ္၊ (၁ဝ) ဦးေဇာင္ထြမ္း၊ (၁၁) ဦးဇဝမ္း၊ (၁၂) ဦးထန္ေဟာက္၊ (၁၃)ဦးလုကမ္း၊ (၁၄) ဦးစြန္ေဆြာင့္၊ (၁၅)ဦးအင္းခမ္း၊ (၁၆) ဦးေပါင္လမ္း၊ (၁၇)ဦးဟန္စိန္၊ (၁၈)ဦးတြန္႔မန္၊ (၁၉) ေဒၚလ်င့္ဝုန္၊ (၂ဝ) ေဒၚေကြ႕ဝုန္၊ (၂၁) ေဒၚဝုန္ႏွဲမ္း၊ (၂၂) ေဒၚေအာက္ဟြဲ၊ (၂၃) ေဒၚလမ္းေၾကာင္ (၂၄) ေဒၚအြပ္ေညာင္း (၂၅) ေဒၚေညာင္းေၾကာင္၊ (၂၆) ေဒၚဒိမ့္ျင၊ (၂၇) ေဒၚအြပ္ဟြဲ၊ (၂၈) ေဒၚဟြဲႏြမ္းတို႔ျဖစ္ၾကၿပီး ဒုတိယေခါင္းေဆာင္တစ္ဦးျဖစ္သူ ဦးကမ္းက်င့္အပါအဝင္ မ်ဳိးခ်စ္ရဲေဘာ္၊ ရဲေမ ၁၁ ဦး ဒဏ္ရာရခဲ့ၾကသည္။

အဆိုပါတိုက္ပြဲတြင္ နယ္ခ်ဲ႕စစ္တပ္ဘက္မွ ဆရာဝန္လီခြင္ (Surgeon Le Quesne)သည္ ၄င္းရရွိထားေသာ ဒဏ္ရာမ်ားျဖင့္ အျခားျပင္းျပင္းထန္ထန္ဒဏ္ရာရရွိခဲ့ေသာ ရဲေဘာ္မ်ားျဖစ္သည့္ ဒုတိယဗိုလ္မီခ်ဲလ္ႏွင့္ ဗိုလ္ႀကီးမိန္းအပါအဝင္ အျခားအၾကပ္တပ္သားမ်ားအား ျပဳစုေစာင့္ေရွာက္ေပးခဲ့သျဖင့္ ယင္း ၏ ရဲရင့္မႈႏွင့္ စစ္ေရးကြၽမ္းက်င္မႈေၾကာင့္ အဂၤလန္ႏိုင္ငံဘုရင္မႀကီး၏ စစ္ဘက္ဆိုင္ရာအျမင့္မားဆံုး ဂုဏ္ျပဳမႈျဖစ္ေသာ ဝိတိုရိယဘဲြ႕ (Victoria Cross)ကို ေပးအပ္ႏွင္းျခင္းခံခဲ့ရသည္။ ယင္းဆုတံဆိပ္ကို ယေန႔ထက္တိုင္ ၿဗိတိသွ်ႏိုင္ငံ ျပတုိက္မ်ားတြင္ ေတြ ့ျမင္ႏိုင္ေသးၾကာင္း သိရသည္။

ဆရာဝန္လီခြင္ ၏ (Victoria Cross)ဆုရရွိျခင္းကိုၾကည့္ျခင္းအားျဖင့္ ရွာလ္လုမ္းတိုက္ပြဲျပင္းထန္ပံုကို သိရွိႏိုင္မည့္အျပင္ ကမၻာ့အင္အားအႀကီးဆံုးစစ္တပ္က ခ်င္းေတာင္ဘိုးဘြားမ်ားအား လြယ္လင့္တကူ မတိုက္ခိုက္ႏိုင္ၾကဘဲ ခ်င္းျပည္ႀကီးကို လာေရာက္တိုက္ခိုက္သူမ်ား မည္သို႔ပင္ အင္အားႀကီးလင့္ကစား ရဲဝံ့စြာျဖင့္ ျပန္လည္တိုက္ထုတ္ႏိုင္သည့္ ခ်င္းေတာင္ဘိုးဘြားမ်ား၏ ရဲစြမ္းသတိၱကို ဂုဏ္ျပဳရမည္ျဖစ္သလို အစဥ္ေလးစားဂုဏ္ယူၾကရမည္ျဖစ္သည္။

ရွာလ္လုမ္းခံတပ္ေဟာင္းႀကီးကို ယခင္ေတာ္လွန္ေရးေကာင္စီအစိုးရလက္ထက္ ခ်င္းေရးရာဦးစီးအဖြဲ႕ဥကၠ႒ ဗိုလ္မွဴးဆြန္ခိုလွ်င့္ထံသို႔ ၁၉၆၄ ခုႏွစ္၊ ႏွစ္ဆန္းပိုင္းတြင္ ခ်င္းျပည္နယ္ယဥ္ေက်းမႈဦးစီးအရာရွိက တင္ျပေလွ်ာက္ထားခ်က္အေပၚ ယဥ္ေက်းမႈဗိမာန္ဦးစီးဌာန(႐ံုးခ်ဳပ္) မွ ၁၉၆၅ ခုႏွစ္တြင္ ရန္ပံုေငြက်ပ္ ၃၄ဝဝ ျဖင့္ ကနဦးျပဳျပင္မႈစတင္၍ ၁၉၆၅ ခုႏွစ္ ေမ ၄ ရက္က ခံတပ္ကမၸည္းေက်ာက္စာတိုင္မ်ား ျပဳလုပ္ေပးခဲ့ကာ ယေန႔အခ်ိန္ထိ ႏွစ္စဥ္ျပဳျပင္မႈ ဆက္လက္ေဆာင္ရြက္လ်က္ရွိရာ ခ်င္းျပည္နယ္ေရွးေဟာင္းသုေတသန၊ အမ်ဳိးသားျပတိုက္ႏွင့္ စာၾကည့္တိုက္ဦးစီးဌာနမွ ခံတပ္ေစာင့္ဝန္ထမ္းတစ္ဦး ခန္႔ထားေပးၿပီး ႏွစ္စဥ္ပံုမွန္ျပဳျပင္မႈမ်ားကို ေဒသခံတို႔က ကိုယ့္အားကိုယ္ကိုးစနစ္ျဖင့္ ထိန္းသိမ္း လ်က္ရွိေနေသာ ခံတပ္လည္းျဖစ္သည္။

ထိုရွာလ္လုမ္းခံတပ္သည္ စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕မွ မိုင္ ၃ဝ ေက်ာ္အကြာတြင္တည္ရွိၿပီး သိုင္းငင္း-ဖလမ္းသို ့သြားေသာလမ္းမေဘးရွိ ေဇာင္ေကာင္ေက်းရြာ၌ လမ္းခြဲကာ ေမာ္ေတာ္ယာဥ္ျဖင့္ ခရီးဆက္မည္ဆိုလွ်င္ သံုးနာရီခန္႔ၾကာ ေမာင္းႏွင္ရေၾကာင္း၊ လက္ရွိအဆိုပါ ရွာလ္လုမ္းခံတပ္ႏွင့္ တစ္မိုင္ခြဲကြာေဝးေသာ ေဝါ့လာ့ေက်းရြာတြင္ စီးယင္းလူမ်ဳိးႏြယ္စုလူဦးေရ ၃ဝဝ ခန္႔ ေနထိုင္လ်က္ရွိေၾကာင္း၊ မ်ဳိးခ်စ္သူရဲေကာင္းမ်ားအားရည္စူး၍ တီးတိန္ၿမိဳ႕နယ္ရွိ စီးယင္းလူမ်ဳိးႏြယ္စုမ်ားေနထိုင္ရာ ေဝါ့လာ့ေက်းရြာႏွင့္ တစ္မိုင္ခြဲကြာေဝးသည့္ ရွာလ္လုမ္းခံတပ္၌ (၁၂၅)ႏွစ္ျပည့္ ရွာလ္လုမ္းခံတပ္တိုက္ပြဲေန႔ေအာက္ေမ့ သတိရျခင္းအထိမ္းအမွတ္ကို ၂ဝ၁၄ ခုႏွစ္ ေမ ၄ ရက္မွစ၍ က်ဆံုးခဲ့သည့္ရဲေဘာ္၊ ရဲေမ ၂၈ ဦးတို႔၏ ကမၸည္းေက်ာက္စာတိုင္တြင္ လြမ္းသူ႔ပန္းေခြမ်ားခ်၍ ဂါရဝျပဳျခင္းႏွင့္ ႐ိုးရာဆုေတာင္းပြဲအား  ႏွစ္စဥ္ပံုမွန္က်င္းပႏိုင္ေရး စီစဥ္ေဆာင္ရြက္လ်က္ရွိၾက ေၾကာင္း သိရသည္။

အဆိုပါရွာလ္လုမ္းခံတပ္တည္ရွိရာေနရာသို႔ ျပည္တြင္းျပည္ပမွ ေလ့လာၾကည့္႐ႈႏိုင္ေရး၊ မွတ္တမ္းတင္ႏိုင္ေရးအတြက္ လာေရာက္လိုသူမ်ား ရာသီမေရြးေမာ္ေတာ္ကားလမ္းျဖင့္ လြယ္ကူေခ်ာေမြ႕စြာ သြားလာအသံုးျပဳႏိုင္ရန္ ႏိုင္ငံေတာ္၏အသိအမွတ္ျပဳေသာ ကားလမ္းအဆင့္သို႔ ပံ့ပိုးကူညီႏိုင္ေရးကိုလည္း ေဝါ့လာ့ေက်းရြာလူထုမွ အထူးေမွ်ာ္လင့္ေတာင့္တလ်က္ရွိၾကေၾကာင္း ေရးသားတင္ျပလိုက္ရပါသည္။ ။

ဇိုေဟဆာ(The Mirror Daily)

——————

လူသိနည်းနေသေးတဲ့ သမိုင်းဝင် ရှာလ်လုမ်းခံတပ် အကြောင်း သိကောင်းစရာ (unicode)

ရေးသားသူ – ဇိုဟေဆာ(The Mirror Daily)
Photos : Ministry of Hotels and Tourism
မြန်မာနိုင်ငံ၏ ကိုလိုနီနယ်ချဲ့တော်လှန်ရေးသမိုင်းတွင် ထင်ရှားသည့် မင်းလှခံတပ်ပြီးလျှင် ဒုတိယအထင်ရှားဆုံးဖြစ်သည့် ရှာလ်လုမ်းခံတပ် (Siallum Fort) ကြီးသည် ချင်းပြည်နယ်(မြောက်ပိုင်း) တီးတိန်မြို့နယ် ဝေါ့လာ့ကျေးရွာမှ တစ်မိုင်ခွဲခန့်အကွာ ရေမျက်နှာပြင်အမြင့်ပေ ၄ဝဝဝ တွင်တည်ရှိပြီး လောင်ဂျီကျု ၉၃ ဒီဂရီ ၄၄ မိနစ်နှင့် မြောက်လတ္တီကျု ၂၃ ဒီဂရီ ၁၃ မိနစ်တွင် တည်ရှိသည်။

၁၈၈၉ ခုနှစ် မေလ ၄ ရက်က ချင်းပြည်နယ်အတွင်း ကိုလိုနီနယ်ချဲ့တို့အား ဆန့်ကျင်ခုခံတော်လှန်ပြီး ပြင်းထန်စွာတိုက်ခိုက်ခဲ့သော ချင်းတိုင်းရင်းသားမျိုးနွယ်စုတို့၏တိုက်ပွဲ၌ ရှာလ်လုမ်းခံတပ်မှ စီးယင်းချင်းမျိုးချစ်သူရဲကောင်းစစ်သည် ရဲဘော်၊ ရဲမေ ၂၈ ဦးတို့သည် ယင်းတို့၏ဘိုးဘွားစဉ်ဆက်ပိုင်ဆိုင်ခဲ့သည့် မြေကို ကာကွယ်ရင်း၊ တိုက်ပွဲဝင်ရင်း အသက်ပေးလှူစတေး ကျဆုံးခဲ့သောနေရာ ရှာလ်လုမ်းခံတပ်ကြီးသည် မမေ့အပ်သော နယ်ချဲ့ခုခံစစ်သမိုင်းမှတ်တိုင်အဖြစ် ယနေ့ထိတိုင် ထင်ကျန်ရစ်ခဲ့ရာ ယခုဆိုလျှင် (၁၂၉) နှစ် တင်းတင်းပြည့်မြောက်ပြီဖြစ်သည်။

ရှာလ်လုမ်းခံတပ်ကြီး နောက်ခံသမိုင်းအကျဉ်းအရ ၁၈၈၅ ခုနှစ် ဗြိတိသျှအင်ပါယာသည် အထက်မြန်မာပြည်နှင့် မန္တလေးမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ချင်းလူမျိုးများနှင့် ဆက်သွယ်မှုရှိလာခဲ့သည်။ ဗြိတိသျှအင်ပါယာအင်္ဂလိပ်အရင်းရှင်နယ်ချဲ့စစ်တပ်သည် ချင်းတောင်ကို သိမ်းပိုက်ရန်အတွက်ကြိုးပမ်းစဉ် ချင်းလူမျိုးများနှင့် တိုက်ပွဲမြောက်များစွာ တိုက်ခဲ့ရသည်။ ထိုတိုက်ပွဲများမှ စီးယင်းနယ် ယနေ့ဝေါ့လာ့ကျေးရွာအနီးတွင်ဖြစ်ပွားသော ရှာလ်လုမ်းတိုက်ပွဲသည် အပြင်းထန်ဆုံးတိုက်ပွဲဖြစ်သည်။

၁၈၈၇ ခုနှစ်အတွင်း ချင်းတွင်းနိုင်ငံရေးအရာရှိ Captain F.D. Raikes သည် ဖလမ်းကောင်စီခေါင်းဆောင် ဗိုလ်ဆွန်ပက် (Pu Cun Bik)၊ ကမ်ဟောက် (Kam Hau)ကိုယ်စားလှယ် လွန်ဆွတ် (Lun Sut)၊ အထက်ချင်းတွင်းခရိုင်ဝန်၊ စီးယင်းကိုယ်စားလှယ် ငါးဦး၊ ဟားခါး-ဇိုခွာကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြပြီး ထိုတွေ့ဆုံမှုများတွင် ဗြိတိသျှပိုင် ဗမာပြည်ဘက်ကို ချင်းမျိုးနွယ်စုများ လာမတိုက်ရန်၊ အိန္ဒိယတို့နှင့်ကုန်သွယ်ရေးလမ်းကြောင်း ဖောက်လုပ်ရန်စသည်တို့ ဆွေးနွေးခဲ့ကြသည်။

သို့သော်လည်း ချင်းလူမျိုးတို့သည် ဗြိတိသျှတို့အပေါ် သံသယရှိလာပြီး တစ်နေ့တစ်ခြား ဗြိတိသျှနှင့် ဆက်ဆံရေးပျက်ပြားခဲ့ရသည်။ ၁၈၈၈ ခုနှစ် မတ်လတွင် တာရွှန်းစစ်သည်အင်အား ၅ဝဝ ကျော်မှ အင်းဒင်း (ယခုအန်းတဲန်) ကို သိမ်းပိုက်ခဲ့ကြပြီး စစ်သည် ၃ဝဝ သည် ကလေးဝ၊ နောက်ထပ်စစ်သည် ၃ဝဝ သည် တောင်တွင်းချိုင့်ဝှမ်းများအား တိုက်ခိုက်ခဲ့ကြသည်။ စီးယင်း စစ်သည် ၅ဝဝ သည် ကလေးမြို့နှင့် နောက်ထပ် စစ်သည် ၆ဝဝ သည် ကဘော် (Kubu)ချိုင့်ဝှမ်းအား တိုက်ခိုက်ခဲ့ကြသည်။ ဗြိတိသျှစစ်တပ်သည်လည်း စခန်းများအား အင်အားဖြည့်ပြီး ချင်းတပ်ပေါင်းစုတို့အား တွန်းလှန်နိုင်ခဲ့ကြသည်။ တာရွှန်းတို့သည် ဗြိတိသျှကိုတော်လှန်သည့် ရွှေဂျိုးဖြူမင်းသားနှင့် နောက်လိုက်များအား ခိုလှုံခွင့်ပေးခဲ့ပြီး ရွှေဂျိုးဖြူမင်းသား စော်ဘွားဟောင်းများ၊ စီးယင်း၊ စုတ်သဲ၊ ကမ်ဟောက်တို့နှင့်အတူ မြေပြန့်ရှိဗြိတိသျှစစ်စခန်းများအား ၁၈၈၈ ခုနှစ် တစ်နှစ်လုံးလုံး သွားရောက်တိုက်ခိုက်လေ့ရှိသည်။

ထို့ကြောင့် ဗြိတိသျှတို့က တာရွှန်းတို့ကို ရွှေဂျိုးဖြူမင်းသားအဖွဲ့အား လက်လွှတ်ရန်၊ မလွှတ်ပါက ချင်းတောင်အား စစ်တပ်ဖြင့် ဝင်ရောက်တိုက်ခိုက် မည်ဖြစ်ကြောင်း ၁၈၈၈ ခုနှစ် ဩဂုတ်လတွင် ရာဇသံပေးခဲ့သည်။ ယင်းနည်းတူ စီးယင်းတို့ထံတွင်လည်း ဖမ်းထားသူများကိုလွှတ်ရန် ရာဇသံပေးခဲ့သည်။ တာရွှန်းနှင့် စီးယင်းတို့သည် ဗြိတိသျှတို့၏ ရာဇသံကို ဂရုမစိုက်သည့်အတွက် ဗြိတိသျှတို့သည် ၁၈၈၈ ခုနှစ် ဒီဇင်ဘာလတွင် စီးယင်းနယ်ကိုသိမ်းပိုက်ရန် စတင်ပြင်ဆင်ခဲ့သည်။ စီးယင်းနယ်ဘက်ကို လမ်းဖောက်ရင်းဖြင့် စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ကြသည်။

ဗြိတိသျှတို့ စီးယင်းနယ်ကိုသိမ်းပိုက်ရန် ရှေ့တိုးလုပ်ဆောင်နေစဉ်မှာပင် ရွှေဂျိုးဖြူ၊ ရှမ်းစော်ဘွား၊ တာရွှန်းတို့နှင့် စီးယင်း၊ စုတ်သဲ၊ ကမ်ဟောက်တို့သည် စည်းလုံးညီညွှတ်စွာဖြင့် မြေပြန့်ရှိ ဗြိတိသျှစခန်းများကို ၁၈၈၈ ခုနှစ် ဒီဇင်ဘာလတွင် တိုက်ခိုက်ခဲ့ကြသည်။ များမကြာမီ ကလေးမြို့အနီး ပြင်သာဆိပ်ကမ်း သို့ ရောက်ရှိလာကြကာ စစ်တပ်စခန်းချထားလေသည်။ ချင်းအမျိုးသားတပ်ပေါင်းစုတို့သည် ကလေးမြို့နယ် ပြင်သာဆိပ်ကမ်းသို့စခန်းချသော နယ်ချဲ့အင်္ဂလိပ်စစ်တပ်ကို တိုက်ဖျက်ရန် ဆင်းခဲ့လေသည်။ အင်္ဂလိပ်နှင့် ချင်းတပ်ပေါင်းစုတို့ ပထမဦးဆုံး ပြင်သာဆိပ်ကမ်း၌ တိုက်ပွဲဖြစ်ပွားလေရာ အင်္ဂလိပ်ဘက်မှ စစ်သားငါးဦးကျဆုံးပြီး အမြောက်အမြား ဒဏ်ရာရရှိလေသည်။ ချင်းတပ်ပေါင်းစုမှလည်း လေးဦးကျဆုံးသွားခဲ့ရာ ချင်းတပ်ပေါင်းစုနှင့် အင်္ဂလိပ်တို့ ပထမဦးဆုံး အကြီးအကျယ်တိုက်ပွဲဖြစ်သောနေရာဖြစ်သဖြင့် ထိုဒေသ ပြင်သာဆိပ်ကို အမှတ်(၁) ခံတပ်စခန်း (N0. 1st Stockade) ဟု ခေါ်တွင်ခဲ့လေသည်။

ချင်းတပ်ပေါင်းစုတို့သည် စားနပ်ရိက္ခာအစရှိသည်တို့ကို ကိုယ်တွင်ပါသွား၍ စစ်တိုက်ရသောသူများဖြစ်သည်နှင့်အညီ သုံးရက်တိုင်တိုင် တိုက်ခိုက်ကြသောအခါ စားနပ်ရိက္ခာ၊ ခဲယမ်းမီးကျောက်များ ကုန်ဆုံးသည်ကတစ်ကြောင်း၊ ကျဆုံးသွားသော အမျိုးသားတို့၏ အလောင်းများကို ချင်းတောင်သို့ ထမ်းယူသွားရန် ဓလေ့ထုံးစံဖြစ်သည့်အတိုင်း သုံးရက်လွန်သောအခါ ချင်းတောင်သို့ ပြန်သွားကြလေသည်။ ကြားကာလတွင် အင်္ဂလိပ်တို့က ချင်းတောင်ကိုအုပ်ချုပ်ရန် အနုနည်းမျိုးစုံဖြင့် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ယင်းသို့ဖြင့် အမှတ်(၂)၊ (၃)၊ (၄)၊ (၅) ခံတပ်စခန်းများအထိ အကြိမ်ပေါင်းများစွာ တိုက်ရင်းခိုက်ရင်း ချီတက်ရင်းဖြင့် ၁၈၈၉ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် စီးယင်းမျိုးနွယ်စုနယ်မြေ ခေါဆကျေးရွာသို့ Sir George White နှင့် Major Raike အဖွဲ့ ရောက်ရှိလာကာ ခုခံတိုက်ခိုက်မှုမရှိဘဲ ထုတ်လိုင်ကျေးရွာအထိ ဆက်လက်ချီတက်ခဲ့သည်။ ယင်းဖေဖော်ဝါရီ ၁၃ ရက်က ထုတ်လိုင်ကျေးရွာတွင် စစ်တပ်စခန်းအခိုက်အမာ စတင်တည်ဆောက်လေတော့သည်။

သူ့ကျွန်မခံလိုဘဲ ကိုယ့်ထီးကိုယ့်နန်းနှင့် ကိုယ့်မြေတို့ကို မစွန့်လွှတ်လိုသော မျိုးချစ်စိတ်ဓာတ်ပြင်းထန်သည့် ချင်းအမျိုးသားများမှ ချင်းတောင်တန်းရှိ ထုတ်လိုင်ကျေးရွာ အင်္ဂလိပ်စစ်တပ်စခန်းကို တိုက်ဖျက်ခြင်းအလို့ငှာ ဘွင်မံကျေးရွာတိုက်သူကြီး ဦးလျင့်ကမ်းဦးဆောင်သော စီးယင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၃၇ ဦးတို့သည် ဝေါ့လာ့ကျေးရွာနယ်မြေ ရှာလ်လုမ်းရွာတွင် မြေတွင်းများတူးကာ ကျောက်ပြားချပ်ကြီးများ၊ ပျဉ်ချပ်များ၊ သစ်ရွက်များဖြင့်ဖုံးအုပ်ပြီး ခံတပ်ကို ကြီးကျယ်စွာတည်ဆောက်ခဲ့ကြကာ ရှာလ်လုမ်း (Siallum) ဟု အမည်တွင်စေခဲ့သည်။

စီးယင်းချင်းဘာသာဖြင့် ရှာလ်ဆိုသည်မှာ နွားနောက်ဦးခေါင်းဖြစ်ပြီး လုမ်းဆိုသည်မှာ ခံတပ်ဟုအဓိပ္ပာယ်ရသည်။ ခံတပ်မကြီး (ကူလ်ပီး)၊ ရဲမေကျင်း (နူးပီးကူလ်)၊ ကျင်းပတ်လမ်း (ကူလ်ဘန်)၊ အောက်ဘက်ကျင်း (ကူလ်ပီးယန်း)၊ ကင်းထောက်ကျင်း(ငါလ်ဗီလ်ဒူမ်း)စသည်တို့ဖြင့် ဆောက်လုပ်ထားပြီး ခံတပ်အနားတွေလည်း သုံးပေအမြင့်ရှိသော ဆူးချွန်များစိုက်ထူထားကြသည်။ ယင်းနောက် အမျိုးသမီးများနှင့် ကလေးများပုန်းခိုနေရာ၊ သူကြီးများပုန်းခိုနေရာနှင့် နတ်ဆရာများ ပုန်းခိုနေရာရန်နေရာများကိုလည်း ဆောက်လုပ်ထားကြသည်။

ရန်သူများ၏လှုပ်ရှားမှုကို စောင့်ကြည့်ရန် ကင်းမျှော်စင်ကိုလည်း တောင်မြင့် (Mualsang) တွင် နည်းပရိယာယ်ကြွယ်ဝစွာ တည်ဆောက်ထားသော ထိုခံတပ်အားပြုလုပ်ခဲ့ကြသဖြင့် နယ်ချဲ့တပ်က အနောက်ဘက်မှ တိုက်ခိုက်နိုင်ခြင်း မည်သို့မျှမပြုလုပ်နိုင်ဘဲ ရှိခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ခံတပ်၏ အနောက်ဘက်သည် တောင်ဆင်းကျောက်ကမ်းပါးပြင် ဖြစ်နေသောကြောင့်ဖြစ်သည်။

အင်္ဂလိပ်စစ်တပ်သည် ခံတပ်အကြီးအကျယ်တည်ဆောက်ကြောင်း သတင်းရသည်နှင့် ချက်ချင်း မတိုက်ဝံ့ဘဲ စစ်ကူရောက်ရှိသည်အထိ ထုတ်လိုင်ကျေးရွာစစ်တပ်စခန်းမှ စောင့်ဆိုင်းလေသည်။ မျိုးချစ်စိတ်ဓာတ်ရှင်သန်သော ချင်းတော်လှန်ရေးသမားတို့၏ အကြီးဆုံးခံတပ်ဖြစ်သဖြင့် အင်္ဂလိပ်မှ စစ်တပ်အင်အားတောင့်တင်းမှု လိုအပ်ကြောင်း သတိမူလျက် အမှတ်(၂) နောဖော့တပ်ရင်း (2nd Battalion Norfolk Regiment) မှ အင်အား ၆၅၊ အမှတ်(၄၂) ဂေါ်ရခါးတပ်ရင်း (42nd Gurkha Light Infantry)မှ အင်အား ၆ဝ၊ စုစုပေါင်းအင်အား ၁၂၅ တို့ လက်နက်အပြည့်အစုံဖြင့် ဗိုလ်ကြီး စီအိပ်ခ်ျဝဲစ်မိုးလန် (Captian CH. Westmoreland) ကွပ်ကဲဦးဆောင်ပြီး ၁၈၈၉ ခုနှစ် မေလ ၄ ရက်တွင် ထုတ်လိုင်ကျေးရွာတပ်စခန်းမှ ချီတက်ခဲ့လေရာ နံနက် ၁ဝ နာရီမှစတင်၍ ညနေ ၄ နာရီအထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလေသည်။

အင်္ဂလိပ်စစ်တပ်သည် ရှေ့သို့တစ်လှမ်းကိုမျှ ချီတက်ရန်မတတ်စွမ်းသဖြင့် နံနက် ၁၁ နာရီခန့်တွင် ခံတပ်အနီး တောင်ကုန်းကလေးတစ်ဖက်သို့ တစ်ဖာလုံခန့်နောက်ဆုတ်၍ ဂေါ်ရခါးတပ်သားများအား စိတ်ဓာတ်တက်ကြွစေရန်အတွက် အဖျော်ယမကာများကိုတိုက်ကျွေးပြီး ပြန်လည်ချီတက်တိုက်ခိုက်ရာ ညနေစောင်းတွင် အကြီးမားဆုံးခံတပ်ကတုတ်ကျင်းကို သိမ်းပိုက်လေသည်။

ကျန်ခံတပ် ကတုတ်ကျင်းများကို မသိမ်းပိုက်မီ ညနေ ၄ နာရီထိုးခါနီး၌ စီးယင်းချင်းစစ်တပ်ခေါင်းဆောင်သုံးဦးတို့ဖြစ်သူ လင်မ်ခိုင်ကျေးရွာသား ခတ်ကမ်း၊ ကမ်းဆွတ်၊ ဆွန်ထွမ်းတို့ဦးဆောင်သော စစ်ကူ (Reinforce-ment) အဖွဲ့ ရောက်ရှိလာပြီး နယ်ချဲ့တပ်တို့နေရာယူသည့် အနောက်ဘက်မှ တိုက်ခိုက် သောကြောင့် နယ်ချဲ့တပ်များမှာ ရန်သူတို့စစ်ကူအလုံးအရင်းဖြင့်ရောက်ရှိလာသည်ဟု ထင်ကာ ညနေ ၄ နာရီတွင် အင်္ဂလိပ်စစ်တပ်သည် သိမ်းပိုက်ထားသော ခံတပ်ကြီးကိုပင် မထိန်းနိုင်တော့ဘဲ နောက်သို့ဆုတ်ခွာသွားလေတော့သည်။

ရှာလ်လုမ်းခံတပ်တိုက်ပွဲကြီးသည် ဗိုလ်ချုပ်ကြီးဟောင်း ဖောင်း (General Faunce) ခေါင်းဆောင်သော မြောက်ပိုင်းစစ်ကြောင်းသည် စစ်သည် ၁၇၆၈ ဦး၊ အမြောက်နှစ်လက်တို့ဖြင့် အကြိမ်ကြိမ်တိုက်ပွဲများအနက် တစ်နေရာတည်း၊ တစ်ချိန်တည်းအတွက် အပြင်းထန်ဆုံးနှင့် အသေအပျောက်အများဆုံး တိုက်ပွဲဖြစ်သည့်အပြင် နောက်ဆုံးတိုက်ပွဲလည်းဖြစ်ကြောင်း နယ်ချဲ့အင်္ဂလိပ်တို့မှ မှတ်တမ်းတင်ထားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် နယ်ချဲ့ဘက်မှ ဒုတိယဗိုလ် မီချဲလ် ( 2nd Lt. W. G. Michel) နှင့် ကပ္ပတိန် မိန်း (Captain Mayne)အပါအဝင် မျက်နှာဖြူအကြပ်တပ်သား သုံးဦး၊ ဂေါ်ရခါးတပ်သား ၃၂ ဦး စုစုပေါင်း ၃၆ ဦးသေဆုံးကာ ဆရာဝန်လီခွင် (Surgeon Le Quesne)နှင့် အခြားအကြပ်တပ်သားစုစုပေါင်း ၃၈ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့လေသည်။ ချင်းတော်လှန်ရေးသမားဘက်မှ ခေါင်းဆောင်ဖြစ်သူ ဦးလျန်ကမ်း၊ ဒုတိယခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝမ်းမန်တို့အပါအဝင် မျိုးချစ်ရဲဘော်၊ မျိုးချစ်ရဲမေ စုစုပေါင်း ၂၈ ဦးတို့ အသက်စတေးပေးခဲ့ကြသည်။

အသက်စတေးပေးကြသူများမှာ (၁)တိုက်သူကြီး ဦးလျင့်ကမ်း၊ (၂) ရွာစား ဦးဝမ်းမန်၊ (၃)ဦးတွောင်ဝုန့်၊ (၄)ဦးပေါင်ဆွေင်း၊ (၅) ဦးဇောင်အွန့်၊ (၆)ဦးဆဲမ်ပေါင်၊ (၇) ဦးခုတ်ဝမ်း၊ (၈) ဦး ခိုင်ဆွပ်၊ (၉) ဦးလမ်းခုပ်၊ (၁ဝ) ဦးဇောင်ထွမ်း၊ (၁၁) ဦးဇဝမ်း၊ (၁၂) ဦးထန်ဟောက်၊ (၁၃)ဦးလုကမ်း၊ (၁၄) ဦးစွန်ဆွောင့်၊ (၁၅)ဦးအင်းခမ်း၊ (၁၆) ဦးပေါင်လမ်း၊ (၁၇)ဦးဟန်စိန်၊ (၁၈)ဦးတွန့်မန်၊ (၁၉) ဒေါ်လျင့်ဝုန်၊ (၂ဝ) ဒေါ်ကွေ့ဝုန်၊ (၂၁) ဒေါ်ဝုန်နှဲမ်း၊ (၂၂) ဒေါ်အောက်ဟွဲ၊ (၂၃) ဒေါ်လမ်းကြောင် (၂၄) ဒေါ်အွပ်ညောင်း (၂၅) ဒေါ်ညောင်းကြောင်၊ (၂၆) ဒေါ်ဒိမ့်ငြ၊ (၂၇) ဒေါ်အွပ်ဟွဲ၊ (၂၈) ဒေါ်ဟွဲနွမ်းတို့ဖြစ်ကြပြီး ဒုတိယခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကမ်းကျင့်အပါအဝင် မျိုးချစ်ရဲဘော်၊ ရဲမေ ၁၁ ဦး ဒဏ်ရာရခဲ့ကြသည်။

အဆိုပါတိုက်ပွဲတွင် နယ်ချဲ့စစ်တပ်ဘက်မှ ဆရာဝန်လီခွင် (Surgeon Le Quesne)သည် ၎င်းရရှိထားသော ဒဏ်ရာများဖြင့် အခြားပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့သော ရဲဘော်များဖြစ်သည့် ဒုတိယဗိုလ်မီချဲလ်နှင့် ဗိုလ်ကြီးမိန်းအပါအဝင် အခြားအကြပ်တပ်သားများအား ပြုစုစောင့်ရှောက်ပေးခဲ့သဖြင့် ယင်း ၏ ရဲရင့်မှုနှင့် စစ်ရေးကျွမ်းကျင်မှုကြောင့် အင်္ဂလန်နိုင်ငံဘုရင်မကြီး၏ စစ်ဘက်ဆိုင်ရာအမြင့်မားဆုံး ဂုဏ်ပြုမှုဖြစ်သော ဝိတိုရိယဘွဲ့ (Victoria Cross)ကို ပေးအပ်နှင်းခြင်းခံခဲ့ရသည်။ ယင်းဆုတံဆိပ်ကို ယနေ့ထက်တိုင် ဗြိတိသျှနိုင်ငံ ပြတိုက်များတွင် တွေ့မြင်နိုင်သေးကြာင်း သိရသည်။ ဆရာဝန်လီခွင် ၏ (Victoria Cross)ဆုရရှိခြင်းကိုကြည့်ခြင်းအားဖြင့် ရှာလ်လုမ်းတိုက်ပွဲပြင်းထန်ပုံကို သိရှိနိုင်မည့်အပြင် ကမ္ဘာ့အင်အားအကြီးဆုံးစစ်တပ်က ချင်းတောင်ဘိုးဘွားများအား လွယ်လင့်တကူ မတိုက်ခိုက်နိုင်ကြဘဲ ချင်းပြည်ကြီးကို လာရောက်တိုက်ခိုက်သူများ မည်သို့ပင် အင်အားကြီးလင့်ကစား ရဲဝံ့စွာဖြင့် ပြန်လည်တိုက်ထုတ်နိုင်သည့် ချင်းတောင်ဘိုးဘွားများ၏ ရဲစွမ်းသတ္တိကို ဂုဏ်ပြုရမည်ဖြစ်သလို အစဉ်လေးစားဂုဏ်ယူကြရမည်ဖြစ်သည်။

ရှာလ်လုမ်းခံတပ်ဟောင်းကြီးကို ယခင်တော်လှန်ရေးကောင်စီအစိုးရလက်ထက် ချင်းရေးရာဦးစီးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးဆွန်ခိုလျှင့်ထံသို့ ၁၉၆၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ချင်းပြည်နယ်ယဉ်ကျေးမှုဦးစီးအရာရှိက တင်ပြလျှောက်ထားချက်အပေါ် ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန(ရုံးချုပ်) မှ ၁၉၆၅ ခုနှစ်တွင် ရန်ပုံငွေကျပ် ၃၄ဝဝ ဖြင့် ကနဦးပြုပြင်မှုစတင်၍ ၁၉၆၅ ခုနှစ် မေ ၄ ရက်က ခံတပ်ကမ္ပည်းကျောက်စာတိုင်များ ပြုလုပ်ပေးခဲ့ကာ ယနေ့အချိန်ထိ နှစ်စဉ်ပြုပြင်မှု ဆက်လက်ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ခံတပ်စောင့်ဝန်ထမ်းတစ်ဦး ခန့်ထားပေးပြီး နှစ်စဉ်ပုံမှန်ပြုပြင်မှုများကို ဒေသခံတို့က ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ထိန်းသိမ်း လျက်ရှိနေသော ခံတပ်လည်းဖြစ်သည်။

ထိုရှာလ်လုမ်းခံတပ်သည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ မိုင် ၃ဝ ကျော်အကွာတွင်တည်ရှိပြီး သိုင်းငင်း-ဖလမ်းသို့သွားသောလမ်းမဘေးရှိ ဇောင်ကောင်ကျေးရွာ၌ လမ်းခွဲကာ မော်တော်ယာဉ်ဖြင့် ခရီးဆက်မည်ဆိုလျှင် သုံးနာရီခန့်ကြာ မောင်းနှင်ရကြောင်း၊ လက်ရှိအဆိုပါ ရှာလ်လုမ်းခံတပ်နှင့် တစ်မိုင်ခွဲကွာဝေးသော ဝေါ့လာ့ကျေးရွာတွင် စီးယင်းလူမျိုးနွယ်စုလူဦးရေ ၃ဝဝ ခန့် နေထိုင်လျက်ရှိကြောင်း၊ မျိုးချစ်သူရဲကောင်းများအားရည်စူး၍ တီးတိန်မြို့နယ်ရှိ စီးယင်းလူမျိုးနွယ်စုများနေထိုင်ရာ ဝေါ့လာ့ကျေးရွာနှင့် တစ်မိုင်ခွဲကွာဝေးသည့် ရှာလ်လုမ်းခံတပ်၌ (၁၂၅)နှစ်ပြည့် ရှာလ်လုမ်းခံတပ်တိုက်ပွဲနေ့အောက်မေ့ သတိရခြင်းအထိမ်းအမှတ်ကို ၂ဝ၁၄ ခုနှစ် မေ ၄ ရက်မှစ၍ ကျဆုံးခဲ့သည့်ရဲဘော်၊ ရဲမေ ၂၈ ဦးတို့၏ ကမ္ပည်းကျောက်စာတိုင်တွင် လွမ်းသူ့ပန်းခွေများချ၍ ဂါရဝပြုခြင်းနှင့် ရိုးရာဆုတောင်းပွဲအား  နှစ်စဉ်ပုံမှန်ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြ ကြောင်း သိရသည်။

အဆိုပါရှာလ်လုမ်းခံတပ်တည်ရှိရာနေရာသို့ ပြည်တွင်းပြည်ပမှ လေ့လာကြည့်ရှုနိုင်ရေး၊ မှတ်တမ်းတင်နိုင်ရေးအတွက် လာရောက်လိုသူများ ရာသီမရွေးမော်တော်ကားလမ်းဖြင့် လွယ်ကူချောမွေ့စွာ သွားလာအသုံးပြုနိုင်ရန် နိုင်ငံတော်၏အသိအမှတ်ပြုသော ကားလမ်းအဆင့်သို့ ပံ့ပိုးကူညီနိုင်ရေးကိုလည်း ဝေါ့လာ့ကျေးရွာလူထုမှ အထူးမျှော်လင့်တောင့်တလျက်ရှိကြကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

ဇိုဟေဆာ(The Mirror Daily)

Leave a Reply