ျမန္မာျပည္ေျမာက္ဖ်ားက ထ႐ံုလူမ်ဳိးမ်ား အေၾကာင္း

Posted on

ေရးသားသူ – ကိုေမာင္ေမာင္ေက်ာ္

ထ႐ံုလူမ်ဳိးမ်ားသည္ ရဝမ္လူမ်ဳိးတို႔၏ အမ်ဳိးအႏြယ္တစ္မ်ဳိးျဖစ္သည္။ ထ႐ံုလူမ်ဳိး တို႔သည္ မူလထ႐ုံျမစ္ဝွမ္းေဒသမွ လြန္ခဲ့သည့္ ႏွစ္ေပါင္း ၂ဝဝ ေက်ာ္ခန္႔မွ ထ႐ံုလူမ်ဳိး ေလးငါးဆက္ခန္႔ကာလက စတင္ေရာက္ရွိလာ ၾကသည္ဟု ခန္႔မွန္းၾကသည္။ ေရာက္ရွိလာသူ အားလံုးမွာ ထ႐ံုျမစ္ဝွမ္း သာလာလခါး ေတာင္ၾကားကုိျဖတ္ေက်ာ္၍ သာလာဝမ္ ျမစ္ဝွမ္းအတိုင္း ဆင္းသက္လာၾကၿပီး အဒြန္းေလာင္းေခၚ အဒြန္းျမစ္ဝွမ္းေအာက္ ပိုင္းတစ္ေလွ်ာက္တြင္ ေနထိုင္ခဲ့ၾကသည္။ သာလာလခါးေတာင္ၾကားလမ္းမွာ ျမန္မာျပည္ ႏွင့္ တ႐ုတ္ျပည္ ဆက္သြယ္ရာလမ္းေၾကာင္း ျဖစ္သည္။

ထ႐ံုလူမ်ဳိးဆင္းသက္လာပံုႏွင့္ ယဥ္ေက်း မႈ ဓေလ့ထံုးစံတုိ႔ကုိ ၁၉၅၆ ခုႏွစ္က အသက္ ၇ဝ အရြယ္ရွိ ထ႐ံုေခါင္းေဆာင္အဘုိး ဆက္လာကြမ္းက ေျပာၾကားခဲ့သည္မွာ ၄င္းတို႔ သည္ ႏွစ္ေပါင္းေျမာက္ျမားစြာ သစ္ဥ၊ သစ္သီး မ်ား ရွာေဖြစားေသာက္ကာ ေအးေအးခ်မ္းခ်မ္း ေနထုိင္လာခဲ့ၾကရာမွ အိမ္နီးခ်င္းလူမ်ဳိးႀကီးျဖစ္ ေသာ တိဗက္ ေခၚ လင္းဘူးတို႔၏ ႏွိပ္စက္မႈ ကို အမ်ဳိးမ်ဳိးခံခဲ့ရေၾကာင္း၊ ကြၽန္အျဖစ္ ဖမ္းဆီး ေရာင္းခ်ျခင္းခံရျခင္း၊ အမ်ဳိးသမီးမ်ားအား သိမ္းပုိက္ျခင္း၊ စိတ္မထင္လွ်င္ သတ္ပစ္ျခင္း အထိ ျပဳလုပ္လာေသာေၾကာင့္ ထ႐ံုေခါင္းေဆာင္ မ်ား တုိင္ပင္၍ တိဗက္ကုိ သြားေရာက္ တိုက္ခိုက္ၾကေၾကာင္း၊ အေရးနိမ့္ေသာအခါ လင္းဘူးရန္မွလြတ္ကင္းေအာင္ ေရွာင္ေျပးရာ မွ ျမန္မာျပည္ေျမာက္ဖ်ားတြင္ ေနထိုင္ၾက ေၾကာင္း ရွင္းျပသည္။

ထ႐ံုတို႔ေနထိုင္ရာအရပ္မ်ားသည္ ၁၂ လ ရာသီကာလပတ္လံုး ဆီးႏွင္းေရခဲမ်ားပိတ္ဆို႔ ေနသည့္ တ႐ုတ္-ျမန္မာ သဘာဝ တံတုိင္းႀကီး ေပၚမွ သာလာလခါးေတာင္ၾကားလမ္း ေက်ာ္ႏုိင္ရန္မွာ လြယ္ကူလွသည္မဟုတ္ဘဲ အသည္းတယားယားႏွင့္ အႏၲရာယ္အလြန္ မ်ားလွသည္။ ထ႐ံုတို႔သည္ ျမန္မာျပည္ ေျမာက္ဖ်ားတြင္ ႏွစ္ေပါင္းမ်ားစြာ ေက်ာက္ဂူ ႀကီးမ်ား၊ ေတာနက္ႀကီးမ်ားတြင္ လွည့္လည္ ေနထိုင္ခဲ့ၾကသည္။ သူစိမ္းတစ္ရံတုိ႔ကုိ မသကၤာ လြန္း၍ေလာ၊ စိတ္ေနစိတ္ထားအရ အားငယ္ စိတ္မ်ားေန၍ေလာ အျခားလူမ်ဳိးမ်ားႏွင့္ ေရွးကပင္ ေပါင္းသင္းဆက္ဆံျခင္း လံုးဝမျပဳ လုပ္ၾကေခ်။

ယင္းတို႔အခ်င္းခ်င္းသာ ဆက္ဆံ ၿပီး အခ်င္းခ်င္းႏွင့္သာ ျပန္လည္ အိမ္ေထာင္ျပဳေလ့ရွိၾကသည္။ ၾကာေသာအခါ အိမ္ေထာင္စုလူဦးေရမွာ နည္းလြန္းသျဖင့္ ေမာင္လယ္ႏွမလယ္ ျပန္ယူၾကျခင္းျဖစ္လာ သည္။ ယင္းစနစ္ကို ႏွစ္ေပါင္းမ်ားစြာက်င့္သံုး လာျခင္းေၾကာင့္ အရပ္အေမာင္းမ်ား တျဖည္းျဖည္းပုလာျခင္း၊ စိတ္မႏွံ႔သကဲ့သို႔ ျဖစ္လာျခင္းေပမ်ားေလာဟု မဆုိႏုိင္ေခ်။ ယိမ္းႏြဲ႕ပါးအဖဲြ႕၏ စစ္ေဆးေတြ႕ရွိမႈအရ အသက္ ၅ဝ ခန္႔ရွိ အမ်ဳိးသား နမ္စြန္မွာ အရပ္ေလးေပ ခုနစ္လက္မ၊ အသက္ ၃၅ ႏွစ္ခန္႔ရွိ အမ်ဳိးသား ေဖြဇြန္မွာ အရပ္ေလးေပ ၁ဝ လက္မ၊ အသက္ ၅ဝ ခန္႔ရွိ အမ်ဳိးသမီး နမ္ေဆဘြန္မွာ အရပ္သံုးေပ ခုနစ္လက္မ ရွိသည္ကုိ ေတြ႕ခဲ့ရေၾကာင္း အစိုးရကုိ တင္ျပ ခဲ့သည္။

ျမန္မာႏုိင္ငံတြင္ ပထမဆံုးအႀကိမ္ ေဆးဘက္ဆိုင္ရာ သုေတသနအဖဲြ႕တစ္ဖဲြ႕ သည္ ထ႐ံုလူမ်ဳိးတို႔ရွိရာအရပ္သို႔ ေရာက္ရွိ ခဲ့သည္။ ထုိေဆးဘက္ဆိုင္ရာသုေတသနအဖဲြ႕ တြင္ ပါေမာကၡဆရာဝန္ႀကီး ေဒါက္တာျမတူ ဦးေဆာင္လ်က္ ေဒါက္တာကိုကို၊ ေဒါက္တာ ေအာင္သန္းဘတူ၊ ေဒါက္တာ ဖရန္စစ္၊ ဦးသန္းထြန္းေအာင္လႈိင္ႏွင့္ အျခားသုေတသန ပညာရွင္မ်ား ပါဝင္ၾကသည္။ ျမန္မာ့တပ္မေတာ္ ႏွင့္ နယ္ျခားေဒသအုပ္ခ်ဳပ္ေရးအဖဲြ႕၏ ကူညီ ေဆာင္ရြက္ေပးမႈျဖင့္ ၁၉၆၂ ခုႏွစ္ မတ္လ ကုန္မွ ဧၿပီလ ၂၅ ရက္ေန႔အထိ တစ္လၾကာ ကြင္းဆင္းေလ့လာခဲ့ၾကသည္။

ေဆးဘက္ဆုိင္ရာသုေတသနအဖဲြ႕သည္ ထ႐ံုအမ်ဳိးသား ၃၈ ဦးႏွင့္ အမ်ဳိးသမီး ၃ဝ စုစုေပါင္း ၆၈ ဦးကို သိပၸံနည္းက် ေစ့ေစ့စပ္စပ္ ေလ့လာသုေတသနျပဳခဲ့ၾကသည္။ ထ႐ံုလူမ်ဳိး ၆၈ ဦးအနက္ ၄ဝ မွာ အရြယ္ေရာက္သူ မ်ားျဖစ္ၿပီး ရွစ္ဦးမွာ ႐ူးသြပ္သကဲ့သို႔ ျဖစ္ေန သည္ကို ေတြ႕ရသည္။ ထုိ႔အျပင္ ဂြိဳက္တာေခၚ လည္ပင္းႀကီးေရာဂါ စဲြကပ္ေနသူမ်ားမွာ အမ်ားစုျဖစ္ေနသည္ကို ေတြ႕ရသည္။ ထ႐ံု အမ်ဳိးသားမ်ား၏အရပ္သည္ ပ်မ္းမွ် ၁၄၃ ဒသမ ၇ စင္တီမီတာရွိ၍ အနိမ့္ဆံုး ၁၃၁ စင္တီမီတာမွ အျမင့္ဆံုး ၁၅၉ စင္တီမီတာျဖစ္ သည္။

အမ်ဳိးသမီးမ်ားမွာ ၁၁၉ စင္တီမီတာ ႏွင့္ ၁၅၈ ဒသမ ၅ စင္တီမီတာၾကားတြင္ရွိသျဖင့္ ပွ်မ္းမွ်အရပ္ ၁၃၉ ဒသမ ၉ စင္တီမီတာရွိ သည္။ အာဖရိကတုိက္ရွိ ပစ္ဂမီလူပုမ်ား၏ အရပ္မွာ ၁၃၇ စင္တီမီတာႏွင့္ ၁၄၅ စင္တီမီတာၾကားတြင္ျဖစ္ၿပီး အန္ဒမန္ကြၽန္း၊ မေလး၊ နယူးဂီနီကြၽန္း စသည့္ေဒသတို႔မွ နီဂရစ္တိုလူပုေလးမ်ားမွာ ၁၄၄ စင္တီမီတာ ႏွင့္ ၁၅၅ စင္တီမီတာၾကားတြင္ရွိသျဖင့္ ျမန္မာျပည္ရွိ ထ႐ံုလူမ်ဳိးမ်ားႏွင့္ မကြာျခား ေၾကာင္း ေဖာ္ျပထားၿပီး အမ်ဳိးသားမ်ားမွာ ေလးေပခဲြရွိ၍ အမ်ဳိးသမီးမ်ားမွာ ေလးေပခန္႔ သာရွိသည္ကို ေတြ႕ခဲ့ရသည္။

ထ႐ံုတို႔၏က်န္းမာေရး

ေရွးဦး တကာစြန္၊ အဖန္ေလာင္ဖုန္ စသည့္ ထ႐ံုလူမ်ဳိးမ်ားသည္ သန္မာထြားက်ဳိင္း ေသာ အရပ္အေမာင္းရွိၾကသည္ဟု ေရွးမီ ေနာက္မီ ထ႐ံုလူႀကီးမ်ားက ေျပာၾကသည္။ ၎တို႔ေနာက္ မ်ဳိးဆက္တစ္ဆက္ၿပီးတစ္ဆက္ ေနာက္မွ အရပ္ပုလာၾကသည္ဟုဆိုသည္။ မူလမ်ဳိးရင္းမွာ လူပုမ်ား မဟုတ္ၾကေခ်။ အေစာပိုင္းက ျမစ္ဝွမ္းတြင္ေနထုိင္ၾကေသာ ထ႐ံုတို႔သည္ အခ်ဳိ႕အရပ္ပုၿပီး အရပ္ရွည္ၾကသူမ်ားလည္းရွိသည္ဟုဆိုသည္။ ျမန္မာျပည္မွ ထ႐ံုမ်ား အရပ္ပုၾကသည္မွာ အာဟာရဓာတ္ မျပည့္ဝမႈေၾကာင့္ျဖစ္ႏုိင္သည္ဟု ထင္ျမင္ခဲ့ ၾကသည္။

အျခားတစ္ခ်က္မွာ ႏွစ္ကာလၾကာ ေသာအခါ ေသြးတူျခင္းေပါင္းစပ္ျခင္းေၾကာင့္ ခႏၶာကုိယ္ဖံြ႕ၿဖိဳးမႈက်ဆင္းကာ အရပ္ပုနိမ့္ သြားျခင္းျဖစ္သည္ဟု ထင္ၾကသည္။ ထို႔အျပင္ အသက္ငယ္စဥ္ ေသဆံုးသြားသူမ်ားႏွင့္ အသက္ရွည္ေသာ္လည္း ဦးေႏွာက္ပ်က္သူမ်ား မ်ားျပားသည္ကုိ ေတြ႕ရွိခဲ့ရသည္။ ထ႐ံုလူမ်ဳိး တို႔ ေနထိုင္ရာ အရပ္ေဒသမွာ လူသူ အေရာက္အေပါက္နည္းၿပီး ေဝးလံေခါင္သီ ေသာေၾကာင့္ အစစအရာရာ ခ်ဳိ႕တဲ့နိမ့္က်ခဲ့ ရသည္။ အက်ဳိးဆက္အျဖစ္ က်န္းမာေရး ယုိယြင္း၍ ခႏၶာကိုယ္ျဖစ္စဥ္မ်ားပါ ခ်ဳိ႕တဲ့ခဲ့ၿပီး ေနာက္ဆံုးအဆင့္ လူမ်ဳိးပါပ်က္သုဥ္းသြားရ သည့္အေျခအေနမွာ စိတ္မေကာင္းဖြယ္ျဖစ္ သည္။

ထ႐ံုတုိ႔၏ တစ္ေန႔တာဘဝ

ေန႔စဥ္ဝမ္းစာဖူလံုေရးအတြက္ အႏိုင္ႏိုင္ လုပ္ကိုင္ေနရသျဖင့္ အားလပ္ခ်ိန္ဟူ၍ မရွိခဲ့ ေခ်။ နံနက္မုိးလင္းသည္ႏွင့္ အမ်ဳိးသမီးမ်ားမွာ ဗိုင္းငင္ၾကၿပီး အမ်ဳိးသားမ်ားမွာ ေတာင္ယာထဲ ႏွင့္ ေဆးဖက္ဝင္သစ္ျမစ္၊ သစ္ဥရွာျခင္း၊ အမဲ လုိက္ျခင္း ထြက္ၾကရသည္။ နံနက္စာကုိ အခ်ိန္သတ္မွတ္မရွိဘဲ ထမင္းခ်က္ႏိုင္သည့္ အခ်ိန္တြင္ ေစာႏုိင္သမွ်ေစာေအာင္ စားရ သည္။ စားေသာက္ၿပီးသည္ႏွင့္ အိမ္ရွိလူကုန္ ေတာေတာင္ယာထဲသို႔ သြားေရာက္လုပ္ကုိင္ ၾကရသည္။ ေတာင္ယာစုိက္ပ်ဳိးၿပီးေသာအခါ ေတာင္ယာတြင္ပင္ ခ်က္ျပဳတ္စားေသာက္ၾက ၿပီး ေတာင္ယာမရွိေသာအခါတြင္ ေန႔လယ္စာ ကုိ သစ္ဥ၊ သစ္သီးမ်ားသာ စားေသာက္၍ တင္းတိမ္ရသည္။

ေတာင္ယာတြင္ တစ္ေန႔လံုး ေနကာ ေနမဝင္မီအိမ္ျပန္ၾကသည္။ အခ်ဳိ႕မွာ မုိးခ်ဳပ္မွ အိမ္ျပန္ရသည္။ အိမ္ေရာက္လွ်င္ ညစာအတြက္ ခ်က္ျပဳတ္ရသည္။ အမဲေကာင္ ရေသာအခါတြင္ မက်က္တက်က္မီးဖုတ္စား ၾကသည္။ ခ်က္ျပဳတ္္လွ်င္ အသားကိုလံုးၿပီး င႐ုတ္သီး၊ ဆားတုိ႔ႏွင့္နယ္၍ ေရျဖင့္ခ်က္ျပဳတ္ ၾကသည္။ ညစာစားၿပီးေသာအခါ မီးဖိုေဘး တြင္ စကားစျမည္ေျပာဆုိၾကသည္။ အခ်ဳိ႕မွာ ခ်က္ျခင္းပင္ ေမာေမာႏွင့္ အိပ္ေပ်ာ္သြားၾက သည္။ တစ္အိမ္ႏွင့္တစ္အိမ္ သြားေရာက္ လည္ပတ္မႈမရွိေခ်။ တစ္ေန႔တစ္ေန႔ ဤသို႔ျဖင့္ ဘဝတစ္ေန႔တာကို ပင္ပန္းဆင္းရဲစြာျဖတ္သန္း ၾကရေသာ ထ႐ံုတို႔၏ဘဝမွာ သနားဖြယ္ပင္ ျဖစ္သည္။

ယခုအခါ အခ်ဳိ႕ထ႐ံုလူမ်ဳိးမ်ားမွာ ရဝမ္၊ လီဆူးစေသာ တိုင္းရင္းသားမ်ားႏွင့္ ေသြးေႏွာသြားၾကၿပီး ထ႐ံုလူမ်ဳိးစစ္စစ္မွာ ၂၀၀၅ ခုႏွစ္မွတ္တမ္းအရ ကမၻာေပၚတြင္ ေလးဦး(အမ်ဳိးသမီးသံုးဦးႏွင့္ အမ်ဳိးသားတစ္ဦး)သာ က်န္ပါေတာ့သည္။ ထူးဆန္းဖြယ္၊ သနားဖြယ္ ထ႐ံုတို႔မွာ ေပ်ာက္ကြယ္သြားလုနီး ျဖစ္ေနၿပီဟု ယူဆဖြယ္ျဖစ္သည္။ ။

ေမာင္ေမာင္ေက်ာ္
The Mirror Daily

——————–

မြန်မာပြည်မြောက်ဖျားက ထရုံလူမျိုးများ အကြောင်း (unicode)

ရေးသားသူ – ကိုမောင်မောင်ကျော်

ထရုံလူမျိုးများသည် ရဝမ်လူမျိုးတို့၏ အမျိုးအနွယ်တစ်မျိုးဖြစ်သည်။ ထရုံလူမျိုး တို့သည် မူလထရုံမြစ်ဝှမ်းဒေသမှ လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝ ကျော်ခန့်မှ ထရုံလူမျိုး လေးငါးဆက်ခန့်ကာလက စတင်ရောက်ရှိလာ ကြသည်ဟု ခန့်မှန်းကြသည်။ ရောက်ရှိလာသူ အားလုံးမှာ ထရုံမြစ်ဝှမ်း သာလာလခါး တောင်ကြားကိုဖြတ်ကျော်၍ သာလာဝမ် မြစ်ဝှမ်းအတိုင်း ဆင်းသက်လာကြပြီး အဒွန်းလောင်းခေါ် အဒွန်းမြစ်ဝှမ်းအောက် ပိုင်းတစ်လျှောက်တွင် နေထိုင်ခဲ့ကြသည်။ သာလာလခါးတောင်ကြားလမ်းမှာ မြန်မာပြည် နှင့် တရုတ်ပြည် ဆက်သွယ်ရာလမ်းကြောင်း ဖြစ်သည်။

ထရုံလူမျိုးဆင်းသက်လာပုံနှင့် ယဉ်ကျေး မှု ဓလေ့ထုံးစံတို့ကို ၁၉၅၆ ခုနှစ်က အသက် ၇ဝ အရွယ်ရှိ ထရုံခေါင်းဆောင်အဘိုး ဆက်လာကွမ်းက ပြောကြားခဲ့သည်မှာ ၎င်းတို့ သည် နှစ်ပေါင်းမြောက်မြားစွာ သစ်ဥ၊ သစ်သီး များ ရှာဖွေစားသောက်ကာ အေးအေးချမ်းချမ်း နေထိုင်လာခဲ့ကြရာမှ အိမ်နီးချင်းလူမျိုးကြီးဖြစ် သော တိဗက် ခေါ် လင်းဘူးတို့၏ နှိပ်စက်မှု ကို အမျိုးမျိုးခံခဲ့ရကြောင်း၊ ကျွန်အဖြစ် ဖမ်းဆီး ရောင်းချခြင်းခံရခြင်း၊ အမျိုးသမီးများအား သိမ်းပိုက်ခြင်း၊ စိတ်မထင်လျှင် သတ်ပစ်ခြင်း အထိ ပြုလုပ်လာသောကြောင့် ထရုံခေါင်းဆောင် များ တိုင်ပင်၍ တိဗက်ကို သွားရောက် တိုက်ခိုက်ကြကြောင်း၊ အရေးနိမ့်သောအခါ လင်းဘူးရန်မှလွတ်ကင်းအောင် ရှောင်ပြေးရာ မှ မြန်မာပြည်မြောက်ဖျားတွင် နေထိုင်ကြ ကြောင်း ရှင်းပြသည်။

ထရုံတို့နေထိုင်ရာအရပ်များသည် ၁၂ လ ရာသီကာလပတ်လုံး ဆီးနှင်းရေခဲများပိတ်ဆို့ နေသည့် တရုတ်-မြန်မာ သဘာဝ တံတိုင်းကြီး ပေါ်မှ သာလာလခါးတောင်ကြားလမ်း ကျော်နိုင်ရန်မှာ လွယ်ကူလှသည်မဟုတ်ဘဲ အသည်းတယားယားနှင့် အန္တရာယ်အလွန် များလှသည်။ ထရုံတို့သည် မြန်မာပြည် မြောက်ဖျားတွင် နှစ်ပေါင်းများစွာ ကျောက်ဂူ ကြီးများ၊ တောနက်ကြီးများတွင် လှည့်လည် နေထိုင်ခဲ့ကြသည်။ သူစိမ်းတစ်ရံတို့ကို မသင်္ကာ လွန်း၍လော၊ စိတ်နေစိတ်ထားအရ အားငယ် စိတ်များနေ၍လော အခြားလူမျိုးများနှင့် ရှေးကပင် ပေါင်းသင်းဆက်ဆံခြင်း လုံးဝမပြု လုပ်ကြချေ။

ယင်းတို့အချင်းချင်းသာ ဆက်ဆံ ပြီး အချင်းချင်းနှင့်သာ ပြန်လည် အိမ်ထောင်ပြုလေ့ရှိကြသည်။ ကြာသောအခါ အိမ်ထောင်စုလူဦးရေမှာ နည်းလွန်းသဖြင့် မောင်လယ်နှမလယ် ပြန်ယူကြခြင်းဖြစ်လာ သည်။ ယင်းစနစ်ကို နှစ်ပေါင်းများစွာကျင့်သုံး လာခြင်းကြောင့် အရပ်အမောင်းများ တဖြည်းဖြည်းပုလာခြင်း၊ စိတ်မနှံ့သကဲ့သို့ ဖြစ်လာခြင်းပေများလောဟု မဆိုနိုင်ချေ။ ယိမ်းနွဲ့ပါးအဖွဲ့၏ စစ်ဆေးတွေ့ရှိမှုအရ အသက် ၅ဝ ခန့်ရှိ အမျိုးသား နမ်စွန်မှာ အရပ်လေးပေ ခုနစ်လက်မ၊ အသက် ၃၅ နှစ်ခန့်ရှိ အမျိုးသား ဖွေဇွန်မှာ အရပ်လေးပေ ၁ဝ လက်မ၊ အသက် ၅ဝ ခန့်ရှိ အမျိုးသမီး နမ်ဆေဘွန်မှာ အရပ်သုံးပေ ခုနစ်လက်မ ရှိသည်ကို တွေ့ခဲ့ရကြောင်း အစိုးရကို တင်ပြ ခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ဆေးဘက်ဆိုင်ရာ သုတေသနအဖွဲ့တစ်ဖွဲ့ သည် ထရုံလူမျိုးတို့ရှိရာအရပ်သို့ ရောက်ရှိ ခဲ့သည်။ ထိုဆေးဘက်ဆိုင်ရာသုတေသနအဖွဲ့ တွင် ပါမောက္ခဆရာဝန်ကြီး ဒေါက်တာမြတူ ဦးဆောင်လျက် ဒေါက်တာကိုကို၊ ဒေါက်တာ အောင်သန်းဘတူ၊ ဒေါက်တာ ဖရန်စစ်၊ ဦးသန်းထွန်းအောင်လှိုင်နှင့် အခြားသုတေသန ပညာရှင်များ ပါဝင်ကြသည်။ မြန်မာ့တပ်မတော် နှင့် နယ်ခြားဒေသအုပ်ချုပ်ရေးအဖွဲ့၏ ကူညီ ဆောင်ရွက်ပေးမှုဖြင့် ၁၉၆၂ ခုနှစ် မတ်လ ကုန်မှ ဧပြီလ ၂၅ ရက်နေ့အထိ တစ်လကြာ ကွင်းဆင်းလေ့လာခဲ့ကြသည်။

ဆေးဘက်ဆိုင်ရာသုတေသနအဖွဲ့သည် ထရုံအမျိုးသား ၃၈ ဦးနှင့် အမျိုးသမီး ၃ဝ စုစုပေါင်း ၆၈ ဦးကို သိပ္ပံနည်းကျ စေ့စေ့စပ်စပ် လေ့လာသုတေသနပြုခဲ့ကြသည်။ ထရုံလူမျိုး ၆၈ ဦးအနက် ၄ဝ မှာ အရွယ်ရောက်သူ များဖြစ်ပြီး ရှစ်ဦးမှာ ရူးသွပ်သကဲ့သို့ ဖြစ်နေ သည်ကို တွေ့ရသည်။ ထို့အပြင် ဂွိုက်တာခေါ် လည်ပင်းကြီးရောဂါ စွဲကပ်နေသူများမှာ အများစုဖြစ်နေသည်ကို တွေ့ရသည်။ ထရုံ အမျိုးသားများ၏အရပ်သည် ပျမ်းမျှ ၁၄၃ ဒသမ ၇ စင်တီမီတာရှိ၍ အနိမ့်ဆုံး ၁၃၁ စင်တီမီတာမှ အမြင့်ဆုံး ၁၅၉ စင်တီမီတာဖြစ် သည်။

အမျိုးသမီးများမှာ ၁၁၉ စင်တီမီတာ နှင့် ၁၅၈ ဒသမ ၅ စင်တီမီတာကြားတွင်ရှိသဖြင့် ပျှမ်းမျှအရပ် ၁၃၉ ဒသမ ၉ စင်တီမီတာရှိ သည်။ အာဖရိကတိုက်ရှိ ပစ်ဂမီလူပုများ၏ အရပ်မှာ ၁၃၇ စင်တီမီတာနှင့် ၁၄၅ စင်တီမီတာကြားတွင်ဖြစ်ပြီး အန်ဒမန်ကျွန်း၊ မလေး၊ နယူးဂီနီကျွန်း စသည့်ဒေသတို့မှ နီဂရစ်တိုလူပုလေးများမှာ ၁၄၄ စင်တီမီတာ နှင့် ၁၅၅ စင်တီမီတာကြားတွင်ရှိသဖြင့် မြန်မာပြည်ရှိ ထရုံလူမျိုးများနှင့် မကွာခြား ကြောင်း ဖော်ပြထားပြီး အမျိုးသားများမှာ လေးပေခွဲရှိ၍ အမျိုးသမီးများမှာ လေးပေခန့် သာရှိသည်ကို တွေ့ခဲ့ရသည်။

ထရုံတို့၏ကျန်းမာရေး

ရှေးဦး တကာစွန်၊ အဖန်လောင်ဖုန် စသည့် ထရုံလူမျိုးများသည် သန်မာထွားကျိုင်း သော အရပ်အမောင်းရှိကြသည်ဟု ရှေးမီ နောက်မီ ထရုံလူကြီးများက ပြောကြသည်။ ၎င်းတို့နောက် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နောက်မှ အရပ်ပုလာကြသည်ဟုဆိုသည်။ မူလမျိုးရင်းမှာ လူပုများ မဟုတ်ကြချေ။ အစောပိုင်းက မြစ်ဝှမ်းတွင်နေထိုင်ကြသော ထရုံတို့သည် အချို့အရပ်ပုပြီး အရပ်ရှည်ကြသူများလည်းရှိသည်ဟုဆိုသည်။ မြန်မာပြည်မှ ထရုံများ အရပ်ပုကြသည်မှာ အာဟာရဓာတ် မပြည့်ဝမှုကြောင့်ဖြစ်နိုင်သည်ဟု ထင်မြင်ခဲ့ ကြသည်။

အခြားတစ်ချက်မှာ နှစ်ကာလကြာ သောအခါ သွေးတူခြင်းပေါင်းစပ်ခြင်းကြောင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကျဆင်းကာ အရပ်ပုနိမ့် သွားခြင်းဖြစ်သည်ဟု ထင်ကြသည်။ ထို့အပြင် အသက်ငယ်စဉ် သေဆုံးသွားသူများနှင့် အသက်ရှည်သော်လည်း ဦးနှောက်ပျက်သူများ များပြားသည်ကို တွေ့ရှိခဲ့ရသည်။ ထရုံလူမျိုး တို့ နေထိုင်ရာ အရပ်ဒေသမှာ လူသူ အရောက်အပေါက်နည်းပြီး ဝေးလံခေါင်သီ သောကြောင့် အစစအရာရာ ချို့တဲ့နိမ့်ကျခဲ့ ရသည်။ အကျိုးဆက်အဖြစ် ကျန်းမာရေး ယိုယွင်း၍ ခန္ဓာကိုယ်ဖြစ်စဉ်များပါ ချို့တဲ့ခဲ့ပြီး နောက်ဆုံးအဆင့် လူမျိုးပါပျက်သုဉ်းသွားရ သည့်အခြေအနေမှာ စိတ်မကောင်းဖွယ်ဖြစ် သည်။

ထရုံတို့၏ တစ်နေ့တာဘဝ

နေ့စဉ်ဝမ်းစာဖူလုံရေးအတွက် အနိုင်နိုင် လုပ်ကိုင်နေရသဖြင့် အားလပ်ချိန်ဟူ၍ မရှိခဲ့ ချေ။ နံနက်မိုးလင်းသည်နှင့် အမျိုးသမီးများမှာ ဗိုင်းငင်ကြပြီး အမျိုးသားများမှာ တောင်ယာထဲ နှင့် ဆေးဖက်ဝင်သစ်မြစ်၊ သစ်ဥရှာခြင်း၊ အမဲ လိုက်ခြင်း ထွက်ကြရသည်။ နံနက်စာကို အချိန်သတ်မှတ်မရှိဘဲ ထမင်းချက်နိုင်သည့် အချိန်တွင် စောနိုင်သမျှစောအောင် စားရ သည်။ စားသောက်ပြီးသည်နှင့် အိမ်ရှိလူကုန် တောတောင်ယာထဲသို့ သွားရောက်လုပ်ကိုင် ကြရသည်။ တောင်ယာစိုက်ပျိုးပြီးသောအခါ တောင်ယာတွင်ပင် ချက်ပြုတ်စားသောက်ကြ ပြီး တောင်ယာမရှိသောအခါတွင် နေ့လယ်စာ ကို သစ်ဥ၊ သစ်သီးများသာ စားသောက်၍ တင်းတိမ်ရသည်။

တောင်ယာတွင် တစ်နေ့လုံး နေကာ နေမဝင်မီအိမ်ပြန်ကြသည်။ အချို့မှာ မိုးချုပ်မှ အိမ်ပြန်ရသည်။ အိမ်ရောက်လျှင် ညစာအတွက် ချက်ပြုတ်ရသည်။ အမဲကောင် ရသောအခါတွင် မကျက်တကျက်မီးဖုတ်စား ကြသည်။ ချက်ပြုတ်လျှင် အသားကိုလုံးပြီး ငရုတ်သီး၊ ဆားတို့နှင့်နယ်၍ ရေဖြင့်ချက်ပြုတ် ကြသည်။ ညစာစားပြီးသောအခါ မီးဖိုဘေး တွင် စကားစမြည်ပြောဆိုကြသည်။ အချို့မှာ ချက်ခြင်းပင် မောမောနှင့် အိပ်ပျော်သွားကြ သည်။ တစ်အိမ်နှင့်တစ်အိမ် သွားရောက် လည်ပတ်မှုမရှိချေ။ တစ်နေ့တစ်နေ့ ဤသို့ဖြင့် ဘဝတစ်နေ့တာကို ပင်ပန်းဆင်းရဲစွာဖြတ်သန်း ကြရသော ထရုံတို့၏ဘဝမှာ သနားဖွယ်ပင် ဖြစ်သည်။

ယခုအခါ အချို့ထရုံလူမျိုးများမှာ ရဝမ်၊ လီဆူးစသော တိုင်းရင်းသားများနှင့် သွေးနှောသွားကြပြီး ထရုံလူမျိုးစစ်စစ်မှာ ၂၀၀၅ ခုနှစ်မှတ်တမ်းအရ ကမ္ဘာပေါ်တွင် လေးဦး(အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦး)သာ ကျန်ပါတော့သည်။ ထူးဆန်းဖွယ်၊ သနားဖွယ် ထရုံတို့မှာ ပျောက်ကွယ်သွားလုနီး ဖြစ်နေပြီဟု ယူဆဖွယ်ဖြစ်သည်။ ။

မောင်မောင်ကျော်
The Mirror Daily

Leave a Reply