အေမရိကန္ရဲ႕ အဆုိးရြားဆုံး မီးေလာင္မႈႀကီး တစ္ခု (သုိ႔) ခ်ီကာဂုိမီး ၁၈၇၁

Posted on

ကမာၻအရပ္ရပ္က အလြန္ၾကီးမားတဲ့မီးေလာင္ကၽြမ္းမႈၾကီးေတြေၾကာင့္ လူသားေတြရဲ အသက္အိုးအိမ္၊စည္းစိမ္မ်ားစြာ ပ်က္စီးခဲ့ရတဲ့အေၾကာင္းကို သိရွိျပီးျဖစ္ပါတယ္။ သမုိင္းတေလွ်ာက္ အလြန္ဆိုးရြားတဲ့ မီးေလာင္ကၽြမ္းမႈေတြအနက္ထဲမွာ ယေန႔စူပါပါ၀ါ ျဖစ္ေနတဲ့ အေမရိကန္ ခ်ီကာဂုိၿမဳိ႕မွာ ျဖစ္ပြားခဲ့တဲ့ မီးေလာင္မႈႀကီးလည္း တစ္ခုအပါအ၀င္ပါတယ္။

Great Chicago Fire လုိ႔ေခၚတဲ့  (၁၈၇၁)ခုနွစ္က အေမရိကန္ျပည္ေထာင္စု ခ်ီတာဂိုနဲ႔အီလီႏိြဳက္ျပည္နယ္မွာေလာင္ကၽြမ္းခဲ့တဲ့ ခ်ီတာဂိုမီး ေၾကာင့္ သမိုင္းတြင္ေလာက္ေအာင္ ပ်က္စီးမႈေတြျဖစ္ေပၚလာခဲ့ရပါတယ္။(၁၈၇၁)ခုနွစ္၊ ေအာက္တိုဘာ(၈)ရက္ေန႔၊ တနဂၤေႏြေန႔ကစတင္ေလာင္ကၽြမ္းခဲ့တဲ့ ဒီမီးေလာင္မႈၾကီးဟာ ေအာက္တိုဘာ(၁၀)ရက္ ၊အဂါၤေန႔မွသာ ျပီးဆံုးခဲ့ပါတယ္။

ခ်ီတာဂိုမီးေၾကာင့္လူ(၃၀၀) ေက်ာ္ေလာက္ေသဆံုးခဲ့ရျပီး လူေပါင္း(၁၀၀၀၀၀)ေလာက္ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရပါတယ္။ ခ်ီတာဂိုျမိဳ႕ေတာ္ အေနာက္ေတာင္ဘက္မွာရွိတဲ့ လယ္သမားရပ္ကြက္တစ္ခုကေနစတင္ေလာင္ကၽြမ္းခဲ့တဲ့ ဒီမီးေၾကာင့္ အေဆာက္အအံုေပါင္း(၁၇၅၀၀)ေလာက္ပ်က္စီး ခဲ့ရတာအျပင္ အေမရိကန္ေဒၚလာ (၂၂၂)သန္း(ယေန႕ေခတ္နဲ႔တြက္ရင္ အေမရိကန္ ေဒၚလာ (၄.၅၉၃) ဘီလ်ံေလာက္)ပ်က္စီးဆံုးရံႈးခဲ့ရပါတယ္။

ေလာင္ကၽြမ္းခ်ိန္ဟာပူျပင္းေျခာက္ေသြ႔ျပီးေလျပင္းမ်ားတိုတ္ခတ္တဲ့အခ်ိန္ျဖစ္တာေၾကာင့္ တာဝန္ရွိသူေတြ အေနနဲ႔ အခ်ိန္မီထိန္းခ်ဳပ္နိုင္ခဲ့ျခင္းမရွိခဲ့တာလည္း ျဖစ္ပါတယ္။ ျမိဳ႕ေတာ္အေနာက္ေတာင္ဘက္က စတင္ေလာင္ကၽြမ္းခဲ့တဲ့မီးဟာ ေတာင္ဘက္တစ္ ေလ်ာက္ေလာင္ကၽြမ္းျပီး ခ်ီကာဂိုျမစ္ကို ျဖတ္ကူးျပီး ခ်ီတာဂိုျမိိဳ႕ေတာ္အလယ္ေခါင္အထိ ဆက္လက္ေလာင္ကၽြမ္းခဲ့တဲ့အျပင္ ခ်ီတာဂိုျမစ္ကမ္းတစ္ေလ်ွာက္မွာရွိတဲ့ ျမိဳ႕ေတာ္ရဲ့ ေျမာက္ဘက္ပိုင္းတစ္ခုလံုးကို ကူးစက္ေလာင္ကၽြမ္းခဲ့တာပဲျဖစ္ပါတယ္။

အေမရိကန္သမိုင္းမွာ လူအေသအေပ်ာက္အလြန္မ်ားျပားတဲ့အျပင္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုး ဆိုးဆိုးရြားရြား ျဖစ္ခဲ့ရတဲ့ ခ်ီတာဂိုမီးေလာင္မႈျဖစ္စဥ္ကာလအတြင္းက ခ်ီတာဂိုျမိဳ႔အတြင္း မွာသစ္သားနဲ႔တည္ေဆာက္ထားတဲ့ အေဆာက္အအံု၊လူသြားလမ္း၊ တံတားမ်ားစြာရွိေန ခဲ့တာျဖစ္ပါတယ္။ မီးစတင္ေလာင္ကၽြမ္းတဲ့ေနရာကေတာ့ ျမိဳ႕ေတာ္အေနာက္ေတာင္ပိုင္ းက အမွတ္(၁၃၇) DeKovenလမ္းမေနထိုင္တဲ့ Patrick O’ Leary နဲ႔ သူရဲ့ဇနီး Catherine တို႔ပိုင္ဆိုင္တဲ့ စပါးက်ီကေနည(၉)နာရီအခ်ိန္မွာ စတင္ ေလာင္ကၽြမ္းခဲ့တာျဖစ္ပါတယ္။

အိမ္နီးခ်င္းေတြအဆိုအရေတာ့ လက္ဆြဲမွန္အိမ္တစ္လံုးကို တိုက္မိရာမွဒီမီးဟာစတင္ခဲ့ တာျဖစ္ေၾကာင္းနဲ႔ Patrick O’ Leary မိသားစုကဝိုင္းဝန္းျငိမ္းသက္ခဲ့ေပမဲ့ ေအာင္ျမင္မႈ မရွိခဲ့တာျဖစ္တယ္လို႔ဆိုပါတယ္။ မီးေလာင္မႈျပီးစီးတဲ့ေနာက္ Patrick O’ Leary နဲ႔ သူရဲ့ဇနီး Catherineတို႔ရဲ့ ထြက္ဆိုခ်က္ေတြမွာေတာ့ ခ်ီတာဂိုမီးစတင္ေလာင္ကၽြမ္းခဲ့တာ ဟာသူတို႔ေၾကာင့္ဆိုတဲ့ စြပ္စြဲခ်က္ကုိျငင္းဆန္ထားျပီး ျပသာနာစတင္ျဖစ္ပြားတဲ့ မီးအိမ္ကို တိုက္ခ်တဲ့သူဟာ သူမတို႔မိသားစုဝင္ေတြမဟုတ္ေၾကာင္းျငင္းဆိုထားပါတယ္။ ဒါေၾကာင့္ ခ်ီတာဂိုမီးစတင္ေလာင္ကၽြမ္းေစခဲ့တဲ့ တရားခံဟာ ယေန႔တိုင္ေဖာ္ထုတ္နိုင္ ျခင္းေတာ့မရွိေသးပါဘူး။

အခ်ိဳ႕ကလည္း ဒါဟာရိႈမီးျဖစ္ေၾကာင္းနဲ႔ အခင္းျဖစ္စဥ္ဟာ ညအခ်ိန္ျဖစ္တာကို အေကာင္းဆံုးအသံုးခ်ခဲ့တာ ျဖစ္ေၾကာင္းဆိုၾကပါတယ္။ အခင္းျဖစ္ စဥ္ကရာသီ ဥတုဟာပူျပင္းေျခာက္ေသြ႔တဲ့အျပင္ ေလျပင္းေတြတိုတ္ခတ္မႈေၾကာင့္ ခ်ီတာဂိုျမိဳ႕အေနာက္ေတာင္ပိုင္းကေနစတင္ခဲ့တဲ့ မီးဟာ ျမိဳ႕ရဲ့အေရွပိုင္းနဲ႔ ေျမာက္ပိုင္း ဆီကို လ်ွင္ျမန္စြာကူးစက္ေလာင္ကၽြမ္းခဲ့ပါတယ္။

ခ်ီတာဂိုမီးေလာင္ကၽြမ္းတဲ့ အရွိန္ဟာ အလြန္ျမန္ဆန္ျပီး တစ္နာရီကို (၁၆၀)ကီလိုမီတာအထိ ရွိခဲ့ပါတယ္။ ယင္းအခ်ိန္က ခ်ီတာဂိုမီးသတ္အဖြဲ႕မွာ မီးသတ္အဖြဲ႔ဝင္(၁၈၅)ဦးအပါအဝင္ ျမင္းေကာင္ေရ (၁၇) ေကာင္အားရွိတဲ့ ေရစုပ္စက္ေတြကိုပိုင္ဆိုင္ပါတယ္။ ဒါေၾကာင့္ မီးစတင္ေလာင္ကၽြမ္း စဥ္ကအေနအထားကို မီးသတ္အဖြဲ႕က တည္တည္ျငိမ္ျငိမ္ထိန္းခ်ဳပ္နိုင္မွာ ျဖစ္ေပမဲ့ ယင္းအခ်ိန္က မီးကင္းတာဝန္က်တဲ့ မီးသတ္ရဲေဘာ္ Matthias Schaffer ရဲ့မီးေလာင္တဲ့ ေနရာကို မွားယြင္းစြာသတင္းေပးခဲ့မႈေၾကာင့္ တကယ္ေလာင္ကၽြမ္းတဲ့ ေနရာကိုေရာက္ခ်ိန္မွာေတာ့ျပင္းထန္တဲ့ မီးအားကို ထိန္းခ်ဳပ္ျခင္းငွာ မစြမ္းသာေတာ့ ပါဘူး။

ဒါအျပင္ ဒီျပင္းထန္တဲ့မီးအရွိန္ဟာ ေနာက္ပိုင္းေလဆင္နွာေမာင္းသ႑န္ျဖစ္သြားခဲ့ျပီး ၾကီးမား တဲ့အပူခ်ိန္ေၾကာင့္ မီးလမ္းေၾကာင္းတစ္ေလ်ွာက္မွာ ရွိခဲ့တဲ့ ကမ္းေျခကသဲေတြဟာ ဖန္သားေတြအျဖစ္ေတာင္ အသြင္ေျပာင္းသြားခဲ့ရပါတယ္။

ဒါအျပင္မီးေလာင္ေပါက္ကြဲမႈ ေတြေၾကာင့္မ်ားစြာေသာ ကားေတြ၊ အိမ္ေဆာက္ပစၥည္းမ်ားစြာဟာ ေကာင္းကင္ယံမွာ လႊင့္ပ်ံျပီး အနီးဝန္းက်င္ကလူေတြေပၚကို အရွိန္ျပင္းစြာ က်ေရာက္တာေၾကာင့္ ေသဆံုးမႈမ်ားစြာလည္း ျဖစ္ခဲ့ပါတယ္။ ခ်ီတာဂိုမီးေလာင္ကၽြမ္းရာလမ္းေၾကာင္းဟာ (၄) မိုင္ေလာက္ရွည္လ်ားျပီး အက်ယ္ကေတာ့(၁)မိုင္ေလာက္ရွိပါတယ္။ လူေနအိမ္အပါ အဝင္ အေဆာက္အအံု(၁၇၀၀၀)ေက်ာ္ဟာ မီးေၾကာင့္ လံုးဝသံုးမရေအာင္ ပ်က္စီး သြားခဲ့ရပါတယ္။

ခ်ီတာဂိုမီးေလာင္ကၽြမ္းမႈျဖစ္စဥ္ ျပီးတဲ့ေနာက္မွာလည္း အျခားေသာ ဥပေဒမဲ့လုပ္ရပ္မ်ားစြာ ျဖစ္ေပၚလာခဲ့ပါတယ္။ အထူးသျဖင့္ ခိုးဆိုးလုယက္မႈေတြ၊ ဓါးျပမႈ ေတြေပၚေပါက္လာခဲ့တာေၾကာင့္ အေမရိကန္အစိုးရက ယင္းေဒသကို စစ္အုပ္ခ်ဳပ္ေရး ေၾကျငာျပီး အုပ္ခ်ဳပ္ခဲ့ရတဲ့ အထိကိုျဖစ္ခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စု ေျချမန္တပ္မ မ်ားစြာကို ေစလႊတ္ျပီး ခ်ီတာဂိုေဒသ ေအးခ်မ္းသာယာေရးနဲ႔ တရားဥပေဒစိုးမိုးေရး ကိစၥရပ္ေတြကို အလ်ွင္အျမန္အေကာင္အထည္ေဖာ္ခဲ့ရတာကို လည္းေတြ႔ရပါတယ္။ ဒါအျပင္ယင္းေဒသရဲ့ သယ္ယူပို႔ေဆာင္ေရးနဲ႔ကုန္သြယ္ေရး အဓိကအေဆာက္အအံုေတြအားလံုးမီးေဘးဒဏ္သင့္ခဲ့ရတဲ့အတြက္ ဗဟိုအစိုးရကိုယ္ တိုင္တည္ေဆာက္ေရး မဟာဗ်ဴဟာအသစ္ေတြခ်မွတ္ျပီး အေကာင္အထည္ေဖာ္ခဲ့ ရပါတယ္။

ထူးျခားခ်က္ကေတာ့ခ်ီတာဂိုျမိဳ႕ေတာ္ကိုျပန္လည္တည္ေဆာက္ေရးျပဳလုပ္ေနတဲ့ ကာလအတြင္း မွာပဲ ျမိဳ႕ေတာ္ရဲ့ လူဦးေရနဲ႔ စီးပြားေရးလုပ္ငန္းေတြဟာ အရွိန္အဟုန္ နဲ႔ၾကီးထြားလာခဲ့တာလည္း ျဖစ္ပါတယ္။ အဂၤလန္၊ျပင္သစ္အပါအဝင္ အေမရိကန္ရဲ့ အဓိကမဟာမိတ္ေတြဟာ ခ်ီတာဂိုရဲ့အေျခခံတည္ေဆာက္ေရးလုပ္ငန္းနဲ႔ ျပန္လည္ထူ ေထာင္ေရးလုပ္ငန္းေတြမွာ အားေကာင္းေကာင္းနဲ႔ ပါဝင္ခဲ့တာကို္လည္းေတြ႔ရပါတယ္။

အေမရိကန္ျပည္ေထာင္စုရဲ့ လူဦးေရစစ္တမ္းေတြအရေတာ့ ခ်ီတာဂိုမီးေလာင္ကၽြမ္းျပီး ခိ်န္က ျမိဳ႕ေတာ္ရဲ့လူဦးေရဟာ (၃၂၄၀၀၀)ဦးသာရွိခဲ့ရာမွ ေနာင္(၅)နွစ္ၾကာတဲ့အခ်ိန္မွာ (၅၀၀၀၀၀)အထိ တစ္ဟုန္ထိုး တိုးတက္လာခဲ့ေၾကာင္းေဖာ္ျပခဲ့ပါတယ္။ ဒါအျပင္ အျခား စီးပြားေရး၊ပညာေရးဆိုင္ရာ က႑ေတြမွာလည္း တစ္ေျပးညီဆက္လက္တိုးတက္ေနဆဲ ျဖစ္ေၾကာင္းကိုလည္း ထုတ္ျပန္ခဲ့ပါတယ္။

VIDEO

သုတဇုန္

————–

အမေရိကန်ရဲ့ အဆိုးရွားဆုံး မီးလောင်မှုကြီး တစ်ခု (သို့) ချီကာဂိုမီး ၁၈၇၁ (unicode)

ကမ္ဘာအရပ်ရပ်က အလွန်ကြီးမားတဲ့မီးလောင်ကျွမ်းမှုကြီးတွေကြောင့် လူသားတွေရဲ အသက်အိုးအိမ်၊စည်းစိမ်များစွာ ပျက်စီးခဲ့ရတဲ့အကြောင်းကို သိရှိပြီးဖြစ်ပါတယ်။ သမိုင်းတလျှောက် အလွန်ဆိုးရွားတဲ့ မီးလောင်ကျွမ်းမှုတွေအနက်ထဲမှာ ယနေ့စူပါပါဝါ ဖြစ်နေတဲ့ အမေရိကန် ချီကာဂိုမြို့မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြီးလည်း တစ်ခုအပါအဝင်ပါတယ်။

Great Chicago Fire လို့ခေါ်တဲ့  (၁၈၇၁)ခုနှစ်က အမေရိကန်ပြည်ထောင်စု ချီတာဂိုနဲ့အီလီနွိုက်ပြည်နယ်မှာလောင်ကျွမ်းခဲ့တဲ့ ချီတာဂိုမီး ကြောင့် သမိုင်းတွင်လောက်အောင် ပျက်စီးမှုတွေဖြစ်ပေါ်လာခဲ့ရပါတယ်။(၁၈၇၁)ခုနှစ်၊ အောက်တိုဘာ(၈)ရက်နေ့၊ တနင်္ဂနွေနေ့ကစတင်လောင်ကျွမ်းခဲ့တဲ့ ဒီမီးလောင်မှုကြီးဟာ အောက်တိုဘာ(၁၀)ရက် ၊အဂါၤနေ့မှသာ ပြီးဆုံးခဲ့ပါတယ်။

ချီတာဂိုမီးကြောင့်လူ(၃၀၀) ကျော်လောက်သေဆုံးခဲ့ရပြီး လူပေါင်း(၁၀၀၀၀၀)လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ချီတာဂိုမြို့တော် အနောက်တောင်ဘက်မှာရှိတဲ့ လယ်သမားရပ်ကွက်တစ်ခုကနေစတင်လောင်ကျွမ်းခဲ့တဲ့ ဒီမီးကြောင့် အဆောက်အအုံပေါင်း(၁၇၅၀၀)လောက်ပျက်စီး ခဲ့ရတာအပြင် အမေရိကန်ဒေါ်လာ (၂၂၂)သန်း(ယနေ့ခေတ်နဲ့တွက်ရင် အမေရိကန် ဒေါ်လာ (၄.၅၉၃) ဘီလျံလောက်)ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

လောင်ကျွမ်းချိန်ဟာပူပြင်းခြောက်သွေ့ပြီးလေပြင်းများတိုတ်ခတ်တဲ့အချိန်ဖြစ်တာကြောင့် တာဝန်ရှိသူတွေ အနေနဲ့ အချိန်မီထိန်းချုပ်နိုင်ခဲ့ခြင်းမရှိခဲ့တာလည်း ဖြစ်ပါတယ်။ မြို့တော်အနောက်တောင်ဘက်က စတင်လောင်ကျွမ်းခဲ့တဲ့မီးဟာ တောင်ဘက်တစ် လျောက်လောင်ကျွမ်းပြီး ချီကာဂိုမြစ်ကို ဖြတ်ကူးပြီး ချီတာဂိုမြို့တော်အလယ်ခေါင်အထိ ဆက်လက်လောင်ကျွမ်းခဲ့တဲ့အပြင် ချီတာဂိုမြစ်ကမ်းတစ်လျှောက်မှာရှိတဲ့ မြို့တော်ရဲ့ မြောက်ဘက်ပိုင်းတစ်ခုလုံးကို ကူးစက်လောင်ကျွမ်းခဲ့တာပဲဖြစ်ပါတယ်။

အမေရိကန်သမိုင်းမှာ လူအသေအပျောက်အလွန်များပြားတဲ့အပြင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဆိုးဆိုးရွားရွား ဖြစ်ခဲ့ရတဲ့ ချီတာဂိုမီးလောင်မှုဖြစ်စဉ်ကာလအတွင်းက ချီတာဂိုမြို့အတွင်း မှာသစ်သားနဲ့တည်ဆောက်ထားတဲ့ အဆောက်အအုံ၊လူသွားလမ်း၊ တံတားများစွာရှိနေ ခဲ့တာဖြစ်ပါတယ်။ မီးစတင်လောင်ကျွမ်းတဲ့နေရာကတော့ မြို့တော်အနောက်တောင်ပိုင် းက အမှတ်(၁၃၇) DeKovenလမ်းမနေထိုင်တဲ့ Patrick O’ Leary နဲ့ သူရဲ့ဇနီး Catherine တို့ပိုင်ဆိုင်တဲ့ စပါးကျီကနေည(၉)နာရီအချိန်မှာ စတင် လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

အိမ်နီးချင်းတွေအဆိုအရတော့ လက်ဆွဲမှန်အိမ်တစ်လုံးကို တိုက်မိရာမှဒီမီးဟာစတင်ခဲ့ တာဖြစ်ကြောင်းနဲ့ Patrick O’ Leary မိသားစုကဝိုင်းဝန်းငြိမ်းသက်ခဲ့ပေမဲ့ အောင်မြင်မှု မရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ မီးလောင်မှုပြီးစီးတဲ့နောက် Patrick O’ Leary နဲ့ သူရဲ့ဇနီး Catherineတို့ရဲ့ ထွက်ဆိုချက်တွေမှာတော့ ချီတာဂိုမီးစတင်လောင်ကျွမ်းခဲ့တာ ဟာသူတို့ကြောင့်ဆိုတဲ့ စွပ်စွဲချက်ကိုငြင်းဆန်ထားပြီး ပြသာနာစတင်ဖြစ်ပွားတဲ့ မီးအိမ်ကို တိုက်ချတဲ့သူဟာ သူမတို့မိသားစုဝင်တွေမဟုတ်ကြောင်းငြင်းဆိုထားပါတယ်။ ဒါကြောင့် ချီတာဂိုမီးစတင်လောင်ကျွမ်းစေခဲ့တဲ့ တရားခံဟာ ယနေ့တိုင်ဖော်ထုတ်နိုင် ခြင်းတော့မရှိသေးပါဘူး။

အချို့ကလည်း ဒါဟာရှိုမီးဖြစ်ကြောင်းနဲ့ အခင်းဖြစ်စဉ်ဟာ ညအချိန်ဖြစ်တာကို အကောင်းဆုံးအသုံးချခဲ့တာ ဖြစ်ကြောင်းဆိုကြပါတယ်။ အခင်းဖြစ် စဉ်ကရာသီ ဥတုဟာပူပြင်းခြောက်သွေ့တဲ့အပြင် လေပြင်းတွေတိုတ်ခတ်မှုကြောင့် ချီတာဂိုမြို့အနောက်တောင်ပိုင်းကနေစတင်ခဲ့တဲ့ မီးဟာ မြို့ရဲ့အရှေပိုင်းနဲ့ မြောက်ပိုင်း ဆီကို လျှင်မြန်စွာကူးစက်လောင်ကျွမ်းခဲ့ပါတယ်။

ချီတာဂိုမီးလောင်ကျွမ်းတဲ့ အရှိန်ဟာ အလွန်မြန်ဆန်ပြီး တစ်နာရီကို (၁၆၀)ကီလိုမီတာအထိ ရှိခဲ့ပါတယ်။ ယင်းအချိန်က ချီတာဂိုမီးသတ်အဖွဲ့မှာ မီးသတ်အဖွဲ့ဝင်(၁၈၅)ဦးအပါအဝင် မြင်းကောင်ရေ (၁၇) ကောင်အားရှိတဲ့ ရေစုပ်စက်တွေကိုပိုင်ဆိုင်ပါတယ်။ ဒါကြောင့် မီးစတင်လောင်ကျွမ်း စဉ်ကအနေအထားကို မီးသတ်အဖွဲ့က တည်တည်ငြိမ်ငြိမ်ထိန်းချုပ်နိုင်မှာ ဖြစ်ပေမဲ့ ယင်းအချိန်က မီးကင်းတာဝန်ကျတဲ့ မီးသတ်ရဲဘော် Matthias Schaffer ရဲ့မီးလောင်တဲ့ နေရာကို မှားယွင်းစွာသတင်းပေးခဲ့မှုကြောင့် တကယ်လောင်ကျွမ်းတဲ့ နေရာကိုရောက်ချိန်မှာတော့ပြင်းထန်တဲ့ မီးအားကို ထိန်းချုပ်ခြင်းငှာ မစွမ်းသာတော့ ပါဘူး။

ဒါအပြင် ဒီပြင်းထန်တဲ့မီးအရှိန်ဟာ နောက်ပိုင်းလေဆင်နှာမောင်းသဏ္ဍန်ဖြစ်သွားခဲ့ပြီး ကြီးမား တဲ့အပူချိန်ကြောင့် မီးလမ်းကြောင်းတစ်လျှောက်မှာ ရှိခဲ့တဲ့ ကမ်းခြေကသဲတွေဟာ ဖန်သားတွေအဖြစ်တောင် အသွင်ပြောင်းသွားခဲ့ရပါတယ်။ ဒါအပြင်မီးလောင်ပေါက်ကွဲမှု တွေကြောင့်များစွာသော ကားတွေ၊အိမ်ဆောက်ပစ္စည်းများစွာဟာ ကောင်းကင်ယံမှာ လွှင့်ပျံပြီး အနီးဝန်းကျင်ကလူတွေပေါ်ကို အရှိန်ပြင်းစွာ ကျရောက်တာကြောင့် သေဆုံးမှုများစွာလည်း ဖြစ်ခဲ့ပါတယ်။ ချီတာဂိုမီးလောင်ကျွမ်းရာလမ်းကြောင်းဟာ (၄) မိုင်လောက်ရှည်လျားပြီး အကျယ်ကတော့(၁)မိုင်လောက်ရှိပါတယ်။ လူနေအိမ်အပါ အဝင် အဆောက်အအုံ(၁၇၀၀၀)ကျော်ဟာ မီးကြောင့် လုံးဝသုံးမရအောင် ပျက်စီး သွားခဲ့ရပါတယ်။

ချီတာဂိုမီးလောင်ကျွမ်းမှုဖြစ်စဉ် ပြီးတဲ့နောက်မှာလည်း အခြားသော ဥပဒေမဲ့လုပ်ရပ်များစွာ ဖြစ်ပေါ်လာခဲ့ပါတယ်။ အထူးသဖြင့် ခိုးဆိုးလုယက်မှုတွေ၊ ဓါးပြမှု တွေပေါ်ပေါက်လာခဲ့တာကြောင့် အမေရိကန်အစိုးရက ယင်းဒေသကို စစ်အုပ်ချုပ်ရေး ကြေငြာပြီး အုပ်ချုပ်ခဲ့ရတဲ့ အထိကိုဖြစ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု ခြေမြန်တပ်မဟာ များစွာကို စေလွှတ်ပြီး ချီတာဂိုဒေသ အေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေကို အလျှင်အမြန်အကောင်အထည်ဖော်ခဲ့ရတာကို လည်းတွေ့ရပါတယ်။ ဒါအပြင်ယင်းဒေသရဲ့ သယ်ယူပို့ဆောင်ရေးနဲ့ကုန်သွယ်ရေး အဓိကအဆောက်အအုံတွေအားလုံးမီးဘေးဒဏ်သင့်ခဲ့ရတဲ့အတွက် ဗဟိုအစိုးရကိုယ် တိုင်တည်ဆောက်ရေး မဟာဗျူဟာအသစ်တွေချမှတ်ပြီး အကောင်အထည်ဖော်ခဲ့ ရပါတယ်။

ထူးခြားချက်ကတော့ချီတာဂိုမြို့တော်ကိုပြန်လည်တည်ဆောက်ရေးပြုလုပ်နေတဲ့ ကာလအတွင်း မှာပဲ မြို့တော်ရဲ့ လူဦးရေနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အရှိန်အဟုန် နဲ့ကြီးထွားလာခဲ့တာလည်း ဖြစ်ပါတယ်။ အင်္ဂလန်၊ပြင်သစ်အပါအဝင် အမေရိကန်ရဲ့ အဓိကမဟာမိတ်တွေဟာ ချီတာဂိုရဲ့အခြေခံတည်ဆောက်ရေးလုပ်ငန်းနဲ့ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းတွေမှာ အားကောင်းကောင်းနဲ့ ပါဝင်ခဲ့တာက်ိုလည်းတွေ့ရပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ လူဦးရေစစ်တမ်းတွေအရတော့ ချီတာဂိုမီးလောင်ကျွမ်းပြီး ချိန်က မြို့တော်ရဲ့လူဦးရေဟာ (၃၂၄၀၀၀)ဦးသာရှိခဲ့ရာမှ နောင်(၅)နှစ်ကြာတဲ့အချိန်မှာ (၅၀၀၀၀၀)အထိ တစ်ဟုန်ထိုး တိုးတက်လာခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။ ဒါအပြင် အခြား စီးပွားရေး၊ပညာရေးဆိုင်ရာ ကဏ္ဍတွေမှာလည်း တစ်ပြေးညီဆက်လက်တိုးတက်နေဆဲ ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

သုတဇုန်

Leave a Reply