တုိက္ႀကီး ၇တုိက္ က အျမင့္ဆုံးေတာင္ ၇ ေတာင္

Posted on

အျမင့္ဆုံးေတာင္လုိ႔ ဆုိလုိက္ရင္ ကမာၻမွာဆုိ ဧ၀ရက္ ၊ ျမန္မာမွာဆုိ ခါကာဘုိရာဇီ ဆုိတာအားလုံးသိၿပီးျဖစ္မွာပါ။ ဒီတစ္ခါေတာ့ တုိက္ႀကီးအလုိက္ အျမင့္ဆုံးေတာင္ေတြရဲ႕ အေၾကာင္းကုိ ဗဟုသုတ အေနနဲ႔ ေ၀မွ်လုိက္ပါတယ္။

၁။ ဧ၀ရက္ေတာင္ ၊ နီေပါ နဲ႔ တိဘက္နယ္စပ္ ၊ အာရွတုိက္

အာရွတုိက္ရဲ႕အျမင့္ဆုံးေတာင္ ဧ၀ရက္ေတာင္ဟာ ကမာၻေပၚမွာလည္း အျမင့္ဆုံးေတာင္ ျဖစ္ပါတယ္။ နီေပါႏုိင္ငံနဲ႔ တိဘက္အစပ္မွာ ရွိတဲ့ဒီေတာင္ကို နီေပါလုိ Sagarmāthā လုိ႔ေခၚၿပီး တရုတ္ျပည္ကေတာ့ Chomolungma လုိ႔ေခၚၾကပါတယ္။ အျမင့္ေပ ၂၉၀၂၉ေပ ရွိပါတယ္။ ၁၈၅၆ ခုႏွစ္တြင္ အနားယူသြားၿပီျဖစ္သည့္အျပင္ ယင္းေတာင္ထိပ္ကိုျမင္ပင္မျမင္ဖူးခဲ့ေသာ ေ၀လလူမ်ဳိး ဆာေဗးတိုင္း တာေရး အႀကီးအကဲ George Everest ကို ဂုဏ္ျပဳ၍ ဧ၀ရတ္ေတာင္ (Everest Mt.) ဟု အမည္ေပးခဲ့ျခင္းျဖစ္ပါတယ္။

ဧ၀ရက္ေတာင္ရဲ႕ သက္တမ္းဟာ ႏွစ္ သန္းေပါင္း ၆၀ခန္႔ ရွိသြားၿပီလုိ႔ သိရပါတယ္။ ေရခဲၿပီး အလြန္ေအးတဲ့ ရာသီဥတုကို ပုိင္ဆုိင္ကာ အပူခ်ိန္ အႏုတ္ ၆၂ဒီဂရီဆဲစီးယပ္စ္ အထိ က်ဆင္းတတ္ပါတယ္။ ေလတုိက္ႏႈန္းလည္းျပင္းထန္ၿပီး တစ္ခါတရံ ၁နာရီကုိ မုိင္ ၂၀၀ ႏႈန္းတဲ့အထိ တုိက္ခတ္တတ္ပါတယ္။ ေတာင္တက္သမားေတြကေတာ့ ရာသီဥတုေကာင္းမြန္တဲ့ ေမလ မွ စတင္တက္ေရာက္တတ္ၾကပါတယ္။

၂။ Elbrus ေတာင္ ၊ ရုရွား ၊ ဥေရာပတုိက္

ဥေရာပတုိက္ရဲ႕ အျမင့္ဆုံးေတာင္ျဖစ္တဲ့ Elbrus ေတာင္ကေတာ့ ရုရွားႏုိင္ငံေတာင္ပုိင္း Caucasus ေတာင္တန္းစုထဲက ေတာင္တစ္ေတာင္ျဖစ္ပါတယ္။ ဒီေတာင္ဟာ မီးေတာင္ျဖစ္ၿပီး dormant အမ်ုိးအစားမီးေတာင္ျဖစ္ပါတယ္။ Dormant Volcanoe ဆုိတာ အရင္တခ်ိန္က ေပါက္ကြဲခဲ့ၿပီး နွစ္ေပါင္းမ်ားစြာ ေပါက္ကြဲၿခင္းမရွိေသာ္လည္း ေပါက္ကြဲနိင္ေသးသည္ဟု ယူဆသည့္မီးေတာင္မ်ဳိးကို ဆုိလုိပါတယ္။

Elbrus ေတာင္ဟာ အျမင့္ေပ ၁၈၅၁၀ ေပ ရွိၿပီး ဒီေတာင္မွာ မီးေတာင္ေပါက္၀ ႏွစ္ခု ရွိပါတယ္။ ဒီမီးေတာင္ ေနာက္ဆုံးေပါက္ကြဲခဲ့တဲ့ အခ်ိန္က ေအဒီ ၁ရာစု မွာျဖစ္ၿပီး အဲဒီေနာက္ပိုင္းေတာ့ တစ္ခါမွ ေပါက္ကြဲျခင္း မရွိခဲ့ပါဘူး။ ဒီေတာင္ရဲ႕ခန္႔မွန္းသက္တမ္းကေတာ့ ႏွစ္ေပါင္း ၂.၅သန္း ျဖစ္ပါတယ္။ အက်ယ္အ၀န္းအားျဖင့္ ၅၃စတုရန္းမုိင္ က်ယ္၀န္းတဲ့ Elbrus ေတာင္ေဒသမွာ ေရခဲျမစ္ေပါင္း ၂၂ စင္းလည္း ရွိေနပါေသးတယ္။

၃။ ကလီမန္ဂ်ာရုိေတာင္ Mount Kilimanjaro ၊ တန္ဇန္းနီးယား ၊ အာဖရိကတုိက္

အာဖရိကအေရွ႕ပုိင္း တန္ဇန္းနီးယားႏုိင္ငံမွာ တည္ရွိတဲ့ ေတာင္ျဖစ္ပါတယ္။ အာဖရိကရဲ႕အျမင့္ဆုံးေတာင္ျဖစ္ၿပီး ပင္လယ္ေရမ်က္နွာျပင္အထက္ ေပ ၁၉၃၄၁ေပ ျမင့္ပါတယ္။ ဒီေတာင္ရဲ႕အမည္နဲ႔ ပတ္သတ္လုိ႔ အဓိပၸါယ္အမ်ဳိးမ်ဳိးဖြင့္ဆုိၾကေပမယ့္ အမ်ားစုကေတာ့ ႀကီးက်ယ္ခမ္းနားတဲ့ေတာင္ the Mountain (Kilima) of Greatness (Njaro) လုိ႔ ဆုိၾကပါတယ္။

ဒီေတာင္မွာ “Kibo”, “Mawenzi” နဲ႔ “Shira ဆုိတဲ့ မီးေတာင္၀ သုံးခု ရွိေနပါတယ္။ ျမင့္ေပမယ့္ ေျပတာေၾကာင့္ သာမန္လူေတြေတာင္ တက္ေရာက္ႏုိင္တဲ့ ေတာင္ျဖစ္ပါတယ္။ ႏွစ္စဥ္ႏွစ္တုိင္းမွာ လူေပါင္း ၃ေသာင္းခန္႔ တက္ေရာက္ေလ့ရွိတဲ့ ေတာင္ျဖစ္ပါတယ္။ ဒီေတာင္ေပၚကုိ ပထမဆုံးအေနနဲ႔ ၁၈၈၉ခုႏွစ္မွာ ဂ်ာမန္ဘူမိပညာရွင္ Hans Meyer နဲ႔ ၾသစႀတီးယားေတာင္တက္သမား Ludwig Purtscheller တုိ႔က တက္ေရာက္ခဲ့ၾကပါတယ္။

၄။ အာဂြန္ကာကြာေတာင္ ၊ Aconcagua ၊ အာဂ်င္တီးနား ၊ ေတာင္အေမရိကတုိက္

ေတာင္အေမရိကရဲ႕ အျမင့္ဆုံးေတာင္ကေတာ့ အာဂ်င္တီးနားႏုိင္ငံမွာရွိတဲ့ Aconcagua ေတာင္ပဲျဖစ္ပါတယ္။ အင္ဒီးေတာင္တန္းစုထဲက ေတာင္တစ္ေတာင္ျဖစ္ၿပီး အာဂ်င္တီးနားႏုိင္ငံ အေနာက္အလယ္ပုိင္း မန္ဒုိဆာျပည္နယ္ထဲမွာ ရွိပါတယ္။ ဒီေတာင္ရဲ႕ အျမင့္ကေတာ့ ၂၂၈၃၇ေပ ျဖစ္ပါတယ္။

ဒီေတာင္ေပၚမွာလည္း ေရခဲျမစ္ေတြအမ်ားႀကီးရွိေနၿပီး လူသိမ်ားတဲ့ေရခဲျမစ္ကေတာ့ ၆.၂မုိင္ ရွည္လ်ားတဲ့ Ventisquero Horcones Inferior ျဖစ္ပါတယ္။ အာရွတုိက္ကေတာင္ေတြၿပီးရင္ အျမင့္ဆုံးေတာင္ျဖစ္တဲ့ အာဂြန္ကာကြာေတာင္ဟာ မီးၿငိမ္းေတာင္တစ္ေတာင္လည္း ျဖစ္ပါတယ္။ ေတာင္တက္သမားေတြကေတာ့ ႏုိ၀င္ဘာလ ကေန မတ္လအထိ အခ်ိန္တြင္းမွာ တက္ေရာက္ေလ့ရွိၾကပါတယ္။ ဒီေတာင္ထိကုိ ပထမဆုံး တက္ႏုိင္ခဲ့သူကေတာ့ ဆြစ္ဇာလန္လူမ်ဳိး Matthias Zurbriggen ပဲ ျဖစ္ပါတယ္။

၅။ ဒန္နာလီေတာင္ ၊ Denali ၊ အေမရိကန္ ၊ ေျမာက္အေမရိကတုိက္

တခ်ိန္က McKinley လုိ႔ေခၚခဲ့တဲ့ Denali ေတာင္ဟာ ေျမာက္အေမရိကတုိက္ရဲ႕ အျမင့္ဆုံးေတာင္ျဖစ္ပါတယ္။ အေမရိကန္ အလက္စကားျပည္နယ္ထဲက အလက္စကားေတာင္တန္းစုမွာ ပါ၀င္တဲ့ေတာင္တစ္ေတာင္ျဖစ္ပါတယ္။ ဒီေတာင္ရဲ႕ အျမင့္ကေတာ့ ၂၀၃၁၀ ေပ ျဖစ္ပါတယ္။

Denali ဆုိတဲ့အမည္ကုိေတာ့ ေဒသခံ Koyukon လူမ်ဳိးေတြကေပးထားတာျဖစ္ၿပီး ႀကီးက်ယ္တဲ့အရာ The Great One လုိ႔ အဓိပၸါယ္ရပါတယ္။ ဒီေတာင္ရဲ႕ေနရာအႏွံ႔ဟာ အၿမဲလုိလုိႏွင္းေတြနဲ႔ ဖုံးေနေလ့ရွိၿပီး အရွည္မုိင္ ၃၀ အထက္ ေရခဲျမစ္ေပါင္းမ်ားစြာဟာလည္း ဒီေတာင္ေပၚမွာ ရွိေနပါတယ္။ အပူခ်ိန္ကလည္း အႏုတ္ ၆၀ ကေန ၈၀ ဒီဂရီဆဲစီးယပ္စ္ ၀န္းက်င္အထိရွိၿပီး ဒီအေျခအေနမွာ လူတစ္ေယာက္ကုိ ခ်က္ခ်င္းေရခဲသြားေစႏုိင္ပါတယ္။

၆။ Kosciuszko ေတာင္ ၊ ၾသစေၾတးလ်တုိက္

ၾသစေၾတးလ်ရဲ႕ အျမင့္ဆုံးေတာင္ကေတာ့ Kosciuszko ေတာင္ျဖစ္ၿပီး ၾသစေၾတးလ်ႏုိင္ငံ နယူးေဆာက္ေ၀းျပည္နယ္ထဲမွာရွိတဲ့ ေတာင္တစ္ေတာင္ျဖစ္ပါတယ္။ Snowy ေတာင္တန္းစုထဲမွာ ပါ၀င္တဲ့ ဒီေတာင္ရဲ႕အျမင့္ေပဟာ ၇၃၁၀ ေပ ပဲ ရွိပါတယ္။

ဒီေတာင္ရဲ႕အမည္ကုိေတာ့ ၁၈၄၀ မွာ ပုိလန္စူးစမ္းရွာေဖြေရးသမားတစ္ေယာက္ျဖစ္တဲ့ Paweł Edmund Strzelecki က ပုိလန္စစ္ဗုိလ္ခ်ဳပ္ Tadeusz Kościuszko ကို ဂုဏ္ျပုတဲ့အေနနဲ႔ ေပးထားခဲ့ျခင္းျဖစ္ပါတယ္။ ေဒသခံေတြကေတာ့ Kozzy လုိ႔ပဲေခၚေလ့ရွိၾကပါတယ္။ ကမာၻေပၚက ရွားပါးတဲ့ အပင္ နဲ႔ တိရစာၦန္မ်ဳိးစိတ္ေပါင္းမ်ားစြာဟာ ဒီေတာင္၀န္းက်င္တ၀ိုက္မွာ ရွိေနပါတယ္။

၇။ Vinson Massif ေတာင္ ၊ အႏာၱတိကတုိက္

အျခားတုိက္ႀကီးေတြမွာ ေတာင္ေတြရွိသလုိ အႏာၱတိကတုိက္မွာလည္း ေတာင္ေတြရွိပါတယ္။ အႏာၱတိက တုိက္ရဲ႕ အျမင့္ဆုံးေတာင္ကေတာ့ အျမင့္ေပ ၁၆၀၅၀ေပ ရွိတဲ့  Vinson Massif ေတာင္ပဲ ျဖစ္ပါတယ္။ ဒီေတာင္ဟာ ေတာင္၀န္ရုိးစြန္းကေန မုိင္ေပါင္း ၇၅၀ အကြာ ၊ အႏာၱတိကတုိက္ ေျမာက္ဘက္အက်ဆုံးအပိုင္းမွာ တည္ရွိေနပါတယ္။

Vinson Massif ေတာင္ကို ၁၉၅၈ခုႏွစ္မွာ အေမရိကန္ေရတပ္ကေန ပထမဆုံးေတြ႔ရွိခဲ့တာျဖစ္ပါတယ္။ ေတာင္ရဲ႕အမည္ကိုေတာ့ အႏာၱတိကရွာေဖြေရးကုိ ပံ့ပုိးေထာက္ခံေပးခဲ့တဲ့ အေမရိကန္ ေဂ်ာ္ဂ်ီယာျပည္နယ္က လႊတ္ေတာ္အမတ္တစ္ေယာက္ျဖစ္တဲ့ Carl Vinson ကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ ေပးထားျခင္းျဖစ္ပါတယ္။ ဒီေတာင္ထိပ္ကိုေတာ့ ၁၉၆၆ခုႏွစ္မွာ ေတာင္တက္သမား Nicholas Clinch ဦးေဆာင္တဲ့ အေမရိကန္အဖြဲ႔တစ္ဖြဲ႔က ပထမဆုံးတက္ေရာက္ႏုိင္ခဲ့ပါတယ္။

သုတဇုန္

—————-

တိုက်ကြီး ၇တိုက် က အမြင့်ဆုံးတောင် ၇ လုံး (unicode)

အမြင့်ဆုံးတောင်လို့ ဆိုလိုက်ရင် ကမ္ဘာမှာဆို ဧဝရက် ၊ မြန်မာမှာဆို ခါကာဘိုရာဇီ ဆိုတာအားလုံးသိပြီးဖြစ်မှာပါ။ ဒီတစ်ခါတော့ တိုက်ကြီးအလိုက် အမြင့်ဆုံးတောင်တွေရဲ့ အကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။

၁။ ဧဝရက်တောင် ၊ နီပေါ နဲ့ တိဘက်နယ်စပ် ၊ အာရှတိုက်

အာရှတိုက်ရဲ့အမြင့်ဆုံးတောင် ဧဝရက်တောင်ဟာ ကမ္ဘာပေါ်မှာလည်း အမြင့်ဆုံးတောင် ဖြစ်ပါတယ်။ နီပေါနိုင်ငံနဲ့ တိဘက်အစပ်မှာ ရှိတဲ့ဒီတောင်ကို နီပေါလို Sagarmāthā လို့ခေါ်ပြီး တရုတ်ပြည်ကတော့ Chomolungma လို့ခေါ်ကြပါတယ်။ အမြင့်ပေ ၂၉၀၂၉ပေ ရှိပါတယ်။ ၁၈၅၆ ခုနှစ်တွင် အနားယူသွားပြီဖြစ်သည့်အပြင် ယင်းတောင်ထိပ်ကိုမြင်ပင်မမြင်ဖူးခဲ့သော ဝေလလူမျိုး ဆာဗေးတိုင်း တာရေး အကြီးအကဲ George Everest ကို ဂုဏ်ပြု၍ ဧဝရတ်တောင် (Everest Mt.) ဟု အမည်ပေးခဲ့ခြင်းဖြစ်ပါတယ်။

ဧဝရက်တောင်ရဲ့ သက်တမ်းဟာ နှစ် သန်းပေါင်း ၆ဝခန့် ရှိသွားပြီလို့ သိရပါတယ်။ ရေခဲပြီး အလွန်အေးတဲ့ ရာသီဥတုကို ပိုင်ဆိုင်ကာ အပူချိန် အနုတ် ၆၂ဒီဂရီဆဲစီးယပ်စ် အထိ ကျဆင်းတတ်ပါတယ်။ လေတိုက်နှုန်းလည်းပြင်းထန်ပြီး တစ်ခါတရံ ၁နာရီကို မိုင် ၂၀၀ နှုန်းတဲ့အထိ တိုက်ခတ်တတ်ပါတယ်။ တောင်တက်သမားတွေကတော့ ရာသီဥတုကောင်းမွန်တဲ့ မေလ မှ စတင်တက်ရောက်တတ်ကြပါတယ်။

၂။ Elbrus တောင် ၊ ရုရှား ၊ ဥရောပတိုက်

ဥရောပတိုက်ရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ Elbrus တောင်ကတော့ ရုရှားနိုင်ငံတောင်ပိုင်း Caucasus တောင်တန်းစုထဲက တောင်တစ်တောင်ဖြစ်ပါတယ်။ ဒီတောင်ဟာ မီးတောင်ဖြစ်ပြီး dormant အမျိုးအစားမီးတောင်ဖြစ်ပါတယ်။ Dormant Volcanoe ဆိုတာ အရင်တချိန်က ပေါက်ကွဲခဲ့ပြီး နှစ်ပေါင်းများစွာ ပေါက်ကွဲခြင်းမရှိသော်လည်း ပေါက်ကွဲနိင်သေးသည်ဟု ယူဆသည့်မီးတောင်မျိုးကို ဆိုလိုပါတယ်။

Elbrus တောင်ဟာ အမြင့်ပေ ၁၈၅၁၀ ပေ ရှိပြီး ဒီတောင်မှာ မီးတောင်ပေါက်၀ နှစ်ခု ရှိပါတယ်။ ဒီမီးတောင် နောက်ဆုံးပေါက်ကွဲခဲ့တဲ့ အချိန်က အေဒီ ၁ရာစု မှာဖြစ်ပြီး အဲဒီနောက်ပိုင်းတော့ တစ်ခါမှ ပေါက်ကွဲခြင်း မရှိခဲ့ပါဘူး။ ဒီတောင်ရဲ့ခန့်မှန်းသက်တမ်းကတော့ နှစ်ပေါင်း ၂.၅သန်း ဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် ၅၃စတုရန်းမိုင် ကျယ်ဝန်းတဲ့ Elbrus တောင်ဒေသမှာ ရေခဲမြစ်ပေါင်း ၂၂ စင်းလည်း ရှိနေပါသေးတယ်။

၃။ ကလီမန်ဂျာရိုတောင် Mount Kilimanjaro ၊ တန်ဇန်းနီးယား ၊ အာဖရိကတိုက်

အာဖရိကအရှေ့ပိုင်း တန်ဇန်းနီးယားနိုင်ငံမှာ တည်ရှိတဲ့ တောင်ဖြစ်ပါတယ်။ အာဖရိကရဲ့အမြင့်ဆုံးတောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၉၃၄၁ပေ မြင့်ပါတယ်။ ဒီတောင်ရဲ့အမည်နဲ့ ပတ်သတ်လို့ အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြပေမယ့် အများစုကတော့ ကြီးကျယ်ခမ်းနားတဲ့တောင် the Mountain (Kilima) of Greatness (Njaro) လို့ ဆိုကြပါတယ်။

ဒီတောင်မှာ “Kibo”, “Mawenzi” နဲ့ “Shira ဆိုတဲ့ မီးတောင်၀ သုံးခု ရှိနေပါတယ်။ မြင့်ပေမယ့် ပြေတာကြောင့် သာမန်လူတွေတောင် တက်ရောက်နိုင်တဲ့ တောင်ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းမှာ လူပေါင်း ၃သောင်းခန့် တက်ရောက်လေ့ရှိတဲ့ တောင်ဖြစ်ပါတယ်။ ဒီတောင်ပေါ်ကို ပထမဆုံးအနေနဲ့ ၁၈၈၉ခုနှစ်မှာ ဂျာမန်ဘူမိပညာရှင် Hans Meyer နဲ့ ဩစတြီးယားတောင်တက်သမား Ludwig Purtscheller တို့က တက်ရောက်ခဲ့ကြပါတယ်။

၄။ အာဂွန်ကာကွာတောင် ၊ Aconcagua ၊ အာဂျင်တီးနား ၊ တောင်အမေရိကတိုက်

တောင်အမေရိကရဲ့ အမြင့်ဆုံးတောင်ကတော့ အာဂျင်တီးနားနိုင်ငံမှာရှိတဲ့ Aconcagua တောင်ပဲဖြစ်ပါတယ်။ အင်ဒီးတောင်တန်းစုထဲက တောင်တစ်တောင်ဖြစ်ပြီး အာဂျင်တီးနားနိုင်ငံ အနောက်အလယ်ပိုင်း မန်ဒိုဆာပြည်နယ်ထဲမှာ ရှိပါတယ်။ ဒီတောင်ရဲ့ အမြင့်ကတော့ ၂၂၈၃၇ပေ ဖြစ်ပါတယ်။

ဒီတောင်ပေါ်မှာလည်း ရေခဲမြစ်တွေအများကြီးရှိနေပြီး လူသိများတဲ့ရေခဲမြစ်ကတော့ ၆.၂မိုင် ရှည်လျားတဲ့ Ventisquero Horcones Inferior ဖြစ်ပါတယ်။ အာရှတိုက်ကတောင်တွေပြီးရင် အမြင့်ဆုံးတောင်ဖြစ်တဲ့ အာဂွန်ကာကွာတောင်ဟာ မီးငြိမ်းတောင်တစ်တောင်လည်း ဖြစ်ပါတယ်။ တောင်တက်သမားတွေကတော့ နိုဝင်ဘာလ ကနေ မတ်လအထိ အချိန်တွင်းမှာ တက်ရောက်လေ့ရှိကြပါတယ်။ ဒီတောင်ထိကို ပထမဆုံး တက်နိုင်ခဲ့သူကတော့ ဆွစ်ဇာလန်လူမျိုး Matthias Zurbriggen ပဲ ဖြစ်ပါတယ်။

၅။ ဒန်နာလီတောင် ၊ Denali ၊ အမေရိကန် ၊ မြောက်အမေရိကတိုက်

တချိန်က McKinley လို့ခေါ်ခဲ့တဲ့ Denali တောင်ဟာ မြောက်အမေရိကတိုက်ရဲ့ အမြင့်ဆုံးတောင်ဖြစ်ပါတယ်။ အမေရိကန် အလက်စကားပြည်နယ်ထဲက အလက်စကားတောင်တန်းစုမှာ ပါဝင်တဲ့တောင်တစ်တောင်ဖြစ်ပါတယ်။ ဒီတောင်ရဲ့ အမြင့်ကတော့ ၂၀၃၁၀ ပေ ဖြစ်ပါတယ်။

Denali ဆိုတဲ့အမည်ကိုတော့ ဒေသခံ Koyukon လူမျိုးတွေကပေးထားတာဖြစ်ပြီး ကြီးကျယ်တဲ့အရာ The Great One လို့ အဓိပ္ပါယ်ရပါတယ်။ ဒီတောင်ရဲ့နေရာအနှံ့ဟာ အမြဲလိုလိုနှင်းတွေနဲ့ ဖုံးနေလေ့ရှိပြီး အရှည်မိုင် ၃၀ အထက် ရေခဲမြစ်ပေါင်းများစွာဟာလည်း ဒီတောင်ပေါ်မှာ ရှိနေပါတယ်။ အပူချိန်ကလည်း အနုတ် ၆၀ ကနေ ၈၀ ဒီဂရီဆဲစီးယပ်စ် ဝန်းကျင်အထိရှိပြီး ဒီအခြေအနေမှာ လူတစ်ယောက်ကို ချက်ချင်းရေခဲသွားစေနိုင်ပါတယ်။

၆။ Kosciuszko တောင် ၊ ဩစတြေးလျတိုက်

ဩစတြေးလျရဲ့ အမြင့်ဆုံးတောင်ကတော့ Kosciuszko တောင်ဖြစ်ပြီး ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်ထဲမှာရှိတဲ့ တောင်တစ်တောင်ဖြစ်ပါတယ်။ Snowy တောင်တန်းစုထဲမှာ ပါဝင်တဲ့ ဒီတောင်ရဲ့အမြင့်ပေဟာ ၇၃၁၀ ပေ ပဲ ရှိပါတယ်။

ဒီတောင်ရဲ့အမည်ကိုတော့ ၁၈၄၀ မှာ ပိုလန်စူးစမ်းရှာဖွေရေးသမားတစ်ယောက်ဖြစ်တဲ့ Paweł Edmund Strzelecki က ပိုလန်စစ်ဗိုလ်ချုပ် Tadeusz Kościuszko ကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးထားခဲ့ခြင်းဖြစ်ပါတယ်။ ဒေသခံတွေကတော့ Kozzy လို့ပဲခေါ်လေ့ရှိကြပါတယ်။ ကမ္ဘာပေါ်က ရှားပါးတဲ့ အပင် နဲ့ တိရစ္ဆာန်မျိုးစိတ်ပေါင်းများစွာဟာ ဒီတောင်ဝန်းကျင်တဝိုက်မှာ ရှိနေပါတယ်။

၇။ Vinson Massif တောင် ၊ အန္တာတိကတိုက်

အခြားတိုက်ကြီးတွေမှာ တောင်တွေရှိသလို အန္တာတိကတိုက်မှာလည်း တောင်တွေရှိပါတယ်။ အန္တာတိက တိုက်ရဲ့ အမြင့်ဆုံးတောင်ကတော့ အမြင့်ပေ ၁၆၀၅၀ပေ ရှိတဲ့  Vinson Massif တောင်ပဲ ဖြစ်ပါတယ်။ ဒီတောင်ဟာ တောင်ဝန်ရိုးစွန်းကနေ မိုင်ပေါင်း ၇၅၀ အကွာ ၊ အန္တာတိကတိုက် မြောက်ဘက်အကျဆုံးအပိုင်းမှာ တည်ရှိနေပါတယ်။

Vinson Massif တောင်ကို ၁၉၅၈ခုနှစ်မှာ အမေရိကန်ရေတပ်ကနေ ပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ တောင်ရဲ့အမည်ကိုတော့ အန္တာတိကရှာဖွေရေးကို ပံ့ပိုးထောက်ခံပေးခဲ့တဲ့ အမေရိကန် ဂျော်ဂျီယာပြည်နယ်က လွှတ်တော်အမတ်တစ်ယောက်ဖြစ်တဲ့ Carl Vinson ကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးထားခြင်းဖြစ်ပါတယ်။ ဒီတောင်ထိပ်ကိုတော့ ၁၉၆၆ခုနှစ်မှာ တောင်တက်သမား Nicholas Clinch ဦးဆောင်တဲ့ အမေရိကန်အဖွဲ့တစ်ဖွဲ့က ပထမဆုံးတက်ရောက်နိုင်ခဲ့ပါတယ်။

သုတဇုန်

Leave a Reply