ေၾကာင္စက္ခုန္ (ေခၚ) လင့္ေၾကာင္မီးတုိေတြအေၾကာင္း သိေကာင္းစရာ

Posted on

ဒီေၾကာင္မ်ဳိးႏြယ္ကိုေတာ့ ျမင္ဖူးတဲ့သူ ျမင္ဖူးမွာ ျဖစ္ေပမယ့္ မသိေသးတဲ့ မိတ္ေဆြမ်ားအတြက္ ဗဟုသုတ အျဖစ္ေ၀မွ်လုိက္ပါတယ္။

ေၾကာင္စက္ခုန္ (ေခၚ) လင့္ေၾကာင့္မီးတုိ Lynx ေတြဟာ ေၾကာင္မ်ဳိးႏြယ္၀င္ေတြျဖစ္ပါတယ္။ ဒီေၾကာင္ေတြမွာပဲ အမ်ဳိးအစား ၄ မ်ဳိးထပ္ကြဲပါတယ္။ အဲဒါေတြကေတာ့ စပိန္ Lynx (Iberian lynx) ၊ ကေနဒါ Lynx ၊ အာရွ-ဥေရာပ Lynx နဲ႔ bobcat တုိ႔ ျဖစ္ပါတယ္။ သူတုိ႔ကုိ အာရွ ၊ ဥေရာပ နဲ႔ ေျမာက္အေမရိကတုိက္ေတြမွာ အမ်ားဆုံးေတြ႔ရေလ့ရွိပါတယ္။

အလြန္ေအးၿပီး အပူခ်ိန္နိမ့္လြန္းတဲ့ သစ္ေတာဧရိယာေတြမွာ က်က္စားေလ့ရွိပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ လင့္ေၾကာင္အေရအတြက္ဟာ တျဖည္းျဖည္းေလ်ာ့နည္းေနပါၿပီ။ အေၾကာင္းကေတာ့ သူတုိ႔ရဲ႕သားေမႊးဟာ ဖက္ရွင္ေစ်းကြက္မွာ အလြန္ေစ်းေကာင္းရတဲ့အတြက္ လူေတြရဲ႕ဖမ္းဆီးသတ္ျဖတ္ျခင္းကို ခံရလုိ႔ျဖစ္ပါတယ္။

လင့္ေၾကာင္ တုိ႔ရဲ႕စိတ္၀င္စားစရာ အခ်က္မ်ား

ဒီေၾကာင္မ်ဳိးႏြယ္ေတြရဲ႕ အရြယ္အစားဟာ မ်ဳိးႏြယ္ကို လုိက္ၿပီးကြဲျပားျခားနားပါတယ္။ အႀကီးဆုံးက အာရွ-ဥေရာပ လင့္ေၾကာင္ ျဖစ္ၿပီး သူ႔ေနာက္က စပိန္လင့္ေၾကာင္ ၊ Bocat နဲ႔ ကေနဒါ လင့္ေၾကာင္ တုိ႔က ႀကီးစဥ္ငယ္လုိက္ အရြယ္အစား ရွိၾကပါတယ္။ အရြယ္အစားအားျဖင့္ အလ်ား ၂၈လက္မကေန ၅၁လက္မ အထိ ၊ အျမင့္ ၂၀လက္မကေန ၂၈လက္မ အထိ နဲ႔ အေလးခ်ိန္ ၈ကီလုိဂရမ္ကေန ၃၀ကီလုိဂရမ္ အထိ ရွိတတ္ပါတယ္။

သူတုိ႔ရဲ႕ခႏၶာကုိယ္ကိုေတာ့ လွပၿပီး ထူထဲတဲ့ အေမႊးေတြနဲ႔ ဖုံးအုပ္ထားပါတယ္။ အေရာင္ကေတာ့ ရာသီအလုိက္ေျပာင္းလဲႏုိင္ပါတယ္။ ပုံမွန္အားျဖင့္ ေႏြရာသီမွာ အညဳိေဖ်ာ့ေရာင္ရွိၿပီး ေဆာင္းရာသီမွာေတာ့ မီးခုိးေရာင္ ရွိတတ္ပါတယ္။

တျခားေၾကာင္ေတြနဲ႔ မတူတာကေတာ့ တစ္ကုိယ္လုံးမွာအနက္ေရာင္ အစက္ေတြရွိတတ္ၿပီး နားရြက္ရဲ႕ထိပ္ဖ်ားမွာ အေမႊးစုေလးရွိေနပါတယ္။ အဲဒီအေမႊးစုေလးဟာ လင့္ေၾကာင္ေတြရဲ႕ အၾကားအာရုံကို ပုိမုိေကာင္းမြန္ေစၿပီး သားေကာင္ရွာေဖြတဲ့ေနရာမွာ သားေကာင္ရဲ႕တည္ေနရာကို အလြယ္တကူသိရွိႏုိင္ဖုိ႔ ကူညီေပးပါတယ္။

အၾကားအာရုံေကာင္းသလုိ ဒီလင့္ေၾကာင္ေတြရဲ႕ အျမင္အာရုံကလည္း အလြန္စူးရွပါတယ္။ အကြာအေ၀းေပ ၂၅၀ ေလာက္က ၾကြက္တစ္ေကာင္ကုိ ေကာင္းေကာင္းျမင္ႏုိင္စြမ္း ရွိပါသတဲ့။ အသားစား သတၱ၀ါေတြျဖစ္တဲ့ သူတုိ႔ရဲ႕ အဓိကသားေကာင္ေတြကေတာ့ ယုန္ငယ္ ၊ ၾကြက္ ၊ ရွဥ့္ နဲ႔ ငွက္ေတြျဖစ္ပါတယ္။ လင့္ေၾကာင္အေကာင္ႀကီးေတြကေတာ့ ဒရယ္တုိ႔လုိ သားေကာင္ေတြကိုေတာင္ ဖမ္းဆီးစားေသာက္ တတ္ပါတယ္။

လင့္ေၾကာင္ေတြဟာ ၁နာရီကို မုိင္ ၅၀ အျမန္ႏႈန္းနဲ႔ေျပးႏုိင္ပါတယ္။ ဒါေပမယ့္ ခဏသာေျပးႏုိင္တာေၾကာင့္ သားေကာင္ဖမ္းဆီးတဲ့ေနရာမွာ ၿခဳံခုိၿပီးဖမ္းျခင္း နဲ႔ မထင္မွတ္တဲ့ေနရာမွာေစာင့္ဖမ္းျခင္း စတဲ့ နည္းလမ္းေတြကို အသုံးျပဳၿပီး ဖမ္းေလ့ရွိပါတယ္။

သူတုိ႔ရဲ႕ ခြ်န္ထက္တဲ့ ေျခသည္းလက္သည္းေတြကုိ သားေကာင္ဖမ္းတဲ့ေနရာမွာသာမက သစ္ပင္တက္တဲ့အခါ နဲ႔ အျခားသတၱ၀ါႀကီးေတြရဲ႕ ရန္ျပဳတာကို ကာကြယ္တဲ့အခါမွာ အသုံးျပဳေလ့ရွိပါတယ္။ လင့္ေၾကာင္ေတြကို အမဲလုိက္ေလ့ရွိတဲ့ သားေကာင္ႀကီးေတြကေတာ့ ေတာင္က်ားသစ္ ၊ ၀ံပုေလြေတြ နဲ႔ Coyoteေတြ(၀ံပုေလြပုံစံတူေကာင္) ပဲျဖစ္ပါတယ္။

လင့္ေၾကာင္ေတြကို အျပင္မွာ တခါတရံမွပဲ ျမင္ႏုိင္မွာပါ။ ဒီေၾကာင္ေတြဟာ အမ်ားအားျဖင့္ ညဘက္မွသာ အစာရွာထြက္ေလ့ရွိၿပီး လူေတြနဲ႔ အျခားသတၱ၀ါႀကီးေတြရဲ႕ေနရာနဲ႔ ေ၀းေ၀းေနတတ္လုိ႔ ျဖစ္ပါတယ္။

သူတုိ႔ဟာ ေၾကာင္ေတြလုိပဲ  “ေညွာင္..ေညွာင္” ၊ “ခရူး..ခရူး” ၊ “ခြီး..ခြီး” စတဲ့ အသံေတြကို ျပဳလုပ္တတ္ပါတယ္။ (အသံေတြကို ဘယ္လုိေရးရမွန္း မသိလုိ႔ ေရးတတ္သလုိ ေရးလုိက္တာ ခြင့္လႊတ္ပါ 🙂 )

လင့္ေၾကာင္ေတြဟာ အမ်ားအားျဖင့္ တစ္ကုိယ္ေတာ္ေနတတ္တဲ့ ေၾကာင္ေတြျဖစ္ပါတယ္။ မိတ္လိုက္တဲ့ရာသီျဖစ္တဲ့ ေဆာင္းရာသီ နဲ႔ ေႏြဦးရာသီ ၾကားကာလမွာပဲ အျခားလင့္ေၾကာင္ေတြနဲ႔ ေရာယွက္ေနတတ္ေလ့ရွိပါတယ္။

လင့္ေၾကာင္အမ ေတြရဲ႕ ကိုယ္၀န္ေဆာင္ခ်ိန္ဟာ ၂လေက်ာ္(ရက္ေပါင္း ၇၀ခန္႔) ၾကာျမင့္တတ္ၿပီး ၁ေကာင္ကေန ၄ေကာင္ အထိ ေမြးတတ္ပါတယ္။ အေကာင္ေပါက္ကေလးေတြဟာ မိခင္ေစာင့္ေရွာက္မႈေအာက္မွာ ၂ႏွစ္ ခန္႔ အတူတူေနတတ္ေလ့ရွိပါတယ္။ ဒီအခ်ိန္အတြင္းမွာ မိခင္ လင့္ေၾကာင္မႀကီးဟာ သားသမီးေတြကို သြားနည္း ၊ လာနည္း ၊ အမဲလုိက္နည္း စတဲ့ လင့္ေၾကာင္ေတြ တတ္အပ္တဲ့ ပညာေတြကို သင္ေပးပါတယ္။

လင့္ေၾကာင္ေတြထဲမွာ Bobcat ေၾကာင္အမ်ဳိးအစားဟာ သက္တမ္းအတုိဆုံးျဖစ္ပါတယ္။ Bobcat ေတြရဲ႕သက္တမ္းဟာ ၇ႏွစ္ကေန ၁၀ႏွစ္ အထိ ပဲ ရွိပါတယ္။ အျခားလင့္ေၾကာင္ေတြရဲ႕သက္တမ္းကေတာ့ ၁၄ ႏွစ္ကေန ၂၅ႏွစ္ အထိ ရွိတတ္ပါတယ္။

ယုန္ကုိ အမဲလုိက္တဲ့ ဗီဒီယုိ

သုတဇုန္

—————–

ကြောင်စက်ခုန် (ခေါ်) လင့်ကြောင်မီးတိုတွေအကြောင်း (unicode)

ဒီကြောင်မျိုးနွယ်ကိုတော့ မြင်ဖူးတဲ့သူ မြင်ဖူးမှာ ဖြစ်ပေမယ့် မသိသေးတဲ့ မိတ်ဆွေများအတွက် ဗဟုသုတ အဖြစ်ဝေမျှလိုက်ပါတယ်။

ကြောင်စက်ခုန် (ခေါ်) လင့်ကြောင့်မီးတို Lynx တွေဟာ ကြောင်မျိုးနွယ်ဝင်တွေဖြစ်ပါတယ်။ ဒီကြောင်တွေမှာပဲ အမျိုးအစား ၄ မျိုးထပ်ကွဲပါတယ်။ အဲဒါတွေကတော့ စပိန် Lynx (Iberian lynx) ၊ ကနေဒါ Lynx ၊ အာရှ-ဥရောပ Lynx နဲ့ bobcat တို့ ဖြစ်ပါတယ်။ သူတို့ကို အာရှ ၊ ဥရောပ နဲ့ မြောက်အမေရိကတိုက်တွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။

အလွန်အေးပြီး အပူချိန်နိမ့်လွန်းတဲ့ သစ်တောဧရိယာတွေမှာ ကျက်စားလေ့ရှိပါတယ်။ လက်ရှိအချိန်မှာတော့ လင့်ကြောင်အရေအတွက်ဟာ တဖြည်းဖြည်းလျော့နည်းနေပါပြီ။ အကြောင်းကတော့ သူတို့ရဲ့သားမွှေးဟာ ဖက်ရှင်ဈေးကွက်မှာ အလွန်ဈေးကောင်းရတဲ့အတွက် လူတွေရဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံရလို့ဖြစ်ပါတယ်။

လင့်ကြောင် တို့ရဲ့စိတ်ဝင်စားစရာ အချက်များ

ဒီကြောင်မျိုးနွယ်တွေရဲ့ အရွယ်အစားဟာ မျိုးနွယ်ကို လိုက်ပြီးကွဲပြားခြားနားပါတယ်။ အကြီးဆုံးက အာရှ-ဥရောပ လင့်ကြောင် ဖြစ်ပြီး သူ့နောက်က စပိန်လင့်ကြောင် ၊ Bocat နဲ့ ကနေဒါ လင့်ကြောင် တို့က ကြီးစဉ်ငယ်လိုက် အရွယ်အစား ရှိကြပါတယ်။ အရွယ်အစားအားဖြင့် အလျား ၂၈လက်မကနေ ၅၁လက်မ အထိ ၊ အမြင့် ၂ဝလက်မကနေ ၂၈လက်မ အထိ နဲ့ အလေးချိန် ၈ကီလိုဂရမ်ကနေ ၃ဝကီလိုဂရမ် အထိ ရှိတတ်ပါတယ်။

သူတို့ရဲ့ခန္ဓာကိုယ်ကိုတော့ လှပပြီး ထူထဲတဲ့ အမွှေးတွေနဲ့ ဖုံးအုပ်ထားပါတယ်။ အရောင်ကတော့ ရာသီအလိုက်ပြောင်းလဲနိုင်ပါတယ်။ ပုံမှန်အားဖြင့် နွေရာသီမှာ အညိုဖျော့ရောင်ရှိပြီး ဆောင်းရာသီမှာတော့ မီးခိုးရောင် ရှိတတ်ပါတယ်။

တခြားကြောင်တွေနဲ့ မတူတာကတော့ တစ်ကိုယ်လုံးမှာအနက်ရောင် အစက်တွေရှိတတ်ပြီး နားရွက်ရဲ့ထိပ်ဖျားမှာ အမွှေးစုလေးရှိနေပါတယ်။ အဲဒီအမွှေးစုလေးဟာ လင့်ကြောင်တွေရဲ့ အကြားအာရုံကို ပိုမိုကောင်းမွန်စေပြီး သားကောင်ရှာဖွေတဲ့နေရာမှာ သားကောင်ရဲ့တည်နေရာကို အလွယ်တကူသိရှိနိုင်ဖို့ ကူညီပေးပါတယ်။

အကြားအာရုံကောင်းသလို ဒီလင့်ကြောင်တွေရဲ့ အမြင်အာရုံကလည်း အလွန်စူးရှပါတယ်။ အကွာအဝေးပေ ၂၅၀ လောက်က ကြွက်တစ်ကောင်ကို ကောင်းကောင်းမြင်နိုင်စွမ်း ရှိပါသတဲ့။ အသားစား သတ္တဝါတွေဖြစ်တဲ့ သူတို့ရဲ့ အဓိကသားကောင်တွေကတော့ ယုန်ငယ် ၊ ကြွက် ၊ ရှဉ့် နဲ့ ငှက်တွေဖြစ်ပါတယ်။ လင့်ကြောင်အကောင်ကြီးတွေကတော့ ဒရယ်တို့လို သားကောင်တွေကိုတောင် ဖမ်းဆီးစားသောက် တတ်ပါတယ်။

လင့်ကြောင်တွေဟာ ၁နာရီကို မိုင် ၅၀ အမြန်နှုန်းနဲ့ပြေးနိုင်ပါတယ်။ ဒါပေမယ့် ခဏသာပြေးနိုင်တာကြောင့် သားကောင်ဖမ်းဆီးတဲ့နေရာမှာ ခြုံခိုပြီးဖမ်းခြင်း နဲ့ မထင်မှတ်တဲ့နေရာမှာစောင့်ဖမ်းခြင်း စတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ဖမ်းလေ့ရှိပါတယ်။

သူတို့ရဲ့ ချွန်ထက်တဲ့ ခြေသည်းလက်သည်းတွေကို သားကောင်ဖမ်းတဲ့နေရာမှာသာမက သစ်ပင်တက်တဲ့အခါ နဲ့ အခြားသတ္တဝါကြီးတွေရဲ့ ရန်ပြုတာကို ကာကွယ်တဲ့အခါမှာ အသုံးပြုလေ့ရှိပါတယ်။ လင့်ကြောင်တွေကို အမဲလိုက်လေ့ရှိတဲ့ သားကောင်ကြီးတွေကတော့ တောင်ကျားသစ် ၊ ဝံပုလွေတွေ နဲ့ Coyoteတွေ(ဝံပုလွေပုံစံတူကောင်) ပဲဖြစ်ပါတယ်။

လင့်ကြောင်တွေကို အပြင်မှာ တခါတရံမှပဲ မြင်နိုင်မှာပါ။ ဒီကြောင်တွေဟာ အများအားဖြင့် ညဘက်မှသာ အစာရှာထွက်လေ့ရှိပြီး လူတွေနဲ့ အခြားသတ္တဝါကြီးတွေရဲ့နေရာနဲ့ ဝေးဝေးနေတတ်လို့ ဖြစ်ပါတယ်။

သူတို့ဟာ ကြောင်တွေလိုပဲ  “ညှောင်..ညှောင်” ၊ “ခရူး..ခရူး” ၊ “ခွီး..ခွီး” စတဲ့ အသံတွေကို ပြုလုပ်တတ်ပါတယ်။ (အသံတွေကို ဘယ်လိုရေးရမှန်း မသိလို့ ရေးတတ်သလို ရေးလိုက်တာ ခွင့်လွှတ်ပါ 🙂 )

လင့်ကြောင်တွေဟာ အများအားဖြင့် တစ်ကိုယ်တော်နေတတ်တဲ့ ကြောင်တွေဖြစ်ပါတယ်။ မိတ်လိုက်တဲ့ရာသီဖြစ်တဲ့ ဆောင်းရာသီ နဲ့ နွေဦးရာသီ ကြားကာလမှာပဲ အခြားလင့်ကြောင်တွေနဲ့ ရောယှက်နေတတ်လေ့ရှိပါတယ်။

လင့်ကြောင်အမ တွေရဲ့ ကိုယ်ဝန်ဆောင်ချိန်ဟာ ၂လကျော်(ရက်ပေါင်း ၇ဝခန့်) ကြာမြင့်တတ်ပြီး ၁ကောင်ကနေ ၄ကောင် အထိ မွေးတတ်ပါတယ်။ အကောင်ပေါက်ကလေးတွေဟာ မိခင်စောင့်ရှောက်မှုအောက်မှာ ၂နှစ် ခန့် အတူတူနေတတ်လေ့ရှိပါတယ်။ ဒီအချိန်အတွင်းမှာ မိခင် လင့်ကြောင်မကြီးဟာ သားသမီးတွေကို သွားနည်း ၊ လာနည်း ၊ အမဲလိုက်နည်း စတဲ့ လင့်ကြောင်တွေ တတ်အပ်တဲ့ ပညာတွေကို သင်ပေးပါတယ်။

လင့်ကြောင်တွေထဲမှာ Bobcat ကြောင်အမျိုးအစားဟာ သက်တမ်းအတိုဆုံးဖြစ်ပါတယ်။ Bobcat တွေရဲ့သက်တမ်းဟာ ၇နှစ်ကနေ ၁၀နှစ် အထိ ပဲ ရှိပါတယ်။ အခြားလင့်ကြောင်တွေရဲ့သက်တမ်းကတော့ ၁၄ နှစ်ကနေ ၂၅နှစ် အထိ ရှိတတ်ပါတယ်။

သုတဇုန်

 

 

Leave a Reply