လူပုကေလးေတြရဲ႕ရြာ

Posted on

တရုတ္နိုင္ငံအေနာက္ေျမာက္ပိုင္း Sichuan ျပည္နယ္အတြင္းမွာတည္ရွိတဲ့ Yangsi ေက်းရြာဟာလည္း အာရွရဲ့ထူးဆန္းဖြယ္ရာေတြနဲ႔ ျပည့္နွက္ေနတဲ့ ေဒသတစ္ခုျဖစ္ေန ပါတယ္။ အေၾကာင္းကေတာ့ လူပုမ်ိဳးႏြယ္စုမ်ားစြာ တည္ရွိေနတဲ့အခ်က္ေၾကာင့္ျဖစ္ပါ တယ္။ ဘာေၾကာင့္ဒီလို လူပုမ်ားစြာတစ္ေနရာတည္းမွာတည္ရွိေနတယ္ဆိုတဲ့ အခ်က္ကို မ်ိဳးရိုးဗီဇဆိုင္ရာပညာရွင္မ်ားစြာက ခုခ်ိန္ထိ တိက်တဲ့ အေျဖကိုေပးနိုင္ျခင္း မရွိေသးတာလည္း ျဖစ္ပါတယ္။

Yangsi ေက်းရြာဟာ ျမိဳ႕ျပနဲ႔အလြန္ေဝးကြာတဲ့ အရပ္မွာ တည္ရွိေနတာျဖစ္ျပီး လူေနအိမ္ေျခအလြန္နည္းပါးပါတယ္။ ဒီေက်းရြာရဲ့ ပတ္လည္မွာေတာင္တန္းေတြ၊စပါးခင္းေတြသာဝန္းရံထားျပီး ယေန႔အထိလူဦးေရ (၈၀)ေလာက္သာ အေျခခ်ေနထိုင္ပါတယ္။ လူဦးေရရဲ့ (၄၀)ရာခိုင္နႈန္းျဖစ္တဲ့ (၃၆) ေယာက္ဟာ လူပုေလးေတြျဖစ္ျပီး သူတို႔ေတြရဲ့အရွည္ဆံုးအရပ္ဟာ (၃)ေပ(၁၀) လက္မ ျဖစ္ျပီး အပုဆံုးအေနနဲ႔ (၂)ေပနဲ႔ (၁)လက္မအရြယ္အစားသာ ရွိပါတယ္။

ထူးျခားတာကေတာ့ အဲဒီ လူပုမ်ိဳးႏြယ္အားလံုးဟာ အျခားေသာတရုတ္ျပည္ေဒသအသီးသီးက ေျပာင္းေရြ႔လာတာ မ်ိဳးမဟုတ္ပဲ Yangsiေဒသမွာပဲ ဘိုးဘြားစဥ္ဆက္ေနထိုင္လာခဲ့ၾကသူေတြလည္း ျဖစ္ပါတယ္။ အမ်ားစုကေတာ့ အျခားေသာအရပ္ကို ေျပာင္းေရြအေျခခ်ေနထိုင္ျခင္း မရွိပဲ ေဒသစြဲျပင္းထန္သူေတြျဖစ္ၾကပါတယ္။

မ်ိဳးရိုးဗီဇဆိုင္ရာေလ့လာမႈတစ္ရပ္မွာေတာ့ Yangsi ေက်းရြာကလူပုမ်ိဳးႏြယ္ေတြရဲ့ ဗီဇမ်ိဳးဟာ လူေပါင္း(၂၀၀၀၀)ေလာက္မွာ(၁)ဦးျဖစ္ဖို႔ေတာင္ ရာခိုင္ႏႈန္းအလြန္နည္းပါး တယ္လို႕ဆိုပါတယ္။ ဒါေပမဲ့ ဒီေက်းရြာမွာေတာ့ ဒီလိုလူပုမ်ိဳးႏြယ္အမ်ားၾကီး ရွိေနတဲ့အခ်က္က သိပၸံပညာရွင္ေတြအတြက္ ေခါင္းရႈပ္စရာ ျဖစ္လာခဲ့ပါတယ္။ သာမန္ထက္ထူးကဲေနတဲ့ ျဖစ္ရပ္အျဖစ္သာ မွတ္ခ်က္ျပဳထားၾကတာကို ေတြ႔ရပါတယ္။

ယင္းေဒသနဲ႔ဆက္စပ္တည္ရွိေနတဲ့ စိုက္ပ်ိဳးသီးနွံ၊ေျမဆီလႊာ၊ ေရစတဲ့ ပတ္ဝန္းက်င္ဆိုင္ရာ အခ်က္အလက္ေတြဟာလည္း ပံုမွန္အတိုင္းသာရွိတာေၾကာင့္ အေတာ္ကို အ့ံၾသသင့္စရာျဖစ္လို႔ေနျပန္ပါတယ္။ ဒါအျပင္ လူပုမ်ိဳးႏြယ္ရဲ့ တစ္ဦးခ်င္းကို Genetic Engineering နည္းနဲ႔ ဆန္းစစ္ခဲ့ေပမဲ့ ထူးဆန္းတဲ့ အခ်က္အလက္ကို ရွာေဖြ ေတြ႔ရွိခဲ့ျခင္းမရွိခဲ့ျပန္ပါဘူး။ ယေန႕အခ်ိန္မွာေတာ့ Yangsiေက်းရြာရဲ့ လူဦးေရဟာ (၈၀)ဦးသာရွိေပမဲ့ ေဒသခံေတြက ေတာ့ ေသလြန္ခဲ့ျပီးတဲ့ လူပုမ်ိဳးႏြယ္(၁၁၉)ဦးအျပင္ အျခားေသာဝိညဥ္ေတြပါ ယင္းေဒ သမွာေပါင္းစဥ္းေနထိုင္ၾကတယ္လို႔ဆိုပါတယ္။

ဒါအျပင္ကြယ္လြန္ျပီးတဲ့ လူပုမ်ိဳးႏြယ္ ေတြဟာ ဒီရြာမွာပဲ လူျပန္ဝင္စားတယ္ဆိုတဲ့ ယံုၾကည္ခ်က္လည္းရွိေနပါတယ္။ ဒီလိုထူးဆန္းတဲ့ လူပုမ်ိဳးႏြယ္ေတြတည္ရွိေနတဲ့ Yangsiေက်းရြာရဲ့သတင္းဟာ (၁၉၁၁) ခုနွစ္ေလာက္ကတည္းက တရုတ္နိုင္ငံတြင္း ေက်ာ္ၾကားခဲ့တာျဖစ္ေပမဲ့ အစိုးရကေတာ့ (၁၉၅၁)ခုနွစ္ေလာက္ကမွ စတင္ေလ့လာမႈေတြ ျပဳလုပ္ခဲ့ၾကတာပါ။

ဒါကလည္း အဂၤလိပ္သိပၸံပညာရွင္တစ္ဦးျဖစ္တဲ့ ေဒါက္တာ Karyl Robin Evans ရဲ့ေလ့လာမႈ Yangsi ေက်းရြာအနီး ခရီးစဥ္တစ္ခုအတြင္းမွာ လူပုမ်ိဳးႏြယ္တစ္ရာနီးပါးကို စတင္ေတြ႔ ရွိခဲ့ရာမွ အစိုးရအဆင့္စတင္စံုစမ္းဖို႕အေၾကာင္းဖန္လာတာပဲျဖစ္ပါတယ္။ ေတြ႔ရွိသူ Karyl Robin Evansကိုယ္တိုင္(၄)နွစ္ခန္႔ေလာက္အခ်ိန္ယူ ေလ့လာခဲ့ျပီးမွ သူရဲ့ေတြ႔ရွိ ခ်က္ကို ေၾကျငာနိုင္ခဲ့တာလည္းျဖစ္ပါတယ္။

စိတ္ဝင္စားစရာအခ်က္ကေတာ့ အဲဒီအခ်ိန္တုန္းက တရုတ္အစိုးရဟာ  ဒီလူပုမ်ိဳးႏြယ္ေတြ တည္ရွိေနတယ္ဆိုတဲ့ အေၾကာင္းကို ကမာၻကိုခ်ျပခဲ့ျခင္းမရွိတဲ့ အျပင္ နိုင္ငံျခားဧည့္သည္ေတြကိုလည္း ယင္းေနရာကို သြားေရာက္ဖို႔ခြင့္မျပဳခဲ့ပါဘူး။ ယခုလိုယင္းထူးဆန္းတဲ့ လူပုမ်ိဳးႏြယ္ေတြရွိေနတယ္ဆိုတဲ့အေၾကာင္း ကိုလည္း သတင္းမုဆိုးေတြရဲ့ေဖာ္ျပခ်က္ေတြ ပ်ံ႔နွံ႔လာမွသာ အကန္႔အသတ္ နဲ႔ လာေရာက္ေလ့လာ ခြင့္ျပဳခဲ့တာလည္း ျဖစ္ပါတယ္။

Yangsi ေဒသခံေတြရဲ့ေျပာျပခ်က္ကေတာ့ ဟိုးယခင္အခ်ိန္ကာလ တုန္းကေတာ့ ရြာခံေတြရဲ့ အရပ္အေမာင္းဟာ သာမန္အတိုင္းရွိေနခဲ့ပါတယ္။ ဒါေပမဲ့တစ္ခုေသာ ေႏြရာသီအခ်ိန္မွာ ေတာ့ထူးဆန္းတဲ့ ကပ္ေရာဂါဆန္ဆန္ကူးစက္ေရာဂါတစ္မ်ိဳးဟာ ရြာခံအသက္(၅)နွစ္ကေန(၇)နွစ္အၾကား ကေလးငယ္အခ်ိဳ႕ ကိုကူးစက္ခဲ့ပါတယ္။ ယင္းေရာဂါက်ေရာက္ျပီးခ်ိန္မွာေတာ့ ကေလးငယ္ေတြရဲ့ ၾကီးထြားမႈႏႈန္းဟာရပ္တန္႔ သြားခဲ့ပါတယ္။ ေဝဒနာခံစားခဲ့ရတဲ့ ကေလးငယ္ေတြအေနနဲ႔ ၾကီးထြားမႈရပ္တန္႔သြားခဲ့ တာကလြဲျပီး အျခားခႏၶာကိုယ္ဆိုင္ရာ ၾကီးၾကီးမားမားထိခိုက္မႈေတာ့မရွိခဲ့ဖူးလို႔ ဆိုပါတယ္။

အခ်ိဳ႕ကလည္း Yangsiေက်းရြာက လူပုမ်ိဳးႏြယ္ေတြမ်ားျပားေနရျခင္းဟာ ဂ်ပန္စစ္တပ္က တရုတ္ကို က်ဴးေက်ာ္တိုက္ခိုက္ခ်ိန္က အဆိပ္သင့္ဓာတ္ေငြ႔ေတြကိုအသံုးျပဳ တိုက္ခိုက္ခဲ့ျခင္းကေန ရရွိတဲ့အက်ိဳးဆက္ျဖစ္တယ္လို႔ဆိုပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္း ဆန္းစစ္ခ်က္ေတြအရေတာ့ ဂ်ပန္ေတြရဲ့က်ဴးေက်ာ္စစ္ဆင္ႏႊဲတဲ့နယ္ေျမအတြင္းမွာ ဂ်ပန္စစ္တပ္ဟာ Yangsi ေက်းရြာဧရိယာထိ မရွိခဲ့တာေၾကာင့္ ဒီသံုးသပ္ခ်က္ဟာ ပ်က္ျပယ္ခဲ့ရပါတယ္။ အခ်ိဳ႕ကလည္း ဒါဟာ က်ိန္စာတစ္ခုျဖစ္ျပီး သူတို႔ရဲ့ဘိုးေဘးဘီဘင္ေတြကို ေကာင္းမြန္ စြာျမဳပ္နွံသျဂိဳလ္ျခင္း မရွိခဲ့တာေၾကာင့္လည္းျဖစ္တယ္လို႔ဆိုၾကျပန္ပါတယ္။

ဒီလူပုေက်းရြာအေပၚအျခားမ်ားစြာေသာထင္ျမင္မႈ၊ အေၾကာင္းျပခ်က္ေတြရွိေနတဲ့အျပင္ သိပၸံနည္းပညာအရ စမ္းသပ္ခ်က္ေတြမွာလည္း ယခုတိုင္ တိက်တဲ့ အေျဖထြက္ေပၚလာခဲ့ျခင္း မရွိတာေတြေၾကာင့္ လူစိတ္ဝင္စားမႈ တစ္ေန့ တစ္ျခားမ်ားျပားလ်က္ရွိေနပါတယ္။ ရိုးရာပံုျပင္တစ္ခုမွာေတာ့ Yangsi ရြာသား Wang လို႔အမည္ရတဲ့သူတစ္ဦးဟာ တစ္ပါးေသာအရပ္ကေန ထူးဆန္းတဲ့ ေျခေထာက္ေတြပါ ရွိတဲ့ ပင္လယ္လိပ္တစ္ေကာင္ကို ရြာကိုသယ္ေဆာင္လာခဲ့ပါတယ္။ ရြာသားေတြအေနနဲ႔ ယင္းလိပ္ၾကီးကို သတ္ျဖတ္စားေသာက္ရမလား ျပန္လႊတ္ေပးရမလာဆိုတာ ေဝခြဲမရ ျဖစ္ေနခဲ့ပါတယ္။

Yangsi ရြာမွာရွိတဲ့ အဆိုးျမင္ဝါဒီေတြက သတ္ျဖတ္စားေသာက္ျပီး ရိုးရာအတိုင္းက်င္းပတဲ့ ရြာစားေသာက္ဝိုင္းမွာတည့္ခင္းတဲ့ ဟင္းလ်ာအျဖစ္သေဘာတူ ၾကပါတယ္။ အခ်ိဳ႕ကလည္း ဒီကမာၻလိပ္ၾကီးရဲ့ အသားဟာေဘးရန္ကို ျဖစ္ေစတတ္ေၾကာင္းေျပာဆိုေဖ်ာင္းျဖမႈေတြရွိေပမဲ့ ေနာက္ပိုင္းမွာေတာ့ ကမာၻလိပ္ၾကီး ကိုသတ္ျဖတ္စားေသာက္ခဲ့ၾကပါတယ္။ ယင္းေနာက္မွာ ကမာၻလိပ္ရဲ့အသားကို စားေသာက္မိတဲ့သူတိုင္း မ်ိဳးရိုးစဥ္ဆက္ ယခုလိုၾကီးထြားမႈရပ္တ့ံတဲ့ ေရာဂါကိုၾကံဳလာ ရပါတယ္လုိ႔ ဒီပုံျပင္ကဆုိပါတယ္။

Yangsi ေက်းရြာမွာရွိတဲ့ လူပုမ်ိဳးနြယ္ေတြဟာ နွစ္ေပါင္း(၆၀)ထက္မက ယခုလို ၾကီးထြား မႈရပ္တန္႔တဲ့ေရာဂါကို ခံစားေနခဲ့ရတာပဲျဖစ္ပါတယ္။ ယင္းလူပုမ်ိဳးႏြယ္ထဲကမွ အခ်ိဳ႕ေသာမိသားစုအနည္းငယ္ကေတာ့ ဒီဗီဇဆိုင္ရာကြဲျပားမႈျဖစ္စဥ္က လြတ္ကင္းမႈ အနည္းငယ္ေတာ့ရိွခဲ့ပါတယ္။

ယေန႔တိုင္ သိပၸံနည္းပညာေတြနဲ႔ အေျဖရွာမရတဲ့ ျပသနာျဖစ္ေနတာေၾကာင့္လည္း Yangsi ရြာနဲ႔ပတ္သက္တဲ့ ေရွးပံုျပင္လာက်ိန္စာ ေတြဟာတကယ္ပဲ မွန္ကန္ေနခဲ့တာလားလို႔လည္း သံသယျဖစ္စရာေကာင္းေနပါတယ္။ ေနာင္တစ္ခ်ိန္ခ်ိန္မွာ Yangsi ေက်းရြာရဲ့ ဒီထူးျခားမႈျဖစ္စဥ္အတြက္ မွန္ကန္တဲ့အေျဖ တစ္ခုထြက္လာေကာင္း ထြက္လာနိုင္ေပမဲ့ ယေန႔အခ်ိန္ထိေတာ့ ဒီေက်းရြာကို ထူးဆန္းတဲ့ အရပ္ေဒသလို႔ပဲ သတ္မွတ္ထားရမွာပဲျဖစ္ပါတယ္။

သုတဇုန္

—————–

လူပုကလေးတွေရဲ့ရွာ

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း Sichuan ပြည်နယ်အတွင်းမှာတည်ရှိတဲ့ Yangsi ကျေးရွာဟာလည်း အာရှရဲ့ထူးဆန်းဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ဒေသတစ်ခုဖြစ်နေ ပါတယ်။ အကြောင်းကတော့ လူပုမျိုးနွယ်စုများစွာ တည်ရှိနေတဲ့အချက်ကြောင့်ဖြစ်ပါ တယ်။ ဘာကြောင့်ဒီလို လူပုများစွာတစ်နေရာတည်းမှာတည်ရှိနေတယ်ဆိုတဲ့ အချက်ကို မျိုးရိုးဗီဇဆိုင်ရာပညာရှင်များစွာက ခုချိန်ထိ တိကျတဲ့ အဖြေကိုပေးနိုင်ခြင်း မရှိသေးတာလည်း ဖြစ်ပါတယ်။

Yangsi ကျေးရွာဟာ မြို့ပြနဲ့အလွန်ဝေးကွာတဲ့ အရပ်မှာ တည်ရှိနေတာဖြစ်ပြီး လူနေအိမ်ခြေအလွန်နည်းပါးပါတယ်။ ဒီကျေးရွာရဲ့ ပတ်လည်မှာတောင်တန်းတွေ၊စပါးခင်းတွေသာဝန်းရံထားပြီး ယနေ့အထိလူဦးရေ (၈၀)လောက်သာ အခြေချနေထိုင်ပါတယ်။ လူဦးရေရဲ့ (၄၀)ရာခိုင်နှုန်းဖြစ်တဲ့ (၃၆) ယောက်ဟာ လူပုလေးတွေဖြစ်ပြီး သူတို့တွေရဲ့အရှည်ဆုံးအရပ်ဟာ (၃)ပေ(၁၀) လက်မ ဖြစ်ပြီး အပုဆုံးအနေနဲ့ (၂)ပေနဲ့ (၁)လက်မအရွယ်အစားသာ ရှိပါတယ်။

ထူးခြားတာကတော့ အဲဒီ လူပုမျိုးနွယ်အားလုံးဟာ အခြားသောတရုတ်ပြည်ဒေသအသီးသီးက ပြောင်းရွေ့လာတာ မျိုးမဟုတ်ပဲ Yangsiဒေသမှာပဲ ဘိုးဘွားစဉ်ဆက်နေထိုင်လာခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ အများစုကတော့ အခြားသောအရပ်ကို ပြောင်းရွေအခြေချနေထိုင်ခြင်း မရှိပဲ ဒေသစွဲပြင်းထန်သူတွေဖြစ်ကြပါတယ်။

မျိုးရိုးဗီဇဆိုင်ရာလေ့လာမှုတစ်ရပ်မှာတော့ Yangsi ကျေးရွာကလူပုမျိုးနွယ်တွေရဲ့ ဗီဇမျိုးဟာ လူပေါင်း(၂၀၀၀၀)လောက်မှာ(၁)ဦးဖြစ်ဖို့တောင် ရာခိုင်နှုန်းအလွန်နည်းပါး တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ဒီကျေးရွာမှာတော့ ဒီလိုလူပုမျိုးနွယ်အများကြီး ရှိနေတဲ့အချက်က သိပ္ပံပညာရှင်တွေအတွက် ခေါင်းရှုပ်စရာ ဖြစ်လာခဲ့ပါတယ်။ သာမန်ထက်ထူးကဲနေတဲ့ ဖြစ်ရပ်အဖြစ်သာ မှတ်ချက်ပြုထားကြတာကို တွေ့ရပါတယ်။

ယင်းဒေသနဲ့ဆက်စပ်တည်ရှိနေတဲ့ စိုက်ပျိုးသီးနှံ၊မြေဆီလွှာ၊ ရေစတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေဟာလည်း ပုံမှန်အတိုင်းသာရှိတာကြောင့် အတော်ကို အံ့ဩသင့်စရာဖြစ်လို့နေပြန်ပါတယ်။ ဒါအပြင် လူပုမျိုးနွယ်ရဲ့ တစ်ဦးချင်းကို Genetic Engineering နည်းနဲ့ ဆန်းစစ်ခဲ့ပေမဲ့ ထူးဆန်းတဲ့ အချက်အလက်ကို ရှာဖွေ တွေ့ရှိခဲ့ခြင်းမရှိခဲ့ပြန်ပါဘူး။ ယနေ့အချိန်မှာတော့ Yangsiကျေးရွာရဲ့ လူဦးရေဟာ (၈၀)ဦးသာရှိပေမဲ့ ဒေသခံတွေက တော့ သေလွန်ခဲ့ပြီးတဲ့ လူပုမျိုးနွယ်(၁၁၉)ဦးအပြင် အခြားသောဝိညဉ်တွေပါ ယင်းဒေ သမှာပေါင်းစဉ်းနေထိုင်ကြတယ်လို့ဆိုပါတယ်။

ဒါအပြင်ကွယ်လွန်ပြီးတဲ့ လူပုမျိုးနွယ် တွေဟာ ဒီရွာမှာပဲ လူပြန်ဝင်စားတယ်ဆိုတဲ့ ယုံကြည်ချက်လည်းရှိနေပါတယ်။ ဒီလိုထူးဆန်းတဲ့ လူပုမျိုးနွယ်တွေတည်ရှိနေတဲ့ Yangsiကျေးရွာရဲ့သတင်းဟာ (၁၉၁၁) ခုနှစ်လောက်ကတည်းက တရုတ်နိုင်ငံတွင်း ကျော်ကြားခဲ့တာဖြစ်ပေမဲ့ အစိုးရကတော့ (၁၉၅၁)ခုနှစ်လောက်ကမှ စတင်လေ့လာမှုတွေ ပြုလုပ်ခဲ့ကြတာပါ။ ဒါကလည်း အင်္ဂလိပ်သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ Karyl Robin Evans ရဲ့လေ့လာမှု Yangsi ကျေးရွာအနီး ခရီးစဉ်တစ်ခုအတွင်းမှာ လူပုမျိုးနွယ်တစ်ရာနီးပါးကို စတင်တွေ့ ရှိခဲ့ရာမှ အစိုးရအဆင့်စတင်စုံစမ်းဖို့အကြောင်းဖန်လာတာပဲဖြစ်ပါတယ်။ တွေ့ရှိသူ Karyl Robin Evansကိုယ်တိုင်(၄)နှစ်ခန့်လောက်အချိန်ယူ လေ့လာခဲ့ပြီးမှ သူရဲ့တွေ့ရှိ ချက်ကို ကြေငြာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

စိတ်ဝင်စားစရာအချက်ကတော့ အဲဒီအချိန်တုန်းက တရုတ်အစိုးရဟာ  ဒီလူပုမျိုးနွယ်တွေ တည်ရှိနေတယ်ဆိုတဲ့ အကြောင်းကို ကမ္ဘာကိုချပြခဲ့ခြင်းမရှိတဲ့ အပြင် နိုင်ငံခြားဧည့်သည်တွေကိုလည်း ယင်းနေရာကို သွားရောက်ဖို့ခွင့်မပြုခဲ့ပါဘူး။ ယခုလိုယင်းထူးဆန်းတဲ့ လူပုမျိုးနွယ်တွေရှိနေတယ်ဆိုတဲ့အကြောင်း ကိုလည်း သတင်းမုဆိုးတွေရဲ့ဖော်ပြချက်တွေ ပျံ့နှံ့လာမှသာ အကန့်အသတ် နဲ့ လာရောက်လေ့လာ ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

Yangsi ဒေသခံတွေရဲ့ပြောပြချက်ကတော့ ဟိုးယခင်အချိန်ကာလ တုန်းကတော့ ရွာခံတွေရဲ့ အရပ်အမောင်းဟာ သာမန်အတိုင်းရှိနေခဲ့ပါတယ်။ ဒါပေမဲ့တစ်ခုသော နွေရာသီအချိန်မှာ တော့ထူးဆန်းတဲ့ ကပ်ရောဂါဆန်ဆန်ကူးစက်ရောဂါတစ်မျိုးဟာ ရွာခံအသက်(၅)နှစ်ကနေ(၇)နှစ်အကြား ကလေးငယ်အချို့ ကိုကူးစက်ခဲ့ပါတယ်။ ယင်းရောဂါကျရောက်ပြီးချိန်မှာတော့ ကလေးငယ်တွေရဲ့ ကြီးထွားမှုနှုန်းဟာရပ်တန့် သွားခဲ့ပါတယ်။ ဝေဒနာခံစားခဲ့ရတဲ့ ကလေးငယ်တွေအနေနဲ့ ကြီးထွားမှုရပ်တန့်သွားခဲ့ တာကလွဲပြီး အခြားခန္ဓာကိုယ်ဆိုင်ရာ ကြီးကြီးမားမားထိခိုက်မှုတော့မရှိခဲ့ဖူးလို့ ဆိုပါတယ်။

အချို့ကလည်း Yangsiကျေးရွာက လူပုမျိုးနွယ်တွေများပြားနေရခြင်းဟာ ဂျပန်စစ်တပ်က တရုတ်ကို ကျူးကျော်တိုက်ခိုက်ချိန်က အဆိပ်သင့်ဓာတ်ငွေ့တွေကိုအသုံးပြု တိုက်ခိုက်ခဲ့ခြင်းကနေ ရရှိတဲ့အကျိုးဆက်ဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ဆန်းစစ်ချက်တွေအရတော့ ဂျပန်တွေရဲ့ကျူးကျော်စစ်ဆင်နွှဲတဲ့နယ်မြေအတွင်းမှာ ဂျပန်စစ်တပ်ဟာ Yangsi ကျေးရွာဧရိယာထိ မရှိခဲ့တာကြောင့် ဒီသုံးသပ်ချက်ဟာ ပျက်ပြယ်ခဲ့ရပါတယ်။ အချို့ကလည်း ဒါဟာ ကျိန်စာတစ်ခုဖြစ်ပြီး သူတို့ရဲ့ဘိုးဘေးဘီဘင်တွေကို ကောင်းမွန် စွာမြုပ်နှံသဂြိုလ်ခြင်း မရှိခဲ့တာကြောင့်လည်းဖြစ်တယ်လို့ဆိုကြပြန်ပါတယ်။

ဒီလူပုကျေးရွာအပေါ်အခြားများစွာသောထင်မြင်မှု၊ အကြောင်းပြချက်တွေရှိနေတဲ့အပြင် သိပ္ပံနည်းပညာအရ စမ်းသပ်ချက်တွေမှာလည်း ယခုတိုင် တိကျတဲ့ အဖြေထွက်ပေါ်လာခဲ့ခြင်း မရှိတာတွေကြောင့် လူစိတ်ဝင်စားမှု တစ်နေ့ တစ်ခြားများပြားလျက်ရှိနေပါတယ်။ ရိုးရာပုံပြင်တစ်ခုမှာတော့ Yangsi ရွာသား Wang လို့အမည်ရတဲ့သူတစ်ဦးဟာ တစ်ပါးသောအရပ်ကနေ ထူးဆန်းတဲ့ ခြေထောက်တွေပါ ရှိတဲ့ ပင်လယ်လိပ်တစ်ကောင်ကို ရွာကိုသယ်ဆောင်လာခဲ့ပါတယ်။ ရွာသားတွေအနေနဲ့ ယင်းလိပ်ကြီးကို သတ်ဖြတ်စားသောက်ရမလား ပြန်လွှတ်ပေးရမလာဆိုတာ ဝေခွဲမရ ဖြစ်နေခဲ့ပါတယ်။

Yangsi ရွာမှာရှိတဲ့ အဆိုးမြင်ဝါဒီတွေက သတ်ဖြတ်စားသောက်ပြီး ရိုးရာအတိုင်းကျင်းပတဲ့ ရွာစားသောက်ဝိုင်းမှာတည့်ခင်းတဲ့ ဟင်းလျာအဖြစ်သဘောတူ ကြပါတယ်။ အချို့ကလည်း ဒီကမ္ဘာလိပ်ကြီးရဲ့ အသားဟာဘေးရန်ကို ဖြစ်စေတတ်ကြောင်းပြောဆိုဖျောင်းဖြမှုတွေရှိပေမဲ့ နောက်ပိုင်းမှာတော့ ကမ္ဘာလိပ်ကြီး ကိုသတ်ဖြတ်စားသောက်ခဲ့ကြပါတယ်။ ယင်းနောက်မှာ ကမ္ဘာလိပ်ရဲ့အသားကို စားသောက်မိတဲ့သူတိုင်း မျိုးရိုးစဉ်ဆက် ယခုလိုကြီးထွားမှုရပ်တံ့တဲ့ ရောဂါကိုကြုံလာ ရပါတယ်လို့ ဒီပုံပြင်ကဆိုပါတယ်။

Yangsi ကျေးရွာမှာရှိတဲ့ လူပုမျိုးနွယ်တွေဟာ နှစ်ပေါင်း(၆၀)ထက်မက ယခုလို ကြီးထွား မှုရပ်တန့်တဲ့ရောဂါကို ခံစားနေခဲ့ရတာပဲဖြစ်ပါတယ်။ ယင်းလူပုမျိုးနွယ်ထဲကမှ အချို့သောမိသားစုအနည်းငယ်ကတော့ ဒီဗီဇဆိုင်ရာကွဲပြားမှုဖြစ်စဉ်က လွတ်ကင်းမှု အနည်းငယ်တော့ရှိခဲ့ပါတယ်။ ယနေ့တိုင် သိပ္ပံနည်းပညာတွေနဲ့ အဖြေရှာမရတဲ့ ပြသာနာဖြစ်နေတာကြောင့်လည်း Yangsi ရွာနဲ့ပတ်သက်တဲ့ ရှေးပုံပြင်လာကျိန်စာ တွေဟာတကယ်ပဲ မှန်ကန်နေခဲ့တာလားလို့လည်း သံသယဖြစ်စရာကောင်းနေပါတယ်။ နောင်တစ်ချိန်ချိန်မှာ Yangsi ကျေးရွာရဲ့ ဒီထူးခြားမှုဖြစ်စဉ်အတွက် မှန်ကန်တဲ့အဖြေ တစ်ခုထွက်လာကောင်း ထွက်လာနိုင်ပေမဲ့ ယနေ့အချိန်ထိတော့ ဒီကျေးရွာကို ထူးဆန်းတဲ့ အရပ်ဒေသလို့ပဲ သတ်မှတ်ထားရမှာပဲဖြစ်ပါတယ်။

Leave a Reply