မာတင္လူသာ ဆုိတာ

Posted on

မာတင္လူသာ (Martin Luther)က ေရာမကက္သလစ္ေက်ာင္းေတာ္ကို စတင္ အာခံတဲ့အတြက္ ပ႐ိုတက္စတင့္ေတာ္လွန္ေရး (Protestant Revolution) ေပၚေပါက္လာရပါတယ္။ သူ႔ကို ဂ်ာမနီႏိုင္ငံ အိုင္စဲဗဲန္ (Eisleben) ၿမိဳ႕မွာ ၁၄၈၃ က ေမြးဖြားခဲ့ပါတယ္။ တကၠသိုလ္ပညာ ေကာင္းေကာင္းရခဲ့ၿပီး ေခတၱခဏေလာက္ (ဖခင္ရဲ႕တိုက္တြန္းခ်က္ေၾကာင့္) ဥပေဒပညာ သင္ခဲ့ဖူးတယ္။

ဒါေပမဲ့ ဥပေဒပညာကို ကုန္ေအာင္မသင္ပဲ ျသဂတ္စတိနိယန္ (Augustinian) ရဟန္းေဘာင္ကို ကူးေျပာင္းဝင္ေရာက္ခဲ့ၿပီး ၁၅၁၂ မွာ ဂႏၲႏၶရပါရဂူဘြဲ႔ (Doctor of Theology) ကို ဝတ္တင္ဘာ့ခ္ (Wittenberg) တကၠသိုလ္ကရခဲ့ၿပီး မၾကာမီ အဲဒီတကၠသိုလ္ပညာအသိုင္းအဝိုင္း (faculty) ကို ေရာက္သြားပါတယ္။ တျဖည္းျဖည္း ေက်ာင္းေတာ္အေပၚမွာ မေက်နပ္ခ်က္ေတြ ပြားမ်ားလာတယ္။

ေရာမကို ၁၅၁၀ ျပည့္ႏွစ္မွာ ေရာက္သြားတဲ့အခါ ေရာမဘုန္းႀကီး (Roman Clergy) ေတြ လူဝတ္ေၾကာင္နဲ႔မျခား ေပါ့ပ်က္ဆိုးသြမ္းေနတာေတြ ေတြ႔ရွိတဲ့အခါ အင္မတန္ တုန္လႈပ္ေခ်ာက္ျခားသြားတယ္။ ဒါေပမဲ့ ေက်ာင္းေတာ္လုပ္ပုံေတြကို စတင္ကန္႔ကြက္ရမယ္လို႔ ႏိႈးေဆာ္တဲ့အေၾကာင္းကေတာ့ ေက်ာင္းေတာ္က ခြင့္လႊတ္လႊာ (indulgence) ေတြ ေရာင္းတဲ့ကိစၥျဖစ္ပါတယ္။ (ခြင့္လႊတ္လႊာဆိုတာက အျပစ္ရွိေပမယ့္ ဒဏ္က ကင္းလြတ္ေစသတည္းလို႔ ေက်ာင္းေတာ္က ေရြးႏုတ္ေပးတယ္။ ဒဏ္က်ရင္လည္း စတိေလာက္ အခ်ိန္တိုတိုပဲခံရေအာင္ ေျပာေပးမယ္ဆိုတဲ့သေဘာျဖစ္တယ္။)

လူသာက ၃၁ ေအာက္တိုဘာ ၁၅၁၇ မွာ နာမည္ေက်ာ္စြဲခ်က္ ကိုးဆယ့္ငါးခ်က္ (Ninety-five Theses) ေရးၿပီး ဝတ္တင္ဘာ့ခ္ေက်ာင္းေတာ္တံခါးမွာ သြားၿပီးခ်ိတ္ဆြဲခဲ့တယ္။ ေက်ာင္းေတာ္ရဲ႕သိမ္ဖ်င္းယုတ္ညံ့တဲ့ အမူအက်င့္ေတြကို အေထြေထြ စာရင္းလုပ္ၿပီး အျပင္းအထန္ ႐ႈတ္ခ်တဲ့အျပင္ ခြင့္လႊတ္လႊာေရာင္းခ်တာကို အတိအက် ေဖာ္ထုတ္တိုက္ခိုက္ပါတယ္။ စြဲခ်က္ကိုးဆယ့္ငါးခ်က္ မိတၱဴတစ္ေစာင္ေရးကူးၿပီး မိန္႔(Mainz) သာသနာပိုင္ခ်ဳပ္ဆီကိုပို႔တယ္။ ေနာက္ ဒီစြဲခ်က္ေတြကို ပုံႏွိပ္ၿပီး နယ္တြင္းအႏွံ႔အျပား ေပးေဝပါေသးတယ္။

လူသာရဲ႕ ေက်ာင္းေတာ္ကို ကန္႔ကြက္ခ်က္ဟာ တျဖည္းျဖည္း ႀကီးက်ယ္လာၿပီး ရဟန္းမင္းရဲ႕ Pope ျသဇာကိုမခံလို႔ အတိအလင္းေျပာတဲ့အထိ ျဖစ္လာပါတယ္။ ေက်ာင္းေတာ္ရဲ႕ ေကာင္စီခ်ဳပ္ (General Church Council) ေတြကိုပါ မေလးစားႏိုင္ေတာ့ပါ။ သမၼာက်မ္းစာတစ္ခုတည္းကိုသာ ေရွ႕ေဆာင္လမ္းျပသုံးမယ္၊ ႐ိုး႐ိုးအေတြးနဲ႔ ဟုတ္မဟုတ္ ဆုံးျဖတ္မယ္လို႔ ေျပာတဲ့အထိ ျဖစ္လာတယ္။ ေက်ာင္းေတာ္က ဘယ္နည္းနဲ႔မွ ဒါမ်ဳိးကို ေက်ေက်နပ္နပ္ လက္သင့္ခံမွာမဟုတ္ပါ။

လူသာကို ေက်ာင္းေတာ္အရာရွိေတြက ေရွ႕ေမွာက္ကိုလာရမယ္လို႔ ဆင့္ေခၚၿပီး အႀကိမ္ႀကိမ္ စစ္ေဆးၾကားနာၿပီး အယူကိုစြန္႔(recant) ဖို႔ အမိန္႔ခ်တယ္။ ေနာက္ဆုံး မိစၧာဒိ႒ိလို႔ စြပ္စြဲၿပီး ဝမ္းလႊတ္ေတာ္ (Diet of Worms) က ၁၅၂၁ မွာ ဥပေဒခ်ဳိးေဖာက္သူ (Outlaw) လို႔ ဆုံးျဖတ္ၿပီး သူေရးသမွ်ကို ဖ်က္ဆီးရမယ္လို႔ ေၾကညာပါတယ္။ ဒီလိုအေရးယူခံရၿပီဆိုရင္ လူသာကို ကားစင္တင္ၿပီး မီးေလာင္တိုက္သြင္းဖို႔ပဲ ရွိပါေတာ့တယ္။ ဒါေပမဲ့ ဂ်ာမန္လူမ်ဳိးအမ်ားႀကီးက သူ႔ကိုေထာက္ခံတယ္။ နယ္ရွင္ပယ္ရွင္ တန္ခိုးႀကီးမင္းသားႀကီးတခ်ဳိ႕လည္း သူ႔ဘက္သားေတြျဖစ္ေနတယ္။

လူသာဟာ တစ္ႏွစ္ေလာက္ ထြက္ေျပးတိမ္းေရွာင္ေနရတယ္။ သူ႔ကို ဂ်ာမနီမွာ အားေပးသူမ်ားလို႔ ႀကီးက်ယ္တဲ့အျပစ္ဒဏ္ မေပးရဲပါ။ လူသာကလည္း စာေရးတဲ့ေနရာမွာ သိပ္သြက္တယ္။ သူေရးသမွ်ဟာ လူအမ်ားလိုက္နာေအာင္ ဆြဲေဆာင္ႏိုင္တယ္။ ျသဇာရွိတယ္။ သူေရးတဲ့က်မ္းေတြထဲမွာ အေရးအပါဆုံးကေတာ့ သမၼာက်မ္းကို ဂ်ာမန္ဘာသာျပန္ဆိုတာပဲ ျဖစ္ပါတယ္။ အဲဒီက်မ္းေၾကာင့္ စာတတ္သူတိုင္း က်မ္းစာေတြကို ေက်ာင္းေတာ္(Church) နဲ႔ ဘုန္းႀကီး (Priests) မပါဘဲ ဖတ္ႏိုင္ပါတယ္။ လူသာရဲ႕ဘာသာျပန္ဟာ ဂ်ာမန္ဘာသာစကားနဲ႔စာေပကို အမ်ားႀကီးေက်းဇူးျပဳႏိုင္တဲ့ က်မ္းျဖစ္လာပါတယ္။

လူသာရဲ႕က်မ္းဂန္အယူအဆကို အခုလို အတိုကေလးရွင္း႐ုံနဲ႔ ဘယ္လိုမွ နားမလည္ႏိုင္ပါ။ သူ႔ေသာ့ခ်က္ကေတာ့ ‘ယုံၾကည္ခ်က္တစ္ခုတည္းနဲ႔ အရာရာကို ေကာင္းလွၿပီလို႔ မဆုံးျဖတ္သင့္’ ဆိုတဲ့အခ်က္ ျဖစ္ပါတယ္။ အဲဒီေတြးေတာခ်က္ကို လူသာက စိန္႔ေပါလ္ေရးတဲ့စာေတြထဲမွာ ေတြ႔ရွိတယ္။ ဒါကို ဆုပ္ကိုင္ထားတယ္။ လူသာက လူ႔သဘာဝဟာ ပင္ကိုကပဲ အျပစ္နဲ႔ညစ္ႏြမ္းေနလို႔ ေကာင္းတဲ့အလုပ္တစ္ခုတည္းနဲ႔ ငရဲမွ ကင္းလြတ္ေတာ့လို႔ မကယ္ႏိုင္။ လြတ္ေျမာက္ျခင္း (Salvation)ကို ယုံၾကည္မႈက ရမယ္။ ထာဝရဘုရား (God selling indulgences) သာလွ်င္ ကယ္တင္ႏိုင္တယ္။

ဒီလိုဆိုရင္ ေက်ာင္းေတာ္က ကင္းလြတ္ခြင့္ ေရာင္းေနဖို႔မသင့္၊ အက်ဳိးမရွိ။ အမွန္ကိုေျပာရင္ ခရစ္သာသနာဝင္တစ္ဦးနဲ႔ ထာဝရဘုရားၾကားမွာ ေက်ာင္းေတာ္ဟာ မရွိမျဖစ္၊ ၾကားကေနရမယ္လို႔ အစဥ္အလာယူဆတာဟာ မွားတယ္။ လူသာရဲ႕အယူကိုလိုက္ရင္ ေရာမကက္သလစ္ေက်ာင္းေတာ္ရဲ႕ ျဖစ္ပ်က္ျခင္း မူလအေၾကာင္းအရာ (raison detre) ဟာ တစ္ခါတည္း တစ္ခ်က္တည္း ပ်က္စီးတိမ္ေကာသြားမယ္။ ေက်ာင္းေတာ္မရွိလွ်င္ ျဖစ္တယ္လို႔ေျပာတဲ့အျပင္ ေက်ာင္းေတာ္ရဲ႕ ယုံၾကည္ေဆာင္ရြက္ခ်က္မ်ားစြာကို အတိအက်ေဖာ္ျပၿပီး ဆက္လက္မလုပ္သင့္ေၾကာင္း ေျပာဆိုတယ္။

ဥပမာ – အျပစ္ကစင္ၾကယ္သြားေအာင္ ျပဳျပင္ေပးတဲ့ေနရာရယ္လို႔ ေနရာသီးျခားရွိ။ ဘုန္းႀကီး (ကလာဂ်ီ clergy) ေတြ အိမ္ေထာင္မျပဳရလို႔ တားဆီးတာေတြကို မျပဳရလို႔ ေျပာပါတယ္။ သူကိုယ္တိုင္လည္း အရင္က သီလရွင္နန္း (nun) လူထြက္တစ္ေယာက္ကို လက္ထပ္ၿပီး ကေလးေျခာက္ေယာက္ရပါတယ္။ လူသာဟာ သူ႔ဇာတိၿမိဳ႕ျဖစ္တဲ့ အိုင္စဲဗဲန္မွာပဲ ၁၅၄၆ မွာ ကြယ္လြန္သြားပါတယ္။

မာတင္လူသာဟာ အမွန္ကေတာ့ ေပၚေပါက္လာတဲ့ကန္႔ကြက္သူ (protestant) အမည္ခံ ေတြးေခၚပညာရွင္တစ္ေယာက္ မဟုတ္ပါ။ သူ႔ထက္ႏွစ္တစ္ရာေစာၿပီး ေက်ာင္းေတာ္ကိုေဝဖန္သူ ယန္ဟာ့စ္ (Jan Hus) ဟာ ဘိုးေဟးမီးယား (Bohemia) မွာ ေပၚခဲ့တယ္။ တစ္ဆယ့္ေလးရာစုႏွစ္တုန္းက အဂၤလန္မွာ ပညာရွင္ ဂၽြန္ဝိကလစ္ (John Wycliffe) ဟာ ေက်ာင္းေတာ္ကို ေဝဖန္ဖူးတယ္။ တစ္ဆယ့္ႏွစ္ရာစုႏွစ္က ျပင္သစ္အမ်ဳိးသား ပီတာဝါလ္ဒို (Peter Waldo) ကို အေစာဆုံးကန္႔ကြက္သူလို႔ အမွန္တကယ္ေခၚရမွာပါ။

ဒါေပမယ့္ အဲဒီလို ေရွးကေျပာဆိုလႈပ္ရွားခဲ့တာေတြက မက်ယ္ျပန္႔၊ ေဒသအလိုက္ ကြက္ကြက္ကေလးပဲ ရွိခဲ့တယ္။ ၁၅၁၇ ေရာက္တဲ့အခါမွာေတာ့ ကက္သလစ္ေက်ာင္းေတာ္ကို မေက်နပ္သူေတြက ေနရာအႏွံ႔ဆိုသလို အမ်ားအျပားရွိေနၿပီျဖစ္လို႔ လူသာေျပာလိုက္တဲ့စကားေတြက သံႀကိဳးကြင္းဆက္လို အႏွံ႔အျပား အကြာအေဝး မီးထေတာက္ေပာင္ မီးတို႔ေပးသလိုျဖစ္ၿပီး ဥေရာပအႏွံ႔ ပ်ံ႕သြားပါတယ္။ ဒါေၾကာင့္ လူသာကိုပဲ ျပဳျပင္ေရးကိုအစျပဳတဲ့ပုဂၢိဳလ္ျဖစ္ပါတယ္လို႔ ေခၚသင့္ေခၚထိုက္ပါတယ္။

ျပဳျပင္ေရး (Reformation) ရဲ႕အဆက္၊ အထင္ရွားဆုံးျဖစ္ရပ္ကေတာ့ ကန္႔ကြက္ဂိုဏ္း (Protestant Sect) ေတြ အမ်ားႀကီးေပၚေပါက္လာပါတယ္။ အမွန္တကယ္က ကန္႔ကြက္ဝါဒ (Protestantism) ဟာ ပင္မျဖစ္တဲ့ ခရစ္ဝါဒရဲ႕ အကိုင္းအခက္တစ္ခု ျဖစ္တယ္။ ဒါေပမယ့္ အကိုင္းအခက္ေတြ အင္မတန္မ်ားတယ္လို႔ မေျပာႏိုင္ပါ။ ဒါေပမယ့္ အျခားအယူဝါဒအမ်ားစုထက္ ပိုၿပီးမ်ားပါတယ္။ ျပဳျပင္ေရးရဲ႕ ဒုတိယအေရးပါတဲ့အက်ဳိးသက္က ဥေရာပမွာ သာသနာေရးစစ္ပြဲေတြ အႏွံ႔အျပား ေပၚေပါက္ခဲ့ပါတယ္။ (နမူနာေျပာရရင္ ၁၆၁၈က ၁၆၄၈ ထိ ဂ်ာမနီမွာ ေပၚေပါက္ခဲ့တဲ့) ႏွစ္သုံးဆယ္စစ္ (Thirty Years War) ဟာ အင္မတန္႐ိုင္းစိုင္းရက္စက္တဲ့ သတ္ျဖတ္ပြဲႀကီးတစ္ခုျဖစ္ခဲ့ပါတယ္။

တကယ္တိုက္ခိုက္တဲ့ စစ္ေတြအျပင္ ကက္သလစ္နဲ႔ ပ႐ိုတက္စတင့္ႏိုင္ငံေရးမွာ ၿပိဳင္ဆုိင္ၾကတာေတြပဲ ဥေရာပမွာ ေနာက္ထပ္ ႏွစ္ေပါင္းရာနဲ႔ခ်ီၿပီး အခ်ိန္အၾကာႀကီး ျဖစ္ပြားေနပါတယ္။ ျပဳျပင္ေရးဟာ အေနာက္ဥေရာပမွာ ဉာဏ္ပညာ ထြန္းကားလာျခင္းကို ေပၚေပါက္ေစတဲ့ အေၾကာင္းအခ်က္ထဲမွာ အေရးပါၿပီး ထက္ျမက္တဲ့ အေၾကာင္းရင္းတစ္ခု ျဖစ္ပါတယ္။ ေရာမကက္သလစ္ေက်ာင္းေတာ္အမည္နဲ႔ ၁၅၁၇ မတိုင္မီက အမ်ားအသိမွတ္ျပဳၿပီး ခိုင္ခန္႔တည္ၿမဲတဲ့ ေက်ာင္းေတာ္ဆိုလို႔ ဒီတစ္ခုပဲရွိၿပီး အဲဒီေက်ာင္းေတာ္ကဖဲ့ထြက္သူေပၚကို မိစၧာဒိ႒ိ (heretics) လို႔ သတ္မွတ္လိုက္တယ္။

ဒီအေျခအေနအတိုင္းဆိုရင္ လြတ္လပ္စြာေတြးေခၚလို႔မျဖစ္၊ ဒါမ်ဳိးကို အားမေပး အခြင့္မျပဳဆိုသလို အဟန္႔အတားျဖစ္ေနတယ္။ ျပဳျပင္ေရးၿပီးခ်ိန္ကစၿပီး ႏိုင္ငံေပါင္းမ်ားစြာမွာပဲ ယုံၾကည္မႈမွာ လြတ္လပ္စြာ ေတြးေခၚရမယ္ဆိုတဲ့ အေျခခံသေဘာကို လက္ခံလာၾကၿပီး တျခားအေၾကာင္းအရာေတြမွာပဲ အေႏွာင့္အယွက္မရွိ၊ အႏၲရာယ္ကင္းတယ္လို႔ ေတြးေခၚလာၾကတယ္။ သတိျပဳသင့္တဲ့ တျခားအေၾကာင္းအခ်က္တစ္ခု ရွိပါေသးတယ္။ ဒီေက်ာ္စြာတစ္ရာစာရင္းမွာ အမ်ားစုက ဂရိတ္ၿဗိတိန္ကပုဂၢိဳလ္ေတြျဖစ္ၿပီး ဂ်ာမနီက ဒုတိယလိုက္ပါတယ္။

အဲဒါအျပင္ ဒီစာရင္းပါလူေတြအမ်ားစုက ေျမာက္ဥေရာပနဲ႔ အေမရိကမွာ ရွိတဲ့ပ႐ိုတက္စတင့္ႏိုင္ငံေတြက လူေတြပဲမ်ားေနတယ္။ အဲဒါအျပင္ ဂုတန္ဗတ္ နဲ႔ ရွားလမိန္တို႔ႏွစ္ဦးပဲ ၁၅၁၇ မတုိင္မီကေပၚထြက္ခဲ့တာ ျဖစ္ပါတယ္။အဲဒီေတာ့ ထင္ရွားလာတဲ့အခ်က္က ပ႐ိုတက္စတင့္ဝါဒေခၚတဲ့ ျပဳျပင္ေရးဟာ အရင္အႏွစ္ ၄၅၀ အတြင္းက အင္မတန္ထင္ရွားတဲ့လူေတြ အမ်ားႀကီးေပၚလာေအာင္ ေစ့ေဆာ္ေပးခဲ့တယ္လို႔ တစ္နည္းတစ္လမ္း ေျပာရမလိုျဖစ္ေနပါတယ္။ ဒီေဒသေတြမွာ ဉာဏ္ကို လြတ္လပ္က်ယ္ျပန္႔စြာ ေတြးႏိုင္ခြင့္ရွိလို႔ဆိုတဲ့ အခ်က္ဟာ အင္မတန္ အေရးပါတဲ့ အျခင္းအရာတစ္ခု ျဖစ္လာပါတယ္။

လူသာကို အျပစ္ကင္းစင္သူလို႔ မေျပာႏိုင္ပါ။ သူကိုယ္တိုင္က သာသနာေရးမွာ အရာေရာက္သူ၊ အာဏာပိုင္ေတြကို ေတာ္လွန္ပုန္ကန္ခဲ့ေပမယ့္ သာသနာေရးေဆြးေႏြးရာမွာ သူနဲ႔သေဘာမတူတဲ့လူေတြကို နည္းနည္းမွ သည္းခံေျပာဆိုေလ့ မရွိသူျဖစ္ပါတယ္။ သူ႔ရဲ႕ သည္မခံစိတ္ကိုအတုယူၿပီး ဂ်ာမနီမွာ သာသနာေရးစစ္တိုက္ၾကတဲ့အခါ သိပ္ျပင္းထန္ရက္စက္ၾကတယ္လို႔ေျပာရင္ ျဖစ္ႏုိင္တယ္။ ဘာျပဳလို႔လဲဆိုေတာ့ အဂၤလန္လိုေနရာမွာေတာ့ ဂ်ာမနီမွာေလာက္ ျပင္းထန္ရက္စက္ျခင္း မရွိပါ။

ၿပီးေတာ့ လူသာဟာ ဆိမိတစ္ဆန္႔က်င္ေရး (Anti-Semitic) မွာလည္း ျပင္းထန္ရက္စက္တယ္။ အဲဗဒါေၾကာင့္ ေနာင္အခါ ႏွစ္ဆယ္ရာစုႏွစ္အတြင္း ဂ်ာမနီမွာ ဟစ္တလာေခတ္အတြက္ လမ္းခင္းေပးသလို ရွိမယ္လို႔လည္း ေတြးထင္ႏိုင္ပါတယ္။ လူသာဟာ မၾကာခဏ တရား႐ုံးေတာ္ရဲ႕အာဏာကို ေလးစားဖို႔လိုေၾကာင္း အေလးအနက္ေျပာေလ့ရွိတယ္။ အဲဒါ ဘာေၾကာင့္လဲဆိုရင္ ေက်ာင္းေတာ္ (Church) က အစိုးရအုပ္ခ်ဳပ္ေရအာဏာကို လႊမ္းမိုးခ်ယ္လွယ္ခဲ့တာကို ဦးတည္ တိုက္ခိုက္လိုတဲ့အတြက္ ျဖစ္ဟန္တူပါတယ္။

ျပဳျပင္ေရး (reformation) ဟာ ဓမၼသေဘာ ျငင္းခုံတာသက္သက္ မဟုတ္ဘူး။ ဂ်ာမနီအမ်ဳိးသားသူပုန္ေတြ ေရာမလႊမ္းမိုးေနတာကို တိုက္ဖ်က္တဲ့ပြဲလို႔လည္း ယူဆရမွာျဖစ္တယ္။ အဲဒါေၾကာင့္ လူသာကို ဂ်ာမနီက မင္းသားေတြ ကူညီ႐ုိင္းပင္းၾကတာျဖစ္တယ္။ လူသာရဲ႕ မူလရည္ရြယ္ခ်က္ကို ေထာက္ထားေနစရာမလိုဘဲ သူေျပာသမွ်ဟာ ဂ်ာမနီပ႐ိုတက္စတင့္ေတြကို ႏိုင္ငံေရးရာမွာ အာဏာရွင္စနစ္ (absolution) ကို လက္ခံက်င့္သုံးပါလို႔ ေျပာသလို ျဖစ္ေနပါတယ္။ တစ္နည္းေျပာေတာ့ လူသာေရးသားခဲ့တာေတြဟာ ဟစ္တလာေခတ္ကို လမ္းခင္းေပးသလို ျဖစ္လာပါတယ္။

တခ်ဳိ႕လူေတြက မာတင္လူသာကို ဘာျပဳလို႔ေက်ာ္စြာစာရင္းမွာ ခုထက္ျမင့္တဲ့ေနရာကို မေပးသလဲလို႔ ေမးေကာင္းေမးမယ္။ ဘာျပဳလို႔လဲဆိုရင္ ပထမအခ်က္က လူသာဟာ ဥေရာပတိုက္သား၊ အေမရိကတိုက္သားေတြအဖို႔ သိပ္အေရးပါတာမွန္ေပမယ့္ အာရွတိုက္သား၊ အာဖရိကတိုက္သားေတြအဖို႔ ႏိႈင္းယွဥ္ေျပာရင္ သူတို႔အထဲမွာ ခရစ္ယာန္သာသနာဝင္ နည္းတဲ့အတြက္ သိပ္ၿပီးအေရးမပါဘူး။ တ႐ုတ္၊ ဂ်ပန္ တုိ႔မွာဆုိရင္ ကက္သလစ္ျဖစ္ျဖစ္၊ ပ႐ိုတက္စတင့္ျဖစ္ျဖစ္ တစ္ဦးနဲ႔တစ္ဦး မတူကြဲျပားျခားနားတယ္လို႔ မသိဘူး။ (ဥေရာပတိုက္သားေတြက အစၥလာမ္ရဲ႕ စြန္နီ (Sunni) နဲ႔ ရွီအိုက္ (Shiite) ျခားနားခ်က္ကို မသိၾကသလိုရွိမွာပါပဲ။ )

ဒုတိယအခ်က္က လူသာဟာ သမုိင္းစံႏႈန္းအရ ေပၚလာတာ မၾကာေသးပါ။ ဒါေၾကာင့္ လူ႔သမိုင္းမွာ သူ႔အရွိန္ျသဇာဟာ မိုဟာမက္၊ ဗုဒၶ၊ မိုးဇက္တို႔ေလာက္ မရွိႏိုင္ပါ။ အဲဒါအျပင္ အရင္ရာစုႏွစ္တခ်ဳိ႕မွာ အေနာက္ႏိုင္ငံေတြမွာ ကိုးကြယ္ယုံၾကည္မႈဘက္က အင္အားဆြဲေဆာင္မႈက်ဆင္းၿပီး၊ လူမႈေရးကိစၥေတြမွာ ယုံၾကည္မႈကို အရင္အႏွစ္တစ္ေထာင္မွာထိ ပါထားခဲ့တာမ်ဳိး ေနာက္ႏွစ္တစ္ေထာင္မွာ မထားၾကေတာ့ပါ။ ကိုးကြယ္ယုံၾကည္မႈ ဆက္လက္ၿပီး ယုတ္ေလ်ာ့ေနရာ၊ လူသာကို အခုေခတ္သမိုင္းဆရာေတြက အေလးဂ႐ုထားတာထက္၊ ေနာက္တစ္ေခတ္ သမိုင္းဆရာေတြက ေလးစားမႈဆက္ၿပီး ပိုၿပီးနည္းသြားမွာျဖစ္ပါတယ္။

ေနာက္ဆုံးေျပာရမယ့္ခ်က္က တစ္ဆယ့္ေျခာက္၊ တစ္ဆယ့္ခုနစ္ရာစုႏွစ္ေတြက ကိုးကြယ္ယုံၾကည္မႈနဲ႔ ပတ္သက္ၿပီး ျငင္းခုံၾကတာနဲ႔ ေခတ္အၿပိဳင္လူေတြအေပၚမွာ ေရရွည္အက်ဳိးျပဳတဲ့သိပၸံပညာ စတင္ထြန္းကားေနၿပီျဖစ္လို႔ ေခတ္ၿပိဳင္လူသာ (Luther) နဲ႔ ေကာ္ပါးနိကပ္စ္ ယွဥ္တဲ့အခါ လူသာဟာ တစ္ဦးခ်င္းအေနနဲ႔ ပ႐ိုတက္စတင့္ ျပဳျပင္ေရးမွာ တြင္က်ယ္ခဲ့ေပမယ့္ သိပၸံေတာ္လွန္ေရးမွာ ေကာ္ပါးနိကပ္စ္က ပိုၿပီးတြင္က်ယ္လို႔ စာရင္းထဲမွာ ေရွ႕ကို ေရာက္သြားရပါတယ္။

ေဒါက္တာသန္းထြန္း
ေက်ာ္စြာ ၁၀၀

ကို Kyaw Min Htwe မွ

————–

မာတင်လူသာ ဆိုတာ (unicode)

မာတင်လူသာ (Martin Luther)က ရောမကက်သလစ်ကျောင်းတော်ကို စတင် အာခံတဲ့အတွက် ပရိုတက်စတင့်တော်လှန်ရေး (Protestant Revolution) ပေါ်ပေါက်လာရပါတယ်။ သူ့ကို ဂျာမနီနိုင်ငံ အိုင်စဲဗဲန် (Eisleben) မြို့မှာ ၁၄၈၃ က မွေးဖွားခဲ့ပါတယ်။ တက္ကသိုလ်ပညာ ကောင်းကောင်းရခဲ့ပြီး ခေတ္တခဏလောက် (ဖခင်ရဲ့တိုက်တွန်းချက်ကြောင့်) ဥပဒေပညာ သင်ခဲ့ဖူးတယ်။

ဒါပေမဲ့ ဥပဒေပညာကို ကုန်အောင်မသင်ပဲ ဩဂတ်စတိနိယန် (Augustinian) ရဟန်းဘောင်ကို ကူးပြောင်းဝင်ရောက်ခဲ့ပြီး ၁၅၁၂ မှာ ဂန္တန္ဓရပါရဂူဘွဲ့ (Doctor of Theology) ကို ဝတ်တင်ဘာ့ခ် (Wittenberg) တက္ကသိုလ်ကရခဲ့ပြီး မကြာမီ အဲဒီတက္ကသိုလ်ပညာအသိုင်းအဝိုင်း (faculty) ကို ရောက်သွားပါတယ်။ တဖြည်းဖြည်း ကျောင်းတော်အပေါ်မှာ မကျေနပ်ချက်တွေ ပွားများလာတယ်။

ရောမကို ၁၅၁၀ ပြည့်နှစ်မှာ ရောက်သွားတဲ့အခါ ရောမဘုန်းကြီး (Roman Clergy) တွေ လူဝတ်ကြောင်နဲ့မခြား ပေါ့ပျက်ဆိုးသွမ်းနေတာတွေ တွေ့ရှိတဲ့အခါ အင်မတန် တုန်လှုပ်ချောက်ခြားသွားတယ်။ ဒါပေမဲ့ ကျောင်းတော်လုပ်ပုံတွေကို စတင်ကန့်ကွက်ရမယ်လို့ နှိုးဆော်တဲ့အကြောင်းကတော့ ကျောင်းတော်က ခွင့်လွှတ်လွှာ (indulgence) တွေ ရောင်းတဲ့ကိစ္စဖြစ်ပါတယ်။ (ခွင့်လွှတ်လွှာဆိုတာက အပြစ်ရှိပေမယ့် ဒဏ်က ကင်းလွတ်စေသတည်းလို့ ကျောင်းတော်က ရွေးနုတ်ပေးတယ်။ ဒဏ်ကျရင်လည်း စတိလောက် အချိန်တိုတိုပဲခံရအောင် ပြောပေးမယ်ဆိုတဲ့သဘောဖြစ်တယ်။)

လူသာက ၃၁ အောက်တိုဘာ ၁၅၁၇ မှာ နာမည်ကျော်စွဲချက် ကိုးဆယ့်ငါးချက် (Ninety-five Theses) ရေးပြီး ဝတ်တင်ဘာ့ခ်ကျောင်းတော်တံခါးမှာ သွားပြီးချိတ်ဆွဲခဲ့တယ်။ ကျောင်းတော်ရဲ့သိမ်ဖျင်းယုတ်ညံ့တဲ့ အမူအကျင့်တွေကို အထွေထွေ စာရင်းလုပ်ပြီး အပြင်းအထန် ရှုတ်ချတဲ့အပြင် ခွင့်လွှတ်လွှာရောင်းချတာကို အတိအကျ ဖော်ထုတ်တိုက်ခိုက်ပါတယ်။ စွဲချက်ကိုးဆယ့်ငါးချက် မိတ္တူတစ်စောင်ရေးကူးပြီး မိန့်(Mainz) သာသနာပိုင်ချုပ်ဆီကိုပို့တယ်။ နောက် ဒီစွဲချက်တွေကို ပုံနှိပ်ပြီး နယ်တွင်းအနှံ့အပြား ပေးဝေပါသေးတယ်။

လူသာရဲ့ ကျောင်းတော်ကို ကန့်ကွက်ချက်ဟာ တဖြည်းဖြည်း ကြီးကျယ်လာပြီး ရဟန်းမင်းရဲ့ Pope ဩဇာကိုမခံလို့ အတိအလင်းပြောတဲ့အထိ ဖြစ်လာပါတယ်။ ကျောင်းတော်ရဲ့ ကောင်စီချုပ် (General Church Council) တွေကိုပါ မလေးစားနိုင်တော့ပါ။ သမ္မာကျမ်းစာတစ်ခုတည်းကိုသာ ရှေ့ဆောင်လမ်းပြသုံးမယ်၊ ရိုးရိုးအတွေးနဲ့ ဟုတ်မဟုတ် ဆုံးဖြတ်မယ်လို့ ပြောတဲ့အထိ ဖြစ်လာတယ်။ ကျောင်းတော်က ဘယ်နည်းနဲ့မှ ဒါမျိုးကို ကျေကျေနပ်နပ် လက်သင့်ခံမှာမဟုတ်ပါ။

လူသာကို ကျောင်းတော်အရာရှိတွေက ရှေ့မှောက်ကိုလာရမယ်လို့ ဆင့်ခေါ်ပြီး အကြိမ်ကြိမ် စစ်ဆေးကြားနာပြီး အယူကိုစွန့်(recant) ဖို့ အမိန့်ချတယ်။ နောက်ဆုံး မိစ္ဆာဒိဋ္ဌိလို့ စွပ်စွဲပြီး ဝမ်းလွှတ်တော် (Diet of Worms) က ၁၅၂၁ မှာ ဥပဒေချိုးဖောက်သူ (Outlaw) လို့ ဆုံးဖြတ်ပြီး သူရေးသမျှကို ဖျက်ဆီးရမယ်လို့ ကြေညာပါတယ်။ ဒီလိုအရေးယူခံရပြီဆိုရင် လူသာကို ကားစင်တင်ပြီး မီးလောင်တိုက်သွင်းဖို့ပဲ ရှိပါတော့တယ်။ ဒါပေမဲ့ ဂျာမန်လူမျိုးအများကြီးက သူ့ကိုထောက်ခံတယ်။ နယ်ရှင်ပယ်ရှင် တန်ခိုးကြီးမင်းသားကြီးတချို့လည်း သူ့ဘက်သားတွေဖြစ်နေတယ်။

လူသာဟာ တစ်နှစ်လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်။ သူ့ကို ဂျာမနီမှာ အားပေးသူများလို့ ကြီးကျယ်တဲ့အပြစ်ဒဏ် မပေးရဲပါ။ လူသာကလည်း စာရေးတဲ့နေရာမှာ သိပ်သွက်တယ်။ သူရေးသမျှဟာ လူအများလိုက်နာအောင် ဆွဲဆောင်နိုင်တယ်။ ဩဇာရှိတယ်။ သူရေးတဲ့ကျမ်းတွေထဲမှာ အရေးအပါဆုံးကတော့ သမ္မာကျမ်းကို ဂျာမန်ဘာသာပြန်ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီကျမ်းကြောင့် စာတတ်သူတိုင်း ကျမ်းစာတွေကို ကျောင်းတော်(Church) နဲ့ ဘုန်းကြီး (Priests) မပါဘဲ ဖတ်နိုင်ပါတယ်။ လူသာရဲ့ဘာသာပြန်ဟာ ဂျာမန်ဘာသာစကားနဲ့စာပေကို အများကြီးကျေးဇူးပြုနိုင်တဲ့ ကျမ်းဖြစ်လာပါတယ်။

လူသာရဲ့ကျမ်းဂန်အယူအဆကို အခုလို အတိုကလေးရှင်းရုံနဲ့ ဘယ်လိုမှ နားမလည်နိုင်ပါ။ သူ့သော့ချက်ကတော့ ‘ယုံကြည်ချက်တစ်ခုတည်းနဲ့ အရာရာကို ကောင်းလှပြီလို့ မဆုံးဖြတ်သင့်’ ဆိုတဲ့အချက် ဖြစ်ပါတယ်။ အဲဒီတွေးတောချက်ကို လူသာက စိန့်ပေါလ်ရေးတဲ့စာတွေထဲမှာ တွေ့ရှိတယ်။ ဒါကို ဆုပ်ကိုင်ထားတယ်။ လူသာက လူ့သဘာဝဟာ ပင်ကိုကပဲ အပြစ်နဲ့ညစ်နွမ်းနေလို့ ကောင်းတဲ့အလုပ်တစ်ခုတည်းနဲ့ ငရဲမှ ကင်းလွတ်တော့လို့ မကယ်နိုင်။ လွတ်မြောက်ခြင်း (Salvation)ကို ယုံကြည်မှုက ရမယ်။ ထာဝရဘုရား (God selling indulgences) သာလျှင် ကယ်တင်နိုင်တယ်။

ဒီလိုဆိုရင် ကျောင်းတော်က ကင်းလွတ်ခွင့် ရောင်းနေဖို့မသင့်၊ အကျိုးမရှိ။ အမှန်ကိုပြောရင် ခရစ်သာသနာဝင်တစ်ဦးနဲ့ ထာဝရဘုရားကြားမှာ ကျောင်းတော်ဟာ မရှိမဖြစ်၊ ကြားကနေရမယ်လို့ အစဉ်အလာယူဆတာဟာ မှားတယ်။ လူသာရဲ့အယူကိုလိုက်ရင် ရောမကက်သလစ်ကျောင်းတော်ရဲ့ ဖြစ်ပျက်ခြင်း မူလအကြောင်းအရာ (raison detre) ဟာ တစ်ခါတည်း တစ်ချက်တည်း ပျက်စီးတိမ်ကောသွားမယ်။ ကျောင်းတော်မရှိလျှင် ဖြစ်တယ်လို့ပြောတဲ့အပြင် ကျောင်းတော်ရဲ့ ယုံကြည်ဆောင်ရွက်ချက်များစွာကို အတိအကျဖော်ပြပြီး ဆက်လက်မလုပ်သင့်ကြောင်း ပြောဆိုတယ်။

ဥပမာ – အပြစ်ကစင်ကြယ်သွားအောင် ပြုပြင်ပေးတဲ့နေရာရယ်လို့ နေရာသီးခြားရှိ။ ဘုန်းကြီး (ကလာဂျီ clergy) တွေ အိမ်ထောင်မပြုရလို့ တားဆီးတာတွေကို မပြုရလို့ ပြောပါတယ်။ သူကိုယ်တိုင်လည်း အရင်က သီလရှင်နန်း (nun) လူထွက်တစ်ယောက်ကို လက်ထပ်ပြီး ကလေးခြောက်ယောက်ရပါတယ်။ လူသာဟာ သူ့ဇာတိမြို့ဖြစ်တဲ့ အိုင်စဲဗဲန်မှာပဲ ၁၅၄၆ မှာ ကွယ်လွန်သွားပါတယ်။

မာတင်လူသာဟာ အမှန်ကတော့ ပေါ်ပေါက်လာတဲ့ကန့်ကွက်သူ (protestant) အမည်ခံ တွေးခေါ်ပညာရှင်တစ်ယောက် မဟုတ်ပါ။ သူ့ထက်နှစ်တစ်ရာစောပြီး ကျောင်းတော်ကိုဝေဖန်သူ ယန်ဟာ့စ် (Jan Hus) ဟာ ဘိုးဟေးမီးယား (Bohemia) မှာ ပေါ်ခဲ့တယ်။ တစ်ဆယ့်လေးရာစုနှစ်တုန်းက အင်္ဂလန်မှာ ပညာရှင် ဂျွန်ဝိကလစ် (John Wycliffe) ဟာ ကျောင်းတော်ကို ဝေဖန်ဖူးတယ်။ တစ်ဆယ့်နှစ်ရာစုနှစ်က ပြင်သစ်အမျိုးသား ပီတာဝါလ်ဒို (Peter Waldo) ကို အစောဆုံးကန့်ကွက်သူလို့ အမှန်တကယ်ခေါ်ရမှာပါ။

ဒါပေမယ့် အဲဒီလို ရှေးကပြောဆိုလှုပ်ရှားခဲ့တာတွေက မကျယ်ပြန့်၊ ဒေသအလိုက် ကွက်ကွက်ကလေးပဲ ရှိခဲ့တယ်။ ၁၅၁၇ ရောက်တဲ့အခါမှာတော့ ကက်သလစ်ကျောင်းတော်ကို မကျေနပ်သူတွေက နေရာအနှံ့ဆိုသလို အများအပြားရှိနေပြီဖြစ်လို့ လူသာပြောလိုက်တဲ့စကားတွေက သံကြိုးကွင်းဆက်လို အနှံ့အပြား အကွာအဝေး မီးထတောက်ပောင် မီးတို့ပေးသလိုဖြစ်ပြီး ဥရောပအနှံ့ ပျံ့သွားပါတယ်။ ဒါကြောင့် လူသာကိုပဲ ပြုပြင်ရေးကိုအစပြုတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်လို့ ခေါ်သင့်ခေါ်ထိုက်ပါတယ်။

ပြုပြင်ရေး (Reformation) ရဲ့အဆက်၊ အထင်ရှားဆုံးဖြစ်ရပ်ကတော့ ကန့်ကွက်ဂိုဏ်း (Protestant Sect) တွေ အများကြီးပေါ်ပေါက်လာပါတယ်။ အမှန်တကယ်က ကန့်ကွက်ဝါဒ (Protestantism) ဟာ ပင်မဖြစ်တဲ့ ခရစ်ဝါဒရဲ့ အကိုင်းအခက်တစ်ခု ဖြစ်တယ်။ ဒါပေမယ့် အကိုင်းအခက်တွေ အင်မတန်များတယ်လို့ မပြောနိုင်ပါ။ ဒါပေမယ့် အခြားအယူဝါဒအများစုထက် ပိုပြီးများပါတယ်။ ပြုပြင်ရေးရဲ့ ဒုတိယအရေးပါတဲ့အကျိုးသက်က ဥရောပမှာ သာသနာရေးစစ်ပွဲတွေ အနှံ့အပြား ပေါ်ပေါက်ခဲ့ပါတယ်။ (နမူနာပြောရရင် ၁၆၁၈က ၁၆၄၈ ထိ ဂျာမနီမှာ ပေါ်ပေါက်ခဲ့တဲ့) နှစ်သုံးဆယ်စစ် (Thirty Years War) ဟာ အင်မတန်ရိုင်းစိုင်းရက်စက်တဲ့ သတ်ဖြတ်ပွဲကြီးတစ်ခုဖြစ်ခဲ့ပါတယ်။

တကယ်တိုက်ခိုက်တဲ့ စစ်တွေအပြင် ကက်သလစ်နဲ့ ပရိုတက်စတင့်နိုင်ငံရေးမှာ ပြိုင်ဆိုင်ကြတာတွေပဲ ဥရောပမှာ နောက်ထပ် နှစ်ပေါင်းရာနဲ့ချီပြီး အချိန်အကြာကြီး ဖြစ်ပွားနေပါတယ်။ ပြုပြင်ရေးဟာ အနောက်ဥရောပမှာ ဉာဏ်ပညာ ထွန်းကားလာခြင်းကို ပေါ်ပေါက်စေတဲ့ အကြောင်းအချက်ထဲမှာ အရေးပါပြီး ထက်မြက်တဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ရောမကက်သလစ်ကျောင်းတော်အမည်နဲ့ ၁၅၁၇ မတိုင်မီက အများအသိမှတ်ပြုပြီး ခိုင်ခန့်တည်မြဲတဲ့ ကျောင်းတော်ဆိုလို့ ဒီတစ်ခုပဲရှိပြီး အဲဒီကျောင်းတော်ကဖဲ့ထွက်သူပေါ်ကို မိစ္ဆာဒိဋ္ဌိ (heretics) လို့ သတ်မှတ်လိုက်တယ်။

ဒီအခြေအနေအတိုင်းဆိုရင် လွတ်လပ်စွာတွေးခေါ်လို့မဖြစ်၊ ဒါမျိုးကို အားမပေး အခွင့်မပြုဆိုသလို အဟန့်အတားဖြစ်နေတယ်။ ပြုပြင်ရေးပြီးချိန်ကစပြီး နိုင်ငံပေါင်းများစွာမှာပဲ ယုံကြည်မှုမှာ လွတ်လပ်စွာ တွေးခေါ်ရမယ်ဆိုတဲ့ အခြေခံသဘောကို လက်ခံလာကြပြီး တခြားအကြောင်းအရာတွေမှာပဲ အနှောင့်အယှက်မရှိ၊ အန္တရာယ်ကင်းတယ်လို့ တွေးခေါ်လာကြတယ်။ သတိပြုသင့်တဲ့ တခြားအကြောင်းအချက်တစ်ခု ရှိပါသေးတယ်။ ဒီကျော်စွာတစ်ရာစာရင်းမှာ အများစုက ဂရိတ်ဗြိတိန်ကပုဂ္ဂိုလ်တွေဖြစ်ပြီး ဂျာမနီက ဒုတိယလိုက်ပါတယ်။

အဲဒါအပြင် ဒီစာရင်းပါလူတွေအများစုက မြောက်ဥရောပနဲ့ အမေရိကမှာ ရှိတဲ့ပရိုတက်စတင့်နိုင်ငံတွေက လူတွေပဲများနေတယ်။ အဲဒါအပြင် ဂုတန်ဗတ် နဲ့ ရှားလမိန်တို့နှစ်ဦးပဲ ၁၅၁၇ မတိုင်မီကပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။အဲဒီတော့ ထင်ရှားလာတဲ့အချက်က ပရိုတက်စတင့်ဝါဒခေါ်တဲ့ ပြုပြင်ရေးဟာ အရင်အနှစ် ၄၅၀ အတွင်းက အင်မတန်ထင်ရှားတဲ့လူတွေ အများကြီးပေါ်လာအောင် စေ့ဆော်ပေးခဲ့တယ်လို့ တစ်နည်းတစ်လမ်း ပြောရမလိုဖြစ်နေပါတယ်။ ဒီဒေသတွေမှာ ဉာဏ်ကို လွတ်လပ်ကျယ်ပြန့်စွာ တွေးနိုင်ခွင့်ရှိလို့ဆိုတဲ့ အချက်ဟာ အင်မတန် အရေးပါတဲ့ အခြင်းအရာတစ်ခု ဖြစ်လာပါတယ်။

လူသာကို အပြစ်ကင်းစင်သူလို့ မပြောနိုင်ပါ။ သူကိုယ်တိုင်က သာသနာရေးမှာ အရာရောက်သူ၊ အာဏာပိုင်တွေကို တော်လှန်ပုန်ကန်ခဲ့ပေမယ့် သာသနာရေးဆွေးနွေးရာမှာ သူနဲ့သဘောမတူတဲ့လူတွေကို နည်းနည်းမှ သည်းခံပြောဆိုလေ့ မရှိသူဖြစ်ပါတယ်။ သူ့ရဲ့ သည်မခံစိတ်ကိုအတုယူပြီး ဂျာမနီမှာ သာသနာရေးစစ်တိုက်ကြတဲ့အခါ သိပ်ပြင်းထန်ရက်စက်ကြတယ်လို့ပြောရင် ဖြစ်နိုင်တယ်။ ဘာပြုလို့လဲဆိုတော့ အင်္ဂလန်လိုနေရာမှာတော့ ဂျာမနီမှာလောက် ပြင်းထန်ရက်စက်ခြင်း မရှိပါ။

ပြီးတော့ လူသာဟာ ဆိမိတစ်ဆန့်ကျင်ရေး (Anti-Semitic) မှာလည်း ပြင်းထန်ရက်စက်တယ်။ အဲဗဒါကြောင့် နောင်အခါ နှစ်ဆယ်ရာစုနှစ်အတွင်း ဂျာမနီမှာ ဟစ်တလာခေတ်အတွက် လမ်းခင်းပေးသလို ရှိမယ်လို့လည်း တွေးထင်နိုင်ပါတယ်။ လူသာဟာ မကြာခဏ တရားရုံးတော်ရဲ့အာဏာကို လေးစားဖို့လိုကြောင်း အလေးအနက်ပြောလေ့ရှိတယ်။ အဲဒါ ဘာကြောင့်လဲဆိုရင် ကျောင်းတော် (Church) က အစိုးရအုပ်ချုပ်ရေအာဏာကို လွှမ်းမိုးချယ်လှယ်ခဲ့တာကို ဦးတည် တိုက်ခိုက်လိုတဲ့အတွက် ဖြစ်ဟန်တူပါတယ်။

ပြုပြင်ရေး (reformation) ဟာ ဓမ္မသဘော ငြင်းခုံတာသက်သက် မဟုတ်ဘူး။ ဂျာမနီအမျိုးသားသူပုန်တွေ ရောမလွှမ်းမိုးနေတာကို တိုက်ဖျက်တဲ့ပွဲလို့လည်း ယူဆရမှာဖြစ်တယ်။ အဲဒါကြောင့် လူသာကို ဂျာမနီက မင်းသားတွေ ကူညီရိုင်းပင်းကြတာဖြစ်တယ်။ လူသာရဲ့ မူလရည်ရွယ်ချက်ကို ထောက်ထားနေစရာမလိုဘဲ သူပြောသမျှဟာ ဂျာမနီပရိုတက်စတင့်တွေကို နိုင်ငံရေးရာမှာ အာဏာရှင်စနစ် (absolution) ကို လက်ခံကျင့်သုံးပါလို့ ပြောသလို ဖြစ်နေပါတယ်။ တစ်နည်းပြောတော့ လူသာရေးသားခဲ့တာတွေဟာ ဟစ်တလာခေတ်ကို လမ်းခင်းပေးသလို ဖြစ်လာပါတယ်။

တချို့လူတွေက မာတင်လူသာကို ဘာပြုလို့ကျော်စွာစာရင်းမှာ ခုထက်မြင့်တဲ့နေရာကို မပေးသလဲလို့ မေးကောင်းမေးမယ်။ ဘာပြုလို့လဲဆိုရင် ပထမအချက်က လူသာဟာ ဥရောပတိုက်သား၊ အမေရိကတိုက်သားတွေအဖို့ သိပ်အရေးပါတာမှန်ပေမယ့် အာရှတိုက်သား၊ အာဖရိကတိုက်သားတွေအဖို့ နှိုင်းယှဉ်ပြောရင် သူတို့အထဲမှာ ခရစ်ယာန်သာသနာဝင် နည်းတဲ့အတွက် သိပ်ပြီးအရေးမပါဘူး။ တရုတ်၊ ဂျပန်၊ ကုလားဆိုရင် ကက်သလစ်ဖြစ်ဖြစ်၊ ပရိုတက်စတင့်ဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး မတူကွဲပြားခြားနားတယ်လို့ မသိဘူး။ (ဥရောပတိုက်သားတွေက အစ္စလာမ်ရဲ့ စွန်နီ (Sunni) နဲ့ ရှီအိုက် (Shiite) ခြားနားချက်ကို မသိကြသလိုရှိမှာပါပဲ။ )

ဒုတိယအချက်က လူသာဟာ သမိုင်းစံနှုန်းအရ ပေါ်လာတာ မကြာသေးပါ။ ဒါကြောင့် လူ့သမိုင်းမှာ သူ့အရှိန်ဩဇာဟာ မိုဟာမက်၊ ဗုဒ္ဓ၊ မိုးဇက်တို့လောက် မရှိနိုင်ပါ။ အဲဒါအပြင် အရင်ရာစုနှစ်တချို့မှာ အနောက်နိုင်ငံတွေမှာ ကိုးကွယ်ယုံကြည်မှုဘက်က အင်အားဆွဲဆောင်မှုကျဆင်းပြီး၊ လူမှုရေးကိစ္စတွေမှာ ယုံကြည်မှုကို အရင်အနှစ်တစ်ထောင်မှာထိ ပါထားခဲ့တာမျိုး နောက်နှစ်တစ်ထောင်မှာ မထားကြတော့ပါ။ ကိုးကွယ်ယုံကြည်မှု ဆက်လက်ပြီး ယုတ်လျော့နေရာ၊ လူသာကို အခုခေတ်သမိုင်းဆရာတွေက အလေးဂရုထားတာထက်၊ နောက်တစ်ခေတ် သမိုင်းဆရာတွေက လေးစားမှုဆက်ပြီး ပိုပြီးနည်းသွားမှာဖြစ်ပါတယ်။

နောက်ဆုံးပြောရမယ့်ချက်က တစ်ဆယ့်ခြောက်၊ တစ်ဆယ့်ခုနစ်ရာစုနှစ်တွေက ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး ငြင်းခုံကြတာနဲ့ ခေတ်အပြိုင်လူတွေအပေါ်မှာ ရေရှည်အကျိုးပြုတဲ့သိပ္ပံပညာ စတင်ထွန်းကားနေပြီဖြစ်လို့ ခေတ်ပြိုင်လူသာ (Luther) နဲ့ ကော်ပါးနိကပ်စ် ယှဉ်တဲ့အခါ လူသာဟာ တစ်ဦးချင်းအနေနဲ့ ပရိုတက်စတင့် ပြုပြင်ရေးမှာ တွင်ကျယ်ခဲ့ပေမယ့် သိပ္ပံတော်လှန်ရေးမှာ ကော်ပါးနိကပ်စ်က ပိုပြီးတွင်ကျယ်လို့ စာရင်းထဲမှာ ရှေ့ကို ရောက်သွားရပါတယ်။

ဒေါက်တာသန်းထွန်း
ကျော်စွာ ၁၀၀

ကို Kyaw Min Htwe မှ

Leave a Reply