တီတီကာကာ ေရကန္ႀကီး ေအာက္က ၿမုိ႕ေတာ္ေဟာင္း

Posted on

ေတာင္အေမရိကတိုက္ ၊ဘုိလစ္ဗီးယားနိုင္ငံမွာတည္ရွိတဲ့ Titicaca ေရကန္ၾကီးဟာ လြန္ခဲ့တဲ့နွစ္ေထာင္ေပါင္းမ်ားစြာ ကတည္းက တည္ရွိေနတာျဖစ္ျပီး ေတာင္အေမရိက ေရွးသမိုင္းေၾကာင္းရဲ့ သမိုင္းဝင္အေမြ အနွစ္မ်ားစြာျမစ္ဖ်ားခံရာေနရာလည္းျဖစ္ပါ တယ္။ Titicaca ေရကန္ၾကီးဟာေတာင္အေမရိကတိုက္ရဲ့ အၾကီးဆံုးေရအိုင္ျဖစ္ျပီး ယင္းေအာက္မွာ နစ္ျမဳပ္ေနတဲ့ ေရွေဟာင္းအေမြအနွစ္မ်ားစြာကို ယေန႔တိုင္ပညာရွင္ မ်ားဆက္လက္ရွာေဖြေနရဆဲေနရာျဖစ္ပါတယ္။

ယင္းအေမြအနွစ္ေတြအနက္ Titicaca ေရကန္ရဲ့ အထင္ရွားဆံုးေသာ အပိုင္းကေတာ့ ေရကန္ေအာက္ကို လြန္ခဲ့တဲ့နွစ္ေထာင္ေက်ာ္ကာလ ကတည္းက နစ္ျမဳပ္ေနတဲ့ ျမိဳ႕ေတာ္ေဟာင္းရဲ့ အေၾကာင္းအရာေတြပဲျဖစ္ပါတယ္။Tiquina ျမိဳ႕ကေန (၅)မိနစ္ေလာက္ ကားနဲ႔သြားရံုနဲ႔ Titicaca ေရကန္ရဲ့ကမ္းစပ္ကို စတင္ေရာက္ရွိနိုင္မွာျဖစ္ျပီး ယင္းေနရာမွာပဲ လြန္ခဲ့တဲ့နစ္မ်ားစြာတည္းက Titicaca ေရကန္ၾကီးရဲ့ ေအာက္ၾကမ္းျပင္မွာ နစ္ျမဳပ္ေနတဲ့ေရွေဟာင္းျမိဳ႕ေတာ္တစ္ခုကိုေလ့လာေနတဲ့ေရွးေဟာင္းသုေသသနပညာရွင္ အဖြဲ႔ေတြကိုျမင္ေတြ႔နိုင္ပါတယ္။

ပညာရွင္ေတြဟာ ေရေအာက္ကိုနစ္ျမဳပ္ေနတဲ့ ျမိဳ႕ေတာ္ေဟာင္းကို လြန္ခဲ့တဲ့(၁၀)နွစ္တာကာလတည္းက ေတြ႔ရွိခဲ့တာျဖစ္ျပီး စတင္ေတြ႔ရွိသူကေတာ့ ဘယ္ဂ်ီယံနိုင္ငံသားပညာရွင္ Christophe Delaere ျဖစ္ပါ တယ္။ အမွန္ကေတာ့ ဒီေရကန္ၾကီးေအာက္မွာ ျမိဳ႔တစ္ျမိဳ႔ရွိတယ္ဆိုတဲ့ အေၾကာင္းဟာ ေဒသခံေတြရဲ့ ပါးစပ္ရာဇဝင္ေတြအျဖစ္ နွစ္မ်ားစြာအၾကာကတည္းက ရွိေနခဲ့တာျဖစ္ ျပီး Christophe Delaere ကလက္ေတြ႔ သက္ေသျပနိုင္ခဲ့တာျဖစ္ပါတယ္။

ယင္းျမိဳ႕ေဟာင္း ကိုစတင္ရွာေဖြခ်ိန္ကတည္းက ေရွးေဟာင္းသုေသသနပညာရွင္ေတြဟာ ေရငုပ္သမား(၂၄) ေယာက္နဲ႔အတူ ေဒသခံေတြရဲ႕ ရိုးရာနည္းပညာေတြကို ေပါင္းစပ္ရွာေဖြနိုင္ခဲ့တာ လည္းျဖစ္ပါတယ္။ ယင္းေရွးေဟာင္းျမိဳ႕ေတာ္ၾကီးရဲ့ အေရးပါဆံုးအပိုင္းကို Dantiago de Ojjelaya အရပ္မွာေတြ႔ျမင္ရမွာျဖစ္ျပီး ဘိုလစ္ဗီးယားအစိုးရကေတာ့ ယင္းေနရာ မွာျပတိုက္တစ္ခု တည္ေဆာက္ဖို႔ သေဘာတူညီထားပါတယ္။ ရည္ရြယ္ခ်က္ကေတာ့ Titicaca ေရကန္ရဲ့ေရေပၚေရေအာက္ သယံဇာတေတြကို ထိန္းသိမ္းနိုင္ရန္နဲ႔ Dantiago de Ojjelaya ေဒသ ဖြံျဖိဳးေရးအတြက္ျဖစ္ပါတယ္။

အစိုးရရဲ့ရည္ရြယ္ခ်က္ကို (၂၀၂၀) မွာအျပီးသတ္နိုင္ဖို႕ရည္ရြယ္ထားျပီး အေမရိကန္ေဒၚလာ(၁၀)သန္းေလာက္ ကုန္က် မယ္လို႔ရည္မွန္းထားပါတယ္။ ကုန္က်စရိတ္အားလံုးကို ဘိုလစ္ဗီးယားအစိုးရနဲ႔အတူ ကမာၻကုလသမဂၢေရွးအေမြအနွစ္ထိန္းသိမ္းေရးအဖြဲ႔(UNESCO)နဲ႔ ဘယ္ဂ်ီယံအေျခစိုက္ ဖြံျဖိဳးတိုးတက္ေရးဆိုင္ရာ ေအဂ်င္စီေတြက က်ခံေပးမွာလည္းျဖစ္ပါတယ္။ အက်ယ္အဝန္း ၂.၃ Acres (၉၃၆၀ စကြဲယားမီတာ)ကိုျပတိုက္အေဆာက္အဦးအျဖစ္ တည္ေဆာက္သြားမွာျဖစ္ျပီး အပိုင္း(၂)ပိုင္းခြဲျပီး တည္ေဆာက္သြားမွာလည္း ျဖစ္ပါတယ္။

အေဆာက္အဦးရဲ့ပထမအပိုင္းကို Titicaca ေရကန္ရဲ့ကမ္းစပ္မွာ တည္ေဆာက္သြားမွာျဖစ္ျပီး ဒုတိယပိုင္းကိုေတာ့ ကန္ရဲ့ေရေအာက္ၾကမ္းျပင္မွာ ေရေအာက္ျပတိုက္သ႑န္တည္ေဆာက္သြားမွာျဖစ္ပါတယ္။ လာေရာက္ၾကည့္ရႈသူေတြအေနနဲ႔ ျပတိုက္ရဲ့ ပထမအပိုင္း မွာေတာ့ ျမိဳ႕ေဟာင္းကေနတူးေဖာ္ရရွိတဲ့ လက္မႈအနုပညာပစၥည္းေတြကို ေလ့လာနိုင္ မွာျဖစ္ျပီး ဒုတိယအပိုင္းျဖစ္တဲ့ေရေအာက္မွာတည္ေဆာက္ထားတဲ့အလြန္ၾကီးမားတဲ့ဖန္သားမ်က္နွာျပင္ ကေန ေရေအာက္ျမိဳ႕ေတာ္ကိုအနီးကပ္ ေလ့လာနိုင္ပါတယ္။

ဘိုလစ္ဗီးယားအစိုးရတာဝန္ရွိသူတစ္ဦး ျဖစ္တဲ့ Wilma Alanoca Mamani ကေတာ့ ဒီျပတိုက္ဟာ Titicaca ေရကန္ဆိုင္ရာ ေရွးအေမြ အနွစ္အားလံုးရဲ့ ပညာရပ္ဆိုင္ရာဗဟိုခ်က္မျဖစ္ျပီး ဒီေဒသရဲ့ ပထဝီဝင္၊ဇီဝေဗဒ ပညာရပ္ေတြကို ေလ့လာနိုင္ဖို႔ အေကာင္းဆံုးေနရာျဖစ္တယ္လို႔ ဆိုျပီး ကမာၻအရပ္ရပ္ က ကၽြမ္းက်င္သူပညာရွင္မ်ားကို ဖိတ္ေခၚထားတာကိုေတြ႔ရပါတယ္။ ေရေအာက္ျမိဳ႕ေတာ္ကိုစတင္ေတြ႔ရွိခဲ့တဲ့ ဘယ္ဂ်ီယံနိုင္ငံသားပညာရွင္Christophe Delaere ကေတာ့ ယခုတည္ေဆာက္မဲ့ျပတိုက္ရဲ့ ဒီဇိုင္းပံုကို ေရွးအင္ကာအင္ပါယာ ေခတ္ကတည္းက လႊမ္းမိုးခဲ့တဲ့ Andean ယဥ္ေက်းမႈကို အေျခခံတည္ေဆာက္သြား မွာျဖစ္ျပီး လာေရာက္ေလ့လာသူေတြအနနဲ႔ ဒီအရပ္မွာရွင္သန္ခဲ့ဖူးတဲ့ လူအဖြဲ႔အစည္း တစ္ခုရဲ့ ယဥ္ေက်းမႈနဲ႔ စရိုက္ကို ထင္ဟပ္ေစမွာပါလို႔ဆိုပါတယ္။

ေရွးယခင္ကေတာ့ လူေနအေဆာက္အဦးေတြနဲ႔ ဘာသာေရးအေဆာက္အအံုေတြဟာ အခိုင္အမာတည္ရွိ ေနခဲ့တာျဖစ္ေပမဲ့ ေရလႊမ္းမိုးမႈဒဏ္ေၾကာင့္ ပ်က္စီးခဲ့ရပါတယ္။ယင္းအနက္ ဘာသာေရးဆိုင္ရာ အေဆာက္အအံုေတြကေတာ့ ေရတိုက္စားမႈအျပင္ အျခားအနည္ က်ပစၥည္းေတြ စုပံုလာတဲ့အတြက္ တေျမ့ေျမ့ပ်က္စီးသြားခဲ့တာျဖစ္ေၾကာင္း ေလ့လာ မႈေတြအရ ေတြ႔ရွိရပါတယ္။ Titicacaကန္ရဲ့ ကမ္းစပ္တစ္ေလ်ာက္မွာလည္း ျပိဳပ်က္ ေနျပီျဖစ္တဲ့ ေရွးေဟာင္းအင္ကာေတြရဲ့ အေဆာက္အအံုမ်ားစြာရဲ့ အစိတ္အပိုင္းေတြ ကိုျမင္ေတြ႔ရပါတယ္။

ဘယ္ဂ်ီယံနဲ႔ ဘိုလစ္ဗီးယား ေရွးေဟာင္းသုသေသနပညာရွင္ေတြရဲ့ ေရေအာက္ကြင္း ဆင္းေလ့လာခ်က္ေတြအရေတာ့ ေနာက္ထပ္ေထာင္ေပါင္းမ်ားစြာေသာ ေရေအာက္ အေမြအနွစ္ဆိုင္ရာေနရာေတြဟာ Titicacaကန္အတြင္း က်န္ရွိေနေသးတယ္လို႔သိရျပီး သူတို႔အေနနဲ႔ ယင္းပစၥည္းေတြရဲ့အစိတ္အပိုင္းအခ်ိဳကုိသာ ယူေဆာင္လာနိုင္တာျဖစ္ျပီး အဓိကအရာမ်ားစြာေရေအာက္မွာ က်န္ရွိေနေသးတယ္လို႔ဆိုပါတယ္။ အဲဒီ ေရွးေဟာင္းလက္ရာေတြဟာလည္း အခ်ိန္မီထိန္းသိမ္းဖို႔လိုအပ္ေနတယ္လို႔ ဆိုပါတယ္။

ယခုအခ်ိန္ထိ Titicacaေရကန္အတြင္းကေန ေရႊနဲ႔ျပဳလုပ္ထားတဲ့ လူအသံုးအေဆာင္ ေတြ၊ေလးျမွားလက္နက္ေတြ ေၾကြနဲ႔ျပဳလုပ္ထားတဲ့ စားစရာ၊ထည့္စရာ ခြက္မ်ားစြာနဲ႔ ပစၥည္းေပါင္း(၁၀၀၀၀) ေက်ာ္ေလာက္ကို ေတြ႔ရွိျပီးျဖစ္ပါတယ္။ ယခုေတြ႔ရွိတဲ့ ပစၥည္းေတြထဲမွာေတာ့ ေရွးအင္ကာေခတ္မတိုင္ခင္ေခတ္ျဖစ္တဲ့ Tiwanaku အင္ပါယာ ထြန္းကားစဥ္ကတည္းက အသံုးျပဳခဲ့တဲ့ပစၥည္းေတြ ပါဝင္ျပီး ဒီပစၥည္းေတြရဲ့ သက္တမ္းဟာ နွစ္ေပါင္း ၁၅၀၀ခန္႔ ရွိမယ္လို႔လည္း ပညာရွင္ေတြ က တြက္ခ်က္ထားပါတယ္။

ဒါအျပင္ သမိုင္းမွာထင္ရွားခဲ့တဲ့ Andean လူအဖြဲ႕အစည္း ေတြရဲ့မူရင္းဟာ Tiwanaku အင္ပါယာကာလကတည္းက ရွိခဲ့တဲ့လူအဖြဲ႔အစည္းေတြ အနက္တစ္ခုျဖစ္တယ္လို႔ ပညာရွင္ေတြကခန္႔မွန္းထားၾကပါတယ္။ Tiwanaku ဆိုတာကေတာ့ ဘိုလစ္ဗီးယားသမိုင္းရဲ့ အေရးပါတဲ့ လူမ်ိဳးႏြယ္စုဝင္ေတြ ျဖစ္ျပီး Tiwanaku အင္ပါယာရဲ့ျမိဳ႔ေတာ္ဟာ ပင္လယ္ေရမ်က္နွာျပင္ထက္(၁၃၀၀၀)ေပ ေလာက္ျမင့္မားျပီး Titicaca ေရကန္ရဲ့ အနီးမွာပဲတည္ခဲ့တာပဲ ျဖစ္ပါတယ္။

ေတာင္အေမရိက သမိုင္းမွာေတာ့ တည္ေထာင္ခဲ့တဲ့ျမိဳံျပနိုင္ငံေတြအနက္ Tiwanaku ေတြဟာ အျမင့္ဆံုးေသာ ျမိဳံ႕ေတာ္ကိုတည္ေဆာက္ခဲ့ၾကတယ္လို႔ဆိုရပါမယ္။ Tiwanakuျမိဳ႕ ေတာ္ကို Tiwanaku အင္ပါယာတန္ခိုးၾသဇာအၾကီးဆံုးကာလျဖစ္တဲ့ (၅၀၀)AD ကေန (၁၀၀၀)AD အၾကားတည္ေဆာက္ခဲ့တာျဖစ္ျပီး လူေပါင္း(၁၀၀၀၀)ေလာက္ေနထိုင္ခဲ့ ၾကပါတယ္။ ေလ့လာခ်က္ေတြအရေတာ့ Tiwanakuအင္ပါယာမတိုင္ခင္ (၂၀၀၀)BC ေလာက္ကတည္းက လူအဖြဲ႔အစည္းတစ္ခ်ိဳ႕ဟာ Titicacaေရကန္ရဲ့အနီးဝန္းက်င္မွာ အေျခခ်ေနထိုင္ခဲ့တယ္လို႔ သိရပါတယ္။

Tiwanakuအင္ပါယာ ေပၚထြန္းလာခ်ိန္မွာ ေတာ့ပတ္ဝန္းက်င္ေဒသ တစ္ခုလံုးမွာရွိတဲ့ လူမ်ိဳးႏြယ္စုေတြအားလံုးကို သိမ္းသြင္း ခဲ့ပါတယ္။ Tiwanaku ရဲ့အမွတ္အသားတစ္ခုကေတာ့ ယေန႔အခ်ိန္ထိ သိပၸံပညာရွင္ေတြ က ယင္းကာလကဘယ္လိုနည္းနဲ႔ အသံုးခ်ခဲ့တယ္ဆိုတာ တိတိက်က် အေျဖမထုတ္နိုင္ေသးတဲ့ ေနမင္းႀကီးရဲ႕တံခါးေပါက္ ( Gate of the Sun) ျဖစ္ၿပီး ဘိုလစ္ဗီးယားနိုင္ငံ အတြင္းမွာပဲတည္ရွိေနတဲ့ တံခါးေပါက္တစ္ခုပဲ ျဖစ္ပါတယ္။

Tiwanaku အင္ပါယာရဲ့ ျမိဳ႕ေတာ္ရဲ့ မူလနာမည္ရင္းကိုေတာ့ ယေန႔အခ်ိန္ထိေဖာ္ထုတ္ နိုင္ခဲ့ျခင္းေတာ့မရွိေသးပါဘူး။ ဒါကလည္း ယင္းကာလတုန္းက ေရးသားမွတ္တမ္းတင္ တဲ့ ဘာသာစကားဖြံျဖိဳးမႈနဲ႔ ဓေလ့ပါမရွိတာေၾကာင့္လည္း ျဖစ္ပါတယ္။ သမိုင္းသုေသသီ ေတြကေတာ့ Tiwanaku ယဥ္ေက်းမႈဟာ အျခားေတာင္အေမရိကႏုိင္ငံေတြျဖစ္တဲ့ အာဂ်င္တီးနား၊ပီရူး၊ခ်ီလီနိုင္ငံေတြကို လႊမ္းမိုးသက္ေရာက္မႈရွိခဲ့တာဟာ စစ္ေရးအပါအဝင္အျခားေသာ နည္းလမ္းတစ္မ်ိဳးနဲ႔ျဖစ္မယ္လို႔ ယံုၾကည္ၾကပါတယ္။

Tiwanaku အင္ပါယာဟာ AD(1000)ေလာက္မွာေတာ့ စတင္အင္အားယုတ္ေလ်ာ့လာခဲ့ျပီး ေနာက္ဆံုးမွာေတာ့ အင္ပါယာနယ္ေျမဟာအစိတ္စိတ္အမႊာမႊာ ပ်က္စီးသြားခဲ့ပါတယ္။ ဒါေပမဲ့ Tiwanaku အင္ပါယာႏြယ္ဝင္ Andean မ်ိဳးႏြယ္ေတြကေတာ့ ခိုင္ခိုင္မာမာ ျပန္လည္စုစည္းနိုင္ခဲ့ျပီး ေရွး Tiwanaku ေတြရဲ့ ယဥ္ေက်းမႈဓေလ့ေတြကိုပါ ဆက္လက္ ထိန္းသိမ္းထားနိုင္ခဲ့ပါတယ္။ အခ်ိဳ႕ပညာရွင္ေတြကလည္း Andean ေတြဟာ လူထူးဆန္းေတြျဖစ္ျပီး ဒ႑ာရီလာ တန္ခိုးစြမ္းအင္ေတြကို ပိုင္ဆိုင္ၾကတယ္လို႔ ေထာက္ျပေျပာဆိုမႈေတြရွိခဲ့ပါတယ္။

ယခုေရေအာက္ျမိဳ႕ေတာ္ေဟာင္းမွာ ရွာေဖြေတြ့ ရွိတဲ့ ဘာသာေရးယံုၾကည္မႈဆိုင္ရာ အေဆာက္အအံုအေတာ္မ်ားမ်ားဟာ Andean မ်ိဳးႏြယ္စုေတြ တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ ေရေအာက္ျမိဳ႕ေတာ္ကေနရရွိတဲ့ ေရွးေဟာင္းလက္ရာေတြကိုေလ့လာနိုင္ျခင္းဟာ ေရွးေဟာင္းသုေသသနပညာရပ္အတြက္သာမက ဘိုလစ္ဗီးယားနိုင္ငံရဲ့ ပံုရိပ္ကိုပါ ျမွင့္တင္နုိင္တဲ့ အက်ိဳးေက်းဇူးေတြကို ရရွိနိုင္မွာလည္းျဖစ္ပါတယ္။(ဥပမာ ဟိုတယ္နဲ႔ ခရီးသြားလုပ္ငန္းေတြအတြက္) ။

ယေန႔အခ်ိန္မွာေတာ့ ဒီျပတိုက္ဧရိယာပတ္ဝန္းက်င္ မွာေနထိုင္ၾကတဲ့ ေဒသခံေတြဟာ ငါးဖမ္းျခင္း၊လယ္ယာစိုက္ပ်ိဳးျခင္းလုပ္ငန္းေတြနဲ႔ အသက္ေမြးဝမ္းေၾကာင္း ျပဳလ်က္ရွိပါတယ္။ ဒါေပမဲ့ ဘိုလစ္ဗီးယားအစိုးရရဲ့ ျပတိုက္တည္ေဆာက္ေရးစီမံခ်က္ျပီးဆံုးခ်ိန္မွာေတာ့ ေဒသခံေတြအတြက္ အလုပ္အကိုင္ဆိုင္ရာ အခြင့္ေရးေကာင္းေတြကို ရရွိနိုင္တယ္လို႔ အစိုးရတာဝန္ရွိသူေတြက အခိုင္အမာဆိုၾကပါတယ္။ အစိုးရရဲ့ အစီအမံေတြထဲမွာ ေဒသခံေတြရဲ့ ကိုယ္က်ိဳးစီးပြားနဲ႔ လူေနမႈျမွင့္တင္ေရးကိုအေျခခံထားတဲ့ စီမံခ်က္ေတြပါဝင္တဲ့အျပင္ နိုင္ငံျခားဝင္ေငြကိုပါ ရရွိနိုင္တဲ့ အခြင့္အလမ္းေတြေၾကာင့္ Titicaca ေရကန္ဝန္းက်င္ေဒသေတြဟာ အရွိန္အဟုန္နဲ႔တိုးတက္လာေတာ့မွာ ျဖစ္ပါတယ္။

သုတဇုန္

————–

တီတီကာကာ ရေကန်ကြီး အောက်က မြို့တော်ဟောင်း (unicode)

တောင်အမေရိကတိုက် ၊ဘိုလစ်ဗီးယားနိုင်ငံမှာတည်ရှိတဲ့ Titicaca ရေကန်ကြီးဟာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာ ကတည်းက တည်ရှိနေတာဖြစ်ပြီး တောင်အမေရိက ရှေးသမိုင်းကြောင်းရဲ့ သမိုင်းဝင်အမွေ အနှစ်များစွာမြစ်ဖျားခံရာနေရာလည်းဖြစ်ပါ တယ်။ Titicaca ရေကန်ကြီးဟာတောင်အမေရိကတိုက်ရဲ့ အကြီးဆုံးရေအိုင်ဖြစ်ပြီး ယင်းအောက်မှာ နစ်မြုပ်နေတဲ့ ရှေဟောင်းအမွေအနှစ်များစွာကို ယနေ့တိုင်ပညာရှင် များဆက်လက်ရှာဖွေနေရဆဲနေရာဖြစ်ပါတယ်။

ယင်းအမွေအနှစ်တွေအနက် Titicaca ရေကန်ရဲ့ အထင်ရှားဆုံးသော အပိုင်းကတော့ ရေကန်အောက်ကို လွန်ခဲ့တဲ့နှစ်ထောင်ကျော်ကာလ ကတည်းက နစ်မြုပ်နေတဲ့ မြို့တော်ဟောင်းရဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။Tiquina မြို့ကနေ (၅)မိနစ်လောက် ကားနဲ့သွားရုံနဲ့ Titicaca ရေကန်ရဲ့ကမ်းစပ်ကို စတင်ရောက်ရှိနိုင်မှာဖြစ်ပြီး ယင်းနေရာမှာပဲ လွန်ခဲ့တဲ့နစ်များစွာတည်းက Titicaca ရေကန်ကြီးရဲ့ အောက်ကြမ်းပြင်မှာ နစ်မြုပ်နေတဲ့ရှေဟောင်းမြို့တော်တစ်ခုကိုလေ့လာနေတဲ့ရှေးဟောင်းသုသေသနပညာရှင် အဖွဲ့တွေကိုမြင်တွေ့နိုင်ပါတယ်။

ပညာရှင်တွေဟာ ရေအောက်ကိုနစ်မြုပ်နေတဲ့ မြို့တော်ဟောင်းကို လွန်ခဲ့တဲ့(၁၀)နှစ်တာကာလတည်းက တွေ့ရှိခဲ့တာဖြစ်ပြီး စတင်တွေ့ရှိသူကတော့ ဘယ်ဂျီယံနိုင်ငံသားပညာရှင် Christophe Delaere ဖြစ်ပါ တယ်။ အမှန်ကတော့ ဒီရေကန်ကြီးအောက်မှာ မြို့တစ်မြို့ရှိတယ်ဆိုတဲ့ အကြောင်းဟာ ဒေသခံတွေရဲ့ ပါးစပ်ရာဇဝင်တွေအဖြစ် နှစ်များစွာအကြာကတည်းက ရှိနေခဲ့တာဖြစ် ပြီး Christophe Delaere ကလက်တွေ့ သက်သေပြနိုင်ခဲ့တာဖြစ်ပါတယ်။

ယင်းမြို့ဟောင်း ကိုစတင်ရှာဖွေချိန်ကတည်းက ရှေးဟောင်းသုသေသနပညာရှင်တွေဟာ ရေငုပ်သမား(၂၄) ယောက်နဲ့အတူ ဒေသခံတွေရဲ့ ရိုးရာနည်းပညာတွေကို ပေါင်းစပ်ရှာဖွေနိုင်ခဲ့တာ လည်းဖြစ်ပါတယ်။ ယင်းရှေးဟောင်းမြို့တော်ကြီးရဲ့ အရေးပါဆုံးအပိုင်းကို Dantiago de Ojjelaya အရပ်မှာတွေ့မြင်ရမှာဖြစ်ပြီး ဘိုလစ်ဗီးယားအစိုးရကတော့ ယင်းနေရာ မှာပြတိုက်တစ်ခု တည်ဆောက်ဖို့ သဘောတူညီထားပါတယ်။ ရည်ရွယ်ချက်ကတော့ Titicaca ရေကန်ရဲ့ရေပေါ်ရေအောက် သယံဇာတတွေကို ထိန်းသိမ်းနိုင်ရန်နဲ့ Dantiago de Ojjelaya ဒေသ ဖွံဖြိုးရေးအတွက်ဖြစ်ပါတယ်။

အစိုးရရဲ့ရည်ရွယ်ချက်ကို (၂၀၂၀) မှာအပြီးသတ်နိုင်ဖို့ရည်ရွယ်ထားပြီး အမေရိကန်ဒေါ်လာ(၁၀)သန်းလောက် ကုန်ကျ မယ်လို့ရည်မှန်းထားပါတယ်။ ကုန်ကျစရိတ်အားလုံးကို ဘိုလစ်ဗီးယားအစိုးရနဲ့အတူ ကမ္ဘာကုလသမဂ္ဂရှေးအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့(UNESCO)နဲ့ ဘယ်ဂျီယံအခြေစိုက် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အေဂျင်စီတွေက ကျခံပေးမှာလည်းဖြစ်ပါတယ်။ အကျယ်အဝန်း ၂.၃ Acres (၉၃၆၀ စကွဲယားမီတာ)ကိုပြတိုက်အဆောက်အဦးအဖြစ် တည်ဆောက်သွားမှာဖြစ်ပြီး အပိုင်း(၂)ပိုင်းခွဲပြီး တည်ဆောက်သွားမှာလည်း ဖြစ်ပါတယ်။

အဆောက်အဦးရဲ့ပထမအပိုင်းကို Titicaca ရေကန်ရဲ့ကမ်းစပ်မှာ တည်ဆောက်သွားမှာဖြစ်ပြီး ဒုတိယပိုင်းကိုတော့ ကန်ရဲ့ရေအောက်ကြမ်းပြင်မှာ ရေအောက်ပြတိုက်သဏ္ဍန်တည်ဆောက်သွားမှာဖြစ်ပါတယ်။ လာရောက်ကြည့်ရှုသူတွေအနေနဲ့ ပြတိုက်ရဲ့ ပထမအပိုင်း မှာတော့ မြို့ဟောင်းကနေတူးဖော်ရရှိတဲ့ လက်မှုအနုပညာပစ္စည်းတွေကို လေ့လာနိုင် မှာဖြစ်ပြီး ဒုတိယအပိုင်းဖြစ်တဲ့ရေအောက်မှာတည်ဆောက်ထားတဲ့အလွန်ကြီးမားတဲ့ဖန်သားမျက်နှာပြင် ကနေ ရေအောက်မြို့တော်ကိုအနီးကပ် လေ့လာနိုင်ပါတယ်။

ဘိုလစ်ဗီးယားအစိုးရတာဝန်ရှိသူတစ်ဦး ဖြစ်တဲ့ Wilma Alanoca Mamani ကတော့ ဒီပြတိုက်ဟာ Titicaca ရေကန်ဆိုင်ရာ ရှေးအမွေ အနှစ်အားလုံးရဲ့ ပညာရပ်ဆိုင်ရာဗဟိုချက်မဖြစ်ပြီး ဒီဒေသရဲ့ ပထဝီဝင်၊ဇီဝဗေဒ ပညာရပ်တွေကို လေ့လာနိုင်ဖို့ အကောင်းဆုံးနေရာဖြစ်တယ်လို့ ဆိုပြီး ကမ္ဘာအရပ်ရပ် က ကျွမ်းကျင်သူပညာရှင်များကို ဖိတ်ခေါ်ထားတာကိုတွေ့ရပါတယ်။ ရေအောက်မြို့တော်ကိုစတင်တွေ့ရှိခဲ့တဲ့ ဘယ်ဂျီယံနိုင်ငံသားပညာရှင်Christophe Delaere ကတော့ ယခုတည်ဆောက်မဲ့ပြတိုက်ရဲ့ ဒီဇိုင်းပုံကို ရှေးအင်ကာအင်ပါယာ ခေတ်ကတည်းက လွှမ်းမိုးခဲ့တဲ့ Andean ယဉ်ကျေးမှုကို အခြေခံတည်ဆောက်သွား မှာဖြစ်ပြီး လာရောက်လေ့လာသူတွေအနနဲ့ ဒီအရပ်မှာရှင်သန်ခဲ့ဖူးတဲ့ လူအဖွဲ့အစည်း တစ်ခုရဲ့ ယဉ်ကျေးမှုနဲ့ စရိုက်ကို ထင်ဟပ်စေမှာပါလို့ဆိုပါတယ်။

ရှေးယခင်ကတော့ လူနေအဆောက်အဦးတွေနဲ့ ဘာသာရေးအဆောက်အအုံတွေဟာ အခိုင်အမာတည်ရှိ နေခဲ့တာဖြစ်ပေမဲ့ ရေလွှမ်းမိုးမှုဒဏ်ကြောင့် ပျက်စီးခဲ့ရပါတယ်။ယင်းအနက် ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကတော့ ရေတိုက်စားမှုအပြင် အခြားအနည် ကျပစ္စည်းတွေ စုပုံလာတဲ့အတွက် တမြေ့မြေ့ပျက်စီးသွားခဲ့တာဖြစ်ကြောင်း လေ့လာ မှုတွေအရ တွေ့ရှိရပါတယ်။ Titicacaကန်ရဲ့ ကမ်းစပ်တစ်လျောက်မှာလည်း ပြိုပျက် နေပြီဖြစ်တဲ့ ရှေးဟောင်းအင်ကာတွေရဲ့ အဆောက်အအုံများစွာရဲ့ အစိတ်အပိုင်းတွေ ကိုမြင်တွေ့ရပါတယ်။

ဘယ်ဂျီယံနဲ့ ဘိုလစ်ဗီးယား ရှေးဟောင်းသုသသေနပညာရှင်တွေရဲ့ ရေအောက်ကွင်း ဆင်းလေ့လာချက်တွေအရတော့ နောက်ထပ်ထောင်ပေါင်းများစွာသော ရေအောက် အမွေအနှစ်ဆိုင်ရာနေရာတွေဟာ Titicacaကန်အတွင်း ကျန်ရှိနေသေးတယ်လို့သိရပြီး သူတို့အနေနဲ့ ယင်းပစ္စည်းတွေရဲ့အစိတ်အပိုင်းအချိုကိုသာ ယူဆောင်လာနိုင်တာဖြစ်ပြီး အဓိကအရာများစွာရေအောက်မှာ ကျန်ရှိနေသေးတယ်လို့ဆိုပါတယ်။ အဲဒီ ရှေးဟောင်းလက်ရာတွေဟာလည်း အချိန်မီထိန်းသိမ်းဖို့လိုအပ်နေတယ်လို့ ဆိုပါတယ်။

ယခုအချိန်ထိ Titicacaရေကန်အတွင်းကနေ ရွှေနဲ့ပြုလုပ်ထားတဲ့ လူအသုံးအဆောင် တွေ၊လေးမြှားလက်နက်တွေ ကြွေနဲ့ပြုလုပ်ထားတဲ့ စားစရာ၊ထည့်စရာ ခွက်များစွာနဲ့ ပစ္စည်းပေါင်း(၁၀၀၀၀) ကျော်လောက်ကို တွေ့ရှိပြီးဖြစ်ပါတယ်။ ယခုတွေ့ရှိတဲ့ ပစ္စည်းတွေထဲမှာတော့ ရှေးအင်ကာခေတ်မတိုင်ခင်ခေတ်ဖြစ်တဲ့ Tiwanaku အင်ပါယာ ထွန်းကားစဉ်ကတည်းက အသုံးပြုခဲ့တဲ့ပစ္စည်းတွေ ပါဝင်ပြီး ဒီပစ္စည်းတွေရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၁၅၀ဝခန့် ရှိမယ်လို့လည်း ပညာရှင်တွေ က တွက်ချက်ထားပါတယ်။

ဒါအပြင် သမိုင်းမှာထင်ရှားခဲ့တဲ့ Andean လူအဖွဲ့အစည်း တွေရဲ့မူရင်းဟာ Tiwanaku အင်ပါယာကာလကတည်းက ရှိခဲ့တဲ့လူအဖွဲ့အစည်းတွေ အနက်တစ်ခုဖြစ်တယ်လို့ ပညာရှင်တွေကခန့်မှန်းထားကြပါတယ်။ Tiwanaku ဆိုတာကတော့ ဘိုလစ်ဗီးယားသမိုင်းရဲ့ အရေးပါတဲ့ လူမျိုးနွယ်စုဝင်တွေ ဖြစ်ပြီး Tiwanaku အင်ပါယာရဲ့မြို့တော်ဟာ ပင်လယ်ရေမျက်နှာပြင်ထက်(၁၃၀၀၀)ပေ လောက်မြင့်မားပြီး Titicaca ရေကန်ရဲ့ အနီးမှာပဲတည်ခဲ့တာပဲ ဖြစ်ပါတယ်။

တောင်အမေရိက သမိုင်းမှာတော့ တည်ထောင်ခဲ့တဲ့မြိုံပြနိုင်ငံတွေအနက် Tiwanaku တွေဟာ အမြင့်ဆုံးသော မြိုံ့တော်ကိုတည်ဆောက်ခဲ့ကြတယ်လို့ဆိုရပါမယ်။ Tiwanakuမြို့ တော်ကို Tiwanaku အင်ပါယာတန်ခိုးဩဇာအကြီးဆုံးကာလဖြစ်တဲ့ (၅၀၀)AD ကနေ (၁၀၀၀)AD အကြားတည်ဆောက်ခဲ့တာဖြစ်ပြီး လူပေါင်း(၁၀၀၀၀)လောက်နေထိုင်ခဲ့ ကြပါတယ်။ လေ့လာချက်တွေအရတော့ Tiwanakuအင်ပါယာမတိုင်ခင် (၂၀၀၀)BC လောက်ကတည်းက လူအဖွဲ့အစည်းတစ်ချို့ဟာ Titicacaရေကန်ရဲ့အနီးဝန်းကျင်မှာ အခြေချနေထိုင်ခဲ့တယ်လို့ သိရပါတယ်။

Tiwanakuအင်ပါယာ ပေါ်ထွန်းလာချိန်မှာ တော့ပတ်ဝန်းကျင်ဒေသ တစ်ခုလုံးမှာရှိတဲ့ လူမျိုးနွယ်စုတွေအားလုံးကို သိမ်းသွင်း ခဲ့ပါတယ်။ Tiwanaku ရဲ့အမှတ်အသားတစ်ခုကတော့ ယနေ့အချိန်ထိ သိပ္ပံပညာရှင်တွေ က ယင်းကာလကဘယ်လိုနည်းနဲ့ အသုံးချခဲ့တယ်ဆိုတာ တိတိကျကျ အဖြေမထုတ်နိုင်သေးတဲ့ နေမင်းကြီးရဲ့တံခါးပေါက် (The Gateway of the Sun) ဖြစ်ပြီး ဘိုလစ်ဗီးယားနိုင်ငံ အတွင်းမှာပဲတည်ရှိနေတဲ့ တံခါးပေါက်တစ်ခုပဲ ဖြစ်ပါတယ်။

Tiwanaku အင်ပါယာရဲ့ မြို့တော်ရဲ့ မူလနာမည်ရင်းကိုတော့ ယနေ့အချိန်ထိဖော်ထုတ် နိုင်ခဲ့ခြင်းတော့မရှိသေးပါဘူး။ ဒါကလည်း ယင်းကာလတုန်းက ရေးသားမှတ်တမ်းတင် တဲ့ ဘာသာစကားဖွံဖြိုးမှုနဲ့ ဓလေ့ပါမရှိတာကြောင့်လည်း ဖြစ်ပါတယ်။ သမိုင်းသုသေသီ တွေကတော့ Tiwanaku ယဉ်ကျေးမှုဟာ အခြားတောင်အမေရိကနိုင်ငံတွေဖြစ်တဲ့ အာဂျင်တီးနား၊ပီရူး၊ချီလီနိုင်ငံတွေကို လွှမ်းမိုးသက်ရောက်မှုရှိခဲ့တာဟာ စစ်ရေးအပါအဝင်အခြားသော နည်းလမ်းတစ်မျိုးနဲ့ဖြစ်မယ်လို့ ယုံကြည်ကြပါတယ်။

Tiwanaku အင်ပါယာဟာ AD(1000)လောက်မှာတော့ စတင်အင်အားယုတ်လျော့လာခဲ့ပြီး နောက်ဆုံးမှာတော့ အင်ပါယာနယ်မြေဟာအစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ပါတယ်။ ဒါပေမဲ့ Tiwanaku အင်ပါယာနွယ်ဝင် Andean မျိုးနွယ်တွေကတော့ ခိုင်ခိုင်မာမာ ပြန်လည်စုစည်းနိုင်ခဲ့ပြီး ရှေး Tiwanaku တွေရဲ့ ယဉ်ကျေးမှုဓလေ့တွေကိုပါ ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ အချို့ပညာရှင်တွေကလည်း Andean တွေဟာ လူထူးဆန်းတွေဖြစ်ပြီး ဒဏ္ဍာရီလာ တန်ခိုးစွမ်းအင်တွေကို ပိုင်ဆိုင်ကြတယ်လို့ ထောက်ပြပြောဆိုမှုတွေရှိခဲ့ပါတယ်။

ယခုရေအောက်မြို့တော်ဟောင်းမှာ ရှာဖွေတွေ့ ရှိတဲ့ ဘာသာရေးယုံကြည်မှုဆိုင်ရာ အဆောက်အအုံအတော်များများဟာ Andean မျိုးနွယ်စုတွေ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ရေအောက်မြို့တော်ကနေရရှိတဲ့ ရှေးဟောင်းလက်ရာတွေကိုလေ့လာနိုင်ခြင်းဟာ ရှေးဟောင်းသုသေသနပညာရပ်အတွက်သာမက ဘိုလစ်ဗီးယားနိုင်ငံရဲ့ ပုံရိပ်ကိုပါ မြှင့်တင်နိုင်တဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာလည်းဖြစ်ပါတယ်။(ဥပမာ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေအတွက်) ။

ယနေ့အချိန်မှာတော့ ဒီပြတိုက်ဧရိယာပတ်ဝန်းကျင် မှာနေထိုင်ကြတဲ့ ဒေသခံတွေဟာ ငါးဖမ်းခြင်း၊လယ်ယာစိုက်ပျိုးခြင်းလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကြောင်း ပြုလျက်ရှိပါတယ်။ ဒါပေမဲ့ ဘိုလစ်ဗီးယားအစိုးရရဲ့ ပြတိုက်တည်ဆောက်ရေးစီမံချက်ပြီးဆုံးချိန်မှာတော့ ဒေသခံတွေအတွက် အလုပ်အကိုင်ဆိုင်ရာ အခွင့်ရေးကောင်းတွေကို ရရှိနိုင်တယ်လို့ အစိုးရတာဝန်ရှိသူတွေက အခိုင်အမာဆိုကြပါတယ်။ အစိုးရရဲ့ အစီအမံတွေထဲမှာ ဒေသခံတွေရဲ့ ကိုယ်ကျိုးစီးပွားနဲ့ လူနေမှုမြှင့်တင်ရေးကိုအခြေခံထားတဲ့ စီမံချက်တွေပါဝင်တဲ့အပြင် နိုင်ငံခြားဝင်ငွေကိုပါ ရရှိနိုင်တဲ့ အခွင့်အလမ်းတွေကြောင့် Titicaca ရေကန်ဝန်းကျင်ဒေသတွေဟာ အရှိန်အဟုန်နဲ့တိုးတက်လာတော့မှာ ဖြစ်ပါတယ်။

သုတဇုန်

Leave a Reply