ကမာၻေပၚက အႀကီးဆုံး ေရေပၚအက်ဥ္းေထာင္

Posted on

သိၿပီးၾကၿပီလားေတာ့ မသိဘူး။ အေမရိကန္ နယူးေယာက္ East ျမစ္ထဲက SUNY ေရေၾကာင္းေကာလိပ္ရဲ႕ အေနာက္ဘက္ တစ္မုိင္အကြာမွာရွိတဲ့ ကမာၻ႔ အႀကီးဆုံးေရေပၚအက်ဥ္းေထာင္ပါ။ ၁၉၉၂ ခုႏွစ္က စတင္ဖြင့္လွစ္ခဲ့ၿပီး ေဒၚလာ ၁၆၁ သန္း ကုန္က်ခဲ့ပါတယ္။ ကုန္းေျမေပၚက အက်ဥ္းေထာင္ေတြမွာ အက်ဥ္းသားေတြမ်ားျပားလာေၾကာင့္ ေရေပၚမွာ ခ်ဲ႕ထြင္ထားႏုိင္ဖုိ႔ အတြက္ တည္ေဆာက္ခဲ့ျခင္းျဖစ္ပါတယ္။

ဒီအက်ဥ္းေထာင္ရဲ႕ နာမည္က Vernon C. Bain Correctional Center ျဖစ္ပါတယ္။ မေတာ္တဆမႈတစ္ခုေၾကာင့္ ေသဆုံးခဲ့တဲ့ ေထာင္၀ါဒါ Vernon C. Bain ကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ ဒီနာမည္ကိုေပးထားျခင္း ျဖစ္ပါတယ္။ ဒါေပမယ့္ အားလုံးကေတာ့ နာမည္ေျပာင္ျဖစ္တဲ့  The Boat လုိ႔ပဲ ေခၚၾကပါတယ္။

တကယ္ေတာ့ ဒီအက်ဥ္းေထာင္ဟာ အေမရိကန္ေတြရဲ႕ ပထမဆုံးေရေပၚအက်ဥ္းေထာင္ မဟုတ္ပဲ တတိယေျမာက္သာ ျဖစ္ပါတယ္။ သူ႔ရဲ႕ေရွ႕မွာ Bibby Resolution နဲ႔ Bibby Venture တုိ႔ရွိပါေသးတယ္။ ဒါေတြကေတာ့ ၿဗိတိသွ်စစ္သား တင္ေဆာင္တဲ့ သေဘၤာေတြျဖစ္ၿပီး နယူးေယာက္ အက်ဥ္းသားထိမ္သိမ္းေရးဌာနက ျပန္လည္၀ယ္ယူၿပီး အက်ဥ္းေထာင္ေတြ ေဆာက္လုပ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ၁၉၉၄ခုႏွစ္မွာေတာ့ ဒီသေဘၤာႏွစ္စင္းလုံးကုိ ျပန္ေရာင္းလုိက္ပါတယ္။

The Boat ကုိ ၁၉၈၉ခုႏွစ္ Avondale သေဘၤာက်ဥ္းမွာ စတင္တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ အထပ္ ၅ထပ္ ၊ အရွည္ ၆၂၅ ေပ အက်ယ္ ၁၂၅ ေပ က်ယ္ဝန္းတာေၾကာင့္ ေဘာလုံးကြင္း ႏွစ္ကြင္းစာနီးပါး က်ယ္တယ္လုိ႔ ဆုိရမွာပါ။တစ္စီးလုံးရဲ႕အေလးခ်ိန္ကေတာ့ ၄၇၃၂၅ တန္ ျဖစ္ပါတယ္။

လြတ္ေျမာက္ဖုိ႔ခက္ခဲၿပီး လုံၿခဳံေရးအဆင့္ ၄ ဆင့္ နဲ႔ ကာကြယ္ထား တယ္လုိ႔သိရပါတယ္။ ဒီေလာက္လုံၿခဳံေပမယ့္ ဒီေထာင္ရဲ႕သမုိင္းတေလွ်ာက္မွာ ထြက္ေျပးလြတ္ေျမာက္တဲ့ အက်ဥ္းသား ၄ဦး ရွိခဲ့ပါတယ္ ။ ဒီေရေပၚအက်ဥ္းေထာင္မွာ အိပ္ေဆာင္ ၁၄ေဆာင္ ၊ ႀကဳိးတုိက္ ၁၀၀ ခန္း နဲ႔ အက်ဥ္းသား၈၀၀ ေက်ာ္ေတြ အတြက္ အခန္းေတြပါဝင္ပါတယ္။

အက်ဥ္းေထာင္ဆုိေပမယ့္ အက်ဥ္းသားေတြကို သက္သက္သကာသာ ေနေစဖုိ႔ ဖန္တီးေပးထားပါတယ္။ ဒီေနရာမွာ အားကစားခန္းမ ၊ ဘုရားရွိ ခုိးေက်ာင္း ၊ ေခတ္မီအသုံးအေဆာင္မ်ား ၊ အက်ဥ္းသားေတြအသုံးျပဳဖုိ႔စာၾကည့္တုိက္ အျပင္ ဘတ္စ္ကတ္ေဘာကြင္းတစ္ခုပါ ပါရွိပါေသးတယ္။ အက်ဥ္းသားေတြရဲ႕ က်န္းမာေရးအတြက္ ေခတ္မီပစၥည္း အျပည့္အစုံနဲ႔ ေဆးခန္းတစ္ခုလည္း ရွိေနပါေသးတယ္။

ေရေပၚမွာထားရွိတဲ့အတြက္ လုံၿခဳံေရးေတြအျပင္ သေဘၤာဝန္ထမ္းသုံးေယာက္ကုိလည္း ၂၄ နာရီ ထားရွိရပါတယ္။ ဒီဝန္ထမ္းေတြရဲ႕လစာဟာ တစ္ႏွစ္ကုိ ေဒၚလာ၆၅၀၀၀ ခန္႔ ေပးရပါတယ္။ ၂၀၁၄ ခုႏွစ္မွာေတ့ ကမာၻ႔အႀကီး ဆုံးေရေပၚေထာင္ အျဖစ္ဂင္းနစ္မွတ္တမ္း ဝင္ခဲ့ပါတယ္။

သုတဇုန္

——————

ကမ္ဘာပေါ်က အကြီးဆုံး ရေပေါ်အကျဉ်းထောင် (unicode)

သိပြီးကြပြီလားတော့ မသိဘူး။ အမေရိကန် နယူးယောက် East မြစ်ထဲက SUNY ရေကြောင်းကောလိပ်ရဲ့ အနောက်ဘက် တစ်မိုင်အကွာမှာရှိတဲ့ ကမ္ဘာ့ အကြီးဆုံးရေပေါ်အကျဉ်းထောင်ပါ။ ၁၉၉၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ဒေါ်လာ ၁၆၁ သန်း ကုန်ကျခဲ့ပါတယ်။ ကုန်းမြေပေါ်က အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေများပြားလာကြောင့် ရေပေါ်မှာ ချဲ့ထွင်ထားနိုင်ဖို့ အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီအကျဉ်းထောင်ရဲ့ နာမည်က Vernon C. Bain Correctional Center ဖြစ်ပါတယ်။ မတော်တဆမှုတစ်ခုကြောင့် သေဆုံးခဲ့တဲ့ ထောင်ဝါဒါ Vernon C. Bain ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနာမည်ကိုပေးထားခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးကတော့ နာမည်ပြောင်ဖြစ်တဲ့  The Boat လို့ပဲ ခေါ်ကြပါတယ်။

တကယ်တော့ ဒီအကျဉ်းထောင်ဟာ အမေရိကန်တွေရဲ့ ပထမဆုံးရေပေါ်အကျဉ်းထောင် မဟုတ်ပဲ တတိယမြောက်သာ ဖြစ်ပါတယ်။ သူ့ရဲ့ရှေ့မှာ Bibby Resolution နဲ့ Bibby Venture တို့ရှိပါသေးတယ်။ ဒါတွေကတော့ ဗြိတိသျှစစ်သား တင်ဆောင်တဲ့ သင်္ဘောတွေဖြစ်ပြီး နယူးယောက် အကျဉ်းသားထိမ်သိမ်းရေးဌာနက ပြန်လည်ဝယ်ယူပြီး အကျဉ်းထောင်တွေ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၉၄ခုနှစ်မှာတော့ ဒီသင်္ဘောနှစ်စင်းလုံးကို ပြန်ရောင်းလိုက်ပါတယ်။

The Boat ကို ၁၉၈၉ခုနှစ် Avondale သင်္ဘောကျဉ်းမှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အထပ် ၅ထပ် ၊ အရှည် ၆၂၅ ပေ အကျယ် ၁၂၅ ပေ ကျယ်ဝန်းတာကြောင့် ဘောလုံးကွင်း နှစ်ကွင်းစာနီးပါး ကျယ်တယ်လို့ ဆိုရမှာပါ။တစ်စီးလုံးရဲ့အလေးချိန်ကတော့ ၄၇၃၂၅ တန် ဖြစ်ပါတယ်။

လွတ်မြောက်ဖို့ခက်ခဲပြီး လုံခြုံရေးအဆင့် ၄ ဆင့် နဲ့ ကာကွယ်ထား တယ်လို့သိရပါတယ်။ ဒီလောက်လုံခြုံပေမယ့် ဒီထောင်ရဲ့သမိုင်းတလျှောက်မှာ ထွက်ပြေးလွတ်မြောက်တဲ့ အကျဉ်းသား ၄ဦး ရှိခဲ့ပါတယ် ။ ဒီရေပေါ်အကျဉ်းထောင်မှာ အိပ်ဆောင် ၁၄ဆောင် ၊ ကြိုးတိုက် ၁၀၀ ခန်း နဲ့ အကျဉ်းသား၈၀၀ ကျော်တွေ အတွက် အခန်းတွေပါဝင်ပါတယ်။

အကျဉ်းထောင်ဆိုပေမယ့် အကျဉ်းသားတွေကို သက်သက်သကာသာ နေစေဖို့ ဖန်တီးပေးထားပါတယ်။ ဒီနေရာမှာ အားကစားခန်းမ ၊ ဘုရားရှိ ခိုးကျောင်း ၊ ခေတ်မီအသုံးအဆောင်များ ၊ အကျဉ်းသားတွေအသုံးပြုဖို့စာကြည့်တိုက် အပြင် ဘတ်စ်ကတ်ဘောကွင်းတစ်ခုပါ ပါရှိပါသေးတယ်။ အကျဉ်းသားတွေရဲ့ ကျန်းမာရေးအတွက် ခေတ်မီပစ္စည်း အပြည့်အစုံနဲ့ ဆေးခန်းတစ်ခုလည်း ရှိနေပါသေးတယ်။

ရေပေါ်မှာထားရှိတဲ့အတွက် လုံခြုံရေးတွေအပြင် သင်္ဘောဝန်ထမ်းသုံးယောက်ကိုလည်း ၂၄ နာရီ ထားရှိရပါတယ်။ ဒီဝန်ထမ်းတွေရဲ့လစာဟာ တစ်နှစ်ကို ဒေါ်လာ၆၅၀၀၀ ခန့် ပေးရပါတယ်။ ၂၀၁၄ ခုနှစ်မှာတေ့ ကမ္ဘာ့အကြီး ဆုံးရေပေါ်ထောင် အဖြစ်ဂင်းနစ်မှတ်တမ်း ဝင်ခဲ့ပါတယ်။

သုတဇုန်

Leave a Reply