လြတ္လပ္ေရးေမာ္ကြန္း၀င္ မဟာဗႏၶဳလေက်ာက္တုိင္ႀကီး အေၾကာင္း

Posted on

ရန္ကုန္ၿမဳိ႕ ဆူးေလဘုရားအနီးသုိ႔ေရာက္လွ်င္ မဟာဗႏၶဳလပန္းၿခံထဲ၌ ထီးထီးမားမား ရပ္ေနေသာ ေက်ာက္တုိင္ႀကီး တစ္တုိင္ကုိ ေတြ႔ရေပလိမ့္မည္။ ထုိေက်ာက္တုိင္သည္ လြတ္လပ္ေရးေမာ္ကြန္း၀င္ မဟာဗႏၶဳလေက်ာက္တုိင္ႀကီးၿဖစ္သည္။ ပတ္၀န္းက်င္တြင္ ဆူးေလေစတီ ၊ ၿမဳိ႕ေတာ္ခန္းမ ၊ တရားရုံးခ်ဳပ္အေဆာက္အအုံေဟာင္းႀကီး ႏွင့္ အၿခားသမုိင္း၀င္ေရွးေဟာင္း အေဆာက္အအုံမ်ားရွိသည္။

အဆုိပါေက်ာက္တုိင္ႀကီးကုိ မဟာဗႏၶဳလပန္းၿခံႀကီး၏ အလယ္ဗဟုိ၌ ၁၉၄၈ခုႏွစ္၊ ဇန္န၀ါရီ ၄ ရက္ နံနက္ ၈နာရီတြင္ အုတ္ျမစ္ခ်၍ ၁၉၅၀ ျပည့္ႏွစ္၊ ႏုိ၀င္ဘာ ၂၆ ရက္တြင္ အခမ္းအနားၿဖင့္ ဖြင့္လွစ္ခဲ့သည္။ လြတ္လပ္ေရးေက်ာက္တုိင္အား ငလ်င္ဒဏ္ ၊ မုိးဒဏ္ ၊ ေလဒဏ္ ၊ မုန္တုိင္းဒဏ္ တုိ႔ကုိ ႀကံႀကံခံႏုိင္ေစရန္ ေအာက္ေၿခေၿမ အနက္ ၁၀ ေပ ၊ အခ်င္း ေပ ၅၀ ခန္႔ ေဖာင္ေဒးရွင္းခ်ခဲ့သည္။

ထုိ႔ေနာက္ ဓာတ္ရထားသံလမ္းမ်ားကုိ ထီးခရုိင္ကဲ့သုိ႔ စီမံကာ ကြန္ကရစ္ၿဖင့္ အမာခံ အုတ္ၿမစ္ခ်ခဲ့ရသည္။ ေက်ာက္တုိင္အၿမင့္ကုိမူ ဆူးေလေစတီေတာ္ထက္ အနည္းငယ္ႏွိမ့္ကာ ၁၅၅ ေပ သတ္မွတ္ခဲ့သည္။ ေက်ာက္တုိင္ ေဆာက္လုပ္ေရးလုပ္ငန္းအ၀၀ကုိ ေအစီမာတင္(A.C. Martin ) ကုမၸဏီက တာ၀န္ယူခဲ့သည္။

တည္ေဆာက္ေရးေကာ္မတီ၏ အတြင္းေရးမူးမွာ ဗုိလ္တေထာင္ အမတ္ သီရိပ်ံခ်ီဦးသန္းစိန္ ၿဖစ္ၿပီး ၊ ေကာ္မတီႀကီးႀကပ္ေရးဆုိင္ရာ အင္ဂ်င္နီယာမ်ားအၿဖစ္ ဗိသုကာႏွင့္ အင္ဂ်င္နီယာ ဦးအုန္းႀကဳိင္ ၊ ဦးေက်ာ္စိန္ (အၿငိမ္းစား အင္ဂ်င္နီယာခ်ဳပ္၊ ၿပည္သူ႔အုိးအိမ္အဖြဲ႔) ႏွင့္ စည္သူဦးတင္ (ရန္ကုန္ၿမဴနီစီပယ္လမ္းႏွင့္ အေဆာက္အအုံ အင္ဂ်င္နီယာေဟာင္း) တုိ႔ပါ၀င္ႀက၏။

အလယ္ပင္မ ေက်ာက္တုိင္ႀကီး ႏွင့္ အရံေက်ာက္တုိင္ငယ္မ်ားကုိ ငါးေၿမွာင့္ႀကယ္ ပုံသ႑ာန္ၿပဳလုပ္ထားသၿဖင့္ အထက္စီးမွႀကည့္လွ်င္ ထုိေခတ္အလံေတာ္အတုိင္း ႀကယ္ႀကီးတစ္လုံးကုိ ႀကယ္ငါးလုံးက ၀န္းရံလ်က္ရွိေနသည္ ကုိ ေတြ႔ရေပမည္။ တုိင္ထိပ္၌ မုိးႀကဳိးလႊဲကုိလည္း တပ္ဆင္ထားၿပီး ေက်ာက္တုိင္အေၿခပတ္လည္တြင္ ၿခေသ့ၤရုပ္ ၁၀ ရုပ္ၿဖင့္ ၀န္းရံထားသည္။

ေက်ာက္တုိင္ေပၚမွ လြတ္လပ္ေရးေႀကၿငာစာတမ္းကုိ ဦးသိန္းဟန္(ဆရာေဇာ္ဂ်ီ)၊ ဦး၀န္(မင္းသု၀ဏ္) ၊ ဆရာေယာ(ဆရာေဇယ်)၊ ဦးအုန္းေဖ(တက္တုိး)၊ ဦး၀င္းစိန္(တင့္တယ္) စသည့္ဆရာႀကီးမ်ားက ေရးသားႀကသည္။

ကုိးကား :
ၿမန္မာ့သမုိင္း၀င္ၿဖစ္ရပ္မ်ား – နႏၵာမုိးႀကယ္
သူရိယစာမ်က္ႏွာ

Photos : Wikimedia

————–

လွတ်လပ်ရေးမော်ကွန်းဝင် မဟာဗန္ဓုလကျောက်တိုင်ကြီး အကြောင်း (unicode)

ရန်ကုန်မြို့ ဆူးလေဘုရားအနီးသို့ရောက်လျှင် မဟာဗန္ဓုလပန်းခြံထဲ၌ ထီးထီးမားမား ရပ်နေသော ကျောက်တိုင်ကြီး တစ်တိုင်ကို တွေ့ရပေလိမ့်မည်။ ထိုကျောက်တိုင်သည် လွတ်လပ်ရေးမော်ကွန်းဝင် မဟာဗန္ဓုလကျောက်တိုင်ကြီးဖြစ်သည်။ ပတ်ဝန်းကျင်တွင် ဆူးလေစေတီ ၊ မြို့တော်ခန်းမ ၊ တရားရုံးချုပ်အဆောက်အအုံဟောင်းကြီး နှင့် အခြားသမိုင်းဝင်ရှေးဟောင်း အဆောက်အအုံများရှိသည်။

အဆိုပါကျောက်တိုင်ကြီးကို မဟာဗန္ဓုလပန်းခြံကြီး၏ အလယ်ဗဟို၌ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီ ၄ ရက် နံနက် ၈နာရီတွင် အုတ်မြစ်ချ၍ ၁၉၅၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့သည်။ လွတ်လပ်ရေးကျောက်တိုင်အား ငလျင်ဒဏ် ၊ မိုးဒဏ် ၊ လေဒဏ် ၊ မုန်တိုင်းဒဏ် တို့ကို ကြံကြံခံနိုင်စေရန် အောက်ခြေမြေ အနက် ၁၀ ပေ ၊ အချင်း ပေ ၅၀ ခန့် ဖောင်ဒေးရှင်းချခဲ့သည်။

ထို့နောက် ဓာတ်ရထားသံလမ်းများကို ထီးခရိုင်ကဲ့သို့ စီမံကာ ကွန်ကရစ်ဖြင့် အမာခံ အုတ်မြစ်ချခဲ့ရသည်။ ကျောက်တိုင်အမြင့်ကိုမူ ဆူးလေစေတီတော်ထက် အနည်းငယ်နှိမ့်ကာ ၁၅၅ ပေ သတ်မှတ်ခဲ့သည်။ ကျောက်တိုင် ဆောက်လုပ်ရေးလုပ်ငန်းအဝဝကို အေစီမာတင်(A.C. Martin ) ကုမ္ပဏီက တာဝန်ယူခဲ့သည်။

တည်ဆောက်ရေးကော်မတီ၏ အတွင်းရေးမူးမှာ ဗိုလ်တထောင် အမတ် သီရိပျံချီဦးသန်းစိန် ဖြစ်ပြီး ၊ ကော်မတီကြီးကြပ်ရေးဆိုင်ရာ အင်ဂျင်နီယာများအဖြစ် ဗိသုကာနှင့် အင်ဂျင်နီယာ ဦးအုန်းကြိုင် ၊ ဦးကျော်စိန် (အငြိမ်းစား အင်ဂျင်နီယာချုပ်၊ ပြည်သူ့အိုးအိမ်အဖွဲ့) နှင့် စည်သူဦးတင် (ရန်ကုန်မြူနီစီပယ်လမ်းနှင့် အဆောက်အအုံ အင်ဂျင်နီယာဟောင်း) တို့ပါဝင်ကြ၏။

အလယ်ပင်မ ကျောက်တိုင်ကြီး နှင့် အရံကျောက်တိုင်ငယ်များကို ငါးမြှောင့်ကြယ် ပုံသဏ္ဍာန်ပြုလုပ်ထားသဖြင့် အထက်စီးမှကြည့်လျှင် ထိုခေတ်အလံတော်အတိုင်း ကြယ်ကြီးတစ်လုံးကို ကြယ်ငါးလုံးက ဝန်းရံလျက်ရှိနေသည် ကို တွေ့ရပေမည်။ တိုင်ထိပ်၌ မိုးကြိုးလွှဲကိုလည်း တပ်ဆင်ထားပြီး ကျောက်တိုင်အခြေပတ်လည်တွင် ခြသေ့ၤရုပ် ၁၀ ရုပ်ဖြင့် ဝန်းရံထားသည်။

ကျောက်တိုင်ပေါ်မှ လွတ်လပ်ရေးကြေငြာစာတမ်းကို ဦးသိန်းဟန်(ဆရာဇော်ဂျီ)၊ ဦးဝန်(မင်းသုဝဏ်) ၊ ဆရာယော(ဆရာဇေယျ)၊ ဦးအုန်းဖေ(တက်တိုး)၊ ဦးဝင်းစိန်(တင့်တယ်) စသည့်ဆရာကြီးများက ရေးသားကြသည်။

Ref:
မြန်မာ့သမိုင်းဝင်ဖြစ်ရပ်များ – နန္ဒာမိုးကြယ်
သူရိယစာမျက်နှာ

Photos : Wikimedia

Leave a Reply