အျဖဴေရာင္ၿမဳိ႕ေတာ္ ကာဆာဘလန္ကာ ဆုိတာ

Posted on

ကာဆာဘလန္ကာ ဆုိတာဟာ အာဖရိကတုိက္ ေမာ္ရုိကုိႏုိင္ငံရဲ႕ အႀကီးဆုံးၿမဳိ႕ျဖစ္ပါတယ္။ အတလႏၱိတ္သမုဒၵရာနဲ႔ ကပ္ရက္တည္ရွိေနတဲ့ ဒီၿမဳိ႕ဟာ အာဖရိကရဲ႕ အႀကီးဆုံး နဲ႔ စီးပြားေရးအရ အေရးပါဆုံး ၿမဳိ႕ေတြထဲက တစ္ၿမဳိ႕ အပါအ၀င္ျဖစ္ပါတယ္။ ၿမဳိ႕ရဲ႕ဧရိယာက စတုရန္းမုိင္ ၈၀ က်ယ္၀န္းပါတယ္။

၂၀၁၄ ခုႏွစ္ စာရင္းအက ကာဆာဘလန္ကာ ၿမဳိ႕ေပၚမွာ ေနထုိင္သူဦးေရ ၃.၃၅သန္း ရွိၿပီး ေဒသတစ္ခုလုံးက လူဦးေရကိုေပါင္းလုိက္မယ္ဆုိရင္ေတာ့ ၆.၈သန္း အထိ ရွိပါတယ္။ ေမာ္ရုိကိုရဲ႕ အႀကီးဆုံးဆိပ္ကမ္းရွိရာ ဒီၿမဳိ႕ဟာ ႏုိင္ငံၿမဳိ႕ေတာ္အျဖစ္ သတ္မွတ္ျခင္းမခံရပဲ ႏုိင္ငံေရးအရ  ရဘတ္(Rabat) ၿမဳိ႕ကိုသာ ႏုိင္ငံၿမဳိ႕ေတာ္အျဖစ္ သတ္မွတ္ထားပါတယ္။

ဒီၿမဳိ႕ကုိ အာဖရိကေျမာက္ပုိင္းက ေရွးဦးလူမ်ဳိးစုျဖစ္တဲ့ Berber လူမ်ဳိးေတြက ဘီစီ ၇ရာစု ေလာက္မွာစ တည္ခဲ့ပါတယ္။ အဲဒီတုန္းကေတာ့ ဒီေနရာရဲ႕အမည္ဟာ Anfa ျဖစ္ပါတယ္။ အဲဒီအခ်ိန္ကတည္းက ဖိနစ္ရွန္းေတြနဲ႔ ရုိမန္ေတြဟာ ဒီၿမဳိ႕ကုိ သေဘၤာဆိပ္ကမ္းၿမဳိ႕အျဖစ္ အသုံးျပဳခဲ့ပါတယ္။

ေအဒီ ၇၄၄ Barghawata ဘုရင့္ႏုိင္ငံကို ထူေထာင္ခဲ့ၿပီးတဲ့ေနာက္ ဒီၿမဳိ႕ဟာ အတၱလႏၱိတ္ကမ္းရုိးတမ္းတေလွ်ာက္ အႀကီးဆုံးၿမဳိ႕ႀကီးတစ္ၿမဳိ႕ ျဖစ္လာခဲ့ပါတယ္။ ၁၂ရာစုမွာေတာ့ အာရပ္လူမ်ဳိးေတြရဲ႕ သိမ္းပုိက္ျခင္းကို ခံခဲ့ရၿပီးတဲ့ေနာက္ Berber လူမ်ဳိးေတြရဲ႕ ယဥ္ေက်းမႈေနရာမွာ အာရပ္ေတြရဲ႕ ယဥ္ေက်းမႈေတြ အစားထုိး၀င္ေရာက္လာခဲ့ပါတယ္။ ၁၄ရာစုမွာေတာ့ Marinid မင္းဆက္ရဲ႕ၿမဳိ႕ အဲဒီေနာက္ေတာ့ ပင္လယ္ဓားျပေတြ လြတ္လပ္စြာေနတဲ့ၿမဳိ႕ စသည္ျဖင့္ ျဖစ္ခဲ့ပါတယ္။ အဲဒီအခ်ိန္အထိ ဒီၿမဳိ႕နာမည္က Anfa ပါ။

အစဥ္အဆက္ ဒီနာမည္ကိုသာေခၚခဲ့ၾကေပမယ့္ ၁၅ရာစုမွာေတာ့ ဒီေနရာဟာ ေပၚတူဂီေတြရဲ႕ လက္ေအာက္ခံအျဖစ္ သိမ္းယူျခင္းခံရပါတယ္။ ေပၚတူဂီေတြဟာ ဒီၿမဳိ႕ကို Casa Branca လုိ႔ အမည္ေျပာင္းေပးခဲ့ပါတယ္။ ေပၚတူဂီဘာသာစကားအရ Branca က အျဖဴေရာင္(white) ျဖစ္ၿပီး Casa က အိမ္(house) ျဖစ္တာေၾကာင့္ အဓိပၸါယ္က အိမ္ျဖဴေတာ္ လုိ႔အမည္ရပါတယ္။ ေပၚတူဂီေတြရဲ႕လက္ထဲကေန စပိန္ေတြက သိမ္း ၊ အဲဒီေနာက္ေတာ့ ၁၆၄၀မွာ စပိန္ေတြရဲ႕ လက္ထဲကေန ေပၚတူဂီေတြက ျပန္သိမ္းခဲ့ပါတယ္။ သေဘၤာဆိပ္ကမ္းၿမဳိ႕ျဖစ္တဲ့အတြက္ ဥေရာပသားေတြက ဒီၿမဳိ႕ကို သိမ္းပုိက္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္ ၁၈ရာစု အလယ္မွာေတာ့ ဥေရာပသားေတြဟာ ဒီၿမဳိ႕ကို လုံးဝစြန္႔ခြာ သြားၾကပါတယ္။ အေၾကာင္းကေတာ့ ၁၇၅၅ခုႏွစ္မွာ လႈပ္ခဲ့တဲ့ ျပင္းထန္တဲ့ငလွ်င္ေၾကာင့္ တစ္ၿမဳိ႕လုံးနီးပါး ပ်က္စီးခဲ့ရလုိ႔ ျဖစ္ပါတယ္။ ဒီၿမဳိ႕ကိုျပန္လည္တည္ေဆာက္ခဲ့သူကေတာ့ ေမာ္ရုိကုိ စူလ္တန္ဘုရင္ Mohammed ben Abdallah ျဖစ္ၿပီး အဲဒီအခ်ိန္ကစၿပီး ဒီၿမဳိ႕ကုိ အာရပ္ဘာသာနဲ႔ ad-Dār al-Bayḍā စပိန္လုိ Casa Blanca ဆုိၿပီး ေခၚခဲ့ၾကပါတယ္။

၁၉ ရာစုမွာေတာ့ ဝါဂြမ္းအဓိကထုတ္လုပ္တဲ့ေနရာအျဖစ္ စီးပြားေရးအရႀကီးထြားလာခဲ့ပါတယ္။ ဒါေပမယ့္ ၁၈၈၀ ခုႏွစ္အထိ ဒီၿမဳိ႕လူဦးေရဟာ ၁ေသာင္း ဝန္းက်င္ပဲ ရွိပါေသးတယ္။ ၁၉၀၆မွာ ျပင္သစ္ကိုလုိနီျဖစ္ၿပီးတဲ့ေနာက္ လူဦးေရ တဟုန္ထုိး တုိးတက္လာခဲ့ပါတယ္။ ျပင္သစ္ေတြဟာ ၿမဳိ႕သခ်ၤဳိင္းကိုျဖတ္ၿပီး ရထားလမ္းေဖာက္လုပ္ခဲ့တာေၾကာင့္ ၿမဳိ႕ခံလူထုနဲ႔ အေျခအတင္ျဖစ္ပါတယ္။ ဒီျပသနာေၾကာင့္ ျပင္သစ္စစ္ဗုိလ္တစ္ေယာက္နဲ႔ စစ္သားအနည္းငယ္ အသတ္ခံလုိက္ရတယ္။

ျပင္သစ္ကလည္း ဒီၿမဳိ႕ကို စစ္သေဘၤာေတြေစလႊတ္ၿပီး တုိက္တယ္ ၊ ဗုံးႀကဲတယ္။ ၿမဳိ႕ေန လူေပါင္း ၁၅၀၀၀ ခန္႔ ေသဆုံးခဲ့ရတယ္။ ၁၉၂၁ ခုႏွစ္မွာေတာ့ လူဦးေရဟာ ၁၁၀၀၀၀ အထိမ်ားလာခဲ့သလုိ တစ္၀က္က ဥေရာပသားေတြျဖစ္လာတယ္။ လူမ်ဳိးေပါင္းစုံေနထုိင္တဲ့ၿမဳိ႕ျဖစ္လာၿပီးတဲ့ေနာက္ ၁၉၄၂ခုႏွစ္မွာ ရုိက္ကူးခဲ့တဲ့ Casablanca ရုပ္ရွင္ဟာ ကမာၻေက်ာ္ခဲ့ၿပီး ဒီၿမဳိ႕ကို လူသိပိုမ်ားလာခဲ့တယ္။ အေမရိကန္ရဲ႕ နာမည္ေက်ာ္ အႏုပညာရွင္ Bertie Higgins ကလည္း ကာဆာဘလန္ကာ သီခ်င္းကို သီဆုိခဲ့ပါေသးတယ္။ (အဓိပတိေျခရာမ်ား လုိ႔ ကြ်န္ေတာ္တုိ႔သိၾကတဲ့ သီခ်င္းရဲ႕ မူရင္းပါ)

ကာဆာဘလန္ကာသီခ်င္း 

ဒုတိယကမာၻစစ္အတြင္းက ဒီၿမဳိ႕မွာ Casablanca Conference ကိုျပဳလုပ္ၿပီး ဒုတိယကမာၻစစ္အဆုံးသတ္ေစမယ့္ စစ္ေရးအစီအစဥ္ေတြကိုေရးဆြဲခဲ့ပါတယ္။ အဓိကတက္ေရာက္သူက အေမရိကန္သမၼတ ရုစဗဲ့ နဲ႔ ၿဗိတိန္၀န္ႀကီးခ်ဳပ္ ၀န္စတန္ခ်ာခ်ီတုိ႔ျဖစ္ၿပီး ျပင္သစ္စစ္ဗုိလ္ခ်ဳပ္ႀကီးေတြျဖစ္တဲ့ ခ်ားဒီေဂါ နဲ႔ Henri Giraud တုိ႔လည္း တက္ေရာက္ခဲ့ပါတယ္။

၁၉၅၀ ၀န္းက်င္အထိ ဒီၿမဳိ႕ဟာ ျပင္သစ္ နဲ႔ ျပင္သစ္အတုိက္အခံေတြေၾကာင့္ ၿငိမ္သက္ျခင္း မရွိခဲ့ပါဘူး။ ၁၉၅၃ခုႏွစ္ ခရစၥမတ္ေန႔မွာ ဗုံးခြဲတုိက္ခုိက္မႈေၾကာင့္ လူ ၁၆ဦး ေသဆုံးခဲ့ရပါတယ္။ ေမာ္ရုိကုိႏုိင္ငံဟာ ၁၉၅၆ခုႏွစ္မွာ မွ လြတ္လပ္ေရး ကို ရရွိခဲ့ပါတယ္။

ေမာ္ရုိကုိ ႏုိင္ငံဟာ Islam ၉၉% ေနထုိင္တဲ့ ႏုိင္ငံျဖစ္ေပမယ့္ ကာဆာဘလန္ကာ ကေတာ့ အျခားၿမဳိ႕ႀကီးေတြျဖစ္တဲ့ Fez , Rabat , Tangier စတဲ့ၿမဳိ႕ေတြနဲ႔ ကြဲျပားျခားနားပါတယ္။ ေမာ္ရုိကုိရဲ႕ ေခတ္အမီဆုံးၿမဳိ႕ျဖစ္တဲ့အတြက္ အေတာ္အသင့္ လြတ္လပ္မႈရွိတဲ့ ၿမဳိ႕လည္းျဖစ္ပါတယ္။ ကမာၻလွည့္ခရီးသြားမ်ားအတြက္ ၾကယ္ ၅ပြင့္ အဆင့္ရွိတဲ့ ဟုိတယ္ႀကီးေတြလည္း ဒီၿမဳိ႕မွာ ရွိေနပါတယ္။

ျပင္သစ္ကုိလုိနီျဖစ္ခဲ့ဖူးတာေၾကာင့္ ျပင္သစ္ ယဥ္ေက်းမႈ ၊ အာဖရိကရုိးရာအစဥ္အလာ  ေတြနဲ႔ အာရပ္ယဥ္ေက်းမႈေတြဟာ ဒီၿမဳိ႕မွာ ေရာယွက္ေနပါတယ္။ အေဆာက္အအုံေတြဟာလည္း ျပင္သစ္စတုိင္ ေတြနဲ႔ ေမာ္ရုိကုိ စတုိင္ေတြ ျဖစ္ပါတယ္။

ကာဆာဘလန္ကာဟာ အာဖရိကတုိက္က ျဖစ္ေပမယ့္ အလြန္ပူျပင္းျခင္း မရွိပဲ ေႏြးေထြးတဲ့ရာသီဥတု ရွိတဲ့ၿမဳိ႕ျဖစ္ပါတယ္။ ပ်မ္းမွ်အပူခ်ိန္အေနနဲ႔ အေအးဆုံးလျဖစ္တဲ့ ဇန္န၀ါရီလမွာ ၁၇ဒီဂရီဆဲစီးယပ္ ခန္႔ နဲ႔ အပူဆုံးျဖစ္တဲ့ ၾသဂုတ္လမွာ ၂၆ဒီဂရီဆဲစီးယပ္စ္၀န္းက်င္သာ ရွိပါတယ္။

ႏုိင္ငံထုတ္ကုန္စုစုေပါင္းရဲ႕ ၃၂% ကုိဒီၿမဳိ႕ကထုတ္လုပ္ၿပီး ႏုိင္ငံစက္မႈလုပ္ငန္းရဲ႕ ၅၆% ဟာလည္း ဒီၿမဳိ႕တစ္ၿမဳိ႕တည္းမွာရွိေနပါတယ္။ ဒါ့အျပင္ တစ္ႏုိ္င္ငံလုံးမွာရွိတဲ့ ဘဏ္စုစုေပါင္းရဲ႕ ၃၀% ဟာ ဒီၿမဳိ႕မွာရွိေနၿပီး ႏုိင္ငံ့လွ်ပ္စစ္ရဲ႕ ၃၀% ကုိ ဒီၿမဳိ႕တစ္ၿမဳိ႕တည္းက အသုံးျပဳပါတယ္။ ကာဆာဘလန္ကာ ဆိပ္ကမ္းဟာလည္း ကမာၻ႔အႀကီးဆုံး ဆိပ္ကမ္းေတြထဲက တစ္ခုျဖစ္ၿပီး ကြန္တိန္နာသေဘၤာအစီးေပါင္း ၃၅စင္း တၿပဳိင္နက္ ဆုိက္ကပ္ႏုိင္တဲ့အထိ ႀကီးမားပါတယ္။

အာဖရိကရဲ႕ ဒုတိယအႀကီးဆုံးေစ်း၀ယ္စင္တာျဖစ္တဲ့ Morocco Mall ဟာ ဒီၿမဳိ႕မွာရွိေနပါတယ္။ ဒီေစ်း၀ယ္စင္တာဟာ ဧရိယာအေနနဲ႔ စတုရန္းေပေပါင္း ၂သန္း ခန္႔က်ယ္၀န္းၿပီး ဆုိင္ေပါင္း ၄၀၀ ၀န္းက်င္ရွိတဲ့ စင္တာျဖစ္ပါတယ္။

အျဖဴေရာင္ၿမဳိ႕လုိ႔နာမည္ႀကီးတဲ့ ကာဆာဘလန္ကာ ရဲ႕ထင္ရွားတဲ့ေနရာေတြကေတာ့ Hassan II Mosque ၊ La Corniche ကမ္းေျခ ၊ Morocco Mall ၊ ၿမဳိ႕ရဲ႕ေရွးအက်ဆုံးေနရာျဖစ္တဲ့ The Old Medina ၊ Parc de la Ligue Arabe ပန္းၿခံ ၊ ေမာ္ရိုကုိဘုရင္ Mohammed V ရဲ႕အထိမ္းအမွတ္ေနရာ ၊ ေမာ္ရုိကုိရုိးရာ အႏုပညာမ်ားကိုျပသထားတဲ့ Villa des Arts ျပတုိက္ နဲ႔ ဘုရင့္နန္းေတာ္တုိ႔ ပဲျဖစ္ပါတယ္။

VIDEO

သုတဇုန္

—————–

ကာဆာဘလန်ကာ ဆိုတာ (unicode)

ကာဆာဘလန်ကာ ဆိုတာဟာ အာဖရိကတိုက် မော်ရိုကိုနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ အတလန္တိတ်သမုဒ္ဒရာနဲ့ ကပ်ရက်တည်ရှိနေတဲ့ ဒီမြို့ဟာ အာဖရိကရဲ့ အကြီးဆုံး နဲ့ စီးပွားရေးအရ အရေးပါဆုံး မြို့တွေထဲက တစ်မြို့ အပါအဝင်ဖြစ်ပါတယ်။ မြို့ရဲ့ဧရိယာက စတုရန်းမိုင် ၈၀ ကျယ်ဝန်းပါတယ်။

၂၀၁၄ ခုနှစ် စာရင်းအက ကာဆာဘလန်ကာ မြို့ပေါ်မှာ နေထိုင်သူဦးရေ ၃.၃၅သန်း ရှိပြီး ဒေသတစ်ခုလုံးက လူဦးရေကိုပေါင်းလိုက်မယ်ဆိုရင်တော့ ၆.၈သန်း အထိ ရှိပါတယ်။ မော်ရိုကိုရဲ့ အကြီးဆုံးဆိပ်ကမ်းရှိရာ ဒီမြို့ဟာ နိုင်ငံမြို့တော်အဖြစ် သတ်မှတ်ခြင်းမခံရပဲ နိုင်ငံရေးအရ  ရဘတ်(Rabat) မြို့ကိုသာ နိုင်ငံမြို့တော်အဖြစ် သတ်မှတ်ထားပါတယ်။

ဒီမြို့ကို အာဖရိကမြောက်ပိုင်းက ရှေးဦးလူမျိုးစုဖြစ်တဲ့ Berber လူမျိုးတွေက ဘီစီ ၇ရာစု လောက်မှာစ တည်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ဒီနေရာရဲ့အမည်ဟာ Anfa ဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက ဖိနစ်ရှန်းတွေနဲ့ ရိုမန်တွေဟာ ဒီမြို့ကို သင်္ဘောဆိပ်ကမ်းမြို့အဖြစ် အသုံးပြုခဲ့ပါတယ်။

အေဒီ ၇၄၄ Barghawata ဘုရင့်နိုင်ငံကို ထူထောင်ခဲ့ပြီးတဲ့နောက် ဒီမြို့ဟာ အတ္တလန္တိတ်ကမ်းရိုးတမ်းတလျှောက် အကြီးဆုံးမြို့ကြီးတစ်မြို့ ဖြစ်လာခဲ့ပါတယ်။ ၁၂ရာစုမှာတော့ အာရပ်လူမျိုးတွေရဲ့ သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီးတဲ့နောက် Berber လူမျိုးတွေရဲ့ ယဉ်ကျေးမှုနေရာမှာ အာရပ်တွေရဲ့ ယဉ်ကျေးမှုတွေ အစားထိုးဝင်ရောက်လာခဲ့ပါတယ်။ ၁၄ရာစုမှာတော့ Marinid မင်းဆက်ရဲ့မြို့ အဲဒီနောက်တော့ ပင်လယ်ဓားပြတွေ လွတ်လပ်စွာနေတဲ့မြို့ စသည်ဖြင့် ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်အထိ ဒီမြို့နာမည်က Anfa ပါ။

အစဉ်အဆက် ဒီနာမည်ကိုသာခေါ်ခဲ့ကြပေမယ့် ၁၅ရာစုမှာတော့ ဒီနေရာဟာ ပေါ်တူဂီတွေရဲ့ လက်အောက်ခံအဖြစ် သိမ်းယူခြင်းခံရပါတယ်။ ပေါ်တူဂီတွေဟာ ဒီမြို့ကို Casa Branca လို့ အမည်ပြောင်းပေးခဲ့ပါတယ်။ ပေါ်တူဂီဘာသာစကားအရ Branca က အဖြူရောင်(white) ဖြစ်ပြီး Casa က အိမ်(house) ဖြစ်တာကြောင့် အဓိပ္ပါယ်က အိမ်ဖြူတော် လို့အမည်ရပါတယ်။ ပေါ်တူဂီတွေရဲ့လက်ထဲကနေ စပိန်တွေက သိမ်း ၊ အဲဒီနောက်တော့ ၁၆၄ဝမှာ စပိန်တွေရဲ့ လက်ထဲကနေ ပေါ်တူဂီတွေက ပြန်သိမ်းခဲ့ပါတယ်။ သင်္ဘောဆိပ်ကမ်းမြို့ဖြစ်တဲ့အတွက် ဥရောပသားတွေက ဒီမြို့ကို သိမ်းပိုက်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် ၁၈ရာစု အလယ်မှာတော့ ဥရောပသားတွေဟာ ဒီမြို့ကို လုံးဝစွန့်ခွာ သွားကြပါတယ်။ အကြောင်းကတော့ ၁၇၅၅ခုနှစ်မှာ လှုပ်ခဲ့တဲ့ ပြင်းထန်တဲ့ငလျှင်ကြောင့် တစ်မြို့လုံးနီးပါး ပျက်စီးခဲ့ရလို့ ဖြစ်ပါတယ်။ ဒီမြို့ကိုပြန်လည်တည်ဆောက်ခဲ့သူကတော့ မော်ရိုကို စူလ်တန်ဘုရင် Mohammed ben Abdallah ဖြစ်ပြီး အဲဒီအချိန်ကစပြီး ဒီမြို့ကို အာရပ်ဘာသာနဲ့ ad-Dār al-Bayḍā စပိန်လို Casa Blanca ဆိုပြီး ခေါ်ခဲ့ကြပါတယ်။

၁၉ ရာစုမှာတော့ ဝါဂွမ်းအဓိကထုတ်လုပ်တဲ့နေရာအဖြစ် စီးပွားရေးအရကြီးထွားလာခဲ့ပါတယ်။ ဒါပေမယ့် ၁၈၈၀ ခုနှစ်အထိ ဒီမြို့လူဦးရေဟာ ၁သောင်း ဝန်းကျင်ပဲ ရှိပါသေးတယ်။ ၁၉၀၆မှာ ပြင်သစ်ကိုလိုနီဖြစ်ပြီးတဲ့နောက် လူဦးရေ တဟုန်ထိုး တိုးတက်လာခဲ့ပါတယ်။ ပြင်သစ်တွေဟာ မြို့သင်္ချိုင်းကိုဖြတ်ပြီး ရထားလမ်းဖောက်လုပ်ခဲ့တာကြောင့် မြို့ခံလူထုနဲ့ အခြေအတင်ဖြစ်ပါတယ်။ ဒီပြသနာကြောင့် ပြင်သစ်စစ်ဗိုလ်တစ်ယောက်နဲ့ စစ်သားအနည်းငယ် အသတ်ခံလိုက်ရတယ်။

ပြင်သစ်ကလည်း ဒီမြို့ကို စစ်သင်္ဘောတွေစေလွှတ်ပြီး တိုက်တယ် ၊ ဗုံးကြဲတယ်။ မြို့နေ လူပေါင်း ၁၅၀၀၀ ခန့် သေဆုံးခဲ့ရတယ်။ ၁၉၂၁ ခုနှစ်မှာတော့ လူဦးရေဟာ ၁၁၀၀၀၀ အထိများလာခဲ့သလို တစ်ဝက်က ဥရောပသားတွေဖြစ်လာတယ်။ လူမျိုးပေါင်းစုံနေထိုင်တဲ့မြို့ဖြစ်လာပြီးတဲ့နောက် ၁၉၄၂ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Casablanca ရုပ်ရှင်ဟာ ကမ္ဘာကျော်ခဲ့ပြီး ဒီမြို့ကို လူသိပိုများလာခဲ့တယ်။ အမေရိကန်ရဲ့ နာမည်ကျော် အနုပညာရှင် Bertie Higgins ကလည်း ကာဆာဘလန်ကာ သီချင်းကို သီဆိုခဲ့ပါသေးတယ်။ (အဓိပတိခြေရာများ လို့ ကျွန်တော်တို့သိကြတဲ့ သီချင်းရဲ့ မူရင်းပါ)

ဒုတိယကမ္ဘာစစ်အတွင်းက ဒီမြို့မှာ Casablanca Conference ကိုပြုလုပ်ပြီး ဒုတိယကမ္ဘာစစ်အဆုံးသတ်စေမယ့် စစ်ရေးအစီအစဉ်တွေကိုရေးဆွဲခဲ့ပါတယ်။ အဓိကတက်ရောက်သူက အမေရိကန်သမ္မတ ရုစဗဲ့ နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဝန်စတန်ချာချီတို့ဖြစ်ပြီး ပြင်သစ်စစ်ဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ ချားဒီဂေါ နဲ့ Henri Giraud တို့လည်း တက်ရောက်ခဲ့ပါတယ်။
၁၉၅၀ ဝန်းကျင်အထိ ဒီမြို့ဟာ ပြင်သစ် နဲ့ ပြင်သစ်အတိုက်အခံတွေကြောင့် ငြိမ်သက်ခြင်း မရှိခဲ့ပါဘူး။ ၁၉၅၃ခုနှစ် ခရစ္စမတ်နေ့မှာ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၆ဦး သေဆုံးခဲ့ရပါတယ်။ မော်ရိုကိုနိုင်ငံဟာ ၁၉၅၆ခုနှစ်မှာ မှ လွတ်လပ်ရေး ကို ရရှိခဲ့ပါတယ်။

မော်ရိုကို နိုင်ငံဟာ Islam ၉၉% နေထိုင်တဲ့ နိုင်ငံဖြစ်ပေမယ့် ကာဆာဘလန်ကာ ကတော့ အခြားမြို့ကြီးတွေဖြစ်တဲ့ Fez , Rabat , Tangier စတဲ့မြို့တွေနဲ့ ကွဲပြားခြားနားပါတယ်။ မော်ရိုကိုရဲ့ ခေတ်အမီဆုံးမြို့ဖြစ်တဲ့အတွက် အတော်အသင့် လွတ်လပ်မှုရှိတဲ့ မြို့လည်းဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားများအတွက် ကြယ် ၅ပွင့် အဆင့်ရှိတဲ့ ဟိုတယ်ကြီးတွေလည်း ဒီမြို့မှာ ရှိနေပါတယ်။

ပြင်သစ်ကိုလိုနီဖြစ်ခဲ့ဖူးတာကြောင့် ပြင်သစ် ယဉ်ကျေးမှု ၊ အာဖရိကရိုးရာအစဉ်အလာ  တွေနဲ့ အာရပ်ယဉ်ကျေးမှုတွေဟာ ဒီမြို့မှာ ရောယှက်နေပါတယ်။ အဆောက်အအုံတွေဟာလည်း ပြင်သစ်စတိုင် တွေနဲ့ မော်ရိုကို စတိုင်တွေ ဖြစ်ပါတယ်။

ကာဆာဘလန်ကာဟာ အာဖရိကတိုက်က ဖြစ်ပေမယ့် အလွန်ပူပြင်းခြင်း မရှိပဲ နွေးထွေးတဲ့ရာသီဥတု ရှိတဲ့မြို့ဖြစ်ပါတယ်။ ပျမ်းမျှအပူချိန်အနေနဲ့ အအေးဆုံးလဖြစ်တဲ့ ဇန်နဝါရီလမှာ ၁၇ဒီဂရီဆဲစီးယပ် ခန့် နဲ့ အပူဆုံးဖြစ်တဲ့ ဩဂုတ်လမှာ ၂၆ဒီဂရီဆဲစီးယပ်စ်ဝန်းကျင်သာ ရှိပါတယ်။

နိုင်ငံထုတ်ကုန်စုစုပေါင်းရဲ့ ၃၂% ကိုဒီမြို့ကထုတ်လုပ်ပြီး နိုင်ငံစက်မှုလုပ်ငန်းရဲ့ ၅၆% ဟာလည်း ဒီမြို့တစ်မြို့တည်းမှာရှိနေပါတယ်။ ဒါ့အပြင် တစ်န်ိုင်ငံလုံးမှာရှိတဲ့ ဘဏ်စုစုပေါင်းရဲ့ ၃၀% ဟာ ဒီမြို့မှာရှိနေပြီး နိုင်ငံ့လျှပ်စစ်ရဲ့ ၃၀% ကို ဒီမြို့တစ်မြို့တည်းက အသုံးပြုပါတယ်။ ကာဆာဘလန်ကာ ဆိပ်ကမ်းဟာလည်း ကမ္ဘာ့အကြီးဆုံး ဆိပ်ကမ်းတွေထဲက တစ်ခုဖြစ်ပြီး ကွန်တိန်နာသင်္ဘောအစီးပေါင်း ၃၅စင်း တပြိုင်နက် ဆိုက်ကပ်နိုင်တဲ့အထိ ကြီးမားပါတယ်။

အာဖရိကရဲ့ ဒုတိယအကြီးဆုံးဈေးဝယ်စင်တာဖြစ်တဲ့ Morocco Mall ဟာ ဒီမြို့မှာရှိနေပါတယ်။ ဒီဈေးဝယ်စင်တာဟာ ဧရိယာအနေနဲ့ စတုရန်းပေပေါင်း ၂သန်း ခန့်ကျယ်ဝန်းပြီး ဆိုင်ပေါင်း ၄၀၀ ဝန်းကျင်ရှိတဲ့ စင်တာဖြစ်ပါတယ်။

ကာဆာဘလန်ကာ ရဲ့ထင်ရှားတဲ့နေရာတွေကတော့ Hassan II Mosque ၊ La Corniche ကမ်းခြေ ၊ Morocco Mall ၊ မြို့ရဲ့ရှေးအကျဆုံးနေရာဖြစ်တဲ့ The Old Medina ၊ Parc de la Ligue Arabe ပန်းခြံ ၊ မော်ရိုကိုဘုရင် Mohammed V ရဲ့အထိမ်းအမှတ်နေရာ ၊ မော်ရိုကိုရိုးရာ အနုပညာများကိုပြသထားတဲ့ Villa des Arts ပြတိုက် နဲ့ ဘုရင့်နန်းတော်တို့ ပဲဖြစ်ပါတယ်။

သုတဇုန်

Leave a Reply