ဖန္မိုးေတြရြာတဲ့ ၿဂိဳဟ္ျပာႀကီး

Posted on

ကမာၻၿဂဳိဟ္တည္ရွိရာေနအဖြဲ႔အစည္း ရဲ႕ အျပင္ဘက္မွာ ဆန္းျပားတဲ့ ဂုဏ္သတၱိမ်ားစြာပိုင္ဆိုင္ထားတဲ့ ျဂိဳဟ္ေပါင္းမ်ားစြာရွိတယ္ဆိုတဲ့ အခ်က္ကို သိပၸံပညာရွင္မ်ားစြာက အတည္ျပဳေျပာ ၾကားခဲ့ျပီးျဖစ္ပါတယ္။ ယင္းျဂိဳဟ္ေတြအနက္မွာ ကမာၻျဂိဳဟ္လိုပဲ အျပာေရာင္အဆင္းရွိျပီး ဖန္မိုးေတြရြာခ်ေလ့ရွိတယ္ဆိုတဲ့ျဂိဳဟ္တစ္လံုးဟာလည္း တစ္ခုအပါအဝင္ ျဖစ္ပါတယ္။

အဲဒီျဂိဳဟ္ဟာ ကမာၻနဲ႔အလြန္ဆင္တူတာေၾကာင့္ စတင္ေတြရိွခ်ိန္တုန္း ကဆို လူသားအပါအဝင္ သက္ရွိေတြ ရွင္သန္ေနထိုင္ေလာက္တယ္လို႔ သိပၸံပညာရွင္ ေတြ တြက္ဆထားခဲ့ၾကဖူးပါတယ္။ ဒါေပမဲ့ေနာက္ပိုင္းကာလေတြမွာေတာ့ ဒီျဂိဳဟ္ဟာ ကမာၻ ကေနအလြန္ေဝးကြာတဲ့ အျပင္ အလြန္ထူေျပာတဲ့ အႏၱရာယ္ေတြဝိုင္းရံလ်က္ရိွတယ္ ဆိုတဲ့အေၾကာင္းကို သိလာၾကပါတယ္။ အဲဒီျဂိဳဟ္ရဲ႕အမည္ကိုေတာ့ သိပၸံပညာရွင္ ေတြက HD 189733b လို႔နာမည္ေပးထားျပီးယင္းနဲ႔ ပတ္သက္တဲ့အခ်က္အလက္ အခ်ိဳ႕ကို မ်ွေဝေပးလိုက္ရပါတယ္။

HD 189733b အမည္ရတဲ့ အဲဒီျဂိဳဟ္ျပာၾကီးဟာ ကမာၻကေန အလင္းႏွစ္ (၆၃) ေလာက္ကြာေဝးပါတယ္။ ဒီျဂိဳဟ္ဟာ ကမာၻလိုပဲအျပာေရာင္အဆင္းသ႑ာန္ရွိေပမဲ့ သက္ရွိေတြအေျခခ်ေနထိုင္နိုင္ဖို႔ေတာ့ မလြယ္ကူပါဘူး။ ေနစၾကဝဠာအတြင္းက ျဂိဳဟ္ေတြျဖစ္တဲ့ ဂ်ဴပီတာနဲ႔ ေစတန္ျဂိဳဟ္ေတြလိုပဲ Gaseous planet (ဓာက္ေငြ႔ျဂဳိဟ္) အမ်ိဳးအစား ျဖစ္ေနလို႔ပါ။

HD 189733b လို႔အမည္ရတဲ့ နာမည္ေပးရျခင္းကေတာ့ ယင္းျဂိဳဟ္နဲ႔ အနီးစပ္ဆံုးလွပစြာ တည္ရွိတဲ့ ၾကယ္ေၾကာင့္ျဖစ္ပါတယ္။ ေန႔လယ္အခ်ိန္ မွာေတာ့ HD 189733bၾကယ္ဟာ ယင္းျဂိဳဟ္နဲ႔ အနီးကပ္ဆံုးအေနအထားမွာရွိေနတတ္ ျပီး ေန ့အပူခ်ိန္ဟာလည္း 930 ံC or 1700 ံ F အထိပူျပင္းပါတယ္။

ဒီၿဂဳိဟ္ ဟာ ဂ်ဴပီတာျဂိဳဟ္အရြယ္အစားထက္ အနည္းငယ္ပုိႀကီးၿပီး ယင္းျဂိဳဟ္မ်က္နွာျပင္ကေတာ့ အလြန္ပူျပင္းျပီး ဓာက္ေငြ႔ေတြနဲ႔ အျမဲဖံုးလႊမ္းလ်က္ရွိေနပါတယ္။ အခ်ိဳ႕သိပၸံပညာရွင္ေတြကေတာ့ HD 189733b ကို hot-jupiter လို႔ညႊန္းဆိုလ်က္ရွိျပီး ဒီလိုပံုသ႑ာန္နဲ႔ ဂုဏ္သတၱိရွိတဲ့ ျဂိဳဟ္မ်ားစြာ ေနအဖြဲ႔အစည္းအျပင္မွာ က်န္ရွိေနနိုင္ေသးတယ္လို႔ ပညာရွင္ေတြက ခန္႔မွန္းထားၾက ပါေသးတယ္။ ဒါအျပင္ HD 189733b ေပၚကေလတိုက္ႏႈန္းဟာ တစ္နာရီကို (၄၃၅၀) မိုင္အထိရွိတယ္လို႔ ေလ့လာမႈေတြအရသိရပါတယ္။

ဓာက္ေငြ႔အေရာအေနွာေတြ အစဥ္ဖံုးလႊမ္းလ်က္ရွိျပီး အလြန္ျပင္းထန္တဲ့ အပူခ်ိန္ရွိတဲ့ ဒီ ၿဂိဳဟ္ျပာၾကီးဟာ သက္ရွိေတြအေျခခ်ေနထိုင္ဖို႔ေတာ့ လြယ္ကူနိုင္မယ္ မထင္ပါဘူး။ ဒီျဂိဳဟ္မွာ အလြန္ျပင္းထန္တဲ့ ေလနီၾကမ္းေတြ စဥ္ဆက္မျပတ္တိုက္ခတ္ ေနတဲ့အျပင္ ထူးထူးဆန္ဆန္းအေနအထားတစ္ရပ္ကေတာ့ ဖန္မိုးေတြရြာသြန္းေလ့ရွိ တယ္ဆိုတာပါပဲ။

ကမာၻျဂိဳဟ္ေပၚမွာလို မိုးနဲ႔ ဆီနွင္းေတြက်ဆင္းတဲ့ အေနအထားတိုင္း HD 189733b မွာေတာ့ Molten glass (အရည္က်ိဳထားတဲ့ ဖန္ပူ)ေတြရြာသြန္းေလ့ ရွိေနတာပဲျဖစ္ပါတယ္။ သိပၸံပညာရွင္ေတြကေတာ့ အလြန္ပူျပင္းတဲ့ ေလထုအတြင္းမွာ Glassy silicate particles ေတြအရည္ေပ်ာ္သြားရာ မွ ထုထည္သိပ္သည္းဆမ်ားလာျပီး ေလထုကေနဆက္လက္ထိန္းထားနိုင္ျခင္းမရွိတာ ေၾကာင့္ ေျမျပင္ေပၚကို အရွိန္နဲ႔ ဖန္မိုးမ်ားျပင္းထန္စြာ က်ဆင္းလာျခင္းျဖစ္တယ္လို႔ဆိုပါတယ္။

ကမာၻနဲ႔ခပ္ဆင္ဆင္တူညီေနတဲ့ HD 189733b ၿဂဳိဟ္ကို ပညာရွင္ေတြက (၁၉၉၀) နွစ္လယ္ပိုင္းေလာက္ကတည္းက စတင္ေတြ႔ရွိခဲ့တာျဖစ္ျပီး နည္းပညာဆိုင္ရာ အခက္အခဲေတြေၾကာင့္ ယခုလိုတိတိက်က်ေျမျပင္အေျခအေနေတြကို ေလ့လာနိုင္ခဲ့ ျခင္းေတာ့မရွိခဲ့ပါဘူး။

(၂၀၁၃)ခုနွစ္ေရာက္ခ်ိန္မွာေတာ့ ပညာရွင္ေတြဟာ နာမည္ေက်ာ္ Hubble Space Telescope ကိုအသံုးျပဳျပီး ဒီၿဂဳိဟ္ ရဲ့မ်က္နွာျပင္ကို စတင္ေလ့လာခဲ့ပါတယ္။ ေတြ႔ရွိခ်က္ကေတာ့ HD 189733b ရဲ့အေရာင္ဟာ ယင္းျဂိဳဟ္နဲ႔နီးကပ္စြာတည္ရွိေနတဲ့ HD 189733b ၾကယ္ကေန အလင္းျပန္ျပီး မိုးျပာေရာင္အျဖစ္ ျဖစ္တည္ေနတာ ျဖစ္ေၾကာင္း သတိထားမိခဲ့ပါတယ္။

နကၡတ္ေဗဒပညာရွင္ေတြရွာေဖြေတြ႔ရွိတဲ့အခ်က္ကေတာ့ HD 189733b ၿဂိဳဟ္ေပၚမွာ မူလကေတြးထင္ထားသလို သမုဒၵရာေတြရွိနိုင္တယ္ဆိုတာ မဟုတ္မွန္ေၾကာင္းနဲ႔ ယင္းျဂိဳဟ္မွာ က်ေရာက္ေနတဲ့ အျပာေရာင္အလင္းတန္းေတြဟာ နီးကပ္စြာရွိေနတဲ့ HD 189733b ၾကယ္ ကေန အလင္းျပန္လာတာမွန္ကန္ုေၾကာင္း ထပ္မံအတည္ျပဳေပးခဲ့ပါတယ္။ ဒါအျပင္ HD 189733b ရဲ့ေလထုအတြင္းမွာပ်ံနွံ႔တည္ရွိတဲ့ အျပာေရာင္ရွိတဲ့ silicate particles ေတြေၾကာင့္လည္း အျပာေရာင္ သ႑ာန္ရွိတဲ့ ျဂိဳဟ္တစ္ခုအျဖစ္ျမင္ေတြ႔ေနရတာ ျဖစ္ေၾကာင္း အေျဖထုတ္ခဲ့ပါတယ္။

ဖန္မိုးေတြရြာသြန္းရတဲ့ ဒီၿဂဳိဟ္ရဲ့ေလထုနဲ႔ပတ္သက္ျပီး တိက်တဲ့အေျဖကိုေတာ့ ယေန႔တိုင္ထုတ္ ျပန္နိုင္ျခင္းမရွိေသးေပမဲ့ ယခင္မွတ္တမ္းတင္ထားတဲ့ အခ်က္အလက္ ေတြထက္ေတာ့ ပိုမိုက်ယ္ျပန္႔နိုင္တယ္လို႔ မွတ္ခ်က္ခ်ထားၾကပါတယ္။ ဒါအျပင္ ပံုမွန္ထက္ပိုတဲ့ ေလ့လာဆန္းစစ္မႈနဲ႔ နည္းပညာပိုင္းဆိုင္ရာျမွင့္တင္ေလ့လာမႈေတြ လိုအပ္တယ္လို႔လည္း ပညာရွင္ေတြက ေထာက္ျပမႈေတြရွိေနခဲ့တာလည္း ျဖစ္ပါတယ္။

ဒီၿဂဳိဟ္ဟာ အျခားရွာေဖြေတြ႔ရွိျပီးျဂိဳဟ္ေတြနဲ႔ ကြဲျပားတဲ့ အေျခအေနေတြ ရွိေနတာေၾကာင့္လည္း ေခတ္သစ္အာကာသသိပၸံ နည္းပညာဆိုင္ရာ ပညာရွင္ေတြအတြက္ ခက္ခဲတဲ့ ပုစာၦတစ္ခုပမာျဖစ္ေနတာပါ။ အာကာသသိပၸံဆိုင္ရာ သာမန္ရိုးက်သီအုိရီတစ္ခုကေတာ့ ၾကယ္တာရာေတြနဲ႔ အနီးကပ္ဆံုးမွာတည္ရွိတဲ့ ဓာက္ေငြ႔ျဂိဳဟ္အမ်ားစုရဲ့တည္ေဆာက္ပံုဟာ ေက်ာက္သားအစိတ္အပိုင္းေတြသာ ပိုမိုမ်ားျပား တယ္ဆိုတဲ့အခ်က္ျဖစ္ပါတယ္။ ဒီသီအုိရီအတိုင္းပဲ ၿဂဳိဟ္ရဲ့ အတြင္းပိုင္း အစိတ္ အပိုင္းအမ်ားစုဟာ ေက်ာက္သားေတြသာျဖစ္ျပီး ယင္းအာကာသ သိပၸံနည္းပညာရပ္ဆိုင္ရာ သီဟိုရီဟာ ယေန႔တိုင္မွန္ကန္ေနတာကိုလည္း ျမင္ေတြ႔ရပါ တယ္။

HD 189733b နဲ႔ ယင္းရဲ့ ျဂိဳဟ္ပတ္လမ္းအတြင္းမွာတည္ရွိတဲ့ HD 189733bၾကယ္ဟာ တစ္နွစ္ကို (၁၃)ၾကိမ္အထိ နီးကပ္စြာတည္ရွိျပီး ယင္းအကြာအေဝးဟာ Mercury နဲ႔ ေနရဲ့အကြာအေဝးထက္ကို ပိုမိုနီးကပ္တဲ့ အေျခအေနျဖစ္ပါတယ္။ ညအခ်ိန္ေရာက္ခ်ိန္ မွာ ဒီၿဂိဳဟ္ရဲ့အပူခ်ိန္ဟာ 1200 ံ F ရွိပါတယ္။ နကၡတ္ေဗဒပညာရွင္အခ်ိဳ႕ ကေတာ့ ယင္းျဂိဳဟ္ဟာ HD 189733bၾကယ္နဲ႔နီးကပ္စြာတည္ရွိေနတာေၾကာင့္ ျဂိဳဟ္ရဲ့ အျပင္ဘက္ဆံုးေလထုဟာ သိပ္သည္းဆ က်ံဳေနနိုင္တယ္လို႔ဆိုပါတယ္။

ဒါအျပင္ HD 189733b ၿဂိဳဟ္ဟာ စကၠန္႔တိုင္းေျမသားျဒပ္ထုကီလိုဂရမ္ သန္း(၁၀၀)ကေန(၆၀၀)ၾကားဆံုးရံႈး မႈေတြျဖစ္ေပၚေနတယ္လို႔ တြက္ခ်က္ထားၾကပါတယ္။ ဒီၿဂိဳဟ္ရဲ႕ အတြင္းပို္င္းေျမမ်က္နွာသြင္ျပင္မွာ ေရဒီယိုသတၱိၾကြျဒပ္စင္ေတြရဲ့ ေပါက္ကြဲမႈ ျဖစ္စဥ္ေတြအဆက္မျပတ္ ျဖစ္ေပၚေနတာေၾကာင့္ ေတာင္တန္း၊ေတာင္ကုန္းေတြကို ေတြ႔ရွိရျခင္းမရွိတာလို႔ဆိိုပါတယ္။

တစ္ဖက္ကလည္း ယင္း(Solar radiation)ေပါက္ကြဲမႈ ျဖစ္စဥ္ေတြကပဲ ျဖာထြက္လာတဲ့ အလင္းတန္းေတြေၾကာင့္ ကၽြန္ေတာ္တို႔ကမာၻေျမၾကီး မွာေတာ့ ေျမာက္ဝင္ရိုးစြန္းေဒသေတြမွာပဲ ျမင္ေတြ႔ရေလ့ရိွတဲ့ အနီ/အစိမ္းစတဲ့ ဥတၱရအလင္းတန္းေတြကို HD 189733b ၿဂိဳဟ္ရဲ့ ညေကာင္းကင္ယံမွာေတာ့ အခ်ိန္ျပည့္နီးပါးျမင္ေတြ႔ႏုိင္မွာ ျဖစ္တယ္ လုိ႔သိရပါတယ္။

သုတဇုန္

————–

 ဖန်မိုးတွေရွာတဲ့ ဂြိုဟ်ပြာကြီး (unicode)

ကမ္ဘာဂြိုဟ်တည်ရှိရာ ကမ္ဘာဂြိုဟ်တည်ရှိရာနေအဖွဲ့အစည်းရဲ့ အပြင်ဘက်မှာ ဆန်းပြားတဲ့ ဂုဏ်သတ္တိများစွာပိုင်ဆိုင်ထားတဲ့ ဂြိုဟ်ပေါင်းများစွာရှိတယ်ဆိုတဲ့ အချက်ကို သိပ္ပံပညာရှင်များစွာက အတည်ပြုပြော ကြားခဲ့ပြီးဖြစ်ပါတယ်။ ယင်းဂြိုဟ်တွေအနက်မှာ ကမ္ဘာဂြိုဟ်လိုပဲ အပြာရောင်အဆင်းရှိပြီး ဖန်မိုးတွေရွာချလေ့ရှိတယ်ဆိုတဲ့ဂြိုဟ်တစ်လုံးဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

အဲဒီဂြိုဟ်ဟာ ကမ္ဘာနဲ့အလွန်ဆင်တူတာကြောင့် စတင်တွေရှိချိန်တုန်း ကဆို လူသားအပါအဝင် သက်ရှိတွေ ရှင်သန်နေထိုင်လောက်တယ်လို့ သိပ္ပံပညာရှင် တွေ တွက်ဆထားခဲ့ကြဖူးပါတယ်။ ဒါပေမဲ့နောက်ပိုင်းကာလတွေမှာတော့ ဒီဂြိုဟ်ဟာ ကမ္ဘာ ကနေအလွန်ဝေးကွာတဲ့ အပြင် အလွန်ထူပြောတဲ့ အန္တရာယ်တွေဝိုင်းရံလျက်ရှိတယ် ဆိုတဲ့အကြောင်းကို သိလာကြပါတယ်။ အဲဒီဂြိုဟ်ရဲ့အမည်ကိုတော့ သိပ္ပံပညာရှင် တွေက HD 189733b လို့နာမည်ပေးထားပြီးယင်းနဲ့ ပတ်သက်တဲ့အချက်အလက် အချို့ကို မျှဝေပေးလိုက်ရပါတယ်။

HD 189733b အမည်ရတဲ့ အဲဒီဂြိုဟ်ပြာကြီးဟာ ကမ္ဘာကနေ အလင်းနှစ် (၆၃) လောက်ကွာဝေးပါတယ်။ ဒီဂြိုဟ်ဟာ ကမ္ဘာလိုပဲအပြာရောင်အဆင်းသဏ္ဍာန်ရှိပေမဲ့ သက်ရှိတွေအခြေချနေထိုင်နိုင်ဖို့တော့ မလွယ်ကူပါဘူး။ နေစကြဝဠာအတွင်းက ဂြိုဟ်တွေဖြစ်တဲ့ ဂျူပီတာနဲ့ စေတန်ဂြိုဟ်တွေလိုပဲ Gaseous planet (ဓာက်ငွေ့ဂြိုဟ်) အမျိုးအစား ဖြစ်နေလို့ပါ။

HD 189733b လို့အမည်ရတဲ့ နာမည်ပေးရခြင်းကတော့ ယင်းဂြိုဟ်နဲ့ အနီးစပ်ဆုံးလှပစွာ တည်ရှိတဲ့ ကြယ်ကြောင့်ဖြစ်ပါတယ်။ နေ့လယ်အချိန် မှာတော့ HD 189733bကြယ်ဟာ ယင်းဂြိုဟ်နဲ့ အနီးကပ်ဆုံးအနေအထားမှာရှိနေတတ် ပြီး နေ့အပူချိန်ဟာလည်း 930 ံC or 1700 ံ F အထိပူပြင်းပါတယ်။

ဒီဂြိုဟ် ဟာ ဂျူပီတာဂြိုဟ်အရွယ်အစားထက် အနည်းငယ်ပိုကြီးပြီး ယင်းဂြိုဟ်မျက်နှာပြင်ကတော့ အလွန်ပူပြင်းပြီး ဓာက်ငွေ့တွေနဲ့ အမြဲဖုံးလွှမ်းလျက်ရှိနေပါတယ်။ အချို့သိပ္ပံပညာရှင်တွေကတော့ HD 189733b ကို hot-jupiter လို့ညွှန်းဆိုလျက်ရှိပြီး ဒီလိုပုံသဏ္ဍာန်နဲ့ ဂုဏ်သတ္တိရှိတဲ့ ဂြိုဟ်များစွာ နေအဖွဲ့အစည်းအပြင်မှာ ကျန်ရှိနေနိုင်သေးတယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြ ပါသေးတယ်။ ဒါအပြင် HD 189733b ပေါ်ကလေတိုက်နှုန်းဟာ တစ်နာရီကို (၄၃၅၀) မိုင်အထိရှိတယ်လို့ လေ့လာမှုတွေအရသိရပါတယ်။

ဓာက်ငွေ့အရောအနှောတွေ အစဉ်ဖုံးလွှမ်းလျက်ရှိပြီး အလွန်ပြင်းထန်တဲ့ အပူချိန်ရှိတဲ့ ဒီ ဂြိုဟ်ပြာကြီးဟာ သက်ရှိတွေအခြေချနေထိုင်ဖို့တော့ လွယ်ကူနိုင်မယ် မထင်ပါဘူး။ ဒီဂြိုဟ်မှာ အလွန်ပြင်းထန်တဲ့ လေနီကြမ်းတွေ စဉ်ဆက်မပြတ်တိုက်ခတ် နေတဲ့အပြင် ထူးထူးဆန်ဆန်းအနေအထားတစ်ရပ်ကတော့ ဖန်မိုးတွေရွာသွန်းလေ့ရှိ တယ်ဆိုတာပါပဲ။

ကမ္ဘာဂြိုဟ်ပေါ်မှာလို မိုးနဲ့ ဆီနှင်းတွေကျဆင်းတဲ့ အနေအထားတိုင်း HD 189733b မှာတော့ Molten glass (အရည်ကျိုထားတဲ့ ဖန်ပူ)တွေရွာသွန်းလေ့ ရှိနေတာပဲဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အလွန်ပူပြင်းတဲ့ လေထုအတွင်းမှာ Glassy silicate particles တွေအရည်ပျော်သွားရာ မှ ထုထည်သိပ်သည်းဆများလာပြီး လေထုကနေဆက်လက်ထိန်းထားနိုင်ခြင်းမရှိတာ ကြောင့် မြေပြင်ပေါ်ကို အရှိန်နဲ့ ဖန်မိုးများပြင်းထန်စွာ ကျဆင်းလာခြင်းဖြစ်တယ်လို့ဆိုပါတယ်။

ကမ္ဘာနဲ့ခပ်ဆင်ဆင်တူညီနေတဲ့ HD 189733b ဂြိုဟ်ကို ပညာရှင်တွေက (၁၉၉၀) နှစ်လယ်ပိုင်းလောက်ကတည်းက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး နည်းပညာဆိုင်ရာ အခက်အခဲတွေကြောင့် ယခုလိုတိတိကျကျမြေပြင်အခြေအနေတွေကို လေ့လာနိုင်ခဲ့ ခြင်းတော့မရှိခဲ့ပါဘူး။

(၂၀၁၃)ခုနှစ်ရောက်ချိန်မှာတော့ ပညာရှင်တွေဟာ နာမည်ကျော် Hubble Space Telescope ကိုအသုံးပြုပြီး ဒီဂြိုဟ် ရဲ့မျက်နှာပြင်ကို စတင်လေ့လာခဲ့ပါတယ်။ တွေ့ရှိချက်ကတော့ HD 189733b ရဲ့အရောင်ဟာ ယင်းဂြိုဟ်နဲ့နီးကပ်စွာတည်ရှိနေတဲ့ HD 189733b ကြယ်ကနေ အလင်းပြန်ပြီး မိုးပြာရောင်အဖြစ် ဖြစ်တည်နေတာ ဖြစ်ကြောင်း သတိထားမိခဲ့ပါတယ်။

နက္ခတ်ဗေဒပညာရှင်တွေရှာဖွေတွေ့ရှိတဲ့အချက်ကတော့ HD 189733b ဂြိုဟ်ပေါ်မှာ မူလကတွေးထင်ထားသလို သမုဒ္ဒရာတွေရှိနိုင်တယ်ဆိုတာ မဟုတ်မှန်ကြောင်းနဲ့ ယင်းဂြိုဟ်မှာ ကျရောက်နေတဲ့ အပြာရောင်အလင်းတန်းတွေဟာ နီးကပ်စွာရှိနေတဲ့ HD 189733b ကြယ် ကနေ အလင်းပြန်လာတာမှန်ကန်ုကြောင်း ထပ်မံအတည်ပြုပေးခဲ့ပါတယ်။ ဒါအပြင် HD 189733b ရဲ့လေထုအတွင်းမှာပျံနှံ့တည်ရှိတဲ့ အပြာရောင်ရှိတဲ့ silicate particles တွေကြောင့်လည်း စကြဝဠာအတွင်းကနေ ကြည့်ရင် အပြာရောင် သဏ္ဍာန်ရှိတဲ့ ဂြိုဟ်တစ်ခုအဖြစ်မြင်တွေ့နေရတာ ဖြစ်ကြောင်း အဖြေထုတ်ခဲ့ပါတယ်။

ဖန်မိုးတွေရွာသွန်းရတဲ့ ဒီဂြိုဟ်ရဲ့လေထုနဲ့ပတ်သက်ပြီး တိကျတဲ့အဖြေကိုတော့ ယနေ့တိုင်ထုတ် ပြန်နိုင်ခြင်းမရှိသေးပေမဲ့ ယခင်မှတ်တမ်းတင်ထားတဲ့ အချက်အလက် တွေထက်တော့ ပိုမိုကျယ်ပြန့်နိုင်တယ်လို့ မှတ်ချက်ချထားကြပါတယ်။ ဒါအပြင် ပုံမှန်ထက်ပိုတဲ့ လေ့လာဆန်းစစ်မှုနဲ့ နည်းပညာပိုင်းဆိုင်ရာမြှင့်တင်လေ့လာမှုတွေ လိုအပ်တယ်လို့လည်း ပညာရှင်တွေက ထောက်ပြမှုတွေရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဂြိုဟ်ဟာ အခြားရှာဖွေတွေ့ရှိပြီးဂြိုဟ်တွေနဲ့ ကွဲပြားတဲ့ အခြေအနေတွေ ရှိနေတာကြောင့်လည်း ခေတ်သစ်အာကာသသိပ္ပံ နည်းပညာဆိုင်ရာ ပညာရှင်တွေအတွက် ခက်ခဲတဲ့ ပုစ္ဆာတစ်ခုပမာဖြစ်နေတာပါ။ အာကာသသိပ္ပံဆိုင်ရာ သာမန်ရိုးကျသီအိုရီတစ်ခုကတော့ ကြယ်တာရာတွေနဲ့ အနီးကပ်ဆုံးမှာတည်ရှိတဲ့ ဓာက်ငွေ့ဂြိုဟ်အများစုရဲ့တည်ဆောက်ပုံဟာ ကျောက်သားအစိတ်အပိုင်းတွေသာ ပိုမိုများပြား တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒီသီအိုရီအတိုင်းပဲ ဂြိုဟ်ရဲ့ အတွင်းပိုင်း အစိတ် အပိုင်းအများစုဟာ ကျောက်သားတွေသာဖြစ်ပြီး ယင်းအာကာသ သိပ္ပံနည်းပညာရပ်ဆိုင်ရာ သီဟိုရီဟာ ယနေ့တိုင်မှန်ကန်နေတာကိုလည်း မြင်တွေ့ရပါ တယ်။

HD 189733b နဲ့ ယင်းရဲ့ ဂြိုဟ်ပတ်လမ်းအတွင်းမှာတည်ရှိတဲ့ HD 189733bကြယ်ဟာ တစ်နှစ်ကို (၁၃)ကြိမ်အထိ နီးကပ်စွာတည်ရှိပြီး ယင်းအကွာအဝေးဟာ Mercury နဲ့ နေရဲ့အကွာအဝေးထက်ကို ပိုမိုနီးကပ်တဲ့ အခြေအနေဖြစ်ပါတယ်။ ညအချိန်ရောက်ချိန် မှာ ဒီဂြိုဟ်ရဲ့အပူချိန်ဟာ 1200 ံ F ရှိပါတယ်။ နက္ခတ်ဗေဒပညာရှင်အချို့ ကတော့ ယင်းဂြိုဟ်ဟာ HD 189733bကြယ်နဲ့နီးကပ်စွာတည်ရှိနေတာကြောင့် ဂြိုဟ်ရဲ့ အပြင်ဘက်ဆုံးလေထုဟာ သိပ်သည်းဆ ကျုံနေနိုင်တယ်လို့ဆိုပါတယ်။

ဒါအပြင် HD 189733b ဂြိုဟ်ဟာ စက္ကန့်တိုင်းမြေသားဒြပ်ထုကီလိုဂရမ် သန်း(၁၀၀)ကနေ(၆၀၀)ကြားဆုံးရှုံး မှုတွေဖြစ်ပေါ်နေတယ်လို့ တွက်ချက်ထားကြပါတယ်။ ဒီဂြိုဟ်ရဲ့ အတွင်းပ်ိုင်းမြေမျက်နှာသွင်ပြင်မှာ ရေဒီယိုသတ္တိကြွဒြပ်စင်တွေရဲ့ ပေါက်ကွဲမှု ဖြစ်စဉ်တွေအဆက်မပြတ် ဖြစ်ပေါ်နေတာကြောင့် တောင်တန်း၊တောင်ကုန်းတွေကို တွေ့ရှိရခြင်းမရှိတာလို့ဆိုပါတယ်။

တစ်ဖက်ကလည်း ယင်း(Solar radiation)ပေါက်ကွဲမှု ဖြစ်စဉ်တွေကပဲ ဖြာထွက်လာတဲ့ အလင်းတန်းတွေကြောင့် ကျွန်တော်တို့ကမ္ဘာမြေကြီး မှာတော့ မြောက်ဝင်ရိုးစွန်းဒေသတွေမှာပဲ မြင်တွေ့ရလေ့ရှိတဲ့ အနီ/အစိမ်းစတဲ့ ဥတ္တရအလင်းတန်းတွေကို HD 189733b ဂြိုဟ်ရဲ့ ညကောင်းကင်ယံမှာတော့ အချိန်ပြည့်နီးပါးမြင်တွေ့နိုင်မှာ ဖြစ်တယ် လို့သိရပါတယ်။

သုတဇုန်

Leave a Reply