ႏွစ္သစ္မွာ ေအာင္ျမင္ေပ်ာ္ရႊင္ဖုိ႔ နည္းလမ္းေလးတခ်ဳိ႕

Posted on

ေရးသားသူ – Your Life Success

သင့္ရဲ႕ဘ၀မွာ သင္ဟာ အမွားေတြ ဘယ္ေလာက္ပဲ လုပ္ခဲ့လုပ္ခဲ့၊ သင္ ဘယ္ေလာက္ပဲ အသက္ႀကီးႀကီး .. စသျဖင့္ .. အဲဒါေတြက ကိစၥမဟုတ္ပါဘူး။ သင္ဟာ ႏွစ္သစ္တစ္ခုနဲ႕အတူ တစ္ဖန္ျပန္စႏုိင္ပါတယ္။ သင့္မွာ ဆႏၵရွိေနေသးသေရြ႕ သင့္ရဲ႕ဘ၀ကို ပိုေကာင္းေအာင္ ေျပာင္းလဲႏုိင္ပါတယ္။

သင့္အတြက္ သစ္လြင္လတ္ဆတ္တဲ့ ႏွစ္သစ္တစ္ႏွစ္ဟာ ေရွ႕မွာေစာင့္ႀကိဳေနပါတယ္။ ၂၀၁၉  ဟာ သင့္ရဲ႕ ရည္မွန္းခ်က္ေတြ၊ စိတ္ကူးအိပ္မက္ေတြကို အေကာင္အထည္ေဖာ္ႏုိင္ဖို႕ အခြင့္အေရးပါပဲ။

ဒီစာဟာ သင့္ရဲ႕ စိတ္ကူးထဲက ဘ၀တစ္ခုကို ၂၀၁၉ ႏွစ္သစ္မွာ လက္ေတြ႕တည္ေဆာက္ႏုိင္ဖို႕ နည္းလမ္းတစ္ခ်ိဳ႕နဲ႕ စိတ္ဓာတ္ ခြန္အားေတြကို ေပးပါလိမ့္မယ္။

၁။ ျပန္ၾကည့္ရမယ့္အခ်ိန္

တကယ္ေတာ့ အခ်ိန္ဆိုတာ ပစၥဳပၸန္အခ်ိန္ပဲ တန္ဖိုးရွိတာမဟုတ္ပါဘူး။ ယူတတ္မယ္ဆုိရင္ အတိတ္ဟာလည္း အလြန္တန္ဖိုးရွိလွပါတယ္။ ၂၀၁၈ တစ္ႏွစ္တာအတြင္းမွာ သင္ဘာေတြ လုပ္ခဲ့သလဲ။ သင့္ရဲ႕ ရည္မွန္းခ်က္ေတြ ဘယ္ေလာက္ၿပီးေျမာက္ခဲ့သလဲ။

သင့္ကိုယ္သင္ေက်နပ္ေပ်ာ္ရႊင္မႈ ရွိခဲ့သလား။ သင့္အတြက္ အေရးအႀကီးဆုံးအရာေတြ (သင့္၀ါသနာ၊ သင့္မိသားစု၊ သင္ခ်စ္ျမတ္ႏိုးတဲ့သူေတြ) အတြက္ အခ်ိန္လုံလုံေလာက္ေလာက္ ေပးခဲ့သလား။ ၂၀၁၈ တစ္ႏွစ္တာကိုျပန္ေအာက္ေမ့ဖို႕ အခ်ိန္ခဏေလာက္ ယူလုိက္ပါ။

၂။ သင့္ကိုယ္သင္ ခြင့္လႊတ္ပါ

အကယ္၍ ၂၀၁၈ မွာ သင္ လုပ္သင့္တာေတြ မလုပ္ခဲ့မိဘူးဆိုရင္လည္း သင့္ကိုယ္သင္ ခြင့္လႊတ္ပါ။ ၿပီးခဲ့တာေတြကို စိတ္တိုေနလုိ႕ သင့္အတြက္ အက်ိဳးမရွိပါဘူး။ လူသားေတြျဖစ္တဲ့အတြက္ေၾကာင့္ က်ေနာ္တို႕မွာ အမွားေတြကို ျပဳလုပ္ႏိုင္တဲ့ စြမ္းအားရွိပါတယ္။

ဒါေပမယ့္ အေရးအႀကီးဆုံးက က်ေနာ္တို႕ဟာ ေကာင္းသည္ျဖစ္ေစ၊ ဆိုးသည္ျဖစ္ေစ က်ေနာ္တို႕ရဲ႕ အေတြ႕အႀကံဳေတြကေန သင္ယူႏုိင္တဲ့ စြမ္းအားလည္း ရွိတယ္ဆိုတာပါပဲ။ သင့္ကိုယ္သင္ ခြင့္လႊတ္ပါ။ အားသစ္ေမြးပါ။ တစ္ဖန္ျပန္စပါ။ သင့္ကိုယ္သင္ ေနာက္ထပ္အခြင့္အေရးတစ္ခု ေပးလိုက္ပါ။ အတိတ္မွာ ဘာေတြပဲျဖစ္ခဲ့ျဖစ္ခဲ့၊ အခုအခ်ိန္မွာ သင္ျဖစ္ခ်င္တဲ့အတိုင္း သင့္ကိုယ္သင္ ဖန္တီးႏိုင္ပါတယ္။

၃။ ႏွစ္သစ္ရည္မွန္းခ်က္မ်ား

အေျခအေနတစ္ခုကို ကိုယ့္စိတ္ႀကိဳက္ျဖစ္ေအာင္ ဖန္တီးယူဖို႕ဆိုတာ က်ေနာ္တုိ႕မွာ ရည္မွန္းခ်က္ေတြရွိဖုိ႕ လုိပါတယ္။ ၂၀၁၉ မွာ သင္ ဘာျဖစ္ခ်င္သလဲ။ ဘ၀ကို ဘယ္လို Lifestyle မ်ိဳးနဲ႕ ေနထိုင္မလဲ။ ရည္မွန္းခ်က္ေတြ ခ်မွတ္ပါ။ ၿပီးေတာ့ သင့္ရည္မွန္းခ်က္ေတြအတိုင္း ဘယ္လိုေနထုိင္မလဲဆုိတာ အစီအစဥ္ေတြ ေရးဆြဲပါ။ တစ္ေန႕တာကို ဘယ္လုိအသုံးခ်မယ္၊ ဘယ္ေန႕မွာ ဘာေတြလုပ္မယ္။ ဘယ္လ မွာ ဘာလုပ္မယ္၊ ဒါမွမဟုတ္- ဘယ္အက်င့္ေတြကို စြန္႕လႊတ္မယ္၊ ဘယ္အက်င့္ေတြကို ေမြးျမဴမယ္ စသျဖင့္ အစီအစဥ္ေတြ ေရးဆြဲပါ။

၄။ ယုံၾကည္မွဳရွိ

သင့္အိပ္မက္ေတြကို အမွန္တကယ္ျဖစ္လာေအာင္ လုပ္တဲ့အရာဟာသင့္ရဲ႕ ယုံၾကည္မွဳပါ။ သင္ခ်မွတ္ထားတဲ့ ရည္မွန္းခ်က္ကို ေအာင္ျမင္ေအာင္လုပ္ႏိုင္တယ္လုိ႕ သင့္ကိုယ္သင္ယုံၾကည္ပါ။ ဒါဟာ ေအာင္ျမင္မွဳရဲ႕ ေသာ့ခ်က္ပါပဲ။

၅။ ေန႕ရက္တုိင္းဟာ အဖိုးတန္္

” ဘ၀တစ္ခု ေစာစီးစြာ ကုန္ဆုံးသြားျခင္းဟာ ကံဆိုးမိုးေမွာင္က်ျခင္း မဟုတ္ဘူး။ ဘ၀ကို စတင္ဖို႔ အခ်ိန္ဆြဲေနျခင္းကသာ ကံဆိုးမိုးေမွာင္က်ျခင္း ျဖစ္တယ္။ ”
W. M. Lewis

သင့္ရဲ႕ ရည္မွန္းခ်က္ေတြျပည့္ေျမာက္ဖို႕အတြက္ အခုပဲ စလုပ္ လိုက္ပါ။ ေန႕ရက္တုိင္းဟာ အဖိုးတန္လွပါတယ္။

ေအာင္ျမင္ေပ်ာ္ရႊင္တဲ့ ႏွစ္သစ္ျဖစ္ပါေစ။

Your Life Success

——————–

နှစ်သစ်မှာ အောင်မြင်ပျော်ရွှင်ဖို့ နည်းလမ်းတချို့ (unicode)

ရေးသားသူ – Your Life Success

သင့်ရဲ့ဘဝမှာ သင်ဟာ အမှားတွေ ဘယ်လောက်ပဲ လုပ်ခဲ့လုပ်ခဲ့၊ သင် ဘယ်လောက်ပဲ အသက်ကြီးကြီး .. စသဖြင့် .. အဲဒါတွေက ကိစ္စမဟုတ်ပါဘူး။ သင်ဟာ နှစ်သစ်တစ်ခုနဲ့အတူ တစ်ဖန်ပြန်စနိုင်ပါတယ်။ သင့်မှာ ဆန္ဒရှိနေသေးသရွေ့ သင့်ရဲ့ဘဝကို ပိုကောင်းအောင် ပြောင်းလဲနိုင်ပါတယ်။

သင့်အတွက် သစ်လွင်လတ်ဆတ်တဲ့ နှစ်သစ်တစ်နှစ်ဟာ ရှေ့မှာစောင့်ကြိုနေပါတယ်။ ၂၀၁၉  ဟာ သင့်ရဲ့ ရည်မှန်းချက်တွေ၊ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အခွင့်အရေးပါပဲ။

ဒီစာဟာ သင့်ရဲ့ စိတ်ကူးထဲက ဘဝတစ်ခုကို ၂၀၁၉ နှစ်သစ်မှာ လက်တွေ့တည်ဆောက်နိုင်ဖို့ နည်းလမ်းတစ်ချို့နဲ့ စိတ်ဓာတ် ခွန်အားတွေကို ပေးပါလိမ့်မယ်။

၁။ ပြန်ကြည့်ရမယ့်အချိန်

တကယ်တော့ အချိန်ဆိုတာ ပစ္စုပ္ပန်အချိန်ပဲ တန်ဖိုးရှိတာမဟုတ်ပါဘူး။ ယူတတ်မယ်ဆိုရင် အတိတ်ဟာလည်း အလွန်တန်ဖိုးရှိလှပါတယ်။ ၂၀၁၈ တစ်နှစ်တာအတွင်းမှာ သင်ဘာတွေ လုပ်ခဲ့သလဲ။ သင့်ရဲ့ ရည်မှန်းချက်တွေ ဘယ်လောက်ပြီးမြောက်ခဲ့သလဲ။

သင့်ကိုယ်သင်ကျေနပ်ပျော်ရွှင်မှု ရှိခဲ့သလား။ သင့်အတွက် အရေးအကြီးဆုံးအရာတွေ (သင့်ဝါသနာ၊ သင့်မိသားစု၊ သင်ချစ်မြတ်နိုးတဲ့သူတွေ) အတွက် အချိန်လုံလုံလောက်လောက် ပေးခဲ့သလား။ ၂၀၁၈ တစ်နှစ်တာကိုပြန်အောက်မေ့ဖို့ အချိန်ခဏလောက် ယူလိုက်ပါ။

၂။ သင့်ကိုယ်သင် ခွင့်လွှတ်ပါ

အကယ်၍ ၂၀၁၈ မှာ သင် လုပ်သင့်တာတွေ မလုပ်ခဲ့မိဘူးဆိုရင်လည်း သင့်ကိုယ်သင် ခွင့်လွှတ်ပါ။ ပြီးခဲ့တာတွေကို စိတ်တိုနေလို့ သင့်အတွက် အကျိုးမရှိပါဘူး။ လူသားတွေဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့မှာ အမှားတွေကို ပြုလုပ်နိုင်တဲ့ စွမ်းအားရှိပါတယ်။

ဒါပေမယ့် အရေးအကြီးဆုံးက ကျနော်တို့ဟာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကျနော်တို့ရဲ့ အတွေ့အကြုံတွေကနေ သင်ယူနိုင်တဲ့ စွမ်းအားလည်း ရှိတယ်ဆိုတာပါပဲ။ သင့်ကိုယ်သင် ခွင့်လွှတ်ပါ။ အားသစ်မွေးပါ။ တစ်ဖန်ပြန်စပါ။ သင့်ကိုယ်သင် နောက်ထပ်အခွင့်အရေးတစ်ခု ပေးလိုက်ပါ။ အတိတ်မှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊ အခုအချိန်မှာ သင်ဖြစ်ချင်တဲ့အတိုင်း သင့်ကိုယ်သင် ဖန်တီးနိုင်ပါတယ်။

၃။ နှစ်သစ်ရည်မှန်းချက်များ

အခြေအနေတစ်ခုကို ကိုယ့်စိတ်ကြိုက်ဖြစ်အောင် ဖန်တီးယူဖို့ဆိုတာ ကျနော်တို့မှာ ရည်မှန်းချက်တွေရှိဖို့ လိုပါတယ်။ ၂၀၁၉ မှာ သင် ဘာဖြစ်ချင်သလဲ။ ဘဝကို ဘယ်လို Lifestyle မျိုးနဲ့ နေထိုင်မလဲ။ ရည်မှန်းချက်တွေ ချမှတ်ပါ။ ပြီးတော့ သင့်ရည်မှန်းချက်တွေအတိုင်း ဘယ်လိုနေထိုင်မလဲဆိုတာ အစီအစဉ်တွေ ရေးဆွဲပါ။ တစ်နေ့တာကို ဘယ်လိုအသုံးချမယ်၊ ဘယ်နေ့မှာ ဘာတွေလုပ်မယ်။ ဘယ်လ မှာ ဘာလုပ်မယ်၊ ဒါမှမဟုတ်- ဘယ်အကျင့်တွေကို စွန့်လွှတ်မယ်၊ ဘယ်အကျင့်တွေကို မွေးမြူမယ် စသဖြင့် အစီအစဉ်တွေ ရေးဆွဲပါ။

၄။ ယုံကြည်မှုရှိ

သင့်အိပ်မက်တွေကို အမှန်တကယ်ဖြစ်လာအောင် လုပ်တဲ့အရာဟာသင့်ရဲ့ ယုံကြည်မှုပါ။ သင်ချမှတ်ထားတဲ့ ရည်မှန်းချက်ကို အောင်မြင်အောင်လုပ်နိုင်တယ်လို့ သင့်ကိုယ်သင်ယုံကြည်ပါ။ ဒါဟာ အောင်မြင်မှုရဲ့ သော့ချက်ပါပဲ။

၅။ နေ့ရက်တိုင်းဟာ အဖိုးတန်

” ဘဝတစ်ခု စောစီးစွာ ကုန်ဆုံးသွားခြင်းဟာ ကံဆိုးမိုးမှောင်ကျခြင်း မဟုတ်ဘူး။ ဘဝကို စတင်ဖို့ အချိန်ဆွဲနေခြင်းကသာ ကံဆိုးမိုးမှောင်ကျခြင်း ဖြစ်တယ်။ ”
– W. M. Lewis

သင့်ရဲ့ ရည်မှန်းချက်တွေပြည့်မြောက်ဖို့အတွက် အခုပဲ စလုပ် လိုက်ပါ။ နေ့ရက်တိုင်းဟာ အဖိုးတန်လှပါတယ်။

အောင်မြင်ပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေ။

Your Life Success

Leave a Reply