ေလာပိတ ေရအားလ်ွပ္စစ္စက္႐ုံရဲ႕ သမိုင္းေၾကာင္း

Posted on

ေရးသားသူ – ေနဇင္လတ္

အာဏာရ ဖဆပလ အစိုးရဟာ ႏိုင္ငံေရး၊စီးပြားေရး၊လူမႈေရးအတြက္ စီမံကိန္းခ်မွတ္ေဆာင္ရြက္ခဲ့တယ္။ဒီစီမံကိန္းေတြထဲက ေလာပိတေရအားလ်ွပ္စစ္စီမံကိန္းဟာ ႏိုင္ငံ့အတြက္အ သက္ေသြးေၾကာသဖြယ္အေရးပါခဲ့တယ္။ၿမိဳ႕ျပလူဦးေရ တိုးပြားလာတဲ့ စစ္ၿပီးေခတ္အတိုင္းအတာအရ လ်ွပ္စစ္ဓာတ္အားလိုအပ္လာရတယ္။ သမာ႐ိုးက် ဓာတ္အားေပးစက္႐ုံေတြနဲ႔ မလုံေလာက္တဲ့အတြက္ ဂ်ပန္အစိုးရရဲ႕ ့အကူညီနဲ႔အဲ့ဒီတုန္းက စက္မႈ ့လက္မႈ ့၀န္ႀကီးဌာနဟာ ေရအားလ်ွပ္စစ္ဓာတ္အားေပးစက္႐ုံႀကီ းတည္ေဆာက္ဖို႔ စိုင္းျပင္ရပါေတာ့တယ္။

ဘီလူးေခ်ာင္းလို႔ေခၚတဲ့ ျမစ္ငယ္ဟာ ႐ွမ္းျပည္နယ္အင္းေလးကန္မွာျမစ္ဖ်ားခံတယ္။ အင္းေလးကန္ဟာ ေတာင္စြယ္ၾကားမွာ႐ွိတဲ့အတြက္ ကန္ရဲ ့ေရျပင္ဟာ ပင္လယ္ေရမ်က္ႏွာျပင္ထက္ ေပေပါင္း ၂၉၀၆ေပျမင့္တယ္။ဘီလူးေခ်ာင္းဟာ အင္းေလးမွာျမစ္ဖ်ားခံၿပီးခပ္ေျပေျပေလးစီးဆင္းသြားကာ ကယားျပည္နယ္ကိုျဖတ္သန္း၀င္ေရာက္လာတယ္။ မိုင္၆၀နီးပါးစီးဆင္းလာၿပီးၿမိဳ႕ေတာ္လိြဳ င္ေကာ္ကိုေရာက္တယ္။လိြဳ င္ေကာ္ကို ေရာက္တဲ့အထိေရစီးအားျပင္းထန္မႈ ့မ႐ွိေသးဘူး။

လိြဳ င္ေကာ္ကိုေရာက္လာေသာ္လည္း ဘီလူးေခ်ာင္းေရမ်က္ႏွာျပင္ဟာ အင္းေလးေရမ်က္ႏွာျပင္ထက္ ေပ၁၅၀သာနိမ့္ေသးတယ္။လိြဳင္ေကာ္ကိုေက်ာ္ၿပီး ၇မိုင္နီးပါးဆက္လက္စီးဆင္းသြားတဲ့အခါ ေျမနိမ့္လာတဲ့အတြက္ ေရစီးသန္လာၿပီး ရံဖန္ရံခါ ေရတံခြန္ႀကီးငယ္ေတြေပၚေပါက္လာတယ္။လိြဳ င္ေကာ္ကစီးလာတဲ့ ဘီလူးေခ်ာင္းဟာ နမ္းပြန္ျမစ္ငယ္ထဲကို စီး၀င္တယ္။နမ္းပြန္ျမစ္ဟာ သံလြင္ျမစ္ထဲကို ျမစ္လက္တက္တစ္ခုအျဖစ္ စီး၀င္သြားတယ္။

ဆိုေတာ့ ဘီလူးေခ်ာင္းဟာလိြဳင္ေကာ္ကေန နမ္းပြန္ျမစ္ထဲကို စီးဆင္းတဲ့လမ္းတစ္ေလ်ွာက္ ေပေပါင္း၂ေသာင္းေက်ာ္စီးဆင္းလာရတဲ့အတြက္ ေရစီးျပင္းလာၿပီးေရတံခြန္ျဖစ္လာတယ္။ လိြဳ င္ေကာ္ကထြက္ၿပီးေျမနိမ့္ေတြနဲ႔ေရတံခြန္ေတြကို ပထမဆုံးေတြ႔ရတဲ့အရပ္ဟာ လိြဳင္ေကာ္ကေန ၇မိုင္ေ၀းတဲ့ မေထာကူျဖစ္တယ္။အဲ့ဒီေနရာမွာေျမနိမ့္ေရနိမ့္ ၅မိုင္ခြဲအတြင္းေပ၂၅၀နီးပါးနိမ့္က်သြားတဲ့အတြက္ မေထာကူ ေရတံခြန္ျဖစ္လာတယ္။ဒီေနရာဟာ ပထမေျမနိမ့္ပိုင္းျဖစ္တယ္။

ဒုတိယေျမနိမ့္ပိုင္းဟာ ၄မိုင္အတြင္းေပေပါင္း၁၄၅၀အထိ နိမ့့္က်သြားတဲ့ေလာပိတအရပ္ျဖစ္တယ္။အဲ့ဒီအရပ္ကေရတံခြန္ကိုေလာပိတေရတံခြန္လို႔ေခၚတယ္။အဲ့ဒီေနာက္ဆက္လက္စီးဆင္းျပန္ရာ ၃မိုင္ခန္႔အတြင္းေပေပါင္း၄၀ခန္႔ထပ္မံနိမ့္က်သြားတဲ့အတြက္ အမည္မသိေရတံခြန္တစ္ခုျဖစ္လာျပန္တယ္။အဲ့ဒီေနာက္ဘီလူးေခ်ာင္းဟာ ဆက္လက္စီးဆင္းသြားၿပီးနမ္းပြန္ျမစ္ထဲကို ဆက္လက္စီး၀င္တယ္။အဲ့ဒီလိုေရတံခြန္ေတြျဖစ္တည္လာျခင္း၊နိမ့္ဆင္းသြားတဲ့ေရစီးလမ္းေၾကာင္းေတြ႐ွိေနျခင္းစတာေတြဟာ ေရအားကိုခိုင္းေစဖို႔ သဘာ၀က စီမံဖန္းတီးေပးထားသလိုျဖစ္ေနခဲ့တယ္။

လိြဳင္ေကာ္က ေလာပိတကို ၁၂မိုင္ေ၀းၿပီး လွည္းလမ္းေတြသာ႐ွိတဲ့အတြက္ ကားလမ္းကိုခက္ခက္ခဲခဲေဖာက္လုပ္ၾကရတယ္။ေရအားလ်ွပ္စစ္လုပ္ငန္းေတြကိုေရတံခြန္ေတြ႐ွိရာအရပ္မွာသာ လုပ္ကိုင္ၾကရတာျဖစ္တဲ့အတြက္ ျမန္မာႏိုင္ငံမွာသာမက မည္သည့္ႏိုင္ငံ၌ မဆို အထက္ပါအတိုင္း ခဲခဲယဥ္းယဥ္း လုပ္ကိုင္တည္ေဆာက္ၾကရတာပါပဲ။ေလာပိတေရတံခြန္ဟာ ပင္လယ္ေရမ်က္ႏွာျပင္ထက္ အျမင့္ ၂၆၂၅ေပ႐ွိတဲ့အတြက္ စက္႐ုံကို ခ်ိဳင့္၀ွမ္းမွာတည္ရမွာျဖစ္ၿပီးေပ၁၅၀၀ခန္႔နိမ့္ဆင္းရတယ္။ အဲ့ဒီေပ၁၅၀၀နိမ့္ဆင္းဖို႔အတြက္ ေတာင္ေတြကို ထြင္းၿပီးလမ္းေဖာက္ၾကရတယ္။ေလာပိတေရတံခြန္ကေန စက္႐ုံကို ၆မိုင္၊ေလာပိတအထိ ၁၂မိုင္႐ွိျပန္တဲ့အတြက္ စုစုေပါင္း၁၈မိုင္႐ွည္တဲ့လမ္းကိုေဖာက္ၾကရတာျဖစ္တယ္။

ေလာပိတမွာေရအားလ်ွပ္စစ္ထုတ္လုပ္ပုံဟာ ဘီလူးေခ်ာင္းဟာ ေလာပိတေရတံခြန္ကိုျဖတ္စီးေနတာကို ၾကားျဖတ္လမ္းေၾကာင္းလႊဲကာ ေရအားကိုခိုင္းေစၿပီးမွျပန္လည္စီးဆင္းေစတဲ့အေျခခံျဖစ္တယ္။ဒါေၾကာင့္ေရတံခြန္ရဲ႕ ့အထက္ဘက္ ၃မိုင္ခန္႔ေနရာမွာ ေရတံခါးတစ္ခု ကန္႔လန္ျဖတ္တည္ေဆာက္ကာ ကာဆီးၿပီးေခ်ာင္းေရကို အဲ့ဒီေနရာက ေအာက္ဘက္၁၂မိုင္အကြာမွာ႐ွိတဲ့ေရေလွာင္ကန္ထဲကို ကြန္ကရစ္ေရသြယ္ေျမာင္းေတြနဲ႔သြယ္ယူတယ္။ေရေလွာင္ကန္အက်ယ္အ၀န္းဟာ အလ်ားေပ၉၈၀၊အနံေပ ၃၆၀ခန္႔၊အနက္ ၁၂ေပ႐ွိၿပီး ေန႔စဥ္ ေရဂါလံ၁၉သန္းခန္႔ကိုသိုေလွာင္ထားၿပီးလ်ွင္ ဓာတ္အားအမ်ားဆုံးအသုံးျပဳ တဲ့အခ်ိန္မွာ ရဟတ္ေတြကိုလည္ေစႏိုင္ရန္ လိုအပ္တဲ့ေရေတြကိုေပးသြင္းႏိုင္ဖို႔အတြက္ပဲျဖစ္တယ္။

အဲ့ဒီေရကန္ကတစ္ဆင့္ ေရေတြကို၁၄ေပ႐ွိတဲ့ကြန္ကရစ္ပိုက္နဲ႔တနည္း၊အခ်င္း၉ေပ႐ွိတဲ့သံမဏိပိုက္ေတြနဲ႔တစ္ဖုံ အဆင့္ဆင့္ေတာင္ထိပ္ကိုအေရာက္သယ္ယူၿပီး အဲ့ဒီကတဖန္ ေပ၁၄၀၀ခန္႔နိမ့္က်သြားတဲ့ေတာင္ေအာက္ကို၃လက္မထူတဲ့သံမဏိေရႁပြန္ေတြနဲ႔သြယ္ယူျပန္ကာ ဓာတ္အားေပးစက္႐ုံႀကီးအတြင္းမွာ႐ွိတဲ့ျမင္းေကာင္ေရ၄ေသာင္းအား႐ွ္ိတဲ့ စက္ႀကီး၃လုံးကိုလည္ေစဖို႔ျဖစ္ပါတယ္။

သံမဏိေရသြင္းလမ္းဟာ ေတာင္ေအာက္ကိုထိုးစိုက္ၿပီးစီးဆင္းသြားတဲ့အတြက္ ေရရဟတ္ခြက္ႀကီးေတြထဲကို ေရတိုး၀င္လာတာနဲ႔တၿပိဳင္နက္ ခြက္ဘီးႀကီးေတြဟာလည္လာတယ္။ဒီအခါ ဂ်င္နေရတာ ေတြကပါလည္လာၿပီး အလို႐ွိတဲ့လ်ွပ္စစ္ဓာတ္အားကိုျဖစ္ေပၚရ႐ွိလာပါေတာ့တယ္။ဓာတ္အားေပးစက္႐ုံႀကိီးဟာအလ်ားေပ၃၈၀၊အနံေပ၁၀၀႐ွိၿပီးေလးေထာင့္လ်ားလ်ားပုံသ႑န္ျဖစ္တယ္။ စက္႐ုံႀကီးအတြင္းမွာ ကိီလို၀ပ္ ၂၈၀၀၀ ဓာတ္အားထုတ္ႏိုင္တဲ့စက္ႀကီး၃လုံးတပ္ဆင္ထားတယ္။

ဒါေၾကာင့္စုစုေပါင္းကီလို၀ပ္ ၈၄၀၀၀ထုတ္ႏိုင္တယ္။စက္႐ုံကထုတ္လုပ္တဲ့ဓာတ္အားေတြကို ဓာတ္အားျဖန္႔ျဖဴ းေပးပို႔ေရးတိုင္ေတြကတစ္ဆင့္ ျမန္မာတစ္ႏိုင္ငံလုံးကိုျဖန္႔ျဖဴ းေပးရတယ္။စက္႐ုံအတြင္းက ဓာတ္အားေတြကို ထရန္စေဖာ္မာလို႔ေခၚတဲ့ ဓာတ္အားေျပာင္းကိရိယာေတြနဲ႔ တိုု္င္ေတြေပၚကို ဓာတ္အားေျပာင္းေပးတယ္။အဲ့ဒီတိုင္ႀကီးေတြေပၚက ဓာတ္အားကိုျဖန္႔ျဖဴ းႏိုင္ဖို႔ တိုင္ေတြကိုစိုက္ထူကာ ဓာတ္ႀကိဳးလိုင္းေတြကိုသြယ္တန္းၾကတယ္။

 

ေလာပိတက ရန္ကုန္ကို ဓာတ္အားပို႔ဖို႔အတြက္ ဓာတ္တိုင္ေပါင္း၁၁၅၅တိုင္စိုက္ထူရၿပီးမိုင္၂၅၀ေက်ာ္႐ွည္တဲ့ရန္ကုန္ၿမိဳ႕ကို ဓာတ္အားပို႔ဖို႔ ဓာတ္ခြဲ႐ုံႀကီးတစ္ခုကိုေတာင္ငူမွာထား႐ွိေပးရမွာျဖစ္ေပမဲ့လည္း ေဆာက္လုပ္မႈ ့မၿပီးစ္ီးေသးတဲ့အတြက္ ေလွာ္ကားမွာ စက္႐ုံခြဲတစ္ခု ထား႐ွိခဲ့ရတယ္။ေလွာ္ကားစက္႐ုံခြဲဟာ ေလာပိတကရ႐ွိတဲ့ ဓာတ္အားေတြကိုရယူၿပီး ရန္ကုန္ၿမိဳ ့ တြင္းကို မရမ္းကုန္းတစ္လိုင္း၊ရြာမတစ္လိုင္းစနစ္နဲ႔ေပးပို႔တယ္။ဒါ့အျပင္ ေလွာ္ကားစက္႐ုံခြဲက ပဲခူးကိုပါပို႔ၿပီး ပဲခူးကတစ္ဆင့္ျပည္ဘက္ကိုပါ ဓာတ္အားေပးပို႔တယ္။

စမ္းသပ္စစ္ေဆးခ်က္ေတြေအာင္ျမင္သြားတဲ့အတြက္ေၾကာင့္ ၁၉၆၀ျပည့္ႏွစ္ ဧၿပီလမွာ ေလာပိတကဓာတ္အားကို ရန္ကုန္ကို တရား၀င္ပို႔လႊတ္တဲ့အခမ္းအနား စည္းကားသိုက္ၿမိဳက္စြာက်င္းပခဲ့တယ္။အဲ့လိုနဲ႔ရန္ကုန္တစ္၀ိုက္၊ပဲခူးတစ္၀ိုက္၊ျပည္တစ္၀ိုက္ လ်ွပ္စစ္ဓာတ္အားေတြကိုပို႔လြတ္ေပးခဲ့ပါေတာ့တယ္။ေလာပိတေရအားလ်ွပ္စစ္လို႔လူသိမ်ားတဲ့ ဘီလူးေခ်ာင္းေရအားလ်ွပ္စစ္စီမံကိန္းဟာ ရန္ကုန္ၿမိဳ႕ကိုဓာတ္အားလႊတ္ၿပီးကာမွွ်နဲ႔လုံ၀ဥသုံ ဆုံးခန္းတိုင္မႈ မေရာက္ေသးပါ။

ျမန္မာတစ္ႏိုင္ငံလုံးကို ဓာတ္အားျဖန္႔ျဖဴ းေရးလုပ္ငန္းေတြက်န္ေနေသးတဲ့အတြက္ ေတာင္ငူစက္႐ုံခြဲကတစ္ဆင့္ပို႔လႊတ္ရမွာျဖစ္တဲ့အတြက္ ေတာင္ငူစက္႐ုံခြဲကို အျမန္တည္ေဆာက္တယ္။ေလာပိတက ရန္ကုန္ကိုဓာတ္အားပို႔တဲ့ ဓာတ္အားလိုင္းေတြကိုေတာင္ပိုင္းလမ္း ဓာတ္အားလိုင္းလို႔ေခၚတယ္။ရန္ကုန္လမ္းဟာ ၀င္ေငြအလြန္ေကာင္းတဲ့အတြက္ အရင္ဦးဆုံး စၿပီး သြယ္တန္းေစခဲ့တာပဲျဖစ္တယ္။

ေျမာက္ပိုင္းလမ္းကို ဓာတ္အားပို႔တဲ့အခါ ေလာပိတကထုတ္တဲ့ ဓာတ္အားကို စက္႐ုံ၅႐ုံကိုပို႔လိုက္တယ္။ အဲ့ဒီစက္႐ုံ၅႐ုံက ကေလာ၊ မိတၳီလာ၊ေတာင္ႀကီး၊ မႏၱေလး၊ရပ္ေစာက္ တို႔မွာေဆာက္လုပ္ထားတယ္။

ဘီလူးေခ်ာင္းေရအင္အားဟာ တစ္ႏွစ္ပတ္လုံးမတူညီပါ။ေရအားဟာ မိုးရာသီမွာ အလြန္ႀကီးမားၿပီးေႏြရာသီမွာ အသုံးမျပဳ ႏိုင္ေလာက္ေအာင္နည္းေနရင္လုပ္ငန္းထိခိုက္မယ္။ ဒါေၾကာင့္ ေရအားနည္းတဲ့အခက္ခဲကလြတ္ကင္းဖို႔ ေရအားမ်ားတဲ့ အခ်ိန္ေတြမွာ ေရသိုေလွာင္ထားဖို႔ေရကန္ႀကီးေတြကို လြိဳင္ေကာ္နဲ႔၂၅မိုင္ခန္႔ေ၀းတဲ့ မိုးျဗဲေဒသမွာ တည္ေဆာက္တယ္။ဘီလူးေခ်ာင္းေရအားလွ်ပ္စစ္စီမံကိန္းဟာ ကယားျပည္နယ္အတြက္ဂုဏ္ယူစရာျဖစ္ေစခဲ့သလို ပါလီမာန္ဒီမိုကေရစီ အစိုးရအတြက္လည္း ဂုဏ္ယူဖြယ္ျဖစ္ခဲ့ရတယ္။

ျမန္မာႏိုင္ငံရဲ ့စီမံကိန္းေပါင္းမ်ားစြာထဲက အေရးအႀကီးဆုံး၊ အရာအထင္ဆုံး လုပ္ငန္းႀကီးျဖစ္ခဲ့တယ္။ဒီလုပ္ငန္းကိုေနာက္ပိုင္းမွာ လ်ွပ္စစ္ဓာတ္အားေပးေရးအဖြဲ႔(ESB)က တာ၀န္ယူအုပ္ခ်ဳပ္ခဲ့တယ္။ ရန္ကုန္ၿမိဳ႕အထိ ဓာတ္အားပို႔လႊတ္ႏိုင္ဖို႔ ၁၉၅၄ကေန ၁၉၆၁ခုႏွစ္အထိ ၇ႏွစ္ၾကာခဲ့ၿပီး ခန္႔မွန္းေျခေငြက်ပ္၂၆ကုေဋ ကုန္က်ခံ တည္ေဆာက္လုပ္ကိုင္ခဲ့ၿပီး အမႈ ့ထမ္းေပါင္း ၇ေထာင္ေက်ာ္ အသုံးျပဳ ခဲ့ရပါတယ္။

 ေနဇင္လတ္

—————

လောပိတ ရေအားလျှပ်စစ်စက်ရုံရဲ့ သမိုင်းကြောင်း (unicode)

ရေးသားသူ – နေဇင်လတ်

အာဏာရ ဖဆပလ အစိုးရဟာ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးအတွက် စီမံကိန်းချမှတ်ဆောင်ရွက်ခဲ့တယ်။ဒီစီမံကိန်းတွေထဲက လောပိတရေအားလျှပ်စစ်စီမံကိန်းဟာ နိုင်ငံ့အတွက်အ သက်သွေးကြောသဖွယ်အရေးပါခဲ့တယ်။မြို့ပြလူဦးရေ တိုးပွားလာတဲ့ စစ်ပြီးခေတ်အတိုင်းအတာအရ လျှပ်စစ်ဓာတ်အားလိုအပ်လာရတယ်။ သမာရိုးကျ ဓာတ်အားပေးစက်ရုံတွေနဲ့ မလုံလောက်တဲ့အတွက် ဂျပန်အစိုးရရဲ့အကူညီနဲ့အဲ့ဒီတုန်းက စက်မှု့လက်မှု့ဝန်ကြီးဌာနဟာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကြီ းတည်ဆောက်ဖို့ စိုင်းပြင်ရပါတော့တယ်။

ဘီလူးချောင်းလို့ခေါ်တဲ့ မြစ်ငယ်ဟာ ရှမ်းပြည်နယ်အင်းလေးကန်မှာမြစ်ဖျားခံတယ်။ အင်းလေးကန်ဟာ တောင်စွယ်ကြားမှာရှိတဲ့အတွက် ကန်ရဲ့ရေပြင်ဟာ ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း ၂၉၀၆ပေမြင့်တယ်။ဘီလူးချောင်းဟာ အင်းလေးမှာမြစ်ဖျားခံပြီးခပ်ပြေပြေလေးစီးဆင်းသွားကာ ကယားပြည်နယ်ကိုဖြတ်သန်းဝင်ရောက်လာတယ်။ မိုင်၆ဝနီးပါးစီးဆင်းလာပြီးမြို့တော်လွို င်ကော်ကိုရောက်တယ်။လွို င်ကော်ကို ရောက်တဲ့အထိရေစီးအားပြင်းထန်မှု့မရှိသေးဘူး။

လွို င်ကော်ကိုရောက်လာသော်လည်း ဘီလူးချောင်းရေမျက်နှာပြင်ဟာ အင်းလေးရေမျက်နှာပြင်ထက် ပေ၁၅ဝသာနိမ့်သေးတယ်။လွိုင်ကော်ကိုကျော်ပြီး ၇မိုင်နီးပါးဆက်လက်စီးဆင်းသွားတဲ့အခါ မြေနိမ့်လာတဲ့အတွက် ရေစီးသန်လာပြီး ရံဖန်ရံခါ ရေတံခွန်ကြီးငယ်တွေပေါ်ပေါက်လာတယ်။လွို င်ကော်ကစီးလာတဲ့ ဘီလူးချောင်းဟာ နမ်းပွန်မြစ်ငယ်ထဲကို စီးဝင်တယ်။နမ်းပွန်မြစ်ဟာ သံလွင်မြစ်ထဲကို မြစ်လက်တက်တစ်ခုအဖြစ် စီးဝင်သွားတယ်။

ဆိုတော့ ဘီလူးချောင်းဟာလွိုင်ကော်ကနေ နမ်းပွန်မြစ်ထဲကို စီးဆင်းတဲ့လမ်းတစ်လျှောက် ပေပေါင်း၂သောင်းကျော်စီးဆင်းလာရတဲ့အတွက် ရေစီးပြင်းလာပြီးရေတံခွန်ဖြစ်လာတယ်။ လွို င်ကော်ကထွက်ပြီးမြေနိမ့်တွေနဲ့ရေတံခွန်တွေကို ပထမဆုံးတွေ့ရတဲ့အရပ်ဟာ လွိုင်ကော်ကနေ ၇မိုင်ဝေးတဲ့ မထောကူဖြစ်တယ်။အဲ့ဒီနေရာမှာမြေနိမ့်ရေနိမ့် ၅မိုင်ခွဲအတွင်းပေ၂၅ဝနီးပါးနိမ့်ကျသွားတဲ့အတွက် မထောကူ ရေတံခွန်ဖြစ်လာတယ်။ဒီနေရာဟာ ပထမမြေနိမ့်ပိုင်းဖြစ်တယ်။

ဒုတိယမြေနိမ့်ပိုင်းဟာ ၄မိုင်အတွင်းပေပေါင်း၁၄၅ဝအထိ နိမ့်ကျသွားတဲ့လောပိတအရပ်ဖြစ်တယ်။အဲ့ဒီအရပ်ကရေတံခွန်ကိုလောပိတရေတံခွန်လို့ခေါ်တယ်။အဲ့ဒီနောက်ဆက်လက်စီးဆင်းပြန်ရာ ၃မိုင်ခန့်အတွင်းပေပေါင်း၄ဝခန့်ထပ်မံနိမ့်ကျသွားတဲ့အတွက် အမည်မသိရေတံခွန်တစ်ခုဖြစ်လာပြန်တယ်။အဲ့ဒီနောက်ဘီလူးချောင်းဟာ ဆက်လက်စီးဆင်းသွားပြီးနမ်းပွန်မြစ်ထဲကို ဆက်လက်စီးဝင်တယ်။အဲ့ဒီလိုရေတံခွန်တွေဖြစ်တည်လာခြင်း၊နိမ့်ဆင်းသွားတဲ့ရေစီးလမ်းကြောင်းတွေရှိနေခြင်းစတာတွေဟာ ရေအားကိုခိုင်းစေဖို့ သဘာဝက စီမံဖန်းတီးပေးထားသလိုဖြစ်နေခဲ့တယ်။

လွိုင်ကော်က လောပိတကို ၁၂မိုင်ဝေးပြီး လှည်းလမ်းတွေသာရှိတဲ့အတွက် ကားလမ်းကိုခက်ခက်ခဲခဲဖောက်လုပ်ကြရတယ်။ရေအားလျှပ်စစ်လုပ်ငန်းတွေကိုရေတံခွန်တွေရှိရာအရပ်မှာသာ လုပ်ကိုင်ကြရတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာသာမက မည်သည့်နိုင်ငံ၌ မဆို အထက်ပါအတိုင်း ခဲခဲယဉ်းယဉ်း လုပ်ကိုင်တည်ဆောက်ကြရတာပါပဲ။လောပိတရေတံခွန်ဟာ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့် ၂၆၂၅ပေရှိတဲ့အတွက် စက်ရုံကို ချိုင့်ဝှမ်းမှာတည်ရမှာဖြစ်ပြီးပေ၁၅၀ဝခန့်နိမ့်ဆင်းရတယ်။ အဲ့ဒီပေ၁၅၀ဝနိမ့်ဆင်းဖို့အတွက် တောင်တွေကို ထွင်းပြီးလမ်းဖောက်ကြရတယ်။လောပိတရေတံခွန်ကနေ စက်ရုံကို ၆မိုင်၊လောပိတအထိ ၁၂မိုင်ရှိပြန်တဲ့အတွက် စုစုပေါင်း၁၈မိုင်ရှည်တဲ့လမ်းကိုဖောက်ကြရတာဖြစ်တယ်။

လောပိတမှာရေအားလျှပ်စစ်ထုတ်လုပ်ပုံဟာ ဘီလူးချောင်းဟာ လောပိတရေတံခွန်ကိုဖြတ်စီးနေတာကို ကြားဖြတ်လမ်းကြောင်းလွှဲကာ ရေအားကိုခိုင်းစေပြီးမှပြန်လည်စီးဆင်းစေတဲ့အခြေခံဖြစ်တယ်။ဒါကြောင့်ရေတံခွန်ရဲ့အထက်ဘက် ၃မိုင်ခန့်နေရာမှာ ရေတံခါးတစ်ခု ကန့်လန်ဖြတ်တည်ဆောက်ကာ ကာဆီးပြီးချောင်းရေကို အဲ့ဒီနေရာက အောက်ဘက်၁၂မိုင်အကွာမှာရှိတဲ့ရေလှောင်ကန်ထဲကို ကွန်ကရစ်ရေသွယ်မြောင်းတွေနဲ့သွယ်ယူတယ်။ရေလှောင်ကန်အကျယ်အဝန်းဟာ အလျားပေ၉၈၀၊အနံပေ ၃၆ဝခန့်၊အနက် ၁၂ပေရှိပြီး နေ့စဉ် ရေဂါလံ၁၉သန်းခန့်ကိုသိုလှောင်ထားပြီးလျှင် ဓာတ်အားအများဆုံးအသုံးပြု တဲ့အချိန်မှာ ရဟတ်တွေကိုလည်စေနိုင်ရန် လိုအပ်တဲ့ရေတွေကိုပေးသွင်းနိုင်ဖို့အတွက်ပဲဖြစ်တယ်။

အဲ့ဒီရေကန်ကတစ်ဆင့် ရေတွေကို၁၄ပေရှိတဲ့ကွန်ကရစ်ပိုက်နဲ့တနည်း၊အချင်း၉ပေရှိတဲ့သံမဏိပိုက်တွေနဲ့တစ်ဖုံ အဆင့်ဆင့်တောင်ထိပ်ကိုအရောက်သယ်ယူပြီး အဲ့ဒီကတဖန် ပေ၁၄၀ဝခန့်နိမ့်ကျသွားတဲ့တောင်အောက်ကို၃လက်မထူတဲ့သံမဏိရေပြွန်တွေနဲ့သွယ်ယူပြန်ကာ ဓာတ်အားပေးစက်ရုံကြီးအတွင်းမှာရှိတဲ့မြင်းကောင်ရေ၄သောင်းအားရှ်ိတဲ့ စက်ကြီး၃လုံးကိုလည်စေဖို့ဖြစ်ပါတယ်။

သံမဏိရေသွင်းလမ်းဟာ တောင်အောက်ကိုထိုးစိုက်ပြီးစီးဆင်းသွားတဲ့အတွက် ရေရဟတ်ခွက်ကြီးတွေထဲကို ရေတိုးဝင်လာတာနဲ့တပြိုင်နက် ခွက်ဘီးကြီးတွေဟာလည်လာတယ်။ဒီအခါ ဂျင်နရေတာ တွေကပါလည်လာပြီး အလိုရှိတဲ့လျှပ်စစ်ဓာတ်အားကိုဖြစ်ပေါ်ရရှိလာပါတော့တယ်။ဓာတ်အားပေးစက်ရုံကြီးဟာအလျားပေ၃၈၀၊အနံပေ၁၀၀ရှိပြီးလေးထောင့်လျားလျားပုံသဏ္ဍန်ဖြစ်တယ်။ စက်ရုံကြီးအတွင်းမှာ ကီလိုဝပ် ၂၈၀၀၀ ဓာတ်အားထုတ်နိုင်တဲ့စက်ကြီး၃လုံးတပ်ဆင်ထားတယ်။

ဒါကြောင့်စုစုပေါင်းကီလိုဝပ် ၈၄၀၀ဝထုတ်နိုင်တယ်။စက်ရုံကထုတ်လုပ်တဲ့ဓာတ်အားတွေကို ဓာတ်အားဖြန့်ဖြူ းပေးပို့ရေးတိုင်တွေကတစ်ဆင့် မြန်မာတစ်နိုင်ငံလုံးကိုဖြန့်ဖြူ းပေးရတယ်။စက်ရုံအတွင်းက ဓာတ်အားတွေကို ထရန်စဖော်မာလို့ခေါ်တဲ့ ဓာတ်အားပြောင်းကိရိယာတွေနဲ့ တ်ိုင်တွေပေါ်ကို ဓာတ်အားပြောင်းပေးတယ်။အဲ့ဒီတိုင်ကြီးတွေပေါ်က ဓာတ်အားကိုဖြန့်ဖြူ းနိုင်ဖို့ တိုင်တွေကိုစိုက်ထူကာ ဓာတ်ကြိုးလိုင်းတွေကိုသွယ်တန်းကြတယ်။

လောပိတက ရန်ကုန်ကို ဓာတ်အားပို့ဖို့အတွက် ဓာတ်တိုင်ပေါင်း၁၁၅၅တိုင်စိုက်ထူရပြီးမိုင်၂၅၀ကျော်ရှည်တဲ့ရန်ကုန်မြို့ကို ဓာတ်အားပို့ဖို့ ဓာတ်ခွဲရုံကြီးတစ်ခုကိုတောင်ငူမှာထားရှိပေးရမှာဖြစ်ပေမဲ့လည်း ဆောက်လုပ်မှု့မပြီးစီ်းသေးတဲ့အတွက် လှော်ကားမှာ စက်ရုံခွဲတစ်ခု ထားရှိခဲ့ရတယ်။လှော်ကားစက်ရုံခွဲဟာ လောပိတကရရှိတဲ့ ဓာတ်အားတွေကိုရယူပြီး ရန်ကုန်မြို့ တွင်းကို မရမ်းကုန်းတစ်လိုင်း၊ရွာမတစ်လိုင်းစနစ်နဲ့ပေးပို့တယ်။ဒါ့အပြင် လှော်ကားစက်ရုံခွဲက ပဲခူးကိုပါပို့ပြီး ပဲခူးကတစ်ဆင့်ပြည်ဘက်ကိုပါ ဓာတ်အားပေးပို့တယ်။

စမ်းသပ်စစ်ဆေးချက်တွေအောင်မြင်သွားတဲ့အတွက်ကြောင့် ၁၉၆၀ပြည့်နှစ် ဧပြီလမှာ လောပိတကဓာတ်အားကို ရန်ကုန်ကို တရားဝင်ပို့လွှတ်တဲ့အခမ်းအနား စည်းကားသိုက်မြိုက်စွာကျင်းပခဲ့တယ်။အဲ့လိုနဲ့ရန်ကုန်တစ်ဝိုက်၊ပဲခူးတစ်ဝိုက်၊ပြည်တစ်ဝိုက် လျှပ်စစ်ဓာတ်အားတွေကိုပို့လွတ်ပေးခဲ့ပါတော့တယ်။လောပိတရေအားလျှပ်စစ်လို့လူသိများတဲ့ ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်းဟာ ရန်ကုန်မြို့ကိုဓာတ်အားလွှတ်ပြီးကာမျှနဲ့လုံ၀ဥ
ဿ ုံဆုံးခန်းတိုင်မှု မရောက်သေးပါ။

မြန်မာတစ်နိုင်ငံလုံးကို ဓာတ်အားဖြန့်ဖြူ းရေးလုပ်ငန်းတွေကျန်နေသေးတဲ့အတွက် တောင်ငူစက်ရုံခွဲကတစ်ဆင့်ပို့လွှတ်ရမှာဖြစ်တဲ့အတွက် တောင်ငူစက်ရုံခွဲကို အမြန်တည်ဆောက်တယ်။လောပိတက ရန်ကုန်ကိုဓာတ်အားပို့တဲ့ ဓာတ်အားလိုင်းတွေကိုတောင်ပိုင်းလမ်း ဓာတ်အားလိုင်းလို့ခေါ်တယ်။ရန်ကုန်လမ်းဟာ ဝင်ငွေအလွန်ကောင်းတဲ့အတွက် အရင်ဦးဆုံး စပြီး သွယ်တန်းစေခဲ့တာပဲဖြစ်တယ်။

မြောက်ပိုင်းလမ်းကို ဓာတ်အားပို့တဲ့အခါ လောပိတကထုတ်တဲ့ ဓာတ်အားကို စက်ရုံ၅ရုံကိုပို့လိုက်တယ်။ အဲ့ဒီစက်ရုံ၅ရုံက ကလော၊ မိတ္ထီလာ၊တောင်ကြီး၊ မန္တလေး၊ရပ်စောက် တို့မှာဆောက်လုပ်ထားတယ်။

ဘီလူးချောင်းရေအင်အားဟာ တစ်နှစ်ပတ်လုံးမတူညီပါ။ရေအားဟာ မိုးရာသီမှာ အလွန်ကြီးမားပြီးနွေရာသီမှာ အသုံးမပြု နိုင်လောက်အောင်နည်းနေရင်လုပ်ငန်းထိခိုက်မယ်။ ဒါကြောင့် ရေအားနည်းတဲ့အခက်ခဲကလွတ်ကင်းဖို့ ရေအားများတဲ့ အချိန်တွေမှာ ရေသိုလှောင်ထားဖို့ရေကန်ကြီးတွေကို လွိုင်ကော်နဲ့၂၅မိုင်ခန့်ဝေးတဲ့ မိုးဗြဲဒေသမှာ တည်ဆောက်တယ်။ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်းဟာ ကယားပြည်နယ်အတွက်ဂုဏ်ယူစရာဖြစ်စေခဲ့သလို ပါလီမာန်ဒီမိုကရေစီ အစိုးရအတွက်လည်း ဂုဏ်ယူဖွယ်ဖြစ်ခဲ့ရတယ်။

မြန်မာနိုင်ငံရဲ့စီမံကိန်းပေါင်းများစွာထဲက အရေးအကြီးဆုံး၊ အရာအထင်ဆုံး လုပ်ငန်းကြီးဖြစ်ခဲ့တယ်။ဒီလုပ်ငန်းကိုနောက်ပိုင်းမှာ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့(ESB)က တာဝန်ယူအုပ်ချုပ်ခဲ့တယ်။ ရန်ကုန်မြို့အထိ ဓာတ်အားပို့လွှတ်နိုင်ဖို့ ၁၉၅၄ကနေ ၁၉၆၁ခုနှစ်အထိ ၇နှစ်ကြာခဲ့ပြီး ခန့်မှန်းခြေငွေကျပ်၂၆ကုဋေ ကုန်ကျခံ တည်ဆောက်လုပ်ကိုင်ခဲ့ပြီး အမှု့ထမ်းပေါင်း ၇ထောင်ကျော် အသုံးပြု ခဲ့ရပါတယ်။

နေဇင်လတ်

Leave a Reply