တေခတ္တစ္ေယာက္ အေက်ာ္ၾကားဆုံး ပါရမီရွင္ႀကီး လီယုိနာဒုိ ဒါဗင္ခ်ီ

Posted on

လီယုိနာဒုိ ဒါဗင္ခ်ီ  (၁၄၅၂-၁၅၁၉) Leonardo di ser Piero da Vinci သည္ ပန္းခ်ီအေက်ာ္အေမာ္တစ္ေယာက္သာမကဘဲ ပညာရပ္နယ္ပယ္အေျမာက္အျမားမွာ စူးစမ္းေလ႔လာျပီး ေအာင္ျမင္ျဖစ္ထြန္းခဲ႔သူ သမုိင္းမွာ အေတာ္ဆုံး လူတစ္ေယာက္လည္း ျဖစ္သည္။ ပညာရပ္နယ္ပယ္မ်ားစြာမွာ တကယ္ကုိ တတ္သိႏွံ႔စပ္မႈေတြ မ်ားစြာပုိင္ဆုိင္ခဲ႔တဲ႔သူဟာ သိပၸံေလာကကုိ တစ္ေခတ္ဆန္းေစသူလည္းျဖစ္သည္။ ပန္းခ်ီေရးဆြဲမႈတစ္ခုတည္းမွာတင္ သူ႕ရဲ႕ အစြမ္းက အံ႔မခန္းပင္။ အလင္း၊ အပင္၊ လူ႔မ်က္ႏွာေပၚက ခံစားမႈအမ်ိဳးမ်ိဳး၊ သက္ရွိတည္ေဆာက္ပုံေတြ၊ သဘာ၀တရားေတြကုိ တီထြင္ဆန္းသစ္ျပီး ေရးဆြဲခဲ႔သည္။

 

သူေသျပီးတဲ႔ေနာက္မွာ သူ႔ရဲ႕ သိပၸံနည္းပညာဆုိင္ရာ တီထြင္မႈေတြေႀကာင္႔ လူသားေတြရဲ႕ ရုိေသေလးျမတ္မႈကုိ ခံယူခဲ႔ရသည္။ သူေသျပီးေနာက္ ႏွစ္ေပါင္းရာနဲ႔ခ်ီတဲ႔အခ်ိန္မွာေတာင္ မဖန္တီးႏုိင္ခဲ႔ႀကေသာ နည္းပညာေျမာက္ ပစၥည္းေတြကုိ အေသးစိတ္ဒီဇုိင္းေတြ အေျမာက္အျမားေရးဆြဲခဲ႔ေသးသည္။ ဥပမာအားျဖင္႔ ပ်ံသန္းႏုိင္တဲ႔ စက္ေတြ၊ တုိက္ခုိက္ေရးသံခ်ပ္ကာယာဥ္၊ ေနစြမ္းအင္အသုံးျပဳပုံ၊ နစ္ျမဳပ္ဖုိ႔ ခက္ခဲ႔တဲ႔ ႏွစ္ထပ္သေဘၤာဒီဇုိင္း စတာေတြျဖစ္သည္။ ဒါဗင္ခ်ီေရးဆြဲခဲ့ေသာ ခႏၶာေဗဒဆုိင္ရာ ပုံႀကမ္းေတြကုိသာ အဲဒီေခတ္က ပုံႏွိပ္ထုတ္ေ၀ျဖစ္ခဲ႔မည္ဆုိလွ်င္ တကယ္ကုိ အေရးႀကီးတဲ႔ ေဆးဘက္ဆုိင္ရာ သုေတသနျပဳမႈေတြအတြက္ အရမ္းအသုံး၀င္ခဲ႔မွာ အေသအခ်ာပင္။

သူဟာ အင္ဂ်င္နီယာတစ္ေယာက္အျဖစ္နဲ႔လည္း သူရဲ႕ စြမ္းရည္ေတြကုိ ထုတ္ေဖာ္ႏုိင္ခဲ႔ျပန္သည္။ သူ႔ရဲ႕ ဘ၀တစ္ေလွ်ာက္လုံး  ႀကီးက်ယ္ခမ္းနားသူတစ္ေယာက္အေနနဲ႔ ရပ္တည္ရွင္သန္ခဲ႔ျပီး သူ ေသဆုံးခါနီးအခ်ိန္ေတြဟာ ျပင္သစ္ဘုရင္ကုိယ္တုိင္က ေပြ႔ဖက္ထားခဲ႔ျပီး ပညာရွင္ႀကီးတစ္ေယာက္ရဲ႕ ေန၀င္ခ်ိန္ကုိ ႏႈတ္ဆက္ခဲ႔သည္။

သူေရးဆြဲခဲ့သည့္ ပန္းခ်ီကားမ်ားသည္ ယေန႔ေခတ္အထိ ထင္ရွားဆဲျဖစ္၏။ ယေန႔တုိင္ အရွိန္အဝါေကာင္းဆဲ ျဖစ္၏။ ယေန႔တုိင္ တန္ဖုိးထားဆဲျဖစ္၏။ သူေရးဆြဲခဲ့သည္ မုိနာလီဇာ ပန္းခ်ီကား၏ အညွဳိ႕ဓာတ္သည္ အႏုပညာေလာက သားအတြက္သာမက လူသားအားလုံး ႏွလုံးကုိ သိမ္းၾကဳံးယူထားဆဲျဖစ္၏။

သူ႕ကုိ အီတလီျပည္ ဖေလာ့ရင့္ၿမဳိ႕ေဒသအတြင္းရွိ Vinci ဟူေသာ ေတာၿမဳိ႕ေလး တစ္ၿမဳိ႕တြင္ ၁၄၅၂ -ခုႏွစ္ေလာက္က ေမြးဖြားခဲ့၏။ ဖခင္ျဖစ္သူက သူ႕သားရဲ႕ ပန္းခ်ီကားမ်ားကုိ အလြန္ႏွစ္သက္ေလ့ရွိၿပီး။ အေၾကာင္းကိစၥျဖင့္ ၿမိဳ႕ကုိ သြားတုိင္းလည္း သားရဲ႕ ပုံတူမ်ားကုိ ယူေဆာင္၍ ပန္းခ်ီဆရာႀကီးမ်ားကုိ ျပသကာ အၾကံဥာဏ္မ်ား ေတာင္းယူခဲ့၏။ ထုိ႔ေနာက္သူ၏ မိတ္ေဆြ ပန္းခ်ီပညာရွင္ အန္ဒရီးယား ဒယ္ဗာေရာ့ခ်ဳိ ထံတြင္ အပ္ကာ ပန္းခ်ီပညာကုိ ဆည္းပူးခဲ့သည္။

သူ၏ငယ္စဥ္ဘဝ အခ်ိန္ေတာ္ေတာ္မ်ားမ်ားသည္ မီလန္ (Milan) ၿမိဳ႕ရွိ လူဒိုဗြီကို အီး ေမာ္႐ို (Ludovico il Moro) ၏ အလုပ္မ်ားတြင္ ကုန္ဆုံးခဲ့ရသည္။ ဥာဏ္အလြန္ထက္ျမက္ၿပီး ၀ိရီယေကာင္းလြန္းတာေၾကာင့္ အသက္ ၂၀ မွာပင္ ထင္ရွားတဲ့ ပန္းခ်ီပညာရွင္ ျဖစ္လာခဲ့သည္။ သူထင္ရွားလာေသာအခါ..” သားဟာ တစ္ေန႔မွာ ထူးခြ်န္တဲ့ ပန္းခ်ီပညာရွင္ ျဖစ္မွာပဲ” ဟု အေဖေျပာတဲ့ စကားကုိ ၾကားေယာင္ေနဆဲဟု ။ ဖခင္၏ သူရဲ႕ အႏုပညာ ပံ႔ပုိးမႈကုိ ထုတ္ေဖာ္ေလ့ရွိ၏။

သူသည္ လက္ေတြ႕သမား သိပၸံသမားျဖစ္၏။ သူတစ္ပါး ေျပာရုံႏွင့္ လြယ္လြယ္မယုံတတ္ေပ။ ထင္ရွားေသာ ျဖစ္ရပ္မွာ အဂၢိရတ္ပညာျဖစ္သည့္.. တန္ဖုိးနည္း သတၳဳကုိ ေရႊျဖစ္ေအာင္ လုပ္ႏုိင္သည္ဆုိတာ ယုတၱိမရွိဟု ေျပာင္ေျပာင္တင္းတင္း ျငင္းဆန္ခဲ့သူျဖစ္၏။ ထုိ႕အျပင္ သိပၸံပညာႏွင့္ဘာသာေရး ကြလြဲမႈမ်ားကုိ အျမဲေထာက္ျပေလ့ ရွိသျဖင့္ ဘာသာေရး အသုိင္းအဝုိင္းက သူကုိ မိစၧာဒိ႒ိဟု သမုတ္ၾက၏။

သူသည္ ေလထဲတြင္ ငွက္မ်ား ပ်ံသန္းျခင္းႏွင့္ ေလတြင္ ငါးမ်ား ကူးခတ္ျခင္းကုိ ၾကည့္၍ ေလစီးေၾကာင္း ေရစီး ေၾကာင္း၏ တူညီမႈ နိယာမ သေဘာတရားကုိ ဆင္ျခင္ သုံးသပ္ခဲ့၏။ ထုိ႕ေၾကာင့္ NewTon ရဲ႕ သက္ေရာက္မႈနဲ႔ တူညီတဲ့ တုန္႕ျပန္ သက္ေရာက္မႈ သေဘာဆိုတဲ့ တတိယ နိယာမ ထက္ ႏွစ္ေပါင္း ႏွစ္ရာေက်ာ္ေစာ၍ ေလ့လာေတြ႕ ရွိခဲ့သူျဖစ္၏။

ေနာက္ပုိင္းတြင္ ေတာၿမဳိ႕ေလးမွာ မထင္ရွားပဲ၊ ဘုရင္ လူဒိုဗိကုိဆဖုိဇာ ရဲ႕ အားေပးမႈျဖင့္ ဘဝေတာက္ ေတာက္ ေျပာင္ေျပာင္ျဖစ္လာခဲ့၏။ သူ၏ ထင္ရွားေသာ ရုပ္ထုမွာ ဘုရင္မင္ျမတ္၏ ဖခင္ျဖစ္သူ ဖရန္ဆတုိ၏ ျမင္းစီးေနပုံျဖစ္၏။ သူသည္ လက္တြ႕သမားပီပီ ထုိရုပ္ထုကုိ မထုပ္လုပ္မီ ခႏၶာေဗဒကုိ နားလည္ ေစရန္ အေလာင္းေကာင္ကုိ ခြဲစိတ္ေလ့လာခဲ့၏။

ျမင္း၏ သရုပ္သ႑န္မွန္ကန္ ေစရန္ ျမင္းေျပးဟန္ကုိလည္း အခ်ိန္ၾကာၾကာ ေလ့လာခဲ့၏။ မီလန္ၿမဳိ႕ ကပ္ေရာဂါေၾကာင့္ ပ်က္စီသြားၿပီးေနာက္ ၿမဳိ႕သစ္ ျပန္လည္တည္ေဆာက္ရာတြင္ သူသည္ ၿမဳိ႕ သစ္ပုံုကုိ ေခတ္သစ္ စနစ္သစ္ျဖင့္ ေရးဆြဲ တင္ျပခဲ့၏။ သူ၏ ပုံစံကား.. တူေျမာင္းမ်ား၊ အညစ္အေၾကး ပိုက္လႈိင္းမ်ား ပါသျဖင့္ လြန္စြာ ေခတ္မွီလြန္း၍ ထုိေခတ္က အသုံးမျပဳခဲ့ေပ။

သူ၏ ထင္ရွားေသာ ပန္ခ်ီကားတစ္ခ်ပ္မွာ ခရစ္ေတာ္၏ ေနာက္ဆုံးစားပြဲ ( Last Supper) ပန္းခ်ီကားျဖစ္၏။ ထုိပန္းခ်ီကားကုိ ေလးႏွစ္တုိင္တုိင္ အခ်ိန္ယူေရးဆြဲခဲ့ရၿပီး မီလန္ၿမဳိ႕ စိန္႔မာရီဘုရား ရွိခုိးေက်ာင္းတြင္ ခ်ိတ္ဆြဲထား၏။ သူ၏ပန္းခ်ီကားမ်ားထဲမွ ႏွစ္ကား ျဖစ္သည့္ ၊ မိုနာလီဆာ ႏွင့္ ေနာက္ဆုံးညစာ တို႔သည္ အထင္ရွားအေက်ာ္ၾကားဆုံး ႏွင့္ အခ်ိန္တိုင္းလိုပင္ ပုံတူဟာသ ေရးဆြဲခံရျခင္း၌အမ်ားဆုံး ႏွင့္ ပုံတူဘာသာေရး ပန္းခ်ီကားအျဖစ္ အမ်ားဆုံး ျပန္လည္ထုတ္လုပ္ေပးရသည္။

သူသည္ ပန္းခ်ီပညာတြင္သာ အာရုံစုိက္ခဲ့သူ မဟုတ္ပဲ ေတြးေတာ ၾကံဆသူအျဖစ္လည္း ထင္ရွား၏။ ငွက္မ်ား ေလမွာ ပ်ံသန္းမႈကုိ စိတ္ဝင္စားသျဖင့္ စူးစမ္းေလ့လာခဲ့ရာ.. ေလ၌ ပ်ံသန္းမႈ စက္ကိရိယာကုိ ပထမဆုံး စိတ္ကူးသူ အျဖစ္ထင္ရွား၏။ (လီယိုနာဒုိ၏ Codex Leicester ဟုေခၚေသာ လက္ေရးမူၾကမ္းကို သူေဌးႀကီးဘီဂိတ္စ္က ေဒၚလာ ၃၀.၈သန္းေပးကာ ၀ယ္ယူခဲ့ၿပီး သူ႔အိမ္စာၾကည့္တုိက္တြင္ ထားရွိကာ လီယိုနာဒုိအေပၚ သူ၏ ေလးစားမႈကုိ ျပသခဲ့သည္)

သူ၏အခ်ိဳ႕ေသာ အေသးစား တီထြင္မႈမ်ားျဖစ္သည့္ အလိုအေလၽွာက္ရစ္လုံးရစ္စက္ႏွင့္ ဝါယာႀကိဳးဆြဲဆန္႔ အားတိုင္းတာသည့္ စက္တို႔သည္ ပစၥည္းထုတ္လုပ္ေနသည့္ကမၻာထဲသို႔မေၾကညာဘဲဝင္ေရာက္လာခဲ့ၾကသည္။ သိပၸံပညာရွင္အျဖစ္ သူသည္ ခႏၶာေဗဒ၊ ၿမိဳ႕ျပ အင္ဂ်င္နီယာလုပ္ငန္း၊ အျမင္ႏွင့္အလင္းဆက္ႏြယ္မႈကို သိပၸံနည္းက်ေလ့လာမႈမ်ား ႏွင့္ အရည္မ်ား၏ သက္ေရာက္အင္အားပညာရပ္မ်ား တို႔၏ နယ္ပယ္တြင္ ရွိေသာ သူ၏အသိပညာအဆင့္သည္ ေရွ႕သို႔မ်ားစြာႀကိဳ၍သိေသာအဆင့္သို႔ ေရာက္ရခဲ့သည္။ ကတ္ေၾကးကိုလည္း တီထြင္ခဲ့သည္။

သူသည္ အႏုပညာႏွင္ တီထြင္မႈတြင္သာ အခ်ိန္ကုန္ေန၍ စီပြားေရး အဆင္ေျပလွသူမဟုတ္ေပ။ သူ႕ေခတ္သူ႕အခါက အႏုပညာေလာကမွာ ၿပဳိင္ဘက္မ်ား ရွိေသာ္လည္း ယွဥ္ၿပဳိင္ျခင္းကုိ လုံးဝ မလုိလား သူျဖစ္၏။ ျပင္သစ္တုိ႕က အီတလီကုိ သိမ္းပုိက္ၿပီးေနာက္ ျပစ္သစ္ဘုရင္ခံက သူ႕ကုိ မီလန္ၿမဳိ႕သုိ႔ ဖိတ္ေခၚကာ ထူးခြ်န္သည့္ အႏုပညာသမားအျဖစ္၊ သိပၸံပညာအရွင္ျဖစ္ ခ်ီးေျမွာက္ခဲ့၏။ ေနာက္ပုိင္းတြင္ ပန္းခ်ီမွာ ကမ႓ာေက်ာ္ျဖစ္ခဲ့ၿပီး၊ သိပၸံပညာရွင္ တခ်ုိ႕က .. လီယုိနာဒုိကုိ ေရနံဆီနဲ႔ လည္တဲ့ အင္ဂ်င္တစ္လုံးသာ ေပးႏုိင္ခဲ့ရင္ သူဟာ ေလယာဥ္ပ်ံကုိ မုခ် တီထြင္ႏုိင္မွာပဲဟု ခ်ီးမြမ္း ေထာပနာ ျပဳခဲ့ၾက၏။

လီယိုနာဒိုသည္ အနုပညာရပ္မ်ား၌ေက်ာ္ျကားေသာ ၿမဳိ႕ႀကီးမ်ား ျဖစ္ေသာ ဖေလာ္ရင့္၊ မီလန္၊ ဗင္းနစ္ ၊ ေရာမၿမဳိ႕မ်ားသို႔ လွည့္လည္ခဲ့သည္။ ထို႔ေနာက္ ျပင္သစ္နိုင္ငံ အမ္ဗီအရပ္၌ ၁၅၁၉ ခုနွစ္တြင္ ကြယ္လြန္ ခဲ့သည္။ အသက္အရြယ္မ်ားစြာ မျကီးရင့္မီပင္ ကြယ္လြန္ေသာ္လည္း အသက္တမ္းနွင့္မမွ်ေအာင္ မ်ားျပားေသာ သူ၏လက္ရာမ်ားသည္ ေနာင္လာ ေနာက္သား မ်ားအဖို့ မွတ္သားဖြယ္ အနုပညာသမိုင္းတြင္ ထင္ထင္ရွားရွား က်န္ရစ္ခဲ့ပါေလသည္။

Ref:
Wikipedia
ျမန္မာ့စြယ္စုံက်မ္း အတြဲ ၁၂

—————

တခေတ်တစ်ယောက် အကျော်ကြားဆုံး ပါရမီရှင်ကြီး လီယိုနာဒို ဒါဗင်ချီ (unicode)

ပန်းချီအကျော်အမော်တစ်ယောက်သာမကဘဲ ပညာရပ်နယ်ပယ်အမြောက်အမြားမှာ စူးစမ်းလေ့လာပြီး အောင်မြင်ဖြစ်ထွန်းခဲ့သူ သမိုင်းမှာ အတော်ဆုံး လူတစ်ယောက်လည်း ဖြစ်သည်။ ပညာရပ်နယ်ပယ်များစွာမှာ တကယ်ကို တတ်သိနှံ့စပ်မှုတွေ များစွာပိုင်ဆိုင်ခဲ့တဲ့သူဟာ သိပ္ပံလောကကို တစ်ခေတ်ဆန်းစေသူလည်းဖြစ်သည်။ ပန်းချီရေးဆွဲမှုတစ်ခုတည်းမှာတင် သူ့ရဲ့ အစွမ်းက အံ့မခန်းပင်။ အလင်း၊ အပင်၊ လူ့မျက်နှာပေါ်က ခံစားမှုအမျိုးမျိုး၊ သက်ရှိတည်ဆောက်ပုံတွေ၊ သဘာဝတရားတွေကို တီထွင်ဆန်းသစ်ပြီး ရေးဆွဲခဲ့သည်။

သူသေပြီးတဲ့နောက်မှာ သူ့ရဲ့ သိပ္ပံနည်းပညာဆိုင်ရာ တီထွင်မှုတွေကြောင့် လူသားတွေရဲ့ ရိုသေလေးမြတ်မှုကို ခံယူခဲ့ရသည်။ သူသေပြီးနောက် နှစ်ပေါင်းရာနဲ့ချီတဲ့အချိန်မှာတောင် မဖန်တီးနိုင်ခဲ့ကြသော နည်းပညာမြောက် ပစ္စည်းတွေကို အသေးစိတ်ဒီဇိုင်းတွေ အမြောက်အမြားရေးဆွဲခဲ့သေးသည်။ ဥပမာအားဖြင့် ပျံသန်းနိုင်တဲ့ စက်တွေ၊ တိုက်ခိုက်ရေးသံချပ်ကာယာဉ်၊ နေစွမ်းအင်အသုံးပြုပုံ၊ နစ်မြုပ်ဖို့ ခက်ခဲ့တဲ့ နှစ်ထပ်သင်္ဘောဒီဇိုင်း စတာတွေဖြစ်သည်။ ဒါဗင်ချီရေးဆွဲခဲ့သော ခန္ဓာဗေဒဆိုင်ရာ ပုံကြမ်းတွေကိုသာ အဲဒီခေတ်က ပုံနှိပ်ထုတ်ဝေဖြစ်ခဲ့မည်ဆိုလျှင် တကယ်ကို အရေးကြီးတဲ့ ဆေးဘက်ဆိုင်ရာ သုတေသနပြုမှုတွေအတွက် အရမ်းအသုံးဝင်ခဲ့မှာ အသေအချာပင်။

သူဟာ အင်ဂျင်နီယာတစ်ယောက်အဖြစ်နဲ့လည်း သူရဲ့ စွမ်းရည်တွေကို ထုတ်ဖော်နိုင်ခဲ့ပြန်သည်။ သူ့ရဲ့ ဘဝတစ်လျှောက်လုံး  ကြီးကျယ်ခမ်းနားသူတစ်ယောက်အနေနဲ့ ရပ်တည်ရှင်သန်ခဲ့ပြီး သူ သေဆုံးခါနီးအချိန်တွေဟာ ပြင်သစ်ဘုရင်ကိုယ်တိုင်က ပွေ့ဖက်ထားခဲ့ပြီး ပညာရှင်ကြီးတစ်ယောက်ရဲ့ နေဝင်ချိန်ကို နှုတ်ဆက်ခဲ့သည်။

သူရေးဆွဲခဲ့သည့် ပန်းချီကားများသည် ယနေ့ခေတ်အထိ ထင်ရှားဆဲဖြစ်၏။ ယနေ့တိုင် အရှိန်အဝါကောင်းဆဲ ဖြစ်၏။ ယနေ့တိုင် တန်ဖိုးထားဆဲဖြစ်၏။ သူရေးဆွဲခဲ့သည် မိုနာလီဇာ ပန်းချီကား၏ အညှို့ဓာတ်သည် အနုပညာလောက သားအတွက်သာမက လူသားအားလုံး နှလုံးကို သိမ်းကြုံးယူထားဆဲဖြစ်၏။

သူ့ကို အီတလီပြည် ဖလော့ရင့်မြို့ဒေသအတွင်းရှိ Vinci ဟူသော တောမြို့လေး တစ်မြို့တွင် ၁၄၅၂ -ခုနှစ်လောက်က မွေးဖွားခဲ့၏။ ဖခင်ဖြစ်သူက သူ့သားရဲ့ ပန်းချီကားများကို အလွန်နှစ်သက်လေ့ရှိပြီး။ အကြောင်းကိစ္စဖြင့် မြို့ကို သွားတိုင်းလည်း သားရဲ့ ပုံတူများကို ယူဆောင်၍ ပန်းချီဆရာကြီးများကို ပြသကာ အကြံဥာဏ်များ တောင်းယူခဲ့၏။ ထို့နောက်သူ၏ မိတ်ဆွေ ပန်းချီပညာရှင် အန်ဒရီးယား ဒယ်ဗာရော့ချို ထံတွင် အပ်ကာ ပန်းချီပညာကို ဆည်းပူးခဲ့သည်။

သူ၏ငယ်စဉ်ဘဝ အချိန်တော်တော်များများသည် မီလန် (Milan) မြို့ရှိ လူဒိုဗွီကို အီး မော်ရို (Ludovico il Moro) ၏ အလုပ်များတွင် ကုန်ဆုံးခဲ့ရသည်။ ဥာဏ်အလွန်ထက်မြက်ပြီး ဝိရီယကောင်းလွန်းတာကြောင့် အသက် ၂၀ မှာပင် ထင်ရှားတဲ့ ပန်းချီပညာရှင် ဖြစ်လာခဲ့သည်။ သူထင်ရှားလာသောအခါ..” သားဟာ တစ်နေ့မှာ ထူးချွန်တဲ့ ပန်းချီပညာရှင် ဖြစ်မှာပဲ” ဟု အဖေပြောတဲ့ စကားကို ကြားယောင်နေဆဲဟု ။ ဖခင်၏ သူရဲ့ အနုပညာ ပံ့ပိုးမှုကို ထုတ်ဖော်လေ့ရှိ၏။

သူသည် လက်တွေ့သမား သိပ္ပံသမားဖြစ်၏။ သူတစ်ပါး ပြောရုံနှင့် လွယ်လွယ်မယုံတတ်ပေ။ ထင်ရှားသော ဖြစ်ရပ်မှာ အဂ္ဂိရတ်ပညာဖြစ်သည့်.. တန်ဖိုးနည်း သတ္ထုကို ရွှေဖြစ်အောင် လုပ်နိုင်သည်ဆိုတာ ယုတ္တိမရှိဟု ပြောင်ပြောင်တင်းတင်း ငြင်းဆန်ခဲ့သူဖြစ်၏။ ထို့အပြင် သိပ္ပံပညာနှင့်ဘာသာရေး ကွလွဲမှုများကို အမြဲထောက်ပြလေ့ ရှိသဖြင့် ဘာသာရေး အသိုင်းအဝိုင်းက သူကို မိစ္ဆာဒိဋ္ဌိဟု သမုတ်ကြ၏။ သူသည် လေထဲတွင် ငှက်များ ပျံသန်းခြင်းနှင့် လေတွင် ငါးများ ကူးခတ်ခြင်းကို ကြည့်၍ လေစီးကြောင်း ရေစီး ကြောင်း၏ တူညီမှု နိယာမ သဘောတရားကို ဆင်ခြင် သုံးသပ်ခဲ့၏။ ထို့ကြောင့် NewTon ရဲ့ သက်ရောက်မှုနဲ့ တူညီတဲ့ တုန့်ပြန် သက်ရောက်မှု သဘောဆိုတဲ့ တတိယ နိယာမ ထက် နှစ်ပေါင်း နှစ်ရာကျော်စော၍ လေ့လာတွေ့ ရှိခဲ့သူဖြစ်၏။

နောက်ပိုင်းတွင် တောမြို့လေးမှာ မထင်ရှားပဲ၊ ဘုရင် လူဒိုဗိကိုဆဖိုဇာ ရဲ့ အားပေးမှုဖြင့် ဘဝတောက် တောက် ပြောင်ပြောင်ဖြစ်လာခဲ့၏။ သူ၏ ထင်ရှားသော ရုပ်ထုမှာ ဘုရင်မင်မြတ်၏ ဖခင်ဖြစ်သူ ဖရန်ဆတို၏ မြင်းစီးနေပုံဖြစ်၏။ သူသည် လက်တွ့သမားပီပီ ထိုရုပ်ထုကို မထုပ်လုပ်မီ ခန္ဓာဗေဒကို နားလည် စေရန် အလောင်းကောင်ကို ခွဲစိတ်လေ့လာခဲ့၏။ မြင်း၏ သရုပ်သဏ္ဍန်မှန်ကန် စေရန် မြင်းပြေးဟန်ကိုလည်း အချိန်ကြာကြာ လေ့လာခဲ့၏။ မီလန်မြို့ ကပ်ရောဂါကြောင့် ပျက်စီသွားပြီးနောက် မြို့သစ် ပြန်လည်တည်ဆောက်ရာတွင် သူသည် မြို့ သစ်ပုံကို ခေတ်သစ် စနစ်သစ်ဖြင့် ရေးဆွဲ တင်ပြခဲ့၏။ သူ၏ ပုံစံကား.. တူမြောင်းများ၊ အညစ်အကြေး ပိုက်လှိုင်းများ ပါသဖြင့် လွန်စွာ ခေတ်မှီလွန်း၍ ထိုခေတ်က အသုံးမပြုခဲ့ပေ။

သူ၏ ထင်ရှားသော ပန်ချီကားတစ်ချပ်မှာ ခရစ်တော်၏ နောက်ဆုံးစားပွဲ ( Last Supper) ပန်းချီကားဖြစ်၏။ ထိုပန်းချီကားကို လေးနှစ်တိုင်တိုင် အချိန်ယူရေးဆွဲခဲ့ရပြီး မီလန်မြို့ စိန့်မာရီဘုရား ရှိခိုးကျောင်းတွင် ချိတ်ဆွဲထား၏။ သူ၏ပန်းချီကားများထဲမှ နှစ်ကား ဖြစ်သည့် ၊ မိုနာလီဆာ နှင့် နောက်ဆုံးညစာ တို့သည် အထင်ရှားအကျော်ကြားဆုံး နှင့် အချိန်တိုင်းလိုပင် ပုံတူဟာသ ရေးဆွဲခံရခြင်း၌အများဆုံး နှင့် ပုံတူဘာသာရေး ပန်းချီကားအဖြစ် အများဆုံး ပြန်လည်ထုတ်လုပ်ပေးရသည်။

သူသည် ပန်းချီပညာတွင်သာ အာရုံစိုက်ခဲ့သူ မဟုတ်ပဲ တွေးတော ကြံဆသူအဖြစ်လည်း ထင်ရှား၏။ ငှက်များ လေမှာ ပျံသန်းမှုကို စိတ်ဝင်စားသဖြင့် စူးစမ်းလေ့လာခဲ့ရာ.. လေ၌ ပျံသန်းမှု စက်ကိရိယာကို ပထမဆုံး စိတ်ကူးသူ အဖြစ်ထင်ရှား၏။ (လီယိုနာဒို၏ Codex Leicester ဟုခေါ်သော လက်ရေးမူကြမ်းကို သူဌေးကြီးဘီဂိတ်စ်က ဒေါ်လာ ၃၀.၈သန်းပေးကာ ဝယ်ယူခဲ့ပြီး သူ့အိမ်စာကြည့်တိုက်တွင် ထားရှိကာ လီယိုနာဒိုအပေါ် သူ၏ လေးစားမှုကို ပြသခဲ့သည်)

သူ၏အချို့သော အသေးစား တီထွင်မှုများဖြစ်သည့် အလိုအလျှောက်ရစ်လုံးရစ်စက်နှင့် ဝါယာကြိုးဆွဲဆန့် အားတိုင်းတာသည့် စက်တို့သည် ပစ္စည်းထုတ်လုပ်နေသည့်ကမ္ဘာထဲသို့မကြေညာဘဲဝင်ရောက်လာခဲ့ကြသည်။ သိပ္ပံပညာရှင်အဖြစ် သူသည် ခန္ဓာဗေဒ၊ မြို့ပြ အင်ဂျင်နီယာလုပ်ငန်း၊ အမြင်နှင့်အလင်းဆက်နွယ်မှုကို သိပ္ပံနည်းကျလေ့လာမှုများ နှင့် အရည်များ၏ သက်ရောက်အင်အားပညာရပ်များ တို့၏ နယ်ပယ်တွင် ရှိသော သူ၏အသိပညာအဆင့်သည် ရှေ့သို့များစွာကြို၍သိသောအဆင့်သို့ ရောက်ရခဲ့သည်။ ကတ်ကြေးကိုလည်း တီထွင်ခဲ့သည်။

သူသည် အနုပညာနှင် တီထွင်မှုတွင်သာ အချိန်ကုန်နေ၍ စီပွားရေး အဆင်ပြေလှသူမဟုတ်ပေ။ သူ့ခေတ်သူ့အခါက အနုပညာလောကမှာ ပြိုင်ဘက်များ ရှိသော်လည်း ယှဉ်ပြိုင်ခြင်းကို လုံးဝ မလိုလား သူဖြစ်၏။ ပြင်သစ်တို့က အီတလီကို သိမ်းပိုက်ပြီးနောက် ပြစ်သစ်ဘုရင်ခံက သူ့ကို မီလန်မြို့သို့ ဖိတ်ခေါ်ကာ ထူးချွန်သည့် အနုပညာသမားအဖြစ်၊ သိပ္ပံပညာအရှင်ဖြစ် ချီးမြှောက်ခဲ့၏။ နောက်ပိုင်းတွင် ပန်းချီမှာ ကမ႓ာကျော်ဖြစ်ခဲ့ပြီး၊ သိပ္ပံပညာရှင် တချို့က .. လီယိုနာဒိုကို ရေနံဆီနဲ့ လည်တဲ့ အင်ဂျင်တစ်လုံးသာ ပေးနိုင်ခဲ့ရင် သူဟာ လေယာဉ်ပျံကို မုချ တီထွင်နိုင်မှာပဲဟု ချီးမွမ်း ထောပနာ ပြုခဲ့ကြ၏။

လီယိုနာဒိုသည် အနုပညာရပ်များ၌ကျော်ကြားသော မြို့ကြီးများ ဖြစ်သော ဖလော်ရင့်၊ မီလန်၊ ဗင်းနစ် ၊ ရောမမြို့များသို့ လှည့်လည်ခဲ့သည်။ ထို့နောက် ပြင်သစ်နိုင်ငံ အမ်ဗီအရပ်၌ ၁၅၁၉ ခုနှစ်တွင် ကွယ်လွန် ခဲ့သည်။ အသက်အရွယ်များစွာ မကြီးရင့်မီပင် ကွယ်လွန်သော်လည်း အသက်တမ်းနှင့်မမျှအောင် များပြားသော သူ၏လက်ရာများသည် နောင်လာ နောက်သား များအဖို့ မှတ်သားဖွယ် အနုပညာသမိုင်းတွင် ထင်ထင်ရှားရှား ကျန်ရစ်ခဲ့ပါလေသည်။

Ref:
Wikipedia
မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၂

Leave a Reply