အိႏၵိယႏိုင္ငံ အေၾကာင္း သိေကာင္းစရာ

Posted on

ေရးသားသူ – ေကာင္းစည္သူ (သုတအလင္း မဂၢဇင္း)

အာရွတိုက္ေတာင္ပိုင္းတြင္ တည္ရွိသည့္ အိႏၵိယသမၼတႏိုင္ငံသည္ ကမၻာေပၚတြင္ ဧရိယာ သတၱမေျမာက္အၾကီးဆုံးႏွင့္ လူဦး ေရ ဒုတိယအမ်ားဆုံးႏိုင္ငံျဖစ္သည္။ ေနထိုင္သူဦးေရ ၁ ဒသမ ၃ ဘီလီယံ(၁၃၂၄သန္း)ရွိသည့္ အိႏၵိယႏိုင္ငံသည္ ကမၻာေပၚတြင္ လူဦးေရ အမ်ားဆုံးေသာ ဒီမိုကေရစီႏိုင္ငံလည္း ျဖစ္သည္။

အိႏၵိယႏိုင္ငံကို ေတာင္ဘက္တြင္ အိႏၵိယသမုဒၵရာ၊ အေနာက္ေတာင္ဘက္တြင္ အာေရဗ်ပင္လယ္ႏွင့္ အေရွ႕ေတာင္ ဘက္တြင္ ဘဂၤလားပင္လယ္ေအာ္တို႕က ၀ိုင္းရံထားသည္။ ထို႕အတူ အေနာက္ဘက္တြင္ ပါကစၥတန္၊ အေရွ႕ေျမာက္ဘက္တြင္ တရုတ္၊ နီေပါ၊ ဘူတန္၊ အေရွ႕ဘက္တြင္ဘဂၤလားေဒ့ရွ္၊ ျမန္မာႏိုင္ငံတို႕ႏွင့္ ေျမသားနယ္နိမိတ္ဆက္စပ္ေနၿပီး အိႏၵိယသမုဒၵရာ အတြင္း၌ သီရိလကၤာႏွင့္ေမာ္လ္ဒိုက္ႏိုင္ငံတို႕တည္ရွိသည္။ အိႏၵိယႏိုင္ငံပိုင္ အန္ဒမန္ႏွင့္နီကိုဘာကၽြန္းတို႔သည္ ထိုင္း၊ အင္ဒို နီးရွားႏိုင္ငံတို႕ႏွင့္ ေရေၾကာင္းနယ္နိမိတ္ဆက္စပ္လ်က္ရွိသည္။

အိႏၵိယတိုက္သည္ ခရစ္ေတာ္မေပၚမီ ႏွစ္ ၃၀၀၀ ကထြန္းကားခဲ့သည့္ အိႏၵဳျမစ္၀ွမ္းယဥ္ေက်းမႈ ၿမိဳ႕ျပမ်ားတည္ေထာင္ ခဲ့သည့္ နယ္ေျမျဖစ္ကာ ဟိႏၵဴ အယူ၀ါဒႏွင့္ ဆက္ႏြယ္ေနသည့္ ေရွးအက်ဆုံးစာေပမ်ား ထြန္းကားခဲ့သည့္ေဒသလည္းျဖစ္သည္။ ဇာတ္စနစ္ကိုအေျခခံသည့္ လူမႈအလႊာခြဲျခားမႈသည္ ခရစ္ေတာ္မေပၚမီ ႏွစ္ ၁၀၀၀ တြင္ စတင္ေပၚေပါက္လာခဲ့ၿပီး ဗုဒၶဘာသာ ႏွင့္ ဂ်ိမ္းဘာသာတို႕သည္ အိႏၵိယႏိုင္ငံမွ စတင္ေပၚထြန္းခဲ့သည္။

အိႏၵိယႏိုင္ငံသည္ ၁၇ ရာစုတြင္ စီးပြားေရးအင္အား ၾကီးမားလာခဲ့ၿပီး ၁၈ ရာစုအလယ္တြင္ ၿဗိတိသွ်တို႕၏ အုပ္ ခ်ဳပ္မႈ ေအာက္သို႕က်ေရာက္ခဲ့သည္။ ၁၉ ရာစုတြင္ မဟတၱမဂႏၶီ ဦးေဆာင္သည့္ အမ်ိဳးသားေရးလႈပ္ရွားမႈမ်ားျဖစ္ပြားခဲ့ၿပီး ၁၉၄၇ ခုႏွစ္ တြင္ ၿဗိတိသွ်တို႕ထံမွ လြတ္လပ္ေရးရရွိခဲ့သည္။

၂၀၁၇ ခုႏွစ္တြင္ အိႏၵိယသည္ ကမၻာတြင္ ဆ႒မစီးပြားေရးအင္အားအၾကီးမားဆုံးႏိုင္ငံျဖစ္လာခဲ့သည္။၁၉၉၁ ခုႏွစ္တြင္ ေစ်းကြက္အေျခခံစီးပြားေရးစနစ္ကိုက်င့္သုံးခဲ့ၿပီးေနာက္ စီးပြားေရးလ်င္ျမန္စြာတိုးတက္ခဲ့ၿပီးစက္မႈႏိုင္ငံသစ္တစ္ခုျဖစ္လာခဲ့သည္။ သို႕ေသာ္ ဆင္းရဲမြဲေတမႈ၊ အဂတိလိုက္စားမႈ၊အာဟာရမျပည့္၀မႈ၊ ျပည္သူ႕က်န္းမာေရးမျပည့္စုံမႈစသည့္ ျပႆနာမ်ားကို ရင္ဆိုင္ ေနရသည္။

ဖက္ဒရယ္စနစ္ကိုက်င့္သုံးသည့္ အိႏၵိယႏိုင္ငံကို ျပည္နယ္၂၉ ခု၊ ျပည္ေထာင္စု နယ္ေျမ ၇ ခုျဖင့္ ဖြဲ႕စည္းထားသည္။ ႏ်ဴကလီးယားလက္နက္ပိုင္ဆိုင္ၿပီး စစ္သည္အင္အား ကမၻာ့ဒုတိယအႀကီးဆုံး တပ္မေတာ္ကိုပိုင္ဆိုင္သည့္ အိႏၵိယႏိုင္ငံသည္ ကမၻာ့ကာကြယ္ေရး အသုံးစရိတ္သုံးစြဲမႈတြင္ ပဥၥမေနရာ၌ရွိေနသည္။

သမိုင္းထဲမွ အိႏၵိယ

အိ္ႏၵိယဟူသည့္ ေ၀ါဟာရသည္ ေခတ္ေဟာင္းပါရွန္စကား အိႏၵဳမွ ဆင္းသက္လာကာ အိႏၵဳျမစ္၀ွမ္းဟုဆိုလိုသည္။ ေရွးေဟာင္းဂရိတို႕က အိႏၵိယလူမ်ိဳးမ်ားကို အိႏၵဳမ်ားဟု ေခၚဆိုခဲ့ၾကသည္။သို႕ေသာ္ အိႏၵိယႏိုင္ငံဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံ ဥပေဒ အရ အိႏၵိယႏိုင္ငံ၏ တရား၀င္ ပထ၀ီ၀င္အမည္သည္ ဘာရက္ (Bharat) ျဖစ္သည္။ ယင္းအမည္၏ မူရင္းစကားလုံးသည္ သမိုင္းအစဥ္အလာအရ အိႏၵိယတိုက္ကို ရည္ညႊန္းသည့္ Bharatavarsha ျဖစ္သည္။ ခရစ္ေတာ္မေပၚမီ သုံးရာစုတြင္ အိႏၵိယကို Mughal တို႕က ပါရွန္ ေ၀ါဟာရ ဟင္ဒူစတန္ဟုလည္း တြင္က်ယ္စြာေခၚဆိုအသုံးျပဳခဲ့ၾကသည္။

ေခတ္ၿပိဳင္ ေက်ာက္ေခတ္လယ္အေထာက္အထားမ်ားကို အိႏၵိယႏိုင္ငံတြင္ ေတြ႕ရွိခဲ့ၾကသည္။ ခရစ္ေတာ္မေပၚမီ ႏွစ္ ၇၀၀၀ က ထြန္းကားခဲ့ေသာ ေက်ာက္ေခတ္သစ္ အေထာက္အထားမ်ားကို Mehrgarh တြင္ ျမင္ေတြ႕ၾကရသည္။ အာရွတိုက္ ေတာင္ပိုင္း၏ အေစာဆုံး ၿမိဳ႕ျပယဥ္ေက်းမႈျဖစ္သည့္ အိႏၵဳ ျမစ္၀ွမ္းယဥ္ေက်းမႈသည္ ခရစ္ေတာ္မေပၚမီ ႏွစ္ ၂၅၀၀ မွ ၁၉၀၀ အတြင္း ယခု အာဖဂန္နစၥတန္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္းမွ ပါကစၥတန္ႏွင္ ့အိႏၵိယႏိုင္ငံ အေနာက္ေျမာက္ပိုင္းအထိ ထြန္းကားခဲ့ သည္။ ဘီစီ ၂၀၀၀ မွ ၅၀၀ အတြင္း၌ ေၾကးသံေရာေႏွာေခတ္ႏွင့္သံေခတ္တို႕ကို ျဖတ္သန္းခဲ့သည္။

ဟိႏၵဴ အယူ၀ါဒမ်ားႏွင့္ ဆက္ႏြယ္ေနသည့္ ေရွးေဟာင္း ေ၀ဒက်မ္းမ်ားသည္ အိႏၵိယႏိုင္ငံမွ အစျပဳ ေပၚထြန္းခဲ့သည္။ သမိုင္းပညာရွင္မ်ားက ပန္ဂ်ပ္ျပည္နယ္နွင့္ ဂဂၤါလြင္ျပင္ေနရာတို႕တြင္ ေ၀ဒယဥ္ေက်းမႈမ်ား ထြန္းကားခဲ့သည္ဟု ယူဆူခဲ့ၾက သည္။ ယင္းအခ်ိန္တြင္ အင္ဒိုအာရီယန္မ်ားသည္ အိႏၵိယႏိုင္ငံအတြင္းသို႕ အေနာက္ေျမာက္ပိုင္းမွ ၀င္ေရာက္လာခဲ့ၾကသည္။

ဘီစီ ေျခာက္ရာစုေႏွာင္းပိုင္းတြင္ ဂဂၤါလြင္ျပင္ႏွင့္ အေနာက္ေျမာက္ပိုင္းနယ္ေျမမ်ားမွ အၾကီးအကဲမ်ားသည္ မိမိတို႕ နယ္ေျမမ်ားကို ေပါင္းစု၍ လူနည္းစုအစိုးရအဖြဲ႕ ၁၆ ဖြဲ႕ကို ထူေထာင္ခဲ့ၾကၿပီး Mahajanapada ေခါင္းေဆာင္မ်ားေပၚထြက္လာခဲ့ သည္။ယင္းအခ်ိန္တြင္ ေ၀ဒ မဟုတ္သည့္ ဂ်ိမ္းႏွင့္ ဗုဒၶဘာသာ အယူ၀ါဒမ်ားေပၚထြန္းခဲ့ရာ လူတန္းစား အမ်ားစုက ဗုဒၶဘာသာ ကို ယုံၾကည္သက္၀င္ခဲ့ၾကသည္။

ဘီစီ သုံးရာစုတြင္ မာဂဓ မင္းဆက္မ်ားသည္ နယ္ေျမမ်ားတိုးခ်ဲ႕၍ Mauryan မင္းဆက္ကို တည္ေထာင္ခဲ့ၾကကာ အိႏၵိယႏိုင္ငံနယ္ေျမအမ်ားစုကိုု ေတာင္ဘက္အဖ်ားပိုင္းမွလြဲ၍ ထိန္းခ်ဳပ္ႏိုင္ခဲ့ၾကသည္။ Mauryan ဘုရင္မ်ားသည္ အင္ပါရာ ထူေထာင္၍ ဗုဒၶ တရားေတာ္မ်ားျဖန္႕က်က္ခဲ့ၾကသည္။

ခရစ္ေတာ္ေပၚၿပီး ေလးရာစုႏွင့္ ငါးရာစုတြင္ ဂုပၸတ မင္းဆက္အတြင္း ဂဂၤါျမစ္၀ွမ္း အုပ္ခ်ဳပ္မႈႏွင့္ အခြန္ေကာက္ခံမႈစနစ္ မ်ားကို ေဆာင္ရြက္ခဲ့ရာ ေနာက္ပိုင္းမင္းဆက္မ်ားက နမူနာယူခဲ့ၾကရသည္။ယင္းအခ်ိန္တြင္ ပန္းပုႏွင့္ ဗိသုကာပညာမ်ား ထြန္း ကားခဲ့ၿပီး သကၠတဘာသာလည္း ဖြံ႕ၿဖိဳးခဲ့သည္။ထို႕အတူ အိႏၵိယတိုက္တြင္ သိပၸံပညာ၊ နကၡတၱေဗဒ၊ေဆးပညာႏွင့္သခ်ၤာပညာ ရပ္ အပါအ၀င္ နည္းပညာမ်ားသည္ ေရွ႕တန္းသို႕ ေရာက္ရွိလာခဲ့သည္။

အိႏၵိယႏိုင္ငံ၏ အေစာပိုင္းအလယ္ေခတ္ဟု ဆိုၾကသည့္ ေအဒီ ၆၀၀ မွ ၁၂၀၀ ျပည့္ႏွစ္အတြင္း၌ ကြဲျပားျခားနားသည့္ ယဥ္ေက်းမႈမ်ား ေပၚထြန္းခဲ့သည္။ ေအဒီ ၆၀၆ ခုႏွစ္မွ ၆၄၇ ခုႏွစ္အတြင္း အင္ဒို ဂဂၤါလြင္ျပင္ေဒသကို အုပ္ခ်ဳပ္ခဲ့သည့္ Harsha သည္ ေတာင္ဘက္သို႕နယ္ေျမခ်ဲ႕ထြင္ရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း Deccan ဘုရင္ Chalukya ကို ရႈံးနိမ့္ခဲ့သည္။သူ႕အား ဆက္ခံ သူက အေရွ႕ဖ်ားသို႕ နယ္ေျမခ်ဲ႕ထြင္ရန္ ၾကိဳးပမ္းခဲ့ရာတြင္လည္း ပါလ ဘုရင္ကို ရႈံးနိမ့္ခဲ့သည္။ ထိုအခ်ိန္တြင္ မည္သည့္ ဘုရင္ တစ္ပါးတည္းကမွ အိႏၵိယနယ္ေျမ တစ္ခုလုံးကို မအုပ္စိုးႏိုင္ခဲ့ေခ်။

ရွစ္ရာစုႏွင့္ ကိုးရာစုတြင္မူ အိႏၵိယႏိုင္ငံ၏ ယဥ္ေက်းမႈႏွင့္ ႏိုင္ငံေရးစနစ္မ်ားသည္ အိႏၵိယကုန္သည္မ်ား၊ ေက်ာင္းသား မ်ားႏွင့္ စစ္သည္မ်ားမွတစ္ဆင့္ လက္ရွိ အေရွ႕ေတာင္အာရွေဒသမ်ားသို႕ ပ်ံ႕ႏွံ႕ခဲ့သည္။ ထုိ႔ေနာက္ အစၥလာမ္ဘာသာသည္ အိႏၵိယသို႕ေရာက္ရွိလာခဲ့ကာ ၁၂၀၆ ခုႏွစ္တြင္ ေဒလီ အစၥလာမ္ပသီနယ္ပယ္ကို ထူေထာင္ခဲ့ကာ အိႏၵိယႏိုင္ငံေျမာက္ပိုင္းကို ၾကီးစိုးႏိုင္ခဲ့၍ ေတာင္ပိုင္းနယ္မ်ားသို႕လည္း ခ်င္းနင္း၀င္ေရာက္ခဲ့သည္။

၁၆ ရာစု အေစာပိုင္းတြင္ အိႏၵိယႏိုင္ငံ ေျမာက္ပိုင္းအဓိက နယ္ေျမမ်ားကို မူဆလင္မ်ားကအုပ္ခ်ဳပ္ခဲ့သည္။၁၇ ရာစုတြင္ ႏိုင္ငံစီးပြားေရးကို တိုးခ်ဲ႕ကာ အထည္အလိပ္ႏွင့္ ဗိသုကာလုပ္ငန္းမ်ား ေနရာယူခဲ့သည္။၁၈ ရာစု အစပိုင္းတြင္ အေရွ႕အိႏၵိယ ကုမၸဏီအပါအ၀င္ဥေရာပကုန္သြယ္ေရးလုပ္ငန္းမ်ားကို အိႏၵိယကမ္းေျခမ်ားတြင္ ထူေထာင္ခဲ့သည္။အေရွ႕အိႏၵိယကုမၸဏီသည္ ပင္လယ္ျပင္ကို ထိန္းခ်ဳပ္ခဲ့ၿပီး ၁၈၂၀ ျပည့္ႏွစ္တြင္ ျဗိတိသွ် စစ္တပ္က အိႏၵိယကို သိမ္းပိုက္ခဲ့သည္။ၿဗိတိသွ် အစိုးရသည္ ၁၈၄၈ ခုႏွစ္တြင္ Lord Dalhousie ကို ဘုရင္ခံအျဖစ္ ခန္႕ထားခဲ့သည္။

ၿဗိတိသွ်တို႕အုပ္စိုးေနစဥ္ နည္းပညာတိုးတက္ေျပာင္းလဲမႈႏွင့္ ႀကဳံခဲ့ကာ မီးရထားလမ္းမ်ား၊ ဆည္ေျမာင္းမ်ား၊ေၾကးနန္းရဳ့မ်ားေပၚေပါက္လာခဲ့သည္။ ၁၈၅၇ ခုႏွစ္တြင္ ၿဗိတိသွ်တို႕ကို အိႏၵိယ တိုင္းရင္းသားတို႕က ေတာ္လွန္ခဲ့ရာ ၿဗိတိသွ် အစိုးရက ႏွိမ္နင္းခဲ့ၿပီး အေရွ႕အိႏၵိယ ကုမၸဏီကို ဖ်က္သိမ္း၍ အိႏၵိယကို ၿဗိတိန္ ႏိုင္ငံက တိုက္ရိုက္အုပ္ခ်ဳပ္ခဲ့သည္။

၁၈၈၅ ခုႏွစ္တြင္ အိႏၵိယအမ်ိဳးသား ကြန္ဂရက္ကို ထူေထာင္ခဲ့ကာ လြတ္လပ္ေရး လႈပ္ရွားမႈ ကို မဟတၱမဂႏၶီက ဦးေဆာင္ခဲ့ၿပီး လြတ္လပ္ေရဒရရွိခဲ့သည့္ ၁၉၄၇ ခုႏွစ္တြင္ Jawaharlal Nehru သည္ အိႏၵိယႏိုင္ငံ၏ ပထမ ဆုံး၀န္ၾကီးခ်ဳပ္ျဖစ္ လာခဲ့သည္။သို႕ေသာ္ လြတ္လပ္ရးရခ်ိန္တြင္ အိႏၵိယသည္ ပါကစၥတန္ႏိုင္ငံကို ခြဲထုတ္ေပးခဲ့ရသည္။ သို႔တိုင္ေအာင္ နယ္ေျမပိုင္ဆိုင္မႈ ျပႆနာအခ်ိဳ႕ကို ယခုတိုင္မေျဖရွင္းႏိုင္ေသးေခ်။ အိႏၵိယႏိုင္ငံ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒကို ၁၉၅၀ ျပည့္ႏွစ္ ေရးဆြဲခဲ့သည္။လြတ္လပ္ေသာ စီးပြားေရးစနစ္ကို ၁၉၉၀ ျပည့္ႏွစ္တြင္ စတင္ခဲ့ၿပီးေနာက္ အိႏၵိယႏိုင္ငံသည္ လ်င္ျမန္စြာ စီးပြားေရးတိုးတက္သည့္ ႏိုင္ငံတစ္ခုျဖစ္လာခဲ့သည္။

ပထ၀ီ၀င္

အိႏၵိယႏိုင္ငံ၏ ကမ္းရိုးတန္းသည္ မိုင္ ၄၇၀၀ ရွည္လ်ားကာ မိုင္ ၃၄၀၀ သည္ အိႏၵိယ ကၽြန္းဆြယ္ျဖစ္သည္။ ေရတပ္ တိုင္းထြာခ်က္မ်ားအရ အိႏၵိယႏိုင္ငံကမ္းရိုးတန္း၏ ၄၃ ရာခိုင္ႏႈန္းသည္ သဲေသာင္ကမ္းေျခမ်ားျဖစ္ကာ ၁၁ ရာခိုင္ႏႈန္းသည္ ေက်ာက္ေတာင္ကမ္းေျခမ်ားျဖစ္သည္။ ဟိမ၀ႏၱာေတာင္တြင္ျမစ္ဖ်ားခံသည့္ ဂဂၤါျမစ္ႏွင့္ ျဗဟၼပုတၱရ ျမစ္တို႕သည္ဘဂၤလားပင္လယ္ေအာ္အတြင္းသို႕ စီး၀င္ သြားၾကသည္။ ဂဂၤါျမစ္၏ ျမစ္လက္တက္မ်ားတြင္ ယမုံနာႏွင့္ ကိုစီတို႕သည္ အထင္ရွားဆုံးျဖစ္သည္။

အိႏၵိယႏိုင္ငံ၏ အေနာက္ ေတာင္ဘက္ ကမ္းရိုးတန္းအလြန္တြင္ ကၽြန္းစုမ်ားရွိေနသည္။ ႏိုင္ငံ၏ ရာသီဥတုသည္ ဟိမ၀ႏၱာေတာင္တန္းႏွင့္ သာ ကႏၱာရတို႕၏ လႊမ္းမိုးျခင္းေအာက္တြင္ရွိေနကာ အပူပိုင္းစိုစြတ္ ရာသီ၊အပူပိုင္း ေျခာက္ေသြ႕ရာသီ အပါအ၀င္ ရာသီဥတု ေလးမ်ိဳးရွိသည္။ေျမသားထု၏ ၂၁ ရာခိုင္ႏႈန္းသည္ သစ္ေတာမ်ားဖုံး လႊမ္းေနေပသည္။

အစိုးရအဖြဲ႕ႏွင့္ ျပည္ပ ဆက္ဆံေရး

ပါတီစုံ ဒီမိုကေရစီစနစ္ကိုက်င့္သုံးသည့္ အိႏၵိယႏိုင္ငံတြင္ အိႏၵိယအမ်ိဳးသားကြန္ဂရက္ပါတီႏွင့္ဘီေဂ်ပီပါတီႏွင့္ အျခား ထင္ရွားေသာပါတီၾကီး ခုနစ္ခုအပါအ၀င္ ပါတီေပါင္း ၄၀ ေက်ာ္ရွိသည္။ကြန္ဂရက္က လက္၀ဲယိမ္းပါတီ၊ဘီေဂ်ပီပါတီက လက္ ယာယိမ္းပါတီဟု သတ္မွတ္ၾကသည္။လြတ္လပ္ေရးရရွိခ်ိန္မွ ၁၉၈၀ ျပည့္ႏွစ္မ်ားအထိ အိႏၵိယႏိုင္ငံတြင္ ကြန္ဂရက္ပါတီက ႀကီးစိုး ခဲ့ကာ ၁၉၅၄ ခုႏွစ္တြင္ အိႏၵိ။ႏိုင္ငံ၏ ပထဆုံး၀န္ၾကီးခ်ဳပ္ျဖစ္ခဲ့ၿပီး ကြန္ဂရက္ပါတီေခါင္းေဆာင္ေနရူးကြယ္လြန္ခဲ့သည္။

ေနရူး၏ သမီး အင္ဒီရာဂႏၶီသည္ ၁၉၆၇ ခုႏွစ္တြင္အိႏၵိယႏိုင္ငံ၀န္ၾကီးခ်ဳပ္ျဖစ္လာခဲ့ၿပီးေနာက္ ၁၉၇၅ ခုႏွစ္တြင္ ထုတ္ ျပန္ ခဲ့သည့္ အေရးေပၚအေျခအေနကို ျပည္သူမ်ားက သေဘာမက်ခဲ့သည့္အတြက္ ၁၉၇၇ ခုႏွစ္တြင္ ေရြးေကာက္ပြဲ ရႈံးနိမ့္ခဲ့ သည္။ကြန္ဂရက္ပါတီသည္၁၉၈၀ ျပည့္ႏွစ္တြင္အာဏာျပန္လည္ရရွိခဲ့ေသာ္လည္း ၁၉၈၄ ခုႏွစ္တြင္ အင္ဒီရာဂႏၶီ လုပ္ၾကံခံခဲ့ ရသည္။၀န္ၾကီးခ်ဳပ္အျဖစ္ဆက္ခံခဲ့သည့္ သားျဖစ္သူ ရာဂ်စ္ဂႏၶီသည္လည္း လုပ္ၾကံခံရကာ ကြယ္လြန္ခဲ့သည္။၁၉၉၁ ခုႏွစ္ေရြး ေကာက္ပြဲတြင္မည္သည့္ပါတီကမွ မဲအမ်ားစုမရဘဲ ညြန္႕ေပါင္း အစိုးရဖြဲ႕ခဲ့ရသည္။

လက္ရွိ အိႏၵိယႏိုင္ငံ၏ ၀န္ၾကီးခ်ဳပ္သည္ နာရင္ဒရာမိုဒီ ျဖစ္၍ သမၼတသည္ Ram NathKovind ျဖစ္သည္။ ဖက္ဒရယ္ စနစ္ကို က်င့္သုံးသည့္ အိႏၵိယႏိုင္ငံသည္ ဗဟိုအစိုးရႏွင့္ ျပည္နယ္မ်ားအၾကား အာဏာကို မွ်ေ၀ က်င့္သုံးသည္။သို႕ေသာ္ ဗဟို အစိုးရက အားေကာင္း၍ ျပည္နယ္အစိုးရမ်ားက အားနည္းသည္ဟု ဆိုၾကသည္။

အုပ္ခ်ဳပ္ေရးတြင္ ငါးႏွစ္တစ္ၾကိမ္ ေရြးခ်ယ္တင္ေျမွာက္သည့္သမၼတသည္ႏိုင္ငံအၾကီးအကဲျဖစ္၍ ၀န္ၾကီးခ်ဳပ္သည္ အစိုးရ အဖြဲ႕အၾကီးအကဲျဖစ္၍ အုပ္ခ်ဳပ္ေရးအာဏာကိုက်င့္သုံးသည္။ေအာက္လႊတ္ေတာ္တြင္ မဲအမ်ားဆုံးရသည့္ ပါတီ ေခါင္း ေဆာင္ကို သမၼတက ၀န္ၾကီးခ်ဳပ္အျဖစ္ ခန္႕အပ္ေပးရသည္။အုပ္ခ်ဳပ္ေရးက႑တြင္ သမၼတ၊ ဒုတိယသမၼတႏွင့္ ၀န္ၾကီး မ်ားပါ၀င္ သည္။၀န္ၾကီးဌာန တစ္ခုခုကို တာ၀န္ယူရသည့္ ၀န္ၾကီးသည္ ေအာက္လႊတ္ေတာ္ အမတ္တစ္ဦးျဖစ္ရန္လိုအပ္သည္။

ဥပေဒျပဳေရးတြင္ လႊတ္ေတာ္ ႏွစ္ရပ္စနစ္ကိုက်င့္သုံးကာ ေျခာက္ႏွစ္သက္တမ္းရွိသည့္ အထက္လႊတ္ေတာ္ (RajyaSabha)တြင္ ကိုယ္စားလွယ္ ၂၄၅ ဦးႏွင့္ ငါးႏွစ္သက္တမ္းရွိသည့္ ေအာက္လႊတ္ေတာ္(LokSabha)ကိုကိုယ္စားလွယ္ ၅၄၅ ဦးျဖင့္ ဖြဲ႕စည္းသည္။ တရားစီရင္ေရးတြင္ တရားရုံးခ်ဳပ္၊ဗဟို တရားရုံး ၂၄ခုႏွင့္ ေဒသအလိုက္ တရားရုံးမ်ားက တရားစီရင္သည္။

အိႏၵိယႏိုင္ငံသည္ လြတ္လပ္ေရးရရွိခဲ့သည့္ ၁၉၄၇ ခုႏွစ္မွစ၍ႏိုင္ငံတကာႏွင့္ ခင္မင္ရင္းႏွီးစြာဆက္ဆံခဲ့ကာ ၁၉၅၀ ျပည့္ႏွစ္ တြင္ ဘက္မလိုက္လႈပ္ရွားမႈအဖြဲ႕ကိုဦးစီး တည္ေထာင္ခဲ့သည့္ ႏိုင္ငံမ်ားတြင္ပါ၀င္ခဲ့သည္။၁၉၈၇ ခုႏွစ္ႏွင့္ ၁၉၉၀ ျပည့္ႏွစ္တြင္ သီရိလကၤာႏိုင္ငံအားစစ္ေရးစြက္ဖက္ခဲ့ၿပီး၁၉၈၈ ခုႏွစ္တြင္ ေမာ္လ္ဒိုက္ႏိုင္ငံ အာဏာသိမ္းမႈကို ဟန္႕ထတားရန္ စိတ္ေရးအရ ၀င္ေရာက္စြက္ဖက္ခဲ့သည္။

စစ္ေရးႏွင့္ စီးပြားေရး

အိမ္နီးခ်င္းပါကစၥတန္ႏိုင္ငံႏွင့္ ဆက္ဆံေရး အဆင္မေျပဘဲ စစ္ပြဲေလးၾကိမ္ဆင္ႏႊဲခဲ့သည္။ စစ္ပြဲ သုံးၾကိမ္သည္ ကက္ခ်္ မီးယားနယ္ေျမ ပိုင္ဆိုင္မႈ အျငင္းပြားျခင္းေၾကာင့္ျဖစ္ခဲ့ၿပီး ေနာက္ဆုံးစစ္ပြဲသည္ အိႏၵိယက ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ေထာက္ခံခဲ့မႈ ေၾကာင့္ ျဖစ္သည္။၁၉၆၂ ခုႏွစ္တြင္ တရုတ္ႏိုင္ငံႏွင့္ လည္ေကာင္း၊၁၉၆၅ ခုႏွစ္တြင္ ပါကစၥတန္ႏွင့္ လည္းေကာင္းစစ္ျဖစ္ခဲ့ၿပီး ေနာက္ အိႏၵိယႏိုင္ငံသည္ ဆိုဗီယက္ယူနီယမ္ႏွင့္နီးကပ္စြာဆက္ဆံခဲ့ကာ ဆိုဗီယက္တို႕ထံမွ စစ္လက္နက္အမ်ားအျပား ၀ယ္ယူ ခဲ့သည္။ကုလသမဂၢ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕သုိ႕ အိႏၵိယစစ္သည္ တစ္သိန္းေပးပို႔ခဲ့သည္။

ႏိုင္ငံတကာ ဆက္ဆံေရးတြင္ အေရွ႕အာရွ ညီလာခံ၊ ဂ်ီ အိတ္(G 8+5) အပါအ၀င္ အဖြဲ႔အစည္းမ်ားစြာတြင္ ပါ၀င္ လႈပ္ ရွားလ်က္ရွိသည္။ထို႕အတူ အာဆီယံႏိုင္ငံမ်ား၊ ဂ်ပန္၊ေတာင္ကိုရီးယားတို႕ႏွင့္ ရင္းႏွီးစြာဆက္ဆံ၍ အထူးသျဖင့္ ရင္းႏွီး ျမွဳပ္ႏွံမႈ ႏွင့္ ေဒသလုံျခဳံေရးကိစၥမ်ားကို ပူးေပါင္းေဆာင္ရြက္လ်က္ရွိသည္။အိႏၵိယႏိုင္ငံသည္ ၁၉၇၄ ခုႏွစ္တြင္ ႏ်ဴကလီးယား ဗုံးကို စမ္း သပ္ေဖာက္ခြဲႏိုင္ခဲ့သည္။

စစ္ေအးကာလေနာက္ပိုင္းတြင္ အိႏၵိယႏိုင္ငံသည္ အေမရိကန္၊ အီးယူတို႕ႏွင့္ စစ္ေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈမ်ား ကို လုပ္ေဆာင္ခဲ့သည္။ႏိုင္ငံသမၼတသည္ တပ္ဖြဲ႕အင္အား ၁ ဒသမ ၃၉၅ သန္းရွိသည့္ အိႏၵိ တပ္မေတာ္၏ စစ္ဦးစီးခ်ဳပ္ျဖစ္ သည္။ အိႏၵိယတပ္မေတာ္ကို ၾကည္းတပ္၊ေရတပ္၊ေလတပ္ႏွႈင့္ ကမ္းရိုးတန္းေစာင့္တပ္တို႕ျဖင့္ ဖြဲ႕စည္း ထားရာ ကမၻာေပၚတြင္ ဒုတိယေျမာက္ အင္အားအမ်ားဆုံး တပ္မေတာ္ျဖစ္သည္။

ႏုိင္ငံ GDP ၏ ၁ ဒသမ ၈၃ ရာခိုင္ႏႈန္းကို ကာကြယ္ေရးစရိတ္ သုံးစြဲခဲ့ ၿပီး ၂၀၁၂ -၂၀၁၃ ခုႏွစ္ ကာကြယ္ေရးအသုံးစရိတ္သည္ အေမရိကန္ေဒၚလာ ၄၀ ဒသမ ၄၄ ဘီလီယံျဖစ္သည္။၂၀၁၂ ခုႏွစ္တြင္ လက္နက္တင္သြင္းမႈ အမ်ားဆုံးႏိုင္ငံျဖစ္လာခဲ့သည္။

၂၀၁၁ ခုႏွစ္စာရင္းမ်ားအရ အိႏၵိယႏိုင္ငံသည္ ကမၻာေပၚတြင္ ကၽြဲႏြား အမ်ားဆုံးေမြးျမဴကာ ႏို႕ထြက္ပစၥည္းအမ်ားဆုံး ထုတ္လုပ္သည့္ ႏိုင္ငံျဖစ္သည္။ ၂၀၁၇ ခုႏွစ္တြင္ အိႏၵိယႏိုင္ငံ၏စီးပြားေရးသည္ အေမရိကန္ေဒၚလာ ၂ ဒသမ ၆၁၁ ထရီလီယံရွိကာ ကမၻာတြင္ ဆ႒မ အင္အားအၾကီးဆုံးျဖစ္လာခဲ့သည္။

ႏွစ္စဥ္ GDP တိုးတက္ႏႈန္း ၅ ဒသမ ၈ ရာခိုင္ႏႈန္းရွိကာ စီးပြားေရး တိုးတက္မႈႏႈန္းလ်င္ျမန္ခဲ့ သည့္ အိႏၵိယႏိုင္ငံတြင္ လုပ္သားအင္အား ၅၁၃ ဒသမ ၇ သန္းျဖင့္ စီးပြားေရးအင္အားကို ေမာင္းႏွင္လ်က္ရွိေပသည္။စက္မႈ ၊ စိုက္ပ်ိဳးေရး လုပ္ငန္းမွ ျပည္ပ၀င္ေငြမ်ားရရွိကာေရနံ၊ စက္ပစၥည္းမ်ား၊ ေက်ာက္မ်က္ရတနာႏွင့္ဓာတုပစၥည္းမ်ားကို ျပည္ပမွ တင္သြင္းသည္။

အိႏၵိယႏိုင္ငံ၏ ယဥ္ေက်းမႈအေမြအႏွစ္မ်ားတြင္ မရို ဗိသုကာ လက္ရာ တာ့ဂ်္မဟာသည္ အထင္ရွားဆုံးျဖစ္ကာမ်ားစြာ ေသာ ဟိႏၵဴ ဘုရားေက်ာင္းမ်ားကို ျမင္ေတြ႕ၾကရသည္။ ထို႕အတူ ဗုဒၶဘာသာ စတင္ထြန္းကားခဲ့သည့္ ဂါယာေဒသႏွင့္ ဗုဒၶ ဘုရားရွင္ လက္ထက္က လႈပ္ရွားသြားလာခဲ့သည့္ေနရာမ်ားသည္ အထူးထင္ရွားသည့္ ယဥ္ေက်းမႈႏွင့္ ဘာသာေရးနယ္ေျမ မ်ားျဖစ္ၾကေပသည္။

အေထြေထြ

အိႏၵိယႏိုင္ငံ၏ လွ်ပ္စစ္ဓာတ္အားက႑တြင္ ကမၻာေပၚတြင္ပဥၥမအၾကီးဆုံးျဖစ္ကာ ၂၀၅ ဒသမ ၃၄ ဂစ္ဂါ၀ပ္ကို ေက်ာက္ မီးေသြးေလာင္စာသုံး စက္ရုံမ်ားႏွင့္ ေရအားလွ်ပ္စစ္မွ အမ်ားဆုံး ထုတ္လုပ္သည္။ဆက္သြယ္ေရးက႑တြင္ မိုဘိုင္းဖုန္းသုံးစြၤဲသူ အေရအတြက္သည္ ၂၂၇ သန္းရွိကာ ကမၻာတြင္ဒုတိယအမ်ားဆုံးျဖစ္သည္။

အိႏၵိယႏိုင္ငံ၏ ေဆး၀ါးထုတ္လုပ္မႈေစ်းကြက္သည္ ၂၀၂၀ ျပည့္ႏွစ္တြင္ အေမရိကန္ေဒၚလာ ၄၈ ဒသမ ၅ သန္းရရွိ မည္ဟု ခန္႕မွန္းထားသည္။ တိုင္းျပည္စီးပြားေရး တိုးတက္လာေသာ္လည္း အိႏၵိယျပည္သူအမ်ားစုသည္ တစ္ရက္လွ်င္ အေမရိကန္ေဒၚလာ ၁ ဒသမ ၂၅ ေအာက္သာ ရရွိကာ ဆင္းရဲႏြမ္းပါးေနၾကေၾကာင္း ကမၻာ့ဘဏ္က ထုတ္ျပန္ခဲ့သည္။

လူဦးေရ ၁၈ ဒသမ ၈ သန္းသည္ ကေလး လုပ္သားမ်ား၊ လူကုန္ကူးခံရသူမ်ား၊အဓမၼခိုင္းေစခံရသူမ်ားစသည္ျဖင့္ ေခတ္သစ္ကၽြန္ျပဳျခင္းကို ခံေနၾကရသည္။ လူဦးေရတိုးပြားႏႈန္း ၁၇ ဒသမ ၆၄ ရာခိုင္ႏႈန္းရွိသျဖင့္ အိႏၵိယႏိုင္ငံ၏ လူဦးေရသည္ ၂၀၁၁ ခုႏွစ္တြင္ သန္း ၁၂၀၀ ေက်ာ္(၁ ၂၁၀ ၁၉၃ ၄၂၂ ဦး) ရွိသည္။လူဦးေရအခ်ိဳးသည္ အမ်ိဳးသား ၁၀၀၀ တြင္အမ်ိဳးသမီး ၉၄၀ ျဖစ္သည္။

အိႏၵိယႏိုင္ငံတြင္လူမ်ိဳးစု ၂၁၂ မ်ိဳး၊ဘာသာစကား ၂၂မ်ိဳး ရွိသည့္အနက္ လူဦးေရ အမ်ားစုသည္ ဟင္ဒီဘာသာစကား ကို သုံးစြဲၾကကာ အုပ္ခ်ဳပ္ေရးႏွင့္ စီးပြားေရးက႑မ်ားတြင္ အဂၤလိပ္ဘာသာကို အသုံးျပဳသည္။ လူဦးေရ ၈၀ ရာခိုင္ႏႈန္းနီးပါးသည္ ဟိႏၵဴ ဘာသာကိုကိုးကြယ္ၾကကာ အစၥလာမ္၊ ခရစ္ယာန္ႏွင့္ ဗုဒၶဘာသာကိုးကြယ္သူမ်ားလည္းရွိသည္။ အစၥလမ္ ၁၄% ၊ ခရစ္ယန္ ၂.၃% ၊ ဆစ္ခ္ ၁.၇% ၊ ဗုဒၶဘာသာ ၀.၇% ႏွင့္ ဂ်ိန္း ၀.၄% အသီးသီးျဖစ္ၾကသည္။

လ်င္ျမန္ေသာ စီးပြားေရး တိုးတက္လာသည့္တိုင္ ဆင္းရဲမြဲေတမႈႏႈန္းျမင့္ေနေသးသည့္ အိႏၵိယႏိုင္ငံသည္ ေတာင္ အာရွတြင္ ထူးျခားေသာႏိုင္ငံတစ္ခုအျဖစ္ ရပ္တည္ေနကာ အာရွတိုက္၏ အင္အားၾကီးႏိုင္ငံတစ္ခုျဖစ္လာခဲ့ေပသည္။

ကိုးကား
India (Wikipedia)

ေမာင္ သာ (ေရွးေဟာင္းသုေတသန)
၂၀၁၈ ခုႏွစ္ ႏို၀င္ဘာလထုတ္ သုတအလင္း မဂၢဇင္းမွ

——————

အိန္ဒိယနိုင်ငံ အကြောင်း သိကောင်းစရာ (unicode)

ရေးသားသူ – ကောင်းစည်သူ (သုတအလင်း မဂ္ဂဇင်း)

အာရှတိုက်တောင်ပိုင်းတွင် တည်ရှိသည့် အိန္ဒိယသမ္မတနိုင်ငံသည် ကမ္ဘာပေါ်တွင် ဧရိယာ သတ္တမမြောက်အကြီးဆုံးနှင့် လူဦး ရေ ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။ နေထိုင်သူဦးရေ ၁ ဒသမ ၃ ဘီလီယံ(၁၃၂၄သန်း)ရှိသည့် အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံးသော ဒီမိုကရေစီနိုင်ငံလည်း ဖြစ်သည်။

အိန္ဒိယနိုင်ငံကို တောင်ဘက်တွင် အိန္ဒိယသမုဒ္ဒရာ၊ အနောက်တောင်ဘက်တွင် အာရေဗျပင်လယ်နှင့် အရှေ့တောင် ဘက်တွင် ဘင်္ဂလားပင်လယ်အော်တို့က ဝိုင်းရံထားသည်။ ထို့အတူ အနောက်ဘက်တွင် ပါကစ္စတန်၊ အရှေ့မြောက်ဘက်တွင် တရုတ်၊ နီပေါ၊ ဘူတန်၊ အရှေ့ဘက်တွင်ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံတို့နှင့် မြေသားနယ်နိမိတ်ဆက်စပ်နေပြီး အိန္ဒိယသမုဒ္ဒရာ အတွင်း၌ သီရိလင်္ကာနှင့်မော်လ်ဒိုက်နိုင်ငံတို့တည်ရှိသည်။ အိန္ဒိယနိုင်ငံပိုင် အန်ဒမန်နှင့်နီကိုဘာကျွန်းတို့သည် ထိုင်း၊ အင်ဒို နီးရှားနိုင်ငံတို့နှင့် ရေကြောင်းနယ်နိမိတ်ဆက်စပ်လျက်ရှိသည်။

အိန္ဒိယတိုက်သည် ခရစ်တော်မပေါ်မီ နှစ် ၃၀၀၀ ကထွန်းကားခဲ့သည့် အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှု မြို့ပြများတည်ထောင် ခဲ့သည့် နယ်မြေဖြစ်ကာ ဟိန္ဒူ အယူဝါဒနှင့် ဆက်နွယ်နေသည့် ရှေးအကျဆုံးစာပေများ ထွန်းကားခဲ့သည့်ဒေသလည်းဖြစ်သည်။ ဇာတ်စနစ်ကိုအခြေခံသည့် လူမှုအလွှာခွဲခြားမှုသည် ခရစ်တော်မပေါ်မီ နှစ် ၁၀၀၀ တွင် စတင်ပေါ်ပေါက်လာခဲ့ပြီး ဗုဒ္ဓဘာသာ နှင့် ဂျိမ်းဘာသာတို့သည် အိန္ဒိယနိုင်ငံမှ စတင်ပေါ်ထွန်းခဲ့သည်။

အိန္ဒိယနိုင်ငံသည် ၁၇ ရာစုတွင် စီးပွားရေးအင်အား ကြီးမားလာခဲ့ပြီး ၁၈ ရာစုအလယ်တွင် ဗြိတိသျှတို့၏ အုပ် ချုပ်မှု အောက်သို့ကျရောက်ခဲ့သည်။ ၁၉ ရာစုတွင် မဟတ္တမဂန္ဓီ ဦးဆောင်သည့် အမျိုးသားရေးလှုပ်ရှားမှုများဖြစ်ပွားခဲ့ပြီး ၁၉၄၇ ခုနှစ် တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရရှိခဲ့သည်။

၂၀၁၇ ခုနှစ်တွင် အိန္ဒိယသည် ကမ္ဘာတွင် ဆဋ္ဌမစီးပွားရေးအင်အားအကြီးမားဆုံးနိုင်ငံဖြစ်လာခဲ့သည်။၁၉၉၁ ခုနှစ်တွင် ဈေးကွက်အခြေခံစီးပွားရေးစနစ်ကိုကျင့်သုံးခဲ့ပြီးနောက် စီးပွားရေးလျင်မြန်စွာတိုးတက်ခဲ့ပြီးစက်မှုနိုင်ငံသစ်တစ်ခုဖြစ်လာခဲ့သည်။ သို့သော် ဆင်းရဲမွဲတေမှု၊ အဂတိလိုက်စားမှု၊အာဟာရမပြည့်ဝမှု၊ ပြည်သူ့ကျန်းမာရေးမပြည့်စုံမှုစသည့် ပြဿနာများကို ရင်ဆိုင် နေရသည်။

ဖက်ဒရယ်စနစ်ကိုကျင့်သုံးသည့် အိန္ဒိယနိုင်ငံကို ပြည်နယ်၂၉ ခု၊ ပြည်ထောင်စု နယ်မြေ ၇ ခုဖြင့် ဖွဲ့စည်းထားသည်။ နျူကလီးယားလက်နက်ပိုင်ဆိုင်ပြီး စစ်သည်အင်အား ကမ္ဘာ့ဒုတိယအကြီးဆုံး တပ်မတော်ကိုပိုင်ဆိုင်သည့် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ကာကွယ်ရေး အသုံးစရိတ်သုံးစွဲမှုတွင် ပဥ္စမနေရာ၌ရှိနေသည်။

သမိုင်းထဲမှ အိန္ဒိယ

အိ်န္ဒိယဟူသည့် ဝေါဟာရသည် ခေတ်ဟောင်းပါရှန်စကား အိန္ဒုမှ ဆင်းသက်လာကာ အိန္ဒုမြစ်ဝှမ်းဟုဆိုလိုသည်။ ရှေးဟောင်းဂရိတို့က အိန္ဒိယလူမျိုးများကို အိန္ဒုများဟု ခေါ်ဆိုခဲ့ကြသည်။သို့သော် အိန္ဒိယနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ အရ အိန္ဒိယနိုင်ငံ၏ တရားဝင် ပထဝီဝင်အမည်သည် ဘာရက် (Bharat) ဖြစ်သည်။ ယင်းအမည်၏ မူရင်းစကားလုံးသည် သမိုင်းအစဉ်အလာအရ အိန္ဒိယတိုက်ကို ရည်ညွှန်းသည့် Bharatavarsha ဖြစ်သည်။ခရစ်တော်မပေါ်မီ သုံးရာစုတွင် အိန္ဒိယကို Mughal တို့က ပါရှန် ဝေါဟာရ ဟင်ဒူစတန်ဟုလည်း တွင်ကျယ်စွာခေါ်ဆိုအသုံးပြုခဲ့ကြသည်။

ခေတ်ပြိုင် ကျောက်ခေတ်လယ်အထောက်အထားများကို အိန္ဒိယနိုင်ငံတွင် တွေ့ရှိခဲ့ကြသည်။ခရစ်တော်မပေါ်မီ နှစ် ၇၀၀၀ က ထွန်းကားခဲ့သော ကျောက်ခေတ်သစ် အထောက်အထားများကို Mehrgarh တွင် မြင်တွေ့ကြရသည်။ အာရှတိုက် တောင်ပိုင်း၏ အစောဆုံး မြို့ပြယဉ်ကျေးမှုဖြစ်သည့် အိန္ဒု မြစ်ဝှမ်းယဉ်ကျေးမှုသည် ခရစ်တော်မပေါ်မီ နှစ် ၂၅၀၀ မှ ၁၉၀၀ အတွင်း ယခု အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်းမှ ပါကစ္စတန်နှင့်အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းအထိ ထွန်းကားခဲ့ သည်။ ဘီစီ ၂၀၀၀ မှ ၅၀၀ အတွင်း၌ ကြေးသံရောနှောခေတ်နှင့်သံခေတ်တို့ကို ဖြတ်သန်းခဲ့သည်။

ဟိန္ဒူ အယူဝါဒများနှင့် ဆက်နွယ်နေသည့် ရှေးဟောင်း ဝေဒကျမ်းများသည် အိန္ဒိယနိုင်ငံမှ အစပြု ပေါ်ထွန်းခဲ့သည်။ သမိုင်းပညာရှင်များက ပန်ဂျပ်ပြည်နယ်နှင့် ဂင်္ဂါလွင်ပြင်နေရာတို့တွင် ဝေဒယဉ်ကျေးမှုများ ထွန်းကားခဲ့သည်ဟု ယူဆူခဲ့ကြ သည်။ ယင်းအချိန်တွင် အင်ဒိုအာရီယန်များသည် အိန္ဒိယနိုင်ငံအတွင်းသို့ အနောက်မြောက်ပိုင်းမှ ဝင်ရောက်လာခဲ့ကြသည်။ ဘီစီ ခြောက်ရာစုနှောင်းပိုင်းတွင် ဂင်္ဂါလွင်ပြင်နှင့် အနောက်မြောက်ပိုင်းနယ်မြေများမှ အကြီးအကဲများသည် မိမိတို့ နယ်မြေများကို ပေါင်းစု၍ လူနည်းစုအစိုးရအဖွဲ့ ၁၆ ဖွဲ့ကို ထူထောင်ခဲ့ကြပြီး Mahajanapada ခေါင်းဆောင်များပေါ်ထွက်လာခဲ့ သည်။ယင်းအချိန်တွင် ဝေဒ မဟုတ်သည့် ဂျိမ်းနှင့် ဗုဒ္ဓဘာသာ အယူဝါဒများပေါ်ထွန်းခဲ့ရာ လူတန်းစား အများစုက ဗုဒ္ဓဘာသာ ကို ယုံကြည်သက်ဝင်ခဲ့ကြသည်။

ဘီစီ သုံးရာစုတွင် မာဂဓ မင်းဆက်များသည် နယ်မြေများတိုးချဲ့၍ Mauryan မင်းဆက်ကို တည်ထောင်ခဲ့ကြကာ အိန္ဒိယနိုင်ငံနယ်မြေအများစုကို တောင်ဘက်အဖျားပိုင်းမှလွဲ၍ ထိန်းချုပ်နိုင်ခဲ့ကြသည်။ Mauryan ဘုရင်များသည် အင်ပါရာ ထူထောင်၍ ဗုဒ္ဓ တရားတော်များဖြန့်ကြက်ခဲ့ကြသည်။

ခရစ်တော်ပေါ်ပြီး လေးရာစုနှင့် ငါးရာစုတွင် ဂုပ္ပတ မင်းဆက်အတွင်း ဂင်္ဂါမြစ်ဝှမ်း အုပ်ချုပ်မှုနှင့် အခွန်ကောက်ခံမှုစနစ် များကို ဆောင်ရွက်ခဲ့ရာ နောက်ပိုင်းမင်းဆက်များက နမူနာယူခဲ့ကြရသည်။ယင်းအချိန်တွင် ပန်းပုနှင့် ဗိသုကာပညာများ ထွန်း ကားခဲ့ပြီး သက္ကတဘာသာလည်း ဖွံ့ဖြိုးခဲ့သည်။ထို့အတူ အိန္ဒိယတိုက်တွင် သိပ္ပံပညာ၊ နက္ခတ္တဗေဒ၊ဆေးပညာနှင့်သင်္ချာပညာ ရပ် အပါအဝင် နည်းပညာများသည် ရှေ့တန်းသို့ ရောက်ရှိလာခဲ့သည်။

အိန္ဒိယနိုင်ငံ၏ အစောပိုင်းအလယ်ခေတ်ဟု ဆိုကြသည့် အေဒီ ၆၀၀ မှ ၁၂၀၀ ပြည့်နှစ်အတွင်း၌ ကွဲပြားခြားနားသည့် ယဉ်ကျေးမှုများ ပေါ်ထွန်းခဲ့သည်။ အေဒီ ၆၀၆ ခုနှစ်မှ ၆၄၇ ခုနှစ်အတွင်း အင်ဒို ဂင်္ဂါလွင်ပြင်ဒေသကို အုပ်ချုပ်ခဲ့သည့် Harsha သည် တောင်ဘက်သို့နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းခဲ့သော်လည်း Deccan ဘုရင် Chalukya ကို ရှုံးနိမ့်ခဲ့သည်။သူ့အား ဆက်ခံ သူက အရှေ့ဖျားသို့ နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းခဲ့ရာတွင်လည်း ပါလ ဘုရင်ကို ရှုံးနိမ့်ခဲ့သည်။ ထိုအချိန်တွင် မည်သည့် ဘုရင် တစ်ပါးတည်းကမှ အိန္ဒိယနယ်မြေ တစ်ခုလုံးကို မအုပ်စိုးနိုင်ခဲ့ချေ။

ရှစ်ရာစုနှင့် ကိုးရာစုတွင်မူ အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုနှင့် နိုင်ငံရေးစနစ်များသည် အိန္ဒိယကုန်သည်များ၊ ကျောင်းသား များနှင့် စစ်သည်များမှတစ်ဆင့် လက်ရှိ အရှေ့တောင်အာရှဒေသများသို့ ပျံ့နှံ့ခဲ့သည်။ှ ၁၀ ရာစုတွင် အစ္စလာမ်ဘာသာသည် အိန္ဒိယသို့ရောက်ရှိလာခဲ့ကာ ၁၂၀၆ ခုနှစ်တွင် ဒေလီ အစ္စလာမ်ပသီနယ်ပယ်ကို ထူထောင်ခဲ့ကာ အိန္ဒိယနိုင်ငံမြောက်ပိုင်းကို ကြီးစိုးနိုင်ခဲ့၍ တောင်ပိုင်းနယ်များသို့လည်း ချင်းနင်းဝင်ရောက်ခဲ့သည်။

၁၆ ရာစု အစောပိုင်းတွင် အိန္ဒိယနိုင်ငံ မြောက်ပိုင်းအဓိက နယ်မြေများကို မူဆလင်များကအုပ်ချုပ်ခဲ့သည်။၁၇ ရာစုတွင် နိုင်ငံစီးပွားရေးကို တိုးချဲ့ကာ အထည်အလိပ်နှင့် ဗိသုကာလုပ်ငန်းများ နေရာယူခဲ့သည်။၁၈ ရာစု အစပိုင်းတွင် အရှေ့အိန္ဒိယ ကုမ္ပဏီအပါအဝင်ဥရောပကုန်သွယ်ရေးလုပ်ငန်းများကို အိန္ဒိယကမ်းခြေများတွင် ထူထောင်ခဲ့သည်။အရှေ့အိန္ဒိယကုမ္ပဏီသည် ပင်လယ်ပြင်ကို ထိန်းချုပ်ခဲ့ပြီး ၁၈၂၀ ပြည့်နှစ်တွင် ဗြိတိသျှ စစ်တပ်က အိန္ဒိယကို သိမ်းပိုက်ခဲ့သည်။ဗြိတိသျှ အစိုးရသည် ၁၈၄၈ ခုနှစ်တွင် Lord Dalhousie ကို ဘုရင်ခံအဖြစ် ခန့်ထားခဲ့သည်။

ဗြိတိသျှတို့အုပ်စိုးနေစဉ် နည်းပညာတိုးတက်ပြောင်းလဲမှုနှင့် ကြုံခဲ့ကာ မီးရထားလမ်းများ၊ ဆည်မြောင်းများ၊ကြေးနန်းရု့များပေါ်ပေါက်လာခဲ့သည်။ ၁၈၅၇ ခုနှစ်တွင် ဗြိတိသျှတို့ကို အိန္ဒိယ တိုင်းရင်းသားတို့က တော်လှန်ခဲ့ရာ ဗြိတိသျှ အစိုးရက နှိမ်နင်းခဲ့ပြီး အရှေ့အိန္ဒိယ ကုမ္ပဏီကို ဖျက်သိမ်း၍ အိန္ဒိယကို ဗြိတိန် နိုင်ငံက တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။

၁၈၈၅ ခုနှစ်တွင် အိန္ဒိယအမျိုးသား ကွန်ဂရက်ကို ထူထောင်ခဲ့ကာ လွတ်လပ်ရေး လှုပ်ရှားမှု ကို မဟတ္တမဂန္ဓီက ဦးဆောင်ခဲ့ပြီး လွတ်လပ်ရေဒရရှိခဲ့သည့် ၁၉၄၇ ခုနှစ်တွင် Jawaharlal Nehru သည် အိန္ဒိယနိုင်ငံ၏ ပထမ ဆုံးဝန်ကြီးချုပ်ဖြစ် လာခဲ့သည်။သို့သော် လွတ်လပ်ရးရချိန်တွင် အိန္ဒိယသည် ပါကစ္စတန်နိုင်ငံကို ခွဲထုတ်ပေးခဲ့ရသည်။ သို့တိုင်အောင် နယ်မြေပိုင်ဆိုင်မှု ပြဿနာအချို့ကို ယခုတိုင်မဖြေရှင်းနိုင်သေးချေ။ အိန္ဒိယနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ၁၉၅၀ ပြည့်နှစ် ရေးဆွဲခဲ့သည်။လွတ်လပ်သော စီးပွားရေးစနစ်ကို ၁၉၉၀ ပြည့်နှစ်တွင် စတင်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံသည် လျင်မြန်စွာ စီးပွားရေးတိုးတက်သည့် နိုင်ငံတစ်ခုဖြစ်လာခဲ့သည်။

ပထဝီဝင်

အိန္ဒိယနိုင်ငံ၏ ကမ်းရိုးတန်းသည် မိုင် ၄၇၀၀ ရှည်လျားကာ မိုင် ၃၄၀၀ သည် အိန္ဒိယ ကျွန်းဆွယ်ဖြစ်သည်။ ရေတပ် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံကမ်းရိုးတန်း၏ ၄၃ ရာခိုင်နှုန်းသည် သဲသောင်ကမ်းခြေများဖြစ်ကာ ၁၁ ရာခိုင်နှုန်းသည် ကျောက်တောင်ကမ်းခြေများဖြစ်သည်။ ဟိမဝန္တာတောင်တွင်မြစ်ဖျားခံသည့် ဂင်္ဂါမြစ်နှင့် ဗြဟ္မပုတ္တရ မြစ်တို့သည်ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဝင် သွားကြသည်။ ဂင်္ဂါမြစ်၏ မြစ်လက်တက်များတွင် ယမုံနာနှင့် ကိုစီတို့သည် အထင်ရှားဆုံးဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ အနောက် တောင်ဘက် ကမ်းရိုးတန်းအလွန်တွင် ကျွန်းစုများရှိနေသည်။ နိုင်ငံ၏ ရာသီဥတုသည် ဟိမဝန္တာတောင်တန်းနှင့် သာ ကန္တာရတို့၏ လွှမ်းမိုးခြင်းအောက်တွင်ရှိနေကာ အပူပိုင်းစိုစွတ် ရာသီ၊အပူပိုင်း ခြောက်သွေ့ရာသီ အပါအဝင် ရာသီဥတု လေးမျိုးရှိသည်။မြေသားထု၏ ၂၁ ရာခိုင်နှုန်းသည် သစ်တောများဖုံး လွှမ်းနေပေသည်။

အစိုးရအဖွဲ့နှင့် ပြည်ပ ဆက်ဆံရေး

ပါတီစုံ ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့် အိန္ဒိယနိုင်ငံတွင် အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီနှင့်ဘီဂျေပီပါတီနှင့် အခြား ထင်ရှားသောပါတီကြီး ခုနစ်ခုအပါအဝင် ပါတီပေါင်း ၄၀ ကျော်ရှိသည်။ကွန်ဂရက်က လက်ဝဲယိမ်းပါတီ၊ဘီဂျေပီပါတီက လက် ယာယိမ်းပါတီဟု သတ်မှတ်ကြသည်။လွတ်လပ်ရေးရရှိချိန်မှ ၁၉၈၀ ပြည့်နှစ်များအထိ အိန္ဒိယနိုင်ငံတွင် ကွန်ဂရက်ပါတီက ကြီးစိုး ခဲ့ကာ ၁၉၅၄ ခုနှစ်တွင် အိန္ဒိ။နိုင်ငံ၏ ပထဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး ကွန်ဂရက်ပါတီခေါင်းဆောင်နေရူးကွယ်လွန်ခဲ့သည်။

နေရူး၏ သမီး အင်ဒီရာဂန္ဓီသည် ၁၉၆၇ ခုနှစ်တွင်အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးနောက် ၁၉၇၅ ခုနှစ်တွင် ထုတ် ပြန် ခဲ့သည့် အရေးပေါ်အခြေအနေကို ပြည်သူများက သဘောမကျခဲ့သည့်အတွက် ၁၉၇၇ ခုနှစ်တွင် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ သည်။ကွန်ဂရက်ပါတီသည်၁၉၈၀ ပြည့်နှစ်တွင်အာဏာပြန်လည်ရရှိခဲ့သော်လည်း ၁၉၈၄ ခုနှစ်တွင် အင်ဒီရာဂန္ဓီ လုပ်ကြံခံခဲ့ ရသည်။ဝန်ကြီးချုပ်အဖြစ်ဆက်ခံခဲ့သည့် သားဖြစ်သူ ရာဂျစ်ဂန္ဓီသည်လည်း လုပ်ကြံခံရကာ ကွယ်လွန်ခဲ့သည်။၁၉၉၁ ခုနှစ်ရွေး ကောက်ပွဲတွင်မည်သည့်ပါတီကမှ မဲအများစုမရဘဲ ညွန့်ပေါင်း အစိုးရဖွဲ့ခဲ့ရသည်။

လက်ရှိ အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ်သည် နာရင်ဒရာမိုဒီ ဖြစ်၍ သမ္မတသည် Ram NathKovind ဖြစ်သည်။ ဖက်ဒရယ် စနစ်ကို ကျင့်သုံးသည့် အိန္ဒိယနိုင်ငံသည် ဗဟိုအစိုးရနှင့် ပြည်နယ်များအကြား အာဏာကို မျှဝေ ကျင့်သုံးသည်။သို့သော် ဗဟို အစိုးရက အားကောင်း၍ ပြည်နယ်အစိုးရများက အားနည်းသည်ဟု ဆိုကြသည်။

အုပ်ချုပ်ရေးတွင် ငါးနှစ်တစ်ကြိမ် ရွေးချယ်တင်မြှောက်သည့်သမ္မတသည်နိုင်ငံအကြီးအကဲဖြစ်၍ ဝန်ကြီးချုပ်သည် အစိုးရ အဖွဲ့အကြီးအကဲဖြစ်၍ အုပ်ချုပ်ရေးအာဏာကိုကျင့်သုံးသည်။အောက်လွှတ်တော်တွင် မဲအများဆုံးရသည့် ပါတီ ခေါင်း ဆောင်ကို သမ္မတက ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပေးရသည်။အုပ်ချုပ်ရေးကဏ္ဍတွင် သမ္မတ၊ ဒုတိယသမ္မတနှင့် ဝန်ကြီး များပါဝင် သည်။ဝန်ကြီးဌာန တစ်ခုခုကို တာဝန်ယူရသည့် ဝန်ကြီးသည် အောက်လွှတ်တော် အမတ်တစ်ဦးဖြစ်ရန်လိုအပ်သည်။

ဥပဒေပြုရေးတွင် လွှတ်တော် နှစ်ရပ်စနစ်ကိုကျင့်သုံးကာ ခြောက်နှစ်သက်တမ်းရှိသည့် အထက်လွှတ်တော် (RajyaSabha)တွင် ကိုယ်စားလှယ် ၂၄၅ ဦးနှင့် ငါးနှစ်သက်တမ်းရှိသည့် အောက်လွှတ်တော်(LokSabha)ကိုကိုယ်စားလှယ် ၅၄၅ ဦးဖြင့် ဖွဲ့စည်းသည်။ တရားစီရင်ရေးတွင် တရားရုံးချုပ်၊ဗဟို တရားရုံး ၂၄ခုနှင့် ဒေသအလိုက် တရားရုံးများက တရားစီရင်သည်။

အိန္ဒိယနိုင်ငံသည် လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၇ ခုနှစ်မှစ၍နိုင်ငံတကာနှင့် ခင်မင်ရင်းနှီးစွာဆက်ဆံခဲ့ကာ ၁၉၅၀ ပြည့်နှစ် တွင် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကိုဦးစီး တည်ထောင်ခဲ့သည့် နိုင်ငံများတွင်ပါဝင်ခဲ့သည်။၁၉၈၇ ခုနှစ်နှင့် ၁၉၉၀ ပြည့်နှစ်တွင် သီရိလင်္ကာနိုင်ငံအားစစ်ရေးစွက်ဖက်ခဲ့ပြီး၁၉၈၈ ခုနှစ်တွင် မော်လ်ဒိုက်နိုင်ငံ အာဏာသိမ်းမှုကို ဟန့်ထတားရန် စိတ်ရေးအရ ဝင်ရောက်စွက်ဖက်ခဲ့သည်။

စစ်ရေးနှင့် စီးပွားရေး

အိမ်နီးချင်းပါကစ္စတန်နိုင်ငံနှင့် ဆက်ဆံရေး အဆင်မပြေဘဲ စစ်ပွဲလေးကြိမ်ဆင်နွှဲခဲ့သည်။ စစ်ပွဲ သုံးကြိမ်သည် ကက်ခ်ျ မီးယားနယ်မြေ ပိုင်ဆိုင်မှု အငြင်းပွားခြင်းကြောင့်ဖြစ်ခဲ့ပြီး နောက်ဆုံးစစ်ပွဲသည် အိန္ဒိယက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထောက်ခံခဲ့မှု ကြောင့် ဖြစ်သည်။၁၉၆၂ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် လည်ကောင်း၊၁၉၆၅ ခုနှစ်တွင် ပါကစ္စတန်နှင့် လည်းကောင်းစစ်ဖြစ်ခဲ့ပြီး နောက် အိန္ဒိယနိုင်ငံသည် ဆိုဗီယက်ယူနီယမ်နှင့်နီးကပ်စွာဆက်ဆံခဲ့ကာ ဆိုဗီယက်တို့ထံမှ စစ်လက်နက်အများအပြား ဝယ်ယူ ခဲ့သည်။ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့သို့ အိန္ဒိယစစ်သည် တစ်သိန်းပေးပို့ခဲ့သည်။

နိုင်ငံတကာ ဆက်ဆံရေးတွင် အရှေ့အာရှ ညီလာခံ၊ ဂျီ အိတ်(G 8+5) အပါအဝင် အဖွဲ့အစည်းများစွာတွင် ပါဝင် လှုပ် ရှားလျက်ရှိသည်။ထို့အတူ အာဆီယံနိုင်ငံများ၊ ဂျပန်၊တောင်ကိုရီးယားတို့နှင့် ရင်းနှီးစွာဆက်ဆံ၍ အထူးသဖြင့် ရင်းနှီး မြှုပ်နှံမှု နှင့် ဒေသလုံခြုံရေးကိစ္စများကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။အိန္ဒိယနိုင်ငံသည် ၁၉၇၄ ခုနှစ်တွင် နျူကလီးယား ဗုံးကို စမ်း သပ်ဖောက်ခွဲနိုင်ခဲ့သည်။

စစ်အေးကာလနောက်ပိုင်းတွင် အိန္ဒိယနိုင်ငံသည် အမေရိကန်၊ အီးယူတို့နှင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ကို လုပ်ဆောင်ခဲ့သည်။နိုင်ငံသမ္မတသည် တပ်ဖွဲ့အင်အား ၁ ဒသမ ၃၉၅ သန်းရှိသည့် အိန္ဒိ တပ်မတော်၏ စစ်ဦးစီးချုပ်ဖြစ် သည်။ အိန္ဒိယတပ်မတော်ကို ကြည်းတပ်၊ရေတပ်၊လေတပ်နှုင့် ကမ်းရိုးတန်းစောင့်တပ်တို့ဖြင့် ဖွဲ့စည်း ထားရာ ကမ္ဘာပေါ်တွင် ဒုတိယမြောက် အင်အားအများဆုံး တပ်မတော်ဖြစ်သည်။ နိုင်ငံ GDP ၏ ၁ ဒသမ ၈၃ ရာခိုင်နှုန်းကို ကာကွယ်ရေးစရိတ် သုံးစွဲခဲ့ ပြီး ၂၀၁၂ -၂၀၁၃ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၄၄ ဘီလီယံဖြစ်သည်။၂၀၁၂ ခုနှစ်တွင် လက်နက်တင်သွင်းမှု အများဆုံးနိုင်ငံဖြစ်လာခဲ့သည်။

၂၀၁၁ ခုနှစ်စာရင်းများအရ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ကျွဲနွား အများဆုံးမွေးမြူကာ နို့ထွက်ပစ္စည်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏စီးပွားရေးသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၁၁ ထရီလီယံရှိကာ ကမ္ဘာတွင် ဆဋ္ဌမ အင်အားအကြီးဆုံးဖြစ်လာခဲ့သည်။နှစ်စဉ် GDP တိုးတက်နှုန်း ၅ ဒသမ ၈ ရာခိုင်နှုန်းရှိကာ စီးပွားရေး တိုးတက်မှုနှုန်းလျင်မြန်ခဲ့ သည့် အိန္ဒိယနိုင်ငံတွင် လုပ်သားအင်အား ၅၁၃ ဒသမ ၇ သန်းဖြင့် စီးပွားရေးအင်အားကို မောင်းနှင်လျက်ရှိပေသည်။စက်မှု ၊ စိုက်ပျိုးရေး လုပ်ငန်းမှ ပြည်ပဝင်ငွေများရရှိကာရေနံ၊ စက်ပစ္စည်းများ၊ ကျောက်မျက်ရတနာနှင့်ဓာတုပစ္စည်းများကို ပြည်ပမှ တင်သွင်းသည်။

အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များတွင် မရို ဗိသုကာ လက်ရာ တာ့ဂ်ျမဟာသည် အထင်ရှားဆုံးဖြစ်ကာများစွာ သော ဟိန္ဒူ ဘုရားကျောင်းများကို မြင်တွေ့ကြရသည်။ ထို့အတူ ဗုဒ္ဓဘာသာ စတင်ထွန်းကားခဲ့သည့် ဂါယာဒေသနှင့် ဗုဒ္ဓ ဘုရားရှင် လက်ထက်က လှုပ်ရှားသွားလာခဲ့သည့်နေရာများသည် အထူးထင်ရှားသည့် ယဉ်ကျေးမှုနှင့် ဘာသာရေးနယ်မြေ များဖြစ်ကြပေသည်။

အထွေထွေ

အိန္ဒိယနိုင်ငံ၏ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ကမ္ဘာပေါ်တွင်ပဥ္စမအကြီးဆုံးဖြစ်ကာ ၂၀၅ ဒသမ ၃၄ ဂစ်ဂါဝပ်ကို ကျောက် မီးသွေးလောင်စာသုံး စက်ရုံများနှင့် ရေအားလျှပ်စစ်မှ အများဆုံး ထုတ်လုပ်သည်။ဆက်သွယ်ရေးကဏ္ဍတွင် မိုဘိုင်းဖုန်းသုံးင်္စွဲသူ အရေအတွက်သည် ၂၂၇ သန်းရှိကာ ကမ္ဘာတွင်ဒုတိယအများဆုံးဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ ဆေးဝါးထုတ်လုပ်မှုဈေးကွက်သည် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၅ သန်းရရှိ မည်ဟု ခန့်မှန်းထားသည်။ တိုင်းပြည်စီးပွားရေး တိုးတက်လာသော်လည်း အိန္ဒိယပြည်သူအများစုသည် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅ အောက်သာ ရရှိကာ ဆင်းရဲနွမ်းပါးနေကြကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။ လူဦးရေ ၁၈ ဒသမ ၈ သန်းသည် ကလေး လုပ်သားများ၊ လူကုန်ကူးခံရသူများ၊အဓမ္မခိုင်းစေခံရသူများစသည်ဖြင့် ခေတ်သစ်ကျွန်ပြုခြင်းကို ခံနေကြရသည်။ လူဦးရေတိုးပွားနှုန်း ၁၇ ဒသမ ၆၄ ရာခိုင်နှုန်းရှိသဖြင့် အိန္ဒိယနိုင်ငံ၏ လူဦးရေသည် ၂၀၁၁ ခုနှစ်တွင် သန်း ၁၂၀၀ ကျော်(၁ ၂၁၀ ၁၉၃ ၄၂၂ ဦး) ရှိသည်။လူဦးရေအချိုးသည် အမျိုးသား ၁၀၀၀ တွင်အမျိုးသမီး ၉၄၀ ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင်လူမျိုးစု ၂၁၂ မျိုး၊ဘာသာစကား ၂၂မျိုး ရှိသည့်အနက် လူဦးရေ အများစုသည် ဟင်ဒီဘာသာစကား ကို သုံးစွဲကြကာ အုပ်ချုပ်ရေးနှင့် စီးပွားရေးကဏ္ဍများတွင် အင်္ဂလိပ်ဘာသာကို အသုံးပြုသည်။ လူဦးရေ ၈၀ ရာခိုင်နှုန်းနီးပါးသည် ဟိန္ဒူ ဘာသာကိုကိုးကွယ်ကြကာ အစ္စလာမ်၊ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာကိုးကွယ်သူများလည်းရှိသည်။ အစ္စလမ် ၁၄% ၊ ခရစ်ယန် ၂.၃% ၊ ဆစ်ခ် ၁.၇% ၊ ဗုဒ္ဓဘာသာ ၀.၇% နှင့် ဂျိန်း ၀.၄% အသီးသီးဖြစ်ကြသည်။

လျင်မြန်သော စီးပွားရေး တိုးတက်လာသည့်တိုင် ဆင်းရဲမွဲတေမှုနှုန်းမြင့်နေသေးသည့် အိန္ဒိယနိုင်ငံသည် တောင် အာရှတွင် ထူးခြားသောနိုင်ငံတစ်ခုအဖြစ် ရပ်တည်နေကာ အာရှတိုက်၏ အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာခဲ့ပေသည်။

ကိုးကား
India (Wikipedia)

မောင် သာ (ရှေးဟောင်းသုတေသန)
၂၀၁၈ ခုနှစ် နိုဝင်ဘာလထုတ် သုတအလင်း မဂ္ဂဇင်းမှ

Leave a Reply