လန္ခ်ား တုိ႔အေၾကာင္း သိေကာင္းစရာ

Posted on

ေရးသားသူ – ဆရာေ႒း (DVB Burmese)
သုတကေဖး

ဟိုတေလာက ေမာ္လၿမိဳင္ဘက္ ခရီးထြက္ေတာ့ သုံးဘီးဆိုင္ကယ္အငွားယာဥ္ စီးျဖစ္တယ္။ ဒါကိုအေၾကာင္းျပဳၿပီး ဆက္စပ္စဥ္းစားမိတာက ဟိုအရင္ ဖဆပလေခတ္က သုံးဘီးကားေတြ အေၾကာင္းပါ။ စစ္ေလ်ာ္ေၾကးအျဖစ္ ျမန္မာႏိုင္ငံကို ဂ်ပန္က ေပးတာေတြလို႔ ၾကားဖူးခဲ့တယ္။

တကယ္ေတာ့ သုံးဘီးဆိုင္ကယ္၊ သုံးဘီးကားတို႔ ဆိုတာေတြ အားလုံးဟာ သယ္ယူပို႔ေဆာင္ေရးအတြက္ အသုံးျပဳၾကတာ။ ေသေသခ်ာခ်ာ ေလ့လာၾကည့္ေတာ့ သူတို႔အားလုံးဟာ တခ်ိန္က လူအားနဲ႔ဆြဲတဲ့ လန္ခ်ားႏြယ္ဖြားေတြ ျဖစ္ေနတယ္ဆိုရင္…. သင္ယုံႏိုင္ပါ့မလား…။

လန္ခ်ားကို အဂၤလိပ္လိုေခၚတာက “ရစ္ေရွာ” (Rickshaw) ပါ။ အဘိဓာန္မွာေတာ့ လန္ခ်ားလို႔ေခၚတဲ့ Rickshaw ေလးမ်ိဳးခြဲထားတာကို ေတြ႔ရတယ္။

၁) Pulled Fickshaw

ဒါက အရင္ေခတ္က ျမန္မာျပည္မွာရွိခဲ့ဘူးတဲ့ ဘီးႏွစ္ဘီးတပ္ၿပီး ထိုင္ခုံမွာ ခရီးသည္တင္ၿပီး ဆြဲခဲ့ဖူးတဲ့ လူဆြဲယာဥ္တမ်ိဳး။

၂) Cycle Rickshaw

ဒါကေတာ့ မူလ လန္ခ်ားက လူဆြဲတဲ့ေနရာမွာ စက္ဘီးကို ေျပာင္းတပ္လုိက္တဲ့ယာဥ္ပါ။

၃) Auto Riskshaw

ဒါကလည္း ျမန္မာလူထုနဲ႔ ရင္းႏွီးၿပီးသား သုံးဘီးကားဆိုရင္ အားလုံးသိ။

၄) an electric Rickshaw

ဒါကလည္း ဘက္ထရီသုံး သုံးဘီးဆိုင္ကယ္တမ်ိဳးပါပဲ။ ဒါေတြအားလုံးဟာ လန္ျခားကေနတဆင့္ ဆင္းသက္လာခဲ့တာလို႔ ဆိုႏိုင္ပါတယ္။ ကဲ ..ဒါဆိုရင္ လန္ခ်ားအေၾကာင္း ေလ့လာၾကည့္ရေအာင္…။

လန္ခ်ား ဘယ္က စတင္သလဲ…

“လန္ခ်ား” ဆိုတဲ့ အသံထြက္ကိုၾကည့္ၿပီး အေတာ္မ်ားမ်ားက ကုလားကလာတဲ့ ယာဥ္တမ်ိဳး ထင္တတ္ၾကတယ္။ လန္ခ်ားကို ကုလားကစတယ္လို႔ ထင္ၾကတာ။ ျမန္မာႏိုင္ငံကို လန္ခ်ားေရာက္လာတာကိုက တ႐ုတ္ကတဆင့္ ေရာက္လာတာ။ ပထမဦးဆုံး ျမန္မာႏိုင္ငံမွာ လန္ခ်ားဆြဲတာ တ႐ုတ္လူမ်ိဳးေတြပါ။ ျမန္မာႏိုင္ငံမွာ ၁၈၉၇ ခုႏွစ္မွာပဲ “လန္ခ်ား” လို႔ေခၚတဲ့ လူစီးယာဥ္တမိ်ဳးနဲ႔ စတင္မိတ္ဆက္ခြင့္ ရခဲ့တယ္။

အစပိုင္း တ႐ုတ္ေတြဆြဲေနေပမယ့္ ျမန္မာႏိုင္ငံေရာက္ တ႐ုတ္လူႀကီးေတြက တ႐ုတ္လူမ်ိဳးေတြကို မဆြဲဖို႔ ေတာင္းပန္ၾကတာေၾကာင့္ တ႐ုတ္ေတြေနရာမွာ “ေဂၚရင္ဂ်ီ” နဲ႔ “တမီးလ္” လူမ်ိဳးေတြက ေနရာယူ လုပ္ကိုင္လာၾကတာပါ။ ၁၉၅ဝ ႏွစ္ကာလမ်ားဆီအထိ ျမန္မာႏိုင္ငံမွာ ေျပးဆြဲခဲ့တယ္လို႔ ဆိုပါတယ္။

ကမၻာမွာ လန္ခ်ားေပၚခဲ့တာက ၁၉ ရာစု အလယ္ေလာက္မွ ဂ်ပန္ႏိုင္ငံကေန စတင္ေပၚလာခဲ့တာ။ အခ်ိဳ႕ေသာ သမိုင္းပညာရွင္ေတြကေတာ့ ၁၈၆ဝ ခုႏွစ္မွ စတင္ခဲ့တာလို႔ ဆိုတယ္။ ဂ်ပန္ဘုရင္ Tokugawa ေခတ္ (၁၆ဝ၃-၁၈၆၈) ထဲမွာ ေပၚခဲ့တာ။ စတင္တီထြင္သူက Izumi Yosuke ကSuzuki Tokujiro နဲ႔ Takayama Kosuke တို႔ရဲ႕ကူညီမႈနဲ႔ စတင္တီထြင္ခဲ့တာပါ။ ပထမဆုံး တိုက်ိဳလမ္းမေပၚမွာ စတင္ေျပးဆြဲေစခဲ့တယ္။ ၁၈၇ဝ ခုႏွစ္မွ ထုတ္ေရာင္းခ်ျဖန္႔ခ်ိခြင့္ကို ဂ်ပန္အစိုးက ခြင့္ျပဳခဲ့တာ။ အဲ့ဒီအခ်ိန္ကစၿပီး ကမၻာေပၚမွာ လန္ခ်ားဆိုတာ ေရာက္ရွိခဲ့တာပါ။

စင္ကာပူႏိုင္ငံမွာေတာ့ ၁၈၈ဝ ခုႏွစ္ထဲမွာ စတင္အသုံးျပဳႏိုင္ခဲ့တယ္။ အိႏၵိယကလည္း ၁၈၈ဝ ထဲမွာ စတင္အသုံးျပဳခဲ့တယ္လို႔ ဆိုပါတယ္။ တ႐ုတ္ႏိုင္ငံကေတာ့ ၁၈၇၃ ေႏြဦးရာသီမွာ ျပင္သစ္ကုန္သည္ Menard က ဂ်ပန္ကေန ဝယ္ယူမိတ္ဆက္ေပးခဲ့ရာက စတင္ခဲ့တာလို႔ ဆိုပါတယ္။ တ႐ုတ္မွာ အသုံးျပဳတာ အေတာ္ၾကာေတာ့မွ ၁၈၉၇ ခုႏွစ္ထဲေရာက္မွ စတင္ေျပးဆြဲခဲ့တာ။

အခ်ိဳ႕မွတ္တမ္းေတြကေတာ့ သီေပါ ပါေတာ္မူၿပီး အႏွစ္ ႏွစ္ဆယ္ၾကာမွ ေရာက္တယ္လို႔ ဆိုပါတယ္။ ျမန္မာႏိုင္ငံကို ဘယ္သူ ဘယ္အဖြဲ႔က လန္ခ်ားယာဥ္ သယ္ေဆာင္လာခဲ့တယ္ဆိုတဲ့ မွတ္တမ္းမရွိေပမယ့္ ၁၈၉၇ ခုႏွစ္မွာ ေရာက္ရွိတယ္ ဆုိတာကိုေတာ့ မွတ္တမ္းမွတ္ရာေတြ ရွိခဲ့ပါတယ္။

လန္ခ်ားဆိုတဲ့ေဝါဟာရ ဘယ္ကလာသလဲ

လန္ခ်ားကို အဂၤလိပ္လို Rickshaw လို႔ေခၚေၾကာင္း ေျပာခဲ့ၿပီးၿပီ။ မူလအစျဖစ္တဲ့ ဂ်ပန္အေခၚကေတာ့ Jinrikisha လို႔ သုံးပါတယ္။ အဓိပၸာယ္က လူဆြဲလွည္းလို႔ ဆိုတယ္။ တ႐ုတ္ကေတာ့ Renliche လို႔ေခၚတယ္။ အမ်ားစုအေခၚက dongyanche လို႔သံုးတယ္။ ဂ်ပန္အသံကို တ႐ုတ္အသံထြက္ Renliche နဲ႔ ဆင္ေနတယ္။

ျမန္မာလိုက တ႐ုတ္ကတဆင့္ လာတာမုိ႔ အနီးစပ္ဆုံး တ႐ုတ္အသံထြက္အရ လန္ခ်ားရယ္လို႔ ျဖစ္သြားတယ္လို႔ သုံးသပ္ရပါတယ္။ ျမန္မာအဘိဓာန္က ေဖာ္ျပရာမွာလည္း “လူဆြဲသည့္ လူစီးယာဥ္” (တ႐ုတ္လုိ Renliche) လို႔ ေဖာ္ျပထားတာလည္း ရွိတယ္။ ဒါေၾကာင့္ ျမန္မာတို႔ရဲ႕ လန္ခ်ားေဝါဟာရဟာ ဂ်ပန္အသံကေန တ႐ုတ္၊ တ႐ုတ္ကေန ေရာက္ရွိလာတဲ့ ေဝါဟာရ ျဖစ္တယ္လို႔ ဆိုရမွာပါ။

ဒီလိုနဲ႔ ေခတ္ကာလေတြ ေျပာင္းလဲလာျခင္းနဲ႔အတူ သယ္ယူပို႔ေဆာင္ေရး ယာဥ္ေတြကလည္း တိုးတက္ေပၚထြက္လာခဲ့တယ္။ တခ်ိဳ႕ေသာ ႏိုင္ငံေတြမွာ လူလုပ္အားနဲ႔ ေျပးဆြဲေနျခင္းကို ညႇဥ္းပန္းႏွိပ္စက္ရာ က်တယ္ဆိုၿပီး လန္ခ်ားယာဥ္ကို ပိတ္ပင္လာၾကတယ္။

သူ႔ေနရာမွာ စက္တပ္သုံးဘီးယာဥ္၊ သုံးဘီးကား၊ သုံးဘီးဆိုင္ကယ္မွအစ အခုေနာက္ပိုင္း ေလာင္စာဆီမသုံးေတာ့ဘဲ e-rickshaw မ်ားအထိ တိုးတက္လာခဲ့ပါတယ္။ ဘယ္လိုပဲ သုံးဘီးတပ္ယာဥ္ေတြ ေပၚထြက္လာခဲ့ေပမယ့္ ဒီယာဥ္အမ်ိဳးအစားေတြဟာ လန္ခ်ားႏြယ္ဖြား ယာဥ္အမ်ိဳးအစားမ်ားသာျဖစ္ေၾကာင္း ဗဟုသုတျဖစ္ဖြယ္ တင္ျပလိုက္ပါတယ္။

ဆရာေ႒း (DVB Burmese)
သုတကေဖး

ကိုးကား- Encylopedia Britannica/ Wikipedia
ဦးရည္စိန္ (လက္ေရြးစင္စာတမ္းမ်ား) ျမန္မာအဘိဓာန္

——————–

လန်ချား တို့အကြောင်း သိကောင်းစရာ (unicode)

ရေးသားသူ – ဆရာဋ္ဌေး (DVB Burmese)
သုတကဖေး
ဟိုတလောက မော်လမြိုင်ဘက် ခရီးထွက်တော့ သုံးဘီးဆိုင်ကယ်အငှားယာဉ် စီးဖြစ်တယ်။ ဒါကိုအကြောင်းပြုပြီး ဆက်စပ်စဉ်းစားမိတာက ဟိုအရင် ဖဆပလခေတ်က သုံးဘီးကားတွေ အကြောင်းပါ။ စစ်လျော်ကြေးအဖြစ် မြန်မာနိုင်ငံကို ဂျပန်က ပေးတာတွေလို့ ကြားဖူးခဲ့တယ်။ တကယ်တော့ သုံးဘီးဆိုင်ကယ်၊ သုံးဘီးကားတို့ ဆိုတာတွေ အားလုံးဟာ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုကြတာ။ သေသေချာချာ လေ့လာကြည့်တော့ သူတို့အားလုံးဟာ တချိန်က လူအားနဲ့ဆွဲတဲ့ လန်ချားနွယ်ဖွားတွေ ဖြစ်နေတယ်ဆိုရင်…. သင်ယုံနိုင်ပါ့မလား…။

လန်ချားကို အင်္ဂလိပ်လိုခေါ်တာက “ရစ်ရှော” (Rickshaw) ပါ။ အဘိဓာန်မှာတော့ လန်ချားလို့ခေါ်တဲ့ Rickshaw လေးမျိုးခွဲထားတာကို တွေ့ရတယ်။

၁) Pulled Fickshaw

ဒါက အရင်ခေတ်က မြန်မာပြည်မှာရှိခဲ့ဘူးတဲ့ ဘီးနှစ်ဘီးတပ်ပြီး ထိုင်ခုံမှာ ခရီးသည်တင်ပြီး ဆွဲခဲ့ဖူးတဲ့ လူဆွဲယာဉ်တမျိုး။

၂) Cycle Rickshaw

ဒါကတော့ မူလ လန်ချားက လူဆွဲတဲ့နေရာမှာ စက်ဘီးကို ပြောင်းတပ်လိုက်တဲ့ယာဉ်ပါ။

၃) Auto Riskshaw

ဒါကလည်း မြန်မာလူထုနဲ့ ရင်းနှီးပြီးသား သုံးဘီးကားဆိုရင် အားလုံးသိ။

၄) an electric Rickshaw

ဒါကလည်း ဘက်ထရီသုံး သုံးဘီးဆိုင်ကယ်တမျိုးပါပဲ။ ဒါတွေအားလုံးဟာ လန်ခြားကနေတဆင့် ဆင်းသက်လာခဲ့တာလို့ ဆိုနိုင်ပါတယ်။ ကဲ ..ဒါဆိုရင် လန်ချားအကြောင်း လေ့လာကြည့်ရအောင်…။

လန်ချား ဘယ်က စတင်သလဲ…

“လန်ချား” ဆိုတဲ့ အသံထွက်ကိုကြည့်ပြီး အတော်များများက ကုလားကလာတဲ့ ယာဉ်တမျိုး ထင်တတ်ကြတယ်။ လန်ချားကို ကုလားကစတယ်လို့ ထင်ကြတာ။ မြန်မာနိုင်ငံကို လန်ချားရောက်လာတာကိုက တရုတ်ကတဆင့် ရောက်လာတာ။ ပထမဦးဆုံး မြန်မာနိုင်ငံမှာ လန်ချားဆွဲတာ တရုတ်လူမျိုးတွေပါ။ မြန်မာနိုင်ငံမှာ ၁၈၉၇ ခုနှစ်မှာပဲ “လန်ချား” လို့ခေါ်တဲ့ လူစီးယာဉ်တမျိုးနဲ့ စတင်မိတ်ဆက်ခွင့် ရခဲ့တယ်။

အစပိုင်း တရုတ်တွေဆွဲနေပေမယ့် မြန်မာနိုင်ငံရောက် တရုတ်လူကြီးတွေက တရုတ်လူမျိုးတွေကို မဆွဲဖို့ တောင်းပန်ကြတာကြောင့် တရုတ်တွေနေရာမှာ “ဂေါ်ရင်ဂျီ” နဲ့ “တမီးလ်” လူမျိုးတွေက နေရာယူ လုပ်ကိုင်လာကြတာပါ။ ၁၉၅ဝ နှစ်ကာလများဆီအထိ မြန်မာနိုင်ငံမှာ ပြေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာမှာ လန်ချားပေါ်ခဲ့တာက ၁၉ ရာစု အလယ်လောက်မှ ဂျပန်နိုင်ငံကနေ စတင်ပေါ်လာခဲ့တာ။ အချို့သော သမိုင်းပညာရှင်တွေကတော့ ၁၈၆ဝ ခုနှစ်မှ စတင်ခဲ့တာလို့ ဆိုတယ်။ ဂျပန်ဘုရင် Tokugawa ခေတ် (၁၆ဝ၃-၁၈၆၈) ထဲမှာ ပေါ်ခဲ့တာ။ စတင်တီထွင်သူက Izumi Yosuke ကSuzuki Tokujiro နဲ့ Takayama Kosuke တို့ရဲ့ကူညီမှုနဲ့ စတင်တီထွင်ခဲ့တာပါ။ ပထမဆုံး တိုကျိုလမ်းမပေါ်မှာ စတင်ပြေးဆွဲစေခဲ့တယ်။ ၁၈၇ဝ ခုနှစ်မှ ထုတ်ရောင်းချဖြန့်ချိခွင့်ကို ဂျပန်အစိုးက ခွင့်ပြုခဲ့တာ။ အဲ့ဒီအချိန်ကစပြီး ကမ္ဘာပေါ်မှာ လန်ချားဆိုတာ ရောက်ရှိခဲ့တာပါ။

စင်ကာပူနိုင်ငံမှာတော့ ၁၈၈ဝ ခုနှစ်ထဲမှာ စတင်အသုံးပြုနိုင်ခဲ့တယ်။ အိန္ဒိယကလည်း ၁၈၈ဝ ထဲမှာ စတင်အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံကတော့ ၁၈၇၃ နွေဦးရာသီမှာ ပြင်သစ်ကုန်သည် Menard က ဂျပန်ကနေ ဝယ်ယူမိတ်ဆက်ပေးခဲ့ရာက စတင်ခဲ့တာလို့ ဆိုပါတယ်။ တရုတ်မှာ အသုံးပြုတာ အတော်ကြာတော့မှ ၁၈၉၇ ခုနှစ်ထဲရောက်မှ စတင်ပြေးဆွဲခဲ့တာ။

အချို့မှတ်တမ်းတွေကတော့ သီပေါ ပါတော်မူပြီး အနှစ် နှစ်ဆယ်ကြာမှ ရောက်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို ဘယ်သူ ဘယ်အဖွဲ့က လန်ချားယာဉ် သယ်ဆောင်လာခဲ့တယ်ဆိုတဲ့ မှတ်တမ်းမရှိပေမယ့် ၁၈၉၇ ခုနှစ်မှာ ရောက်ရှိတယ် ဆိုတာကိုတော့ မှတ်တမ်းမှတ်ရာတွေ ရှိခဲ့ပါတယ်။

လန်ချားဆိုတဲ့ဝေါဟာရ ဘယ်ကလာသလဲ

လန်ချားကို အင်္ဂလိပ်လို Rickshaw လို့ခေါ်ကြောင်း ပြောခဲ့ပြီးပြီ။ မူလအစဖြစ်တဲ့ ဂျပန်အခေါ်ကတော့ Jinrikisha လို့ သုံးပါတယ်။ အဓိပ္ပာယ်က လူဆွဲလှည်းလို့ ဆိုတယ်။ တရုတ်ကတော့ Renliche လို့ခေါ်တယ်။ အများစုအခေါ်က dongyanche လို့သုံးတယ်။ ဂျပန်အသံကို တရုတ်အသံထွက် Renliche နဲ့ ဆင်နေတယ်။

မြန်မာလိုက တရုတ်ကတဆင့် လာတာမို့ အနီးစပ်ဆုံး တရုတ်အသံထွက်အရ လန်ချားရယ်လို့ ဖြစ်သွားတယ်လို့ သုံးသပ်ရပါတယ်။ မြန်မာအဘိဓာန်က ဖော်ပြရာမှာလည်း “လူဆွဲသည့် လူစီးယာဉ်” (တရုတ်လို Renliche) လို့ ဖော်ပြထားတာလည်း ရှိတယ်။ ဒါကြောင့် မြန်မာတို့ရဲ့ လန်ချားဝေါဟာရဟာ ဂျပန်အသံကနေ တရုတ်၊ တရုတ်ကနေ ရောက်ရှိလာတဲ့ ဝေါဟာရ ဖြစ်တယ်လို့ ဆိုရမှာပါ။

ဒီလိုနဲ့ ခေတ်ကာလတွေ ပြောင်းလဲလာခြင်းနဲ့အတူ သယ်ယူပို့ဆောင်ရေး ယာဉ်တွေကလည်း တိုးတက်ပေါ်ထွက်လာခဲ့တယ်။ တချို့သော နိုင်ငံတွေမှာ လူလုပ်အားနဲ့ ပြေးဆွဲနေခြင်းကို ညှဉ်းပန်းနှိပ်စက်ရာ ကျတယ်ဆိုပြီး လန်ချားယာဉ်ကို ပိတ်ပင်လာကြတယ်။

သူ့နေရာမှာ စက်တပ်သုံးဘီးယာဉ်၊ သုံးဘီးကား၊ သုံးဘီးဆိုင်ကယ်မှအစ အခုနောက်ပိုင်း လောင်စာဆီမသုံးတော့ဘဲ e-rickshaw များအထိ တိုးတက်လာခဲ့ပါတယ်။ ဘယ်လိုပဲ သုံးဘီးတပ်ယာဉ်တွေ ပေါ်ထွက်လာခဲ့ပေမယ့် ဒီယာဉ်အမျိုးအစားတွေဟာ လန်ချားနွယ်ဖွား ယာဉ်အမျိုးအစားများသာဖြစ်ကြောင်း ဗဟုသုတဖြစ်ဖွယ် တင်ပြလိုက်ပါတယ်။

ဆရာဋ္ဌေး (DVB Burmese)
သုတကဖေး

ကိုးကား- Encylopedia Britannica/ Wikipedia
ဦးရည်စိန် (လက်ရွေးစင်စာတမ်းများ) မြန်မာအဘိဓာန်

Leave a Reply