အဇာဘိုင္ဂ်န္ႏိုင္ငံ အေၾကာင္း သိေကာင္းစရာ

Posted on

အဇာဘိုင္ဂ်န္ႏိုင္ငံ၏ တရားဝင္အမည္မွာ အဇာဘိုင္ဂ်န္ သမၼတႏိုင္ငံျဖစ္သည္။ ယူေရးရွား ေဒသတြင္ အႀကီးဆုံးတိုင္းျပည္ျဖစ္သည္။ အေရွ႕ဥေရာပ ႏွင့္ အေနာက္ေတာင္အာရွၾကား တြင္ တည္ရွိသည္။ အေရွ႕ဘက္တြင္ ကက္စဘီယန္ပင္လယ္၊ ေျမာက္ဘက္တြင္ ႐ုရွားႏိုင္ငံ၊ အေနာက္ေျမာက္ဘက္တြင္ ေဂ်ာ္ဂ်ီယာႏိုင္ငံ၊ အေနာက္ဘက္တြင္ အာေမးနီးယားႏိုင္ငံ၊ ေတာင္ဘက္တြင္ အီရန္ႏိုင္ငံ ၊ အေနာက္ေျမာက္တြင္ တူရကီႏုိင္ငံ တို႔ႏွင့္ နယ္နိမိတ္ခ်င္း ထိစပ္လၽွက္ရွိသည္။

ႏုိင္ငံအက်ယ္အ၀န္းမွာ စတုရန္းမုိင္ ၃၃၄၀၀ ျဖစ္ၿပီး ကမာၻေပၚတြင္ ၁၁၁ခု ေျမာက္ အက်ယ္ဆုံးႏုိင္ငံ ျဖစ္သည္။ ၂၀၁၈ခုႏွစ္ စာရင္းအရ လူဦးေရ ၉.၉သန္းရွိသည္။ ၿမဳိ႕ေတာ္မွာ ဗာကူး(Baku) ျဖစ္ၿပီး လူဦးေရ ၂.၃သန္းခန္႔ေနထုိင္သည္။  ယခင္ဆိုဗီယက္ျပည္ေထာင္စု တြင္ ပၪၥမအႀကီးဆုံးၿမိဳ႕လည္း ျဖစ္သည္။ ကက္စဘီယန္ ပင္လယ္၏ ဆိပ္ကမ္းၿမိဳ႕ႀကီးလည္းျဖစ္၍ အက္ရွီ႐ြန္ ကၽြန္းဆြယ္၏ ေတာင္ဘက္ကမ္းေျခတြင္ တည္ရွိေလသည္။ ဗားကူးၿမိဳ႕၏ ပတ္ဝန္းက်င္ေဒသသည္ ႐ႊံ႕မီးေတာင္မ်ား လည္း ေပါမ်ားသည္။ ေရနံမ်ား အလြယ္တကူရရွိေသာ ေရနံ ေျမမ်ားလည္း ျဖစ္သည္။ အခ်ိဳ႕ေနရာမ်ားတြင္ အသာအယာ တြင္းတူး႐ုံႏွင့္ ေရနံမ်ား လၽွံထြက္တတ္သည္။ ဗားကူးၿမိဳ႕ ပတ္ဝန္းက်င္မွ ထြက္ေသာ ေရနံသည္ ယခင္ဆိုဗီယက္ျပည္ေထာင္စု တြင္ ေရနံ အထြက္၏ ၇၅ ရာခိုင္ ႏႈန္းခန္႔ ျဖစ္သည္။

ဗားကူးၿမိဳ႕၏ အေရွဘက္တြင္ ေရနံခ်က္စက္႐ုံႀကီးမ်ား ရွိသည္။ ေရနံခ်က္လုပ္ငန္းအျပင္၊ ေဆး႐ြက္လုပ္ငန္း၊ ဂ်ဳံမႈန္႔လုပ္ငန္း၊ ဓာတုေဗဒလုပ္ငန္း၊ အထည္အလိပ္လုပ္ငန္းႏွင့္ သေဘၤာတည္ေဆာက္ျခင္း လုပ္ငန္းမ်ားလည္း ရွိေလသည္။ အျခားလူဦးေရ ၁သိန္းအထက္ ေနထုိင္သည့္ ၿမဳိ႕ႀကီးမ်ားမွာ ဂန္ဂ်ာ ၊ ဆမ္ဂါယက္ ၊ မင္ဂါခ်ီဗာ တုိ႔ျဖစ္ၾကသည္။ ရုံးသုံးဘာသာစကားမွာ အဇာဘုိင္ဂ်န္ဘာသာစကားျဖစ္သည္။ ေျမေအာက္ သဘာ၀ဓာတ္ေငြမ်ားေၾကာင့္ ႏွစ္ေပါင္းမ်ားစြာ အဆက္မျပတ္ေတာက္ေလာင္ေနသည့္ မီးေလာင္ေျမမ်ား ရွိသည့္အျပင္ လြန္ခဲ့ေသာႏွစ္ေထာင္ခ်ီက မီး ကုိ ကုိးကြယ္သူမ်ား ေနထုိင္ခဲ့ရာ အဇာဘုိင္ဂ်န္ကုိ မီးမ်ားရဲ႕ေျမ ဟုလည္းေခၚေလ့ရွိသည္။

အာေမးနီးယားလူမ်ိဳး အမ်ားစုေနထိုင္ရာေဒသျဖစ္ေသာ နာဂိုမို-ကရာဘက္ေဒသသည္ အဇာဘိုင္ဂ်န္လက္ေအာက္မွ လြတ္ေျမာက္ေၾကာင္း ၁၉၉၁ တြင္ လြတ္လပ္ေရးေၾကညာခဲ့သည္။ သို႔ရာတြင္ မည္သည့္ႏိုင္ငံကမၽွအသိအမွတ္မျပဳပဲ ယခုထက္တိုင္ အဇာဘိုင္ဂ်န္ႏိုင္ငံ၏ ေဒသတစ္ခုအျဖစ္သာ အသိအမွတ္ျပဳထားၾကဆဲျဖစ္သည္။ ထိုေဒသတြင္ အာေမးနီးယားစစ္တပ္က သိမ္းပိုက္ထားလၽွက္ရွိသည္။ တာ့ကစ္ (Turkic) လူမ်ိဳး ရွီယာမူဆလင္မ်ား အမ်ားစုေနထိုင္ရာ အဇာဘိုင္ဂ်န္သည္ သမိုင္းယဥ္ေက်းမႈအေမြအႏွစ္မ်ားလည္း မ်ားစြာရွိသည္။

ကမၻာ့ႏိုင္ငံေပါင္း (၁၅၈)ခုႏွင့္ သံသမန္အဆက္အသြယ္ရွိၿပီး ႏိုင္ငံတကာအဖြဲ႕အစည္းေပါင္း (၃၈)ခုတြင္ အဖြဲ႕ဝင္ႏိုင္ငံျဖစ္သည္။ အဇာဘိုင္ဂ်န္သည္ GUAM (Organization for Democracy and Economic Development) အဖြဲ႕ႏွင့္ Organisation for the Prohibition of Chemical Weapons အဖြဲ႕တို႔၏ စတင္တည္ေထာင္ေသာ ႏိုင္ငံမ်ားထဲတြင္ တစ္ခုျဖစ္သည္။ ၁၉၉၃၊ စက္တင္ဘာလတြင္ လြတ္လပ္ေသာႏိုင္ငံမ်ားဓနသဟာယအဖြဲ႕ တြင္ အဖြဲ႕ဝင္ျဖစ္လာသည္။

သမုိင္း

အဇာဘိုင္ဂ်န္ႏိုင္ငံသည္ ေရွးေခတ္က ဆီသီယန္လူမ်ိဳးတို႔ ေနထိုင္ရာေဒသျဖစ္၍ ေရာမႏိုင္ငံေတာ္ လက္ေအာက္ခံ ျဖစ္ခဲ့သည္။ အလယ္ေခတ္ ၁၁ ရာစုႏွစ္တြင္ တူရကီလူမ်ိဳးတို႔က ခ်င္းနင္းဝင္ေရာက္ သိမ္းပိုက္ခဲ့သည္။ ၁၇ ရာစုႏွစ္တြင္ကား ပါရွန္းလူမ်ိဳးတို႔၏ လက္ေအာက္သို႔ ေရာက္ခဲ့သည္။ ခရစ္ ၁၈ဝ၆ ခုႏွစ္၊ ၁၈၁၃ ခုႏွစ္မ်ားတြင္ အဇာဘိုင္ဂ်န္နယ္အေတာ္ မ်ားမ်ားကို ႐ုရွားတို႔က သိမ္းပိုက္ထားခဲ့သည္။ ပထမ ကမၻာစစ္ပြဲတြင္ စစ္ေျမျပင္ျဖစ္ခဲ့သည္။

၁၉၁၈ ခုႏွစ္သို႔ ေရာက္ ေသာအခါ တာတာလူမ်ိဳးတို႔၏ အမ်ိဳးသားေကာင္စီ (ဝါ) တိုင္းျပည္ျပဳ လႊတ္ေတာ္က (ပါရွားႏိုင္ငံတြင္းရွိ အဇာဘိုင္ဂ်န္နယ္ အပါအဝင္) အဇာဘိုင္ဂ်န္နယ္ တစ္ခုလုံး၏ လြတ္လပ္ေရးကို ေၾကျငာကာ သမၼတႏိုင္ငံ ထူေထာင္ခဲ့ေလသည္။ ၁၉၂ဝ ျပည့္ ႏွစ္တြင္ တူရကီမ်ိဳးခ်စ္တပ္မ်ားႏွင့္ ဆိုဗီယက္တပ္မ်ားက ခ်င္းနင္းဝင္ေရာက္ တိုက္ခိုက္ခဲ့သည္။ ထို ၁၉၂ဝ ျပည့္ႏွစ္တြင္ အဇာဘိုင္ဂ်န္နယ္ကို ဆိုဗီယက္ ဆိုရွယ္လစ္ သမၼတႏိုင္ငံအျဖစ္ ေၾကျငာခဲ့ၿပီးသည့္ေနာက္ ၁၉၂၂ ခုႏွစ္တြင္ ေဂ်ာ္ဂ်ီယာႏိုင္ငံ၊ အာေမးနီးယားႏိုင္ငံတို႔ႏွင့္ ပူးေပါင္၍ ထရန္စေကာ္ေကးရွန္ ဆိုဗီယက္ဆိုရွယ္လစ္ ျပည္ေထာင္စုသမၼတႏိုင္ငံအျဖစ္ တည္ ေထာင္ခဲ့သည္။ ၁၉၃၆ ခုႏွစ္မွစ၍ ဆိုဗီယက္ ျပည္ေထာင္စု သမၼတႏိုင္ငံတြင္ ပါ၀င္သည့္ ႏိုင္ငံတစ္ခု အျဖစ္ျဖင့္ သီးျခားတည္ရွိခဲ့ေလသည္။ ဆိုဗီယက္ျပည္ေထာင္စု ၿပိဳကြဲၿပီးေနာက္တြင္ သီးျခားႏိုင္ငံ တစ္ခု အျဖစ္ ရပ္တည္ခဲ့ေလသည္။

အဇာဘိုင္ဂ်န္ႏိုင္ငံသည္ ကမၻာေပၚရွိ ေရနံ အမ်ားဆုံးထြက္သည့္ႏိုင္ငံမ်ားတြင္ အပါအဝင္ တစ္ခု ျဖစ္သည္။ အဇာဘိုင္ဂ်န္ႏိုင္ငံသည္ ေတာင္ထူထပ္၍ ေကာ္ေကးဆပ္ေတာင္တန္း၏ ေတာင္ဘက္ေစာင္းတြင္ ရွိသည္။ ေျမာက္ဘက္ႏွင့္အေနာက္ဘက္တြင္ ေတာင္မ်ား ဝိုင္းရံလ်က္ရွိ၍ အလယ္တြင္ လြင္ျပင္ရွိသည္။ ကူရားျမစ္သည္ ထိုလြင္ျပင္ကို ျဖတ္၍ အေရွ႕ဘက္ ကက္စပီယံပင္လယ္ထဲသို႔ စီးဝင္သြားသည္။ အဇာဘိုင္ဂ်န္ႏိုင္ငံ အနိမ့္ပိုင္းတြင္ မ်ားေသာအားျဖင့္ လယ္ယာလုပ္ငန္းကို လုပ္ကိုင္ၾကသည္။ အထူးသျဖင့္ ကူရားျမစ္မွ ေရသြင္းစိုက္ပ်ိဳးျခင္း ျဖစ္ရာ ေကာက္ႏွံ၊ဝါ၊ စပ်စ္သီး၊ အျခား သစ္သီးမ်ား၊ ေဆးပင္မ်ားကို စိုက္ပ်ိဳးလုပ္ကိုင္ၾကသည္။

အဇာဘိုင္ဂ်န္ႏိုင္ငံသည္ သဘာဝပင္ရင္း အေျခအျမစ္မ်ားျဖင့္ လည္း ေပါႂကြယ္ဝသည္။ ေရနံ၊ သံ၊ အလ်ဴမီနီယမ္၊ ေၾကးနီ၊ ခဲ၊ သြပ္၊ ထုံးေက်ာက္၊ ဆားစသည္တို႔ အမ်ားအျပားထြက္ သည္။ သို႔ေသာ္ အႀကီးအက်ယ္ဆုံး လုပ္ငန္းကား ေရနံ လုပ္ငန္းျဖစ္သည္။ အထူးသျဖင့္ ဗားကူးေဒသတြင္ ေရနံ လုပ္ငန္း အႀကီးအက်ယ္ လုပ္ကိုင္သည္။ ကက္စပီယံပင္လယ္ အေနာက္ဘက္ကမ္းရွိ ဗားကူးၿမိဳ႕၏ ေတာင္ဘက္ႏွင့္ ေျမာက္ဘက္ေဒသမ်ားတြင္ အႀကီးဆုံးေသာ ေရနံခ်က္စက္႐ုံမ်ားရွိသည္။ ၁၉၆၉ ခုႏွစ္တြင္ ေရနံတန္ခ်ိန္ သန္းေပါင္း ၂ဝ. ၄ ထြက္ခဲ့သည္။ အဇာဘုိင္ဂ်န္ႏုိင္ငံသား တစ္ဦးခ်င္းစီ၏ ႏွစ္စဥ္ပ်မ္းမွ်၀င္ေငြမွာ ၁၇၃၉၈ေဒၚလာ ျဖစ္ၿပီး ကမာၻေပၚတြင္ ၇၂ႏုိင္ငံေျမာက္ အခ်မ္းသာဆုံးႏုိင္ငံ ျဖစ္သည္။

အဇာဘိုင္ဂ်န္ႏိုင္ငံ၏အႀကီးဆုံးျမစ္မွာ ကူရားျမစ္ျဖစ္၍ မိုင္ ေပါင္း ၃၇၅ မိုင္ထိ မီးသေဘၤာမ်ားျဖင့္ ကူးသန္းသြားလာႏိုင္ သည္။ ကူရားျမစ္ေပၚတြင္ ေဆာက္လုပ္ထားေသာ ေရအား လၽွပ္စစ္ဓာတ္အား႐ုံႀကီးသည္ ၁၉၄၅ ခုႏွစ္က ၿပီးစီးခဲ့ရာ ယင္း ေၾကာင့္ အလုပ္အကိုင္မ်ား မ်ားစြာ တြင္က်ယ္လ်က္ ရွိသည္။ ယခုအခါ ကူးရားျမစ္ေပၚတြင္ အလြန္အားေကာင္းေသာ လၽွပ္စစ္ ေရစုတ္စက္မ်ား ေဆာက္လုပ္လ်က္ရွိရာ ၿပီးစီးပါက လယ္ဧကေထာင္ေပါင္းမ်ားစြာကို ေရသြင္း၍ စိုက္ပ်ိဳးလုပ္ကိုင္ ႏိုင္လာမည္ ျဖစ္သည္။ အဇာဘိုင္ဂ်န္ႏိုင္ငံတြင္ မီးရထားသံလမ္း အက်ဥ္းမ်ားအျပင္ သံလမ္း အက်ယ္မိုင္ေပါင္း ၉၅ဝ မၽွရွိ သည္။

ဆိုဗီယက္႐ုရွားႏိုင္ငံ၏ ပထမဆုံး လၽွပ္စစ္ မီးရထားကို ၁၉၂၄ ခုႏွစ္က အဇာဘိုင္ဂ်န္ႏိုင္ငံတြင္ တည္ေဆာက္ခဲ့သည္။အဇာဘိုင္ဂ်န္ႏိုင္ငံ၏ လူဦးေရ ငါးပုံသုံးပုံမွာ အဇာဘိုင္ဂ်န္ တူရကီလူမ်ိဳးမ်ားျဖစ္၍၊ က်န္လူဦးေရမွာ အာမီးနီးယန္း၊ ေဂ်ာ ဂ်ီးယန္းႏွင့္႐ုရွာလူမ်ိဳးမ်ား ျဖစ္ၾကသည္။ မူလတန္း၊ အလယ္ တန္းႏွင့္ အထက္တန္း ေက်ာင္းေပါင္း ေျမာက္ျမားစြာ ရွိသည့္ ျပင္ စက္မႈအတတ္သင္ ေကာလိပ္ေက်ာင္းေပါင္း ၇၉ ေက်ာင္း ရွိသည္။ ဗားကူးတကၠသိုလ္ေက်ာင္းႏွင့္ ေဆးသိပၸံေက်ာင္းတြင္ ေက်ာင္းသားေပါင္း ၃ဝဝဝ ေက်ာ္ရွိသည္။ အဇာဘိုင္ဂ်န္ သိပၸံ ပညာတံခြန္ေက်ာင္းတြင္ သုေတသနအဖြဲ႕ ေပါင္း ၂၅ ဖြဲ႕ရွိ၍ သုေတသီပုဂၢိဳလ္ေပါင္း ၅၅ဝခန္႔ ရွိသည္။ ဗာကူးရွိ တံတုိင္းၿမဳိ႕ေတာ္ ႏွင့္ Gobustan ေက်ာက္ေဆာင္တုိ႔မွာ အဇာဘုိင္ဂ်န္ႏုိင္ငံ၏ ယူနက္စကုိ ကမာၻ႔အေမြအႏွစ္ စာရင္း၀င္ ေနရာမ်ား ျဖစ္ၾကသည္။

VIDEO


Myanmar Wikipedia

—————-

အဇာဘိုင်ဂျန်နိုင်ငံ အကြောင်း သိကောင်းစရာ (unicode)

အဇာဘိုင်ဂျန်နိုင်ငံ၏ တရားဝင်အမည်မှာ အဇာဘိုင်ဂျန် သမ္မတနိုင်ငံဖြစ်သည်။ ယူရေးရှား ဒေသတွင် အကြီးဆုံးတိုင်းပြည်ဖြစ်သည်။ အရှေ့ဥရောပ နှင့် အနောက်တောင်အာရှကြား တွင် တည်ရှိသည်။ အရှေ့ဘက်တွင် ကက်စဘီယန်ပင်လယ်၊ မြောက်ဘက်တွင် ရုရှားနိုင်ငံ၊ အနောက်မြောက်ဘက်တွင် ဂျော်ဂျီယာနိုင်ငံ၊ အနောက်ဘက်တွင် အာမေးနီးယားနိုင်ငံ၊ တောင်ဘက်တွင် အီရန်နိုင်ငံ ၊ အနောက်မြောက်တွင် တူရကီနိုင်ငံ တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိသည်။

နိုင်ငံအကျယ်အဝန်းမှာ စတုရန်းမိုင် ၃၃၄၀၀ ဖြစ်ပြီး ကမ္ဘာပေါ်တွင် ၁၁၁ခု မြောက် အကျယ်ဆုံးနိုင်ငံ ဖြစ်သည်။ ၂၀၁၈ခုနှစ် စာရင်းအရ လူဦးရေ ၉.၉သန်းရှိသည်။ မြို့တော်မှာ ဗာကူး(Baku) ဖြစ်ပြီး လူဦးရေ ၂.၃သန်းခန့်နေထိုင်သည်။  ယခင်ဆိုဗီယက်ပြည်ထောင်စု တွင် ပဉ္စမအကြီးဆုံးမြို့လည်း ဖြစ်သည်။ ကက်စဘီယန် ပင်လယ်၏ ဆိပ်ကမ်းမြို့ကြီးလည်းဖြစ်၍ အက်ရှီရွန် ကျွန်းဆွယ်၏ တောင်ဘက်ကမ်းခြေတွင် တည်ရှိလေသည်။ ဗားကူးမြို့၏ ပတ်ဝန်းကျင်ဒေသသည် ရွှံ့မီးတောင်များ လည်း ပေါများသည်။ ရေနံများ အလွယ်တကူရရှိသော ရေနံ မြေများလည်း ဖြစ်သည်။ အချို့နေရာများတွင် အသာအယာ တွင်းတူးရုံနှင့် ရေနံများ လျှံထွက်တတ်သည်။ ဗားကူးမြို့ ပတ်ဝန်းကျင်မှ ထွက်သော ရေနံသည် ယခင်ဆိုဗီယက်ပြည်ထောင်စု တွင် ရေနံ အထွက်၏ ၇၅ ရာခိုင် နှုန်းခန့် ဖြစ်သည်။

ဗားကူးမြို့၏ အရှေဘက်တွင် ရေနံချက်စက်ရုံကြီးများ ရှိသည်။ ရေနံချက်လုပ်ငန်းအပြင်၊ ဆေးရွက်လုပ်ငန်း၊ ဂျုံမှုန့်လုပ်ငန်း၊ ဓာတုဗေဒလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်းနှင့် သင်္ဘောတည်ဆောက်ခြင်း လုပ်ငန်းများလည်း ရှိလေသည်။ အခြားလူဦးရေ ၁သိန်းအထက် နေထိုင်သည့် မြို့ကြီးများမှာ ဂန်ဂျာ ၊ ဆမ်ဂါယက် ၊ မင်ဂါချီဗာ တို့ဖြစ်ကြသည်။ ရုံးသုံးဘာသာစကားမှာ အဇာဘိုင်ဂျန်ဘာသာစကားဖြစ်သည်။

အာမေးနီးယားလူမျိုး အများစုနေထိုင်ရာဒေသဖြစ်သော နာဂိုမို-ကရာဘက်ဒေသသည် အဇာဘိုင်ဂျန်လက်အောက်မှ လွတ်မြောက်ကြောင်း ၁၉၉၁ တွင် လွတ်လပ်ရေးကြေညာခဲ့သည်။ သို့ရာတွင် မည်သည့်နိုင်ငံကမျှအသိအမှတ်မပြုပဲ ယခုထက်တိုင် အဇာဘိုင်ဂျန်နိုင်ငံ၏ ဒေသတစ်ခုအဖြစ်သာ အသိအမှတ်ပြုထားကြဆဲဖြစ်သည်။ ထိုဒေသတွင် အာမေးနီးယားစစ်တပ်က သိမ်းပိုက်ထားလျှက်ရှိသည်။ တာ့ကစ် (Turkic) လူမျိုး ရှီယာမူဆလင်များ အများစုနေထိုင်ရာ အဇာဘိုင်ဂျန်သည် သမိုင်းယဉ်ကျေးမှုအမွေအနှစ်များလည်း များစွာရှိသည်။

ကမ္ဘာ့နိုင်ငံပေါင်း (၁၅၈)ခုနှင့် သံသမန်အဆက်အသွယ်ရှိပြီး နိုင်ငံတကာအဖွဲ့အစည်းပေါင်း (၃၈)ခုတွင် အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ အဇာဘိုင်ဂျန်သည် GUAM (Organization for Democracy and Economic Development) အဖွဲ့နှင့် Organisation for the Prohibition of Chemical Weapons အဖွဲ့တို့၏ စတင်တည်ထောင်သော နိုင်ငံများထဲတွင် တစ်ခုဖြစ်သည်။ ၁၉၉၃၊ စက်တင်ဘာလတွင် လွတ်လပ်သောနိုင်ငံများဓနသဟာယအဖွဲ့ တွင် အဖွဲ့ဝင်ဖြစ်လာသည်။

သမိုင်း

အဇာဘိုင်ဂျန်နိုင်ငံသည် ရှေးခေတ်က ဆီသီယန်လူမျိုးတို့ နေထိုင်ရာဒေသဖြစ်၍ ရောမနိုင်ငံတော် လက်အောက်ခံ ဖြစ်ခဲ့သည်။ အလယ်ခေတ် ၁၁ ရာစုနှစ်တွင် တူရကီလူမျိုးတို့က ချင်းနင်းဝင်ရောက် သိမ်းပိုက်ခဲ့သည်။ ၁၇ ရာစုနှစ်တွင်ကား ပါရှန်းလူမျိုးတို့၏ လက်အောက်သို့ ရောက်ခဲ့သည်။ ခရစ် ၁၈ဝ၆ ခုနှစ်၊ ၁၈၁၃ ခုနှစ်များတွင် အဇာဘိုင်ဂျန်နယ်အတော် များများကို ရုရှားတို့က သိမ်းပိုက်ထားခဲ့သည်။ ပထမ ကမ္ဘာစစ်ပွဲတွင် စစ်မြေပြင်ဖြစ်ခဲ့သည်။

၁၉၁၈ ခုနှစ်သို့ ရောက် သောအခါ တာတာလူမျိုးတို့၏ အမျိုးသားကောင်စီ (ဝါ) တိုင်းပြည်ပြု လွှတ်တော်က (ပါရှားနိုင်ငံတွင်းရှိ အဇာဘိုင်ဂျန်နယ် အပါအဝင်) အဇာဘိုင်ဂျန်နယ် တစ်ခုလုံး၏ လွတ်လပ်ရေးကို ကြေငြာကာ သမ္မတနိုင်ငံ ထူထောင်ခဲ့လေသည်။ ၁၉၂ဝ ပြည့် နှစ်တွင် တူရကီမျိုးချစ်တပ်များနှင့် ဆိုဗီယက်တပ်များက ချင်းနင်းဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ထို ၁၉၂ဝ ပြည့်နှစ်တွင် အဇာဘိုင်ဂျန်နယ်ကို ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံအဖြစ် ကြေငြာခဲ့ပြီးသည့်နောက် ၁၉၂၂ ခုနှစ်တွင် ဂျော်ဂျီယာနိုင်ငံ၊ အာမေးနီးယားနိုင်ငံတို့နှင့် ပူးပေါင်၍ ထရန်စကော်ကေးရှန် ဆိုဗီယက်ဆိုရှယ်လစ် ပြည်ထောင်စုသမ္မတနိုင်ငံအဖြစ် တည် ထောင်ခဲ့သည်။ ၁၉၃၆ ခုနှစ်မှစ၍ ဆိုဗီယက် ပြည်ထောင်စု သမ္မတနိုင်ငံတွင် ပါဝင်သည့် နိုင်ငံတစ်ခု အဖြစ်ဖြင့် သီးခြားတည်ရှိခဲ့လေသည်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်တွင် သီးခြားနိုင်ငံ တစ်ခု အဖြစ် ရပ်တည်ခဲ့လေသည်။

အဇာဘိုင်ဂျန်နိုင်ငံသည် ကမ္ဘာပေါ်ရှိ ရေနံ အများဆုံးထွက်သည့်နိုင်ငံများတွင် အပါအဝင် တစ်ခု ဖြစ်သည်။ အဇာဘိုင်ဂျန်နိုင်ငံသည် တောင်ထူထပ်၍ ကော်ကေးဆပ်တောင်တန်း၏ တောင်ဘက်စောင်းတွင် ရှိသည်။ မြောက်ဘက်နှင့်အနောက်ဘက်တွင် တောင်များ ဝိုင်းရံလျက်ရှိ၍ အလယ်တွင် လွင်ပြင်ရှိသည်။ ကူရားမြစ်သည် ထိုလွင်ပြင်ကို ဖြတ်၍ အရှေ့ဘက် ကက်စပီယံပင်လယ်ထဲသို့ စီးဝင်သွားသည်။ အဇာဘိုင်ဂျန်နိုင်ငံ အနိမ့်ပိုင်းတွင် များသောအားဖြင့် လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြသည်။ အထူးသဖြင့် ကူရားမြစ်မှ ရေသွင်းစိုက်ပျိုးခြင်း ဖြစ်ရာ ကောက်နှံ၊ဝါ၊ စပျစ်သီး၊ အခြား သစ်သီးများ၊ ဆေးပင်များကို စိုက်ပျိုးလုပ်ကိုင်ကြသည်။

အဇာဘိုင်ဂျန်နိုင်ငံသည် သဘာဝပင်ရင်း အခြေအမြစ်များဖြင့် လည်း ပေါကြွယ်ဝသည်။ ရေနံ၊ သံ၊ အလျူမီနီယမ်၊ ကြေးနီ၊ ခဲ၊ သွပ်၊ ထုံးကျောက်၊ ဆားစသည်တို့ အများအပြားထွက် သည်။ သို့သော် အကြီးအကျယ်ဆုံး လုပ်ငန်းကား ရေနံ လုပ်ငန်းဖြစ်သည်။ အထူးသဖြင့် ဗားကူးဒေသတွင် ရေနံ လုပ်ငန်း အကြီးအကျယ် လုပ်ကိုင်သည်။ ကက်စပီယံပင်လယ် အနောက်ဘက်ကမ်းရှိ ဗားကူးမြို့၏ တောင်ဘက်နှင့် မြောက်ဘက်ဒေသများတွင် အကြီးဆုံးသော ရေနံချက်စက်ရုံများရှိသည်။ ၁၉၆၉ ခုနှစ်တွင် ရေနံတန်ချိန် သန်းပေါင်း ၂ဝ. ၄ ထွက်ခဲ့သည်။ အဇာဘိုင်ဂျန်နိုင်ငံသား တစ်ဦးချင်းစီ၏ နှစ်စဉ်ပျမ်းမျှဝင်ငွေမှာ ၁၇၃၉၈ဒေါ်လာ ဖြစ်ပြီး ကမ္ဘာပေါ်တွင် ၇၂နိုင်ငံမြောက် အချမ်းသာဆုံးနိုင်ငံ ဖြစ်သည်။

အဇာဘိုင်ဂျန်နိုင်ငံ၏အကြီးဆုံးမြစ်မှာ ကူရားမြစ်ဖြစ်၍ မိုင် ပေါင်း ၃၇၅ မိုင်ထိ မီးသင်္ဘောများဖြင့် ကူးသန်းသွားလာနိုင် သည်။ ကူရားမြစ်ပေါ်တွင် ဆောက်လုပ်ထားသော ရေအား လျှပ်စစ်ဓာတ်အားရုံကြီးသည် ၁၉၄၅ ခုနှစ်က ပြီးစီးခဲ့ရာ ယင်း ကြောင့် အလုပ်အကိုင်များ များစွာ တွင်ကျယ်လျက် ရှိသည်။ ယခုအခါ ကူးရားမြစ်ပေါ်တွင် အလွန်အားကောင်းသော လျှပ်စစ် ရေစုတ်စက်များ ဆောက်လုပ်လျက်ရှိရာ ပြီးစီးပါက လယ်ဧကထောင်ပေါင်းများစွာကို ရေသွင်း၍ စိုက်ပျိုးလုပ်ကိုင် နိုင်လာမည် ဖြစ်သည်။ အဇာဘိုင်ဂျန်နိုင်ငံတွင် မီးရထားသံလမ်း အကျဉ်းများအပြင် သံလမ်း အကျယ်မိုင်ပေါင်း ၉၅ဝ မျှရှိ သည်။

ဆိုဗီယက်ရုရှားနိုင်ငံ၏ ပထမဆုံး လျှပ်စစ် မီးရထားကို ၁၉၂၄ ခုနှစ်က အဇာဘိုင်ဂျန်နိုင်ငံတွင် တည်ဆောက်ခဲ့သည်။အဇာဘိုင်ဂျန်နိုင်ငံ၏ လူဦးရေ ငါးပုံသုံးပုံမှာ အဇာဘိုင်ဂျန် တူရကီလူမျိုးများဖြစ်၍၊ ကျန်လူဦးရေမှာ အာမီးနီးယန်း၊ ဂျော ဂျီးယန်းနှင့်ရုရှာလူမျိုးများ ဖြစ်ကြသည်။ မူလတန်း၊ အလယ် တန်းနှင့် အထက်တန်း ကျောင်းပေါင်း မြောက်မြားစွာ ရှိသည့် ပြင် စက်မှုအတတ်သင် ကောလိပ်ကျောင်းပေါင်း ၇၉ ကျောင်း ရှိသည်။ ဗားကူးတက္ကသိုလ်ကျောင်းနှင့် ဆေးသိပ္ပံကျောင်းတွင် ကျောင်းသားပေါင်း ၃ဝဝဝ ကျော်ရှိသည်။ အဇာဘိုင်ဂျန် သိပ္ပံ ပညာတံခွန်ကျောင်းတွင် သုတေသနအဖွဲ့ ပေါင်း ၂၅ ဖွဲ့ရှိ၍ သုတေသီပုဂ္ဂိုလ်ပေါင်း ၅၅ဝခန့် ရှိသည်။ ဗာကူးရှိ တံတိုင်းမြို့တော် နှင့် Gobustan ကျောက်ဆောင်တို့မှာ အဇာဘိုင်ဂျန်နိုင်ငံ၏ ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် နေရာများ ဖြစ်ကြသည်။

Myanmar Wikipedia

Leave a Reply