တန္ဖုိးႀကီးကားေတြကုိ တုိက္မိခဲ့တဲ့ သားလိမၼာအတြက္ သူစိမ္းမ်ားက ကူညီၿပီး တန္ဖုိးေပးေလွ်ာ္ခဲ့ၾက

Posted on

ဒီထူးထူးျခားျခား ျဖစ္ရပ္ကေတာ့ ၿပီးခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္ (ဒီဇင္ဘာ ၁၆ရက္) က ထုိင္၀မ္ႏုိင္ငံ တုိင္ေပၿမဳိ႕သစ္မွာ ျဖစ္ခဲ့တာပါ။ မစ္ဆူဘီရွိ ကာဂုိဗန္ ကားကုိေမာင္းလာတဲ့ ကားသမား တစ္ေယာက္က လမ္းေဘးမွာရပ္ထားတဲ့ တန္ဖုိးႀကီးကား ၄စီး ကုိ ၀င္တုိက္ခဲ့တာ ျဖစ္ပါတယ္။ အတုိက္ခံရတဲ့ကားေတြကေတာ့ တန္ဖုိးႀကီးၿပဳိင္ကားျဖစ္တဲ့ Ferrari ကားေတြျဖစ္ပါတယ္။

ဒီယာဥ္တုိက္မႈအတြက္ တုိက္မိသူေပးေလ်ာ္ရမယ့္ တန္ဖုိးကေတာ့ အေမရိကန္ေဒၚလာ ၄သိန္းခန္႔ျဖစ္ပါတယ္။ တုိက္မိတဲ့ ဒရုိင္ဘာကေတာ့ အသက္ ၂၀ အရြယ္သာ ရွိေသးတဲ့ Lin Chin-hsiang ဆုိတဲ့ ေကာင္ေလးတစ္ေယာက္ျဖစ္ပါတယ္။

ျဖစ္ပုံကေတာ့ အဲဒီေန႔က မနက္ ၅း၄၀ နာရီ သူဟာ ပစၥည္းေတြလုိက္ပုိ႔ၿပီး အလုပ္က အျပန္ Danlan တံတားအနီးေရာက္တဲ့အခါ ပင္ပန္းလြန္းတဲ့အတြက္ ငုိက္သလုိျဖစ္ကာ သတိလြတ္သြားခဲ့ၿပီး ကားတစ္စီးကုိ ၀င္တုိက္မိခဲ့ပါတယ္။ ကံဆုိးခ်င္ေတာ့ သူတုိက္တာ တစ္စီးျဖစ္ေပမယ့္ အေနာက္က ကား ၃စီးကိုပါ ဆင့္တုိက္သလုိ ျဖစ္သြားခဲ့ပါတယ္။

ကား ၄စီးစလုံး Ferrari ကားေတြျဖစ္ၿပီး ၂စီးကေတာ့ ဆုိးဆုိးရြားရြား ပ်က္စီးသြားခဲ့ပါတယ္။ က်န္ ၂စီးကေတာ့ အေပၚယံထိခိုက္မူသာ ျဖစ္ၿပီး အဲဒီထဲက တစ္စီးကေတာ့ အေလွ်ာ္မေတာင္းပဲ ေက်ေအးေပးခဲ့ပါတယ္။ ဒါေပမယ့္ က်န္ ၃စီးကို ေလွ်ာ္ရမယ့္ တန္ဖုိးက ေဒၚလာ ၄သိန္းနီးပါး ျဖစ္ပါတယ္။

သာမန္ကားေမာင္း သမားျဖစ္တဲ့ Lin ဟာ ဒီေလာက္မ်ားျပားတဲ့ တန္ဖုိးကို သူ႔အေနနဲ႔ ဘယ္လုိမွ အေလွ်ာ္မေပးႏုိင္ပါဘူး။ တစ္လကုိ လစာ ေဒၚလာ ၁၆၀၀ သာရတဲ့ Lin အတြက္ ဒီတန္ဖုိးကို ဆပ္မယ္ဆုိရင္ ႏွစ္ဆယ္နဲ႔ခ်ီၿပီး ေပးဆပ္ရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ကားပုိင္ရွင္ေတြကို တတ္ႏုိင္သေလာက္ ေလွ်ာ့ေပးဖုိ႔ ေတာင္းဆုိခဲ့ပါတယ္။ မေလွ်ာ့ေပးရင္ေတာ့ သူ႔အတြက္ ေထာင္က်ဖုိ႔သာ ရွိေတာ့ပါတယ္။

ဒါေပမယ့္ သူအရမ္းကံေကာင္းခဲ့တယ္ လုိ႔ ဆုိရပါတယ္။ ဒီကားတုိက္မိတဲ့သတင္းဟာ အြန္လုိင္းေပၚျပန္႔ႏွံ႔သြားရာကေန သူ႔ရဲ႕ဘ၀ကို သိသူမ်ားကလည္း သူ႔အေၾကာင္းကို ထုတ္ေဖာ္ေရးသားလာၾကပါတယ္။ Lin ဟာ ဖခင္ျဖစ္သူကြယ္လြန္ခဲ့ၿပီးေနာက္ ေမာင္ႏွမႏွစ္ေယာက္ နဲ႔ နာမက်န္းျဖစ္ေနတဲ့ မိခင္ကို ရွာေဖြေကြ်းေနတဲ့ သားလိမၼာတစ္ေယာက္ ျဖစ္ေၾကာင္း ၊ အလုပ္ကို ေန႔မအား ညမအားႀကဳိးစားသူျဖစ္ၿပီး ပင္ပန္းလြန္းတာေၾကာင့္သာ အခုလုိျဖစ္သြားေၾကာင္း နဲ႔ နည္းပညာတကၠသုိလ္ေက်ာင္းသားျဖစ္ၿပီး စာေတာ္ေပမယ့္ မိခင္ကို လုပ္ေကြ်းႏုိင္ဖုိ႔ ေက်ာင္းထြက္လုိက္ရေၾကာင္း ေတြကိုပါ အားလုံးသိသြားၾကပါတယ္။

ဒီလုိ သိသြားၾကၿပီးတဲ့ေနာက္ Lin ရဲ႕ ဘ၀ကို ကရုဏာသက္ၿပီး ကူညီခ်င္သူေပၚလာပါတယ္။ ကူညီတဲ့သူကေတာ့ အသက္ ၄၈ႏွစ္အရြယ္ အိမ္သုတ္ေဆးလုပ္ငန္းပုိင္ရွင္တစ္ေယာက္ျဖစ္တဲ့ Mai(surname) ဆုိသူျဖစ္ပါတယ္။ Mai ဟာ အမႈျဖစ္တဲ့ ရဲစခန္းကို လုိက္လာခဲ့ၿပီးတဲ့ေနာက္ ဒီေလွ်ာ္ေၾကးေငြထဲက တခ်ဳိ႕တ၀က္ကုိ သူစုိက္ဆပ္ေပးမယ့္ အေၾကာင္း ေတာင္းဆုိၿပီး စုိက္စပ္သြားခဲ့ပါတယ္။

ဒါ့အျပင္ တုိင္ေပၿမဳိ႕သစ္လူမႈအဖြဲ႔အစည္းကလည္း Lin အတြက္ ဘဏ္အေကာင့္တစ္ခု ဖြင့္ေပးၿပီးတဲ့ေနာက္ လူေပါင္းမ်ားစြာဟာ တတ္ႏုိင္သေလာက္ ေပးလွဴလာခဲ့ၾကပါတယ္။ ဒီလုိ ကူညီၾကတဲ့သူေတြ အားလုံးရဲ႕ စာနာမႈ ၊ ေစတနာ ေမတၱာေတြအတြက္ ေဖာ္မျပတတ္ေအာင္ ၀မ္းသာေၾကာင္း နဲ႔ အၿမဲအမွတ္ရေနမွာ ျဖစ္ေၾကာင္း ေျပာသြားခဲ့ပါတယ္။

တာ၀န္ရွိသူမ်ား စစ္ေဆးတဲ့အခါမွာလည္း ဒီျဖစ္ရပ္မွာ Lin ဟာ အရက္ေသာက္ထားျခင္း မရွိေၾကာင္း ၊ ကားအျမန္ႏႈန္းမွာလည္း သာမန္သာျဖစ္ေၾကာင္း နဲ႔ အရင္ကလည္း ယာဥ္စည္းကမ္းေဖာက္ဖ်က္ဖူးျခင္း မရွိေၾကာင္းေတြ႔ရွိခဲ့ၿပီး ပင္ပန္းလြန္းေၾကာင့္ ျဖစ္သြားတယ္ဆုိတာကို အတည္ျပဳေပးခဲ့ၾကပါတယ္။

Ref: Taiwan News

—————–

တန်ဖိုးကြီးကားတွေကို တိုက်မိခဲ့တဲ့ သားလိမ္မာအတွက် သူစိမ်းများက ကူညီပြီး တန်ဖိုးပေးလျှော်ခဲ့ကြ (unicode)

ဒီထူးထူးခြားခြား ဖြစ်ရပ်ကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ် (ဒီဇင်ဘာ ၁၆ရက်) က ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့သစ်မှာ ဖြစ်ခဲ့တာပါ။ မစ်ဆူဘီရှိ ကာဂိုဗန် ကားကိုမောင်းလာတဲ့ ကားသမား တစ်ယောက်က လမ်းဘေးမှာရပ်ထားတဲ့ တန်ဖိုးကြီးကား ၄စီး ကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ အတိုက်ခံရတဲ့ကားတွေကတော့ တန်ဖိုးကြီးပြိုင်ကားဖြစ်တဲ့ Ferrari ကားတွေဖြစ်ပါတယ်။

ဒီယာဉ်တိုက်မှုအတွက် တိုက်မိသူပေးလျော်ရမယ့် တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၄သိန်းခန့်ဖြစ်ပါတယ်။ တိုက်မိတဲ့ ဒရိုင်ဘာကတော့ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ Lin Chin-hsiang ဆိုတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။

ဖြစ်ပုံကတော့ အဲဒီနေ့က မနက် ၅း၄၀ နာရီ သူဟာ ပစ္စည်းတွေလိုက်ပို့ပြီး အလုပ်က အပြန် Danlan တံတားအနီးရောက်တဲ့အခါ ပင်ပန်းလွန်းတဲ့အတွက် ငိုက်သလိုဖြစ်ကာ သတိလွတ်သွားခဲ့ပြီး ကားတစ်စီးကို ဝင်တိုက်မိခဲ့ပါတယ်။ ကံဆိုးချင်တော့ သူတိုက်တာ တစ်စီးဖြစ်ပေမယ့် အနောက်က ကား ၃စီးကိုပါ ဆင့်တိုက်သလို ဖြစ်သွားခဲ့ပါတယ်။

ကား ၄စီးစလုံး Ferrari ကားတွေဖြစ်ပြီး ၂စီးကတော့ ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပါတယ်။ ကျန် ၂စီးကတော့ အပေါ်ယံထိခိုက်မူသာ ဖြစ်ပြီး အဲဒီထဲက တစ်စီးကတော့ အလျှော်မတောင်းပဲ ကျေအေးပေးခဲ့ပါတယ်။ ဒါပေမယ့် ကျန် ၃စီးကို လျှော်ရမယ့် တန်ဖိုးက ဒေါ်လာ ၄သိန်းနီးပါး ဖြစ်ပါတယ်။

သာမန်ကားမောင်း သမားဖြစ်တဲ့ Lin ဟာ ဒီလောက်များပြားတဲ့ တန်ဖိုးကို သူ့အနေနဲ့ ဘယ်လိုမှ အလျှော်မပေးနိုင်ပါဘူး။ တစ်လကို လစာ ဒေါ်လာ ၁၆၀၀ သာရတဲ့ Lin အတွက် ဒီတန်ဖိုးကို ဆပ်မယ်ဆိုရင် နှစ်ဆယ်နဲ့ချီပြီး ပေးဆပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကားပိုင်ရှင်တွေကို တတ်နိုင်သလောက် လျှော့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ မလျှော့ပေးရင်တော့ သူ့အတွက် ထောင်ကျဖို့သာ ရှိတော့ပါတယ်။

ဒါပေမယ့် သူအရမ်းကံကောင်းခဲ့တယ် လို့ ဆိုရပါတယ်။ ဒီကားတိုက်မိတဲ့သတင်းဟာ အွန်လိုင်းပေါ်ပြန့်နှံ့သွားရာကနေ သူ့ရဲ့ဘဝကို သိသူများကလည်း သူ့အကြောင်းကို ထုတ်ဖော်ရေးသားလာကြပါတယ်။  Lin ဟာ ဖခင်ဖြစ်သူကွယ်လွန်ခဲ့ပြီးနောက် မောင်နှမနှစ်ယောက် နဲ့ နာမကျန်းဖြစ်နေတဲ့ မိခင်ကို ရှာဖွေကျွေးနေတဲ့ သားလိမ္မာတစ်ယောက် ဖြစ်ကြောင်း ၊ အလုပ်ကို နေ့မအား ညမအားကြိုးစားသူဖြစ်ပြီး ပင်ပန်းလွန်းတာကြောင့်သာ အခုလိုဖြစ်သွားကြောင်း နဲ့ နည်းပညာတက္ကသိုလ်ကျောင်းသားဖြစ်ပြီး စာတော်ပေမယ့် မိခင်ကို လုပ်ကျွေးနိုင်ဖို့ ကျောင်းထွက်လိုက်ရကြောင်း တွေကိုပါ အားလုံးသိသွားကြပါတယ်။

ဒီလို သိသွားကြပြီးတဲ့နောက် Lin ရဲ့ ဘဝကို ကရုဏာသက်ပြီး ကူညီချင်သူပေါ်လာပါတယ်။ ကူညီတဲ့သူကတော့ အသက် ၄၈နှစ်အရွယ် အိမ်သုတ်ဆေးလုပ်ငန်းပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ Mai(surname) ဆိုသူဖြစ်ပါတယ်။ Mai ဟာ အမှုဖြစ်တဲ့ ရဲစခန်းကို လိုက်လာခဲ့ပြီးတဲ့နောက် ဒီလျှော်ကြေးငွေထဲက တချို့တဝက်ကို သူစိုက်ဆပ်ပေးမယ့် အကြောင်း တောင်းဆိုပြီး စိုက်စပ်သွားခဲ့ပါတယ်။

ဒါ့အပြင် တိုင်ပေမြို့သစ်လူမှုအဖွဲ့အစည်းကလည်း Lin အတွက် ဘဏ်အကောင့်တစ်ခု ဖွင့်ပေးပြီးတဲ့နောက် လူပေါင်းများစွာဟာ တတ်နိုင်သလောက် ပေးလှူလာခဲ့ကြပါတယ်။ ဒီလို ကူညီကြတဲ့သူတွေ အားလုံးရဲ့ စာနာမှု ၊ စေတနာ မေတ္တာတွေအတွက် ဖော်မပြတတ်အောင် ဝမ်းသာကြောင်း နဲ့ အမြဲအမှတ်ရနေမှာ ဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။

တာဝန်ရှိသူများ စစ်ဆေးတဲ့အခါမှာလည်း ဒီဖြစ်ရပ်မှာ Lin ဟာ အရက်သောက်ထားခြင်း မရှိကြောင်း ၊ ကားအမြန်နှုန်းမှာလည်း သာမန်သာဖြစ်ကြောင်း နဲ့ အရင်ကလည်း ယာဉ်စည်းကမ်းဖောက်ဖျက်ဖူးခြင်း မရှိကြောင်းတွေ့ရှိခဲ့ပြီး ပင်ပန်းလွန်းကြောင့် ဖြစ်သွားတယ်ဆိုတာကို အတည်ပြုပေးခဲ့ကြပါတယ်။

Ref: Taiwan News

 

Leave a Reply