ခရစၥမတ္မွာ သမီးျဖစ္သူနဲ႔ အတူရွိခ်င္လုိ႔ ေလယာဥ္ခရီးစဥ္ ၆ေၾကာင္း ဆက္စီးခဲ့တဲ့ ဖခင္

Posted on

ခရစၥမတ္ဆုိတာ အမ်ားျပည္သူတုိ႔အတြက္ အားလပ္ရက္ျဖစ္ၿပီး ဒီရက္မ်ဳိးမွာ မိသားစု မိတ္ေဆြ သူငယ္ခ်င္းေတြ ဆုံဆည္းၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္ၾကပါတယ္။ ဒါေပမယ့္ တခ်ဳိ႕သူေတြကေတာ့ ဒီလုိရက္မ်ဳိးမွာေတာင္ အားလပ္ရက္မရပဲ သူတုိ႔ရဲ႕တာ၀န္ေတြကို ထမ္းေဆာင္ေနရပါတယ္။

ဒီအထဲမွာ အေမရိကန္သူ Pierce Vaughan လည္းအပါအ၀င္ပါ။ သူမဟာ ခရစၥမတ္မွာ မိသားစုနဲ႔ အတူဆုံခ်င္ေပမယ့္ အေမရိကန္အေျခစုိက္ Delta ေလေၾကာင္းလုိင္းရဲ႕ ေလယာဥ္မယ္ ျဖစ္တာေၾကာင့္ မဆုံရေတာ့ပဲ သူမရဲ႕ခရစၥမတ္အခ်ိန္ေတြကို ေလယာဥ္ေပၚမွာ ခရီးသြားရင္း ကုန္ဆုံးရမွာျဖစ္ပါတယ္။

သမီးျဖစ္သူ ခြင့္မရေၾကာင္းကို သိရွိၿပီးတဲ့ေနာက္ ခရစၥမတ္မွာ သမီးနဲ႔အတူရွိေနခ်င္တဲ့ သူမရဲ႕ဖခင္ျဖစ္သူ Hal Vaughan ဟာ အႀကံတစ္ခုထုတ္ခဲ့ပါတယ္။ အဲဒါကေတာ့ ခရစၥမတ္ နဲ႔ ေနာက္ေန႔မွာ သမီးျဖစ္သူလုိက္ပါ ၀န္ေဆာင္မႈေပးရမယ့္ ေလယာဥ္ ၆ေၾကာင္းစလုံးရဲ႕ လက္မွတ္ကို ၀ယ္ယူခဲ့တာပါ။

ဒီလုိထူးျခားတဲ့ စိတ္ကူးေၾကာင့္ ခရစၥမတ္ေန႔မွာေတာ့ သမီးျဖစ္သူ နဲ႔ ဖခင္ျဖစ္သူ  Hal Vaughan ဟာ တစ္ေန႔လုံး အတူရွိေနပါေတာ့တယ္။ သူတုိ႔ဟာ ဖေလာ္ရီဒါကေန မီခ်ီကန္ အဲဒီေနာက္ေတာ့ မီခ်ီကန္ ခရီးစဥ္ေတြကို သြားခဲ့ၾကပါတယ္။

ဒီျဖစ္ရပ္ကုိ ဘယ္သူမွ သတိမထားမိၾကေပမယ့္ ဒီအေၾကာင္းကို သိသြားသူကေတာ့ Hal Vaughan ရဲ႕ ေဘးမွာ လုိက္ပါစီးနင္းခဲ့တဲ့ Mike Levy ဆုိတဲ့ ခရီးသည္ပဲ ျဖစ္ပါတယ္။ သူဟာ Hal Vaughan နဲ႔ စကားေျပာရင္း ဒီအေၾကာင္းကို သိရွိသြားတဲ့ေနာက္ သူ႔ရဲ႕အေကာင့္မွာ တင္ခဲ့ရာကေန ဒီျဖစ္ရပ္ကို အားလုံးသိရွိသြားခဲ့ၾကတာျဖစ္ပါတယ္။ သူဟာ ဒီျဖစ္ရပ္ကို ေဖာ္ျပရင္း အရမ္းအံၾသစရာ ဖခင္တစ္ေယာက္ပါပဲ ၊ ခရစၥမတ္မွာ ေပ်ာ္ရႊင္ပါေစ လုိ႔ ဆုေတာင္းေပးခဲ့ပါတယ္။

တကယ္ေတာ့ ဖခင္ျဖစ္သူ Hal Vaughan ဟာ ေကာင္းေကာင္းက်န္းမာသူ တစ္ေယာက္မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ ႏွစ္တုန္းက မေတာ္တဆမႈ တစ္ခုကေန လည္ပင္းရုိး က်ဳိးခဲ့ဖူးပါတယ္။ ျပန္လည္ကုသၿပီးျဖစ္ေပမယ့္ အဲဒီဒါဏ္ေၾကာင့္ ျဖည္းျဖည္းခ်င္းသာ လႈပ္ရွားႏုိင္ပါတယ္။ ဒါဏ္ရာရၿပီးကတည္းက ခရီးတစ္ခါမွ မသြားေတာ့ပဲ သမီးျဖစ္သူနဲ႔ ေတြ႔ခ်င္လြန္းလုိ႔သာ အခုလုိ ႀကဳိးစားခဲ့တာျဖစ္ပါတယ္။

အဲဒီပုိစ့္ကို လူေပါင္း ၂သိန္းေက်ာ္ ႏွစ္သက္ခဲ့ၾကၿပီး လူ ၄ေသာင္းေက်ာ္က ျပန္လည္မွ်ေ၀ခဲ့ၾကပါတယ္။ အားလုံးကေတာ့ Hal ကုိ ခ်စ္တတ္လြန္းတဲ့ ဖခင္ရယ္လုိ႔ ခ်ီးက်ဴးေနၾကပါတယ္။

သုတဇုန္

Ref:
USA Today

—————-

ခရစ္စမတ်မှာ သမီးဖြစ်သူနဲ့ အတူရှိချင်လို့ လေယာဉ်ခရီးစဉ် ၆ကြောင်း ဆက်စီးခဲ့တဲ့ ဖခင် (unicode)

ခရစ္စမတ်ဆိုတာ အများပြည်သူတို့အတွက် အားလပ်ရက်ဖြစ်ပြီး ဒီရက်မျိုးမှာ မိသားစု မိတ်ဆွေ သူငယ်ချင်းတွေ ဆုံဆည်းပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်ကြပါတယ်။ ဒါပေမယ့် တချို့သူတွေကတော့ ဒီလိုရက်မျိုးမှာတောင် အားလပ်ရက်မရပဲ သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်နေရပါတယ်။

ဒီအထဲမှာ အမေရိကန်သူ Pierce Vaughan လည်းအပါအဝင်ပါ။ သူမဟာ ခရစ္စမတ်မှာ မိသားစုနဲ့ အတူဆုံချင်ပေမယ့် အမေရိကန်အခြေစိုက် Delta လေကြောင်းလိုင်းရဲ့ လေယာဉ်မယ် ဖြစ်တာကြောင့် မဆုံရတော့ပဲ သူမရဲ့ခရစ္စမတ်အချိန်တွေကို လေယာဉ်ပေါ်မှာ ခရီးသွားရင်း ကုန်ဆုံးရမှာဖြစ်ပါတယ်။

သမီးဖြစ်သူ ခွင့်မရကြောင်းကို သိရှိပြီးတဲ့နောက် ခရစ္စမတ်မှာ သမီးနဲ့အတူရှိနေချင်တဲ့ သူမရဲ့ဖခင်ဖြစ်သူ Hal Vaughan ဟာ အကြံတစ်ခုထုတ်ခဲ့ပါတယ်။ အဲဒါကတော့ ခရစ္စမတ် နဲ့ နောက်နေ့မှာ သမီးဖြစ်သူလိုက်ပါ ဝန်ဆောင်မှုပေးရမယ့် လေယာဉ် ၆ကြောင်းစလုံးရဲ့ လက်မှတ်ကို ဝယ်ယူခဲ့တာပါ။

ဒီလိုထူးခြားတဲ့ စိတ်ကူးကြောင့် ခရစ္စမတ်နေ့မှာတော့ သမီးဖြစ်သူ နဲ့ ဖခင်ဖြစ်သူ  Hal Vaughan ဟာ တစ်နေ့လုံး အတူရှိနေပါတော့တယ်။ သူတို့ဟာ ဖလော်ရီဒါကနေ မီချီကန် အဲဒီနောက်တော့ မီချီကန် ခရီးစဉ်တွေကို သွားခဲ့ကြပါတယ်။

ဒီဖြစ်ရပ်ကို ဘယ်သူမှ သတိမထားမိကြပေမယ့် ဒီအကြောင်းကို သိသွားသူကတော့ Hal Vaughan ရဲ့ ဘေးမှာ လိုက်ပါစီးနင်းခဲ့တဲ့ Mike Levy ဆိုတဲ့ ခရီးသည်ပဲ ဖြစ်ပါတယ်။ သူဟာ Hal Vaughan နဲ့ စကားပြောရင်း ဒီအကြောင်းကို သိရှိသွားတဲ့နောက် သူ့ရဲ့အကောင့်မှာ တင်ခဲ့ရာကနေ ဒီဖြစ်ရပ်ကို အားလုံးသိရှိသွားခဲ့ကြတာဖြစ်ပါတယ်။ သူဟာ ဒီဖြစ်ရပ်ကို ဖော်ပြရင်း အရမ်းအံဩစရာ ဖခင်တစ်ယောက်ပါပဲ ၊ ခရစ္စမတ်မှာ ပျော်ရွှင်ပါစေ လို့ ဆုတောင်းပေးခဲ့ပါတယ်။

တကယ်တော့ ဖခင်ဖြစ်သူ Hal Vaughan ဟာ ကောင်းကောင်းကျန်းမာသူ တစ်ယောက်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်တုန်းက မတော်တဆမှု တစ်ခုကနေ လည်ပင်းရိုး ကျိုးခဲ့ဖူးပါတယ်။ ပြန်လည်ကုသပြီးဖြစ်ပေမယ့် အဲဒီဒါဏ်ကြောင့် ဖြည်းဖြည်းချင်းသာ လှုပ်ရှားနိုင်ပါတယ်။ ဒါဏ်ရာရပြီးကတည်းက ခရီးတစ်ခါမှ မသွားတော့ပဲ သမီးဖြစ်သူနဲ့ တွေ့ချင်လွန်းလို့သာ အခုလို ကြိုးစားခဲ့တာဖြစ်ပါတယ်။

အဲဒီပိုစ့်ကို လူပေါင်း ၂သိန်းကျော် နှစ်သက်ခဲ့ကြပြီး လူ ၄သောင်းကျော်က ပြန်လည်မျှဝေခဲ့ကြပါတယ်။ အားလုံးကတော့ Hal ကို ချစ်တတ်လွန်းတဲ့ ဖခင်ရယ်လို့ ချီးကျူးနေကြပါတယ်။

သုတဇုန်

Ref:
USA Today

 

Leave a Reply