ေျမြနဲ႔တူတဲ့ ဆလုိး၀မ္းေကာင္မ်ားအေၾကာင္း

Posted on

ဆလိုးဝမ္းေကာင္(slowworm) သည္ အိမ္ေျမွာင္အမ်ိဳးဝင္ သတၱဝါျဖစ္၍ တစ္ေနရာရာတြင္ မလႈပ္ရွက္ဘဲ၊ နာရီေပါင္းမ်ားစြာေနေလ့ရွိ သည္။ Anguidae မ်ဳိးစိတ္တြင္ပါ၀င္ၿပီး သိပၸံအမည္မွာ Anguis fragilis ျဖစ္သည္။ အရြယ္အစားအားျဖင့္ အလ်ား ၁၇ လက္မ မွ ၂၀ လက္မအထိရွိသည္။

ဆလိုးဝမ္းေကာင္ႏွင့္စပ္လ်ဥ္း၍ ထူးျခားသည့္အခ်က္ တစ္ခ်က္မွာ အၿမီးျပတ္လြယ္ျခင္းပင္ျဖစ္သည္။ အနည္းငယ္ ထိခိုက္႐ုံႏွင့္ အၿမီးသည္ ကိုယ္မွျပတ္ထြက္သြားၿပီးေနာက္ တစ္မိနစ္ သို႔မဟုတ္ ႏွစ္မိနစ္ခန္႔ ခုန္ေနတတ္သည္။

ဤသို႔ အၿမီး ျပတ္ထြက္ျခင္းမွာ အၿမီးခုန္ရာသို႔ ရန္သူ၏ စိတ္အာ႐ုံကို ေျပာင္းေစ၍ မိမိကိုယ္ကိုလြတ္ေအာင္ ေရွာင္ရွားေစႏိုင္ရန္ ျဖစ္ ဟန္တူသည္။ မၾကာမီပင္ အၿမီးေဟာင္းေနရာ၌ ေနာက္ထပ္ အၿမီးသစ္တစ္ခုေပါက္လာသည္။

ဆလိုးဝမ္းေကာင္မ်ားကို အာရွ-ဥေရာပ အစပ္တြင္ အမ်ားအားျဖင့္ ေတြ႔ရေလ့ရွိသည္။ ဥေရာပတိုက္တြင္ ေျမာက္ပိုင္းေဒသမ်ားမွလြဲ၍ ေနရာတိုင္း၌ လိုပင္ ေတြ႕ရသည္။ အဂၤလန္ျပည္တြင္ အေနာက္ေတာင္ပိုင္း၌ အတြ႕ရမ်ားသည္။ ေႏြရာသီတြင္ ေနေရာင္ရရွိေသာ ျမစ္ကမ္း ပါးမ်ား၌၎၊ ေဆာင္ရာသီတြင္ ေက်ာက္ခဲသို႔မဟုတ္ အမႈိက္ ပုံမ်ား ေအာက္တြင္ ၎ ခိုေအာင္၍ ေနေလ့ရွိသည္။

အမမ်ားသည္ အညဳိ (သုိ႔) အနီေရာင္ေပၚတြင္ အနက္ေရာင္အစင္းမ်ားရွိသည္။ အထီးမ်ားမွာမူ အမ်ားအားျဖင့္ မီးခုိးေရာင္ေပၚတြင္ အျပာေရာင္အစက္မ်ားရွိသည္။ ထုိအျပာစက္မ်ားသည္ မိတ္လုိက္ရာသီတြင္ အလြန္ အေရာင္ေတာက္ပေနေလ့ရွိသည္။

အလြန္ေသးငယ္သည့္ မ်က္လုံး ပါ၀င္သည့္ ဦးေခါင္းကို ပုိင္ဆုိင္ၿပီး အေရျပားမွာ အလြန္ေခ်ာေမြ႔ကာ အၿမီးရွည္သည္။ ေျမြႏွင့္မတူသည့္အခ်က္မွာ မ်က္ခြံႏွင့္ နားေပါက္မ်ားပါ၀င္ေနျခင္းျဖစ္သည္။

သူတုိ႔သည္ ပိုးေကာင္ အမ်ိဳးမ်ိဳးကိုစားသည္။ အထူးသျဖင့္ အသီးအႏွံမ်ားကို ဖ်က္ဆီး တတ္ေသာ ပက္က်ိ ႏွင့္ တီေကာင္မ်ားကို အလြန္ႀကိဳက္ႏွစ္သက္သည္။ သူတုိ႔ကုိ အမဲလုိက္စားေလ့ရွိသည့္အေကာင္မ်ားမွာ ေျမေခြး ၊ ေခြးတူ၀က္တူ ၊ ေျမြ ၊ ေၾကာင္ ႏွင့္ ငွက္ႀကီးမ်ားျဖစ္သည္။

သူတုိ႔၏ မိတ္လုိက္ရာသီမွာ ဧၿပီ မွ ေမလ ၾကားျဖစ္သည္။ ထုိအခ်ိန္မ်ားတြင္ အမမ်ားကို မိတ္လုိက္ရန္အတြက္ အထီးအခ်င္းခ်င္း တုိက္ခုိက္တတ္ေလ့ရွိသည္။

ဆလိုးဝမ္းေကာင္မ်ားေပါက္ခ်ိန္မွာ ေႏြရာသီ ကုန္ဆုံးခါနီး တြင္ျဖစ္သည္။ ဤအခ်ိန္တြင္ ဆလို ဝမ္းေကာင္ကေလး ၆ ေကာင္မွ ၁၂ ေကာင္အထိ ေပါက္ေလ့ရွိသည္။ ကုိယ္၀န္ေဆာင္ခ်ိန္မွာ ၄လ မွ ၅လခန္႔ျဖစ္ၿပီး ေမြးစတြင္ ဆလိုးဝမ္းေကာင္ ကေလးတို႔သည္ ျဖဴေဖြး၏။ ေမြးခါစ ဆလုိး၀မ္းေကာင္ေလးမ်ား၏ အရွည္မွာ ၁လက္မခြဲ ခန္႔ ရွိသည္။

အထီးမ်ားသည္ ၃ႏွစ္ မွ ၄ႏွစ္အတြင္း အရြယ္ေရာက္ၿပီး အမမ်ားမွာမူ ၄ႏွစ္မွ ၅ႏွစ္အတြင္း အရြယ္ေရာက္သည္။ ဆလုိး၀မ္းေကာင္တုိ႔၏ သက္တမ္းမွာ ႏွစ္ေပါင္း ၂၀ မွ ၃၀ အတြင္းျဖစ္သည္။ မွတ္တမ္းမ်ားအရ အသက္အရွည္ဆုံး ဆလုိး၀မ္းေကာင္သည္ ၅၃ႏွစ္ အထိ ရွင္သန္ခဲ့သည္။

ဆလိုးဝမ္း ေကာင္သည္ ေႁမြေပြးႏွင့္ အသြင္အျပင္မ်ားစြာ ကြဲျပားျခားနား ေသာ္လည္း၊ မၾကာခဏ ေႁမြေပြးဟုအထင္မွား၍ သတ္ျဖတ္ျခင္း ခံရတတ္သည္။

VIDEO

ျမန္မာ့စြယ္စုံက်မ္း
Soft School Facts

——————-

မြွေနဲ့တူတဲ့ ဆလိုးဝမ်းကောင်များအကြောင်းး (unicode)

ဆလိုးဝမ်းကောင်(slowworm) သည် အိမ်မြှောင်အမျိုးဝင် သတ္တဝါဖြစ်၍ တစ်နေရာရာတွင် မလှုပ်ရှက်ဘဲ၊ နာရီပေါင်းများစွာနေလေ့ရှိ သည်။ Anguidae မျိုးစိတ်တွင်ပါဝင်ပြီး သိပ္ပံအမည်မှာ Anguis fragilis ဖြစ်သည်။ အရွယ်အစားအားဖြင့် အလျား ၁၇ လက်မ မှ ၂၀ လက်မအထိရှိသည်။

ဆလိုးဝမ်းကောင်နှင့်စပ်လျဉ်း၍ ထူးခြားသည့်အချက် တစ်ချက်မှာ အမြီးပြတ်လွယ်ခြင်းပင်ဖြစ်သည်။ အနည်းငယ် ထိခိုက်ရုံနှင့် အမြီးသည် ကိုယ်မှပြတ်ထွက်သွားပြီးနောက် တစ်မိနစ် သို့မဟုတ် နှစ်မိနစ်ခန့် ခုန်နေတတ်သည်။

ဤသို့ အမြီး ပြတ်ထွက်ခြင်းမှာ အမြီးခုန်ရာသို့ ရန်သူ၏ စိတ်အာရုံကို ပြောင်းစေ၍ မိမိကိုယ်ကိုလွတ်အောင် ရှောင်ရှားစေနိုင်ရန် ဖြစ် ဟန်တူသည်။ မကြာမီပင် အမြီးဟောင်းနေရာ၌ နောက်ထပ် အမြီးသစ်တစ်ခုပေါက်လာသည်။

ဆလိုးဝမ်းကောင်များကို အာရှ-ဥရောပ အစပ်တွင် အများအားဖြင့် တွေ့ရလေ့ရှိသည်။ ဥရောပတိုက်တွင် မြောက်ပိုင်းဒေသများမှလွဲ၍ နေရာတိုင်း၌ လိုပင် တွေ့ရသည်။ အင်္ဂလန်ပြည်တွင် အနောက်တောင်ပိုင်း၌ အတွ့ရများသည်။ နွေရာသီတွင် နေရောင်ရရှိသော မြစ်ကမ်း ပါးများ၌၎င်း၊ ဆောင်ရာသီတွင် ကျောက်ခဲသို့မဟုတ် အမှိုက် ပုံများ အောက်တွင် ၎င်း ခိုအောင်၍ နေလေ့ရှိသည်။

အမများသည် အညို (သို့) အနီရောင်ပေါ်တွင် အနက်ရောင်အစင်းများရှိသည်။ အထီးများမှာမူ အများအားဖြင့် မီးခိုးရောင်ပေါ်တွင် အပြာရောင်အစက်များရှိသည်။ ထိုအပြာစက်များသည် မိတ်လိုက်ရာသီတွင် အလွန် အရောင်တောက်ပနေလေ့ရှိသည်။

အလွန်သေးငယ်သည့် မျက်လုံး ၊ လျှာ တို့ပါဝင်သည့် ဦးခေါင်းကို ပိုင်ဆိုင်ပြီး အရေပြားမှာ အလွန်ချောမွေ့ကာ အမြီးရှည်သည်။ မြွေနှင့်မတူသည့်အချက်မှာ မျက်ခွံနှင့် နားပေါက်များပါဝင်နေခြင်းဖြစ်သည်။

သူတို့သည် ပိုးကောင် အမျိုးမျိုးကိုစားသည်။ အထူးသဖြင့် အသီးအနှံများကို ဖျက်ဆီး တတ်သော ပက်ကျိ နှင့် တီကောင်များကို အလွန်ကြိုက်နှစ်သက်သည်။ သူတို့ကို အမဲလိုက်စားလေ့ရှိသည့်အကောင်များမှာ မြေခွေး ၊ ခွေးတူဝက်တူ ၊ မြွေ ၊ ကြောင် နှင့် ငှက်ကြီးများဖြစ်သည်။

သူတို့၏ မိတ်လိုက်ရာသီမှာ ဧပြီ မှ မေလ ကြားဖြစ်သည်။ ထိုအချိန်များတွင် အမများကို မိတ်လိုက်ရန်အတွက် အထီးအချင်းချင်း တိုက်ခိုက်တတ်လေ့ရှိသည်။

ဆလိုးဝမ်းကောင်များပေါက်ချိန်မှာ နွေရာသီ ကုန်ဆုံးခါနီး တွင်ဖြစ်သည်။ ဤအချိန်တွင် ဆလို ဝမ်းကောင်ကလေး ၆ ကောင်မှ ၁၂ ကောင်အထိ ပေါက်လေ့ရှိသည်။ ကိုယ်ဝန်ဆောင်ချိန်မှာ ၄လ မှ ၅လခန့်ဖြစ်ပြီး မွေးစတွင် ဆလိုးဝမ်းကောင် ကလေးတို့သည် ဖြူဖွေး၏။ မွေးခါစ ဆလိုးဝမ်းကောင်လေးများ၏ အရှည်မှာ ၁လက်မခွဲ ခန့် ရှိသည်။

အထီးများသည် ၃နှစ် မှ ၄နှစ်အတွင်း အရွယ်ရောက်ပြီး အမများမှာမူ ၄နှစ်မှ ၅နှစ်အတွင်း အရွယ်ရောက်သည်။ ဆလိုးဝမ်းကောင်တို့၏ သက်တမ်းမှာ နှစ်ပေါင်း ၂၀ မှ ၃၀ အတွင်းဖြစ်သည်။ မှတ်တမ်းများအရ အသက်အရှည်ဆုံး ဆလိုးဝမ်းကောင်သည် ၅၃နှစ် အထိ ရှင်သန်ခဲ့သည်။

ဆလိုးဝမ်း ကောင်သည် မြွေပွေးနှင့် အသွင်အပြင်များစွာ ကွဲပြားခြားနား သော်လည်း၊ မကြာခဏ မြွေပွေးဟုအထင်မှား၍ သတ်ဖြတ်ခြင်း ခံရတတ်သည်။

မြန်မာ့စွယ်စုံကျမ်း
Soft School Facts

Leave a Reply