တိဘက္ရဲ႕ ကမာၻ႔အေမြအႏွစ္စာရင္း၀င္ ပုိတလာနန္းေတာ္

Posted on

တရုတ္ျပည္ ၊ တိဘက္ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသရဲ႕ လာဆာၿမဳိ႕ ပုိတလာကာ ေတာင္ေပၚမွာရွိတဲ့အတြက္ ပုိတလာနန္းေတာ္လုိ႔ ေခၚၾကတာပဲ ျဖစ္ပါတယ္။ ေအဒီ ၆၃၇ခုႏွစ္တုန္းက တိဘက္အင္ပါယာရဲ႕ ၃၃ဆက္ေျမာက္ဘုရင္ Songtsen Gampo က ဒီေနရာမွာ နန္းေတာ္တစ္ခု ကိုတည္ေဆာက္ခဲ့ပါတယ္။ ေတာင္ကုန္းအထက္မွာတည္ေဆာက္ထားတဲ့ ဒီေနရာကို စစ္မက္ျဖစ္ပြားတဲ့အခါမ်ဳိးမွာ ခံတပ္အျဖစ္လည္း အသုံးျပဳခဲ့ပါတယ္။

လက္ရွိျမင္ရတဲ့ အေဆာက္အဦးေတြကိုေတာ့  ငါးဆက္ေျမာက္ ဒလုိင္းလာမားဘုန္းေတာ္ႀကီး လက္ထက္ ၁၆၄၅ခုႏွစ္က စတင္တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ တိဘက္လုပ္သား ၊ ပညာရွင္ ေတြ ပူးေပါင္းတည္ေဆာက္ခဲ့ၿပီး လက္ရွိအေဆာက္အဦးေတြၿပီးတဲ့အထိ ဆုိရင္ ႏွစ္ေပါင္း ၅၀ေက်ာ္ အခ်ိန္ယူ တည္ေဆာက္ခဲ့ရပါတယ္။

ေတာင္ရဲ႕အလယ္တည့္တည့္မွာ တည္ေဆာက္ထားတာျဖစ္ၿပီး နန္းေတာ္စု အေဆာက္အဦးေတြကို အနီ နဲ႔ အျဖဴေရာင္သာ သုံးၿပီးတည္ေဆာက္ထားပါတယ္။ ပင္လယ္ေရမ်က္ႏွာျပင္ထက္ အျမင့္ေပ ၁၂၁၀၀ မွာတည္ရွိတာျဖစ္တာေၾကာင့္ ကမာၻ႔အျမင့္ဆုံးေဒသမွာတည္ရွိတဲ့ နန္းေတာ္လည္း ျဖစ္ပါတယ္။

အလ်ား ၁၃၁၂ေပ ၊ အနံ ၁၁၄၈ေပ က်ယ္၀န္းၿပီး နံရံအထူမွာ ပ်မ္းမွ် ၁၀ေပ အထူရွိၿပီး ေအာက္ေျခနံရံအထူကေတာ့ ၁၆ေပခြဲအထိ ထူပါတယ္။ အေဆာက္အအုံေအာက္ေျခပုိမုိခုိင္ခံေစဖုိ႔ ေအာက္ခံေဖာင္ေဒးရွင္းမွာ ေၾကးနီကို ထည့္သြင္းတည္ေဆာက္ထားခဲ့ပါတယ္။

အထပ္ေပါင္း ၁၃ထပ္အထိျမင့္ၿပီး အခန္းေပါင္း ၁၀၀၀ ၊ ေက်ာင္းေဆာင္ေပါင္း ၁၀၀၀၀ နဲ ရုပ္ထုေပါင္း ၂သိန္းေက်ာ္ရွိတဲ့ အလြန္ႀကီးက်ယ္ခမ္းနားတဲ့ ဘုန္းႀကီးေက်ာင္းျဖစ္ပါတယ္။ ေခတ္အဆက္ဆက္ တိဘတ္ဘုန္းေတာ္ၾကီးမ်ား သတင္း သံုး ေနထိုင္ခဲ့တဲ့ ေက်ာင္းေဆာင္ျဖစ္ျပီး နန္းေတာ္ႀကီးနဲ႔ ပိုတူပါတယ္။ ကမာၻ႔အခမ္းနားဆုံး နန္းေတာ္မ်ားစာရင္းမွာလည္း ပါ၀င္ၿပီး စတုရန္းေပ ၁.၄သန္းအထိ က်ယ္တာေၾကာင့္ ကမာၻ႔အႀကီးဆုံးနန္းေတာ္ေတြထဲမွာ ပါ၀င္တဲ့ အေဆာက္အဦးလည္း ျဖစ္ပါတယ္။

ပုိတလာနန္းေတာ္ အတြင္း အထင္ကရ အေဆာက္အအံုႏွစ္ခုကေတာ့ နန္းေတာ္နီ ( Red palace ) နဲ႔ နန္းေတာ္ျဖဴ ( White palace )တို႔ ျဖစ္တယ္။

Potrang Karpo လုိ႔လည္းေခၚတဲ့ နန္းေတာ္ျဖဴ မွာေတာ့ အိပ္ေဆာင္မ်ား၊ က်မ္းစာသင္ေက်ာင္း၊ တိဘက္အစုိးရ ရံုးခန္းမ်ား၊ ပံုႏွိပ္စက္ခန္း နဲ႔ ဒလုိင္းလားမား သီတင္းသံုးရာေနရာတို႔ ပါ၀င္ပါတယ္။ အၿပိဳင္ရွိတဲ့ ေလွကားတက္သံုးခု နဲ႔ နန္းေတာ္ အဝင္လမ္းကို ေဆာက္ထားၿပီ အလယ္ေလွကားကေတာ့ ဒလုိင္းလားမား တစ္ပါးတည္း ေလၽွာက္ခြင့္ရွိခဲ့တဲ့ေလွကား ျဖစ္ပါတယ္။

Potrang Marpo လုိ႔ေခၚတဲ့ နန္းေတာ္နီ မွာေတာ့ ေဟာေျပာပြဲခန္းမ ၊ ၀တ္ျပဳသူမ်ားအတြက္ေနရာ ၊ ဘုရားေက်ာင္းေဆာင္မ်ား ၊ စာၾကည့္တုိက္ နဲ႔ အႏုပညာျပခန္းေတြကိုထားရွိပါတယ္။ ဒီေနရာကိုေတာ့ ေဆးသုတ္ျခင္းအျပင္ ရတနာေတြနဲ႔ အလွဆင္ထားသလုိ ပန္းပုရုပ္ေတြကိုလည္း ထားရွိပါတယ္။

ပိုတလာနန္းေတာ္ရဲ႕ လက္ရာအေျမာက္ဆုံးေနရာကေတာ့ နန္းေတာ္နီရဲ႕အေပၚဆုံးမွာ ရွိေနပါတယ္။ ေရႊေရာင္အမုိးအုပ္စု golden roof group လုိ႔ေခၚတဲ့ ဒီေနရာမွာ ေရႊခ်ထားတဲ့အမုိး ၇ခုပါ၀င္ပါတယ္။ ဒီအမုိး ၇ ခုဟာ ဒလုိင္းလားမားေတြရဲ႕အရုိုးအုိးေစတီအမုိးေတြ ျဖစ္ပါတယ္။

ပိုတလာနန္းေတာ္ရဲ႕ အေရးအႀကီးဆုံး ေနရာတစ္ခုကေတာ့ စိန္႔ေက်ာင္းေဆာင္ျဖစ္ပါတယ္။ ဒီေနရာမွာ အဝေလာကိေတသြာရ ဘုရားေလာင္း နဲ႔ သာ၀က ႏွစ္ပါး တုိ႔ရဲ႕ရုပ္တု ရွိပါတယ္။ အဲဒီေက်ာင္းေဆာက္ေအာက္မွာေတာ့ Dharma လုိဏ္ဂူရွိပါတယ္။ ဒီလုိဏ္ဂူမွာ နန္းေတာ္ကုိ စတည္ခဲ့သူ ဘုရင္ Songtsen Gampo ဟာ ဗုဒၶဘာသာပိဋကတ္က်မ္းေတြကိုေလ့လာခဲ့ပါတယ္။

ေခတ္အဆက္ဆက္ဒလိုင္းလားမား မ်ား ေနထိုင္သီတင္းသံုးခဲ့ရာ ပိုတလာနန္းေတာ္ဟာ တိဘက္ဗုဒၶဘာသာရဲ႕ အမွတ္သေကၤတတစ္ခု ျဖစ္သလုိ တိဘက္ရုိးရာအုပ္ခ်ဳပ္ေရးဌာနလည္းျဖစ္ခဲ့ပါတယ္။ ၁၄ဆက္လက္ ဒလုိင္းလာမား ဘုန္းေတာ္ႀကီး အိႏၵိယကို မေျပာင္းေရႊ႕မီ ၁၉၅၉ခုႏွစ္အထိ တိဘက္ရဲ႕ အႀကီးအကဲေနထုိင္တဲ့ ေနရာျဖစ္ခဲ့ပါတယ္။ နန္းေတာ္ရဲ႕ေရွးအက်ဆုံးေနရာလည္း ျဖစ္ပါတယ္။

ပိုတာလာနန္းေတာ္တြင္ ေခတ္အဆက္ဆက္ဒလိုင္းလားမား မ်ား ေနထိုင္သီတင္းသံုးခဲ့ရာ အခန္းမ်ားႏွင့္ ၎တို႔ပ်ံလြန္ေတာ္မူၿပီးေနာက္တြင္ျမႈပ္ႏွံခဲ့ေသာ ႀကီးက်ယ္ခမ္းနားတဲ့ ဂူဗိမာန္မ်ားလည္း ရွိေနပါတယ္။ ေရႊျပားမ်ားေပၚတြင္ ေရး ထြင္းထားေသာ ဗုဒၶက်မ္းစာလက္ေရးစာမူမ်ား၊ ေခတ္အဆက္ဆက္တရုတ္ဧကရာဇ္မ်ားမွ ေပးအပ္ထားေသာ လက္ေဆာင္ပစၥည္းမ်ားအပါအ၀င္ အလြန္ရွားပါးေသာ တိဘက္ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္မ်ားစြာကုိလည္း ထိန္းသိမ္း ထားပါတယ္။

၁၉၉၄ခုႏွစ္တည္းက ယူနက္စကုိရဲ႕ ကမာၻ႔အေမြအႏွစ္ စာရင္း၀င္ျဖစ္ခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ျပတုိက္အျဖစ္ ျပသထားပါတယ္။  USA Today သတင္းစာကေတာ့ ဒီေနရာကို ေခတ္သစ္ကမာၻ႔အံ့ဖြယ္ ၇ခု ထဲမွာ ထည့္သြင္းထားပါတယ္။ တစ္ေန႔ကို လာေရာက္ေလ့လာသူေပါင္း ၁၅၀၀ ခန္႔ရွိၿပီး တခါတရံမွာေတာ့ ၅၀၀၀ ခန္႔ထိေအာင္ လာေရာက္ၾကပါတယ္။

VIDEO

သုတဇုန္

—————

တိဘက်ရဲ့ နာမည်ကျော် ပိုတလာနန်းတော် (unicode)

တရုတ်ပြည် ၊ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ လာဆာမြို့ ပိုတလာကာ တောင်ပေါ်မှာရှိတဲ့အတွက် ပိုတလာနန်းတော်လို့ ခေါ်ကြတာပဲ ဖြစ်ပါတယ်။ အေဒီ ၆၃၇ခုနှစ်တုန်းက တိဘက်အင်ပါယာရဲ့ ၃၃ဆက်မြောက်ဘုရင် Songtsen Gampo က ဒီနေရာမှာ နန်းတော်တစ်ခု ကိုတည်ဆောက်ခဲ့ပါတယ်။ တောင်ကုန်းအထက်မှာတည်ဆောက်ထားတဲ့ ဒီနေရာကို စစ်မက်ဖြစ်ပွားတဲ့အခါမျိုးမှာ ခံတပ်အဖြစ်လည်း အသုံးပြုခဲ့ပါတယ်။

လက်ရှိမြင်ရတဲ့ အဆောက်အဦးတွေကိုတော့  ငါးဆက်မြောက် ဒလိုင်းလာမားဘုန်းတော်ကြီး လက်ထက် ၁၆၄၅ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ တိဘက်လုပ်သား ၊ ပညာရှင် တွေ ပူးပေါင်းတည်ဆောက်ခဲ့ပြီး လက်ရှိအဆောက်အဦးတွေပြီးတဲ့အထိ ဆိုရင် နှစ်ပေါင်း ၅၀ကျော် အချိန်ယူ တည်ဆောက်ခဲ့ရပါတယ်။

တောင်ရဲ့အလယ်တည့်တည့်မှာ တည်ဆောက်ထားတာဖြစ်ပြီး နန်းတော်စု အဆောက်အဦးတွေကို အနီ နဲ့ အဖြူရောင်သာ သုံးပြီးတည်ဆောက်ထားပါတယ်။ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၁၂၁၀၀ မှာတည်ရှိတာဖြစ်တာကြောင့် ကမ္ဘာ့အမြင့်ဆုံးဒေသမှာတည်ရှိတဲ့ နန်းတော်လည်း ဖြစ်ပါတယ်။

အလျား ၁၃၁၂ပေ ၊ အနံ ၁၁၄၈ပေ ကျယ်ဝန်းပြီး နံရံအထူမှာ ပျမ်းမျှ ၁၀ပေ အထူရှိပြီး အောက်ခြေနံရံအထူကတော့ ၁၆ပေခွဲအထိ ထူပါတယ်။ အဆောက်အအုံအောက်ခြေပိုမိုခိုင်ခံစေဖို့ အောက်ခံဖောင်ဒေးရှင်းမှာ ကြေးနီကို ထည့်သွင်းတည်ဆောက်ထားခဲ့ပါတယ်။

အထပ်ပေါင်း ၁၃ထပ်အထိမြင့်ပြီး အခန်းပေါင်း ၁၀၀၀ ၊ ကျောင်းဆောင်ပေါင်း ၁၀၀၀၀ နဲ ရုပ်ထုပေါင်း ၂သိန်းကျော်ရှိတဲ့ အလွန်ကြီးကျယ်ခမ်းနားတဲ့ ဘုန်းကြီးကျောင်းဖြစ်ပါတယ်။ ခေတ်အဆက်ဆက် တိဘတ်ဘုန်းတော်ကြီးများ သတင်း သုံး နေထိုင်ခဲ့တဲ့ ကျောင်းဆောင်ဖြစ်ပြီး နန်းတော်ကြီးနဲ့ ပိုတူပါတယ်။ ကမ္ဘာ့အခမ်းနားဆုံး နန်းတော်များစာရင်းမှာလည်း ပါဝင်ပြီး စတုရန်းပေ ၁.၄သန်းအထိ ကျယ်တာကြောင့် ကမ္ဘာ့အကြီးဆုံးနန်းတော်တွေထဲမှာ ပါဝင်တဲ့ အဆောက်အဦးလည်း ဖြစ်ပါတယ်။

ပိုတလာနန်းတော် အတွင်း အထင်ကရ အဆောက်အအုံနှစ်ခုကတော့ နန်းတော်နီ ( Red palace ) နဲ့ နန်းတော်ဖြူ ( White palace )တို့ ဖြစ်တယ်။

Potrang Karpo လို့လည်းခေါ်တဲ့ နန်းတော်ဖြူ မှာတော့ အိပ်ဆောင်များ၊ ကျမ်းစာသင်ကျောင်း၊ တိဘက်အစိုးရ ရုံးခန်းများ၊ ပုံနှိပ်စက်ခန်း နဲ့ ဒလိုင်းလားမား သီတင်းသုံးရာနေရာတို့ ပါဝင်ပါတယ်။ အပြိုင်ရှိတဲ့ လှေကားတက်သုံးခု နဲ့ နန်းတော် အဝင်လမ်းကို ဆောက်ထားပြီ အလယ်လှေကားကတော့ ဒလိုင်းလားမား တစ်ပါးတည်း လျှောက်ခွင့်ရှိခဲ့တဲ့လှေကား ဖြစ်ပါတယ်။

Potrang Marpo လို့ခေါ်တဲ့ နန်းတော်နီ မှာတော့ ဟောပြောပွဲခန်းမ ၊ ဝတ်ပြုသူများအတွက်နေရာ ၊ ဘုရားကျောင်းဆောင်များ ၊ စာကြည့်တိုက် နဲ့ အနုပညာပြခန်းတွေကိုထားရှိပါတယ်။ ဒီနေရာကိုတော့ ဆေးသုတ်ခြင်းအပြင် ရတနာတွေနဲ့ အလှဆင်ထားသလို ပန်းပုရုပ်တွေကိုလည်း ထားရှိပါတယ်။

ပိုတလာနန်းတော်ရဲ့ လက်ရာအမြောက်ဆုံးနေရာကတော့ နန်းတော်နီရဲ့အပေါ်ဆုံးမှာ ရှိနေပါတယ်။ ရွှေရောင်အမိုးအုပ်စု golden roof group လို့ခေါ်တဲ့ ဒီနေရာမှာ ရွှေချထားတဲ့အမိုး ၇ခုပါဝင်ပါတယ်။ ဒီအမိုး ၇ ခုဟာ ဒလိုင်းလားမားတွေရဲ့အရိုးအိုးစေတီအမိုးတွေ ဖြစ်ပါတယ်။

ပိုတလာနန်းတော်ရဲ့ အရေးအကြီးဆုံး နေရာတစ်ခုကတော့ စိန့်ကျောင်းဆောင်ဖြစ်ပါတယ်။ ဒီနေရာမှာ အဝလောကိတေသွာရ ဘုရားလောင်း နဲ့ သာဝက နှစ်ပါး တို့ရဲ့ရုပ်တု ရှိပါတယ်။ အဲဒီကျောင်းဆောက်အောက်မှာတော့ Dharma လိုဏ်ဂူရှိပါတယ်။ ဒီလိုဏ်ဂူမှာ နန်းတော်ကို စတည်ခဲ့သူ ဘုရင် Songtsen Gampo ဟာ ဗုဒ္ဓဘာသာပိဋကတ်ကျမ်းတွေကိုလေ့လာခဲ့ပါတယ်။

ခေတ်အဆက်ဆက်ဒလိုင်းလားမား များ နေထိုင်သီတင်းသုံးခဲ့ရာ ပိုတလာနန်းတော်ဟာ တိဘက်ဗုဒ္ဓဘာသာရဲ့ အမှတ်သင်္ကေတတစ်ခု ဖြစ်သလို တိဘက်ရိုးရာအုပ်ချုပ်ရေးဌာနလည်းဖြစ်ခဲ့ပါတယ်။ ၁၄ဆက်လက် ဒလိုင်းလာမား ဘုန်းတော်ကြီး အိန္ဒိယကို မပြောင်းရွှေ့မီ ၁၉၅၉ခုနှစ်အထိ တိဘက်ရဲ့ အကြီးအကဲနေထိုင်တဲ့ နေရာဖြစ်ခဲ့ပါတယ်။ နန်းတော်ရဲ့ရှေးအကျဆုံးနေရာလည်း ဖြစ်ပါတယ်။

ပိုတာလာနန်းတော်တွင် ခေတ်အဆက်ဆက်ဒလိုင်းလားမား များ နေထိုင်သီတင်းသုံးခဲ့ရာ အခန်းများနှင့် ၎င်းတို့ပျံလွန်တော်မူပြီးနောက်တွင်မြှုပ်နှံခဲ့သော ကြီးကျယ်ခမ်းနားတဲ့ ဂူဗိမာန်များလည်း ရှိနေပါတယ်။ ရွှေပြားများပေါ်တွင် ရေး ထွင်းထားသော ဗုဒ္ဓကျမ်းစာလက်ရေးစာမူများ၊ ခေတ်အဆက်ဆက်တရုတ်ဧကရာဇ်များမှ ပေးအပ်ထားသော လက်ဆောင်ပစ္စည်းများအပါအဝင် အလွန်ရှားပါးသော တိဘက် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များစွာကိုလည်း ထိန်းသိမ်း ထားပါတယ်။

၁၉၉၄ခုနှစ်တည်းက ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ပြတိုက်အဖြစ် ပြသထားပါတယ်။  USA Today သတင်းစာကတော့ ဒီနေရာကို ခေတ်သစ်ကမ္ဘာ့အံ့ဖွယ် ၇ခု ထဲမှာ ထည့်သွင်းထားပါတယ်။ တစ်နေ့ကို လာရောက်လေ့လာသူပေါင်း ၁၅၀၀ ခန့်ရှိပြီး တခါတရံမှာတော့ ၅၀၀၀ ခန့်ထိအောင် လာရောက်ကြပါတယ်။

သုတဇုန်

Leave a Reply