ေရေအာက္မွာလဲေလ်ာင္းနစ္ျမဳပ္ေနတဲ့ တုိက္တန္းနစ္ သေဘၤာႀကီးကို လက္ေတြ႔သြား ၾကည့္ႏုိင္ၿပီ

Posted on

တိုက္တန္းနစ္ ဆုိတာနဲ႔ ကမာၻ႔နာမည္အႀကီးဆုံး သေဘၤာႀကီး ဆုိတာ အားလုံးသိၿပီးျဖစ္မွာပါ။ ဒီသေဘၤာႀကီးဟာ  အဂၤလန္ႏုိင္ငံ ေဆာက္သမ္တန္ ကေန အေမရိကန္ နယူးေယာက္သုိ႔ သြားတဲ့ လမ္းခရီးမွာ နစ္ျမဳပ္သြားခဲ့ပါတယ္။ ဒီသေဘၤာႀကီးနစ္ျမဳပ္သြားခဲ့တာဟာ ႏွစ္ေပါင္း ၁၀၆ႏွစ္ ရွိပါၿပီ။

ေရေအာက္အနက္ေပ ၁ေသာင္းေက်ာ္မွာ ေရာက္ရွိေနၿပီျဖစ္တာေၾကာင့္ ေလ့လာေရးသမားအနည္းငယ္က လြဲလုိ႔ ဒီသေဘၤာပ်က္ႀကီးရွိရာေနရာကို တျခားသူေတြ ျမင္ဖူးျခင္းမရွိပဲ ဓာတ္ပုံေတြ ဗီဒီယိုေတြထဲက ျမင္ဖူးၾကပါတယ္။ အခုဆုိရင္ေတာ့ ဒီသေဘၤာပ်က္ႀကီးကုိ ၾကည့္ရႈခ်င္တဲ့သူေတြအတြက္ အခြင့္အေရးေပၚလာပါၿပီ။

ဒီအစီအစဥ္ကို ဖန္တီးသူကေတာ့ အေမရိကန္အေျခစုိက္ ေရေအာက္ေလ့လာေရး နဲ႔ သုေတသန ကုမၸဏီႀကီး အုိးရွင္းဂိတ္ ျဖစ္ပါတယ္။ ဒီကုမၸဏီႀကီးဟာ ေရေအာက္အနက္ေပ ၁၃၀၀၀ေက်ာ္ကုိ သြားေရာက္ႏုိင္တဲ့ ေရငုပ္သေဘၤာကုိ ေအာင္ျမင္စြာ ဖန္တီးႏုိင္ခဲ့ပါတယ္။

ဒီေရငုပ္သေဘၤာနဲ႔အတူ တုိက္တန္းနစ္သေဘၤာပ်က္ႀကီးကို သြားေရာက္ၾကည့္ရႈ႕ဖုိ႔စီစဥ္ထားတာကေတာ့ ၂၀၁၈ခုႏွစ္ ေမလကတည္းကပါ။ ဒါေပမယ့္ ရာသီဥတုအေျခအေနေတြ နဲ႔ သြားေရာက္မႈ အဆင္ေျပေစဖုိ႔ အခ်ိန္ၾကာ စမ္းသပ္ဦးမွာျဖစ္ၿပီး ၂၀၁၉ခုႏွစ္မွ လည္ပတ္ေလ့လာမႈ အစီအစဥ္ကုိ ျပန္လည္စတင္မွာျဖစ္ပါတယ္။

၂၀ ရာစုကတည္းက နစ္ျမဳပ္သြားခဲ့တဲ့ ဒီသေဘၤာပ်က္ကုိ ပထမဆုံးရွာေဖြေတြ႔ရွိခဲ့သူေတြကေတာ့ အေမရိကန္ေရတပ္အရာရွိေဟာင္း နဲ႔ သမုဒၵရာေလ့လာမႈဆုိင္ရာ ပါေမာကၡ Robert Ballard နဲ႔ ျပင္သစ္ပညာရွင္ Jean-Louis Michel ဦးေဆာင္တဲ့ အဖြဲ႔ျဖစ္ပါတယ္။

သူတုိ႔အဖြဲ႔ဟာ ကေနဒါႏုိင္ငံ နယူးေဖာင္လန္ရဲ႕ အေရွ႕-အေရွ႕ေတာင္ဘက္ ၃၇၀မုိင္အကြာ ေျမာက္အတၱလႏၱိတ္သမုဒၵရာေရျပင္ေအာက္ၾကမ္းျပင္ အနက္ေပ ၁၂၄၁၅ေပ မွာ လဲေလ်ာင္းေနတဲ့ သေဘၤာပ်က္ႀကီးကုိ ရွာေဖြေတြ႔ရွိခဲ့ၾကတာပါ။ ၁၉၈၅ခုႏွစ္က ရွာေတြ႔ခဲ့တာျဖစ္တာေၾကာင့္ အခုဆုိရင္ သူတုိ႔ေတြ႔ရွိခဲ့တာ ၃၃ႏွစ္ ၾကာျမင့္ခဲ့ၿပီျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္ ေလ့လာမႈစစ္တမ္းတစ္ခုအရ ဒီေရေအာက္မွာ ရွိေနတဲ့ တုိက္တန္းနစ္သေဘၤာပ်က္ဟာလည္း extremophile bacteria ေတြေၾကာင့္ လာမယ့္ ႏွစ္ေပါင္း ၁၅ႏွစ္ကေန ၂၀ႏွစ္ၾကားမွာ လုံး၀ေပ်ာက္ကြယ္သြားေတာ့မွာျဖစ္ပါတယ္။ သေဘၤာႀကီးမေပ်ာက္ေသးခင္ လက္ေတြ႔ၾကည့္ခ်င္တဲ့သူေတြအတြက္ ဒီအစီအစဥ္ကို ဖန္တီးခဲ့ျခင္းျဖစ္ပါတယ္။

ဒါေပမယ့္ သြားေရာက္ၾကည့္ရႈ႕ဖုိ႔ေပးရမယ့္ အခက ႀကီးျမင့္လြန္းပါတယ္။ ဟုတ္ပါတယ္။ သေဘၤာပ်က္ႀကီးကုိ သြားေရာက္ၾကည့္ရႈ႕မယ့္ ခရီးသည္တစ္ဦးသည္အတြက္ ၀န္ေဆာင္ခက အေမရိကန္ ေဒၚလာ ၁၀၆၁၆၉ ျဖစ္တာေၾကင့္ ျမန္မာေငြနဲ႔တြက္ရင္ေတာ့ သိန္းေပါင္း ေထာင္နဲ႔ခ်ီေပးရမွာပါ။ ၾကည့္ရႈ႕ရုံနဲ႔ ဒီေလာက္ေငြကို ေပးရမွာျဖစ္တဲ့အတြက္ ပုိက္ဆံခ်မ္းသာၿပီး စြန္႔စားလုိစိတ္ရွိသူေတြသာ သြားေရာက္ၾကည့္ၾကလိမ့္မယ္ လုိ႔ထင္ပါတယ္။

ခရီးစဥ္ကေတာ့ နယူးေဖာင္လန္ ကေန စတင္မွာျဖစ္ပါတယ္။ အဲဒီကေန တုိက္ေတနီယမ္ ၊ ကာဘြန္ – ဖုိက္ဘာ တုိ႔နဲ႔ ဖန္တီးထားတဲ့ ေရငုပ္သေဘၤာကနဲ႔ တုိက္တန္းနစ္ရွိရာ အတလႏၱိတ္ေရျပင္ေအာက္ အနက္ေပ ၂မုိင္ခန္႔ကုိ သြားေရာက္ ၾကည့္ရႈ႕ရမွာျဖစ္ပါတယ္။ အဲဒီယာဥ္ဟာ တစ္ႀကိမ္လၽွင္ ခရီးသည္သုံးဦးႏွင့္ ဝန္ ထမ္းႏွစ္ဦးလိုက္ပါသြားႏိုင္မွာ ျဖစ္ပါတယ္။

“ဘဟား မတ္မွာ ၄၅ရက္ၾကာ စမ္းသပ္မႈေတြလုပ္ခဲ့ပါတယ္။ ေရေအာက္အနက္ေပ ၁၃၀၀၀ အထိေရာက္ႏုိင္ဖုိ႔ ဒီစမ္းသပ္မႈေတြလုပ္တဲ့ အခ်ိန္မွာ မုိးႀကဳိးေတြ ၊ မုိးႀကဳိးမုန္တုိင္းေတြနဲ႔ ႀကဳံခဲ့ရပါတယ္။ ယဥ္ကိုထိခုိက္မႈမရွိေပမယ့္ လွ်ပ္စစ္သံလုိက္ စက္ကြင္းေတြဟာ အီလက္ထေရာနစ္ပစၥည္း ၇၀% ကို ပ်က္စီးေစခဲ့တာေၾကာင့္ ထပ္မံျပဳျပင္ၿပီး ေအာင္ျမင္တဲ့အထိ စမ္းသပ္မႈေတြကို လုပ္ေဆာင္ရပါတယ္။ ဒါေၾကာင့္ ခရီးစဥ္ဟာ ၂၀၁၉ ကို ေရႊ႕သြားျခင္းျဖစ္ပါတယ္” လုိ႔ အုိးရွင္းဂိတ္ မာကတ္တင္းမန္ေနဂ်ာ Dana Hall က ဆုိပါတယ္။

အဂၤလန္က သူေတြကေတာ့ Blue Marble Private ခရီးသြားကုမၸဏီကေနတစ္ဆင့္ ဒီခရီးစဥ္ကုိ အခုကစလုိ႔ Booking လုပ္ႏုိင္ၿပီျဖစ္ပါတယ္။  တိုက္ တန္းနစ္ေလ့လာေရး  ခရီးစဥ္ ဟာ လာမည့္ေႏြရာသီမွာ စတင္မွာျဖစ္ၿပီး ခရီးစဥ္ ေျခာက္ခု စီစဥ္ထားေၾကာင္း သိရွိရပါတယ္။

တုိက္တန္းနစ္ သေဘၤာပ်က္ကုိ ၾကည့္ခ်င္တဲ့ သုတဇုန္ မိတ္ေဆြမ်ားရွိရင္ေတာ့ အဲဒီေလာက္ ပိုက္ဆံ အကုန္မခံပဲ ေအာက္က ဗီဒီယုိေလးကို သာၾကည့္လုိက္ပါလုိ႔… 🙂 ။ NOAA (National Oceanic and Atmospheric Administration) က ၂၀၀၄ခုႏွစ္က ရုိက္ကူးထားတဲ့ ဗီဒီယိုျဖစ္ပါတယ္။

သုတဇုန္

Ref: CNN News

————–

ရေအောက်မှာလဲလျောင်းနစ်မြုပ်နေတဲ့ တိုက်တန်းနစ် သင်္ဘောကြီးကို လက်တွေ့သွား ကြည့်နိုင်ပြီ (unicode)

တိုက်တန်းနစ် ဆိုတာနဲ့ ကမ္ဘာ့နာမည်အကြီးဆုံး သင်္ဘောကြီး ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒီသင်္ဘောကြီးဟာ  အင်္ဂလန်နိုင်ငံ ဆောက်သမ်တန် ကနေ အမေရိကန် နယူးယောက်သို့ သွားတဲ့ လမ်းခရီးမှာ နစ်မြုပ်သွားခဲ့ပါတယ်။ ဒီသင်္ဘောကြီးနစ်မြုပ်သွားခဲ့တာဟာ နှစ်ပေါင်း ၁၀၆နှစ် ရှိပါပြီ။ ရေအောက်အနက်ပေ ၁သောင်းကျော်မှာ ရောက်ရှိနေပြီဖြစ်တာကြောင့် လေ့လာရေးသမားအနည်းငယ်က လွဲလို့ ဒီသင်္ဘောပျက်ကြီးရှိရာနေရာကို တခြားသူတွေ မြင်ဖူးခြင်းမရှိပဲ ဓာတ်ပုံတွေ ဗီဒီယိုတွေထဲက မြင်ဖူးကြပါတယ်။ အခုဆိုရင်တော့ ဒီသင်္ဘောပျက်ကြီးကို ကြည့်ရှုချင်တဲ့သူတွေအတွက် အခွင့်အရေးပေါ်လာပါပြီ။

ဒီအစီအစဉ်ကို ဖန်တီးသူကတော့ အမေရိကန်အခြေစိုက် ရေအောက်လေ့လာရေး နဲ့ သုတေသန ကုမ္ပဏီကြီး အိုးရှင်းဂိတ် ဖြစ်ပါတယ်။ ဒီကုမ္ပဏီကြီးဟာ ရေအောက်အနက်ပေ ၁၃၀၀၀ကျော်ကို သွားရောက်နိုင်တဲ့ ရေငုပ်သင်္ဘောကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီရေငုပ်သင်္ဘောနဲ့အတူ တိုက်တန်းနစ်သင်္ဘောပျက်ကြီးကို သွားရောက်ကြည့်ရှု့ဖို့စီစဉ်ထားတာကတော့ ၂၀၁၈ခုနှစ် မေလကတည်းကပါ။ ဒါပေမယ့် ရာသီဥတုအခြေအနေတွေ နဲ့ သွားရောက်မှု အဆင်ပြေစေဖို့ အချိန်ကြာ စမ်းသပ်ဦးမှာဖြစ်ပြီး ၂၀၁၉ခုနှစ်မှ လည်ပတ်လေ့လာမှု အစီအစဉ်ကို ပြန်လည်စတင်မှာဖြစ်ပါတယ်။

၂၀ ရာစုကတည်းက နစ်မြုပ်သွားခဲ့တဲ့ ဒီသင်္ဘောပျက်ကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့သူတွေကတော့ အမေရိကန်ရေတပ်အရာရှိဟောင်း နဲ့ သမုဒ္ဒရာလေ့လာမှုဆိုင်ရာ ပါမောက္ခ Robert Ballard နဲ့ ပြင်သစ်ပညာရှင် Jean-Louis Michel ဦးဆောင်တဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ကနေဒါနိုင်ငံ နယူးဖောင်လန်ရဲ့ အရှေ့-အရှေ့တောင်ဘက် ၃၇ဝမိုင်အကွာ မြောက်အတ္တလန္တိတ်သမုဒ္ဒရာရေပြင်အောက်ကြမ်းပြင် အနက်ပေ ၁၂၄၁၅ပေ မှာ လဲလျောင်းနေတဲ့ သင်္ဘောပျက်ကြီးကို ရှာဖွေတွေ့ရှိခဲ့ကြတာပါ။ ၁၉၈၅ခုနှစ်က ရှာတွေ့ခဲ့တာဖြစ်တာကြောင့် အခုဆိုရင် သူတို့တွေ့ရှိခဲ့တာ ၃၃နှစ် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် လေ့လာမှုစစ်တမ်းတစ်ခုအရ ဒီရေအောက်မှာ ရှိနေတဲ့ တိုက်တန်းနစ်သင်္ဘောပျက်ဟာလည်း extremophile bacteria တွေကြောင့် လာမယ့် နှစ်ပေါင်း ၁၅နှစ်ကနေ ၂၀နှစ်ကြားမှာ လုံး၀ပျောက်ကွယ်သွားတော့မှာဖြစ်ပါတယ်။ သင်္ဘောကြီးမပျောက်သေးခင် လက်တွေ့ကြည့်ချင်တဲ့သူတွေအတွက် ဒီအစီအစဉ်ကို ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။

ဒါပေမယ့် သွားရောက်ကြည့်ရှု့ဖို့ပေးရမယ့် အခက ကြီးမြင့်လွန်းပါတယ်။ ဟုတ်ပါတယ်။ သင်္ဘောပျက်ကြီးကို သွားရောက်ကြည့်ရှု့မယ့် ခရီးသည်တစ်ဦးသည်အတွက် ဝန်ဆောင်ခက အမေရိကန် ဒေါ်လာ ၁၀၆၁၆၉ ဖြစ်တာကြေင့် မြန်မာငွေနဲ့တွက်ရင်တော့ သိန်းပေါင်း ထောင်နဲ့ချီပေးရမှာပါ။ ကြည့်ရှု့ရုံနဲ့ ဒီလောက်ငွေကို ပေးရမှာဖြစ်တဲ့အတွက် ပိုက်ဆံချမ်းသာပြီး စွန့်စားလိုစိတ်ရှိသူတွေသာ သွားရောက်ကြည့်ကြလိမ့်မယ် လို့ထင်ပါတယ်။

ခရီးစဉ်ကတော့ နယူးဖောင်လန် ကနေ စတင်မှာဖြစ်ပါတယ်။ အဲဒီကနေ တိုက်တေနီယမ် ၊ ကာဘွန် – ဖိုက်ဘာ တို့နဲ့ ဖန်တီးထားတဲ့ ရေငုပ်သင်္ဘောကနဲ့ တိုက်တန်းနစ်ရှိရာ အတလန္တိတ်ရေပြင်အောက် အနက်ပေ ၂မိုင်ခန့်ကို သွားရောက် ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အဲဒီယာဉ်ဟာ တစ်ကြိမ်လျှင် ခရီးသည်သုံးဦးနှင့် ဝန် ထမ်းနှစ်ဦးလိုက်ပါသွားနိုင်မှာ ဖြစ်ပါတယ်။

“ဘဟား မတ်မှာ ၄၅ရက်ကြာ စမ်းသပ်မှုတွေလုပ်ခဲ့ပါတယ်။ ရေအောက်အနက်ပေ ၁၃၀၀၀ အထိရောက်နိုင်ဖို့ ဒီစမ်းသပ်မှုတွေလုပ်တဲ့ အချိန်မှာ မိုးကြိုးတွေ ၊ မိုးကြိုးမုန်တိုင်းတွေနဲ့ ကြုံခဲ့ရပါတယ်။ ယဉ်ကိုထိခိုက်မှုမရှိပေမယ့် လျှပ်စစ်သံလိုက် စက်ကွင်းတွေဟာ အီလက်ထရောနစ်ပစ္စည်း ၇၀% ကို ပျက်စီးစေခဲ့တာကြောင့် ထပ်မံပြုပြင်ပြီး အောင်မြင်တဲ့အထိ စမ်းသပ်မှုတွေကို လုပ်ဆောင်ရပါတယ်။ ဒါကြောင့် ခရီးစဉ်ဟာ ၂၀၁၉ ကို ရွှေ့သွားခြင်းဖြစ်ပါတယ်” လို့ အိုးရှင်းဂိတ် မာကတ်တင်းမန်နေဂျာ Dana Hall က ဆိုပါတယ်။
အင်္ဂလန်က သူတွေကတော့ Blue Marble Private ခရီးသွားကုမ္ပဏီကနေတစ်ဆင့် ဒီခရီးစဉ်ကို အခုကစလို့ Booking လုပ်နိုင်ပြီဖြစ်ပါတယ်။  တိုက် တန်းနစ်လေ့လာရေး  ခရီးစဉ် ဟာ လာမည့်နွေရာသီမှာ စတင်မှာဖြစ်ပြီး ခရီးစဉ် ခြောက်ခု စီစဉ်ထားကြောင်း သိရှိရပါတယ်။

တိုက်တန်းနစ် သင်္ဘောပျက်ကို ကြည့်ချင်တဲ့ သုတဇုန် မိတ်ဆွေများရှိရင်တော့ အဲဒီလောက် ပိုက်ဆံ အကုန်မခံပဲ အောက်က ဗီဒီယိုလေးကို သာကြည့်လိုက်ပါလို့… 🙂 ။ NOAA (National Oceanic and Atmospheric Administration) က ရိုက်ကူးထားတဲ့ ဗီဒီယိုဖြစ်ပါတယ်။

သုတဇုန်

Ref: CNN News

 

Leave a Reply