ရဲအရာရွိအျဖစ္ ပတ္၀န္းက်င္တစ္ခုလုံးကို ၁၂ႏွစ္ၾကာ လွည့္စားခဲ့သူ

Posted on

မၾကာခင္က တရုတ္လူမ်ဳိးတစ္ေယာက္ဟာ ရဲအရာရွိေယာင္ေဆာင္မႈ နဲ႔ အဖမ္းခံခဲ့ရပါတယ္။ ဒီလိုအေယာင္ေဆာင္မႈေတြဟာ မၾကာခဏ ျဖစ္ေနတဲ့အတြက္ မထူးဆန္းဘူးလုိ႔ ထင္ရေပမယ့္ သူ႔အျဖစ္ကေတာ့ နည္းနည္းဆန္းပါတယ္။ သူဟာ ရဲအရာရွိအျဖစ္ သူနဲ႔ပတ္သတ္သူမွန္သမွ် နဲ႔ ပတ္၀န္းက်င္တစ္ခုလုံးကို ၁၂ႏွစ္ၾကာ လိမ္ညာႏုိင္ခဲ့လုိ႔ျဖစ္ပါတယ္။

သူ႔နာမည္က Wang Feng ပါ။ အသက္ ၄၁ႏွစ္ ရွိၿပီျဖစ္ၿပီး သူ႔ကုိယ္သူ ရဲအရာရွိတစ္ေယာက္လုိေနခဲ့သူပါ။ ဒါေပမယ့္သူဟာ ဘယ္ရဲသင္တန္းမွ မတက္ဖူးသလုိ ဘာတာ၀န္မွ ထမ္းေဆာင္ခဲ့ဖူးသူ မဟုတ္ပါဘူး။ ဒါေပမယ့္ အားလုံးကုိ သူဟာ ၁၀စုႏွစ္ ၁ခုၾကာေအာင္ လွည့္စားႏုိင္ခဲ့ပါတယ္။

ဒီအျဖစ္ေတြက ၂၀၀၆ခုႏွစ္က စခဲ့တာပါ။ အဲဒီတုန္းက Wang ရဲ႕ အစ္ကုိတစ္ေယာက္ဟာ ေငြေၾကး အရႈပ္အေထြးတစ္ခုမွာ ပါ၀င္ပတ္သတ္ခဲ့ပါတယ္။ ျပစ္ဒါဏ္ခံရဖုိ႔ ေသခ်ာသေလာက္ရွိတာေၾကာင့္ တရားသူႀကီးနဲ႔ ေတြ႔ဖုိ႔လုိအပ္ေနပါတယ္။ ဒီအခ်ိန္မွာပဲ Wang ဟာ သူ႔ကုိယ္သူ ရဲအရာရွိတစ္ေယာက္လုိ႔ မိတ္ဆက္ရင္း တရားသူႀကီးကို သြားေတြ႔ခဲ့ပါတယ္။ Wang ရဲ႕ စကားၾကြယ္မႈကို တရားသူႀကီးဟာ ယုံၾကည္သြားခဲ့တာေၾကာင့္ သူ႔အစ္ကုိဟာ ဒီအမႈက လြတ္သြားခဲ့ပါတယ္။

ဒီလွည့္ျဖားမႈေအာင္ျမင္သြားၿပီးတဲ့ေနာက္မွာ Wang ဟာ အေလးေပးဆက္ဆံခံရတဲ့ ရဲအရာရွိဘ၀ကို သာယာသြားခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ သူဟာ အခ်ိန္အနည္းငယ္အတြင္းမွာ သူအရာရွိသင္တန္းဆင္းခဲ့ၿပီး ရဲအရာရွိျဖစ္ေနၿပီလုိ႔ သူငယ္ခ်င္းေတြနဲ႔ ပတ္၀န္းက်င္ တစ္ခုလုံးကို ေျပာခဲ့ပါတယ္။ ဒီလုိေျပာႏုိင္ဖုိ႔အတြက္လည္း သူဟာ ရဲအရာရွိ၀တ္စုံ ၊ လက္ထိပ္ နဲ႔ အုိင္ဒီကဒ္ အတုေတြကုိ ႀကဳိတင္ျပင္ဆင္ထားတဲ့အျပင္ ရဲအရာရွိတစ္ေယာက္ရဲ႕ လုိအပ္ခ်က္ေတြအားလုံးကို ေလ့လာခဲ့ပါတယ္။ အခ်ိန္နည္းနည္းၾကာလာတာနဲ႔ အမွ် သူ႔ကို ရဲအရာရွိတစ္ေယာက္ဆုိတာ အားလုံးက လက္ခံယုံၾကည္သြားခဲ့ၾကတယ္။

ဒီလုိလွည့္ပတ္ရင္း သူ႔ပတ္၀န္းက်င္မွာ ရဲအရာရွိတစ္ေယာက္အျဖစ္ ေနထုိင္ခဲ့တဲ့ Wang ဟာ ၂၀၁၁ ခုႏွစ္မွာေတာ့ သူငယ္ခ်င္းတစ္ေယာက္ မိတ္ဆက္ေပးမႈနဲ႔ သူ႔ဇနီးျဖစ္လာမယ့္ Xiao Lu နဲ႔ သြားေတြ႔ပါတယ္။ သူငယ္ခ်င္းက မိတ္ဆက္ေပးထားလုိ႔ သူဟာရဲအရာရွိလုိ႔ Xiao Lu က သိထားတယ္။ ၿပီးေတာ့ သူက သူႀကဳံခဲ့ရတဲ့ စိတ္၀င္စားဖြယ္ အမႈအခင္းေတြ နဲ႔ ဘယ္လုိေျဖရွင္းခဲ့တဲ့အေၾကာင္းေတြကုိ Xiao Lu အား ေျပာျပခဲ့တယ္။ တကယ္ေတာ့ ဒါေတြဟာ ၀ထၳဳဇာတ္လမ္းေတြထဲက ဟာေတြကို သူလုိသလုိ လွည့္ပတ္ေျပာခဲ့ျခင္းျဖစ္ပါတယ္။

အေျပာၾကြယ္ခဲ့သူျဖစ္တာေၾကာင့္ သူစကားေတြကို  Xiao Lu က သူ႔ကုိ ရဲအရာရွိတစ္ေယာက္လုိ႔ လုံး၀ယုံၾကည္ခဲ့ၿပီး သူတုိ႔ႏွစ္ဦးရင္းႏွီးသြားခဲ့တယ္။ အဲဒီကတစ္ဆင့္ ခ်စ္သူေတြျဖစ္သြားခဲ့ၿပီး လက္ထပ္ဖုိ႔ စီစဥ္ၾကတယ္။ အဲဒီအခ်ိန္မွာပဲ Xiao Lu ရဲ႕အစ္ကုိတစ္ေယာက္ဟာ သူ႔စကားေတြကို မယုံခဲ့ဘူး။ သူတက္ခဲ့တယ္ဆုိတဲ့ ရဲအရာရွိ အကယ္ဒမီသင္တန္းေက်ာင္းကို သြားစုံစမ္းခဲ့တယ္။ အဲဒီမွာတင္ Wang ရဲ႕ ရဲအရာရွိ ID ဟာ အဲဒီအကယ္ဒမီရဲ႕စာရင္းမွာ မရွိခဲ့ဘူး ဆုိတာကို သိသြားတယ္။ Wang ဟာ လူလိမ္တစ္ေယာက္ပါ တကယ္မရွိပါဘူးလုိ႔ Xiao Lu အစ္ကို က အသုိင္းအ၀ုိင္းတစ္ခုလုံးကို ဖြင့္ခ်ခဲ့တယ္။

ဒါေပမယ့္ Wang ကေတာ့ လႈပ္လႈပ္ရွားရွားမျဖစ္ခဲ့ပါဘူး။ မွန္ပါတယ္ သူ႔ ID နံပါတ္မွာ အဲဒီသင္တန္းေက်ာင္းမွာ မရွိတာက  သူဟာသင္တန္းတက္စဥ္က အျခားနံပါတ္တစ္ခု နဲ႔ တက္ခဲ့လုိ႔ပါလုိ႔ ေအးေအးေဆးေဆး ျပန္ေျပာတယ္။ အားလုံးက Wang ကုိ ျပန္ယုံသြားၾကတယ္။ Xiao Lu အစ္ကို ကလည္း ထပ္မစုံစမ္းေတာ့တဲ့အတြက္ ဘာျပသနာမွ ထပ္မျဖစ္ေတာ့ပါဘူး။

လက္ထပ္ၿပီးတဲ့ေနာက္မွာေတာ့ Wang ဟာ ဇနီးျဖစ္သူကို သူဟာရဲအရာရွိဆုိေပမယ့္ အေရးႀကီးၿပီးလ်ဳိ႕၀ွက္တဲ့ Case ေတြကို ကုိင္ရတဲ့သူျဖစ္တာေၾကာင့္ သူ႔အေၾကာင္းကို ဘယ္သူ႔ကိုမွ သြားမေျပာနဲ႔လုိ႔ ေျပာထားခဲ့တယ္။ ေန႔တုိင္း၀တ္စုံအျပည့္နဲ႔ ထြက္သြားေလ့ရွိတဲ့ Wang ကုိ ဇနီးျဖစ္သူက ယုံၾကည္တယ္။ ၿပီးေတာ့ Wang ဟာ ေန႔တုိင္းမွာ သူလုိက္ခဲ့တဲ့ အမႈအခင္း ေတြနဲ႔ ေဒသရဲ႕ ရာဇ၀တ္မႈေတြကို ဇနီးကိုေျပာျပေလ့ရွိတယ္။ တကယ္ေတာ့ သူဖတ္ခဲ့တဲ့ ရဲ၀ထၳဳစာအုပ္ေတြထဲက အေၾကာင္းေတြနဲ႔ တရုတ္ရဲဌာန အြန္လုိင္းအေကာင့္က သတင္းေတြသာျဖစ္ပါတယ္။

ဒါတင္မကေသးဘူး Xiao Lu ရဲ႕၀မ္းကြဲအစ္ကိုတစ္ေယာက္ ခုိးမႈနဲ႔ အဖမ္းခံရေတာ့ Xiao Lu မိသားစုက Wang ထံ အကူအညီေတာင္းၾကတယ္။ Wang ဟာ ေရွ႕ေနတစ္ေယာက္နဲ႔အတူ ဒီအမႈကလြတ္ေအာင္ ကူညီေပးခဲ့တယ္။ ဒီမွာတင္သူ႔ကို ပုိယုံၾကည္သြားၾကတယ္။ သူငယ္ခ်င္းတစ္ေယာက္ မႈးၿပီးကားေမာင္းမႈ နဲ႔ အဖမ္းခံရေတာ့လည္း Wang ကုိ အကူအညီလာေတာင္းတယ္။ Wang က ကူညီမယ္လုိ႔ေျပာခဲ့တယ္။ ေထာင္ခ်ခံရမယ့္ အမႈကေန လုိင္စင္ပိတ္ခံရတဲ့ အဆင့္အထိပဲ ေရာက္သြားတယ္။ သူငယ္ခ်င္းက Wang ကုိ ေက်းဇူးတင္ၿပီး အျခားသူငယ္ခ်င္းေတြကလည္း Wang ကုိ ရဲအရာရွိအျဖစ္ ပုိယုံသြားၾကတယ္။ တကယ္ေတာ့ ဒါဟာ Wang ကူညီခဲ့လုိ႔မဟုတ္ပဲ စစ္ေဆးတဲ့အခါ သူ႔ရဲ႕ေသြးထဲမွ အရက္ပါ၀င္မႈက ေလ်ာ့နည္းေနလုိ႔ ျဖစ္ပါတယ္။

အမႈအခင္းအမ်ဳိးမ်ဳိးကို စြမ္းစြမ္းတမံေျဖရွင္းေနတယ္လုိ႔ အားလုံးက ယုံၾကည္ေနၾကတဲ့ Wang ဟာ ကတယ္တမ္းေတာ့ သူ႔ရဲ႕အခ်ိန္အားလုံးကို ဟုိတယ္ နဲ႔ အရႈံးေပၚေနတဲ့ သူ႔ရဲ႕ပုံႏွိပ္စက္လုပ္ငန္းမွာ သုံးၿပီးေနထုိင္ခဲ့တာျဖစ္ပါတယ္။ လုိအပ္တဲ့ေငြေၾကးအားလုံးကို သူ႔ကုိ အရာရွိလုိ႔ ယုံၾကည္ေနတဲ့သူေတြ ထံကေန ေခ်းၿပီးသုံးေနခဲ့တာျဖစ္ပါတယ္။

အားလုံးကို ပိပိရိရိလိမ္ခဲ့တဲ့ Wang ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလမွာေတာ့ ရဲအရာရွိေယာင္ေဆာင္မႈ နဲ႔ အဖမ္းခံခဲ့ရပါတယ္။ အဲဒီအခ်ိန္မွာ သူ႔ရဲ႕အေၾကြးဟာ ယြန္ ၂သန္း (ေဒၚလာ ၃သိန္းနီးပါး) ရွိေနခဲ့ၿပီျဖစ္ပါတယ္။ Wang ရဲ႕ အိမ္ကုိ စစ္ေဆးခဲ့တဲ့အခ်ိန္မွာေတာ့ ယူနီေဖာင္းအတု ၊ အုိင္ဒီကဒ္အတု နဲ႔ လက္ထိပ္ေတြကိုပါ ေတြ႔ရွိခဲ့ၾကပါတယ္။ ရဲေတြက ဘာေၾကာင့္ အခုလုိ လိမ္ခဲ့သလဲ လုိ႔ Wang ကုိ စစ္ေဆးခဲ့တဲ့အခါမွာေတာ့

လြန္ခဲ့တဲ့ ၁၂ႏွစ္က အစ္ကိုျဖစ္သူကို ရဲအရာရွိေယာင္ေဆာင္ရင္း အကူအညီေပးၿပီးတဲ့ေနာက္ အားလုံးက အေလးထားဆက္ဆံခံရတဲ့ ရဲအရာရွိဘ၀ကို သာယာလာေၾကာင္း ၊ အဲဒီကေနမွ အလိမ္အညာေပါင္းမ်ားစြာကို လုပ္ႀကံေျပာရင္း အထင္ႀကီးခံရတဲ့ဘ၀ကို မရပ္တန္႔ခ်င္တာေၾကာင့္ အခုအခ်ိန္အထိ လိမ္ညာေနထုိင္ခဲ့ျခင္း ျဖစ္တယ္ လုိ႔ ဆုိခဲ့ပါတယ္။

သူ႔ရဲ႕ဇနီးသည္သာမက သူ႔ကုိ ရဲအရာရွိအျဖစ္ ႏွစ္ေပါင္းမ်ားစြာ ယုံၾကည္ဆက္ဆံခဲ့တဲ့သူေတြကေတာ့ အခုလုိ Wang ရဲ႕ အျဖစ္မွန္ကို ၾကားရၿပီးတဲ့ေနာက္မွာ ပါးစပ္အေဟာင္းသားနဲ႔ တအံတၾသျဖစ္ကုန္ၾကမွာ အမွန္ပါပဲ။

——————

ရဲအရာရှိအဖြစ် ပတ်ဝန်းကျင်တစ်ခုလုံးကို ၁၂နှစ်ကြာ လှည့်စားခဲ့သူ (unicode)

မကြာခင်က တရုတ်လူမျိုးတစ်ယောက်ဟာ ရဲအရာရှိယောင်ဆောင်မှု နဲ့ အဖမ်းခံခဲ့ရပါတယ်။ ဒီလိုအယောင်ဆောင်မှုတွေဟာ မကြာခဏ ဖြစ်နေတဲ့အတွက် မထူးဆန်းဘူးလို့ ထင်ရပေမယ့် သူ့အဖြစ်ကတော့ နည်းနည်းဆန်းပါတယ်။ သူဟာ ရဲအရာရှိအဖြစ် သူနဲ့ပတ်သတ်သူမှန်သမျှ နဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို ၁၂နှစ်ကြာ လိမ်ညာနိုင်ခဲ့လို့ဖြစ်ပါတယ်။

သူ့နာမည်က Wang Feng ပါ။ အသက် ၄၁နှစ် ရှိပြီဖြစ်ပြီး သူ့ကိုယ်သူ ရဲအရာရှိတစ်ယောက်လိုနေခဲ့သူပါ။ ဒါပေမယ့်သူဟာ ဘယ်ရဲသင်တန်းမှ မတက်ဖူးသလို ဘာတာဝန်မှ ထမ်းဆောင်ခဲ့ဖူးသူ မဟုတ်ပါဘူး။ ဒါပေမယ့် အားလုံးကို သူဟာ ၁ဝစုနှစ် ၁ခုကြာအောင် လှည့်စားနိုင်ခဲ့ပါတယ်။

ဒီအဖြစ်တွေက ၂၀၀၆ခုနှစ်က စခဲ့တာပါ။ အဲဒီတုန်းက Wang ရဲ့ အစ်ကိုတစ်ယောက်ဟာ ငွေကြေး အရှုပ်အထွေးတစ်ခုမှာ ပါဝင်ပတ်သတ်ခဲ့ပါတယ်။ ပြစ်ဒါဏ်ခံရဖို့ သေချာသလောက်ရှိတာကြောင့် တရားသူကြီးနဲ့ တွေ့ဖို့လိုအပ်နေပါတယ်။ ဒီအချိန်မှာပဲ Wang ဟာ သူ့ကိုယ်သူ ရဲအရာရှိတစ်ယောက်လို့ မိတ်ဆက်ရင်း တရားသူကြီးကို သွားတွေ့ခဲ့ပါတယ်။ Wang ရဲ့ စကားကြွယ်မှုကို တရားသူကြီးဟာ ယုံကြည်သွားခဲ့တာကြောင့် သူ့အစ်ကိုဟာ ဒီအမှုက လွတ်သွားခဲ့ပါတယ်။

ဒီလှည့်ဖြားမှုအောင်မြင်သွားပြီးတဲ့နောက်မှာ Wang ဟာ အလေးပေးဆက်ဆံခံရတဲ့ ရဲအရာရှိဘဝကို သာယာသွားခဲ့ပါတယ်။ အဲဒီနောက်တော့ သူဟာ အချိန်အနည်းငယ်အတွင်းမှာ သူအရာရှိသင်တန်းဆင်းခဲ့ပြီး ရဲအရာရှိဖြစ်နေပြီလို့ သူငယ်ချင်းတွေနဲ့ ပတ်ဝန်းကျင် တစ်ခုလုံးကို ပြောခဲ့ပါတယ်။ ဒီလိုပြောနိုင်ဖို့အတွက်လည်း သူဟာ ရဲအရာရှိဝတ်စုံ ၊ လက်ထိပ် နဲ့ အိုင်ဒီကဒ် အတုတွေကို ကြိုတင်ပြင်ဆင်ထားတဲ့အပြင် ရဲအရာရှိတစ်ယောက်ရဲ့ လိုအပ်ချက်တွေအားလုံးကို လေ့လာခဲ့ပါတယ်။ အချိန်နည်းနည်းကြာလာတာနဲ့ အမျှ သူ့ကို ရဲအရာရှိတစ်ယောက်ဆိုတာ အားလုံးက လက်ခံယုံကြည်သွားခဲ့ကြတယ်။

ဒီလိုလှည့်ပတ်ရင်း သူ့ပတ်ဝန်းကျင်မှာ ရဲအရာရှိတစ်ယောက်အဖြစ် နေထိုင်ခဲ့တဲ့ Wang ဟာ ၂၀၁၁ ခုနှစ်မှာတော့ သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးမှုနဲ့ သူ့ဇနီးဖြစ်လာမယ့် Xiao Lu နဲ့ သွားတွေ့ပါတယ်။ သူငယ်ချင်းက မိတ်ဆက်ပေးထားလို့ သူဟာရဲအရာရှိလို့ Xiao Lu က သိထားတယ်။ ပြီးတော့ သူက သူကြုံခဲ့ရတဲ့ စိတ်ဝင်စားဖွယ် အမှုအခင်းတွေ နဲ့ ဘယ်လိုဖြေရှင်းခဲ့တဲ့အကြောင်းတွေကို Xiao Lu အား ပြောပြခဲ့တယ်။ တကယ်တော့ ဒါတွေဟာ ဝထ္ထုဇာတ်လမ်းတွေထဲက ဟာတွေကို သူလိုသလို လှည့်ပတ်ပြောခဲ့ခြင်းဖြစ်ပါတယ်။

အပြောကြွယ်ခဲ့သူဖြစ်တာကြောင့် သူစကားတွေကို  Xiao Lu က သူ့ကို ရဲအရာရှိတစ်ယောက်လို့ လုံးဝယုံကြည်ခဲ့ပြီး သူတို့နှစ်ဦးရင်းနှီးသွားခဲ့တယ်။ အဲဒီကတစ်ဆင့် ချစ်သူတွေဖြစ်သွားခဲ့ပြီး လက်ထပ်ဖို့ စီစဉ်ကြတယ်။ အဲဒီအချိန်မှာပဲ Xiao Lu ရဲ့အစ်ကိုတစ်ယောက်ဟာ သူ့စကားတွေကို မယုံခဲ့ဘူး။ သူတက်ခဲ့တယ်ဆိုတဲ့ ရဲအရာရှိ အကယ်ဒမီသင်တန်းကျောင်းကို သွားစုံစမ်းခဲ့တယ်။ အဲဒီမှာတင် Wang ရဲ့ ရဲအရာရှိ ID ဟာ အဲဒီအကယ်ဒမီရဲ့စာရင်းမှာ မရှိခဲ့ဘူး ဆိုတာကို သိသွားတယ်။ Wang ဟာ လူလိမ်တစ်ယောက်ပါ တကယ်မရှိပါဘူးလို့ Xiao Lu အစ်ကို က အသိုင်းအဝိုင်းတစ်ခုလုံးကို ဖွင့်ချခဲ့တယ်။

ဒါပေမယ့် Wang ကတော့ လှုပ်လှုပ်ရှားရှားမဖြစ်ခဲ့ပါဘူး။ မှန်ပါတယ် သူ့ ID နံပါတ်မှာ အဲဒီသင်တန်းကျောင်းမှာ မရှိတာက  သူဟာသင်တန်းတက်စဉ်က အခြားနံပါတ်တစ်ခု နဲ့ တက်ခဲ့လို့ပါလို့ အေးအေးဆေးဆေး ပြန်ပြောတယ်။ အားလုံးက Wang ကို ပြန်ယုံသွားကြတယ်။ Xiao Lu အစ်ကို ကလည်း ထပ်မစုံစမ်းတော့တဲ့အတွက် ဘာပြသနာမှ ထပ်မဖြစ်တော့ပါဘူး။

လက်ထပ်ပြီးတဲ့နောက်မှာတော့ Wang ဟာ ဇနီးဖြစ်သူကို သူဟာရဲအရာရှိဆိုပေမယ့် အရေးကြီးပြီးလျို့ဝှက်တဲ့ Case တွေကို ကိုင်ရတဲ့သူဖြစ်တာကြောင့် သူ့အကြောင်းကို ဘယ်သူ့ကိုမှ သွားမပြောနဲ့လို့ ပြောထားခဲ့တယ်။ နေ့တိုင်းဝတ်စုံအပြည့်နဲ့ ထွက်သွားလေ့ရှိတဲ့ Wang ကို ဇနီးဖြစ်သူက ယုံကြည်တယ်။ ပြီးတော့ Wang ဟာ နေ့တိုင်းမှာ သူလိုက်ခဲ့တဲ့ အမှုအခင်း တွေနဲ့ ဒေသရဲ့ ရာဇဝတ်မှုတွေကို ဇနီးကိုပြောပြလေ့ရှိတယ်။ တကယ်တော့ သူဖတ်ခဲ့တဲ့ ရဲဝထ္ထုစာအုပ်တွေထဲက အကြောင်းတွေနဲ့ တရုတ်ရဲဌာန အွန်လိုင်းအကောင့်က သတင်းတွေသာဖြစ်ပါတယ်။

ဒါတင်မကသေးဘူး Xiao Lu ရဲ့ဝမ်းကွဲအစ်ကိုတစ်ယောက် ခိုးမှုနဲ့ အဖမ်းခံရတော့ Xiao Lu မိသားစုက Wang ထံ အကူအညီတောင်းကြတယ်။ Wang ဟာ ရှေ့နေတစ်ယောက်နဲ့အတူ ဒီအမှုကလွတ်အောင် ကူညီပေးခဲ့တယ်။ ဒီမှာတင်သူ့ကို ပိုယုံကြည်သွားကြတယ်။ သူငယ်ချင်းတစ်ယောက် မှုးပြီးကားမောင်းမှု နဲ့ အဖမ်းခံရတော့လည်း Wang ကို အကူအညီလာတောင်းတယ်။ Wang က ကူညီမယ်လို့ပြောခဲ့တယ်။ ထောင်ချခံရမယ့် အမှုကနေ လိုင်စင်ပိတ်ခံရတဲ့ အဆင့်အထိပဲ ရောက်သွားတယ်။ သူငယ်ချင်းက Wang ကို ကျေးဇူးတင်ပြီး အခြားသူငယ်ချင်းတွေကလည်း Wang ကို ရဲအရာရှိအဖြစ် ပိုယုံသွားကြတယ်။ တကယ်တော့ ဒါဟာ Wang ကူညီခဲ့လို့မဟုတ်ပဲ စစ်ဆေးတဲ့အခါ သူ့ရဲ့သွေးထဲမှ အရက်ပါဝင်မှုက လျော့နည်းနေလို့ ဖြစ်ပါတယ်။

အမှုအခင်းအမျိုးမျိုးကို စွမ်းစွမ်းတမံဖြေရှင်းနေတယ်လို့ အားလုံးက ယုံကြည်နေကြတဲ့ Wang ဟာ ကတယ်တမ်းတော့ သူ့ရဲ့အချိန်အားလုံးကို ဟိုတယ် နဲ့ အရှုံးပေါ်နေတဲ့ သူ့ရဲ့ပုံနှိပ်စက်လုပ်ငန်းမှာ သုံးပြီးနေထိုင်ခဲ့တာဖြစ်ပါတယ်။ လိုအပ်တဲ့ငွေကြေးအားလုံးကို သူ့ကို အရာရှိလို့ ယုံကြည်နေတဲ့သူတွေ ထံကနေ ချေးပြီးသုံးနေခဲ့တာဖြစ်ပါတယ်။

အားလုံးကို ပိပိရိရိလိမ်ခဲ့တဲ့ Wang ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာတော့ ရဲအရာရှိယောင်ဆောင်မှု နဲ့ အဖမ်းခံခဲ့ရပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့အကြွေးဟာ ယွန် ၂သန်း (ဒေါ်လာ ၃သိန်းနီးပါး) ရှိနေခဲ့ပြီဖြစ်ပါတယ်။ Wang ရဲ့ အိမ်ကို စစ်ဆေးခဲ့တဲ့အချိန်မှာတော့ ယူနီဖောင်းအတု ၊ အိုင်ဒီကဒ်အတု နဲ့ လက်ထိပ်တွေကိုပါ တွေ့ရှိခဲ့ကြပါတယ်။ ရဲတွေက ဘာကြောင့် အခုလို လိမ်ခဲ့သလဲ လို့ Wang ကို စစ်ဆေးခဲ့တဲ့အခါမှာတော့

လွန်ခဲ့တဲ့ ၁၂နှစ်က အစ်ကိုဖြစ်သူကို ရဲအရာရှိယောင်ဆောင်ရင်း အကူအညီပေးပြီးတဲ့နောက် အားလုံးက အလေးထားဆက်ဆံခံရတဲ့ ရဲအရာရှိဘဝကို သာယာလာကြောင်း ၊ အဲဒီကနေမှ အလိမ်အညာပေါင်းများစွာကို လုပ်ကြံပြောရင်း အထင်ကြီးခံရတဲ့ဘဝကို မရပ်တန့်ချင်တာကြောင့် အခုအချိန်အထိ လိမ်ညာနေထိုင်ခဲ့ခြင်း ဖြစ်တယ် လို့ ဆိုခဲ့ပါတယ်။

သူ့ရဲ့ဇနီးသည်သာမက သူ့ကို ရဲအရာရှိအဖြစ် နှစ်ပေါင်းများစွာ ယုံကြည်ဆက်ဆံခဲ့တဲ့သူတွေကတော့ အခုလို Wang ရဲ့ အဖြစ်မှန်ကို ကြားရပြီးတဲ့နောက်မှာ ပါးစပ်အဟောင်းသားနဲ့ တအံတဩဖြစ်ကုန်ကြမှာ အမှန်ပါပဲ။

 

Leave a Reply