ရေသ့ႀကီး ဦးခႏၲီ ကိုတရားစြဲခဲ့သူ စန္စီခင္ေလး

Posted on

ေရးသားသူ – ေဒါက္တာမင္းေဆြ

ဟိုေရွးယခင္ကပင္ မႏၲေလးေတာင္ေပၚ မွာ မႏၲေလးၿမိဳ႕ ကို ဒီေနရာမွာ တည္ရစ္လိမ့္မယ္ လို႔ျ မတ္စြာဘုရား ဗ်ာဒိတ္ေပးေတာ္မူဟန္ သစ္သားနဲ႔ ထုလုပ္ထားတဲ့ ဗ်ာဒိတ္ေပး ႐ုပ္တုေတာ္ႀကီးတစ္ဆူ ရွိပါတယ္။ တစ္ခ်ိန္မွာ မႏၲေလးေတာင္ မီးေလာင္လို႔ ႐ုပ္တုေတာ္ႀကီးပါ မီးသင့္ပ်က္စီးခဲ့ပါတယ္။

ဒါ့ေၾကာင့္၁၉၀၅-ခုႏွစ္ေလာက္မွာ ဗမာဘုရင္ရဲ႕ အဆက္ အႏြယ္ေတာ္ျဖစ္တဲ့ ဘုန္းေတာ္ႀကီး ( ဦးနႏၵိယ) က ဗ်ာဒိတ္ေပး ကိုယ္ေတာ္ႀကီးတစ္ဆူ ထပ္မံ ထုလုပ္ဖို႔ အထက္ အညာေဒသ က အလြန္ႀကီး အလြန္ေခ်ာတဲ့ သစ္တုံးႀကီး တစ္တံုး ကို အလွဴခံကာ မႏၲေလးေတာင္ေျခေရာက္ေအာင္ သယ္ယူခဲ့ ပါတယ္။ ႐ုပ္တုေတာ္ ထုလုပ္ဖို႔ အလွဴေငြမ်ားလည္း ေကာက္ခံပါတယ္။

အဲဒီ အခ်ိန္မွာ (မိုးနဲစစ္ကဲႀကီးကေတာ္ ခင္ေလး) ဆိုသူဟာ မႏၲေလး ရဲ႕ ၿမိဳ႕ေရး ရြာေရး ေတြမွာ အလြန္တြင္က်ယ္ ေနပါတယ္။ဘယ္သူမွေတာ့ သူ႔ဇစ္ျမစ္ ကို ေသခ်ာ မသိပါဘူး။ သူဟာ Burma Curio Shop ဆိုၿပီး အႏုပညာ ပစၥည္းေတြ ေရာင္းတဲ့ ဆိုင္ ဖြင့္ထားပါတယ္။ ႏုိင္ငံျခားသားေတြ လိုခ်င္တဲ့ ဗမာအႏုပညာ ပစၥည္းမွန္သမွ် သူ႔ဆိုင္မွာ အကုန္ရွိပါတယ္။တစ္ျခားဆိုင္ေတြထက္ ၄-ဆေလာက္ ေစ်းႀကီးပါတယ္။ သူ႔ဆိုင္မွာ ငယ္ငယ္ ေခ်ာေခ်ာ အေရာင္းစာေရးမေလးေတြ ရွိပါတယ္။ ဘုရင္ခံ မႏၲေလး လာရင္ အဲဒီ ကေလးမေလးေတြနဲ႔ မိတ္ဆက္ေပးပါတယ္။

မႏၲေလးၿမိဳ႕သူ ၿမိဳ႕သားေတြ ကေတာ့ သူ ့ ကို (စန္စီ ခင္ေလး) လို႔ပဲ ေခၚပါတယ္။ အေၾကာင္း ကေတာ့ သူဟာ မႏၲေလးတ႐ုတ္တန္းမွာ ရွိတဲ့ မ်က္ႏွာႀကီး ဖဲဝိုင္းေတြ မွာ အၿမဲဖဲကစား ပါတယ္။တ႐ုတ္ လို (စန္စီ ) လို႔ေခၚတဲ့ ၇-ပြင့္ ဖဲ ကိုကိုင္ၿပီး ေစာင့္ေနတတ္လြန္း လို႔ သူ႔ ကို (စန္စီခင္ေလး) လို႔ ေခၚတာပါ။

အဲဒီအခ်ိန္က သူဟာ အသက္ ၆၀-ေက်ာ္ ဝဝ ခန္႔ခန္႔ အသားျဖဴျဖဴ လံုးႀကီးေပါက္လွ ျဖစ္ၿပီး တ႐ုတ္အက်ႌရင္ဖံုး ၊ပဝါကို ေဒဝီျခံဳ ျခံဳ၊ထိပ္ဆံခ်ၿပီး ထဘီ ဒရြတ္ဆြဲ ဒရင့္တိုက္ ဝတ္ပါတယ္။ မင္းပြဲ စိုးပြဲ မွန္သမွ် ေရာက္သလို အရာရွိ ႀကီး ငယ္မ်ားနဲ႔လည္း လက္ပြန္းတတီး ေနပါတယ္။

၁၉၁၅-ခုႏွစ္ က ဘုရင္ခံ ရဲ႕ အတြင္းဝန္ အိုင္စီအက္စ္ တစ္ေယာက္ ကို သူ႔တူမတစ္ေယာက္နဲ႔ ညိစြန္းတယ္ လို႔ ဆို ကာ တစ္ပတ္ အတြင္း သူ႔တူမ ကို ယူရင္ယူ၊ မယူရင္ ေလ်ာ္ေၾကးေငြ ေပးရမယ္လို႔ တရားစြဲပါတယ္။၇-ရက္ေျမာက္တဲ့ ေန႔ မွာ စြပ္စြဲ ခံရတဲ့ အိုင္စီအက္စ္ မစၥတာ လူဝီဆင္ဟာ ေမၿမိဳ႕ မွာ အနားယူေနတဲ့ ဘုရင္ခံ အနား ကေန မႏၲေလး ကို အေျပးအလႊား လာၿပီး ေလ်ာ္ေၾကးေငြ ၂-ေသာင္း ေပးရပါတယ္။ အဲဒီေခတ္ က ေငြ ၂-ေသာင္းတန္ဘိုး မွန္းၾကည့္လို႔ရပါတယ္။ သူ႔တူမ ဆိုသူ ကိုလည္း ဇာတ္ျမႇဳပ္လိုက္ပါတယ္။ ဒီေလာက္ထိ စန္စီခင္ေလး စြမ္းပါတယ္။

အဲဒီ အမ်ိဳးသမီးႀကီး ဟာ ဗ်ာဒိတ္ေပးကိုယ္ေတာ္ႀကီး ထုလုပ္မယ့္ သစ္တံုးႀကီး ပင့္လာကတည္း က သာသနာ အက်ိဳးေဆာင္ရြက္ပါတယ္ ဆိုၿပီး သစ္တုံးႀကီးနား က မခြာေတာ့ပါဘူး။သစ္တုံးႀကီးကို အေၾကာင္းျပဳ ကာ အလွဴေငြ အေျမာက္ အမ်ား ရပါတယ္။ ေနာက္ေတာ့ စန္စီခင္ေလး က ဦးနႏၵိယ ကို ရွင္ဘုရင္လုပ္ခ်င္တဲ့သူ လို႔ အဂၤလိပ္ အစိုးရကို တိုင္ပါတယ္။ ပုန္ကန္မည့္မင္းသား လို႔ ဆိုကာ ဦးနႏၵိယ အဖမ္းခံရပါတယ္။ စန္စီခင္ေလး အလွဴခံပံုး မွန္သမွ် လက္ဝါးႀကီး အုပ္ပါေတာ့တယ္။ ႐ုပ္တုေတာ္ႀကီး မၿပီးမခ်င္း အလွဴခံပါတယ္။ ႐ုပ္တုေတာ္ႀကီး လည္းႏွစ္ အေတာ္ၾကာမွ ထုလုပ္ၿပီးစီးပါတယ္။

႐ုပ္တုေတာ္ႀကီး ၿပီးေျမာက္ သြားေပမယ့္လည္း စန္စီ ခင္ေလး က ႐ုပ္တုေတာ္ႀကီး အတြက္ ေက်ာက္အုတ္နဲ႔ ဂႏၶကုဋီ ေဆာက္ဖို႔ လို႔ဆို ကာ ေက်ာက္အုတ္ တစ္လံုး ၁-က်ပ္နဲ႔ ဆက္လက္ အလွဴခံျပန္ပါတယ္။ အလွဴခံအုတ္ ၂-ေသာင္း၊၃-ေသာင္း ရေနေပမယ့္လည္း ဂႏၶကုဋီတိုက္ မေဆာက္ေသးပါဘူး။

အဲဒီ အခ်ိန္မွာ ရေသ့ႀကီး ဦးခႏၲီ မႏၲေလး ကို ေရာက္လာပါတယ္။ ရေသ့ႀကီး က ေတာင္ခြင္ သာသနာပိုင္ အမွဴးျပဳတဲ့ သံဃာေတာ္မ်ားနဲ႔ ၿမိဳ႕မိၿမိဳ႕ဖေတြ ထံ မႏၲေလးေတာင္ျပဳျပင္ဖို႔ အနဴးအၫြတ္ ေတာင္းခံပါတယ္။ ဗ်ာဒိတ္ေပး ကိုယ္ေတာ္ႀကီး ကလြဲလို႔ တစ္ေတာင္လံုး ျပဳျပင္ဖို႔ အားလံုး က သေဘာတူ ခြင့္ျပဳၾကပါတယ္။ (၂-၃-၁၉၀၈) မွာ ဦးခႏၲီ မႏၲေလးေတာင္ တက္ခဲ့ ပါတယ္။

စန္စီ ခင္ေလး က ဦးခႏၲီ မႏၲေလးေတာင္ေပၚမွာ မေနႏုိင္ေအာင္ အမ်ိဳးမ်ိဳး ေႏွာက္ယွက္ပါတယ္။ ဘာသာေရး အဓိက႐ုဏ္း ျဖစ္လုနီး အေျခ အေနထိ ေရာက္ပါတယ္။ ဒီမွာတင္ မႏၲေလး ၿမိဳ႕သူၿမိဳ႕သားေတြ ႏုိးၾကားလာၿပီး စန္စီ ခင္ေလး မႏၲေလးေတာင္ေပၚ မတက္ေရး လွဳပ္ရွားၾကလို႔ ပုဒ္မ ၁၄၄-ထုတ္ကာ စန္စီ ခင္ေလး ကို တားရပါတယ္။ ေနာက္၂-လၾကာ ပုဒ္မ ၁၄၄-အမိန္႔ ကုန္ခါနီးေတာ့ ဗုဒၶဘာသာ လူႀကီးလူေကာင္း ၆-ေယာက္ က စန္စီခင္ေလး ကို တရားစြဲ ပါတယ္။ ၁-ႏွစ္ေလာက္ အမႈရင္ဆိုင္ၿပီး ေတာ့ စန္စီ ခင္ေလး တရားရွဳံးပါတယ္။

ဦးခႏၲီ က စန္စီခင္ေလး အလွဴခံထားတဲ့ ေက်ာက္အုတ္ အားလံုး ကို ဂႏၶကုဋီတိုက္ ေဆာက္လိုက္ပါတယ္။ ဒါကို စန္စီခင္ေလး က သူ႔ေက်ာက္အုတ္ေတြခိုးပါတယ္ ဆိုၿပီး ၿမိဳ႕လူထုဘက္ က ေရွ႕ေနလိုက္ေပးတဲ့ ေရွ႕ေန ဦးခင္ေမာင္ေဒြး ကို ခိုးမႈပုဒ္မ ၃၇၉-နဲ႔ တရားစြဲ ပါတယ္။ ရေသ့ႀကီး ဦးခႏၲီ ကိုလည္း ခိုးမႈ အားေပးမႈ ပုဒ္မ ၁၀၉-နဲ႔ တရားစြဲ ျပန္ပါတယ္။ ဒါေပမယ့္ ေရွ႕ေနႀကီး နဲ႔ ဦးခႏၲီ တို႔ဟာ သူတို႔ ကိုယ္က်ိဳး အတြက္ တစ္ျပား တစ္ခ်ပ္မွ အသံုးျပဳျခင္း မရွိ လို႔ တရားစြဲ လို႔ မရပါဘူး။ အမႈပိတ္လိုက္ရပါတယ္။ အဲဒီအခ်ိန္ကစၿပီး စန္စီခင္ေလး မႏၲေလးေတာင္ေပၚ က ဆင္းရၿပီး ရေသ့ႀကီး ဦးခႏၲီ က မႏၲေလးေတာင္တစ္ခုလံုး ျပဳျပင္ႏုိင္ပါေတာ့တယ္။

ကိုးကား။
၁။ ေအာင္ဗလ စိန္ကတံုး ဖိုးစိန္၊လူထု ေဒၚ အမာ၊စာ-၃၀၁-၃၀၆။
၂။ ကိုယ္တိုင္ေရး အတၳဳပၸတၱိ၊စစ္ကိုင္း ဦးဘိုးသင္း၊စာ-၃၈၈-၃၈၉။
၃။ မႏၲေလးေတာင္ ရေသ့ႀကီး ဦးခႏၲီ၊ေမာင္ပုဆိုးၾကမ္း။

၄။ စန္စီ ခင္ေလး နဲ႔ မႏၲေလးေတာင္၊ေႁမြႀကီး ၂-ေကာင္ နဲ႔ မႏၲေလးေတာင္၊လူထု ေဒၚအမာ၊ ဓနမဂၢဇင္း၊ေအာက္တိုဘာ၊၉၇၊တြဲ-၈၊အမွတ္-၁။
၅။ ကၽြန္မတို႔ မႏၲေလး က မႏၲေလးေတာင္၊လူထုေဒၚ အမာ၊စာ-၄၄၊၅၄။
ဓာတ္ပုံ – မီးငွက္ မႏၱေလးသား ( Nwe Nwe Htain မွ တဆင့္)

 ေဒါက္တာမင္းေဆြ

—————

ရသေ့ကြီး ဦးခန္တီ ကိုတရားစွဲခဲ့သူ စန်စီခင်လေး (unicode)

ရေးသားသူ – ဒေါက်တာမင်းဆွေ

ဟိုရှေးယခင်ကပင် မန္တလေးတောင်ပေါ် မှာ မန္တလေးမြို့ ကို ဒီနေရာမှာ တည်ရစ်လိမ့်မယ် လို့ျ မတ်စွာဘုရား ဗျာဒိတ်ပေးတော်မူဟန် သစ်သားနဲ့ ထုလုပ်ထားတဲ့ ဗျာဒိတ်ပေး ရုပ်တုတော်ကြီးတစ်ဆူ ရှိပါတယ်။ တစ်ချိန်မှာ မန္တလေးတောင် မီးလောင်လို့ ရုပ်တုတော်ကြီးပါ မီးသင့်ပျက်စီးခဲ့ပါတယ်။

ဒါ့ကြောင့်၁၉၀၅-ခုနှစ်လောက်မှာ ဗမာဘုရင်ရဲ့ အဆက် အနွယ်တော်ဖြစ်တဲ့ ဘုန်းတော်ကြီး ( ဦးနန္ဒိယ) က ဗျာဒိတ်ပေး ကိုယ်တော်ကြီးတစ်ဆူ ထပ်မံ ထုလုပ်ဖို့ အထက် အညာဒေသ က အလွန်ကြီး အလွန်ချောတဲ့ သစ်တုံးကြီး တစ်တုံး ကို အလှူခံကာ မန္တလေးတောင်ခြေရောက်အောင် သယ်ယူခဲ့ ပါတယ်။ ရုပ်တုတော် ထုလုပ်ဖို့ အလှူငွေများလည်း ကောက်ခံပါတယ်။

အဲဒီ အချိန်မှာ (မိုးနဲစစ်ကဲကြီးကတော် ခင်လေး) ဆိုသူဟာ မန္တလေး ရဲ့ မြို့ရေး ရွာရေး တွေမှာ အလွန်တွင်ကျယ် နေပါတယ်။ဘယ်သူမှတော့ သူ့ဇစ်မြစ် ကို သေချာ မသိပါဘူး။ သူဟာ Burma Curio Shop ဆိုပြီး အနုပညာ ပစ္စည်းတွေ ရောင်းတဲ့ ဆိုင် ဖွင့်ထားပါတယ်။ နိုင်ငံခြားသားတွေ လိုချင်တဲ့ ဗမာအနုပညာ ပစ္စည်းမှန်သမျှ သူ့ဆိုင်မှာ အကုန်ရှိပါတယ်။တစ်ခြားဆိုင်တွေထက် ၄-ဆလောက် ဈေးကြီးပါတယ်။ သူ့ဆိုင်မှာ ငယ်ငယ် ချောချော အရောင်းစာရေးမလေးတွေ ရှိပါတယ်။ ဘုရင်ခံ မန္တလေး လာရင် အဲဒီ ကလေးမလေးတွေနဲ့ မိတ်ဆက်ပေးပါတယ်။

မန္တလေးမြို့သူ မြို့သားတွေ ကတော့ သူ့ ကို (စန်စီ ခင်လေး) လို့ပဲ ခေါ်ပါတယ်။ အကြောင်း ကတော့ သူဟာ မန္တလေးတရုတ်တန်းမှာ ရှိတဲ့ မျက်နှာကြီး ဖဲဝိုင်းတွေ မှာ အမြဲဖဲကစား ပါတယ်။တရုတ် လို (စန်စီ ) လို့ခေါ်တဲ့ ၇-ပွင့် ဖဲ ကိုကိုင်ပြီး စောင့်နေတတ်လွန်း လို့ သူ့ ကို (စန်စီခင်လေး) လို့ ခေါ်တာပါ။

အဲဒီအချိန်က သူဟာ အသက် ၆၀-ကျော် ဝဝ ခန့်ခန့် အသားဖြူဖြူ လုံးကြီးပေါက်လှ ဖြစ်ပြီး တရုတ်အင်္ကျီရင်ဖုံး ၊ပဝါကို ဒေဝီခြုံ ခြုံ၊ထိပ်ဆံချပြီး ထဘီ ဒရွတ်ဆွဲ ဒရင့်တိုက် ဝတ်ပါတယ်။ မင်းပွဲ စိုးပွဲ မှန်သမျှ ရောက်သလို အရာရှိ ကြီး ငယ်များနဲ့လည်း လက်ပွန်းတတီး နေပါတယ်။

၁၉၁၅-ခုနှစ် က ဘုရင်ခံ ရဲ့ အတွင်းဝန် အိုင်စီအက်စ် တစ်ယောက် ကို သူ့တူမတစ်ယောက်နဲ့ ညိစွန်းတယ် လို့ ဆို ကာ တစ်ပတ် အတွင်း သူ့တူမ ကို ယူရင်ယူ၊ မယူရင် လျော်ကြေးငွေ ပေးရမယ်လို့ တရားစွဲပါတယ်။၇-ရက်မြောက်တဲ့ နေ့ မှာ စွပ်စွဲ ခံရတဲ့ အိုင်စီအက်စ် မစ္စတာ လူဝီဆင်ဟာ မေမြို့ မှာ အနားယူနေတဲ့ ဘုရင်ခံ အနား ကနေ မန္တလေး ကို အပြေးအလွှား လာပြီး လျော်ကြေးငွေ ၂-သောင်း ပေးရပါတယ်။ အဲဒီခေတ် က ငွေ ၂-သောင်းတန်ဘိုး မှန်းကြည့်လို့ရပါတယ်။ သူ့တူမ ဆိုသူ ကိုလည်း ဇာတ်မြှုပ်လိုက်ပါတယ်။ ဒီလောက်ထိ စန်စီခင်လေး စွမ်းပါတယ်။

အဲဒီ အမျိုးသမီးကြီး ဟာ ဗျာဒိတ်ပေးကိုယ်တော်ကြီး ထုလုပ်မယ့် သစ်တုံးကြီး ပင့်လာကတည်း က သာသနာ အကျိုးဆောင်ရွက်ပါတယ် ဆိုပြီး သစ်တုံးကြီးနား က မခွာတော့ပါဘူး။သစ်တုံးကြီးကို အကြောင်းပြု ကာ အလှူငွေ အမြောက် အများ ရပါတယ်။ နောက်တော့ စန်စီခင်လေး က ဦးနန္ဒိယ ကို ရှင်ဘုရင်လုပ်ချင်တဲ့သူ လို့ အင်္ဂလိပ် အစိုးရကို တိုင်ပါတယ်။ ပုန်ကန်မည့်မင်းသား လို့ ဆိုကာ ဦးနန္ဒိယ အဖမ်းခံရပါတယ်။ စန်စီခင်လေး အလှူခံပုံး မှန်သမျှ လက်ဝါးကြီး အုပ်ပါတော့တယ်။ ရုပ်တုတော်ကြီး မပြီးမချင်း အလှူခံပါတယ်။ ရုပ်တုတော်ကြီး လည်းနှစ် အတော်ကြာမှ ထုလုပ်ပြီးစီးပါတယ်။

ရုပ်တုတော်ကြီး ပြီးမြောက် သွားပေမယ့်လည်း စန်စီ ခင်လေး က ရုပ်တုတော်ကြီး အတွက် ကျောက်အုတ်နဲ့ ဂန္ဓကုဋီ ဆောက်ဖို့ လို့ဆို ကာ ကျောက်အုတ် တစ်လုံး ၁-ကျပ်နဲ့ ဆက်လက် အလှူခံပြန်ပါတယ်။ အလှူခံအုတ် ၂-သောင်း၊၃-သောင်း ရနေပေမယ့်လည်း ဂန္ဓကုဋီတိုက် မဆောက်သေးပါဘူး။

အဲဒီ အချိန်မှာ ရသေ့ကြီး ဦးခန္တီ မန္တလေး ကို ရောက်လာပါတယ်။ ရသေ့ကြီး က တောင်ခွင် သာသနာပိုင် အမှူးပြုတဲ့ သံဃာတော်များနဲ့ မြို့မိမြို့ဖတွေ ထံ မန္တလေးတောင်ပြုပြင်ဖို့ အနူးအညွတ် တောင်းခံပါတယ်။ ဗျာဒိတ်ပေး ကိုယ်တော်ကြီး ကလွဲလို့ တစ်တောင်လုံး ပြုပြင်ဖို့ အားလုံး က သဘောတူ ခွင့်ပြုကြပါတယ်။ (၂-၃-၁၉၀၈) မှာ ဦးခန္တီ မန္တလေးတောင် တက်ခဲ့ ပါတယ်။

စန်စီ ခင်လေး က ဦးခန္တီ မန္တလေးတောင်ပေါ်မှာ မနေနိုင်အောင် အမျိုးမျိုး နှောက်ယှက်ပါတယ်။ ဘာသာရေး အဓိကရုဏ်း ဖြစ်လုနီး အခြေ အနေထိ ရောက်ပါတယ်။ ဒီမှာတင် မန္တလေး မြို့သူမြို့သားတွေ နိုးကြားလာပြီး စန်စီ ခင်လေး မန္တလေးတောင်ပေါ် မတက်ရေး လှုပ်ရှားကြလို့ ပုဒ်မ ၁၄၄-ထုတ်ကာ စန်စီ ခင်လေး ကို တားရပါတယ်။ နောက်၂-လကြာ ပုဒ်မ ၁၄၄-အမိန့် ကုန်ခါနီးတော့ ဗုဒ္ဓဘာသာ လူကြီးလူကောင်း ၆-ယောက် က စန်စီခင်လေး ကို တရားစွဲ ပါတယ်။ ၁-နှစ်လောက် အမှုရင်ဆိုင်ပြီး တော့ စန်စီ ခင်လေး တရားရှုံးပါတယ်။

ဦးခန္တီ က စန်စီခင်လေး အလှူခံထားတဲ့ ကျောက်အုတ် အားလုံး ကို ဂန္ဓကုဋီတိုက် ဆောက်လိုက်ပါတယ်။ ဒါကို စန်စီခင်လေး က သူ့ကျောက်အုတ်တွေခိုးပါတယ် ဆိုပြီး မြို့လူထုဘက် က ရှေ့နေလိုက်ပေးတဲ့ ရှေ့နေ ဦးခင်မောင်ဒွေး ကို ခိုးမှုပုဒ်မ ၃၇၉-နဲ့ တရားစွဲ ပါတယ်။ ရသေ့ကြီး ဦးခန္တီ ကိုလည်း ခိုးမှု အားပေးမှု ပုဒ်မ ၁၀၉-နဲ့ တရားစွဲ ပြန်ပါတယ်။ ဒါပေမယ့် ရှေ့နေကြီး နဲ့ ဦးခန္တီ တို့ဟာ သူတို့ ကိုယ်ကျိုး အတွက် တစ်ပြား တစ်ချပ်မှ အသုံးပြုခြင်း မရှိ လို့ တရားစွဲ လို့ မရပါဘူး။ အမှုပိတ်လိုက်ရပါတယ်။ အဲဒီအချိန်ကစပြီး စန်စီခင်လေး မန္တလေးတောင်ပေါ် က ဆင်းရပြီး ရသေ့ကြီး ဦးခန္တီ က မန္တလေးတောင်တစ်ခုလုံး ပြုပြင်နိုင်ပါတော့တယ်။

ကိုးကား။
၁။ အောင်ဗလ စိန်ကတုံး ဖိုးစိန်၊လူထု ဒေါ် အမာ၊စာ-၃၀၁-၃၀၆။
၂။ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ၊စစ်ကိုင်း ဦးဘိုးသင်း၊စာ-၃၈၈-၃၈၉။
၃။ မန္တလေးတောင် ရသေ့ကြီး ဦးခန္တီ၊မောင်ပုဆိုးကြမ်း။

၄။ စန်စီ ခင်လေး နဲ့ မန္တလေးတောင်၊မြွေကြီး ၂-ကောင် နဲ့ မန္တလေးတောင်၊လူထု ဒေါ်အမာ၊ ဓနမဂ္ဂဇင်း၊အောက်တိုဘာ၊၉၇၊တွဲ-၈၊အမှတ်-၁။
၅။ ကျွန်မတို့ မန္တလေး က မန္တလေးတောင်၊လူထုဒေါ် အမာ၊စာ-၄၄၊၅၄။
ဓာတ်ပုံ – မီးငှက် မန္တလေးသား ( Nwe Nwe Htain မှ တဆင့်)
ဒေါက်တာမင်းဆွေ

Leave a Reply