ေရဒီယုိကုိ တီထြင္ခဲ့သူ မာကုိနီ

Posted on

ေရဒီယိုတီထြင္သူ ဂုဂလီယယ္မို မာကိုနီ (Guglielmo Marconi) ကို အီတလီ (Italy)၊ ဗိုလိုညာ (Bologna) မွာ ၁၈၇၄ က ေမြးဖြားပါတယ္။ မိဘေတြက ခ်မ္းသာႂကြယ္ဝၾကလို႔ အိမ္မွာပဲ ဆရာေတြပင့္ၿပီး ပညာသင္ေပးပါတယ္။ ၁၈၉၄ မွာ အသက္ႏွစ္ဆယ္ျပည့္တဲ့ပခါ မာကိုနီက အရင္ႏွစ္အတန္ၾကာ ဟိန္းနရစ္ခ်္ဟာ့ဇ္ (Heinrich Hertz) စမ္းသပ္ခဲ့တဲ့ အေၾကာင္းအခ်က္ေတြကို ဖတ္မိတယ္။

အဲဒီစမ္းသပ္ခ်က္ေတြက လက္ေတြ႔ထင္ရွားျပသႏိုင္တဲ့အကြက္က အလင္းေရာင္ရဲ႕ လ်င္ျမန္ျခင္းနဲ႔အတူ မ်က္စိနဲ႔မျမင္ႏုိင္တဲ့ လွ်ပ္စစ္သံလိႈင္းေတြဟာ ေလထဲမွာ ပ်ံ႕လြင့္ႏိုင္တယ္ဆိုတဲ့အခ်က္ ျဖစ္ပါတယ္။ အဲဒီအခါမွာ ဝိုင္ယာႀကိဳးမပါဘဲ သိပ္ေဝးကြာတဲ့ေနရာေတြအထိ လိုခ်င္တဲ့ အေၾကာင္းအခ်က္ကို သေကၤတနဲ႔ပို႔ႏိုင္ေတာ့မယ္လို႔ ဆိုတဲ့စိတ္ကူးဟာ မာကုိနီမွာ ခ်က္ခ်င္းမီးပြင့္သလို ဝင္းခနဲျဖစ္သြားတယ္။ ေၾကးနန္းႀကိဳးနဲ႔ ႐ိုက္ၿပီးသတင္းပို႔ေနတာထက္ အမ်ားႀကီးပိုစြမ္းတဲ့နည္း ရေတာ့မယ္လို႔ သိၿပီ။ ဥပမာ၊ ဒီနည္းနဲ႔ ပင္လယ္ထဲက သေဘၤာကို သတင္းပို႔ႏိုင္ေတာ့မယ္။

တစ္ႏွစ္ေလာက္ ႀကံစည္စိတ္ကူးေဆာင္ရြက္တဲ့အခါ ၁၈၉၄ ခုႏွစ္မွာ မာကိုနီဟာ သုံးျဖစ္တဲ့နည္းကို ေအာင္ျမင္စြာ ေဖာ္ထုတ္ႏိုင္ၿပီ။ ၁၈၉၆ ေရာက္ေတာ့ အဂၤလန္မွာ သူတီထြင္တဲ့နည္းကိုျပသလို႔ ဒီနည္းမွာ သူစတင္သူပဲ၊ မူပိုင္ျဖစ္တယ္လို႔ အသိအမွတ္ျပဳတာကို ခံရတယ္။ အဲဒီအခါ မာကိုနီက ကုမၸဏီတစ္ခုတည္ေထာင္ၿပီး ပထမဆုံး ‘မာကိုနီဂရမ္’ (Marconigram) ကို ၁၈၉၈ မွာ ပို႔လႊင့္ခဲ့တယ္။ ေနာက္တစ္ႏွစ္က်ေတာ့ သူက အဂၤလိပ္ေရလက္ၾကားကိုျဖတ္ၿပီး ဝုိင္ယာလက္မက္ေဆ့ခ်္ (Wireless Message) ပို႔ႏုိင္ပါတယ္။

သူ႔တီထြင္ခ်က္ေတြထဲမွာ အေရးပါဆုံးတစ္ခုအတြက္ မူပိုင္ခြင့္ကို ၁၉၀၀ ျပည့္မွရရွိေပမယ့္ ဒီအတြင္းမွာ သူ႔မူပိုင္အသစ္တီထြင္တဲ့နည္းေတြ အမ်ားႀကီးရွိပါတယ္။ ၁၉၀၁ ခုမွာ အတၱလန္တစ္သမုဒၵရာကိုျဖတ္ၿပီး အဂၤလန္က နယူးေဖာင္လန္ (New foundland) ကို ေရဒီယုိသတင္းပို႔ႏုိင္ခဲ့ပါတယ္။ အက္စ္အက္စ္ရီပတ္ဗလစ္ (S.S. Republic) နာမည္ရွိတဲ့သေဘၤာ ၁၉၀၉ ခုႏွစ္က ပင္လယ္မွာ တိုက္ခိုက္နစ္ျမဳပ္တဲ့အခါ အခုတီထြင္ခ်က္ရဲ႕ အသုံးတည့္ပုံကို ျပဇာတ္စင္ေပၚတင္ျပသလို ကြက္ကြက္ကြင္းကြင္း ျမင္ၾကရပါတယ္။

ေရဒီယိုသတင္းစကား (Radio message) နဲ႔ အကူအညီ ေတာင္းခံႏိုင္ခဲ့လို႔ ကယ္မယ့္သူေပၚလာၿပီး လူေျခာက္ေယာက္ကလြဲလို႔ က်န္လူအားလုံးကို ကယ္တင္ႏိုင္တယ္။ အဲဒီႏွစ္ကပဲ ဂုဂလီယယ္မိုု မာကိုနီကို သူ႔တီထြင္ခ်က္ေတြေၾကာင့္ ႏိုဘယ္လ္ဆခ်ီးျမႇင့္ျခင္းခံခဲ့ရပါတယ္။ ေနာက္တစ္ႏွစ္က်ေတာ့ ေရဒီယုိအသံလႊင့္ခ်က္ေတြကို မိုင္ေျခာက္ေသာင္းေက်ာ္ ေဝးတဲ့ အိုင္ယာလန္က အာဂ်င္တီးနားအထိ ေအာင္ျမင္စြာေပးပို႔ႏုိင္ခဲ့ပါတယ္။ တစ္လက္စတည္းဆက္ၿပီးေျပာရမယ္ဆိုရင္ ေပးပို႔တဲ့သတင္းစကားကို ေမာ့သေကၤတဝွက္ (ေမာ့ကုတ္ Morse code) စနစ္အရ အစက္၊ အတန္း (dot-and-dash) နဲ႔ ေပးပို႔ရပါတယ္။

ေရဒီယိုနဲ႔ အသံကိုပို႔လို႔ရၿပီ ဆုိတာသိေပမယ့္ ၁၉၀၆ ေရာက္မွ ဒီလိုပို႔ျဖစ္ၾကပါတယ္။ ေရဒီယိုအသံလႊင့္နည္း (radio broadcasting) ကို စီးပြားျဖစ္ (တြင္တြင္က်ယ္က်ယ္) သုံးတာကေတာ့ ၁၉၂၀ ေက်ာ္ၿပီးစႏွစ္ေတြေရာက္မွ အသုံးျပဳလာၾကပါတယ္။ အဲဒီအခါက်ေတာ့လည္း ဒီနည္းဟာ သိပ္ေခတ္စားၿပီး သိပ္အေရးပါလာပါတယ္။ အခုလို အလြန္အမင္းအေရးပါ အသုံးဝင္တဲ့နည္းကို မူပိုင္မွတ္ပုံတင္ဖို႔ ႐ုံးတက္ၿပီး ၿပိဳင္ဆိုင္ျငင္းခုံၾကေတာ့လို႔ လႈံ႔ေဆာ္ေပးသလို ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ႐ုံးေတာ္က မာကိုနီကိုပဲ၊ ဒီနည္းကို ေရွးဦးအက်ဆုံး ေဖာ္ထုတ္ႏိုင္သူလို႔ ရွင္းရွင္းလင္းလင္းပဲ ၁၉၁၄ ခုနွစ္က ဆံုးျဖတ္ခ်က္ခ်ေပးၿပီးတဲ့ေနာက္မွာ ဆက္လက္ျငင္းခုံျခင္း မျပဳၾကေတာ့ပါ။

သူ႔ဘဝ နိဂုံးမခ်ဳပ္ခင္ေနာက္ပိုင္းႏွစ္ေတြမွာ လိႈင္းတို(short wave) နဲ႔ မိုင္ခ႐ိုလိႈင္း (microwave) ဆက္သြယ္ေရးဆိုင္ရာ သုေတသနမွာ အေရးပါတဲ့အခ်က္ေတြကို ေဖာ္ထုတ္ေပးခဲ့ပါေသးတယ္။ ေရာမမွာ ၁၉၃၇ ခုႏွစ္က ကြယ္လြန္သြားပါတယ္။ မာကိုနီဟာ နည္းသစ္ရွာေပးႏိုင္သူလို႔ ထင္ေပၚေက်ာ္ၾကားတဲ့အတြက္ သူ႔ေက်းဇူးႀကီးမားတာကို ေရဒီယိုနဲ႔ပတ္သက္တဲ့ကိစၥအဝဝမွာ ထင္ထင္ရွားရွားေတြ႔ၾကရပါတယ္။ (တယ္လီေဗးရွင္း) ႐ုပ္သံလႊင့္ကို တီထြင္သူစာရင္းမွာ မာကိုနီမပါ။ ဒါေပမယ့္ ေရဒီယိုတီထြင္တာဟာ တယ္လီေဗးရွင္းရဲ႕ အင္မတန္အေရးပါတဲ့ ေရွ႕ေတာ္ေျပးမဟုတ္ပါလား။

အဲဒါေၾကာင့္ ဂုဂလီယယ္မို မာကိုနီကို တယ္လီေဗးရွင္းျဖစ္ေျမာက္ေအာင္ လုံးပန္းသူေတြစာရင္းမွာ ထည့္သြင္းရင္ နည္းလမ္းက်မယ္၊ တရားတယ္ ထင္မိပါတယ္။ ထင္ရွားတဲ့အခ်က္က ႀကိဳးမဲ့ဆက္သြယ္ေရး (wireless communication) ဟာ ေခတ္သစ္ကမာၻမွာ အင္မတန္ႀကီးက်ယ္အဖုိးတန္ေနတယ္။ ဒီနည္းကို ကိုင္စြဲၿပီး သတင္းလႊင့္တယ္။ ေဖ်ာ္ေျဖတယ္။ စစ္ေရးစစ္မႈကို ထုတ္ျပန္တယ္။ သိပၸံသုေတသနကို အသိေပးတယ္။ ရဲနဲ႔ပတ္သက္တဲ့မႈခင္းကို အမ်ားသိေစတယ္။ တျခားကိစၥ အမ်ားႀကီးမွာလည္း သုံးပါတယ္။

ကိစၥေတာ္ေတာ္မ်ားမ်ားမွာ ‘အရင္အႏွစ္ငါးဆယ္အထက္က တီထြင္ခဲ့တဲ့ေၾကးနန္း (telegraph) ကို ဆက္သုံးလည္း ျဖစ္တာပဲ’ ဆိုေပမယ့္ ကိစၥေတာ္ေတာ္မ်ားမ်ားမွာ ေရဒီယိုကို ဖယ္ထုတ္လို႔ မရပါ။ ေရဒီယိုက ဆက္သြယ္ခ်င္တယ္ဆိုရင္၊ လမ္းေပၚကယာဥ္ရထားနဲ႔ ပင္လယ္ထဲက သေဘၤာေပၚကို၊ ပ်ံသန္းေနတဲ့ ေလယာဥ္ပ်ံနဲ႔ လဟာျပင္ကၿဂိဳဟ္တု (spacecraft) အထိ လက္လွမ္းမီတယ္။ တယ္လီဖုန္းထက္ပိုၿပီး အရာေရာက္တာလည္း ရွင္းရွင္းႀကီး သိႏိုင္တယ္။

ဘာျပဳလို႔လဲဆိုေတာ့ ေရဒီယိုေနရာမွာ တယ္လီဖုန္းသုံးလည္းျဖစ္တယ္ ဆိုေပမယ့္ တယ္လီဖုန္း မေရာက္တဲ့ေနရာဆိုရင္ ေရဒီယိုသတင္းကိုပဲ သုံးၾကရမွာ ျဖစ္ပါတယ္။ မာကိုနီကို အခုေက်ာ္စြာတစ္ရာစာရင္းမွာ ဂေရဟမ္ဘဲလ္ (Graham Bell) ရဲ႕ ေရွ႕ကို ပို႔ရပါတယ္။ ဘာျပဳလို႔လဲဆိုေတာ့ တယ္လီဖုန္း (telephone) ထက္ ဝုိင္ယာလက္ (wireless)က ပိုၿပီးအရာေရာက္လို႔ ျဖစ္ပါတယ္။ အက္ဒီဆင္ (Edison) ကို မာကိုနီ (Marconi) ထက္ နည္းနည္းပိုၿပီး ေရွ႕ပို႔ထားတာကေတာ့ သူက အသစ္တီထြင္ခ်က္ေတြ သိပ္မ်ားလြန္းလို႔ ျဖစ္ပါတယ္။

မ်ားတယ္ဆိုေပမယ့္ သူ႔တီထြင္မႈေတြက အသုံးဝင္ပုံမွာ  ေရဒီယိုကို မမီပါ။ ေရဒီယိုနဲ႔ တယ္လီေဗးရွင္းေတြဟာ မိုက္ကယ္ဖာရာေဒး (Michel Faraday) နဲ႔ ဂ်ိမ္းစ္ကလပ္မက္စ္ဝဲလ္ (James Clark Maxwell) တို႔ရဲ႕ သီအိုရီေတြကို နည္းနည္းေလာက္ယူၿပီး လက္ေတြ႔လုပ္ျပတာျဖစ္လို႔ သူတို႔ႏွစ္ေယာက္ေနာက္ကို မာကိုနီကို ပို႔ထားတာလည္း တရားမွ်တပါတယ္လို႔ ထင္ပါတယ္။ ထိပ္တန္းမွာ ရွိခဲ့ဖူးတဲ့ ႏိုင္ငံေရးေခါင္းေဆာင္ လက္တစ္ဆုပ္စာေလာက္ပဲ၊ မာကိုနီလို ကမာၻမွာ ျသဇာရွိခဲ့တာျဖစ္လို႔ သူ႔ကို ဒီစာအုပ္မွာ အဆင့္ျမင့္ျမင့္ကထည့္လိုက္တာကို ဘာေၾကာင့္လဲဆိုတာ ရွင္းတယ္လို႔ ထင္ပါတယ္။

ေဒါက္တာသန္းထြန္း – ေက်ာ္စြာ ၁၀၀
စာရုိက္တင္သူ – Ko Kyaw Min Htwe

—————–

ရေဒီယိုကို တီထွင်ခဲ့သူ မာကိုနီ (unicode)

ရေဒီယိုတီထွင်သူ ဂုဂလီယယ်မို မာကိုနီ (Guglielmo Marconi) ကို အီတလီ (Italy)၊ ဗိုလိုညာ (Bologna) မှာ ၁၈၇၄ က မွေးဖွားပါတယ်။ မိဘတွေက ချမ်းသာကြွယ်ဝကြလို့ အိမ်မှာပဲ ဆရာတွေပင့်ပြီး ပညာသင်ပေးပါတယ်။ ၁၈၉၄ မှာ အသက်နှစ်ဆယ်ပြည့်တဲ့ပခါ မာကိုနီက အရင်နှစ်အတန်ကြာ ဟိန်းနရစ်ခ်ျဟာ့ဇ် (Heinrich Hertz) စမ်းသပ်ခဲ့တဲ့ အကြောင်းအချက်တွေကို ဖတ်မိတယ်။

အဲဒီစမ်းသပ်ချက်တွေက လက်တွေ့ထင်ရှားပြသနိုင်တဲ့အကွက်က အလင်းရောင်ရဲ့ လျင်မြန်ခြင်းနဲ့အတူ မျက်စိနဲ့မမြင်နိုင်တဲ့ လျှပ်စစ်သံလှိုင်းတွေဟာ လေထဲမှာ ပျံ့လွင့်နိုင်တယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ အဲဒီအခါမှာ ဝိုင်ယာကြိုးမပါဘဲ သိပ်ဝေးကွာတဲ့နေရာတွေအထိ လိုချင်တဲ့ အကြောင်းအချက်ကို သင်္ကေတနဲ့ပို့နိုင်တော့မယ်လို့ ဆိုတဲ့စိတ်ကူးဟာ မာကိုနီမှာ ချက်ချင်းမီးပွင့်သလို ဝင်းခနဲဖြစ်သွားတယ်။ ကြေးနန်းကြိုးနဲ့ ရိုက်ပြီးသတင်းပို့နေတာထက် အများကြီးပိုစွမ်းတဲ့နည်း ရတော့မယ်လို့ သိပြီ။ ဥပမာ၊ ဒီနည်းနဲ့ ပင်လယ်ထဲက သင်္ဘောကို သတင်းပို့နိုင်တော့မယ်။

တစ်နှစ်လောက် ကြံစည်စိတ်ကူးဆောင်ရွက်တဲ့အခါ ၁၈၉၄ ခုနှစ်မှာ မာကိုနီဟာ သုံးဖြစ်တဲ့နည်းကို အောင်မြင်စွာ ဖော်ထုတ်နိုင်ပြီ။ ၁၈၉၆ ရောက်တော့ အင်္ဂလန်မှာ သူတီထွင်တဲ့နည်းကိုပြသလို့ ဒီနည်းမှာ သူစတင်သူပဲ၊ မူပိုင်ဖြစ်တယ်လို့ အသိအမှတ်ပြုတာကို ခံရတယ်။ အဲဒီအခါ မာကိုနီက ကုမ္ပဏီတစ်ခုတည်ထောင်ပြီး ပထမဆုံး ‘မာကိုနီဂရမ်’ (Marconigram) ကို ၁၈၉၈ မှာ ပို့လွှင့်ခဲ့တယ်။ နောက်တစ်နှစ်ကျတော့ သူက အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပြီး ဝိုင်ယာလက်မက်ဆေ့ခ်ျ (Wireless Message) ပို့နိုင်ပါတယ်။

သူ့တီထွင်ချက်တွေထဲမှာ အရေးပါဆုံးတစ်ခုအတွက် မူပိုင်ခွင့်ကို ၁၉၀၀ ပြည့်မှရရှိပေမယ့် ဒီအတွင်းမှာ သူ့မူပိုင်အသစ်တီထွင်တဲ့နည်းတွေ အများကြီးရှိပါတယ်။ ၁၉၀၁ ခုမှာ အတ္တလန်တစ်သမုဒ္ဒရာကိုဖြတ်ပြီး အင်္ဂလန်က နယူးဖောင်လန် (New foundland) ကို ရေဒီယိုသတင်းပို့နိုင်ခဲ့ပါတယ်။ အက်စ်အက်စ်ရီပတ်ဗလစ် (S.S. Republic) နာမည်ရှိတဲ့သင်္ဘော ၁၉၀၉ ခုနှစ်က ပင်လယ်မှာ တိုက်ခိုက်နစ်မြုပ်တဲ့အခါ အခုတီထွင်ချက်ရဲ့ အသုံးတည့်ပုံကို ပြဇာတ်စင်ပေါ်တင်ပြသလို ကွက်ကွက်ကွင်းကွင်း မြင်ကြရပါတယ်။

ရေဒီယိုသတင်းစကား (Radio message) နဲ့ အကူအညီ တောင်းခံနိုင်ခဲ့လို့ ကယ်မယ့်သူပေါ်လာပြီး လူခြောက်ယောက်ကလွဲလို့ ကျန်လူအားလုံးကို ကယ်တင်နိုင်တယ်။ အဲဒီနှစ်ကပဲ ဂုဂလီယယ်မို မာကိုနီကို သူ့တီထွင်ချက်တွေကြောင့် နိုဘယ်လ်ဆချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ နောက်တစ်နှစ်ကျတော့ ရေဒီယိုအသံလွှင့်ချက်တွေကို မိုင်ခြောက်သောင်းကျော် ဝေးတဲ့ အိုင်ယာလန်က အာဂျင်တီးနားအထိ အောင်မြင်စွာပေးပို့နိုင်ခဲ့ပါတယ်။ တစ်လက်စတည်းဆက်ပြီးပြောရမယ်ဆိုရင် ပေးပို့တဲ့သတင်းစကားကို မော့သင်္ကေတဝှက် (မော့ကုတ် Morse code) စနစ်အရ အစက်၊ အတန်း (dot-and-dash) နဲ့ ပေးပို့ရပါတယ်။

ရေဒီယိုနဲ့ အသံကိုပို့လို့ရပြီ ဆိုတာသိပေမယ့် ၁၉၀၆ ရောက်မှ ဒီလိုပို့ဖြစ်ကြပါတယ်။ ရေဒီယိုအသံလွှင့်နည်း (radio broadcasting) ကို စီးပွားဖြစ် (တွင်တွင်ကျယ်ကျယ်) သုံးတာကတော့ ၁၉၂၀ ကျော်ပြီးစနှစ်တွေရောက်မှ အသုံးပြုလာကြပါတယ်။ အဲဒီအခါကျတော့လည်း ဒီနည်းဟာ သိပ်ခေတ်စားပြီး သိပ်အရေးပါလာပါတယ်။ အခုလို အလွန်အမင်းအရေးပါ အသုံးဝင်တဲ့နည်းကို မူပိုင်မှတ်ပုံတင်ဖို့ ရုံးတက်ပြီး ပြိုင်ဆိုင်ငြင်းခုံကြတော့လို့ လှုံ့ဆော်ပေးသလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရုံးတော်က မာကိုနီကိုပဲ၊ ဒီနည်းကို ရှေးဦးအကျဆုံး ဖော်ထုတ်နိုင်သူလို့ ရှင်းရှင်းလင်းလင်းပဲ ၁၉၁၄ ခုနှစ်က ဆုံးဖြတ်ချက်ချပေးပြီးတဲ့နောက်မှာ ဆက်လက်ငြင်းခုံခြင်း မပြုကြတော့ပါ။

သူ့ဘဝ နိဂုံးမချုပ်ခင်နောက်ပိုင်းနှစ်တွေမှာ လှိုင်းတို(short wave) နဲ့ မိုင်ခရိုလှိုင်း (microwave) ဆက်သွယ်ရေးဆိုင်ရာ သုတေသနမှာ အရေးပါတဲ့အချက်တွေကို ဖော်ထုတ်ပေးခဲ့ပါသေးတယ်။ ရောမမှာ ၁၉၃၇ ခုနှစ်က ကွယ်လွန်သွားပါတယ်။ မာကိုနီဟာ နည်းသစ်ရှာပေးနိုင်သူလို့ ထင်ပေါ်ကျော်ကြားတဲ့အတွက် သူ့ကျေးဇူးကြီးမားတာကို ရေဒီယိုနဲ့ပတ်သက်တဲ့ကိစ္စအဝဝမှာ ထင်ထင်ရှားရှားတွေ့ကြရပါတယ်။ (တယ်လီဗေးရှင်း) ရုပ်သံလွှင့်ကို တီထွင်သူစာရင်းမှာ မာကိုနီမပါ။ ဒါပေမယ့် ရေဒီယိုတီထွင်တာဟာ တယ်လီဗေးရှင်းရဲ့ အင်မတန်အရေးပါတဲ့ ရှေ့တော်ပြေးမဟုတ်ပါလား။

အဲဒါကြောင့် ဂုဂလီယယ်မို မာကိုနီကို တယ်လီဗေးရှင်းဖြစ်မြောက်အောင် လုံးပန်းသူတွေစာရင်းမှာ ထည့်သွင်းရင် နည်းလမ်းကျမယ်၊ တရားတယ် ထင်မိပါတယ်။ ထင်ရှားတဲ့အချက်က ကြိုးမဲ့ဆက်သွယ်ရေး (wireless communication) ဟာ ခေတ်သစ်ကမ္ဘာမှာ အင်မတန်ကြီးကျယ်အဖိုးတန်နေတယ်။ ဒီနည်းကို ကိုင်စွဲပြီး သတင်းလွှင့်တယ်။ ဖျော်ဖြေတယ်။ စစ်ရေးစစ်မှုကို ထုတ်ပြန်တယ်။ သိပ္ပံသုတေသနကို အသိပေးတယ်။ ရဲနဲ့ပတ်သက်တဲ့မှုခင်းကို အများသိစေတယ်။ တခြားကိစ္စ အများကြီးမှာလည်း သုံးပါတယ်။

ကိစ္စတော်တော်များများမှာ ‘အရင်အနှစ်ငါးဆယ်အထက်က တီထွင်ခဲ့တဲ့ကြေးနန်း (telegraph) ကို ဆက်သုံးလည်း ဖြစ်တာပဲ’ ဆိုပေမယ့် ကိစ္စတော်တော်များများမှာ ရေဒီယိုကို ဖယ်ထုတ်လို့ မရပါ။ ရေဒီယိုက ဆက်သွယ်ချင်တယ်ဆိုရင်၊ လမ်းပေါ်ကယာဉ်ရထားနဲ့ ပင်လယ်ထဲက သင်္ဘောပေါ်ကို၊ ပျံသန်းနေတဲ့ လေယာဉ်ပျံနဲ့ လဟာပြင်ကဂြိုဟ်တု (spacecraft) အထိ လက်လှမ်းမီတယ်။ တယ်လီဖုန်းထက်ပိုပြီး အရာရောက်တာလည်း ရှင်းရှင်းကြီး သိနိုင်တယ်။

ဘာပြုလို့လဲဆိုတော့ ရေဒီယိုနေရာမှာ တယ်လီဖုန်းသုံးလည်းဖြစ်တယ် ဆိုပေမယ့် တယ်လီဖုန်း မရောက်တဲ့နေရာဆိုရင် ရေဒီယိုသတင်းကိုပဲ သုံးကြရမှာ ဖြစ်ပါတယ်။ မာကိုနီကို အခုကျော်စွာတစ်ရာစာရင်းမှာ ဂရေဟမ်ဘဲလ် (Graham Bell) ရဲ့ ရှေ့ကို ပို့ရပါတယ်။ ဘာပြုလို့လဲဆိုတော့ တယ်လီဖုန်း (telephone) ထက် ဝိုင်ယာလက် (wireless)က ပိုပြီးအရာရောက်လို့ ဖြစ်ပါတယ်။ အက်ဒီဆင် (Edison) ကို မာကိုနီ (Marconi) ထက် နည်းနည်းပိုပြီး ရှေ့ပို့ထားတာကတော့ သူက အသစ်တီထွင်ချက်တွေ သိပ်များလွန်းလို့ ဖြစ်ပါတယ်။

များတယ်ဆိုပေမယ့် သူ့တီထွင်မှုတွေက အသုံးဝင်ပုံမှာ  ရေဒီယိုကို မမီပါ။ ရေဒီယိုနဲ့ တယ်လီဗေးရှင်းတွေဟာ မိုက်ကယ်ဖာရာဒေး (Michel Faraday) နဲ့ ဂျိမ်းစ်ကလပ်မက်စ်ဝဲလ် (James Clark Maxwell) တို့ရဲ့ သီအိုရီတွေကို နည်းနည်းလောက်ယူပြီး လက်တွေ့လုပ်ပြတာဖြစ်လို့ သူတို့နှစ်ယောက်နောက်ကို မာကိုနီကို ပို့ထားတာလည်း တရားမျှတပါတယ်လို့ ထင်ပါတယ်။ ထိပ်တန်းမှာ ရှိခဲ့ဖူးတဲ့ နိုင်ငံရေးခေါင်းဆောင် လက်တစ်ဆုပ်စာလောက်ပဲ၊ မာကိုနီလို ကမ္ဘာမှာ ဩဇာရှိခဲ့တာဖြစ်လို့ သူ့ကို ဒီစာအုပ်မှာ အဆင့်မြင့်မြင့်ကထည့်လိုက်တာကို ဘာကြောင့်လဲဆိုတာ ရှင်းတယ်လို့ ထင်ပါတယ်။

ဒေါက်တာသန်းထွန်း – ကျော်စွာ ၁၀၀
စာရိုက်တင်သူ – Ko Kyaw Min Htwe

Leave a Reply