အ၀တ္အစားေတြဆီက စိတ္၀င္စားစရာ သမုိင္းေၾကာင္းေလးေတြ

Posted on

ေရးသားသူ – TMK (သမန္းက်ား)
(ရတနာပံုေန႔စဥ္)

ကၽြန္ေတာ္တို ့ေန ့စဥ္၀တ္ေနတဲ့ အ၀တ္အစားေတြမွာ စိတ္၀င္စားစရာသမိုင္းေၾကာင္းေလးေတြ ရွိတာကိုေတြ ့ရပါတယ္။

ဂ်င္းေဘာင္းဘီအိတ္ေပၚက အိတ္ကပ္ေသးေသးေလး

ဂ်င္းပင္အျပာ စစျခင္းေပၚတုန္းက ေနာက္မွာအိတ္ေထာင္ တစ္လံုး၊ ေရွ ့မွာတစ္လံုး၊ ျပီးေတာ့ အဲဒီအိတ္ကပ္ေသးေသးေလး နွစ္လံုး ပါခဲ့ပါတယ္။ အဲဒီေခတ္တုန္းက အဲဒီ အိတ္ကပ္ေသးေသးေလးေတြက အိတ္ေဆာင္နာရီထည့္ဖို ့ပါ။ အခု စမတ္ဖုန္းေခတ္မွာေတာ့ ဒီအိတ္ကပ္ေတြ မလိုေတာ့ဘူးေပါ့။ သို ့ေသာ္လည္း ဂ်င္းေဘာင္းဘီေတြရဲ ့စတိုင္အတိုင္း ပါတာေတာ့ ပါေနတာပဲ။

ရွပ္အကႌ်ေတြရဲ ့ေနာက္ေက်ာက ကြင္းေလး

ရွပ္အကႌ်ေတြရဲ ့ေနာက္ေက်ာ ေကာလံေအာက္ ၄ လက္မေလာက္မွာ ကြင္းေလးတစ္ခုပါတတ္တယ္။ အဲဒါ ဘာလုပ္ဖို ့လဲ သိလား။ေက်ာင္းသားေတြ၀တ္တဲ့ရွပ္မွာ အမ်ားဆံုးပါေလ့ရွိျပီး အကႌ်ခ်ိတ္ဖို ့ျဖစ္ပါတယ္။ ေကာလံကေန ခ်ိတ္ရင္ ေကာ္လံနာသလို အကႌ်လည္း တြန္ ့ျပီး ဒီဇိုင္းပ်က္တဲ့အတြက္ ေက်ာင္းသားေတြက အဲဒီကြင္းကေနပဲ ခ်ိတ္ခဲ့ၾကတာပါ။ အဲဒါ ၁၉၆၀ က GANT အမွတ္တံဆိပ္မွာ စပါခဲ့တာပါ။

ပထမဆံုးနက္ကတိုင္

ကမၻာေပၚမွာ ပထမဆံုးေသာ နက္ကတိုင္ကို ၁၇ ရာစုမွာ လူ၀ီဘုရင္ ၁၄ က စစည္းခဲ့ပါတယ္ အဲဒီတုန္းက ခရိုေအးရွားစစ္သားေတြရဲ ့ယူနီေဖာင္းကိုသေဘာက်ျပီး ျပင္သစ္စစ္တပ္ၾကီးတစ္ခုလံုးကို နက္ကတိုင္ စည္းေစခဲ့ျခင္းျဖစ္ပါတယ္။ ေနာက္ပိုင္း ဥေရာပတစ္ခြင္ကို ပ်ံ ့နွံ ့သြားျပီး လူၾကီးလူေကာင္းမွန္ရင္ နက္ကတိုင္စည္း တဲ့ဓေလ့ ထြန္းကားခဲ့ပါတယ္။

ဂ်င္းေဘာင္းဘီအိိတ္ကပ္ေတြမွာပဲ သံၾကယ္သီးေတြပါျပန္ပါတယ္။

ၾကယ္သီးဆိုရာမွာ နွိပ္သီးပံုစံျဖစ္ျပီး အဲဒီနွိပ္သီး ကို အေပၚကအုပ္မယ့္အပိုင္းေတာ့ မပါပါဘူး။ အဲဒါ ၁၉ ရာစုကစခဲ့တာပါ။ အဲဒီတုန္းက ဂ်င္းေဘာင္းဘီကို အလုပ္ၾကမ္းသမားေတြက အ၀တ္မ်ားခဲ့ပါတယ္။ အလုပ္ၾကမ္းလုပ္ၾကေတာ့ ဟိုတိုးဒီတိုးနဲ ့ အဲဒီေဘာင္းဘီအိတ္နားမွာ လာလာျပဲပါတယ္။ အဲဒီတုန္းက ဂ်င္းထုတ္လုပ္တဲ့ Jacob Davis နဲ ့ Levi တို ့က အဲဒီျပဲတတ္တဲ့ေနရာေတြကို သံႏွိပ္သီးေတြထည့္ျပီး ပြတ္တိုက္မႈဒဏ္ခံနုိင္ေအာင္ လုပ္ခဲ့ၾကတာပါ။

အားကစားေလာကရဲ ့ ပထမဆံုး လိုဂို

အားကစားေလာကရဲ ့ ပထမဆံုး လိုဂိုအမွတ္တံဆိပ္ဟာ မိေက်ာင္းပံုလို ့ေျပာရင္ ယံုၾကမလားပဲ။ ကမၻာေက်ာ္ Lacoste အမွတ္တံဆိပ္ အကႌ်ေတြကို လူတိုင္းျမင္ဖူးၾကမွာပါ။ တရုတ္ကလည္း အတုေတြလိွမ့္ျပီး၀င္ေနတာပဲေလ။ အဲဒါ ကမၻာေက်ာ္တင္းနစ္ကစားသမား ျပင္သစ္လူမ်ိဳး Rene Lacoste ကေန စတာပါ။ သူ ့အမည္ေျပာင္က Crocodile ပါ။ ဒီေတာ့ သူ ့ဘေလဇာအကႌ်ေတြမွာ သူက မိေက်ာင္းတံဆိပ္ကို ထိုးထိုးထားခဲ့ပါတယ္။ အားကစားေလာက ကေန နားသြားေတာ့ သူ ့နာမည္နဲ ့ Lacoste ကုမၸဏီကိုဖြင့္၊ လိုဂိုကိုေတာ့ သူ ့မိေက်ာင္းလိုဂိုကုိသံုးျပီး အားကစား ၀တ္စံုမ်ိဳးစံု ထုတ္လုပ္ေရာင္းခ်ခဲ့ျခင္း ျဖစ္ပါတယ္။

ေက်ာပိုးအိတ္ေပၚက ထပ္ပိုးလႊာေလး

ေက်ာပိုးအိတ္ေပၚက ထပ္ပိုးလႊာေလးက ဘာလုပ္ဖို ့လဲ။ အလွတပ္ထားတာမဟုတ္ပါဘူး။ အဲဒီထဲကို ၾကိဳးလွ်ိဳထိုးျပီး ပစၥည္းေတြခ်ိတ္ဖို ့ပါ။ ေတာင္တက္ၾကိဳး ခ်ည္ထားလို ့ရပါတယ္။ ဖိနပ္ေတြခ်ိတ္ထားလို ့ရပါတယ္။ ေရဗူးအပိုေတြ ခ်ိတ္ထားလို ့ရပါတယ္။

YKK ဇစ္

YKK ဆိုတာ ကမၻာေပၚမွာ ဇစ္အမ်ားဆံုး ထုတ္လုပ္တဲ့ကုမၸဏီျဖစ္လို ့ပါပဲ။ YKK ဆိုတာ Yoshida Kogyo Kabushikikaisha ကုမၸဏီရဲ ့အတိုေကာက္ပါ။ ဂ်ပန္ နိုင္ငံ၊ တိုက်ိဳျမိဳ ့မွာဖြင့္လွစ္ထားျပီး ၁၉၃၄ ကတည္းက YKK အမွတ္တံဆိပ္နဲ ့ဇစ္ေတြထုတ္လုပ္ေနခဲ့ျခင္းျဖစ္ပါတယ္။ လက္ရွိလည္း YKK ဟာ တစ္နွစ္ကို ဇစ္ေပါင္း ၇ ဘီလီယံထက္မနည္း ထုတ္လုပ္ပါတယ္။ အခုပဲ သင့္အကႌ်ဇစ္ကို စစ္ၾကည့္လိုက္ပါ။ YKK ျဖစ္ဖို ့မ်ားပါတယ္။

ရွပ္ေကာ္လာမွာ ၾကယ္သီးေတြတပ္တာ

အဂၤလန္ျမင္းပိုလိုကစားသမားေတြက စခဲ့တာပါ။ အဲဒီတုန္းက သူတို ့ျမင္း စီးေတာ့ ရွပ္အကႌ်ေကာ္လံေတြကို ဖလပ္ဖလပ္နဲ ့လွန္လွန္တက္လာတာကို ပရိသတ္က အေတာ္စိတ္အေႏွာက္ အယွက္ ျဖစ္ခဲ့ၾကပါတယ္။ ဒီေတာ့ ေကာ္လံမွာ ၾကယ္တီးတပ္လိုက္ၾကတာပါ။ အခုေနာက္ပိုင္းေတာ့ နက္ကတိုင္နဲ ့ ၀တ္တဲ့ရွပ္အေတာ္မ်ားမ်ားမွာလည္း ေကာ္လံမွာ ၾကယ္သီးပါလာတာကို ေတြ ့ရပါတယ္။

ေယာက္်ားအက်ႌမွာ ၾကယ္သီးက ညာဘက္တပ္ပါတယ္။ မိန္းမ၀တ္အကႌ်မွာ ၾကယ္သီးက ဘယ္ဘက္တပ္ပါတယ္။

သက္ဦးဆံပိုင္ေခတ္ေတြမွာတုန္းက ေယာက္်ားေလးေတြက ခပ္ရွင္းရွင္းေလး၀တ္ေပမယ့္ မိန္းကေလးေတြရဲ ့ အ၀တ္အစားကေတာ့ ရွဳပ္ေထြးလြန္းလွျပီး အခိုင္းအေစ ၂ ေယာက္ေလာက္က ၀ိုင္း၀တ္ေပးခဲ့ရပါတယ္။ အဲဒီ ကတည္းက ၾကယ္သီးကို က်ာ-းညာ၊ မ-ဘယ္ ဆုိၿပီးခြဲထားခဲ့ပါတယ္။ မိန္းကေလးေတြကို အိမ္ေစတြက ၾကယ္သီးတပ္ေပးရင္ ေရွ ့ကတပ္တပ္၊ ေနာက္ကတပ္တပ္၊ လြယ္သြားေအာင္ ဘယ္ဘက္တပ္ထားခဲ့တာလို ့ ဆိုပါတယ္လို ့ အ၀တ္အစား ေတြအေၾကာင္း စိတ္၀င္စားစရာေလးေတြကို ေလ့လာေရးသား တင္ျပလိုက္ရပါတယ္။

TMK (သမန္းက်ား)
(ရတနာပံုေန႔စဥ္)

————-

အဝတ်အစားတွေဆီက စိတ်ဝင်စားစရာ သမိုင်းကြောင်းလေးတွေ (unicode)

ရေးသားသူ – TMK (သမန်းကျား)
(ရတနာပုံနေ့စဉ်)

ကျွန်တော်တို့နေ့စဉ်ဝတ်နေတဲ့ အဝတ်အစားတွေမှာ စိတ်ဝင်စားစရာသမိုင်းကြောင်းလေးတွေ ရှိတာကိုတွေ့ရပါတယ်။

ဂျင်းဘောင်းဘီအိတ်ပေါ်က အိတ်ကပ်သေးသေးလေး

ဂျင်းပင်အပြာ စစခြင်းပေါ်တုန်းက နောက်မှာအိတ်ထောင် တစ်လုံး၊ ရှေ့မှာတစ်လုံး၊ ပြီးတော့ အဲဒီအိတ်ကပ်သေးသေးလေး နှစ်လုံး ပါခဲ့ပါတယ်။ အဲဒီခေတ်တုန်းက အဲဒီ အိတ်ကပ်သေးသေးလေးတွေက အိတ်ဆောင်နာရီထည့်ဖို့ပါ။ အခု စမတ်ဖုန်းခေတ်မှာတော့ ဒီအိတ်ကပ်တွေ မလိုတော့ဘူးပေါ့။ သို့သော်လည်း ဂျင်းဘောင်းဘီတွေရဲ့စတိုင်အတိုင်း ပါတာတော့ ပါနေတာပဲ။

ရှပ်အင်္ကျီတွေရဲ့နောက်ကျောက ကွင်းလေး

ရှပ်အင်္ကျီတွေရဲ့နောက်ကျော ကောလံအောက် ၄ လက်မလောက်မှာ ကွင်းလေးတစ်ခုပါတတ်တယ်။ အဲဒါ ဘာလုပ်ဖို့လဲ သိလား။ကျောင်းသားတွေဝတ်တဲ့ရှပ်မှာ အများဆုံးပါလေ့ရှိပြီး အင်္ကျီချိတ်ဖို့ဖြစ်ပါတယ်။ ကောလံကနေ ချိတ်ရင် ကော်လံနာသလို အင်္ကျီလည်း တွန့်ပြီး ဒီဇိုင်းပျက်တဲ့အတွက် ကျောင်းသားတွေက အဲဒီကွင်းကနေပဲ ချိတ်ခဲ့ကြတာပါ။ အဲဒါ ၁၉၆၀ က GANT အမှတ်တံဆိပ်မှာ စပါခဲ့တာပါ။

ပထမဆုံးနက်ကတိုင်

ကမ္ဘာပေါ်မှာ ပထမဆုံးသော နက်ကတိုင်ကို ၁၇ ရာစုမှာ လူဝီဘုရင် ၁၄ က စစည်းခဲ့ပါတယ် အဲဒီတုန်းက ခရိုအေးရှားစစ်သားတွေရဲ့ယူနီဖောင်းကိုသဘောကျပြီး ပြင်သစ်စစ်တပ်ကြီးတစ်ခုလုံးကို နက်ကတိုင် စည်းစေခဲ့ခြင်းဖြစ်ပါတယ်။ နောက်ပိုင်း ဥရောပတစ်ခွင်ကို ပျံ့နှံ့သွားပြီး လူကြီးလူကောင်းမှန်ရင် နက်ကတိုင်စည်း တဲ့ဓလေ့ ထွန်းကားခဲ့ပါတယ်။

ဂျင်းဘောင်းဘီအိတ်ကပ်တွေမှာပဲ သံကြယ်သီးတွေပါပြန်ပါတယ်။

ကြယ်သီးဆိုရာမှာ နှိပ်သီးပုံစံဖြစ်ပြီး အဲဒီနှိပ်သီး ကို အပေါ်ကအုပ်မယ့်အပိုင်းတော့ မပါပါဘူး။ အဲဒါ ၁၉ ရာစုကစခဲ့တာပါ။ အဲဒီတုန်းက ဂျင်းဘောင်းဘီကို အလုပ်ကြမ်းသမားတွေက အဝတ်များခဲ့ပါတယ်။ အလုပ်ကြမ်းလုပ်ကြတော့ ဟိုတိုးဒီတိုးနဲ့ အဲဒီဘောင်းဘီအိတ်နားမှာ လာလာပြဲပါတယ်။ အဲဒီတုန်းက ဂျင်းထုတ်လုပ်တဲ့ Jacob Davis နဲ့ Levi တို့က အဲဒီပြဲတတ်တဲ့နေရာတွေကို သံနှိပ်သီးတွေထည့်ပြီး ပွတ်တိုက်မှုဒဏ်ခံနိုင်အောင် လုပ်ခဲ့ကြတာပါ။

အားကစားလောကရဲ့ ပထမဆုံး လိုဂို

အားကစားလောကရဲ့ ပထမဆုံး လိုဂိုအမှတ်တံဆိပ်ဟာ မိကျောင်းပုံလို့ပြောရင် ယုံကြမလားပဲ။ ကမ္ဘာကျော် Lacoste အမှတ်တံဆိပ် အင်္ကျီတွေကို လူတိုင်းမြင်ဖူးကြမှာပါ။ တရုတ်ကလည်း အတုတွေလှိမ့်ပြီးဝင်နေတာပဲလေ။ အဲဒါ ကမ္ဘာကျော်တင်းနစ်ကစားသမား ပြင်သစ်လူမျိုး Rene Lacoste ကနေ စတာပါ။ သူ့အမည်ပြောင်က Croco dile ပါ။ ဒီတော့ သူ့ဘလေဇာအင်္ကျီတွေမှာ သူက မိကျောင်းတံဆိပ်ကို ထိုးထိုးထားခဲ့ပါတယ်။ အားကစားလောက ကနေ နားသွားတော့ သူ့နာမည်နဲ့ Lacoste ကုမ္ပဏီကိုဖွင့်၊ လိုဂိုကိုတော့ သူ့မိကျောင်းလိုဂိုကိုသုံးပြီး အားကစား ဝတ်စုံမျိုးစုံ ထုတ်လုပ်ရောင်းချခဲ့ခြင်း ဖြစ်ပါတယ်။

ကျောပိုးအိတ်ပေါ်က ထပ်ပိုးလွှာလေး

ကျောပိုးအိတ်ပေါ်က ထပ်ပိုးလွှာလေးက ဘာလုပ်ဖို့လဲ။ အလှတပ်ထားတာမဟုတ်ပါဘူး။ အဲဒီထဲကို ကြိုးလျှိုထိုးပြီး ပစ္စည်းတွေချိတ်ဖို့ပါ။ တောင်တက်ကြိုး ချည်ထားလို့ရပါတယ်။ ဖိနပ်တွေချိတ်ထားလို့ရပါတယ်။ ရေဗူးအပိုတွေ ချိတ်ထားလို့ရပါတယ်။

YKK ဇစ်

YKK ဆိုတာ ကမ္ဘာပေါ်မှာ ဇစ်အများဆုံး ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်လို့ပါပဲ။ YKK ဆိုတာ Yoshida Kogyo Kabushikikaisha ကုမ္ပဏီရဲ့အတိုကောက်ပါ။ ဂျပန် နိုင်ငံ၊ တိုကျိုမြို့မှာဖွင့်လှစ်ထားပြီး ၁၉၃၄ ကတည်းက YKK အမှတ်တံဆိပ်နဲ့ဇစ်တွေထုတ်လုပ်နေခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိလည်း YKK ဟာ တစ်နှစ်ကို ဇစ်ပေါင်း ၇ ဘီလီယံထက်မနည်း ထုတ်လုပ်ပါတယ်။ အခုပဲ သင့်အင်္ကျီဇစ်ကို စစ်ကြည့်လိုက်ပါ။ YKK ဖြစ်ဖို့များပါတယ်။

ရှပ်ကော်လာမှာ ကြယ်သီးတွေတပ်တာ

အင်္ဂလန်မြင်းပိုလိုကစားသမားတွေက စခဲ့တာပါ။ အဲဒီတုန်းက သူတို့မြင်း စီးတော့ ရှပ်အင်္ကျီကော်လံတွေကို ဖလပ်ဖလပ်နဲ့လှန်လှန်တက်လာတာကို ပရိသတ်က အတော်စိတ်အနှောက် အယှက် ဖြစ်ခဲ့ကြပါတယ်။ ဒီတော့ ကော်လံမှာ ကြယ်တီးတပ်လိုက်ကြတာပါ။ အခုနောက်ပိုင်းတော့ နက်ကတိုင်နဲ့ ဝတ်တဲ့ရှပ်အတော်များများမှာလည်း ကော်လံမှာ ကြယ်သီးပါလာတာကို တွေ့ရပါတယ်။

ယောက်ျားအင်္ကျီမှာ ကြယ်သီးက ညာဘက်တပ်ပါတယ်။ မိန်းမဝတ်အင်္ကျီမှာ ကြယ်သီးက ဘယ်ဘက်တပ်ပါတယ်။

သက်ဦးဆံပိုင်ခေတ်တွေမှာတုန်းက ယောက်ျားလေးတွေက ခပ်ရှင်းရှင်းလေးဝတ်ပေမယ့် မိန်းကလေးတွေရဲ့ အဝတ်အစားကတော့ ရှုပ်ထွေးလွန်းလှပြီး အခိုင်းအစေ ၂ ယောက်လောက်က ဝိုင်းဝတ်ပေးခဲ့ရပါတယ်။ အဲဒီ ကတည်းက ကြယ်သီးကို ကျာ-းညာ၊ မ-ဘယ် ဆိုပြီးခွဲထားခဲ့ပါတယ်။ မိန်းကလေးတွေကို အိမ်စေတွက ကြယ်သီးတပ်ပေးရင် ရှေ့ကတပ်တပ်၊ နောက်ကတပ်တပ်၊ လွယ်သွားအောင် ဘယ်ဘက်တပ်ထားခဲ့တာလို့ ဆိုပါတယ်လို့ အဝတ်အစား တွေအကြောင်း စိတ်ဝင်စားစရာလေးတွေကို လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

TMK (သမန်းကျား)
(ရတနာပုံနေ့စဉ်)

Leave a Reply