ကမာၻေပၚက ဆုိးဆုိး၀ါး၀ါး အလုပ္အကုိင္ ၉ ခု

Posted on

အလုပ္လုိ႔ ဆုိလုိက္ရင္ သူ႔ဟာနဲ႔သူေတာ့ အနည္းနဲ႔ အမ်ားအခက္အခဲ ရွိၾကပါတယ္။ ကမာၻေပၚမွာ ရွိတဲ့အလုပ္ေတြထဲကမွ တခ်ဳိ႕အလုပ္ေတြကေတာ့ အသက္နဲ႔ရင္းၿပီး လုပ္ရတာေတြ ၊ ေတြးၾကည့္တာနဲ႔ စိတ္ဆင္းရဲဖုိ႔ ေကာင္းတဲ့အလုပ္ေတြျဖစ္ပါတယ္။ အခုမွ်ေ၀ေပးမွာကေတာ့ အဲဒီထဲက အလုပ္ ၉ ခု ရဲ႕ အေၾကာင္းပါ။

၁။ လမ္းအေပါက္အဖုံး ထုတ္လုပ္ေရး ၊ နယူးေယာက္

Manhole cover လုိ႔ေခၚတဲ့ လမ္းအေပါက္အဖုံးေတြကို ထုတ္လုပ္ရတဲ့အလုပ္ျဖစ္ပါတယ္။ Manhole ဆုိတာကေတာ့ လမ္းေတြရဲ႕ေအာက္မွာရွိတဲ့ ေရလုိင္း၊ မီးလုိင္း ၊ ဂတ္စ္လုိင္း ၊ ေရဆိုးျပြန္စတာေတြကို စစ္ေဆးႏုိင္ဖုိ႔ ေဖာက္ထားတဲ့အေပါက္ေတြျဖစ္ပါတယ္။ ဒီလုိအေပါက္ဖုံးေတြကို နယူးေယာက္ၿမဳိ႕အတြက္ ထုတ္လုပ္ေပးေနသူေတြကေတာ့ အိႏၵိယလုပ္သားေတြျဖစ္ပါတယ္။ တစ္ႏွစ္ကုိ နယူးေယာက္ၿမဳိ႕အတြက္ အဖုံးေပါင္း ၃၀၀၀ ခန္႔ကုိ သံေရက်ဳိၿပီးေတာ့ ထုတ္လုပ္ေပးေနပါတယ္။

ဒီလုိ သံသတၱဳေတြကုိ အရည္ႀကဳိတာမွာ 2,190° F ကေန 2,550° F အထိေတာင္ ရွိပါသတဲ့။ လုပ္သားအမ်ားစုဟာ အကာကြယ္မဲ့ လုပ္ေနရတဲ့အတြက္ အသားအေရေတြ မၾကာခဏ ေလာင္ကြ်မ္း ထိခုိက္ခံရတာေတြ ရွိပါတယ္။ ဒါေၾကာင့္လည္း ဒီအလုပ္ကုိ အႏၱရာယ္အရွိဆုံး အလုပ္တစ္ခု အျဖစ္ သတ္မွတ္ထားတာ ျဖစ္ပါတယ္။

၂။ ဆာလဖာထုတ္လုပ္ေရး ၊ အင္ဒုိနီးရွား

မီးေတာင္တြင္း ထဲကေန ဆာလဖာ ေတြကို ထုတ္ယူရတဲ့ အလုပ္ျဖစ္ပါတယ္။ အဓိကအားျဖင့္ေတာ့ အျမင့္ေပ ၈၅၃၀ေပ ရွိတဲ့ Kawah Ijen မီးေတာင္ႀကီးမွာ အလုပ္လုပ္ၾကတာျဖစ္ပါတယ္။ အပူခ်ိန္ကလည္း တခါတရံ ၄၀၀ ဒီဂရီဆဲစီးယပ္ေလာက္ အထိေတာင္ ရွိပါသတဲ့။

ဒီေလာက္ပူျပင္းၿပီး အသက္ရႈမရေလာက္ေအာင္ အခုိးအေငြ႔ေတြၾကားထဲမွာ ေဒသခံေတြဟာ ဘာအကာ အကြယ္မွ မပါပဲ လက္ႏွစ္ဖက္ကို အားကိုးကာ အလုပ္လုပ္လုပ္ေနၾကပါတယ္။ အသက္နဲ႔ရင္းကာ အလုပ္လုပ္ေနရေပမယ့္ တစ္ရက္ကို သူတုိ႔ရတဲ့အခကေတာ့ ေဒၚလာ ၁၀ ၀န္းက်င္သာ ျဖစ္ပါတယ္။

၃။ အညစ္အေၾကးရွင္းသူမ်ား ၊ အိႏၵိယ

အညစ္အေၾကး ကန္ေတြကို ၾကည့္ရျမင္ရတာ နဲ႔တင္ အန္ခ်င္သလုိျဖစ္သြားႏုိင္တဲ့ သူေတာ္ေတာ္မ်ားမ်ား ရွိႏုိင္ပါတယ္။ ဒါေပမယ့္ အိႏၵိယက အညစ္အေၾကးရွင္းတဲ့ အလုပ္ကို လုပ္တဲ့သူေတြကေတာ့ ဒီကန္ေတြထဲမွာ လက္ႏွစ္ဖက္ကို သုံးကာ တက္လုိက္ ဆင္းလုိက္ အလုပ္လုပ္ေနၾကပါတယ္။

တခါတရံ ဒီအညစ္အေၾကးေရေတြကို ငုပ္ရတာလည္း ရွိပါတယ္။ အညစ္အေၾကးေတြကို ထည့္စရာတစ္ခုထဲ ထည့္ ၿပီး စြန္႔ပစ္ေနရာေတြ ဆီ စြန္႔ပစ္ရတာပါ။ တခါတရံ သူတုိ႔အလုပ္ခ်ိန္ဟာ တစ္ေန႔ကို ၁၂နာရီ အထိရွိတတ္ေပမယ့္ ရတဲ့လုပ္အားခကေတာ့ ၁၀ေဒၚလာ ေအာက္သာ ျဖစ္ပါတယ္။

၄။ ခ်ဳိင္းနံ႔ခံသူမ်ား

သူတုိ႔ကုိေတာ့ အေမႊးအႀကဳိင္အနံ႔ခံသူမ်ား Odor testers လုိ႔ နာမည္လွလွေလးေပးထားေပမယ့္ တကယ္တမ္းကေတာ့ ေယာက်ၤား ၊ မိန္းမ အရြယ္မေရြး လူေပါင္းစုံ ရဲ႕ အနံ႔ကုိ ခံၾကတဲ့သူေတြပါ။

ခ်ဳိင္းလိမ္းဆီ နဲ႔ ေခြ်းတိတ္ေဆး ထုတ္လုပ္တဲ့ ကုမၸဏီေတြမွာ လုပ္ၾကရတာျဖစ္ပါတယ္။ ဘယ္လုိခ်ဳိင္းက ဘယ္အနံ႔ရတယ္ ၊ ဘယ္လုိအနံ႔ကုိလုိအပ္တယ္ စတာေတြကို မွတ္တမ္းတင္ရတဲ့ အလုပ္ျဖစ္ပါတယ္။

၅။ စိန္ရွာတဲ့အလုပ္ ၊ ဆီရာလီယြန္

ဆီရာလီယြန္က မုိင္းတြင္းေတြမွာ စိန္ ၊ ေရႊ ၊ ေငြ နဲ႔ အျခားသတၱဳေတြ ပါ ထြက္ရွိပါတယ္။ အစိုးရဟာ ဒီမုိင္းတြင္းေတြကေန တစ္ႏွစ္ကို ေဒၚလာ သန္း၃၂၀ ဖုိးေလာက္ ရရွိေနေပမယ့္ လုပ္သားေတြရဲ႕ လုပ္အားခကေတာ့ နည္းပါးၾကပါတယ္။

သိန္းခ်ီတဲ့ေဒသခံေတြဟာ စြန္႔ပစ္ေျမေတြထဲကေန ပင္ပင္ပမ္းပမ္း စိန္ေတြကို ရွာၾကေလ့ရွိေပမယ့္ အမႈန္အမႊားေတြကိုေတာင္ တခါတရံမွ ေတြ႔ရတတ္ပါတယ္။ ဒါေၾကာင့္လည္း၂၅၀၀၀၀ ခန္႔ ရွိတဲ့ မုိင္းတြင္းလုပ္သားေတြဟာ ေနထိုင္တဲ့ Kono ျပည္နယ္ဟာ ကမာၻ႔အဆင္းရဲဆုံး ျပည္နယ္တစ္ခု အျဖစ္ သတ္မွတ္ခံထားရတာျဖစ္ပါတယ္။

၆။ ေက်ာက္ေတာင္ဆားထုတ္လုပ္သူမ်ား ၊ အီသီယိုးပီးယား

လက္ရွိအခ်ိန္မွာ အီသီယုိးပီးယားႏုိင္ငံဟာ တုိးတက္လာၿပီလုိ႔ဆုိေပမယ့္ ႏုိင္ငံရဲ႕ေနရာအမ်ားစုကေတာ့ ဆင္းရဲလ်က္ရွိတုန္းပါ။ ဒီအထဲကမွ ဆားမုိင္းမွာ လုပ္ေနတဲ့ Afar လူမ်ုိးေတြရဲ႕ အလုပ္က အဆုိးဆုံးလုိ႔ဆုိရပါမယ္။

သဲကႏာၱရထဲက အလြန္ပူျပင္းတဲ့ ရာသီဥတုရဲ႕ေအာက္မွာ သူတုိ႔ရဲ႕ရုိးရာအလုပ္ျဖစ္တဲ့ ေက်ာက္ေတာင္ဆားေတြကို ထုတ္လုပ္ေနၾကပါတယ္။ Danakil သဲကႏာၱရလုိ႔ ေခၚတဲ့ ဒီေနရာဟာ ကမာၻ႔အပူခ်ိန္အျမင့္ဆုံး ေနရာေတြထဲက တစ္ခု ျဖစ္ပါတယ္။

၇။ လွ်ပ္စစ္၀န္ထမ္းမ်ား ၊ တရုတ္

တရုတ္ႏုိင္ငံက ဒီလုပ္သားေတြကေတာ့ အလြန္ျမင့္မားတဲ့ ဒီတာ၀ါတုိင္ေတြေပၚမွာ တပ္ဆင္ေရး နဲ႔ ထိမ္းသိမ္းေရးလုပ္ငန္းေတြကို လုပ္ၾကရပါတယ္။ ဒါ့အျပင္ အဲဒီဓာတ္အားလုိင္းေတြကလည္း အလြန္ဗုိ႔အားျပင္းပါတယ္။ အကာအကြယ္ေတြနဲ႔ အလုပ္လုပ္ၾကရတာျဖစ္ေပမယ့္ တခ်က္မွားတာနဲ႔ အသက္ေပးရမယ့္ အလုပ္ျဖစ္ပါတယ္။

၈။ ရာဇ၀တ္မႈ ေနရာရွင္းလင္းၾကသူမ်ား

ဒီအလုပ္ကေတာ့ ႏုိင္ငံေတာ္ေတ္ာမ်ားမ်ားမွာ ရွိတဲ့အလုပ္ျဖစ္ပါတယ္။ လူသတ္မႈလုိ ရာဇ၀တ္မႈေတြ ျဖစ္ပြားၿပီးတဲ့ေနာက္ အဲဒီေနရာကို ဘာမွမက်န္ေအာင္ မူလအတုိင္း သန္႔ရွင္းရတဲ့အလုပ္ျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ မခက္ခဲဘူးလုိ႔ ထင္ရေပမယ့္ ေသၿပီးတဲ့အေလာင္းကို ရက္ေပါင္းမ်ားစြာၾကာၿပီး ေတြ႔တဲ့အခါမ်ုိးေတြမွာေတာ့ အလြန္ဒုကၡေရာက္ၾကပါတယ္။ ဒီလိုအခ်ိန္မ်ဳိးမွာ ၾကြက္နဲ႔ အညစ္အေၾကး အင္းဆက္ပုိးမႊားေတြ ဟာ အဲဒီေနရာမွာ တြယ္ကပ္ေနၾကၿပီျဖစ္ပါတယ္။ အစအဆုံး သန္႔ရွင္းရတာျဖစ္တဲ့အတြက္ ပုံမွန္ဆုိရင္ ၁ရက္နဲ႔ ၿပီးေလ့ရွိေပမယ့္ တုိက္ခန္းလုိ ေနရာမ်ုိးေတြမွာေတာ့ ၂ရက္ေလာက္ အထိ အခ်ိန္ယူၾကရပါတယ္။

၉။ ျခင္စမ္းသပ္သူမ်ား

သိပၸံပညာရွင္ေတြဟာ ငွက္ဖ်ားေရာဂါကို ပိုမုိေကာင္းမြန္ေအာင္ ကာကြယ္ႏုိင္ဖုိ႔အတြက္ ဒီစမ္းသပ္တဲ့အလုပ္ကို လုပ္ၾကရပါတယ္။ ဒီလုိစမ္းသပ္မႈကေန ငွက္ဖ်ားေရာဂါကို သယ္ေဆာင္တဲ့ျခင္ေတြရဲ႕ အမူအက်င့္ေတြကိုေလ့လာၾကပါတယ္။

ဘရာဇီးက သိပၸံပညာရွင္ေတြကေတာ့ ဒီျခင္ေတြထည့္ထားတဲ့ ေလွာင္အိမ္ထဲမွာ လက္ကိုထည့္ၿပီး အကိုက္ခံကာ စမ္းသပ္ေလ့ရွိၾကပါတယ္။ ေလွာင္အိမ္ထဲ လက္မထည့္ခင္ ကာကြယ္လိမ္းေဆးေတြကို ေတာ့ လိမ္းထားပါတယ္။ ဒါေပမယ့္ ျခင္ရာေပါင္းမ်ားစြာ အကုိက္ခံရတဲ့ ခံစားမႈ ကေတာ့ အလြန္ဆုိးရြားမွာ အေသအခ်ာပါ။

သုတဇုန္

Ref : Bright Side

—————

ကမ္ဘာပေါ်က ဆိုးဆိုးဝါးဝါး အလုပ်အကိုင် ၉ ခု (unicode)

အလုပ်လို့ ဆိုလိုက်ရင် သူ့ဟာနဲ့သူတော့ အနည်းနဲ့ အများအခက်အခဲ ရှိကြပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့အလုပ်တွေထဲကမှ တချို့အလုပ်တွေကတော့ အသက်နဲ့ရင်းပြီး လုပ်ရတာတွေ ၊ တွေးကြည့်တာနဲ့ စိတ်ဆင်းရဲဖို့ ကောင်းတဲ့အလုပ်တွေဖြစ်ပါတယ်။ အခုမျှဝေပေးမှာကတော့ အဲဒီထဲက အလုပ် ၉ ခု ရဲ့ အကြောင်းပါ။

၁။ လမ်းအပေါက်အဖုံး ထုတ်လုပ်ရေး ၊ နယူးယောက်

Manhole cover လို့ခေါ်တဲ့ လမ်းအပေါက်အဖုံးတွေကို ထုတ်လုပ်ရတဲ့အလုပ်ဖြစ်ပါတယ်။ Manhole ဆိုတာကတော့ လမ်းတွေရဲ့အောက်မှာရှိတဲ့ ရေလိုင်း၊ မီးလိုင်း ၊ ဂတ်စ်လိုင်း ၊ ရေဆိုးပြွန်စတာတွေကို စစ်ဆေးနိုင်ဖို့ ဖောက်ထားတဲ့အပေါက်တွေဖြစ်ပါတယ်။ ဒီလိုအပေါက်ဖုံးတွေကို နယူးယောက်မြို့အတွက် ထုတ်လုပ်ပေးနေသူတွေကတော့ အိန္ဒိယလုပ်သားတွေဖြစ်ပါတယ်။ တစ်နှစ်ကို နယူးယောက်မြို့အတွက် အဖုံးပေါင်း ၃၀၀၀ ခန့်ကို သံရေကျိုပြီးတော့ ထုတ်လုပ်ပေးနေပါတယ်။ ဒီလို သံသတ္တုတွေကို အရည်ကြိုတာမှာ 2,190° F ကနေ 2,550° F အထိတောင် ရှိပါသတဲ့။ လုပ်သားအများစုဟာ အကာကွယ်မဲ့ လုပ်နေရတဲ့အတွက် အသားအရေတွေ မကြာခဏ လောင်ကျွမ်း ထိခိုက်ခံရတာတွေ ရှိပါတယ်။ ဒါကြောင့်လည်း ဒီအလုပ်ကို အန္တရာယ်အရှိဆုံး အလုပ်တစ်ခု အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

၂။ ဆာလဖာထုတ်လုပ်ရေး ၊ အင်ဒိုနီးရှား

မီးတောင်တွင်း ထဲကနေ ဆာလဖာ တွေကို ထုတ်ယူရတဲ့ အလုပ်ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ အမြင့်ပေ ၈၅၃၀ပေ ရှိတဲ့ Kawah Ijen မီးတောင်ကြီးမှာ အလုပ်လုပ်ကြတာဖြစ်ပါတယ်။ အပူချိန်ကလည်း တခါတရံ ၄၀၀ ဒီဂရီဆဲစီးယပ်လောက် အထိတောင် ရှိပါသတဲ့။ ဒီလောက်ပူပြင်းပြီး အသက်ရှုမရလောက်အောင် အခိုးအငွေ့တွေကြားထဲမှာ ဒေသခံတွေဟာ ဘာအကာ အကွယ်မှ မပါပဲ လက်နှစ်ဖက်ကို အားကိုးကာ အလုပ်လုပ်လုပ်နေကြပါတယ်။ အသက်နဲ့ရင်းကာ အလုပ်လုပ်နေရပေမယ့် တစ်ရက်ကို သူတို့ရတဲ့အခကတော့ ဒေါ်လာ ၁၀ ဝန်းကျင်သာ ဖြစ်ပါတယ်။

၃။ အညစ်အကြေးရှင်းသူများ ၊ အိန္ဒိယ

အညစ်အကြေး ကန်တွေကို ကြည့်ရမြင်ရတာ နဲ့တင် အန်ချင်သလိုဖြစ်သွားနိုင်တဲ့ သူတော်တော်များများ ရှိနိုင်ပါတယ်။ ဒါပေမယ့် အိန္ဒိယက အညစ်အကြေးရှင်းတဲ့ အလုပ်ကို လုပ်တဲ့သူတွေကတော့ ဒီကန်တွေထဲမှာ လက်နှစ်ဖက်ကို သုံးကာ တက်လိုက် ဆင်းလိုက် အလုပ်လုပ်နေကြပါတယ်။ တခါတရံ ဒီအညစ်အကြေးရေတွေကို ငုပ်ရတာလည်း ရှိပါတယ်။ အညစ်အကြေးတွေကို ထည့်စရာတစ်ခုထဲ ထည့် ပြီး စွန့်ပစ်နေရာတွေ ဆီ စွန့်ပစ်ရတာပါ။ တခါတရံ သူတို့အလုပ်ချိန်ဟာ တစ်နေ့ကို ၁၂နာရီ အထိရှိတတ်ပေမယ့် ရတဲ့လုပ်အားခကတော့ ၁၀ဒေါ်လာ အောက်သာ ဖြစ်ပါတယ်။

၄။ ချိုင်းနံ့ခံသူများ

သူတို့ကိုတော့ အမွှေးအကြိုင်အနံ့ခံသူများ Odor testers လို့ နာမည်လှလှလေးပေးထားပေမယ့် တကယ်တမ်းကတော့ ယောင်္ကျား ၊ မိန်းမ အရွယ်မရွေး လူပေါင်းစုံ ရဲ့ အနံ့ကို ခံကြတဲ့သူတွေပါ။ ချိုင်းလိမ်းဆီ နဲ့ ချွေးတိတ်ဆေး ထုတ်လုပ်တဲ့ ကုမ္ပဏီတွေမှာ လုပ်ကြရတာဖြစ်ပါတယ်။ ဘယ်လိုချိုင်းက ဘယ်အနံ့ရတယ် ၊ ဘယ်လိုအနံ့ကိုလိုအပ်တယ် စတာတွေကို မှတ်တမ်းတင်ရတဲ့ အလုပ်ဖြစ်ပါတယ်။

၅။ စိန်ရှာတဲ့အလုပ် ၊ ဆီရာလီယွန်

ဆီရာလီယွန်က မိုင်းတွင်းတွေမှာ စိန် ၊ ရွှေ ၊ ငွေ နဲ့ အခြားသတ္တုတွေ ပါ ထွက်ရှိပါတယ်။ အစိုးရဟာ ဒီမိုင်းတွင်းတွေကနေ တစ်နှစ်ကို ဒေါ်လာ သန်း၃၂၀ ဖိုးလောက် ရရှိနေပေမယ့် လုပ်သားတွေရဲ့ လုပ်အားခကတော့ နည်းပါးကြပါတယ်။ သိန်းချီတဲ့ဒေသခံတွေဟာ စွန့်ပစ်မြေတွေထဲကနေ ပင်ပင်ပမ်းပမ်း စိန်တွေကို ရှာကြလေ့ရှိပေမယ့် အမှုန်အမွှားတွေကိုတောင် တခါတရံမှ တွေ့ရတတ်ပါတယ်။ ဒါကြောင့်လည်း၂၅၀၀၀၀ ခန့် ရှိတဲ့ မိုင်းတွင်းလုပ်သားတွေဟာ နေထိုင်တဲ့ Kono ပြည်နယ်ဟာ ကမ္ဘာ့အဆင်းရဲဆုံး ပြည်နယ်တစ်ခု အဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

၆။ ကျောက်တောင်ဆားထုတ်လုပ်သူများ ၊ အီသီယိုးပီးယား

လက်ရှိအချိန်မှာ အီသီယိုးပီးယားနိုင်ငံဟာ တိုးတက်လာပြီလို့ဆိုပေမယ့် နိုင်ငံရဲ့နေရာအများစုကတော့ ဆင်းရဲလျက်ရှိတုန်းပါ။ ဒီအထဲကမှ ဆားမိုင်းမှာ လုပ်နေတဲ့ Afar လူမျိုးတွေရဲ့ အလုပ်က အဆိုးဆုံးလို့ဆိုရပါမယ်။ သဲကန္တာရထဲက အလွန်ပူပြင်းတဲ့ ရာသီဥတုရဲ့အောက်မှာ သူတို့ရဲ့ရိုးရာအလုပ်ဖြစ်တဲ့ ကျောက်တောင်ဆားတွေကို ထုတ်လုပ်နေကြပါတယ်။ Danakil သဲကန္တာရလို့ ခေါ်တဲ့ ဒီနေရာဟာ ကမ္ဘာ့အပူချိန်အမြင့်ဆုံး နေရာတွေထဲက တစ်ခု ဖြစ်ပါတယ်။

၇။ လျှပ်စစ်ဝန်ထမ်းများ ၊ တရုတ်

တရုတ်နိုင်ငံက ဒီလုပ်သားတွေကတော့ အလွန်မြင့်မားတဲ့ ဒီတာဝါတိုင်တွေပေါ်မှာ တပ်ဆင်ရေး နဲ့ ထိမ်းသိမ်းရေးလုပ်ငန်းတွေကို လုပ်ကြရပါတယ်။ ဒါ့အပြင် အဲဒီဓာတ်အားလိုင်းတွေကလည်း အလွန်ဗို့အားပြင်းပါတယ်။ အကာအကွယ်တွေနဲ့ အလုပ်လုပ်ကြရတာဖြစ်ပေမယ့် တချက်မှားတာနဲ့ အသက်ပေးရမယ့် အလုပ်ဖြစ်ပါတယ်။

၈။ ရာဇဝတ်မှု နေရာရှင်းလင်းကြသူများ

ဒီအလုပ်ကတော့ နိုင်ငံတော်တော်များများမှာ ရှိတဲ့အလုပ်ဖြစ်ပါတယ်။ လူသတ်မှုလို ရာဇဝတ်မှုတွေ ဖြစ်ပွားပြီးတဲ့နောက် အဲဒီနေရာကို ဘာမှမကျန်အောင် မူလအတိုင်း သန့်ရှင်းရတဲ့အလုပ်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မခက်ခဲဘူးလို့ ထင်ရပေမယ့် သေပြီးတဲ့အလောင်းကို ရက်ပေါင်းများစွာကြာပြီး တွေ့တဲ့အခါမျိုးတွေမှာတော့ အလွန်ဒုက္ခရောက်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ ကြွက်နဲ့ အညစ်အကြေး အင်းဆက်ပိုးမွှားတွေ ဟာ အဲဒီနေရာမှာ တွယ်ကပ်နေကြပြီဖြစ်ပါတယ်။ အစအဆုံး သန့်ရှင်းရတာဖြစ်တဲ့အတွက် ပုံမှန်ဆိုရင် ၁ရက်နဲ့ ပြီးလေ့ရှိပေမယ့် တိုက်ခန်းလို နေရာမျိုးတွေမှာတော့ ၂ရက်လောက် အထိ အချိန်ယူကြရပါတယ်။

၉။ ခြင်စမ်းသပ်သူများ

သိပ္ပံပညာရှင်တွေဟာ ငှက်ဖျားရောဂါကို ပိုမိုကောင်းမွန်အောင် ကာကွယ်နိုင်ဖို့အတွက် ဒီစမ်းသပ်တဲ့အလုပ်ကို လုပ်ကြရပါတယ်။ ဒီလိုစမ်းသပ်မှုကနေ ငှက်ဖျားရောဂါကို သယ်ဆောင်တဲ့ခြင်တွေရဲ့ အမူအကျင့်တွေကိုလေ့လာကြပါတယ်။ ဘရာဇီးက သိပ္ပံပညာရှင်တွေကတော့ ဒီခြင်တွေထည့်ထားတဲ့ လှောင်အိမ်ထဲမှာ လက်ကိုထည့်ပြီး အကိုက်ခံကာ စမ်းသပ်လေ့ရှိကြပါတယ်။ လှောင်အိမ်ထဲ လက်မထည့်ခင် ကာကွယ်လိမ်းဆေးတွေကို တော့ လိမ်းထားပါတယ်။ ဒါပေမယ့် ခြင်ရာပေါင်းများစွာ အကိုက်ခံရတဲ့ ခံစားမှု ကတော့ အလွန်ဆိုးရွားမှာ အသေအချာပါ။

သုတဇုန်

Ref : Bright Side

Leave a Reply