အမွတ္မွားႏုိင္တဲ့ “ခဲ” နဲ႔ “ျပဒါး” တုိ႔အေၾကာင္း

Posted on

ခဲ(Lead)

လူသားေတြ ေန႔စဥ္ က်င္လည္ေနတဲ့ ဘဝထဲက သိပၸံဆိုင္ရာ နားလည္မႈ လြဲမွားၿပီး အမွတ္မွားႏိုင္တဲ့ စကားလံုးေတြထဲမွာ အမွတ္အမွားဆံုးက Lead လို႔ ေခၚတဲ့ ခဲပါ။

တခ်ိဳ႕က ခဲတံဆိုတာ ခဲသတၱဳနဲ႔ လုပ္ထားတယ္လို႔ ထင္တတ္ၾကပါတယ္။ ဒီႏွစ္ ဇြန္လထဲမွာ တရုတ္ႏိုင္ငံေတာင္ပိုင္း Hunan ခရိုင္၊ Dapu ျပည္နယ္ထဲက ဓါတုစက္႐ံု တည္ရွိရာေဒသမွာ ခဲဆိပ္သင့္ေနတဲ့ ကေလးေပါင္း ၃၀၀ေက်ာ္ ရွိေနတာမို႔ ဓါတုစက္႐ံုကုိ ပိတ္ပစ္ခဲ့ရပါတယ္။

ထူးျခားတာက ဒီကေလးေတြ ခဲဆိပ္သင့္ရတာဟာ ခဲတံေတြကို ကိုက္တာေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ ေဒသအစိုးရအႀကီးအကဲရဲ့ ေျပာၾကားခ်က္ကို တရုတ္အစိုးရထုတ္ Globle Times မွာ ေဖၚျပထားတာပဲျဖစ္ပါတယ္။ ခဲတံကို ကာဗြန္ခ်ည္းပဲပါတဲ့ ဂရက္ဖိုက္ (Graphite) နဲ႔ လုပ္တာျဖစ္ေပမယ့္ ခဲ- lead ဆိုတဲ့ အေခၚအေဝၚေၾကာင့္ အမွတ္မွားတာေတြ ျဖစ္လာတာပါ။

ခဲဟာ အဆိပ္သင့္တတ္တယ္ ဆိုတာ သိလာၾကတဲ့ေနာက္ပိုင္းမွာ ခဲနဲ႔ ပါတ္သက္ၿပီးသံုးစြဲရာမွာ သတိထားလာၾကပါတယ္။

ျမန္မာႏိုင္ငံမွာ ခဲကို အဆိပ္သင့္မွန္းမသိပဲ အေတာ္သံုးခဲ့ၾကတယ္လို႔ ဓါတုပညာရွင္ ေဒါက္တာခင္ေမာင္ညိဳက ေျပာပါတယ္။ ေစ်းေပါတဲ့ red lead လို႔ေခၚတဲ့ အနီေရာင္ ခဲေအာက္ဆိုက္ကို သာမန္ သုတ္ေဆးေတြမွာ သံုးေလ့ရွိၿပီး ဒါဟာ ခဲဆိပ္သင့္ေစတာမို႔ အင္မတန္ အႏၱရာယ္ ႀကီးပါတယ္။ အထူးသျဖင့္ အရုပ္ေတြမွာ ခ်ယ္ထားခဲ့ရင္ ဒီအရုပ္ကို ကေလးေတြ ပါးစပ္နဲ႔ ကိုက္မိၿပီး ခဲဆိပ္ သင့္မႈေတြ ျဖစ္လာတတ္ပါတယ္။

အရင္က ေရနံဆီမီးခြက္ေတြလို သံျဖဴေတြကို ဂေဟေဆာ္ၿပီး သံုးတဲ့ပစၥည္းမ်ိဳးမွာ ခဲနဲ႔ ဂေဟေဆာ္ေလ့ရွိပါတယ္။ ဒါ့ေၾကာင့္ ဂေဟေဆာ္တဲ့ သံျဖဴဆရာေတြမွာ ခဲဆိပ္သင့္မႈေတြ ေတြ႔ရသလို လူေတြစားသံုးတဲ့ ပစၥည္းေတြ ထည့္တဲ့ ပံုးေတြမွာ ဂေဟေဆာ္ထားတဲ့အတြက္ တနည္းနည္းနဲ႔ ခဲကိုစားသံုးမိတာမ်ိဳး ႀကံဳရတတ္ပါတယ္။ တခါတရံ စဥ္႔အိုး၊ စဥ့္ခြက္ေတြကို သုတ္လိမ္းတဲ့ စဥ့္ရည္မွာ ခဲပါဝင္တဲ့ ေခ်ာ္ေတြသံုးတတ္ၾကတာမို႔ ခဲဆိပ္သင့္ႏိုင္တဲ့ အႏၱရာယ္ ရွိပါတယ္။

ခဲဟာ heavy metal တမ်ိဳးမို႔ ကိုယ္ခႏၶာထဲဝင္သြားရင္ ေတာ္ရံု ျပန္မထြက္ေတာ့ပဲ ဦးေႏွာက္ထဲ၊ ေသြးေၾကာထဲေရာက္ၿပီး အႏၱရာယ္ျဖစ္ေစတာပါ။ ကေလးငယ္ေတြ အတြက္ဆို ေသးငယ္တဲ့ ခႏၶာကိုယ္က ပိုၿပီး ခံႏိုင္ရည္နဲပါးတာမို႔ ကေလးပစၥည္း အသံုးအေဆာင္ေတြမွာ ခဲပါဝင္မႈ ရွိမရွိ ဆန္းစစ္ၿပီး ခဲဆိပ္မသင့္ေစဖို႔ ဂရုစိုက္သ င့္ပါတယ္။

ျပဒါး(Mercury)

ခဲလိုမ်ိဳး အမွတ္မွားႏိုင္တဲ့ ေဝါဟာရ ေနာက္တခုက ျပဒါးပါ။

ျပဒါးကို ဓါတုသေကၤတနဲ႔ Hg လို႔ေရးၿပီး မာက်ဴရီ လို႔ေခၚပါတယ္။ မာက်ဴရီ ဟာ heavy metal သတၱဳတမ်ိဳးျဖစ္ၿပီး သူ႔ခ်ည္းသက္သက္ ျဖစ္ေစ၊ သူပါတဲ့ ျဒပ္ေပါင္းေတြကတဆင့္ျဖစ္ေစ လူရဲ့ခႏၶာကိုယ္ထဲ မာက်ဴရီ ပမာဏမ်ားမ်ား ေရာက္သြားရင္ အဆိပ္သင့္မႈေတြ ျဖစ္လာႏိုင္ပါတယ္။ ျပဒါးကို တိုက္႐ိုက္ထိေတြ႔တာ ေၾကာင့္တင္မဟုတ္ဘဲ စြန္႔ပစ္ပစၥည္းေတြထဲမွာ ပါဝင္ေနတဲ့ ျပဒါးေတြကတဆင့္လည္း အဆိပ္သင့္မႈေတြ ေတြ႔ရႏိုင္တယ္လို႔ ဓါတုပညာရွင္ ေဒါက္တာခင္ေမာင္ညိဳက ေျပာပါတယ္။

ျပဒါးဆိပ္သင့္တာဟာ အလြန္အႏၱရာယ္ႀကီးပါတယ္။ ဟသၤာျပဒါးလို႔ေခၚတဲ့ မာက်ဴရီ ဆာလ္ဖိုဒ္ေတြရဲ့ အႏၱရာယ္က သိပ္ဆိုးဝါးပါတယ္။ သူ႔အေရာင္က အနီေရာင္ရွိၿပီး ဆိုးေဆးအျဖစ္ သံုးရာက လူေတြနဲ႔ထိေတြ႔မိၿပီး အဆိပ္သင့္ေစတာပါ။ လွပတဲ့ ဦးထုပ္ေတြထုတ္ဖို႔ သံုးရာကေန ရူးေၾကာင္ေၾကာင္ ေရာဂါတမ်ိဳးျဖစ္လာတတ္တဲ့ Mad hatter syndrome လို႔ ေခၚတဲ့ ေရာဂါဟာ မာက်ဴရီ အဆိပ္သင့္တာပါ။

heavy metal ေတြ အထူးသျဖင့္ ျပဒါးနဲ႔ု ထိေတြ႔မႈမ်ားရင္ နာက်င္ကိုက္ခဲတဲ့ Acrodynia ေရာဂါ ရေစပါတယ္။ သူ႔ကို ေျခေတြလက္ေတြမွာ ပန္းရင့္ေရာင္ေတြ႔ရလို႔ pink disease လို႔လည္း လူသိမ်ား ၾကပါတယ္။ ေနာက္ေရာဂါတမ်ိဳးကေတာ့ Minamata ေရာဂါလို႔ ေခၚပါတယ္။ ဂ်ပန္ႏိုင္ငံမွာ စက္ရံုစြန္႔ပစၥည္းထဲပါတဲ့ ျပဒါးကို ပင္လယ္ထဲစြန္႔ပစ္ရာကေန ပင္လယ္သတၱဝါေတြ အဆိပ္သင့္သလို ပင္လယ္ သတၱဝါ ေတြကို စားသံုးသူေတြပါဆက္ၿပီး အဆိပ္သင့္ေစခဲ့ ေနာက္ပိုင္း ဒီေရာဂါနဲ႔ ဆက္ႏြယ္ၿပီး ျပဒါးကို သတိထားလာၾကတာပါ။

ျပဒါးဆိပ္သင့္တာ ေၾကာက္စရာသိပ္ေကာင္းတယ္ဆိုတာ လူေတြ သိလာၾကတာမို႔ ျပဒါးဆိုရင္ တကယ္ သတိထားလာၾကတာပါ။ ဒီအခါမွာ ျပဒါးသုတ္ထားတယ္ဆိုတဲ့ မွန္ေတြ အထူးသျဖင့္ ဓါတ္ဘူးေတြနဲ႔ ပါတ္သက္ၿပီး အမွတ္မွားလာၾကပါတယ္။

တကယ္ေတာ့ ျပဒါးသုတ္တယ္လို႔ ေျပာၾကတဲ့ မွန္ေတြမွာ silver mirroring လုပ္ထားတာ ျဖစ္ၿပီး ျပဒါးမပါတာကို ပညာရွင္ေတြပါ သိပၸံဆိုင္ရာ အမွတ္မွားတာမ်ိဳးေတြ ျဖစ္လာတဲ့အထိ ေတြ႔လာရတာမို႔ သတိထားၾကဖို႔ လိုတယ္လို႔ ေဒါက္တာခင္ေမာင္ညိဳက ေျပာပါတယ္။

VOA Burmese News မွ

——————

အမှတ်မှားနိုင်တဲ့ “ခဲ” နဲ့ “ပြဒါး” တို့အကြောင်း (unicode)

ခဲ(Lead)

လူသားတွေ နေ့စဉ် ကျင်လည်နေတဲ့ ဘဝထဲက သိပ္ပံဆိုင်ရာ နားလည်မှု လွဲမှားပြီး အမှတ်မှားနိုင်တဲ့ စကားလုံးတွေထဲမှာ အမှတ်အမှားဆုံးက Lead လို့ ခေါ်တဲ့ ခဲပါ။

တချို့က ခဲတံဆိုတာ ခဲသတ္တုနဲ့ လုပ်ထားတယ်လို့ ထင်တတ်ကြပါတယ်။ ဒီနှစ် ဇွန်လထဲမှာ တရုတ်နိုင်ငံတောင်ပိုင်း Hunan ခရိုင်၊ Dapu ပြည်နယ်ထဲက ဓါတုစက်ရုံ တည်ရှိရာဒေသမှာ ခဲဆိပ်သင့်နေတဲ့ ကလေးပေါင်း ၃၀၀ကျော် ရှိနေတာမို့ ဓါတုစက်ရုံကို ပိတ်ပစ်ခဲ့ရပါတယ်။

ထူးခြားတာက ဒီကလေးတွေ ခဲဆိပ်သင့်ရတာဟာ ခဲတံတွေကို ကိုက်တာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသအစိုးရအကြီးအကဲရဲ့ ပြောကြားချက်ကို တရုတ်အစိုးရထုတ် Globle Times မှာ ဖေါ်ပြထားတာပဲဖြစ်ပါတယ်။ ခဲတံကို ကာဗွန်ချည်းပဲပါတဲ့ ဂရက်ဖိုက် (Graphite) နဲ့ လုပ်တာဖြစ်ပေမယ့် ခဲ- lead ဆိုတဲ့ အခေါ်အဝေါ်ကြောင့် အမှတ်မှားတာတွေ ဖြစ်လာတာပါ။

ခဲဟာ အဆိပ်သင့်တတ်တယ် ဆိုတာ သိလာကြတဲ့နောက်ပိုင်းမှာ ခဲနဲ့ ပါတ်သက်ပြီးသုံးစွဲရာမှာ သတိထားလာကြပါတယ်။

မြန်မာနိုင်ငံမှာ ခဲကို အဆိပ်သင့်မှန်းမသိပဲ အတော်သုံးခဲ့ကြတယ်လို့ ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုက ပြောပါတယ်။ ဈေးပေါတဲ့ red lead လို့ခေါ်တဲ့ အနီရောင် ခဲအောက်ဆိုက်ကို သာမန် သုတ်ဆေးတွေမှာ သုံးလေ့ရှိပြီး ဒါဟာ ခဲဆိပ်သင့်စေတာမို့ အင်မတန် အန္တရာယ် ကြီးပါတယ်။ အထူးသဖြင့် အရုပ်တွေမှာ ချယ်ထားခဲ့ရင် ဒီအရုပ်ကို ကလေးတွေ ပါးစပ်နဲ့ ကိုက်မိပြီး ခဲဆိပ် သင့်မှုတွေ ဖြစ်လာတတ်ပါတယ်။

အရင်က ရေနံဆီမီးခွက်တွေလို သံဖြူတွေကို ဂဟေဆော်ပြီး သုံးတဲ့ပစ္စည်းမျိုးမှာ ခဲနဲ့ ဂဟေဆော်လေ့ရှိပါတယ်။ ဒါ့ကြောင့် ဂဟေဆော်တဲ့ သံဖြူဆရာတွေမှာ ခဲဆိပ်သင့်မှုတွေ တွေ့ရသလို လူတွေစားသုံးတဲ့ ပစ္စည်းတွေ ထည့်တဲ့ ပုံးတွေမှာ ဂဟေဆော်ထားတဲ့အတွက် တနည်းနည်းနဲ့ ခဲကိုစားသုံးမိတာမျိုး ကြုံရတတ်ပါတယ်။ တခါတရံ စဉ့်အိုး၊ စဉ့်ခွက်တွေကို သုတ်လိမ်းတဲ့ စဉ့်ရည်မှာ ခဲပါဝင်တဲ့ ချော်တွေသုံးတတ်ကြတာမို့ ခဲဆိပ်သင့်နိုင်တဲ့ အန္တရာယ် ရှိပါတယ်။

ခဲဟာ heavy metal တမျိုးမို့ ကိုယ်ခန္ဓာထဲဝင်သွားရင် တော်ရုံ ပြန်မထွက်တော့ပဲ ဦးနှောက်ထဲ၊ သွေးကြောထဲရောက်ပြီး အန္တရာယ်ဖြစ်စေတာပါ။ ကလေးငယ်တွေ အတွက်ဆို သေးငယ်တဲ့ ခန္ဓာကိုယ်က ပိုပြီး ခံနိုင်ရည်နဲပါးတာမို့ ကလေးပစ္စည်း အသုံးအဆောင်တွေမှာ ခဲပါဝင်မှု ရှိမရှိ ဆန်းစစ်ပြီး ခဲဆိပ်မသင့်စေဖို့ ဂရုစိုက်သ င့်ပါတယ်။

ပြဒါး(Mercury)

ခဲလိုမျိုး အမှတ်မှားနိုင်တဲ့ ဝေါဟာရ နောက်တခုက ပြဒါးပါ။

ပြဒါးကို ဓါတုသင်္ကေတနဲ့ Hg လို့ရေးပြီး မာကျူရီ လို့ခေါ်ပါတယ်။ မာကျူရီ ဟာ heavy metal သတ္တုတမျိုးဖြစ်ပြီး သူ့ချည်းသက်သက် ဖြစ်စေ၊ သူပါတဲ့ ဒြပ်ပေါင်းတွေကတဆင့်ဖြစ်စေ လူရဲ့ခန္ဓာကိုယ်ထဲ မာကျူရီ ပမာဏများများ ရောက်သွားရင် အဆိပ်သင့်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ပြဒါးကို တိုက်ရိုက်ထိတွေ့တာ ကြောင့်တင်မဟုတ်ဘဲ စွန့်ပစ်ပစ္စည်းတွေထဲမှာ ပါဝင်နေတဲ့ ပြဒါးတွေကတဆင့်လည်း အဆိပ်သင့်မှုတွေ တွေ့ရနိုင်တယ်လို့ ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုက ပြောပါတယ်။

ပြဒါးဆိပ်သင့်တာဟာ အလွန်အန္တရာယ်ကြီးပါတယ်။ ဟင်္သာပြဒါးလို့ခေါ်တဲ့ မာကျူရီ ဆာလ်ဖိုဒ်တွေရဲ့ အန္တရာယ်က သိပ်ဆိုးဝါးပါတယ်။ သူ့အရောင်က အနီရောင်ရှိပြီး ဆိုးဆေးအဖြစ် သုံးရာက လူတွေနဲ့ထိတွေ့မိပြီး အဆိပ်သင့်စေတာပါ။ လှပတဲ့ ဦးထုပ်တွေထုတ်ဖို့ သုံးရာကနေ ရူးကြောင်ကြောင် ရောဂါတမျိုးဖြစ်လာတတ်တဲ့ Mad hatter syndrome လို့ ခေါ်တဲ့ ရောဂါဟာ မာကျူရီ အဆိပ်သင့်တာပါ။

heavy metal တွေ အထူးသဖြင့် ပြဒါးနုဲ့ ထိတွေ့မှုများရင် နာကျင်ကိုက်ခဲတဲ့ Acrodynia ရောဂါ ရစေပါတယ်။ သူ့ကို ခြေတွေလက်တွေမှာ ပန်းရင့်ရောင်တွေ့ရလို့ pink disease လို့လည်း လူသိများ ကြပါတယ်။ နောက်ရောဂါတမျိုးကတော့ Minamata ရောဂါလို့ ခေါ်ပါတယ်။ ဂျပန်နိုင်ငံမှာ စက်ရုံစွန့်ပစ္စည်းထဲပါတဲ့ ပြဒါးကို ပင်လယ်ထဲစွန့်ပစ်ရာကနေ ပင်လယ်သတ္တဝါတွေ အဆိပ်သင့်သလို ပင်လယ် သတ္တဝါ တွေကို စားသုံးသူတွေပါဆက်ပြီး အဆိပ်သင့်စေခဲ့ နောက်ပိုင်း ဒီရောဂါနဲ့ ဆက်နွယ်ပြီး ပြဒါးကို သတိထားလာကြတာပါ။

ပြဒါးဆိပ်သင့်တာ ကြောက်စရာသိပ်ကောင်းတယ်ဆိုတာ လူတွေ သိလာကြတာမို့ ပြဒါးဆိုရင် တကယ် သတိထားလာကြတာပါ။ ဒီအခါမှာ ပြဒါးသုတ်ထားတယ်ဆိုတဲ့ မှန်တွေ အထူးသဖြင့် ဓါတ်ဘူးတွေနဲ့ ပါတ်သက်ပြီး အမှတ်မှားလာကြပါတယ်။

တကယ်တော့ ပြဒါးသုတ်တယ်လို့ ပြောကြတဲ့ မှန်တွေမှာ silver mirroring လုပ်ထားတာ ဖြစ်ပြီး ပြဒါးမပါတာကို ပညာရှင်တွေပါ သိပ္ပံဆိုင်ရာ အမှတ်မှားတာမျိုးတွေ ဖြစ်လာတဲ့အထိ တွေ့လာရတာမို့ သတိထားကြဖို့ လိုတယ်လို့ ဒေါက်တာခင်မောင်ညိုက ပြောပါတယ်။

VOA Burmese News မှ

Leave a Reply