ျမန္မာ့ပထမဆုံး ျပည္ထဲေရး၀န္ႀကီး ႏွင့္ ဆာဘြဲ႔ရသူ

Posted on

ျမန္မာႏိုင္ငံတြင္ ပထမဆုံးဆာဘြဲ႕ရသူမွာ ေမာင္ခင္ ျဖစ္သည္။ ဆာေမာင္ခင္ကို ရန္ကုန္ၿမိဳ႕၊ ပုဇြန္ေတာင္ရပ္ ေျမပိုင္ရွင္ အမႈထမ္းေကာင္းတံဆိပ္ေတာ္ရမင္း ဦးဘိုးေက်ာ္ႏွင့္ ေဒၚၾကာႏွင္းတို႔မွ ခရစ္ ၁၈၇၂ ခုႏွစ္တြင္ ဖြားျမင္သည္။

ငယ္စဥ္က ရန္ကုန္ၿမိဳ႕ စိန္ေပါေက်ာင္းတြင္ ပညာသင္ၿပီးေနာက္ ရန္ကုန္ေကာလိပ္၌ ဆက္လက္ ပညာသင္ယူခဲ့ရာ အက္(ဖ) ေအ စာေမးပြဲကို ေအာင္ျမင္ခဲ့ေလသည္။ ထို႔ေနာက္ အဂၤလန္ျပည္သို႔ သြားေရာက္၍ ဝတ္လုံ အတတ္ကို ဆည္းပူးေလ့လာသည္။ ၁၈၉၈ ခုႏွစ္တြင္ မစ္ဒဲတင္ပယ္မွ ဝတ္လုံစာေမးပြဲကို ေအာင္ ျမင္ခဲ့သည္။

ျမန္မာျပည္သို႔ ျပန္လည္ေရာက္ရွိလာၿပီးေနာက္ ႏွစ္ေပါင္း အေတာ္ၾကာေအာင္ ဝတ္လုံဘဝႏွင့္ အသက္ ေမြးခဲ့သည္။ ထို အေတာအတြင္း၌ ရန္ကုန္ေကာလိပ္တြင္ ဥပေဒကထိက ဆရာ အျဖစ္ျဖင့္ ေဆာင္႐ြက္ခဲ့ဘူးသည္။ ထို႔ေနာက္ အစိုးရ ေရွ႕ေနခ်ဳပ္၏ လက္ေထာက္အျဖစ္ျဖင့္ ခန္႔ထားျခင္းခံရသည္။ ထိုမွတစ္ဆင့္ ရန္ကုန္ၿမိဳ႕ စေမာ္ေကာ္႐ုံးႀကီးတြင္ တရားသူႀကီး အျဖစ္မွ ခန္႔အပ္ျခင္းခံရသူ ျဖစ္ေလသည္။ ဆာေမာင္ခင္မွာ ျမန္မာထဲမွ ထိုရာထူးကို ပထမဆုံး ခန္႔အပ္ျခင္းခံရသူ ျဖစ္ေလ သည္။

ထို႔ေနာက္ မ်ားမၾကာမီ တရားသူႀကီးအျဖစ္မွ ႏုတ္ထြက္၍ ဒုတိယအစိုးရေရွ႕ေနခ်ဳပ္အျဖစ္ ေဆာင္႐ြက္ေနစဥ္ ခ်ိကုတ္ေခၚ တရားလႊတ္ေတာ္တြင္ ျမန္မာထဲမွ ပထမဆုံး တရားဝန္ႀကီး အျဖစ္ ခန္႔အပ္ျခင္း ခံရေလသည္။ ခရစ္ ၁၉၂၁ ခုႏွစ္တြင္ ခ်ိကုတ္တရားလႊတ္ေတာ္တြင္ တရားဝန္ႀကီးခ်ဳပ္အျဖစ္ ခန္႔အပ္ ျခင္း ခံရသည္။

၁၉၂၂ ခုႏွစ္တြင္ ျမန္မာျပည္ခ်ိကုတ္ကို ဟိုက္ ကုတ္အျဖစ္သို႔ တိုးျမႇင့္လိုက္ရာ ဦးခင္မွာ ဟိုက္ကုတ္တရား ဝန္ႀကီးတစ္ဦး ျဖစ္လာခဲ့သည္။ ၁၉၂၃ ခုႏွစ္၌ ျမန္မာႏိုင္ငံကို ဒိုင္အာခီအုပ္ခ်ဳပ္ေရးစံနစ္ ေပးအပ္လိုက္ေသာအခါ ဦးခင္အား ျပည္ထဲေရး ဝန္ႀကီးအျဖစ္ ခန္႔အပ္ခဲ့ေလသည္။ ၁၉၂၄ ခုႏွစ္တြင္ ေက၊ စီ၊ အိုင္၊ အီး၊ ေခၚ ဆာဘြဲ႕ကို ျမန္မာထဲမွ ပထမဆုံး ခ်ီးျမႇင့္ျခင္းခံရသူ ျဖစ္ေပသည္။

ဆာေမာင္ခင္သည္ ၁၉ဝ၁ ခုႏွစ္၌ အိမ္ေထာင္ျပဳခဲ့သည္။ ဇနီးမွာ ရန္ကုန္ၿမိဳ႕ သမာဓိၿမိဳ႕ဝန္ ဦးဖိုး၊ ေဒၚေဒၚ႐ြက္တို႔၏ သမီးႀကီး ေဒၚခင္သန္းေမ ျဖစ္သည္။ ေဒၚခင္သန္းေမမွာ ကုန္းေဘာင္ေခတ္ ျမန္မာဘုရင္ ဗဒုံမင္း(ေခၚ) ဘိုးေတာ္ဘုရား ဒလၿမိဳ႕စား မြန္လူမ်ိဳးစစ္ကဲႀကီးေမာင္ေထာ္ေလး (ေနာင္အခါ ေမာ္လၿမိဳင္ၿမိဳ႕ဝန္)၏ ျမစ္ျဖစ္သည္။ ဆာေမာင္ခင္ႏွင့္ ေလဒီ ခင္တို႔တြင္ သားတစ္ေယာက္ သမီးတစ္ေယာက္ ထြန္းကားခဲ့ရာ သားမွာ ဝတ္လုံေတာ္ရဦးမ်ိဳးခင္ျဖစ္၍ သမီးမွာ ေဒၚခင္ခင္ေအး ျဖစ္သည္။

ဆာ ေမာင္ခင္သည္ ရန္ကုန္ၿမိဳ႕ ကန္ေတာ္ႀကီးေစာင့္ရွိ အိုးရီးယင့္ ကလပ္ကို စတင္တည္ေထာင္ခဲ့သူတစ္ဦး ျဖစ္သည့္ အျပင္ ထိုကလပ္၌ ပထမဆုံးဥကၠ႒လည္း ျဖစ္ေလသည္။ ရန္ကုန္ၿမိဳ႕ ျမင္းပြဲအသင္းႀကီးတြင္ စတူးဝပ္ လူႀကီးအျဖစ္ျဖင့္ လည္းေကာင္း၊ ဥကၠ႒အျဖစ္ျဖင့္လည္းေကာင္း ေဆာင္႐ြက္ခဲ့ သည္။ ျမန္မာႏိုင္ငံ သုေတသနအသင္းႀကီး၌လည္း ထိေရာက္ စြာ ပါဝင္ေဆာင္႐ြက္ ကူညီခဲ့ေလသည္။

ဆာေမာင္ခင္သည္ အသားၫို၍ အရပ္အေမာင္း ေကာင္း ၿပီးလၽွင္ ခန္႔ညားေသာ ဥပဓိ႐ုပ္ရွိသည္။ အားလပ္ခ်ိန္တြင္ ျမင္း စီးျခင္း၊ ပန္းပင္စိုက္ျခင္းမ်ားကို ျပဳလုပ္ေလ့ရွိသည္။ ျမင္းျပပြဲ၊ ေခြးျပပြဲႏွင့္ ပန္းပင္ျပပြဲ ၿပိဳင္ပြဲမ်ားကို ဦးစီးက်င္းပေလ့ ရွိသည္။

ဆာခင္ေမာင္မွာ ႏိုင္ငံေရးသမားတစ္ဦး မဟုတ္ခဲ့ေသာ္လည္း အုပ္ခ်ဳပ္ေရးဖက္တြင္ တတ္သိကၽြမ္းက်င္ေသာ ပုဂၢိဳလ္တစ္ဦး ျဖစ္၏။ အဂတိလိုက္စားျခင္းမွ ကင္းရွင္းသျဖင့္ တရားသူႀကီး ေကာင္းတစ္ဦးအျဖစ္ ၾကည္ၫိုေလးစားျခင္း ခံရေလသည္။ ျပည္ထဲေရးဝန္ႀကီးအျဖစ္ ေဆာင္႐ြက္ေနစဥ္ ၁၉၂၄ ခုႏွစ္ ေအာက္တိုဘာလ ၂၂ ရက္ေန႔တြင္ ကြယ္လြန္သည္။

ျမန္မာ့စြယ္စုံက်မ္း အတြဲ(၂)
Myanmar Wikipedia

———————–

မြန်မာ့ပထမဆုံး ပြည်ထဲရေးဝန်ကြီး နှင့် ဆာဘွဲ့ရသူ (unicode)

မြန်မာနိုင်ငံတွင် ပထမဆုံးဆာဘွဲ့ရသူမှာ မောင်ခင် ဖြစ်သည်။ ဆာမောင်ခင်ကို ရန်ကုန်မြို့၊ ပုဇွန်တောင်ရပ် မြေပိုင်ရှင် အမှုထမ်းကောင်းတံဆိပ်တော်ရမင်း ဦးဘိုးကျော်နှင့် ဒေါ်ကြာနှင်းတို့မှ ခရစ် ၁၈၇၂ ခုနှစ်တွင် ဖွားမြင်သည်။

ငယ်စဉ်က ရန်ကုန်မြို့ စိန်ပေါကျောင်းတွင် ပညာသင်ပြီးနောက် ရန်ကုန်ကောလိပ်၌ ဆက်လက် ပညာသင်ယူခဲ့ရာ အက်(ဖ) အေ စာမေးပွဲကို အောင်မြင်ခဲ့လေသည်။ ထို့နောက် အင်္ဂလန်ပြည်သို့ သွားရောက်၍ ဝတ်လုံ အတတ်ကို ဆည်းပူးလေ့လာသည်။ ၁၈၉၈ ခုနှစ်တွင် မစ်ဒဲတင်ပယ်မှ ဝတ်လုံစာမေးပွဲကို အောင် မြင်ခဲ့သည်။

မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် နှစ်ပေါင်း အတော်ကြာအောင် ဝတ်လုံဘဝနှင့် အသက် မွေးခဲ့သည်။ ထို အတောအတွင်း၌ ရန်ကုန်ကောလိပ်တွင် ဥပဒေကထိက ဆရာ အဖြစ်ဖြင့် ဆောင်ရွက်ခဲ့ဘူးသည်။ ထို့နောက် အစိုးရ ရှေ့နေချုပ်၏ လက်ထောက်အဖြစ်ဖြင့် ခန့်ထားခြင်းခံရသည်။ ထိုမှတစ်ဆင့် ရန်ကုန်မြို့ စမော်ကော်ရုံးကြီးတွင် တရားသူကြီး အဖြစ်မှ ခန့်အပ်ခြင်းခံရသူ ဖြစ်လေသည်။ ဆာမောင်ခင်မှာ မြန်မာထဲမှ ထိုရာထူးကို ပထမဆုံး ခန့်အပ်ခြင်းခံရသူ ဖြစ်လေ သည်။

ထို့နောက် များမကြာမီ တရားသူကြီးအဖြစ်မှ နုတ်ထွက်၍ ဒုတိယအစိုးရရှေ့နေချုပ်အဖြစ် ဆောင်ရွက်နေစဉ် ချိကုတ်ခေါ် တရားလွှတ်တော်တွင် မြန်မာထဲမှ ပထမဆုံး တရားဝန်ကြီး အဖြစ် ခန့်အပ်ခြင်း ခံရလေသည်။ ခရစ် ၁၉၂၁ ခုနှစ်တွင် ချိကုတ်တရားလွှတ်တော်တွင် တရားဝန်ကြီးချုပ်အဖြစ် ခန့်အပ် ခြင်း ခံရသည်။

၁၉၂၂ ခုနှစ်တွင် မြန်မာပြည်ချိကုတ်ကို ဟိုက် ကုတ်အဖြစ်သို့ တိုးမြှင့်လိုက်ရာ ဦးခင်မှာ ဟိုက်ကုတ်တရား ဝန်ကြီးတစ်ဦး ဖြစ်လာခဲ့သည်။ ၁၉၂၃ ခုနှစ်၌ မြန်မာနိုင်ငံကို ဒိုင်အာခီအုပ်ချုပ်ရေးစံနစ် ပေးအပ်လိုက်သောအခါ ဦးခင်အား ပြည်ထဲရေး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့လေသည်။ ၁၉၂၄ ခုနှစ်တွင် ကေ၊ စီ၊ အိုင်၊ အီး၊ ခေါ် ဆာဘွဲ့ကို မြန်မာထဲမှ ပထမဆုံး ချီးမြှင့်ခြင်းခံရသူ ဖြစ်ပေသည်။

ဆာမောင်ခင်သည် ၁၉ဝ၁ ခုနှစ်၌ အိမ်ထောင်ပြုခဲ့သည်။ ဇနီးမှာ ရန်ကုန်မြို့ သမာဓိမြို့ဝန် ဦးဖိုး၊ ဒေါ်ဒေါ်ရွက်တို့၏ သမီးကြီး ဒေါ်ခင်သန်းမေ ဖြစ်သည်။ ဒေါ်ခင်သန်းမေမှာ ကုန်းဘောင်ခေတ် မြန်မာဘုရင် ဗဒုံမင်း(ခေါ်) ဘိုးတော်ဘုရား ဒလမြို့စား မွန်လူမျိုးစစ်ကဲကြီးမောင်ထော်လေး (နောင်အခါ မော်လမြိုင်မြို့ဝန်)၏ မြစ်ဖြစ်သည်။ ဆာမောင်ခင်နှင့် လေဒီ ခင်တို့တွင် သားတစ်ယောက် သမီးတစ်ယောက် ထွန်းကားခဲ့ရာ သားမှာ ဝတ်လုံတော်ရဦးမျိုးခင်ဖြစ်၍ သမီးမှာ ဒေါ်ခင်ခင်အေး ဖြစ်သည်။

ဆာ မောင်ခင်သည် ရန်ကုန်မြို့ ကန်တော်ကြီးစောင့်ရှိ အိုးရီးယင့် ကလပ်ကို စတင်တည်ထောင်ခဲ့သူတစ်ဦး ဖြစ်သည့် အပြင် ထိုကလပ်၌ ပထမဆုံးဥက္ကဋ္ဌလည်း ဖြစ်လေသည်။ ရန်ကုန်မြို့ မြင်းပွဲအသင်းကြီးတွင် စတူးဝပ် လူကြီးအဖြစ်ဖြင့် လည်းကောင်း၊ ဥက္ကဋ္ဌအဖြစ်ဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့ သည်။ မြန်မာနိုင်ငံ သုတေသနအသင်းကြီး၌လည်း ထိရောက် စွာ ပါဝင်ဆောင်ရွက် ကူညီခဲ့လေသည်။

ဆာမောင်ခင်သည် အသားညို၍ အရပ်အမောင်း ကောင်း ပြီးလျှင် ခန့်ညားသော ဥပဓိရုပ်ရှိသည်။ အားလပ်ချိန်တွင် မြင်း စီးခြင်း၊ ပန်းပင်စိုက်ခြင်းများကို ပြုလုပ်လေ့ရှိသည်။ မြင်းပြပွဲ၊ ခွေးပြပွဲနှင့် ပန်းပင်ပြပွဲ ပြိုင်ပွဲများကို ဦးစီးကျင်းပလေ့ ရှိသည်။

ဆာခင်မောင်မှာ နိုင်ငံရေးသမားတစ်ဦး မဟုတ်ခဲ့သော်လည်း အုပ်ချုပ်ရေးဖက်တွင် တတ်သိကျွမ်းကျင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ အဂတိလိုက်စားခြင်းမှ ကင်းရှင်းသဖြင့် တရားသူကြီး ကောင်းတစ်ဦးအဖြစ် ကြည်ညိုလေးစားခြင်း ခံရလေသည်။ ပြည်ထဲရေးဝန်ကြီးအဖြစ် ဆောင်ရွက်နေစဉ် ၁၉၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကွယ်လွန်သည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ(၂)
Myanmar Wikipedia

Leave a Reply