တစ္စီးရွင္ သီဟသူ ဆုိတာ

Posted on

သမုိင္းပုံရိပ္ဘေလာ့

မြန္ဂုိတုိ႔ ျပန္ေလေသာ္ ရွမ္းညီေနာင္သံုးပါးအနက္ ေနာင္ေတာ္ ရာဇသၾကၤန္သည္ သကၠရာဇ္ ၆၆၆ တြင္ ျမင္စုိင္းတြင္ ေရႊနန္းတည္ေလသည္။ ညီေတာ္အလတ္ အသခၤယာကား မကၡရာျမိဳ႔တြင္ နန္းတည္ေလသည္။ ညီေတာ္အငယ္ သီဟသူကား ပင္လယ္ျမိဳ႔တြင္ နန္းတည္ေလသည္။

ျပည္ေထာင္ ၃ ျပည္ေထာင္တြင္ အသခၤယာမူကား နန္းတည္ျပီး ၅ ႏွစ္ၾကာေသာ္ အနိစၥေရာက္ေလသည္။ ျမင္စုိင္းေရႊနန္းရွင္သည္လည္း မင္းျဖစ္ျပီး ၁၂ ၾကာေသာ္ ညီေတာ္သီဟသူ ေဆးခတ္သျဖင့္ အနိစၥေရာက္ျပန္ေလသည္။ သီဟသူသည္ ျမင္စုိင္းေရႊနန္းရွင္ မလြန္မီကပင္ ပင္းယျမိဳ႔ကို တည္ေလသည္။ ပင္းယတြင္ ၿမိဳ႕မတည္မီ အင္းဝေနရာတြင္ ၿမိဳ႕တည္ရန္ သုံးႀကိမ္တိုင္တိုင္ ႀကိဳးပမ္းေသာ္လည္း မေအာင္ျမင္ခဲ့ေပ။

ပင္းယျမိဳ႔ကိုတည္ျပီး ၂ ႏွစ္ၾကာေသာ္ စမုန္ျမစ္တြင္ ဆင္ျဖဴတစ္စီးေမ်ာလာသည္ကို ပညာရွိအမတ္တုိ႔က ညုပ္ျဖင့္ ထူျပီး စီးေစသျဖင့္ “တစီးရွင္သီဟသူ” ဟူ၍ ေနာင္ပုိင္းတြင္ အမည္တြင္ေလသည္။ သီဟသူတြင္ သားေတာ္ ၃ ပါးရွိေလသည္။ သားေတာ္ ၃ ပါးတုိ႔တြင္ ရွိေသာ အင္အားကို စံုစမ္းေလရာ သားေတာ္ၾကီး၊ သားေတာ္လတ္ တုိ႔တြင္ ေနာက္လုိက္အင္အား ေသာင္းေက်ာ္ရွိၾကေလသည္။ သားေတာ္အငယ္ အသခၤယာ ေစာယြမ္းတြင္ကား ကၽြန္ ၅ ဦးသာရွိသျဖင့္ ေခၚေစေလသည္။

သီဟသူမွ“ ငါမရွိလ်ွင္ နင္အစ္ကိုတုိ႔ သင္းကို ႏွိပ္စက္လိမ့္မည္၊ မေၾကာက္သေလာ” ဟုေမးေလသည္။
အသၤယာေစာယြမ္းမွလည္း “ ခမည္းေတာ္မွ မခ်ီးျမင့္ဘဲ” ဟု ျပန္လည္ေလ်ွာက္ေလသည္။ မင္းၾကီးလည္း နင္အစ္ကိုတုိ႔ ရွိ၍သာ ငါမေပးျခင္းျဖစ္သည္၊ လုိခ်င္လ်ွင္ နင့္အစ္ကိုတုိ႔ကို သြားေျပာေခ်၊ သူတုိ႔ သေဘာတူ လ်ွင္ နင္စားရမည္ဟု ဆုိေလသည္။

အသၤယာေစာယြမ္းလည္ ေနာင္ေတာ္တုိ႔ထံ မိမိတြင္ အင္အားအလံုးအရင္းလည္း မရွိ စားစရာ ျမိဳ႔နယ္ လည္း မရွိဟု ေလ်ွာက္ေလေသာ္ ေနာင္ေတာ္တုိ႔မွ သနားသျဖင့္ ခမည္းေတာ္ထံ စစ္ကုိင္းကို အပိုင္ေပးစားရန္ ေလ်ွာက္တင္ၾကေလသည္။ သီဟသူလည္း သေဘာတူျပီး အပိုင္ေပးစားေလသည္။

တေန႔တြင္ သီဟသူသည္ သားေတာ္အငယ္ အသခၤယေစာယြမ္း အရည္အေသြးကို စံုစမ္းလုိသျဖင့္ စစ္ကို္င္းတြင္ အပိုိင္စားေနေသာ အသခၤယေစာယြမ္းကို ျမိဳ႔ကို သြားတုိက္ခိုက္ရန္ သားေတာ္အၾကီးကို အမိန္႔ ေပးေလသည္။ သားေတာ္လည္း ဘုရင္အမိန္႔ေၾကာင့္ ဆင္ျမင္းအလံုးအရင္းျဖင့္ စစ္ကိုင္းကို လာေလသည္။

ေစာယြမ္းလည္း ခမည္းေတာ္မွ ပညာစမ္းေနမွန္းသိသျဖင့္ ေနာင္ေတာ္ကို ဆီးၾကိဳတုိက္ခုိက္ေသာ္ ေနာင္ေတာ္ တပ္ပ်က္ေလသည္။ တပ္ပ်က္ျပီး ေနျပည္ေတာ္သုိ႔ျပန္ေလရာ သီဟသူမွ “ထြီ“ ဟုလုပ္ျပီး ကဲ့ရဲ႔ ေလသည္။ ေနာက္တဖန္ သားေတာ္လတ္ကိုလည္း ထုိနည္းလည္းေကာင္း တုိက္ခိုက္ေစရာ တပ္ပ်က္ျပီး ျပန္လာရာျပန္သည္။ မင္းၾကီးမွ သားေတာ္အငယ္ကား လုပ္ရည္ၾကံရည္ရွိသည္ဟု သေဘာက်ေလသည္။

တစ္စီးရွင္သီဟသူသည္ သာသနာကိုလည္း ေထာက္ပံ့ေသာမင္းျဖစ္ေလသည္။ သရီရဓာတ္ေတာ္ မ်ားကိုလည္း ေရႊစည္းခံုတြင္ ဌာပနာေတာ္မူေလသည္။ တစ္စီးရွင္သီဟသူသည္ သက္ေတာ္ ၅၅ တြင္ အနိစၥ ေရာက္ေတာ္မူေလသည္။

အနိစၥေရာက္ေသာ္ သားေတာ္ အၾကီး ဥဇနာမွ သကၠရာဇ္(၆၈၄) တြင္ နန္းတက္ေတာ္မူေလသည္။ ထုိအခ်ိန္တြင္ ညီလတ္ ေက်ာ္စြာမွာ ပင္လယ္တြင္ နန္းျပဳေနျပီး၊ ညီငယ္ အသခၤယာေစာယြမ္းမွာ စစ္ကိုင္းတြင္ နန္းျပဳ ေနေလသည္။

သမုိင္းပုံရိပ္ဘေလာ့

—————–

တစ်စီးရှင် သီဟသူ ဆိုတာ (unicode)

သမိုင်းပုံရိပ်ဘလော့

မွန်ဂိုတို့ ပြန်လေသော် ရှမ်းညီနောင်သုံးပါးအနက် နောင်တော် ရာဇသင်္ကြန်သည် သက္ကရာဇ် ၆၆၆ တွင် မြင်စိုင်းတွင် ရွှေနန်းတည်လေသည်။ ညီတော်အလတ် အသင်္ခယာကား မက္ခရာမြို့တွင် နန်းတည်လေသည်။ ညီတော်အငယ် သီဟသူကား ပင်လယ်မြို့တွင် နန်းတည်လေသည်။

ပြည်ထောင် ၃ ပြည်ထောင်တွင် အသင်္ခယာမူကား နန်းတည်ပြီး ၅ နှစ်ကြာသော် အနိစ္စရောက်လေသည်။ မြင်စိုင်းရွှေနန်းရှင်သည်လည်း မင်းဖြစ်ပြီး ၁၂ ကြာသော် ညီတော်သီဟသူ ဆေးခတ်သဖြင့် အနိစ္စရောက်ပြန်လေသည်။ သီဟသူသည် မြင်စိုင်းရွှေနန်းရှင် မလွန်မီကပင် ပင်းယမြို့ကို တည်လေသည်။ ပင်းယတွင် မြို့မတည်မီ အင်းဝနေရာတွင် မြို့တည်ရန် သုံးကြိမ်တိုင်တိုင် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။

ပင်းယမြို့ကိုတည်ပြီး ၂ နှစ်ကြာသော် စမုန်မြစ်တွင် ဆင်ဖြူတစ်စီးမျောလာသည်ကို ပညာရှိအမတ်တို့က ညုပ်ဖြင့် ထူပြီး စီးစေသဖြင့် “တစီးရှင်သီဟသူ” ဟူ၍ နောင်ပိုင်းတွင် အမည်တွင်လေသည်။ သီဟသူတွင် သားတော် ၃ ပါးရှိလေသည်။ သားတော် ၃ ပါးတို့တွင် ရှိသော အင်အားကို စုံစမ်းလေရာ သားတော်ကြီး၊ သားတော်လတ် တို့တွင် နောက်လိုက်အင်အား သောင်းကျော်ရှိကြလေသည်။ သားတော်အငယ် အသင်္ခယာ စောယွမ်းတွင်ကား ကျွန် ၅ ဦးသာရှိသဖြင့် ခေါ်စေလေသည်။

သီဟသူမှ“ ငါမရှိလျှင် နင်အစ်ကိုတို့ သင်းကို နှိပ်စက်လိမ့်မည်၊ မကြောက်သလော” ဟုမေးလေသည်။
အင်္သယာစောယွမ်းမှလည်း “ ခမည်းတော်မှ မချီးမြင့်ဘဲ” ဟု ပြန်လည်လျှောက်လေသည်။ မင်းကြီးလည်း နင်အစ်ကိုတို့ ရှိ၍သာ ငါမပေးခြင်းဖြစ်သည်၊ လိုချင်လျှင် နင့်အစ်ကိုတို့ကို သွားပြောချေ၊ သူတို့ သဘောတူ လျှင် နင်စားရမည်ဟု ဆိုလေသည်။

အင်္သယာစောယွမ်းလည် နောင်တော်တို့ထံ မိမိတွင် အင်အားအလုံးအရင်းလည်း မရှိ စားစရာ မြို့နယ် လည်း မရှိဟု လျှောက်လေသော် နောင်တော်တို့မှ သနားသဖြင့် ခမည်းတော်ထံ စစ်ကိုင်းကို အပိုင်ပေးစားရန် လျှောက်တင်ကြလေသည်။ သီဟသူလည်း သဘောတူပြီး အပိုင်ပေးစားလေသည်။

တနေ့တွင် သီဟသူသည် သားတော်အငယ် အသင်္ခယစောယွမ်း အရည်အသွေးကို စုံစမ်းလိုသဖြင့် စစ်က်ိုင်းတွင် အပိုင်စားနေသော အသင်္ခယစောယွမ်းကို မြို့ကို သွားတိုက်ခိုက်ရန် သားတော်အကြီးကို အမိန့် ပေးလေသည်။ သားတော်လည်း ဘုရင်အမိန့်ကြောင့် ဆင်မြင်းအလုံးအရင်းဖြင့် စစ်ကိုင်းကို လာလေသည်။

စောယွမ်းလည်း ခမည်းတော်မှ ပညာစမ်းနေမှန်းသိသဖြင့် နောင်တော်ကို ဆီးကြိုတိုက်ခိုက်သော် နောင်တော် တပ်ပျက်လေသည်။ တပ်ပျက်ပြီး နေပြည်တော်သို့ပြန်လေရာ သီဟသူမှ “ထွီ“ ဟုလုပ်ပြီး ကဲ့ရဲ့ လေသည်။ နောက်တဖန် သားတော်လတ်ကိုလည်း ထိုနည်းလည်းကောင်း တိုက်ခိုက်စေရာ တပ်ပျက်ပြီး ပြန်လာရာပြန်သည်။ မင်းကြီးမှ သားတော်အငယ်ကား လုပ်ရည်ကြံရည်ရှိသည်ဟု သဘောကျလေသည်။

တစ်စီးရှင်သီဟသူသည် သာသနာကိုလည်း ထောက်ပံ့သောမင်းဖြစ်လေသည်။ သရီရဓာတ်တော် များကိုလည်း ရွှေစည်းခုံတွင် ဌာပနာတော်မူလေသည်။ တစ်စီးရှင်သီဟသူသည် သက်တော် ၅၅ တွင် အနိစ္စ ရောက်တော်မူလေသည်။

အနိစ္စရောက်သော် သားတော် အကြီး ဥဇနာမှ သက္ကရာဇ်(၆၈၄) တွင် နန်းတက်တော်မူလေသည်။ ထိုအချိန်တွင် ညီလတ် ကျော်စွာမှာ ပင်လယ်တွင် နန်းပြုနေပြီး၊ ညီငယ် အသင်္ခယာစောယွမ်းမှာ စစ်ကိုင်းတွင် နန်းပြု နေလေသည်။

သမိုင်းပုံရိပ်ဘလော့

Leave a Reply